"ဗိုက်ကလေးရေ သံလွင်ဆီလိမ်းမယ်ဗျို့"
မိုးသောက်သည် သံလွင်ဆီဗူးကိုကိုင်ပြီး ဗိုက်ကလေးအခန်းထဲသို့ဝင်လာသည်။ ဗိုက်ကလေးကခုံပေါ်မှာမထိုင်ဘဲ အောက်မှာစိတ်ကြိုက်ထိုင်နေပြီး Handmade လေးတွေကို ကိုယ်တိုင်ထိုင်လုပ်နေသည်။
"ဗိုက်ကလေး အပေါ်မှာဘာလို့မထိုင်တာလဲ"
"ပစ္စည်းယူရတာအဆင်မပြေလို့"
"ကဲ သံလွင်ဆီလိမ်းရအောင်"
ရှစ်လကျော်ဆိုသည့်ဗိုက်ကလေးကအတော့်ကိုပူနေပြီဖြစ်သည်။ အမြွှာကိုယ်ဝန်မို့လို့ သံလွင်ဆီလိမ်းပါသော်လည်း ဗိုက်ကြောပြတ်တာကိုသိပ်ပြီးမကာကွယ်နိုင်ပါ။ ခွန်း ထမင်းစားပြီးတိုင်း ဗိုက်ထဲမှာအငြိမ်မနေကြဘဲ ကန်နေကြသည်။ တစ်ခါတစ်လေကန်လိုက်ရင် ဗိုက်တောင်နာသည်။ သံလွင်ဆီမလိမ်းပေးခင် ခွန်း၏ဗိုက်ကလေးကိုနမ်းလိုက်သည်။
"အိစ် ယားတယ်အစ်ကိုရဲ့"
"နေ့တိုင်းနမ်းနေကျကို ယားတုန်းပဲလား"
"မသိဘူး ... ကလိ ကလိနဲ့ယားတယ်"
မိုးသောက် လိမ်းပေးနေချိန်တွင် ဗိုက်ထဲကဘောလုံးသမားလေးကတစ်ချက်ကန်သည်။
"ဟေ့ကောင်လေး ငြိမ်ငြိမ်နေလေကွာ၊ မာမီနာတာပေါ့ကွ၊ အခုမကန်နဲ့ဦး၊ အပြင်ရောက်လာမှ ဒယ့်ဒီ့ကိုကန် ဟုတ်ပြီလား"
"အဲ့တာခွန်းနဲ့တူလို့ဖြစ်မယ်၊ အခုနောက်ပိုင်း ကန်တာအရမ်းကြမ်းတယ်"
"မွေးခါနီးမို့လို့ထင်တယ်"
အက်ထရာဆောင်းရိုက်ကြည့်တော့ ဗိုက်ထဲကအမြွှာလေးက ယောကျ်ားလေးတွေချည်းပဲ။ ကလေးတွေကအရမ်းထွားတယ်။ ခွန်းရဲ့ကိုယ်ဝန်ကလည်းသဘာဝအတိုင်းမဟုတ်တော့ ခွန်းအတွက်စိုးရိမ်ရတယ်။ မိုးသောက်ကနေ့နေ့ညည ခွန်းဘေးနားမှာပဲနေပေးတယ်။ ခွန်းကိုမျက်စိအောက်ကအပျောက်ကိုမခံဘူး။
"အစ်ကို ခွန်းအိပ်ချင်တယ်"
"အင်း ကိုယ်လက်ကိုကိုင်ပြီးဖြေးဖြေးလေးထနော်"
ခွန်းကိုဘေးနားကနေတွဲပေးပြီး ကုတင်နားအထိလိုက်ပို့ပေးရသည်။ မွေးခါနီးမို့ ခြေထောက်ကလေးတွေကလည်းဖောနေပါသေးသည်။ သွေးပေါင်ချိန်လည်းတက်လို့မရတာကြောင့် အစားကိုလည်းသေချာဂရုတစိုက်နဲ့ကျွေးရသည်။
"လိမ္မော်သီးလေး ကိုယ်အခွံနွှာပေးမယ်လေ၊ မအိပ်ခင်စားလိုက်နော်"
"အင်း"
မိုးသောက်ခွာပေးတဲ့လိမ္မော်သီးလေးတွေစားရင်း ဘေးတစောင်းလေးနေနေသည်။
"အစ်ကို ခွဲခန်းထဲအစ်ကိုလိုက်ခဲ့နော် ... ခွန်းကြောက်တယ်၊ အစ်ကိုကဥက္ကဌပဲ ဝင်လို့ရတယ်မလားဟင်"
"အင်းပါ ကိုယ်အနားမှာရှိနေပေးမှာပါ၊ ဘာမှမကြောက်နဲ့နော်"
ခေါင်းလေးကိုပွတ်သပ်ပေးရင်း ခွန်းကိုစိတ်အားမငယ်စေရန်ပြောလိုက်သည်။ ခွန်းကမိုးသောက်လက်ကလေးကိုလှမ်းကိုင်လိုက်ပြီး သူ့ဗိုက်ကလေးပေါ်တင်လိုက်သည်။
"တွေ့လား ... ကန်နေပြန်ပြီ"
မိုးသောက် ခွန်းဗိုက်ကလေးကိုပွတ်ပြီး ဗိုက်ထဲကဘောလုံးသမားလေးတွေကိုစကားပြောလိုက်သည်။
"သားတို့ရေ အရမ်းမကန်ပါနဲ့ကွာ ... မင်းတို့အရမ်းကန်ရင်မာမီနာတာပေါ့ကွာ၊ ဒယ်ဒီ့စကားနားထောင်နော်"
မိုးသောက်စကားပြောနေရင်း ခွန်းကသူ့လက်ကိုအတင်းဆုပ်ကိုင်လာသည်။
"အား ... နာလိုက်တာခွန်းရယ်"
"ခွန်းလည်းနာတယ် ... ဟင့် ဗိုက်ထဲကနာတယ်"
"ဘာ ... ဘာလို့လဲ၊ မွေး ... မွေးဖို့ကလိုသေးတယ်လေ ... ဘယ်လိုဖြစ်ရတာလဲ"
အခွံနွှာထားတဲ့လိမ္မော်သီးကြီးကိုအထိတ်တလန့်နဲ့သူ့ပါးစပ်ထဲကောက်ထည့်လိုက်ပြီး ပလုပ်ပလောင်းတွေနဲ့စကားပြောသည်။
"အစ်ကို နာတယ်လို့ ... တကယ်နာတာ ... တစ်ခုခုလုပ်ပါဦး"
"အင်း ... လုပ်မယ် ... လုပ်မယ်"
မိုးသောက်တစ်ယောက်အခန်းထဲမှာခုန်ဆွ ခုန်ဆွနဲ့ ဟိုပြေးလိုက် ဒီပြေးလိုက်ဖြင့် ယောက်ယက်ခတ်နေလေသည်။
"အမေရေ ... အမေ ... အမေ ... လုပ်ပါဦး!!!"
အခန်းထဲကနေအသံအကျယ်ကြီးနဲ့အမေ့ကိုလှမ်းအော်ခေါ်သည်။ ခွန်းလေးမှာ ရေမြွှာလည်းပေါက်ပြီး သွေးတွေလည်းဆင်းလာသည်။
"အစ်ကို ... ရေ ... ရေတွေရော သွေးတွေရော ... ကလေးတွေတစ်ခုခုဖြစ်တာလားဟင် ... လုပ်ပါဦး"
"အမေ!!!"
"ဟဲ့ ဘာဖြစ် ... သားလေး ... ဟဲ့ စောလှချည်လား"
"ဆေးရုံကိုဖုန်းဆက်ထားလိုက်ပြီ ... ခွန်းကိုကျွန်တော်ချီမှဖြစ်မယ် ... ချီလို့ရပါ့မလား"
"သားလေး စိတ်ကိုငြိမ်ငြိမ်ထားနော် ... အသက်ကိုဝဝရှူသွင်း ... မိုးသောက်ကိုသေချာဖက်ထားနော် ... ပြုတ်မကျအောင်သေချာဖက်ထားနော်"
မိုးသောက်ကခွန်းကိုပွေ့ချီလိုက်သည်။ မိုးသောက်နဲ့ခွန်းကကားအနောက်ခန်းမှာထိုင်ပြီး အမေကိုယ်တိုင်ကားမောင်းလာသည်။ ဆေးရုံမှာ အဖေကအဆင်သင့်စောင့်နေသည်။
"ခွန်း ... ခွန်း အသိကပ်ပါဦး!"
နာကျင်မှုကြောင့် ခွန်းကမျက်လုံးလေးတွေမှေးစင်းနေသည်။ ခြေဖျားလက်ဖျားတွေကလည်းအေးစက်လို့နေသည်။
"ခွန်း ... အစ်ကိုရှိတယ်လေ ... ခွန်း သတိထားဦးလို့"
"နာတယ် ..."
ခွန်းဆီမှအသံတိုးတိုးလေးထွက်လာသည်။ လုံးဝကိုအားပြတ်နေသည့်အသံလေး ။ ဘရဏီတစ်ယောက်လည်း ထိုင်မရ ထမရနဲ့ အိမ်မှာကျန်ခဲ့တော့သည်။
"အရေးပေါ်ခွဲရမယ်"
ခွဲခန်းထဲကိုမိုးသောက်ပါလိုက်ဝင်သွားသည်။ ခွဲစိတ်နေသည့်နေရာသို့ဝင်ရောက်၍မရပါသော်လည်း မှန်တွေကာထားသည့်အပြင်နေရာမှလှမ်းကြည့်နေရသည်။ ပါးစပ်ကလည်း ခွန်းအတွက်ဘုရားစာတွေရွတ်ပေးနေသည်။ ဗိုက်ကိုအဆင့်ဆင့်ခွဲလိုက်ပြီးသည့်အချိန် ခြေကားယားလက်ကားယားလေးနဲ့ပထမဦးဆုံးသားလေးထွက်လာသည်။ တစ်မိနစ်အကြာတွင် ဒုတိယမြောက်သားလေးကို သူမြင်လိုက်ရသည်။ သားတို့၏ငိုသံတွေက ခွဲခန်းထဲတွင်ကျယ်လောင်စွာဖုံးလွှမ်းလို့နေသည်။
"ခွန်း ခွန်းရော ..."
ခွန်းကအောက်ဆီဂျင်တောင်ပေးလိုက်ရသည်။ ခွဲပြီးသည်အထိ ခွန်းကိုအောက်ဆီဂျင်ပေးထားရသည်။
"သားလေးတွေကတကယ့်ကိုထွားတယ်၊ တစ်ယောက်က7ပေါင် တစ်ယောက်က6ပေါင်နဲ့14အောင်စရှိတယ်၊ ခွန်းကအားနည်းသွားလို့သတိလစ်သွားတာပါ၊ အခုတော့စိုးရိမ်စရာမရှိတော့ပါဘူး"
"ကျေးဇူးပါဒေါက်တာရယ် ... ကျေးဇူးပါ"
"ဂုဏ်ယူပါတယ်ဥက္ကဌ ... မဟုတ်သေးပါဘူး ... အမြွှာလေးတို့ဖေဖေလို့ခေါ်ရတော့မလား"
"ဟားဟား ကြိုက်သလိုခေါ်ပါဗျာ၊ ဒါပေမဲ့ နောက်တစ်ခါတော့ ခွန်းအလိုကိုမလိုက်ပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာ"
"နောက်မလုပ်တော့ပါဘူး၊ ဒါဆို ခွင့်ပြုပါဦးနော်"
ဒေါက်တာထွက်သွားပြီးသည့်နောက် သားလေးနှစ်ယောက်သူ့အရှေ့ရောက်လာသည်။ မျက်လုံးလေးတွေမှိတ်လို့ သိပ်ချစ်ဖို့ကောင်းလိုက်ကြတာ။ နီတာရဲလေးနှစ်ကောင် ဘောလုံးသမားလေးတွေ နောက်ဆုံးတော့ထွက်လာပြီ။ မိုးသောက် သားလေးတွေကိုတလှည့်စီချီလိုက်သည်။ ဒယ်ဒီ့လက်ပေါ်ရောက်တော့ မျက်နှာလေးတွေကပြုံးနေသယောင်ယောင်။ ဗိုက်ထဲကထွက်လာကတည်းက ဝကစ်နေတာပါပဲ။ မိုးသောက်တို့ကတော့ ကလေးတွေကိုလက်ထဲကမချချင်တော့ဘူး။ ခွန်းလေးကတော့ ဆေးအရှိန်နဲ့အိပ်ပျော်နေဆဲ။ ကလေးတွေရဲ့လက်ကလေးတွေကိုရိုက်ပြီး အင်စတာဂရမ်ပေါ်ကိုလည်းအပြေးတင်ရသေးတယ်။ ခွန်းလေးဘေးမှာထိုင်စောင့်နေရင်း ခုဏကသူရိုက်ထားတဲ့ကလေးတွေရဲ့ပုံလေးတွေကိုပြုံးပြီးထိုင်ကြည့်လေသည်။ သူအသည်းတယားယားဖြစ်နေရသည်။
"ဟင့်"
သူ့ရဲ့ခွန်းလေးနိုးလာပြီ။ နိုးနိုးချင်းမှာပဲ နဖူးလေးကိုနမ်းပစ်လိုက်သည်။
"ဘယ်နားနာနေတာမျိုးရှိလဲ ... ခွဲထားတဲ့နေရာကနာလား"
"နည်းနည်းနာတယ် ... သားတို့ရော အန္တရာယ်ကင်းတယ်မလားဟင်"
"အန္တရာယ်လည်းကင်းတယ် ... သားတို့ကဝကစ်နေတာပဲ ... အဲ့တာကြောင့် ခွန်းကိုယ်ဝန်ဆောင်တုန်းကအရမ်းပင်ပန်းရတာ"
"သားတို့ဆီသွားချင်တယ် ... အစ်ကိုလိုက်ခဲ့ပေး ... ဖေဖေနဲ့မေမေရောဟင်"
"အဖေနဲ့အမေကကလေးတွေအဆောင်မှာရှိတယ်"
"ခွန်းကိုလိုက်ပို့ပေး"
မိုးသောက် ခွန်းကိုတွဲလာပြီး ကလေးတွေအဆောင်ကိုရောက်လာသည်။
"ဟယ် သား ..."
မေမေကပြေးလာပြီး ခွန်းကိုတွဲလိုက်သည်။
"ဖြည်းဖြည်းလျှောက်"
သားတို့ကိုအပြင်ကနေတွေ့ခွင့်ရသည်။ သူနာပြုကကလေးတွေကိုချီလာပြီး ပြပေးသည်။ အနှီးထုပ်ကလေးထဲမှာအိပ်နေလိုက်ကြတာ ချစ်စရာကြီးတွေ။ ဝကစ်နေတာပဲ။ သားတို့ကိုတွေ့တော့ ခွန်းမျက်ရည်ကျပြန်သည်။
"မေမေရော သားတို့ကိုမွေးတုန်းကဒီလိုပဲလားဟင်"
"အင်းပေါ့ ... ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့သားသမီးတွေလေ ... သားဖေဖေကပိုဆိုးတယ် ... ဒီလိုအခန်းရှေ့မှာထိုင်ပြီးတော့ကိုငိုတာ"
"မငိုပါနဲ့ ... အခုမှသွေးနုနုသားနုနုလေးပဲရှိသေးတယ် ... သားလေးတွေကခွန်းငိုနေတာသိသွားရင်ဘယ်စိတ်ကောင်းပါ့မလဲ"
"ပျော်လို့ပါ"
"အခန်းကိုပြန်ကြရအောင်လေ ... ခွန်းအနားယူဖို့လိုတယ်လို့ဒေါက်တာကမှာထားတယ်"
"အင်း"
ခွန်းကိုဘေးနားကနေတွဲပေးပြီး အခန်းဆီကိုပြန်လာခဲ့လိုက်ကြသည်။ အခန်းထဲရောက်မှ မိုးသောက်ကြီးကတရှုံ့ရှုံ့နဲ့ငိုလေတော့သည်။
"ဖေ့ ... ချီ ချီ မီးကိုချီ"
"အလင်းလေးရေ ... မေ့ဆီလာလေ ... ဖေဖေကအလုပ်လုပ်နေတယ်လေကွာ"
"ရပု ရပု ... ဖေချီ ဖေချီ"
စကားမပီတပီလေးနဲ့ပြောနေသည့်သမီးလေးကို ဆွေ့ခနဲချီပြီး ပေါင်ပေါ်တင်ထားလိုက်သည်။ လက်တစ်ဖက်ကသမီးကိုထိန်းထားရင်း ကျန်တစ်ဖက်ကအလုပ်လုပ်နေရသည်။ သမီးလေးရဲ့ပါးကိုလည်းငုံ့ငုံ့နမ်းရသေးသည်။
"ဖေ့ ... ဒါ ဒါ ..."
"မကိုင်ရပါဘူး ... ပေကုန်မယ်သမီးရဲ့ ... ပေကုန်ရင် လှလှတွေပျက်ကုန်မယ်လေ"
လှလှတွေပျက်ကုန်မယ်ပြောလိုက်တိုင်း သူ့ဂါဝန်လေးကိုအမြဲဆွဲဆွဲသိမ်းသွားလေ့ရှိသည်။ ပါးဖောင်းဖောင်းလေးနဲ့လုံးကစ်နေတဲ့သမီးလေးကိုအားရပါးရဖက်ပစ်လိုက်ပြီး နမ်းပစ်လိုက်သည်။
"အင့် ရုပ်နဲ့ ... မေ့ရှီပဲတွားမယ်"
(အင့် မလုပ်နဲ့ ... မေ့ဆီပဲသွားမယ်)
သူ့အဖေပေါင်ပေါ်ကနေလျှောခနဲဆင်းသွားပြီး ရာရာ့ဆီရောက်သွားလေသည်။ အိပ်ရာပေါ်မှာမှောက်လျက်လေးနဲ့ငြိမ်နေပြန်သည်။ တစ်နေ့ တစ်နေ့ သမီးလေးရဲ့လှုပ်ရှားမှုလေးတွေကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေရတာလည်း ပျော်ရွှင်မှုတစ်မျိုးဖြစ်နေပြန်သည်။
"ခွန်းရေ ... အကြီးကောင်ကိုဘောင်းဘီဝတ်ပေးပြီးပြီ ... အငယ်ကောင်ကရှူးပေါက်ချလိုက်ပြန်ပြီ ... ဘောင်းဘီယူခဲ့ပါဦး"
"လာပြီ လာပြီ"
ကလေးတွေရဲ့ဗီဒိုထဲကနေ ဘောင်းဘီသေးသေးလေးတစ်ထည်ထုတ်ယူလာပြီး ပြေးလာသည်။
"ဘရဏီ ကလေးကိုပါးမဆွဲပါနဲ့လို့ ... နာတာပေါ့ဟ ... နင့်ပါးဆွဲရင်ရေယမနာဘူးလား"
"နင်ကလည်းဟယ် ... ဖြေးဖြေးဖွဖွလေးဆွဲတာပါ ... ကပ်စီးနည်းလိုက်တာ"
"အေး နင့်ကလေးကျရင်ငါပြန်ဆွဲပြမယ်"
"ခွန်း ရန်ဖြစ်မနေပါနဲ့ ... အငယ်ကောင်ကိုကိုယ်လုပ်လိုက်မယ် ... အကြီးကောင်ကိုနို့တိုက်ပြီးသိပ်လိုက်တော့"
မိုးသောက်ကတဝါးဝါးသမ်းရင်းနဲ့ပြောရှာသည်။ ညက ကလေးတွေကမအိပ်လို့ ချော့သိပ်နေရတာနဲ့တင် နှစ်ယောက်လုံးအိပ်ရေးပျက်ရသည်။
"နှစ်ယောက်လုံးအနားယူလိုက်ကြပါဦး ... ဒီကတီတီဘရဏီကသားသားတို့ကိုထိန်းထားပေးမယ် ... နှစ်ယောက်လုံး သမ်းနေလိုက်ကြတာ မျက်ရည်တွေလည်းကျလို့"
"အေးအေး ... ငါတို့အိပ်လိုက်ဦးမယ်ဟယ် ... ဒီတစ်ခါ သုံးမိနစ်ကွာအစ်မကတော်သွားပြန်ရော"
"ကိုကြီးမိုးသောက် ညီမလေးပြောထားတာမမေ့နဲ့နော်"
"အင်းပါ ... မနက်ဖြန် ကိုကြီးရုံကပြန်လာရင်ဝယ်လာပေးမယ်"
"ဟဲ့ ဟဲ့ ငါမသိဘဲဘာတွေပူဆာနေပြန်ပြီလဲ ... မေမေနဲ့တိုင်မှာနော်"
"အမယ်လေး သူ့ယောကျာ်းကျတော့သိနေလိုက်တာနော်"
ဘရဏီက အငယ်ကောင်ကိုကျောပိုး အကြီးကောင်ကိုအရှေ့မှာပိုးပြီး အခန်းထဲမှထွက်သွားလေသည်။ ခွန်းလည်းကုတင်ပေါ်မှာပစ်လှဲပစ်လိုက်သည်။
"ခွန်း ဟိုဘက်တိုးဦး ... ကိုယ်လည်းအိပ်ချင်တယ်"
"အိမ်ထောင်သည်ဘဝကြီးကမလွယ်လိုက်တာ ... ဖေဖေနဲ့မေမေနှစ်ယောက်တည်း ခွန်းတို့ကိုဘယ်လိုထိန်းလာပါလိမ့်"
"ဟုတ်ပါ့နော် ... ကလေးရှိတာမလွယ်ဘူး ... အိပ်ချင်တယ် ... လာပါဦး ကိုယ့်ရဲ့ခွန်းလေး ... မဖက်ထားရတာကြာပြီ"
ခွန်းလည်းမိုးသောက်ရင်ခွင်ထဲကိုတိုးဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်သည်။ မိုးသောက်လည်း ခွန်းကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်းအိပ်ပျော်သွားလေသည်။
သုံးနှစ်ခန့်ကြာသော် ...
"ကောင်းဦးချစ်နဲ့နှောင်းဦးချစ် ... ဆော့နေတာတော်တော့ ... ထမင်းစားမယ်"
"အူးဝါး ... မာမား !!! အနှောင်းကသားကိုဘောလုံးမပေးဘူး"
"ဟာ ဖြစ်ကြပြန်ပြီလား ... ကောင်းဦးရေ ညီလေးကိုဘောလုံးပေးလိုက်"
"ပေးဘူး ... တားတားဆော့မှာ"
"အတူတူဆော့ကြလေကွာ ... ကဲ ဒီကိုလာ ... သားသားတို့အမွှာညီအစ်ကိုတွေလေ အတူတူဆော့ကြ ... ကောင်းဦးကတစ်ဖက်ကကန်လိုက်ရင် နှောင်းဦးကအခြားတစ်ဖက်မှာနေပြီးဘောလုံးကိုဖမ်းပြီးပြန်ကန်ပေးလိုက်"
"သားတို့ရေ!!!"
"ပါပါး!!!"
မိုးသောက်အသံကြားတာနဲ့ခွန်းကိုအဖက်တောင်မလုပ်တော့ဘဲ အိမ်ရှေ့ကိုပြေးထွက်သွားသည်။ မိုးသောက်ဆိုသည်မှာလည်း တစ်နေ့တစ်နေ့အလုပ်ကနေစောပြန်လာလွန်းလို့ မနည်းတားယူရတယ်။
"စောပြန်လာပြန်ပြီလား"
"သားတို့နဲ့ဒီကချစ်ခင်ပွန်းလေးကိုလွမ်းလွန်းလို့ပါ"
"ပြောလိုက်ရင်တော့ဒါပဲ"
"ပါပါးကိုအာဘွားပေးကြပါဦး"
သားနှစ်ယောက်ကပါးနှစ်ဖက်ကိုနမ်းလိုက်ပြီး မိုးသောက်ကခွန်းကိုကြည့်လာသည်။ သူ့နှုတ်ခမ်းကိုနမ်းရန်အချက်ပြသည်။
"မနမ်းဘူး"
ခွန်းကမီဖိုချောင်ထဲပြန်ဝင်သွားပြီး ကလေးနှစ်ယောက်ကိုထမင်းကျွေးရန်ပြင်ဆင်နေသည်။ မိုးသောက်ကသားတွေကိုသွားဆော့ရန်လွှတ်လိုက်ပြီး မီးဖိုချောင်ထဲကိုလိုက်ဝင်လာသည်။
"ဘေဘီခွန်း!"
ခွန်းရဲ့ခါးလေးကိုအနောက်မှဖက်လိုက်သည်။
"အစ်ကို ကလေးတွေရှိနေတယ်လေ"
"အိမ်ရှေ့မှာဆော့ခိုင်းလိုက်ပြီ ... ကိုယ့်ကိုအာဘွားလေးတောင်မပေးတော့ဘူးလားကွာ"
ခွန်းကမိုးသောက်နဲ့မျက်နှာချင်းဆိုင်လိုက်ပြီး ပါးရောနှုတ်ခမ်းရော နမ်းပစ်လိုက်သည်။ မိုးသောက်တို့တော့ ပြုံးဖြီးဖြီး။
"မနက်ဖြန်ကစပြီး သားတို့ကိုမေမေနဲ့ထားခဲ့ရမှာ ... မေမေ့ကိုအားနာလိုက်တာ"
"ကလေးထိန်းခေါ်လိုက်ရင်ကောင်းမလား"
"ခွန်းလည်းအဲ့တာပြောတာလေ ... မေမေကလက်မခံဘူး ... နင်တို့တုန်းကတောင်ဒီထက်ဆိုးတယ်တဲ့ ငါထိန်းနိုင်တယ်တဲ့"
"အမေကသူ့မြေးတွေကိုတခြားသူလက်ထဲမအပ်ချင်တာ ... အမှန်အတိုင်းပြောရရင် ကိုယ်လည်းမအပ်ချင်ဘူး"
"ခွန်းလည်းမအပ်ချင်ပေမဲ့လေ မေမေ့ကိုအားနာလို့"
"သားတို့ကိုလည်းအရမ်းမဆိုးဖို့ ကိုယ်တို့ပြောထားရမှာပေါ့"
"အင်း ... အခုတော့ ထမင်းကျွေးရမယ် ... အစ်ကိုလည်းရေချိုးလိုက်တော့လေနော်"
"အင်း"
သျှင်းမြတ်တစ်ယောက် သမီးလုပ်သမျှငြိမ်ခံနေရသည်။ ဖွားဖွားရဲ့နှုတ်ခမ်းနီတွေ လက်သည်းနီတွေ ခေါင်းစည်းကြိုးတွေအကုန်ယူလာပြီး သျှင်းကိုအလှပြင်ပေးနေလေသည်။
"ဟားဟား ကိုကို့ပုံကိုဓာတ်ပုံရိုက်ယူထားရမယ်"
ကြက်တောင်စည်းကနှစ်ဖက် နှုတ်ခမ်းနီ ပါးနီနဲ့ လက်သည်းနီကလည်းဆိုးထားသေးသည်။ သူ့အဖေကိုလုပ်ချင်တိုင်းတွေထိုင်လုပ်ပြီး တခစ်ခစ်နဲ့သဘောတွေကျနေသည်။ သမီးလေးရဲ့ပါးမှာလည်း သျှင်းနမ်းထားလို့ နှုတ်ခမ်းနီရာတွေကပေနေသေးသည်။
"ဒီကိုကြည့် ... 1, 2, 3 cheese"
သူ့အဖေကိုလုပ်ချင်တိုင်းလုပ်ပြီး မောပန်းကာ သျှင်းမြတ်ရဲ့ရင်ဘတ်ပေါ်မှာ ကားယားကြီးခွပြီးအိပ်ပျော်သွားလေသည်။
"ကိုကို အိပ်ရာထဲပို့လိုက်တော့ ... သမီးကိုယ်ကနည်းတာမှမဟုတ်တာ"
"ရတယ် အိပ်ပါစေ ... ကိုယ်ချီလိုက်ရင်နိုးသွားမှာစိုးလို့ ... လာ ကလေးကကိုယ့်ဘေးကိုလာ"
ရာရာလေးကသျှင်းရဲ့ဘေးမှာဝင်လှဲလိုက်ပြီး သျှင်းရဲ့လက်ကလေးကိုဆုပ်ကိုင်ထားလိုက်သည်။
"ကိုယ်တို့စတွေ့ခဲ့တဲ့အချိန်ကိုပြန်တွေးကြည့်မိတယ် ... ကိုယ့်ကိုနေတဲ့ကလေးရဲ့မျက်နှာလေးကိုအခုထက်ထိမမေ့သေးဘူး"
"အခုတော့မကြောက်တော့ပါဘူးနော် ... ကိုကိုငငေါကြီး"
"အခုတော့ ကိုကိုကအနိုင်ကျင့်ခံနေရပါတယ် ... အချစ်တွေနဲ့အနိုင်ကျင့်ခံရတာ"
"နောက်လည်းအများကြီးကျင့်မှာ"
"ခံဖို့အသင့်ပါပဲဗျာ ... အဲ့ညလေးတစ်ညက ကိုကို့ရဲ့ဘဝကြီးဖြစ်လာမယ်လို့ထင်တောင်မထင်မိဘူး"
"ရာရာရောပဲ ... ကိုကို့နဲ့လက်ထပ်ရမယ်လို့ထင်တောင်မထင်ထားမိဘူး ... ပြီးတော့ သမီးလေးရောပဲ ဟီးဟီး ပျော်စရာကြီး"
"ချစ်တယ်မင်းစေရာလေးရေ ... မင်းကိုတုန်နေအောင်ချစ်တာ"
သမီးလေးကိုရင်ဘတ်ပေါ်မှာတင်ထားရင်း ရာရာ့ဘက်ကိုလှည့်ကာ စတော်ဘယ်ရီရောင်သမ်းနေတဲ့နှုတ်ခမ်းလေးကိုအနမ်းခြွေလိုက်သည်။
"ရာရာလည်း ကိုကို့ကိုအများကြီးချစ်တယ်"
တစ်ရက်မှာတစ်ည တစ်ညမှာတစ်ခဏကလေးက သူ့အတွက်တစ်ဘဝဖြစ်လာမယ်ဆိုတာ သူဘယ်တုန်းကမှတွေးထင်မထားမိပါ။ ရာရာလေးရဲ့မျက်နှာလေးကိုကြည့်ရင်း သူအပြုံးပန်းတွေဝေနေလေသည်။
"အင့် ပါပါး"
ရာရာလေးကိုထပ်နမ်းမည်ဟုကြံလိုက်သည့်အခါရင်ဘတ်ပေါ်ကသမီးလေးလျှောကျသွားမလိုဖြစ်လို့ အမြန်ထိန်းလိုက်ရသည်။ သမီးလေးအသံလေးထွက်လာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိသည်။
သက်ဆုံးတိုင်အမြဲတမ်းချစ်နေမယ်ကလေးငယ် ....
ပြီးပါပြီ
ဒီဇာတ်လမ်းလေးကို ဝင့်လွှာခေါင်းထဲရှိသမျှကြိုးစားပေါင်းစပ်ပြီးရေးထားတာပါ။ စိတ်အပန်းဖြေမှုတစ်ခုတော့ပေးနိုင်မယ်လို့ထင်ပါတယ်နော်။ အစအဆုံးဖတ်လာပေးတဲ့လူတွေ voteပေးလားပေးတဲ့သူတွေ ကွန်းမန့်လေးတွေပေးလာတဲ့သူတွေ reading listထဲထည့်ပေးတဲ့သူတွေ အကုန်လုံးကိုအများကြီးကျေးဇူးတင်ပါတယ် Season 2ကတော့ မောင်တို့အတွဲလာမှာပါနော် ဒီလိုလေးပဲချိုမှာပါ dramaလေးကတော့ပါတာပေါ့နော် အသစ်ကလေးလာရင်လည်းဖတ်ကြပါဦးလို့ ဒီထက်ကောင်းအောင်ကြိုးစားပြီးရေးသွားပါ့မယ်😚 အားလုံးကိုကျေးဇူးတင်ပါတယ်😚 ဇာတ်လမ်းအဟောင်းတွေကိုလည်း ဝင့်လွှာပြန်ပြင်သွားဦးမှာပါလို့😚
"ဗိုက္ကေလးေရ သံလြင္ဆီလိမ္းမယ္ဗ်ိဳ႕"
မိုးေသာက္သည္ သံလြင္ဆီဗူးကိုကိုင္ၿပီး ဗိုက္ကေလးအခန္းထဲသို႔ဝင္လာသည္။ ဗိုက္ကေလးကခုံေပၚမွာမထိုင္ဘဲ ေအာက္မွာစိတ္ႀကိဳက္ထိုင္ေနၿပီး Handmade ေလးေတြကို ကိုယ္တိုင္ထိုင္လုပ္ေနသည္။
"ဗိုက္ကေလး အေပၚမွာဘာလို႔မထိုင္တာလဲ"
"ပစၥည္းယူရတာအဆင္မေျပလို႔"
"ကဲ သံလြင္ဆီလိမ္းရေအာင္"
ရွစ္လေက်ာ္ဆိုသည့္ဗိုက္ကေလးကအေတာ့္ကိုပူေနၿပီျဖစ္သည္။ အႁမႊာကိုယ္ဝန္မို႔လို႔ သံလြင္ဆီလိမ္းပါေသာ္လည္း ဗိုက္ေၾကာျပတ္တာကိုသိပ္ၿပီးမကာကြယ္နိုင္ပါ။ ခြန္း ထမင္းစားၿပီးတိုင္း ဗိုက္ထဲမွာအၿငိမ္မေနၾကဘဲ ကန္ေနၾကသည္။ တစ္ခါတစ္ေလကန္လိုက္ရင္ ဗိုက္ေတာင္နာသည္။ သံလြင္ဆီမလိမ္းေပးခင္ ခြန္း၏ဗိုက္ကေလးကိုနမ္းလိုက္သည္။
"အိစ္ ယားတယ္အစ္ကိုရဲ႕"
"ေန႕တိုင္းနမ္းေနက်ကိဳ ယားတုန္းပဲလား"
"မသိဘူး ... ကလိ ကလိနဲ႕ယားတယ္"
မိုးေသာက္ လိမ္းေပးေနခ်ိန္တြင္ ဗိုက္ထဲကေဘာလုံးသမားေလးကတစ္ခ်က္ကန္သည္။
"ေဟ့ေကာင္ေလး ၿငိမ္ၿငိမ္ေနေလကြာ၊ မာမီနာတာေပါ့ကြ၊ အခုမကန္နဲ႕ဦး၊ အျပင္ေရာက္လာမွ ဒယ့္ဒီ့ကိုကန္ ဟုတ္ၿပီလား"
"အဲ့တာခြန္းနဲ႕တူလို႔ျဖစ္မယ္၊ အခုေနာက္ပိုင္း ကန္တာအရမ္းၾကမ္းတယ္"
"ေမြးခါနီးမို႔လို႔ထင္တယ္"
အက္ထရာေဆာင္းရိုက္ၾကည့္ေတာ့ ဗိုက္ထဲကအႁမႊာေလးက ေယာက်္ားေလးေတြခ်ည္းပဲ။ ကေလးေတြကအရမ္းထြားတယ္။ ခြန္းရဲ႕ကိုယ္ဝန္ကလည္းသဘာဝအတိုင္းမဟုတ္ေတာ့ ခြန္းအတြက္စိုးရိမ္ရတယ္။ မိုးေသာက္ကေန႕ေန႕ညည ခြန္းေဘးနားမွာပဲေနေပးတယ္။ ခြန္းကိုမ်က္စိေအာက္ကအေပ်ာက္ကိုမခံဘူး။
"အစ္ကို ခြန္းအိပ္ခ်င္တယ္"
"အင္း ကိုယ္လက္ကိုကိုင္ၿပီးေျဖးေျဖးေလးထေနာ္"
ခြန္းကိုေဘးနားကေနတြဲေပးၿပီး ကုတင္နားအထိလိုက္ပို႔ေပးရသည္။ ေမြးခါနီးမို႔ ေျခေထာက္ကေလးေတြကလည္းေဖာေနပါေသးသည္။ ေသြးေပါင္ခ်ိန္လည္းတက္လို႔မရတာေၾကာင့္ အစားကိုလည္းေသခ်ာဂ႐ုတစိုက္နဲ႕ေကြၽးရသည္။
"လိေမၼာ္သီးေလး ကိုယ္အခြံႏႊာေပးမယ္ေလ၊ မအိပ္ခင္စားလိုက္ေနာ္"
"အင္း"
မိုးေသာက္ခြာေပးတဲ့လိေမၼာ္သီးေလးေတြစားရင္း ေဘးတေစာင္းေလးေနေနသည္။
"အစ္ကို ခြဲခန္းထဲအစ္ကိုလိုက္ခဲ့ေနာ္ ... ခြန္းေၾကာက္တယ္၊ အစ္ကိုကဥကၠဌပဲ ဝင္လို႔ရတယ္မလားဟင္"
"အင္းပါ ကိုယ္အနားမွာရွိေနေပးမွာပါ၊ ဘာမွမေၾကာက္နဲ႕ေနာ္"
ေခါင္းေလးကိုပြတ္သပ္ေပးရင္း ခြန္းကိုစိတ္အားမငယ္ေစရန္ေျပာလိုက္သည္။ ခြန္းကမိုးေသာက္လက္ကေလးကိုလွမ္းကိုင္လိုက္ၿပီး သူ႕ဗိုက္ကေလးေပၚတင္လိုက္သည္။
"ေတြ႕လား ... ကန္ေနျပန္ၿပီ"
မိုးေသာက္ ခြန္းဗိုက္ကေလးကိုပြတ္ၿပီး ဗိုက္ထဲကေဘာလုံးသမားေလးေတြကိုစကားေျပာလိုက္သည္။
"သားတို႔ေရ အရမ္းမကန္ပါနဲ႕ကြာ ... မင္းတို႔အရမ္းကန္ရင္မာမီနာတာေပါ့ကြာ၊ ဒယ္ဒီ့စကားနားေထာင္ေနာ္"
မိုးေသာက္စကားေျပာေနရင္း ခြန္းကသူ႕လက္ကိုအတင္းဆုပ္ကိုင္လာသည္။
"အား ... နာလိုက္တာခြန္းရယ္"
"ခြန္းလည္းနာတယ္ ... ဟင့္ ဗိုက္ထဲကနာတယ္"
"ဘာ ... ဘာလို႔လဲ၊ ေမြး ... ေမြးဖို႔ကလိုေသးတယ္ေလ ... ဘယ္လိုျဖစ္ရတာလဲ"
အခြံႏႊာထားတဲ့လိေမၼာ္သီးႀကီးကိုအထိတ္တလန့္နဲ႕သူ႕ပါးစပ္ထဲေကာက္ထည့္လိုက္ၿပီး ပလုပ္ပေလာင္းေတြနဲ႕စကားေျပာသည္။
"အစ္ကို နာတယ္လို႔ ... တကယ္နာတာ ... တစ္ခုခုလုပ္ပါဦး"
"အင္း ... လုပ္မယ္ ... လုပ္မယ္"
မိုးေသာက္တစ္ေယာက္အခန္းထဲမွာခုန္ဆြ ခုန္ဆြနဲ႕ ဟိုေျပးလိုက္ ဒီေျပးလိုက္ျဖင့္ ေယာက္ယက္ခတ္ေနေလသည္။
"အေမေရ ... အေမ ... အေမ ... လုပ္ပါဦး!!!"
အခန္းထဲကေနအသံအက်ယ္ႀကီးနဲ႕အေမ့ကိုလွမ္းေအာ္ေခၚသည္။ ခြန္းေလးမွာ ေရႁမႊာလည္းေပါက္ၿပီး ေသြးေတြလည္းဆင္းလာသည္။
"အစ္ကို ... ေရ ... ေရေတြေရာ ေသြးေတြေရာ ... ကေလးေတြတစ္ခုခုျဖစ္တာလားဟင္ ... လုပ္ပါဦး"
"အေမ!!!"
"ဟဲ့ ဘာျဖစ္ ... သားေလး ... ဟဲ့ ေစာလွခ်ည္လား"
"ေဆး႐ုံကိုဖုန္းဆက္ထားလိုက္ၿပီ ... ခြန္းကိုကြၽန္ေတာ္ခ်ီမွျဖစ္မယ္ ... ခ်ီလို႔ရပါ့မလား"
"သားေလး စိတ္ကိုၿငိမ္ၿငိမ္ထားေနာ္ ... အသက္ကိုဝဝရႉသြင္း ... မိုးေသာက္ကိုေသခ်ာဖက္ထားေနာ္ ... ျပဳတ္မက်ေအာင္ေသခ်ာဖက္ထားေနာ္"
မိုးေသာက္ကခြန္းကိုေပြ႕ခ်ီလိုက္သည္။ မိုးေသာက္နဲ႕ခြန္းကကားအေနာက္ခန္းမွာထိုင္ၿပီး အေမကိုယ္တိုင္ကားေမာင္းလာသည္။ ေဆး႐ုံမွာ အေဖကအဆင္သင့္ေစာင့္ေနသည္။
"ခြန္း ... ခြန္း အသိကပ္ပါဦး!"
နာက်င္မႈေၾကာင့္ ခြန္းကမ်က္လုံးေလးေတြေမွးစင္းေနသည္။ ေျခဖ်ားလက္ဖ်ားေတြကလည္းေအးစက္လို႔ေနသည္။
"ခြန္း ... အစ္ကိုရွိတယ္ေလ ... ခြန္း သတိထားဦးလို႔"
"နာတယ္ ..."
ခြန္းဆီမွအသံတိုးတိုးေလးထြက္လာသည္။ လုံးဝကိုအားျပတ္ေနသည့္အသံေလး ။ ဘရဏီတစ္ေယာက္လည္း ထိုင္မရ ထမရနဲ႕ အိမ္မွာက်န္ခဲ့ေတာ့သည္။
"အေရးေပၚခြဲရမယ္"
ခြဲခန္းထဲကိုမိုးေသာက္ပါလိုက္ဝင္သြားသည္။ ခြဲစိတ္ေနသည့္ေနရာသို႔ဝင္ေရာက္၍မရပါေသာ္လည္း မွန္ေတြကာထားသည့္အျပင္ေနရာမွလွမ္းၾကည့္ေနရသည္။ ပါးစပ္ကလည္း ခြန္းအတြက္ဘုရားစာေတြ႐ြတ္ေပးေနသည္။ ဗိုက္ကိုအဆင့္ဆင့္ခြဲလိုက္ၿပီးသည့္အခ်ိန္ ေျခကားယားလက္ကားယားေလးနဲ႕ပထမဦးဆုံးသားေလးထြက္လာသည္။ တစ္မိနစ္အၾကာတြင္ ဒုတိယေျမာက္သားေလးကို သူျမင္လိုက္ရသည္။ သားတို႔၏ငိုသံေတြက ခြဲခန္းထဲတြင္က်ယ္ေလာင္စြာဖုံးလႊမ္းလို႔ေနသည္။
"ခြန္း ခြန္းေရာ ..."
ခြန္းကေအာက္ဆီဂ်င္ေတာင္ေပးလိုက္ရသည္။ ခြဲၿပီးသည္အထိ ခြန္းကိုေအာက္ဆီဂ်င္ေပးထားရသည္။
"သားေလးေတြကတကယ့္ကိုထြားတယ္၊ တစ္ေယာက္က7ေပါင္ တစ္ေယာက္က6ေပါင္နဲ႕14ေအာင္စရွိတယ္၊ ခြန္းကအားနည္းသြားလို႔သတိလစ္သြားတာပါ၊ အခုေတာ့စိုးရိမ္စရာမရွိေတာ့ပါဘူး"
"ေက်းဇူးပါေဒါက္တာရယ္ ... ေက်းဇူးပါ"
"ဂုဏ္ယူပါတယ္ဥကၠဌ ... မဟုတ္ေသးပါဘူး ... အႁမႊာေလးတို႔ေဖေဖလို႔ေခၚရေတာ့မလား"
"ဟားဟား ႀကိဳက္သလိုေခၚပါဗ်ာ၊ ဒါေပမဲ့ ေနာက္တစ္ခါေတာ့ ခြန္းအလိုကိုမလိုက္ပါနဲ႕လို႔ေျပာခ်င္ပါတယ္ခင္ဗ်ာ"
"ေနာက္မလုပ္ေတာ့ပါဘူး၊ ဒါဆို ခြင့္ျပဳပါဦးေနာ္"
ေဒါက္တာထြက္သြားၿပီးသည့္ေနာက္ သားေလးႏွစ္ေယာက္သူ႕အေရွ႕ေရာက္လာသည္။ မ်က္လုံးေလးေတြမွိတ္လို႔ သိပ္ခ်စ္ဖို႔ေကာင္းလိုက္ၾကတာ။ နီတာရဲေလးႏွစ္ေကာင္ ေဘာလုံးသမားေလးေတြ ေနာက္ဆုံးေတာ့ထြက္လာၿပီ။ မိုးေသာက္ သားေလးေတြကိုတလွည့္စီခ်ီလိုက္သည္။ ဒယ္ဒီ့လက္ေပၚေရာက္ေတာ့ မ်က္ႏွာေလးေတြကၿပဳံးေနသေယာင္ေယာင္။ ဗိုက္ထဲကထြက္လာကတည္းက ဝကစ္ေနတာပါပဲ။ မိုးေသာက္တို႔ကေတာ့ ကေလးေတြကိုလက္ထဲကမခ်ခ်င္ေတာ့ဘူး။ ခြန္းေလးကေတာ့ ေဆးအရွိန္နဲ႕အိပ္ေပ်ာ္ေနဆဲ။ ကေလးေတြရဲ႕လက္ကေလးေတြကိုရိုက္ၿပီး အင္စတာဂရမ္ေပၚကိုလည္းအေျပးတင္ရေသးတယ္။ ခြန္းေလးေဘးမွာထိုင္ေစာင့္ေနရင္း ခုဏကသူရိုက္ထားတဲ့ကေလးေတြရဲ႕ပုံေလးေတြကိုၿပဳံးၿပီးထိုင္ၾကည့္ေလသည္။ သူအသည္းတယားယားျဖစ္ေနရသည္။
"ဟင့္"
သူ႕ရဲ႕ခြန္းေလးနိုးလာၿပီ။ နိုးနိုးခ်င္းမွာပဲ နဖူးေလးကိုနမ္းပစ္လိုက္သည္။
"ဘယ္နားနာေနတာမ်ိဳးရွိလဲ ... ခြဲထားတဲ့ေနရာကနာလား"
"နည္းနည္းနာတယ္ ... သားတို႔ေရာ အႏၲရာယ္ကင္းတယ္မလားဟင္"
"အႏၲရာယ္လည္းကင္းတယ္ ... သားတို႔ကဝကစ္ေနတာပဲ ... အဲ့တာေၾကာင့္ ခြန္းကိုယ္ဝန္ေဆာင္တုန္းကအရမ္းပင္ပန္းရတာ"
"သားတို႔ဆီသြားခ်င္တယ္ ... အစ္ကိုလိုက္ခဲ့ေပး ... ေဖေဖနဲ႕ေမေမေရာဟင္"
"အေဖနဲ႕အေမကကေလးေတြအေဆာင္မွာရွိတယ္"
"ခြန္းကိုလိုက္ပို႔ေပး"
မိုးေသာက္ ခြန္းကိုတြဲလာၿပီး ကေလးေတြအေဆာင္ကိုေရာက္လာသည္။
"ဟယ္ သား ..."
ေမေမကေျပးလာၿပီး ခြန္းကိုတြဲလိုက္သည္။
"ျဖည္းျဖည္းေလွ်ာက္"
သားတို႔ကိုအျပင္ကေနေတြ႕ခြင့္ရသည္။ သူနာျပဳကကေလးေတြကိုခ်ီလာၿပီး ျပေပးသည္။ အႏွီးထုပ္ကေလးထဲမွာအိပ္ေနလိုက္ၾကတာ ခ်စ္စရာႀကီးေတြ။ ဝကစ္ေနတာပဲ။ သားတို႔ကိုေတြ႕ေတာ့ ခြန္းမ်က္ရည္က်ျပန္သည္။
"ေမေမေရာ သားတို႔ကိုေမြးတုန္းကဒီလိုပဲလားဟင္"
"အင္းေပါ့ ... ကိုယ့္ဝမ္းနဲ႕လြယ္ၿပီးေမြးလာတဲ့သားသမီးေတြေလ ... သားေဖေဖကပိုဆိုးတယ္ ... ဒီလိုအခန္းေရွ႕မွာထိုင္ၿပီးေတာ့ကိုငိုတာ"
"မငိုပါနဲ႕ ... အခုမွေသြးႏုႏုသားႏုႏုေလးပဲရွိေသးတယ္ ... သားေလးေတြကခြန္းငိုေနတာသိသြားရင္ဘယ္စိတ္ေကာင္းပါ့မလဲ"
"ေပ်ာ္လို႔ပါ"
"အခန္းကိုျပန္ၾကရေအာင္ေလ ... ခြန္းအနားယူဖို႔လိုတယ္လို႔ေဒါက္တာကမွာထားတယ္"
"အင္း"
ခြန္းကိုေဘးနားကေနတြဲေပးၿပီး အခန္းဆီကိုျပန္လာခဲ့လိုက္ၾကသည္။ အခန္းထဲေရာက္မွ မိုးေသာက္ႀကီးကတရႈံ႕ရႈံ႕နဲ႕ငိုေလေတာ့သည္။
"ေဖ့ ... ခ်ီ ခ်ီ မီးကိုခ်ီ"
"အလင္းေလးေရ ... ေမ့ဆီလာေလ ... ေဖေဖကအလုပ္လုပ္ေနတယ္ေလကြာ"
"ရပု ရပု ... ေဖခ်ီ ေဖခ်ီ"
စကားမပီတပီေလးနဲ႕ေျပာေနသည့္သမီးေလးကို ေဆြ႕ခနဲခ်ီၿပီး ေပါင္ေပၚတင္ထားလိုက္သည္။ လက္တစ္ဖက္ကသမီးကိုထိန္းထားရင္း က်န္တစ္ဖက္ကအလုပ္လုပ္ေနရသည္။ သမီးေလးရဲ႕ပါးကိုလည္းငုံ႕ငုံ႕နမ္းရေသးသည္။
"ေဖ့ ... ဒါ ဒါ ..."
"မကိုင္ရပါဘူး ... ေပကုန္မယ္သမီးရဲ႕ ... ေပကုန္ရင္ လွလွေတြပ်က္ကုန္မယ္ေလ"
လွလွေတြပ်က္ကုန္မယ္ေျပာလိုက္တိုင္း သူ႕ဂါဝန္ေလးကိုအၿမဲဆြဲဆြဲသိမ္းသြားေလ့ရွိသည္။ ပါးေဖာင္းေဖာင္းေလးနဲ႕လုံးကစ္ေနတဲ့သမီးေလးကိုအားရပါးရဖက္ပစ္လိုက္ၿပီး နမ္းပစ္လိုက္သည္။
"အင့္ ႐ုပ္နဲ႕ ... ေမ့ရွီပဲတြားမယ္"
(အင့္ မလုပ္နဲ႕ ... ေမ့ဆီပဲသြားမယ္)
သူ႕အေဖေပါင္ေပၚကေနေလွ်ာခနဲဆင္းသြားၿပီး ရာရာ့ဆီေရာက္သြားေလသည္။ အိပ္ရာေပၚမွာေမွာက္လ်က္ေလးနဲ႕ၿငိမ္ေနျပန္သည္။ တစ္ေန႕ တစ္ေန႕ သမီးေလးရဲ႕လႈပ္ရွားမႈေလးေတြကို မ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနရတာလည္း ေပ်ာ္႐ႊင္မႈတစ္မ်ိဳးျဖစ္ေနျပန္သည္။
"ခြန္းေရ ... အႀကီးေကာင္ကိုေဘာင္းဘီဝတ္ေပးၿပီးၿပီ ... အငယ္ေကာင္ကရႉးေပါက္ခ်လိဳက္ျပန္ၿပီ ... ေဘာင္းဘီယူခဲ့ပါဦး"
"လာၿပီ လာၿပီ"
ကေလးေတြရဲ႕ဗီဒိုထဲကေန ေဘာင္းဘီေသးေသးေလးတစ္ထည္ထုတ္ယူလာၿပီး ေျပးလာသည္။
"ဘရဏီ ကေလးကိုပါးမဆြဲပါနဲ႕လို႔ ... နာတာေပါ့ဟ ... နင့္ပါးဆြဲရင္ေရယမနာဘူးလား"
"နင္ကလည္းဟယ္ ... ေျဖးေျဖးဖြဖြေလးဆြဲတာပါ ... ကပ္စီးနည္းလိုက္တာ"
"ေအး နင့္ကေလးက်ရင္ငါျပန္ဆြဲျပမယ္"
"ခြန္း ရန္ျဖစ္မေနပါနဲ႕ ... အငယ္ေကာင္ကိုကိုယ္လုပ္လိုက္မယ္ ... အႀကီးေကာင္ကိုနို႔တိုက္ၿပီးသိပ္လိုက္ေတာ့"
မိုးေသာက္ကတဝါးဝါးသမ္းရင္းနဲ႕ေျပာရွာသည္။ ညက ကေလးေတြကမအိပ္လို႔ ေခ်ာ့သိပ္ေနရတာနဲ႕တင္ ႏွစ္ေယာက္လုံးအိပ္ေရးပ်က္ရသည္။
"ႏွစ္ေယာက္လုံးအနားယူလိုက္ၾကပါဦး ... ဒီကတီတီဘရဏီကသားသားတို႔ကိုထိန္းထားေပးမယ္ ... ႏွစ္ေယာက္လုံး သမ္းေနလိုက္ၾကတာ မ်က္ရည္ေတြလည္းက်လိဳ႕"
"ေအးေအး ... ငါတို႔အိပ္လိုက္ဦးမယ္ဟယ္ ... ဒီတစ္ခါ သုံးမိနစ္ကြာအစ္မကေတာ္သြားျပန္ေရာ"
"ကိုႀကီးမိုးေသာက္ ညီမေလးေျပာထားတာမေမ့နဲ႕ေနာ္"
"အင္းပါ ... မနက္ျဖန္ ကိုႀကီး႐ုံကျပန္လာရင္ဝယ္လာေပးမယ္"
"ဟဲ့ ဟဲ့ ငါမသိဘဲဘာေတြပူဆာေနျပန္ၿပီလဲ ... ေမေမနဲ႕တိုင္မွာေနာ္"
"အမယ္ေလး သူ႕ေယာက်ာ္းက်ေတာ့သိေနလိုက္တာေနာ္"
ဘရဏီက အငယ္ေကာင္ကိုေက်ာပိုး အႀကီးေကာင္ကိုအေရွ႕မွာပိုးၿပီး အခန္းထဲမွထြက္သြားေလသည္။ ခြန္းလည္းကုတင္ေပၚမွာပစ္လွဲပစ္လိုက္သည္။
"ခြန္း ဟိုဘက္တိုးဦး ... ကိုယ္လည္းအိပ္ခ်င္တယ္"
"အိမ္ေထာင္သည္ဘဝႀကီးကမလြယ္လိုက္တာ ... ေဖေဖနဲ႕ေမေမႏွစ္ေယာက္တည္း ခြန္းတို႔ကိုဘယ္လိုထိန္းလာပါလိမ့္"
"ဟုတ္ပါ့ေနာ္ ... ကေလးရွိတာမလြယ္ဘူး ... အိပ္ခ်င္တယ္ ... လာပါဦး ကိုယ့္ရဲ႕ခြန္းေလး ... မဖက္ထားရတာၾကာၿပီ"
ခြန္းလည္းမိုးေသာက္ရင္ခြင္ထဲကိုတိုးဝင္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပစ္လိုက္သည္။ မိုးေသာက္လည္း ခြန္းကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားရင္းအိပ္ေပ်ာ္သြားေလသည္။
သုံးႏွစ္ခန႔္ၾကာေသာ္ ...
"ေကာင္းဦးခ်စ္နဲ႕ေႏွာင္းဦးခ်စ္ ... ေဆာ့ေနတာေတာ္ေတာ့ ... ထမင္းစားမယ္"
"အူးဝါး ... မာမား !!! အေႏွာင္းကသားကိုေဘာလုံးမေပးဘူး"
"ဟာ ျဖစ္ၾကျပန္ၿပီလား ... ေကာင္းဦးေရ ညီေလးကိုေဘာလုံးေပးလိုက္"
"ေပးဘူး ... တားတားေဆာ့မွာ"
"အတူတူေဆာ့ၾကေလကြာ ... ကဲ ဒီကိုလာ ... သားသားတို႔အမႊာညီအစ္ကိုေတြေလ အတူတူေဆာ့ၾက ... ေကာင္းဦးကတစ္ဖက္ကကန္လိုက္ရင္ ေႏွာင္းဦးကအျခားတစ္ဖက္မွာေနၿပီးေဘာလုံးကိုဖမ္းၿပီးျပန္ကန္ေပးလိုက္"
"သားတို႔ေရ!!!"
"ပါပါး!!!"
မိုးေသာက္အသံၾကားတာနဲ႕ခြန္းကိုအဖက္ေတာင္မလုပ္ေတာ့ဘဲ အိမ္ေရွ႕ကိုေျပးထြက္သြားသည္။ မိုးေသာက္ဆိုသည္မွာလည္း တစ္ေန႕တစ္ေန႕အလုပ္ကေနေစာျပန္လာလြန္းလို႔ မနည္းတားယူရတယ္။
"ေစာျပန္လာျပန္ၿပီလား"
"သားတို႔နဲ႕ဒီကခ်စ္ခင္ပြန္းေလးကိုလြမ္းလြန္းလို႔ပါ"
"ေျပာလိုက္ရင္ေတာ့ဒါပဲ"
"ပါပါးကိုအာဘြားေပးၾကပါဦး"
သားႏွစ္ေယာက္ကပါးႏွစ္ဖက္ကိုနမ္းလိုက္ၿပီး မိုးေသာက္ကခြန္းကိုၾကည့္လာသည္။ သူ႕ႏႈတ္ခမ္းကိုနမ္းရန္အခ်က္ျပသည္။
"မနမ္းဘူး"
ခြန္းကမီဖိုေခ်ာင္ထဲျပန္ဝင္သြားၿပီး ကေလးႏွစ္ေယာက္ကိုထမင္းေကြၽးရန္ျပင္ဆင္ေနသည္။ မိုးေသာက္ကသားေတြကိုသြားေဆာ့ရန္လႊတ္လိုက္ၿပီး မီးဖိုေခ်ာင္ထဲကိုလိုက္ဝင္လာသည္။
"ေဘဘီခြန္း!"
ခြန္းရဲ႕ခါးေလးကိုအေနာက္မွဖက္လိုက္သည္။
"အစ္ကို ကေလးေတြရွိေနတယ္ေလ"
"အိမ္ေရွ႕မွာေဆာ့ခိုင္းလိုက္ၿပီ ... ကိုယ့္ကိုအာဘြားေလးေတာင္မေပးေတာ့ဘူးလားကြာ"
ခြန္းကမိုးေသာက္နဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ပါးေရာႏႈတ္ခမ္းေရာ နမ္းပစ္လိုက္သည္။ မိုးေသာက္တို႔ေတာ့ ၿပဳံးၿဖီးၿဖီး။
"မနက္ျဖန္ကစၿပီး သားတို႔ကိုေမေမနဲ႕ထားခဲ့ရမွာ ... ေမေမ့ကိုအားနာလိုက္တာ"
"ကေလးထိန္းေခၚလိုက္ရင္ေကာင္းမလား"
"ခြန္းလည္းအဲ့တာေျပာတာေလ ... ေမေမကလက္မခံဘူး ... နင္တို႔တုန္းကေတာင္ဒီထက္ဆိုးတယ္တဲ့ ငါထိန္းနိုင္တယ္တဲ့"
"အေမကသူ႕ေျမးေတြကိုတျခားသူလက္ထဲမအပ္ခ်င္တာ ... အမွန္အတိုင္းေျပာရရင္ ကိုယ္လည္းမအပ္ခ်င္ဘူး"
"ခြန္းလည္းမအပ္ခ်င္ေပမဲ့ေလ ေမေမ့ကိုအားနာလို႔"
"သားတို႔ကိုလည္းအရမ္းမဆိုးဖို႔ ကိုယ္တို႔ေျပာထားရမွာေပါ့"
"အင္း ... အခုေတာ့ ထမင္းေကြၽးရမယ္ ... အစ္ကိုလည္းေရခ်ိဳးလိုက္ေတာ့ေလေနာ္"
"အင္း"
သွ်င္းျမတ္တစ္ေယာက္ သမီးလုပ္သမွ်ၿငိမ္ခံေနရသည္။ ဖြားဖြားရဲ႕ႏႈတ္ခမ္းနီေတြ လက္သည္းနီေတြ ေခါင္းစည္းႀကိဳးေတြအကုန္ယူလာၿပီး သွ်င္းကိုအလွျပင္ေပးေနေလသည္။
"ဟားဟား ကိုကို႔ပုံကိုဓာတ္ပုံရိုက္ယူထားရမယ္"
ၾကက္ေတာင္စည္းကႏွစ္ဖက္ ႏႈတ္ခမ္းနီ ပါးနီနဲ႕ လက္သည္းနီကလည္းဆိုးထားေသးသည္။ သူ႕အေဖကိုလုပ္ခ်င္တိုင္းေတြထိုင္လုပ္ၿပီး တခစ္ခစ္နဲ႕သေဘာေတြက်ေနသည္။ သမီးေလးရဲ႕ပါးမွာလည္း သွ်င္းနမ္းထားလို႔ ႏႈတ္ခမ္းနီရာေတြကေပေနေသးသည္။
"ဒီကိုၾကည့္ ... 1, 2, 3 cheese"
သူ႕အေဖကိုလုပ္ခ်င္တိုင္းလုပ္ၿပီး ေမာပန္းကာ သွ်င္းျမတ္ရဲ႕ရင္ဘတ္ေပၚမွာ ကားယားႀကီးခြၿပီးအိပ္ေပ်ာ္သြားေလသည္။
"ကိုကို အိပ္ရာထဲပို႔လိုက္ေတာ့ ... သမီးကိုယ္ကနည္းတာမွမဟုတ္တာ"
"ရတယ္ အိပ္ပါေစ ... ကိုယ္ခ်ီလိုက္ရင္နိုးသြားမွာစိုးလို႔ ... လာ ကေလးကကိုယ့္ေဘးကိုလာ"
ရာရာေလးကသွ်င္းရဲ႕ေဘးမွာဝင္လွဲလိုက္ၿပီး သွ်င္းရဲ႕လက္ကေလးကိုဆုပ္ကိုင္ထားလိုက္သည္။
"ကိုယ္တို႔စေတြ႕ခဲ့တဲ့အခ်ိန္ကိုျပန္ေတြးၾကည့္မိတယ္ ... ကိုယ့္ကိုေနတဲ့ကေလးရဲ႕မ်က္ႏွာေလးကိုအခုထက္ထိမေမ့ေသးဘူး"
"အခုေတာ့မေၾကာက္ေတာ့ပါဘူးေနာ္ ... ကိုကိုငေငါႀကီး"
"အခုေတာ့ ကိုကိုကအနိုင္က်င့္ခံေနရပါတယ္ ... အခ်စ္ေတြနဲ႕အနိုင္က်င့္ခံရတာ"
"ေနာက္လည္းအမ်ားႀကီးက်င့္မွာ"
"ခံဖို႔အသင့္ပါပဲဗ်ာ ... အဲ့ညေလးတစ္ညက ကိုကို႔ရဲ႕ဘဝႀကီးျဖစ္လာမယ္လို႔ထင္ေတာင္မထင္မိဘူး"
"ရာရာေရာပဲ ... ကိုကို႔နဲ႕လက္ထပ္ရမယ္လို႔ထင္ေတာင္မထင္ထားမိဘူး ... ၿပီးေတာ့ သမီးေလးေရာပဲ ဟီးဟီး ေပ်ာ္စရာႀကီး"
"ခ်စ္တယ္မင္းေစရာေလးေရ ... မင္းကိုတုန္ေနေအာင္ခ်စ္တာ"
သမီးေလးကိုရင္ဘတ္ေပၚမွာတင္ထားရင္း ရာရာ့ဘက္ကိုလွည့္ကာ စေတာ္ဘယ္ရီေရာင္သမ္းေနတဲ့ႏႈတ္ခမ္းေလးကိုအနမ္းေႁခြလိုက္သည္။
"ရာရာလည္း ကိုကို႔ကိုအမ်ားႀကီးခ်စ္တယ္"
တစ္ရက္မွာတစ္ည တစ္ညမွာတစ္ခဏကေလးက သူ႕အတြက္တစ္ဘဝျဖစ္လာမယ္ဆိုတာ သူဘယ္တုန္းကမွေတြးထင္မထားမိပါ။ ရာရာေလးရဲ႕မ်က္ႏွာေလးကိုၾကည့္ရင္း သူအၿပဳံးပန္းေတြေဝေနေလသည္။
"အင့္ ပါပါး"
ရာရာေလးကိုထပ္နမ္းမည္ဟုႀကံလိုက္သည့္အခါရင္ဘတ္ေပၚကသမီးေလးေလွ်ာက်သြားမလိုျဖစ္လို႔ အျမန္ထိန္းလိုက္ရသည္။ သမီးေလးအသံေလးထြက္လာေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးရယ္မိသည္။
သက္ဆုံးတိုင္အၿမဲတမ္းခ်စ္ေနမယ္ကေလးငယ္ ....
ၿပီးပါၿပီ
ဒီဇာတ္လမ္းေလးကို ဝင့္လႊာေခါင္းထဲရွိသမွ်ႀကိဳးစားေပါင္းစပ္ၿပီးေရးထားတာပါ။ စိတ္အပန္းေျဖမႈတစ္ခုေတာ့ေပးနိုင္မယ္လို႔ထင္ပါတယ္ေနာ္။ အစအဆုံးဖတ္လာေပးတဲ့လူေတြ voteေပးလားေပးတဲ့သူေတြ ကြန္းမန႔္ေလးေတြေပးလာတဲ့သူေတြ reading listထဲထည့္ေပးတဲ့သူေတြ အကုန္လုံးကိုအမ်ားႀကီးေက်းဇူးတင္ပါတယ္ Season 2ကေတာ့ ေမာင္တို႔အတြဲလာမွာပါေနာ္ ဒီလိုေလးပဲခ်ိဳမွာပါ dramaေလးကေတာ့ပါတာေပါ့ေနာ္ အသစ္ကေလးလာရင္လည္းဖတ္ၾကပါဦးလို႔ ဒီထက္ေကာင္းေအာင္ႀကိဳးစားၿပီးေရးသြားပါ့မယ္😚 အားလုံးကိုေက်းဇူးတင္ပါတယ္😚 ဇာတ္လမ္းအေဟာင္းေတြကိုလည္း ဝင့္လႊာျပန္ျပင္သြားဦးမွာပါလို႔😚