Part~25

12.3K 1.4K 70
                                    


အိမ်ပြန်သွားသည် ဘယ်လောက်မှမကြာသေး ကယားပြည်နယ်ကြီးကိုချစ်လွန်း၍ပဲလားမသိ။ လွိုင်ကော်မြို့အား သံယောဇဥ်မဖြတ်နိုင်တာလားမသိ။ သို့မဟုတ် အလှလေးဟု သူအမြဲခေါ်သော ကယားကောင်လေးကြောင့်ပဲလား မသိ။

(၄)ရက်ကြာပြီးနောက် ဘယ်သူမှလာကြိုစရာမလိုဘဲ မိမိဘာသာ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်သည်။ ထည်ဝါမောင်နှင့် အမိုးဆိုလျှင် ဘာမှမပြောဘဲ ဝမ်းသာတောင် ဝမ်းသာသွားသေးသည်။ နွေစပါးရိတ်ပြီး၍ နွေကောက်သစ်စားပွဲလည်းရောက်တော့မည်ဆိုတာ သိနေသောကြောင့် အိမ်မှာဧည့်သည်များလျှင် အမိုးကပျော်တတ်သည်။ လင်းလက်သူကတော့ သုဝေအောင်အား ဘာမှမပြောဘဲ စိတ်ထဲ၌ သာကျိန်ဆဲနေကာ ခြင်းခတ်ကွင်းသို့ထွက်လာခဲ့၏။

သို့သော် သကောင့်သားက သူ့ကိုငြိုငြင်နေမှန်းသိသော်လည်း စပ်ဖြီးဖြီးသာရယ်ပြခဲ့၏။ နွေကောက်သစ်စားပွဲကြောင့် တစ်အိမ်လုံးအလုပ်ရှုပ်နေသည်။

မိုးစပါးတုန်းက ရေကြီး၍စပါးတွေပျက်ကုန်၏။ ကောက်သစ်စားပွဲလုပ်သော်လည်း အများကြီးမကျွေးနိုင်ခဲ့၍ လူကြီးများက နွေကောက်သစ်စားပွဲထပ်လုပ်မည်ဟု တိုင်ပင်ကြသည်။ သည်နှစ်နွေစပါးက အထွက်ကောင်းကြ၍အားလုံးကဝမ်းသာနေ၍ နွေကောက်သစ်စားပွဲ ပြုလုပ်ခြင်းသာ။

"ဘယ်လိုဖြစ်တာလဲ ငသု!"

"ဘယ်လိုမှမဖြစ်ဘူး မနေ့က လွိုင်ကော်သားတို့စုံရာ Goupထဲဝင်ကြည့်တာ ဒီနှစ် လွိုင်ကော်မြို့ချိကယ်ရွာနဲ့ တခြားမှာ ကောက်သစ်စားပွဲရှိလို့တဲ့။( ၄)လပိုင်းကျရင်လည်း နယ်လုံးကျွတ် တံခွန်တိုင်ပွဲရှိတယ်ဆိုလို့ ဒါတွေလက်လွတ်ခံလို့ဘယ်ဖြစ်မလဲ..."

အလင်းခလည်း ကယားပြည်နယ်ပွဲအကြောင်း သိထားသော်လည်း တစ်ခါပင်မကြုံဖူး။ ပွဲတော်အကြောင်းကြားတာနှင့် ကယားပြည်နယ်ကြီးက ပွဲတော်များနှင့် ခမ်းနားနေပြီ။

မောင်ကတော့ သုဝေအောင်အား မြင်သည်နှင့် စာအုပ်ကိုဘေး၌ချ၍ အလင်းခ ကမ်းပေးသောအခါးရည်ခွက်ကိုယူလိုက်၏။ လွမ်းရိပ်မိုးကိုမတွေ့မိ၍ ဝေ့ရှာသေးသည်။ နောက်မှ ထည်ဝါမောင်နှင့် အဒေါ်အိမ်လိုက်သွားမှန်းသတိရတော့၏။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now