Part~43

8.5K 840 16
                                    


ပွင့်နှင်းရာသီအစဦးဖြစ်သောကြောင့် ဒီနေ့တန်ဆောင်မုန်းလပြည့်ရက်မြတ်လေးက ရာသီဥတုသာယာနေ၍ ကောင်းကင်ပြင်တခွင် ပြာလဲ့လဲ့အရောင်များဖြင့်ဖုံးလွမ်းနေသည်။ ထို့အတူ အလင်းခလည်း မောင့်ရဲ့ အနောက်တွင်ထိုင်၍ ခါးအားတင်းတင်းလေး ဖက်ထားသည်။

ဒီနေ့နံနက်တွင် အမိုးအိမ်သွားသည့်လမ်းတစ်လျှောက်လုံး အလှူလုပ်နေသောလူများနှင့် ပြည့်နှက်နေ၏။ အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ်ရှေ့တွင် အလှူစင်များဆောက်ထားကြသည်။ ရာသီဥတု သာယာသောကြောင့် တနံနက်လုံး သူစိတ်ကြည်နေ၏။

အမိုးအိမ်ရှေ့ရောက်တော့ အလင်းခတို့ထက် အရင်ရောက်နှင့်သည်က လွမ်းရိပ်မိုးလည်း အလင်းခတို့ကိုမြင်သည်နှင့် ကွပ်ပစ်ပေါ်တွင်နေရာရွေ့ပေးလိုက်သည်။

"စောတယ်နော် မင်းက"

"စောရမယ်လေ  အမိုးဆီကမုန့်ဖို့ရအောင်ဆိုပြီး မနက်အစောကြီး ကိုကြီးကိုလာကြိုခိုင်းတာ"

"ဟွင်း...အကြံတွေ"

"ကဲ သားတို့ အပေါ်တက်လာခဲ့တော့ ကန်တော့ကြမယ်မလား"

အမိုးသည် အိမ်ပေါ်၌ ချည်မျှင်ယှက်နေ၍ လှမ်းခေါ်သည်။ ထိုအခါ အလင်းခနှင့် လွမ်းရိပ်မိုးတို့က သူ့ထက်ငါအပြိုင်ပြေးတက်သည်။

"ဖြေးဖြေးတက်ကြပါ လှေကားတွေကျိုးကုန်တော့မယ်"

ထည်ဝါမောင်က ကန်တော့ပွဲပြင်၍ ပြောတော့ လွမ်းရိပ်မိုးဟီးခနဲရယ်ပြသည်။ အလင်းခမှာတော့ လွမ်းရိပ်မိုးအားမျက်စောင်းထိုး၍ ပေကပ်ကပ်ဆောင့်ထိုင်၏။ အမိုးကလည်း မိမိရဲ့အသည်းတုံး သားမက်လေးကိုကြည့်ပြီး ခပ်ရေးရေးပြုံးလေသည်။

"ကဲ... သားကြီးအရင်လာ အကြီးဆုံးသားကို ချည်မျှင်အရင်စွတ်ပေးရမယ်"

အမိုးခေါ်သည်နှင့် ထည်ဝါမောင်ကအမိုးကိုဦးချပြီး ချည်မျှင်စွတ်ရန်လက်အရှေ့တိုး၏။ ထည်ဝါမောင်ပြီး မောင့်အလှည့်ရောက်လာသည်။ ပြီးနောက်အလင်းခကိုချည်မျှင်ဝတ်ပေးတော့ ငနဲက လွမ်းရိပ်မိုးအား လျှာထုပ်ပြလိုက်၏။

"ကဲ... အားလုံးပြီးပြီဆိုတော့ အမိုးမုန့်ဖိုးပေးမယ်။ အရင်ဆုံး အမိုးသားမက်ကိုပေးရမှာပေါ့"

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now