Part~2

23.8K 2.4K 90
                                    

Unicode

ဒီနေ့မျက်နှာပိုး သတ်မရအောင် သူပြုံးဖြီး တက်ကြွနေသည်။ မနက်နိုးလာသည်နှင့် ရေမိုးချိုး မောင်အသင့်ပြင်ပေးထားသော ထမင်းဝိုင်းလေးဆီသို့..။

"နိုးပြီလား"

မောင်က တည်ငြိမ်သောမျက်နှာထားနှင့် သူ့ကိုမြင်တော့ နူတ်ခမ်းအနည်းငယ် ပြုံးလာသယောင်ထင်ရ၏။ မောင့်ရဲ့ခန့်ညားမှုများက ပြီးပြည့်စုံသော နံနက်ခင်းအဖြစ် ဖန်တီးပေးသည်။ စိုနေသေးသော ဆံပင်လေးကိုမသုတ်ဘဲ မောင်၏အမေးကို ခေါင်းညိတ်ပြ၏။

သူအကျင့်ကလည်း မောင့်ကို မြင်သည်နှင့် အလိုလိုဆိုးချင်လာ၏။ မောင်ကတော့ သူဆိုးသမျှ တုတ်တုတ်မျှမလုပ်။ အလုပ်များမှန်းသိနေသော်လည်း အရှေ့၌ပိတ်ရပ်ကာ မောင့်ကို ကျီစယ်နေမိပြန်သည်။

"အလင်း ဖယ်! ဒီမှာ ချက်ပြုတ်နေတာကို"

မောင့်ဆီက ဒီလိုတုန့်ပြန်မှုရလိမ်မည်ဟု ကြိုတွက်ထား ပြီးသားဖြစ်သောကြောင့် လည်ပင်းကိုလက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။

"မောင့်ရဲ့ ပါးသိုင်းမွှေးလေးတွေကိုသဘောကျလို့"

မောင်၏ ပါးသိုင်းမွေးကြောင့် ယားကျိကျိဖြစ်နေသော အရသာကို အာသီသတွေ့ကာ သဘောကျစွာ ပွတ်သပ်နေလေ၏။ အနေတည်သည့် မောင်ကတော့ သူဆိုးသမျှသည်းခံထားပြီး မဆူရက်ပြန်။ မနေ့ကလည်း ချစ်သူသက်တမ်း သုံးနှစ်ပြည့်၍ တမင်မေ့ပစ်ခဲ့သည်မဟုတ်ပါလား။ ဒါကို သူကစိတ်ဆိုးပြီး ငိုခဲ့မိသေးတာ။

ဒီနေ့တော့ သူ့ကို ထပ်မဆူမိအောင် မောင် အတော်သည်းခံနေရသည်။အဆော့မက်သည့် သူ့ကို ခါးကနေ စွေခနဲပွေ့ယူ၍ စားပွဲခုံပေါ်တင်ထားလိုက်တော့ မောင့်ကို အံ့သြစွာစိုက်ကြည့်နေမိသည်။

"မဆိုးနဲ့"

စိုနေသေးသော ဆံပင်ကို ပွတ်သပ်ပြီးမောင်က ခပ်တိုးတိုးလေးသာရေရွတ်သည်။ ပြီးနောက် လည်ပင်းပေါ်ပတ်ထားသော တဘက်ကိုဆွဲယူ ဆံပင်ခြောက်အောင် သုတ်ပေးရတော့၏။ သူကတော့ မောင်၏အပြုအမှုကို ကြည့်ပြီး ကြည်နူးနေတော့သည်။

"မောင်က အမိုက်ဆုံး..."

လက်မနှစ်ဖက်လုံး ထောင်ပြပြီး သွားဖြီးနေသော သူ့ကို မောင်က တည်တည်ငြိမ်ငြိမ်နှင့်သာ ကြည့်ဖြစ်လေသည်။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now