Part~36

8.4K 927 34
                                    

"မင်းအသက်ဘယ်လောက်ရှိပြီလဲ"တဲ့...။

သူ့ထက်အသက်အနည်းငယ် ပိုကြီးသည့် အစ်ကိုအရွယ်လူတစ်ယောက်ကသူ့ကို လက်ကမ်း၍မေးသည်။ သူကလည်း ထိုင်ရာမှထ၍ တယိမ်းတယိုင်နှင့်ရပ်လိုက်သည်။ လမ်းလျှောက်တတ်တာသိပ်မကြာသေးသည့် သူကအရှေ့နည်းနည်းတိုး၍ ရှေ့တွင်ရပ်နေသော အစ်ကို့ကိုစူးစိုက်ကြည့်လိုက်၏။

"မင်း ငါ့ကိုကြောက်နေတာလား။ မကြောက်ပါနဲ့ ..."

လက်ကမ်းနေဆဲ ထိုအစ်ကိုသည် သူ့ကိုနွေးထွေးစွာပြုံးပြသည်။ သူကလည်း ညစ်ပေနေသော သူ့လက်များကို မရဲမဝံံ့အရှေ့ကမ်းလာ၍ နွေးထွေးလွန်းသည့်လက်တစ်စုံကို ဆွဲကိုင်လိုက်သည်။ သူ့အတွက်ပထမဆုံးခံစားမိသည့် နွေးထွေးမှုလေး။

"ကလေးက အသက်(၃)နှစ်ပဲရှိသေးတာ၊ အေးဆေးနေတတ်လို့။ အရမ်းလိမ်မာတယ် ချစ်စရာမကောင်းဘူးလား"

ဘေးနားတွင်ရှိနေသော လူကြီးများ၏စကားသံသဲ့သဲ့အား သူကြားလိုက်ရသည်။ သူ့အရှေ့တွင်ရပ်နေသော အစ်ကိုနှင့်အတူ အပြုံးနွေးနွေးနှင့် ပြုံးပြနေသောလူကြီးနှစ်ယောက်လည်းရှိသည်။

"မင်း အစ်ကိုနဲ့လိုက်ခဲ့မလား။ အစ်ကို့အိမ်လိုက်ခဲ့မလား"

"အိမ်..."

တစ်ခါပင် စကားမပြောဖူးသေးသော သူကအိမ်ဆိုသည်ကို နူတ်ဖျားလှုပ်ခါရုံသာရေရွတ်လိုက်သည်။ အိမ်ဆိုတာ နွေးထွေးမှုအပြည့်ရှိသောနေရာလား သူတကယ်သိချင်မိ၏။ သူ နေ့တိုင်းနေရသည့် ဒီနေရာက ကလေးများစွာအတူနေထိုင်သော ဂေဟာတစ်ခုသာဖြစ်သည်။ ထို့ကြောင့် အစ်ကိုပြောသည့် အိမ်ကို သူပြန်ချင်သည်။ နွေးထွေးမှုများကို သူလိုချင်သည်။

"ဟုတ်တယ် မင်းကို အိမ်ခေါ်ပြန်မယ်။ သား ဒီညီလေးကို အိမ်ခေါ်ထားမယ်နော် အပါးနဲ့အမိုး"

"သားက ခေါ်ချင်တာလား"

"ဟုတ်တယ် ဒီညီလေးနဲ့အတူဆော့ချင်တယ်။ အိမ်ခေါ်ထားမယ်နော် အမိုး နော်လို့..."

ထိုလူသည် အမိုးနှင့်အပါးဆိုသော လူကြီးနှစ်ယောက်အား ဆွဲပြီးအတင်းပူဆာနေသည်။ ခဏအကြာတော့ အရှေ့တွင်ရပ်နေသော အပါးဆိုသောသူက သူ့အားပွေ့ချီပြီး သူရဲ့ပါးကိုဆွဲညှစ်သည်။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now