" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ...

Per JohnSmith717

551K 57.9K 8K

[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်... Més

အပိုင်း ( ၁ )
အပိုင်း ( ၂ )
" ဇာတ်ကောင်မိတ်ဆက် "
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ( ၁၀ )
အပိုင်း ( ၁၁ )
အပိုင်း ( ၁၂ )
အပိုင်း ( ၁၃ )
အခန်း ( ၁၄ )
အပိုင်း ( ၁၅ )
အပိုင်း ( ၁၆ )
( Guest )
Intro for part-17
အပိုင်း ( ၁၇ )
အပိုင်း ( ၁၈ )
( Guest )
အပိုင်း ( ၁၉ )
အပိုင်း ( ၂၀ )
( Guest )
အပိုင်း ( ၂၁ )
အပိုင်း ( ၂၂ )
အပိုင်း ( ၂၃ )
အပိုင်း ( ၂၄ )
အပိုင်း ( ၂၅ )
အပိုင်း ( ၂၆ )
အပိုင်း ( ၂၇ )
အပိုင်း ( ၂၈ )
အပိုင်း ( ၂၉ )
အပိုင်း ( ၃၀ )
အပိုင်း ( ၃၁ )
အပိုင်း ( ၃၂ )
အပိုင်း ( ၃၃ )
အပိုင်း ( ၃၄ )
အပိုင်း ( ၃၅ )
အပိုင်း ( ၃၆ )
အပိုင်း ( ၃၇ )
အပိုင်း ( ၃၈ )
အပိုင်း ( ၃၉ )
အပိုင်း ( ၄၀ )
အပိုင်း ( ၄၁ ) [ Zawgyi ]
ဇာတ်ကောင်မိတ်ဆက်
အပိုငျး ( ၄၁ ) Unicode
အပိုင်း ( ၄၂ ) Zawgyi
အပိုင်း ( ၄၂ ) Unicode
အပိုင်း ( ၄၃ )
အပိုင်း ( ၄၄ )
အပိုင်း ( ၄၅ )
အပိုင်း ( ၄၆ )
အပိုင်း ( ၄၇ ) zawgyi ver
အပိုင်း ( ၄၇ ) unicode
အပိုင်း ( ၄၈ )
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ( ၄၉ ) Zawgyi
အပိုငျး ( ၄၉ ) Unicode
အပိုင်း ( ၅၀ ) zawgyi
အပိုင်း ( ၅၀ ) Uni
[Copy] အပိုင်း ( ၅၀ ) Part - 1[ Zawgyi ]
[Copy] အပိုင်း ( ၅၀ ) Part-2 [Zawgyi]
[Copy] အပိုငျး ( ၅၀ ) Part-2 [uni]
" စူးနင့်စွာ မြတ်နိုးနေဆဲ.. "
"အားကစားပွဲနေ့ မတိုင်မီ တက်ကြွဖွယ် နေ့ရက်များ"
"ကျွန်တော့်ချစ်သူ ဆိုးလ်မြို့သား ရွှေယုန်လေး"
" နှလုံးသားကို ချည်နှောင်ခြင်း "
" ဆံုး႐ႈံးၿပီးမွ သိခြင့္ရေသာ ထိုအရာမ်ား..~"
"ဆုံးရှုံးပြီးမှ သိခွင့်ရသော.. ထိုအရာမ်ား..~"
" မ​မေ့ပစ်နိုင်​လောက်​အောင် ချစ်ခဲ့ကြတယ် "
" မမေ့ပစ်နိုင်လောက်အောင် ချစ်ခဲ့ဲကြတယ် "

[Copy] အပိုင်း ( ၅၀ ) Part - 1 [uni]

1.5K 105 6
Per JohnSmith717

Warning 🚨 Update အသစ်မဟုတ်ပါ ။
မနေ့တင်ထားတဲ့ အပိုင်း ( ၅၀ ) က အရမ်းရှည်လို့ Error တက်နေသူများအတွက် Part ခွဲပြီး တင်ပေးတာပါခင်ဗျ..။

_______________________________________

.

.

.

.

.

.

.

"ဆောဂန်း ယာလီခရိုင် စစ်ဆေးရေးမှူးရုံးမှ လွန်ခဲ့သော ၄ပတ်အတွင်း လူသတ်မှု၊ မှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဖြန့်ချိမှုတို့ဖြင့် တရားစွဲဆိုခံထားရသော တရားခံ အသက် ၄၅ နှစ်အရွယ်ရှိ မင်မျိုးနွယ်အား တစ်သက်တစ်ကျွန်းချမှတ်ဖို့ ရုံးတင်တောင်းဆိုလိုက်ပါတယ်၊

မင်မျိုးနွယ်ဟာ လွန်ခဲ့သော ၂၀၂၀ ခုနှစ် ၉ လပိုင်း အစောပိုင်းမှစတင်၍ တူဖြစ်သူ အီမျိုးနွယ်အား လူသတ်ရန် ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်ပြီး၊ အကျိုးအမြတ်ရရှိအောင် ကြံစည်ခဲ့ပါတယ်၊ ပြည်သူတွေအကြား လက်နက်ကိုင် ခြိမ်းခြောက်မှုများအပြင်၊ ဆူပူလှုပ်ရှားမှုကို ဖြစ်စေပြီးသည့်နောက် နယ်စပ်ကို ထွက်ပြေးချိန်မှာပဲ အလျင်အမြန် ဖမ်းဆီးရရှိပြီး တရားစွဲဆိုခံခဲ့ရတာပါ "

"အထက်ပါအဖြစ်အပျက်ကြောင့် ဓားစာခံ ကိုရီးယားစစ်သားများအပြင် ကယ်ဆယ်ရေး တရုတ်ပြည်သူ့စစ်သားများပါ အလွန်အမင်း ထိခိုက်နစ်နာမှုများရရှိခဲ့တာ ဖြစ်ပါတယ်၊ ယာလီခရိုင် ဂိုထောင်ပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှု၊ ဟယ်ဂျွန်းအထက်တန်းကျောင်းအနီး လက်နက်ကိုင် ပစ်ခတ်မှု၊ လောင်ဝန်းအဝေးပြေးလမ်းမယာဉ်တိုက်မှု များနဲ့ ဆက်စပ်လျက်ရှိပါတယ်၊ ယခုအချိန်မှာတော့ ထိခိုက်ဒဏ်ရာရကိုရီးယားစစ်သားများအားလုံးကို ကိုရီးယားပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးဖို့ စီစဉ်လျက်ရှိပါတယ်၊

ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကျွန်တော်ကတော့ BAF သတင်းဌာနမှ John-Smith ဖြစ်ပါတယ်ခင်ဗျာ "

TV ကနေ တစ်ဆင့်ကြားလိုက်ရတဲ့ သတင်းကြေညာသူရဲ့ ရှင်းလင်းတင်းပြချက်ကြောင့် အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ ဂျောင်ဆူးက လှဲနေရာကနေ ထထိုင်လာပြီး အထူးတဆန်း ကြည့်တယ်၊ စကရင်မှာ ပေါ်လာတဲ့ ဓာတ်ပုံထဲက ( မျက်လုံးနေရာကို ဖုံးအုပ်ခံထားရတဲ့ ) အထက်တန်းကျောင်းသားအရွယ်ကောင်လေးကို သူ လှိုက်လှိုက်လှဲလှဲ ရင်းနှီးနေခဲ့တယ်၊ ဒါက အတိတ်မမေ့ခင်က ထမ်းဆောင်ခဲ့တဲ့ နောက်ဆုံးတာဝန်တဲ့လား၊

~ မင်မျိုးနွယ်ရဲ့ တူဖြစ်သူ အီမျိုးနွယ် ~

ဓာတ်ပုံအောက်က စာကြောင်းလေးကို ဂျောင်ဆူးက အချိန်အတန်ကြာ ငေးငိုင်ကြည့်လိုက်ရင်း တစ်စုံတစ်ခုကို မှတ်မိသွားပုံနဲ့ သိပ်မစိမ်းလှတဲ့နာမည်တစ်ခုကို ဝေေ၀ဝါးဝါး ရေရွတ်တယ်..

" ဟယ်ချန်း.. အီဟယ်ချန်း"

နားထဲမှာ တဆက်တည်း ဝင်လာတာက တက်ကြွရွှင်လန်းနေတဲ့ ကောင်ငယ်လေးတစ်ယောက်ရဲ့ ရယ်သံ..၊ ဟွန်းငယ်နဲ့ ခန္ဓာကိုယ်ချင်း တွန်းတိုက်ရင်း ဆော့ကစားနေတဲ့ ပုံရိပ်သေးသေးလေး..

အဲ့ဒီ့နောက် လှပတဲ့ ခရမ်းရောင်ပန်းလေးတစ်ပွင့်..။

ရုပ်ရှင်ပြသလို ဇာတ်ကွက်တွေက တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသလို မြင်တွေ့နေရတုန်းမှာ ရုတ်တရက်ပြောင်းလဲစွာ ခံစားလိုက်ရတဲ့ နွေးထွေးကြင်နာမှုကြောင့် ဂျောင်ဆူးရဲ့ လက်ချောင်းတွေက တဆတ်ဆတ် တုန်ရီလို့လာခဲ့တယ်၊ သူ့နှလုံးသားတွေက တစ်စုံတစ်ရာကို သတိရပေးဖို့ အတင်းအကြပ်တောင်းဆိုနေသလိုမျိုး တဒိန်းဒိန်း ခုန်လှုပ်လို့လာတယ်၊

တစ်စုံတစ်ရာ.. မဟုတ်ဘူး.. တစ်စုံတစ်ယောက်..

သူ့ရဲ့ အနားမှာ တစ်စုံတစ်ယောက်က မခွဲမခွာ အမြဲရှိနေခဲ့တယ်၊ လက်ချောင်းတွေက နွေးထွေးတယ်၊ ကိုယ်သင်းရနံ့က ချိုမြိန်တယ်၊ ခြေသံလေးက တိုးဖျော့တယ်၊ စိတ်ပင်ပန်းတိုင်း မလုံမခြုံဖြစ်တိုင်းမှာ ထိုလူသားက ဂျောင်ဆူးရဲ့ပုခုံးပေါ်မှာ မျက်နှာအပ်လို့ အနားယူတယ်..

အဲ့ဒီ့လို လူမျိုးကို နှစ်နှစ်ကာကာ ရင်းနှီးခဲ့တယ်...။

// ဗိုလ်ကြီးကို အထာပေးနေတဲ့ သူများ ရှိနေပြီလား //

ရုတ်တရက် ဒိန်းခနဲ ကြားလိုက်ရတဲ့ အသံကြောင့် ဂျောင်ဆူးရဲ့ မျက်ခုံးတွေ ဆတ်ခနဲ တင်းသွားတယ်၊ သူ့အသိစိတ်တစ်ခုလုံးက မွန်းကြပ်အိုက်စပ်တဲ့ ဆေးရုံအခန်းငယ်ထဲမှာမဟုတ်တော့ပဲ ချစ်စရာအငွေ့အသက်ပြည့်ဝတဲ့ အိပ်ခန်းငယ်ဆီကို နှစ်နှစ်ခြိုက်ခြိုက် ဦးတည်တယ်၊ အခန်းတံခါးအပေါက်ဝမှာ ခပ်မတ်မတ်ရပ်နေတဲ့ လူသားကို လှမ်းပြောနေခဲ့ပုံရတဲ့ သူ့အသံက စနောက်ချင်နေသလိုမျိုး ရွှင်ပြပြဖြစ်လို့နေတယ်၊ နှုတ်ခမ်းသားတွေက ထိန်းချုပ်လို့မရအောင်ထိ ပြုံးနေမိတာကို သတိထားမိခဲ့တယ်..။

// ကိုယ့်မှာ မင်းတစ်ယောက်တည်းပဲ ရှိတာကို..
ဘယ်သူက ကိုယ့်ကို အထာပေးရဲမှာလဲ //

ပြန်ဖြေပုံက ပြတ်သားတိကျပေမဲ့ အလွန်တရာ ကြင်နာနူးညံ့နေခဲ့တာကြောင့် ဂျောင်ဆူးက သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိ ဟက်ဟက်ပက်ပက် ရယ်တယ်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံပုံ၊ စကားပြောပုံတွေက နွေးထွေးညင်သာပြီး တစ်ဦးကို တစ်ဦး အတိုင်းထက်အလွန် တွယ်တာ၊မေတ္တာသက်ဝင်နေခဲ့သလိုမျိုးပဲ..၊

// ပြောမရဘူးလေ.. //

ဂျောင်ဆူးက သူ့လက်ထဲက ညိုးနွမ်းစပြုနေတဲ့ ပန်းပွင့်လေးကို မြှောက်ပြရင်း ပြောတယ်၊ တဖက်လူရဲ့ ပြန်ဖြေသံဟာ တစ်ဆက်တည်း..

// အော်.. အဲ့ဒါက ဟယ်ချန်းလေးပေးတာ ၊ မင်းကို ပိုးပန်းဖို့တဲ့လေ.. ညိုးတောင် ညိုးကုန်ပြီပဲ //

နူးညံ့တိုးသဲ့တဲ့ စကားသံတွေက နီးသွားလိုက်၊ ဝေးသွားလိုက်ဖြစ်ရင်း ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ပူလောင်မှုတွေ ဘယ်အရပ်ဆီကမှန်းမသိ တစ်စထက်တစ်စ သိပ်သည်းလို့လာတယ်၊ ပါးလွှာနေတဲ့ မှတ်ဉာဏ်တိမ်စိုင်နုနုလေးတွေကို သူ အတင်းအကြပ် ဖမ်းဆုတ်ဖို့ ကြိုးစားနေဆဲမှာပဲ ခေါင်းတွေက ဆစ်ခနဲ ဆစ်ခနဲ စူးစူးဝါးဝါးထိုးကိုက်လာတယ်၊ ဂျောင်ဆူးက ပြင်းထန်လှတဲ့ ဝေဒနာကို မခံနိုင်လွန်းစွာပဲ နာနာကျင်ကျင် အော်ဟစ်ပြီး၊ ကုတင်ပေါ် လူးလိမ့်မိတော့တယ်၊

" သား.. ဂျောင်ဆူးလေး..!! "

အသက်ကြီးကြီးလူတစ်ယောက်က သူ့ကို သတိထားဖို့ တဖွဖွပြောသံကို ကြားရတယ်၊ တွန်းထိုးရုန်းကန်မိတဲ့ ကိုယ်ခန္ဓာက တင်းတင်းကျပ်ကျပ် ထွေးပွေ့ခံလိုက်ပေမဲ့ ဘယ်သူဘယ်ဝါရယ်လို့ သူ မသိတော့၊ သူ သိတာက.. အသည်းခိုက်မတပ် နက်နက်ရှိုင်းရှိုင်း နာကျင်မှုရယ်..၊ နောက်.. နာကျင်နေလျက်နဲ့တောင် ဆက်လက်ဖမ်းဆုတ်ထားဖို့ ဆန္ဒရှိတဲ့ မှတ်ဉာဏ်ထဲက တစ်စုံတစ်ယောက်ရယ်..။

"အမလေး! သား! သတိထားပါဦး!! အဖေကြီး!! ကျွန်မ သားလေးကို ကယ်ပါဦး..!!! "

လူနာရှင်မိဘရဲ့ ထိတ်လန့်တကြားအော်ဟစ်သံအဆုံးမှာ ဆရာဝန်တွေ၊သူနာပြုတွေက အခန်းထဲကို ချက်ချင်းပဲ ပြေးဝင်လာကြတယ်၊ ကုတင်ပေါ်မှာ အတင်းအကြပ်ရုန်းကန်နေတဲ့ လူနာကို ဝိုင်းဝန်းဖိကိုင်ထားဖို့ ကြိုးစားရင်း စိတ်ငြိမ်ဆေး ထိုးပေးဖို့ ပြင်ဆင်ကြတယ်၊

" လူနာ.. လူနာ၊
စိတ်ကို လျော့ထားပါ..
ဘာမှဆက်မတွေးပဲ စိတ်ကို လျော့ချထားပါ.. "

မျက်လုံးတွေ ဖွင့်ထားခဲ့ပေမဲ့ သူ့အာရုံမှာ အရာအားလုံးဟာ ဝေေ၀ဝါးဝါးဖြစ်နေတုန်းပဲ၊ သူ့လက်မောင်းတွေ၊ သူ့ပုခုံးတွေ၊ သူ့ခြေထောက်၊ သူ့ဝမ်းဗိုက် အားလုံးဟာ ဖိနှိပ်အချုပ်ခံထားရပေမဲ့လည်း၊ သူ့မှာ ရပ်တန့်ရကောင်းမှန်းမသိလောက်အောင် နှလုံးသားနဲ့ အသိဉာဏ်က တစ်စုံတစ်ယောက်ကိုသာ မိုက်မိုက်မဲမဲ တမ်းတလွမ်းဆွတ်လို့ အသည်းအထန် ရှာဖွေနေမိတယ်၊

လွမ်းတယ်..
လွမ်းလွန်းလို့ ရင်တွေနာရတယ်၊
လွမ်းလွန်းလို့ အသည်းတွေ တစစီကွဲကြေရတယ်၊
လွမ်းလွန်းလို့ ခန္ဓာကိုယ်အနှံ့ သေလုမတက် အဆိပ်ဒဏ်သင့်တယ်.. ။

// ဂျောင်ဆူး.. ကိုယ်က မင်းကို အရူးအမူးပဲနော်.. //

နောက်တစ်ကြိမ် ကြားလိုက်ရတဲ့ ကြင်ကြင်နာနာစကားသံကြောင့် ဂျောင်ဆူးရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း အားပျော့လို့သွားတယ်၊ သူရှာဖွေနေတဲ့ အဲ့ဒီလူဟာ အနီးအနားမှာ ရှိနေခဲ့သလိုမျိုး ခံစားရပေမဲ့ အခုတော့ အဝေးဆုံးကို ထွက်ပြေးဖို့ ပြင်ဆင်နေခဲ့သလိုမျိုးပဲ၊

ဝေလငါးတွေက အချင်းချင်းဘယ်လောက်ပဲ မိုင်ပေါင်းထောင်ချီ ဝေးကွာ၊ဝေးကွာ ပင်လယ်ရေလှိုင်းတွေက တစ်ဆင့် တစ်ယောက်ရဲ့ လှုပ်ရှားကူးခတ်မှုကို တစ်ယောက်က ခံစားသိနေသလိုမျိုး..၊ ချစ်ခြင်းတရားကို ရပ်ဆိုင်းပစ်ဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ ရူးမိုက်မှုကို သူကိုယ်တိုင်ကလည်း မသိစိတ်တွေကတစ်ဆင့် ထပ်တူခံစားမိနေခဲ့တယ်၊ ဝမ်းနည်းမွှေးပျံ့တဲ့ ကိုယ်သင်းရနံ့က အခန်းတံခါးဝကနေတစ်ဆင့် ဂျောင်ဆူးရဲ့ တစ်ဘဝလုံးဆီကနေ တစ်သက်တာ၊ထာဝရ ချန်ထားရစ်တော့မဲ့ ရက်စက်ပြတ်သားမှုမျိုးကို သူ သိနေခဲ့တယ်..။

ခံစားလွယ်၊သိမ်ငယ်အထီးကျန်မှုတွေနဲ့အတူ မျက်ရည်ပူပူတွေဟာ ပါးပြင်ထက်ကို တလိမ့်လိမ့်စီးကျလာပေမဲ့၊ အသိစိတ်ဝင်စပြုလာတဲ့ ဂျောင်ဆူးက သူ့ကို ချုပ်ထားတဲ့ လူတွေရဲ့ အကြားကနေ အားကုန်ရုန်းထွက်ပြီး အခန်းတံခါးဝဆီကို လှမ်းမျှော်ကြည့်တယ်၊ ဒါပေမဲ့လည်း သူ့ဆန္ဒတို့ အလုံးအထည်မပြည့်ခင်မှာပဲ လက်ဖျံဆီကို စူးခနဲ ဝင်လာတဲ့ အပ်တစ်ချောင်း..၊

လက်မောင်းကို အားကိုးတကြီး မြှောက်ကမ်းလိုက်ပေမဲ့လည်း.. အားအင်ချိနဲ့စွာ တုန်ရီနေတဲ့ ခန္ဓာကိုယ်ကြောင့် ဘာဆို ဘာမှမတတ်နိုင်တော့..၊ ခါးသီးမွန်းကြပ်မှုက ရင်ဝကနေ လည်ချောင်းတစ်လျှောက် သွေးတွေတပွက်ပွက်ဆူနေသလိုမျိူး၊ ဆက်လက်ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ သူ့မှာ လှုပ်ရှားနိုင်စွမ်းတွေ ကင်းမဲ့လို့သွားခဲ့ပြန်ပြီ၊ အံတင်းတင်းဖိကြိတ်လို့ အားတင်းတောင့်ခံတဲ့ ဒုဗိုလ်ငယ်က ထပ်မံအိပ်မပျော်အောင် ကြိုးထုတ်ရင်း မျက်ရည်ချောင်းစီးလို့ နာနာကျင်ကျင်ဟစ်အော်တယ်..

"ဟင့်အင်း! မလုပ်ပါနဲ့.. အဲ့ဒီလို မလုပ်ကြပါနဲ့!
ကျွန်တော်.. မမေ့ချင်ဘူး၊
မမေ့ပစ်ချင်ဘူး!!! သူ့ကို မေ့လိုက်ရင် ကျွန်တော့်တစ်ဘဝလုံးမှာ ဘာမှ ကျန်တော့မှာမဟုတ်ဘူး!!!

ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး.. "

မည်သူတစ်ဦးတစ်ယောက်မှ မြင်နိုင်စွမ်းပကားမရှိရှာတဲ့ နှလုံးသွေးစက်တွေက သည်အခန်းငယ်လေးထဲမှာ ပေါက်လွှတ်ဗရဗွာ၊ ဒုက္ခဝေဒနာတာကျိုးလို့ ဟောဟဲဟိုက်ရလည်း အဆုံးမှာ ကိုယ် ရှုံးရစမြဲ၊ ရင်အစုံက လောင်မီးကျသည့်နှယ် ပြင်းပြစွာ နာကြည်းနေရပြီးနောက် နှုတ်ခမ်းသားတွေဟာ တဆတ်ဆတ်တုန်ရီရင်း ဟပင်မဟနိုင်တော့...

အကယ်၍ ဖွင့်ပြောပြနိုင်စွမ်းတွေ ရှိနေခဲ့လျှင်တောင်မှ သည်အခြေအနေမျိုးမှာ မည်သည့်စကားလုံးမှ ထွက်ကျမလာတော့မှာ အသေအချာ..၊ သိန်းသောင်းချီတဲ့ စကားလုံးပေါင်းမြောက်များစွာဟာ ဇီဝနတ္ထိရင်ကွဲနာ ကို ထိရောက်လေးလံစွာ အနက်မဖွင့်နိုင်ခဲ့ပါလေ...။

_________________________________________

"ဒီနေ့ရော ခံစားရတာ ဘယ်လိုနေလဲ?
ခေါင်းကိုက်တာတွေ ဘာတွေ ရှိသေးလား "

ဆရာဝန်ကြီးရဲ့ အမေးစကားကို ဂျောင်ဆူးက အားအင်ဖျော့တော့စွာ ခေါင်းယမ်းလို့ တုံ့ပြန်တယ်၊ အဲ့ဒီ့အချင်းအရာကို ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အသိအမှတ်ပြုတဲ့ ဆရာဝန်ကြီးက သူ့ခန္ဓာကိုယ်အနှံ့က ဒဏ်ရာတွေကို ဂရုတစိုက် စစ်ဆေးပေးရင်း ဆေးမှန်မှန်တိုက်ပေးဖို့ သူနာပြုမလေးတွေကို သတိပေးတယ်၊

အနောက်နားမှာ ရပ်နေတဲ့ လက်ထောက်ဆရာဝန်လေးနှစ်ယောက်ကတော့ ဆရာဝန်ကြီးဆီက မှတ်သားစရာတွေကို စာအုပ်ကိုယ်စီမှာ ဘောပင်လေးတဖျတ်ဖျတ်လှုပ်လို့ အသည်းအသန် အားကြိုးမာန်တက် ရေးမှတ်နေကြတယ်။

" ဆရာ.. ကျွန်တော့်သားလေးရဲ့ အခြေအနေက ဘယ်လိုရှိလဲဟင်.. "

ဖခင်ရဲ့ ကိုရီးယားဘာသာစကားနဲ့ အမေးစကားကြောင့် တရုတ်လူမျိုးဆရာဝန်ကြီးက ဘာသာပြန်စစ်သားလေးဘက်ကို လှည့်ကြည့်တယ်၊ လူနာအခြေအနေနဲ့ ပတ်သတ်ပြီး သီးသန့်ဆွေးနွေးချင်ကြောင်း ပြောဆိုနေကြတဲ့ စကားဝိုင်းမှာ ဂျောင်ဆူးတစ်ယောက်တည်းကပဲ စိတ်အင်အားတွေ ကုန်ခမ်းနေသူလို မိန်းမောနေခဲ့တယ်၊ ဒီနေ့အဖို့ သူ့မှာ စကားပြောချင်စိတ်တွေ မရှိ..။

" သား.. မေမေတို့ ဆရာဝန်ကြီးနဲ့ စကားပြောလိုက်ဦးမယ်၊ ခဏ နေခဲ့လို့ အဆင်ပြေလား "

သူ့ပုခုံးကို ညင်ညင်သာသာ ဖိညှစ်ပြီး ပြောနေတဲ့ မေမေ့ရဲ့ အပြုံးတွေက နူးညံ့လို့နေတယ်၊ဂျောင်ဆူးက ခေါင်းသာသာငြိမ့်ပြတော့ မေမေက ပါးပြင်ကို ခပ်ဖွဖွညှစ်တယ်၊ ဘာသာပြန်စစ်သားလေးရဲ့ သတင်းတင်ပို့ချက်ကြောင့် ဂျောင်ဆူးရဲ့အခန်းထဲကို လူနာစောင့်အစားထိုး မျက်နှာသိစစ်သားတစ်ယောက်က ချက်ချင်း ဝင်လာပြီး အလေးပြုနှုတ်ဆက်တယ်၊

ဗိုလ်မှူးကြီး ရိဖန်က ထိခိုက်ဒဏ်ရာရစစ်သားတွေကို အစောင့်အရှောက်မကင်းလွတ်စေရ ဆိုတဲ့ အမိန့်ချမှတ်ထားတာကြောင့်၊ ဆေးရုံပတ်ဝန်းကျင်မှာ စစ်သားတွေနဲ့ ပြည့်နှက်နေခဲ့တာ ကြာခဲ့ပြီ၊

အချိန်အတန်ကြာ လူနာကုတင်ပေါ်မှာ လှဲလျောင်းခဲ့ရတာကြောင့် ညောင်းညာစပြုလာတဲ့ ဒုဗိုလ်ဒိုဂျောင်ဆူးက ဖြည်းဖြည်းချင်းထထိုင်ပြီး ကြမ်းပြင်ကို ခြေချဖို့လုပ်တယ်၊ သူ့ခန္ဓာကိုယ်ရဲ့ တစ်ချို့နေရာတွေက နာကျင်နေဆဲမို့ မတ်မတ်ရပ်ဖို့ အခက်ကြုံနေတုန်းမှာပဲ အလိုက်သိတဲ့ စစ်သားလေးက အနားကို လေအလျင်နဲ့ ရောက်လာတယ်၊

" ကျွန်တော်ကူတွဲပေးပါ့မယ်ခင်ဗျ "

" ကျေးဇူး.. "

ပုခုံးတစ်ဖက်ကို ဆွဲထူတောင့်ခံပေးတော့ လမ်းလျှောက်ရတာက အဆင်ပြေစပြုလာတယ်၊ အစပထမကတော့ ရင်ထဲမှာ မွန်းကြပ်လွန်းလို့ လေကောင်းလေသန့် ရလိုရငြား မှန်ပြတင်းပေါက်နားဆီကို ဦးတည်သွားခဲ့ပေမဲ့လည်း၊ တံခါးကို ဖွင့်ဟပစ်ဖို့ ကြိုးစားမိနေတဲ့ လက်တွေက မြင်ကွင်းတစ်ခုကြောင့် ဆတ်ခနဲ ငြိမ်သက်သွားခဲ့တယ်..။

ဒီလူ...၊
ဆေးရုံရဲ့ အနောက်ခြမ်းမြေကွက်လပ်၊ ခုံတန်းငယ်မှာ ငြိမ်သက်စွာ ထိုင်နေတဲ့ လူတစ်ယောက်က ခရမ်းနုရောင်ပန်းစည်းငယ်ကို ဘေးနားမှာ ချလို့ တိတ်ဆိတ်အထီးကျန်နေတဲ့ အသွင်အပြင်နဲ့ ကောင်းကင်ကို ငေးမောရင်း ငြိမ်သက်လို့နေတယ်၊ သူ့ပုံစံက ခြောက်ခြားဝမ်းနည်းနေသူလိုမျိုး မှုန်ရီပျပျ၊ ဖြူဖျော့နွမ်းလျတဲ့ မျက်နှာပြင်ဟာ အလွန်အမင်း စိတ်ထိခိုက်နေတဲ့ အသွင်အပြင်တွေ ထင်ဟပ်လို့နေတယ်..

ရုတ်တရက်.. ဦးနှောက်က ဖြတ်ခနဲ အချက်ပေးတယ်၊
ဒီလူက ဂျောင်ဆူး သတိရကာစတုန်းက လာတွေ့ဖူးတဲ့လူပဲ မဟုတ်လား၊ အခန်းမှားဝင်မိကြောင်း တောင်းပန်စကားပြောတွေ ဆက်တိုက်ပြောနေခဲ့တုန်းက သူ့မျက်နှာပြင်ကို ကြေကြေကွဲကွဲ ငေးမောကြည့်တဲ့ မျက်လုံးတွေကို ချက်ချင်း အမှတ်ရမိတယ်၊ အဲ့ဒီ့မျက်ဝန်းအိမ်တွေမှာ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးရခဲ့သလိုမျိုး တုန်ရီအက်ရှခြင်းတွေ ရစ်သိုင်းနေခဲ့တာကို သေချာပေါက်မှတ်မိတယ်..၊

ဟုတ်တယ်.. အဲ့ဒီလူပဲ...။

" သူက ဘယ်သူလဲ ..၊ "

မှန်သားကို လက်ညိုးလေးနဲ့ ထောက်ပြပြီး လှမ်းမေးတဲ့ ဒုဗိုလ်ဂျောင်ဆူးကြောင့် ဟိုဟိုသည်သည်ငေးနေတဲ့ စစ်သားလေးက ခုံတန်းရှိရာကို ခေါင်းလေးငဲ့ကြည့်တယ်၊

" ဗိုလ်ကြီးဂင်မ်ဂျုံအင်းကို ပြောတာလားဗျ "

ထိူလူကို မြင်မြင်ချင်း လေးစားကြည်ညိုတဲ့ မျက်နှာထားနဲ့အတူ မျက်လုံးရောင်တောက်သွားတဲ့ စစ်သားလေးကြောင့် ဂျောင်ဆူးရဲ့ သိချင်စိတ်တွေက အစိုးမရ၊

"အော်... ဒုဗိုလ်ဒိုက အတိတ်မေ့သွားလို့ လုံး၀ သတိမရတော့တာဖြစ်မယ်၊ Light Team ရဲ့ အဖွဲ့ခေါင်းဆောင်ကပ္ပတိန်ဗျ၊ ဒုဗိုလ်ဒိုရဲ့ အထက်အရာရှိပေါ့ဗျာ၊ အလုပ်အတူတူတွဲလုပ်ခဲ့ကြတာတောင် တော်တော်ကြာပြီ၊ ဒုဗိုလ် မမှတ်မိတာသာ သိရင် စိတ်မကောင်းဖြစ်နေမှာပဲ.. "

အတွေးထဲမှာ လုံးလုံးလျားလျား ပုံဖော်မရတဲ့ အကြောင်းအရာတွေကြောင့် အံ့သြမိတာအမှန်၊ လက်ဖျားနဲ့ ထောက်ထားမိဆဲ မှန်သားကို တွေတွေဝေေ၀ကြည့်မိပြီးမှ ပြန်မေးမိတယ်၊ သိကျွမ်းခဲ့ကြတယ်လို့ သေချာပေါက် ခံစားရပေမဲ့လည်း ဟယ်ချန်းအကြောင်းတွေးမိတုန်းကလို ဦးနှောက်ထဲမှာ ဘာမှ ရေရေရာရာ ပေါ်မလာပြန်ခဲ့..။ ဒါမှမဟုတ် တွေးခဲ့ရလွန်းလို့ မောဟိုက်ပင်ပန်းပြီး ဆက်အလုပ်မလုပ်နိုင်တော့တာများလား..

" ကျွန်တော်တို့က.. ရင်းနှီးခဲ့ကြတာလား.. "

" ဟုတ်ကဲ့၊ အတော်လေး ရင်းနှီးခဲ့ပါတယ် "

သွက်သွက်လက်လက်လေး ဖြေလာတဲ့ စစ်သားလေးရဲ့ အသံက ခပ်လွင်လွင်..၊ ဂျောင်ဆူးက သက်ပြင်းတစ်ချက်ရှိုက်ရင်း ဂျုံအင့်နံဘေးက ခရမ်းနုရောင် ပန်းစည်းလေးကို လှမ်းကြည့်မိတယ်၊

" သူက ဘာလို့ ဒီမှာ.. "

" ဟုတ်ပါရဲ့၊ ဒဏ်ရာသက်သာလို့ ဆေးရုံဆင်းသွားတာ တစ်ပတ်လောက်ရှိပြီကို.. ၊ မနက်ဖြန် Yellow kid နဲ့ အတူ ကိုရီးယားကို ပြန်လိုက်သွားဖို့ ပြင်ဆင်နေတယ်လို့တောင်ထင်ထားတာ..၊ ဘာလို့ မပြန်ဖြစ်သေးတာလားမသိ--- အာ! ဗိုလ်ကြီးရဲ့ ချစ်သူ..!! "

ပြောနေရင်းတန်းလန်း ရုတ်တရက် ထအော်တဲ့ စစ်သားလေးက တစ်စုံတစ်ခုကို မယုံကြည်နိုင်ဟန် မျက်နှာပေးနဲ့ သူ့ပါးစပ်သူ လက်နဲ့ အုပ်လိုက်ရင်း " ဘုရားသခင် " လို့ ခပ်တိုးတိုးရေရွတ်တယ်၊ ဂျောင်ဆူးကတော့ အဲ့ဒီလူအကြောင်းကို သိချင်စိတ်နဲ့ အာရုံစိုက်မိနေခဲ့တာကြောင့်လားမသိ အတန်ကြာ သက်သာနေခဲ့တဲ့ နားထင်တွေက ဆစ်ခနဲ ထိုးကိုက်လာပြန်တယ်..၊

" ချစ်သူ? "

" ဟုတ်တယ်! ဗိုလ်မှူးဗြောင်ဘတ်ဟျွန်းလေ.. သူတို့နှစ်ယောက်က စေ့စပ်ထားတယ်၊ တစ်ယောက်ကိုတစ်ယောက် တော်တော်ချစ်ကြတယ်ဆိုပြီး စစ်သားတွေကြားမှာ သတင်းတွေပျံ့နေခဲ့တာ၊ ကျွန်တော် အစကတော့ မယုံပေမဲ့.. ဝါးးး.. တကယ့်ကို.. ဝါး.. မိုက်တယ်! "

လက်ခုပ်တစ်ချက်တီးရင်း အာဘောင်အာရင်းသန်သန်နဲ့ ဖောက်သည်ချနေတဲ့ စစ်သားလေးကြောင့် ဂျောင်ဆူးခမျာ တွေတွေဝေေ၀လေး ဖြစ်လို့နေတယ်၊ စိတ်ထဲမှာ နောက်ကျိကျိဖြစ်သွားပေမဲ့ အဲ့ဒီ့အကြောင်းအရာနဲ့ ပတ်သတ်လို့ ဘာမှပြန်မမေးနိုင်ခင်မှာပဲ.. ကောင်လေးက တရစပ် ဆက်ပြောလာတယ်၊

"ဒါပေမဲ့ ဒီလိုကိစ္စတွေဖြစ်ပျက်ပြီးတဲ့နောက်ပိုင်း ဗိုလ်မှူးက အခုထိ သတိမရသေးဘူးလေ၊ အဲ့ဒါ လူနာလာမေးတာထင်တယ်၊ မျက်နှာကိုကြည့်လိုက်၊ ကျွတ်.. အဲ့ဒါ အချစ်ပဲ! အချစ်ကြောင့် နာကျင်နေရတဲ့ မျက်နှာအနေအထားမျိုး.. ၊ တကယ်မိုက်တယ်ဗျာ..

ဒါနဲ့.. မပြန်ခင် နှုတ်ဆက်ချင်တာဆိုရင် လူနာခန်းထဲမှာ ရှိမနေပဲ ဘာလို့ ဒီမှာလာထိုင်နေရလဲမသိဘူးနော်.. "

စစ်သားလေးက သူ့ဟာသူ အပျော်တကော အားရပါးရ ကောက်ချက်ချပြီးတဲ့နောက်မှာ ကြီးကျယ်ခမ်းနားတဲ့ မေးခွန်းတစ်ခုကို စဉ်းစားနေသလိုမျိုး မေးစေ့ကို လက်ညိုးနဲ့ အခါခါ ပွတ်သပ်တယ်၊ ဂျောင်ဆူးကတော့ စိတ်မဝင်စားတော့ဟန်နဲ့ နေရာကရွေ့လိုက်ရင်း ကုတင်မှာ ပြန်ထိုင်ဖို့ လုပ်လိုက်တယ်၊ လေညှင်းခံချင်စိတ်ရယ်လို့လည်း မရှိပြန်တော့..

" ဆရာ.. ရေသောက်မလားဗျ.. "

" အင်း "

"ဟုတ်ကဲ့၊ ကျွန်တော် ရေခပ်ပေး.. အဲ.. ရေလည်းမရှိဘူး၊ ခဏနော်၊ ကျွန်တော် ရေမြန်မြန်သွားခပ်ပေးမယ်၊ ငါးမိနစ်ပဲစောင့် "

တစ်ယောက်တည်းပျာယာခတ်၊ ခွက်ပြုတ်ကျသံတွေရော ဂလုံးဂလွမ်ဆူညံနေရင်းကနေ ရေဖန်ချိုင့်ကို လက်တစ်ဖက်နဲ့ မလိုက်တဲ့ စစ်သားလေးက ဂျောင်ဆူးကို ပြုံးပြုံးကြီး အလေးပြုသွားသေးတယ်၊ " တော်တော်ရယ်ရတဲ့ ကောင်ပဲ " လို့ တွေးမိနေတုန်းမှာ အပြင်ဘက်က မိုးကျသံ တရှဲရှဲကို ကြားလိုက်တာမို့ ဂျောင်ဆူးရဲ့ အာရုံတွေက ပြတင်းပေါက်ဆီ ပြန်ရောက်သွားတယ်၊ အင်း.. ခုနကတည်းက မိုးတွေ အုံ့နေခဲ့တာပဲ....

"ဟိုလူတော့ ပြန်သွားပြီလောက်ပြီထင်တယ်.. "

တွေးရင်းနဲ့ စိတ်ထဲမှာ မသိမသာ နေမထိထိုင်မသာ ဖြစ်လာတာကြောင့် နေရာကနေ နောက်တစ်ကြိမ် ထရပ်လိုက်ရင်း ပြတင်းမှန်တံခါးအနားကို တိုးကပ်ကြည့်မိပြန်တော့၊ မြင်လိုက်ရတာက မိုးရေစက်တွေကြားမှာ တုတ်တုတ်မျှမလှုပ်ပဲ ထိုင်နေတဲ့လူ၊ သူ့နှလုံးသားတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ခုန်ပေါက်နေပြီလားလို့ ထင်ရအောင်ထိ စိုးရိမ်ပူပန်မိသွားတယ်..

" အရူး.. "

" ဂင်မ်ဂျုံအင်းက.. အရူးပဲ.. "

ပြင်းပြင်းထန်ထန်လှုံ့ဆော်လာတဲ့ ထူပူစိတ်လှုပ်ရှားမှုတွေကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေက နာတာလား၊ မနာတာလား သူ မခံစားမသိရှိနိုင်တော့၊ ခပ်စိတ်စိတ်လှမ်းနေမိတဲ့ ခြေလှမ်းတွေနဲ့အတူ အေးစက်တံခါးလက်ကိုင်ဘုကို အားစိုက်လို့ ဆွဲလှည့်မိလိုက်တယ်၊ အားအင်ချိနဲ့နေဆဲမို့ မိုက်ခနဲ ဖြစ်သွားရင်း ယိုင်နဲ့သွားတဲ့ ကိုယ်ဟာ သိပ်တော့အခြေအနေမဟန်ပါ၊

ဒါပေမဲ့ ခေါင်းမာတဲ့ ဂျောင်ဆူးက တုန်ယင်နေတဲ့ ခြေလှမ်းတွေကိုတော့ မရပ်တန့်ဖြစ်ခဲ့..၊ လူအသွားအလာကင်းရှင်းနေသည့် လျှောက်လမ်းတစ်လျှောက် ဘယ်သူမှ မမြင်အောင် ခိုးကြောင်ခိုးဝှက်ပြုလို့ ဓာတ်လှေကားဘက်ကို ဦးတည်တယ်၊ အောက်ဆုံးထပ်ကို ရောက်ချင်ဇောတွေနဲ့ မျက်စိရှေ့က ခလုတ်ကို ဘယ်နှစ်ကြိမ်မြောက် ဖိနှိပ်မိမှန်းမသိတော့...၊

ပြန်မြင်ယောင်မိတာက
သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေစက်တွေ...

တစ်ချိန်တည်းမှာပဲ.. သူ့မှတ်ဉာဏ်ပုံရိပ်ယောင်တွေထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တဲ့ လူတစ်ယောက်က နာနာကျင်ကျင် ဟစ်အော်လို့ ငိုကြွေးနေခဲ့တယ်၊ အဲ့ဒီ့အချိန်တုန်းကတော့ ကိုယ်ဟာ ဘာကြောင့်ရယ်လို့မသိ အပြစ်ရှိတဲ့ စိတ်တွေနဲ့ တစ်စုံတစ်ယောက်အပေါ် သစ္စာဖောက်ပြားခဲ့သူလိုမျိူး တုန်ရီလှိုက်မောလို့နေခဲ့တာ..

// နေ့တိုင်း နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်၊
အချိန်တွေကြာသွားတဲ့ တစ်နေ့ကျရင်..ကိုယ် အဆင်ပြေသွားမှာ..၊ ကိုယ် မေ့နိုင်သွားမှာ..၊ မင်း မရှိပဲ ကိုယ် ရှင်သန်နိုင်သွားမှာ..၊ ကိုယ် မင်းကို ဒီ့ထက်ပိုပြီး လောဘမတက်တော့ပဲ နေနိုင်သွားမှာ.. ၊ ဒီစွဲလမ်းရူးသွပ်နေတဲ့ ခံစားချက်က ဟောင်းနွမ်းသွားမှာပါ.. လို့ //

အေးမြပူလောင်တဲ့ မိုးရေစက်တွေကြောင့် တစ်ကိုယ်လုံးရွှဲရွှဲစိုနေတဲ့ လူတစ်ယောက်၊ ထိုလူ့ဘက်က အသည်းအထန်ပေါက်ကွဲလို့ အော်လေလေ၊ သူ့ နှလုံးသားတွေက အပိုင်းပိုင်းအစစ စုတ်ဖြဲခံရသလို အောင့်သက်သက်ဖြစ်ရလေလေပဲ၊ ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်ထုတ်မိတဲ့အချိန်မှာ ခန္ဓာကိုယ်အနှံ့က အထိအတွေ့ခံစားမှုတို့ကို မသိရှိနိုင်တော့တဲ့အထိ ပင်ပန်းပြီး ၊ အဆမတန် ထိခိုက်ကြေကွဲလာရတယ်.။

// ဒါပေမဲ့ မင်း အခု ကိုယ့်ကိုကြည့်ပါ၊ ကိုယ့်မျက်လုံးတွေထဲကြည့်ပါ၊ ကိုယ်.. မင်းကို မမြတ်နိုးပဲ ရှင်သန်သွားနိုင်မှာ သေချာရဲ့လား လို့၊ ကိုယ်.. မင်း လက်ကို လွှတ်ချပြီး အဆင်ပြေနိုင်ရဲ့လားလို့၊ //

မျက်ရည်တွေ ရစ်သီလာတဲ့ ဂျောင်ဆူးရဲ့ မျက်နှာက ဝမ်းနည်းစိတ်ထိခိုက်မှုတွေကြောင့် တဖြည်းဖြည်း ဖျော့တော့လို့လာတယ်၊ သူက ပွင့်ဟလာတဲ့ တံခါးကိုတောင် သတိမထားမိနိုင်ပဲ ငြိမ်သက်နေတာကြောင့် ဓာတ်လှေကားထဲကို ဝင်လာတဲ့တရုတ်စစ်သားယူနီဖောင်းနဲ့လူက အသိပေးသလိုမျိုး ပြောလာတယ်၊

" ရရဲ့လားဗျ.. "

သတ္ထုပြားနံရံကို ကျောမှီထားတဲ့ ဂျောင်ဆူးက ကြည်လင်ရှင်းလင်းတဲ့ တရုတ်လေသံကြောင့် မော့လို့ကြည့်တဲ့အချိန်မှာ ရင်ဘတ်မှာ ထိုးထားတဲ့ ကျန်းရီရှင်း ဆိုတဲ့ နာမည်ကို ခပ်ထင်းထင်းတွေ့လိုက်ရတယ်..။

" ထွက်မှာလားခင်ဗျ.. ကူတွဲပေးရမလား"

ဒီလူ့ကို ကြည့်ရတာ ဖြူဖျော့နေတာပဲ.. လို့ ချောမောခန့်ညားတဲ့စစ်သားက တွေးလိုက်တယ်၊ မြင်ရတာ မသက်သာသေးတဲ့ပုံစံပဲမို့ လက်ကမ်းလို့ ကူညီဖို့ ကြိုးစားမိနေတုန်းမှာပဲ ၊ အသိဝင်လာပုံရတဲ့ လူနာက ယိုင်နဲ့နေတဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းရင်း ခပ်မတ်မတ်ရပ်တယ်၊

"ရပါတယ်ခင်ဗျ၊ ကျေးဇူးတင်ပါတယ် "

" အော်.. ရရဲ့လား "

ဖြူဖျော့ပြီး ဖြည်းဖြည်းချင်း လျှောက်သွားတဲ့ လူနာကို သူ့မှာ စိတ်မချ၊ မနေနိုင်လွန်းတာမို့ နောက်ကနေ ကူတွဲဖို့ ခြေလှမ်းလိုက်ပေမဲ့ အိတ်ကပ်ထဲက ဖုန်းမြည်လာတာကြောင့် ဆွဲထုတ်လိုက်ရင်း ဓာတ်လှေကားထဲ ပြန်ဝင်လိုက်တယ်၊

အမှန်တကယ်က ဒီဆေးရုံမှာ ဒဏ်ရာရစစ်သားကို လူနာမေးဖို့အတွက် ရှောင်းကျန့်နဲ့ ဂျွန်မြောင်၊ ဂျုံဒေးတို့ကို လိုက်ပို့တာ..၊ ကားပါကင်ထိုးပြီးလို့ လှည့်ကြည့်တော့ သုံးယောက်သား ဘယ်ရောက်သွားကြမှန်းမသိ၊ မျက်စိရှေ့မှာ မပျောက်အောင် အတင်းဥထားတာတောင် လှစ်ခနဲ လှစ်ခနဲ ကျင်းတူးပြီးထွက်ပြေးတတ်တဲ့ ယုန်နှစ်ကောင်နဲ့ ဒိုင်နိုဆောပိစိကို ထိန်းရတာ တကယ်ပဲ ခေါင်းကိုက်ပါတယ်..

"ဝေ...
အင်း.. မင်းက ဘယ်အထပ်မှာလဲ၊ အချစ်ကလေးရော အနားမှာရှိရဲ့လား၊ ငါ့ကို စောင့်ပါလို့ပြောနေတာကို အရင်တက်ကြသွားတယ်.. ရှောင်းကျန့်.. မင်းဟာလေ.. "

"အိုက်ယား.. ဗိုလ်ကြီးကျန်းကလည်းဗျာ..၊ သုံးယောက် အတူတူတက်သွားတာကို.. ကျွန်တော့်ကိုပဲ ကွက်ဆူနေတာလားခင်ဗျာ.. တအားမျက်နှာလိုက်တာပဲ "

တစ်ဖက်က စူအင့်အင့်နဲ့ ဗလုံးဗထွေးပြန်ပြောတဲ့ ရှောင်းကျန့်ရဲ့ လေသံကို မသိကျိုးကျွံပြုလိုက်တဲ့ ကျန်းရီရှင်းက ခပ်တည်တည်ပဲ ဆက်ဆူတယ်၊ ဒီဟာလေးကို သူ့ပိုင်ရှင်ဝမ်ရိပိုပို မရှိတိုင်း အပြတ် နိုင်စားထားရမယ်၊ ငှင်းငှင်း..

"တော်.. ဆင်ခြေပေးမနေနဲ့၊ ငါ့အချစ်ကလေးနဲ့ ဟိုအသေးလေးကိုသာ ဂရုစိုက်၊ သုံးယောက်ပေါင်းပြီး လမ်းပျောက်မနေကြနဲ့ဦး "

" မပျောက်ပါဘူးဗျာ.. ကျွန်တော်တို့ ရောက်နေတဲ့ အထပ်က-- "

ရှောင်းကျန့်ရဲ့စကားကို နားစိုက်ထောင်နေတုန်းမှာပဲ၊ ဓာတ်လှေကားက တုန့်ခနဲရပ်ပြီး တံခါးပွင့်လာတာမို့ ၊ သိချင်စိတ်နဲ့ ခေါင်းမော့လိုက်တဲ့ ကျန်းရီရှင်းက မျက်နှာချင်းဆိုင်ကဝင်လာတဲ့လူနဲ့ မျက်လုံးချင်းဆုံမိသွားတယ်..၊ စစ်စိမ်းရောင် ရှပ်အင်္ကျီနဲ့ သန့်ပြန့်ချောမောနေတဲ့ ဗိုလ်မှူးကြီး Kris ကို မြင်တော့ သူ အံ့သြသွားပြီး ဖုန်းချမိလိုက်တယ်..၊

" အော်.. ရိဖန်.. "

_______________________________________

တစ်ဖက်မှာတော့..

သူတို့ရောက်နေတဲ့ အထပ်လေးကိုတောင် မပြောပြလိုက်ရခင် မှာပဲ တီခနဲဖုန်းချပြီး ချေသွားတဲ့ ဗိုလ်ကြီးကျန်းရီရှင်းကြောင့် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းလေးတွေက မကျေမနပ်ဟန်နဲ့ ခပ်စုစုဖြစ်သွားတယ်၊ ဖုန်းကိုကိုင်ပြီး စူပုတ်နေတဲ့ ဆေးဗိုလ်ကြီးကြောင့် ဘေးနားမှာရပ်နေတဲ့ ဂျွန်မြောင်က မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြူးကြည့်တယ်၊

ဂျုံဒေးပိစိကတော့ "Toliet ခဏသွားချင်တယ် "ဆိုပြီး ထွက်သွားတာ.. ခုထိ ပြန်ပေါ်မလာသေး၊ ငါတို့ရဲ့ ဒိုင်နိုဆောပန်းသီးအစာသွပ်လေးလည်း ရေကန်ထဲများ " ပလုံ.. ဇွတ်! " ဆိုပြီး ပြုတ်ကျသွားပြီများလား..၊

"အား! ရိပေါ်မရှိတိုင်း တအားအနိုင်ကျင့်တယ်! "

ကြမ်းခင်းကို ကျန်းရီရှင်းအလားတွေးတောပြီး ခြေဖျားတွေနဲ့ တဖျတ်ဖျတ်ဆောင့်ချလိုက်၊ ဟွန်းခနဲ နှာမှုတ်လိုက်လုပ်နေတဲ့ ရှောင်းကျန့်ရဲ့ ပုံစံက တကယ့်ကို ချစ်စရာကောင်းလှတယ်၊ အဲ့ဒီလို အမူအယာမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ ဂျွန်မြောင်က ခေါင်းတခါခါနဲ့ သဘောတကျရယ်ရင်း မှန်ချပ်နားကို ကျောကပ်မိသွားတယ်၊ မိုးစက်တွေက သည်းထန်စပြုလာတာမို့ မှန်ချပ်ကို ရိုက်ခတ်လာတဲ့ ရေစက်လေးတွေရဲ့ အငွေ့အသက်က သဘောကျစရာ...၊

" အယ်.. ဒါက.. "

အပြင်ဘက်ကို ကြည့်ဖို့ ခန္ဓာကိုယ်ကိုလှည့်လိုက်တော့ မထင်မှတ်တဲ့ မြင်ကွင်းကြောင့် ဂျွန်မြောင့်ရဲ့ တဖျတ်ဖျတ်တောက်နေတဲ့ မျက်လုံးအိမ်လေးတွေက ဆတ်ခနဲ တန့်သွားတယ်၊ အဲ့ဒီ့နောက် ချက်ချင်းလက်ငင်းမှာပဲ သူ့မျက်နှာပြင်တစ်ခုလုံးက ဝမ်းနည်းတဲ့ အရိပ်အငွေ့တွေ ရောယှက်စပြုလာတော့.. ခြေဆောင့်ပြီး တစ်ဦးတည်း စိတ်ကောက်နေတဲ့ ရှောင်းကျန့်က ငြိမ်ကျသွားတဲ့ ဂျွန်မြောင့်ကို လှမ်းပြီးအကဲခတ်တယ်၊

ပြီးတော့မှ..
ဆိုးလ်မြို့သားရွှေယုန်လေးကို မျက်နှာမပျက်စေဖို့ တဖွဖွမှာထားတဲ့ ဗိုလ်ကြီးကျန်းရဲ့စကားကို အမှတ်ရသွားတာကြောင့် အနားကို ချက်ချင်းရောက်သွားပြီး ဂျွန်မြောင် ကြည့်နေတဲ့နေရာကို ပြူးပြဲပြီးကြည့်တယ်၊ ဘယ်သူကများ ငါတို့ဗိုလ်ကြီးရဲ့ အာတာပူစီလေးကို ဝမ်းနည်းအောင် လုပ်ရဲရတာလဲ.. ၊

" ဟင်?.. "

မှန်ချပ်နားမှာ ဖားပျံလေးလို ကပ်တွယ်ပြီး အပြင်ဘက်ကို စူးစမ်းနေတဲ့ သူတို့နှစ်ယောက်သားကြောင့် ဖြတ်သွားဖြတ်လာ ဆရာဝန်ပေါက်စလေးတွေက ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြတယ်၊

ကော်ရစ်တာတစ်လျှောက် စကားစမြည်ပြောရင်း အတူလျှောက်လာတဲ့ ကျန်းရီရှင်းနဲ့ Kris ကတောင် သူတို့ကို ကျောပေးထားတဲ့ တရုတ်ယူနီဖောင်းနဲ့ အရပ်ရှည်ရှည် ရှောင်းကျန့်ကိုတလှည့်၊ ပုပုလုံးလုံး ဂျွန်မြောင်လေးကိုတစ်လှည့်ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်သွားတယ်၊

" ဘာတွေ့လို့လဲ.. "

စိတ်မြန်လက်မြန် Kris က သူ့အမေးစကားမဆုံးခင်မှာပဲ ခြေလှမ်းကြဲကြီးတွေနဲ့ သူ့အစ်ကိုပိစိလေးအနားကို အမြန် ရောက်နှင့်ပြီးသားဖြစ်တယ်၊ မှန်ချပ်ကို ကျော်ကြည့်တော့ မိုးရေထဲမှာ ရပ်နေတဲ့ ဂျုံအင်တို့စုံတွဲကို တွေ့လိုက်ရတာမို့ မျက်မှောင်ကြုံ့သွားပေမဲ့ မှန်ချပ်မှာ နှာခေါင်းလုံးလုံးလေးပြားတဲ့အထိ အတင်းဖိကပ်ရင်း စူးစမ်းနေတဲ့ ဂျွန်မြောင့်ကြောင့် ပိုလို့တောင် မျက်မှောင်ကုတ်သွားရတယ်၊

" မအေးဘူးလား.. တအားစပ်စုတယ် "

အသံသြရှရှက အနည်းငယ်ဆူပူသံပေါက်ပေမဲ့လည်း သူ့ရဲ့ လက်မောင်းတွေကတော့ ဂျွန်မြောင့်ပုခုံးကို အနောက်ကနေ သိုင်းဖက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းပြီးသားဖြစ်တယ်၊ ရုတ်တရက်မို့ ဆိုးလ်မြို့သားရွှေယုန်လေးခမျာ ဘုမသိ ဘမသိနဲ့ သူ့ညီတော်ချောရဲ့ ပုခုံးနဲ့ ခေါင်းလုံးလုံးလေးကပ်သွားရတာကြောင့် မျက်လုံးလေး ကလယ်ကလယ်ဖြစ်သွားတယ်၊

ပြီးမှ သူ့ကို ဖက်ထားတဲ့လူကို လူကို မော့ကြည့်လာပြီး ဘယ်သူလဲဆိုတာ သိရှိသွားတဲ့အခါ လှလှပပလေး ပြုံးသွားတယ်၊ ရီရှင်းကတော့ ဂျုံဒေးကို မျက်စိဝေ့ရှာနေရင်း သူတို့ကို မနှောင့်ယှက်ဘဲ ဝရန်တာလက်ရန်းကိုသာ မှီရပ်လိုက်တယ်...

" ရိဖန်.. "

"ကဲ.. ကြည့်ရအောင်..
ငါတို့ ယုန်ရုပ်ဆိုးလေး ပိန်သွားသေးလား "

ဂျွန်မြောင့်ခေါ်သံကို အလေးမထားတဲ့ ရိဖန်က သူ့အစ်ကိုပေါက်စရဲ့ ပုခုံးတွေကို ကိုင်ထားဆဲကနေ နှစ်ပတ်၊ သုံးပတ်လောက်လှည့်ခိုင်းပြီး သေချာစစ်ဆေးလိုက်သေးတယ်၊ ဂျွန်မြောင်က အူလည်လည်နဲ့ လှည့်ပြတော့၊ "အိုခေ.." လို့ ခပ်တိုးတိုးပြောရင်း သူ့အစ်ကိုရဲ့ မျက်နှာကို သေချာမြင်ရအောင် ကြည့်ဖို့ ခါးကိုင်းပြီးငုံ့လာတယ်၊

ထူးဆန်းတဲ့ အခြေအနေကြောင့် ဂျွန်မြောင့်အနားမှာရပ်နေတဲ့ ရှောင်းကျန့်က မှန်ချပ်နားက ခွာရင်း ရီရှင်းနားကို လှစ်ခနဲ ပြန်ရောက်သွားတယ်၊ ဗိုလ်မှူးကြီး Kris ရဲ့ ဂျွန်မြောင့်အပေါ် ဆက်ဆံပုံက ကလေးလေးကို ဖခင်က ဆက်ဆံသလိုမျိုး သံသယဝင်စရာဖြစ်နေတာကြောင့် ရှောင်းကျန့်က သူ့နှာခေါင်းလုံးလုံးလေးကို လက်ညိုးနဲ့ပွတ်ရင်း ဗိုလ်ကြီးကျန်းကို တံတောင်နဲ့တွတ်ရင်း ခပ်တိုးတိုးမေးတယ်၊

ဉာဏ်ကြီးရှင်လေးရဲ့ မေးခွန်းက ဒီလို...။

"မဟုတ်မှ... ဂျွန်မြောင်က ဗိုလ်မှူးကြီးရဲ့ မွေးစားသားများလား.. "

ကျန်းရီရှင်းကတော့ စိတ်လေသွားတဲ့ မျက်နှာကြီးနဲ့ တစ်ခွန်းတည်း အဖြေပေးတယ်၊

" အစ်ကို "

နေပါဦး.. ဒီကောင်က ဂျွန်မြောင့်ဆိုင်မှာတောင် အချိန်ပိုင်းဝင်ကူခဲ့ပြီးတာတောင် အချစ်ကလေးက သမ္မတသားအကြီးဆုံး ဆိုတာကို နည်းနည်းလေးမှ မရိပ်မိတာလား၊ ဝါးးး.. တကယ်ပါပဲ.. အူတူတူရှောင်းကတော့..

" ဟမ်? အစ်ကို? ဂျွန်မြောင်ကလေ! အစ်ကိုလား.. "

ရှောင်းကျန့်က လက်ညိုးလေးတထိုးထိုးနဲ့ မျက်လုံးပြူးသွားတယ်၊ ပန်းနုရောင်ယှက်ပြေးတဲ့ ပါးပြင်နှစ်ဖက်နဲ့ ဖြူနုအုဖတ်နေတဲ့ ဝါဂွမ်းလုံးလေး ဂျွန်မြောင်က တင်းမာခက်ထန်ပြီး ဟိတ်ဟန်ရှိတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ ဗိုလ်မှူးကြီးKrisရဲ့ အစ်ကိုဆိုတာ ယုံနိုင်ဖွယ်မရှိ..။

အခုလည်း တောက်ပလင်းလဲ့နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို ပုတ်ခတ်ပုတ်ခတ်ပြုရင်း ရိဖန်လုပ်သမျှကို နားမလည်ဘဲ လိုက်ကြည့်နေတာကြောင့် အတော် အူယားဖို့ကောင်းနေတယ်လေ..၊ အိုင်းယား..ငါတို့ရဲ့ ချစ်စရာ ဒေါက်တာအာတာပူစီလေး.. ၊

"အားရီးဂူး .. ထင်ထားတာထက် ပိုရုပ်ဆိုးလာတာပဲ..
ပါးဖောင်းဖောင်းလေးတွေ ပျောက်သွားပြီ.. "

Kris ဆီက ရယ်သံစွတ်တဲ့ကောက်ချက်ချမှုနဲ့အတူ သူ့အစ်ကိုပေါက်စရဲ့ ပါးပြင်နှစ်ဖက်ကိုပါ အတင်းဆွဲညှစ်ပစ်တာကြောင့် ဂျွန်မြောင့်ဆီက မျက်စောင်းလေးလွင့်လာတယ်၊ ဗိုလ်မှူးကြီးရဲ့ပုံစံက သူ့အစ်ကိုအပေါ် ဂရုတစိုက်ရှိတတ်ပုံရပေမဲ့ အပြုအမူရော အပြောအဆိုကပါ မညင်သာတဲ့ type မျိုး..။

" မင်းနော်.. အကြီးကို.. "

"အရင်လို ယုန်ဝက်ကလေး မဟုတ်တော့ဘူးပေါ့
ဒါနဲ့ အရပ်က ပိုပုသွားသလိုပဲ.. စိတ်ထင်လို့များလား "

ကြည့်ပါလား... အခုလည်း သူ့လက်အကြီးကြီးနဲ့ ဂျွန်မြောင့်ခေါင်းကို တဖတ်ဖတ်ပုတ်ရင်း စနောက်လို့နေတယ်လေ၊ ဟိုကလည်း သည်းမခံနိုင်တဲ့ လူစွာလေးပီပီ သူ့ညီရဲ့လက်ကို ဖျတ်ခနဲ ဖမ်းဆွဲပြီး ကိုက်ဖို့ ကြံရောပဲ ၊ လျင်မြန်တဲ့ ရိဖန်က အမြန်ရုန်းထွက်ရှောင်ရင်း ခေါင်းလေးကို လှမ်းပုတ်စနောက်လေလေ ဝါဂွမ်းလုံးလေးက ဒေါသထွက်လေလေပဲ၊

" ငုံ့ကြည့်နေရတော့ လည်ပင်းတောင် ညောင်းလာပြီ "

" ယား!! "

ပြောချင်ရာပြောပြီးမှ ပုခုံးနှစ်ဖက်လှုပ်ခါတဲ့အထိ သဘောတကျရယ်မောတဲ့ ရိဖန်က သူ့အစ်ကိုရဲ့ ရိုက်ချက်တွေဆီကနေ မရှောင်တော့ပဲ မသိမသာငြိမ်ပေးတော့၊ အခွင့်အရေးကို အသုံးချတဲ့ ဆရာဝန်လေးက သူ့ညီရဲ့ ပုခုံးနဲ့လက်မောင်းကို လက်ဖဝါးပိစိကလေးနဲ့ တဖျတ်ဖျတ်ချတယ်၊ လူပုသလောက် စိတ်ကြီးတဲ့ဟာလေးက.. ဒေါသအထွက်လွန်ပြီး အရပ်ကလေး ပိုပိုပုသွားရင် ဒုက္ခ..။

" အား.. အ! နာတယ် ယုန်ပုရ..
ဆရာဝန်ဖြစ်ပြီး လူရိုက်တယ်.. "

ကလေးလိုရှုံ့မဲ့ပြီး အော်ဟစ်နေတဲ့ ဗိုလ်မှူးကြီးနဲ့ အားရပါးရရိုက်လိုက်ရလို့ ကျေနပ်နေတဲ့ ဂျွန်မြောင်တို့က တကယ့်ကို ချစ်စရာကောင်းတဲ့ ညီအစ်ကိုတွေပဲ၊ ရှောင်းကျန့်ကတော့ လွတ်လပ်ပေါ့ပါးနေတဲ့ Kris ကို ကြည့်ရင်း အသစ်အဆန်းဖြစ်လို့နေတယ်၊ ခါတိုင်းလို နှစ်နိုင်ငံချစ်ကြည်ရေးပွဲစဉ်တွေမှာ တက်ရောက်နေကျ တည်ကြည်ခန့်ညားပြီး အရယ်အပြုံးမရှိတဲ့ မျက်နှာမျိုးနဲ့မဟုတ်တာကြောင့် ဒါက လုံးဝကို အထူးအဆန်းပဲလေ..၊

ဒါပေမဲ့.. ဒီလိုအခြေအနေမျိုးကတော့ မြင်ဖူးထားတဲ့ ရီရှင်းကတော့ သူ့အချစ်ကလေးကိုသာ ငေးကြည့်ရင်းသာ ဘာမှမပြောပဲ ငြိမ်နေတယ်၊

" ဆရာ.. "

သူတို့နားကို လျင်လျင်မြန်မြန်ရောက်လာတဲ့ စစ်သားလေးက အရေးပေါ်အစီရင်ခံစရာရှိတဲ့ မျက်နှာမျိုးနဲ့ အလေးပြုနှုတ်ဆက်တော့ ရိဖန်ရဲ့ အသွင်အပြင်က ပြန်လည်တည်ငြိမ်သွားတယ်၊

ဂျွန်မြောင်ကတော့ ဆက်ရိုက်ဖို့ ရွယ်နေတဲ့ လက်တွေကို မြန်မြန် ချလိုက်ပြီး အရှက်ပြေ ချောင်းဟန့်လိုက်တယ်၊ မျက်လုံးတွေက တောင်ကြည့် မြောက်ကြည့်ပြုရင်း နေရခက်သွားတာမို့ ဘေးနားကနေ ဖယ်ခွာပေးမယ်လုပ်တော့ ရိဖန်က သူ့အစ်ကိုလေးရဲ့ လက်မောင်းကို ပြန်ဆွဲထားတယ်၊

"ဗိုလ်မှူးဘတ်ဟျွန်းရဲ့ laptop ထဲက data တွေ အားလုံးပြန်ယူလို့ ရပါပြီ၊ အဲ့တာ ဗိုလ်မှူးချုပ်နဲ့ စကားပြောရမယ်ထင်တယ်ခင်ဗျ "

" ကောင်းပြီ "

ရုပ်တည်ကြီးနဲ့ ခေါင်းတစ်ချက်ဆတ်ပြလိုက်တော့ စစ်သားလေးက အလေးပြုပြီး ပြန်လှည့်ထွက်သွားတယ်၊ နောက်တော့ ရိဖန်ရဲ့ လက်တွေက ဂျွန်မြောင့်ရဲ့ ပုခုံးဆီ ပြန်ရောက်လာရင်း ခပ်ဖွဖွပုတ်တယ်၊ သံယောဇဉ်ကြီးတဲ့ ရိဖန်က မတွေ့ရတာကြာတဲ့ သူ့အစ်ကိုပေါက်စကို ခုထိ အလွမ်းမပြေသေးတဲ့ပုံပဲ..၊

"ဘတ်ဟျွန်းဆီ သွားကြည့်လိုက်ဦး၊
ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်.. "

" အင်း.. "

အလုပ်ဒဏ်ကြောင့် ပင်ပန်းနေတဲ့ ရိဖန်ရဲ့ ခပ်မှိုင်းမှိုင်းမျက်လုံးအိမ်တွေက သူ့ကို စိတ်မချဟန်ဖြစ်နေတာမို့.. သဘောပေါက်လွယ်တဲ့ ဂျွန်မြောင်က မော့ကြည့်ပြီး ပြုံးပြလိုက်တော့.. ရိဖန်ရဲ့ မျက်နှာက ပြုံးယောင်သန်းသွားတယ်၊

ပြီးတာနဲ့ ဂျွန်မြောင့် ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ရီရှင်းဘက်ကိုလှည့်ပြီး ခေါင်းတစ်ချက်ဆတ်ပြတယ်၊ ရီရှင်းက အသိအမှတ်ပြုဟန် ခေါင်းပြန်ငြိမ့်ပြတော့ သူတို့ကို ကျော်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားတယ်..၊

ကြီးကျယ်တဲ့ပြဿနာတွေကြောင့် လေးလံတဲ့တာဝန်ပေါင်းများစွာကို ပုခုံးမှာ ထမ်းရွက်ထားရတဲ့ ဗိုလ်မှူးကြီးက သူ့သွေးသားရင်းညီအစ်ကိုတွေအနားမှာ အချိန်အကြာကြီး မစောင့်ရှောက်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေပုံပါပဲ..၊

ကော်ရစ်တာဒေါင့်ကို ချိုးကွေ့လိုက်တော့ အသင့်ရပ်စောင့်နေတဲ့ လက်ထောက်တပ်သားလေးက ရိဖန်နောက်ကနေ ထပ်ချပ်မကွာလိုက်လာတယ်၊ ငွေရောင်အပြောင်တောက်ပနေတဲ့ နာရီကို တစ်ချက်ငုံ့ကြည့်တဲ့ ဗိုလ်မှူးကြီးက ဦးတည်ရာကို မြန်မြန်ရောက်ဖို့ ခြေလှမ်းအကျယ်ကြီးလှမ်းလျှောက်နေရင်းကနေ တစ်စုံတစ်ခုကို သတိရသွားဟန်နဲ့ မေးတယ်၊

" အိုဟွန်းငယ်ရဲ့ ခရီးစဉ်ကရော.."

"မနက်ဖြန်ညနေ သုံးနာရီပါ၊ အားလုံးအဆင်သင့်ပြင်ပြီးပါပြီ "

" အခု အဲ့ကလေးက ဘယ်မှာလဲ "

" အိမ်တော်မှာ ဗိုလ်ကြီးလုဟန်နဲ့ အတူရှိနေပါတယ် "

တပ်သားလေးရဲ့ အဖြေစကားကြောင့် ရိဖန်က သက်ပြင်းငွေ့ငွေ့ချရင်း ဓာတ်လှေကားထဲကို ဝင်လိုက်တယ်၊ နောက်တော့.. ဦးတည်ရာကို အရင်မသွားပဲ ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ လူနာခန်းရှိရာ အထပ်ကို နှိပ်လိုက်တယ်၊

အမှန်တိုင်းပြောရရင် ဆေးရုံမှာ ကျန်နေသေးတဲ့ ဒဏ်ရာရတပ်သားတွေကို ကိုရီးယားဆေးရုံကို လွှဲပြောင်းပေးဖို့၊ ကျဆုံးတပ်သားတွေအတွက် အခမ်းအနားလုပ်ဖို့၊ မိဘတွေနဲ့ ဆက်သွယ်ဖို့တာဝန်တွေက သူ့အပေါ်မှာ ပိနေခဲ့တယ်၊ ဗိုလ်မှူးဘတ်ဟျွန်းက အချိန်အတော်ကြာ သတိမရသေးပဲ မေ့မျောနေတာကြောင့် တစ်ဖက်တစ်လမ်းကလည်း စိတ်ပူနေရတယ်၊ အခုလည်း ဖြေရှင်းစရာလေးတွေ ရှိနေခဲ့ပြန်ပြီ..။

" ဒါနဲ့.. "

" ဟုတ်ကဲ့ ဆရာ.. "

"ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ လူနာစောင့်တပ်သားက ဘယ်သူလဲ.. "

သူ့အမေးကြောင့် လက်ထောက်စစ်သားလေးက တာဝန်ကျစာရင်းကို စစ်ဆေးဖို့ ဖိုင်ထဲက စာရွက်တွေကို တဖျတ်ဖျတ်လှန်တယ်၊ နောက်.. မဆိုင်းမငံ့ပဲ အဖြေပေးတယ်။

"Batch 391 တပ်ခွဲFly က တပ်သား--"

စစ်သားလေးရဲ့ စကားမဆုံးခင်မှာပဲ တံခါးက ပွင့်ဟလာတယ်၊ နားစိုက်ထောင်နေရင်းကနေ ဓာတ်လှေကားထဲကနေ ထွက်လာတော့၊ တစ်ပြိုင်နက်တည်းမှာပဲ ကောင်ရစ်တာတစ်လျှောက်ပြေးလွှားလို့ လူပျောက်ရှာရင်း ခေါင်းမီးတောက်နေတဲ့ တပ်သားအငယ်လေးကို တွေ့လိုက်ရတယ်၊ ဗိုလ်မှူးကြီးရဲ့ မျက်နှာပြင်က ပိုလို့တောင် ခက်ထန်တင်းမာသွားပြီး စူးရဲတဲ့ မျက်လုံးတွေနဲ့ ပျာယာခတ်နေတဲ့ တပ်သားလေးကို စိုက်ကြည့်တယ်၊

အဲ့ဒီလို ကြောက်မက်ဖွယ်အသွင်အပြင်ဖြစ်နေတဲ့ ဗိုလ်မှူးကြီးကို မြင်သွားတဲ့ တပ်သားလေးက အနားကို တုန်တုန်ယင်ယင်နဲ့ရောက်လာပြီး အလေးပြုတယ်၊ စုပ်တစ်ချက်သပ်တဲ့ ရိဖန်က စိတ်တိုလွန်းလို့ ဆူပူစရာစကားတောင် ရှာမတွေ့တော့ဟန်နဲ့ သက်ပြင်းတစ်ချက်ချတယ်၊

" လူနာရှင်မိဘတွေကရော.. သိပြီးပြီလား "

" ဟုတ်ကဲ့၊ အခုတော့ လူနာခန်းထဲမှာ စောင့်နေပါတယ် "

" စိတ်မပူဖို့ပြောလိုက်၊ တွေ့စရာရှိတဲ့လူကို သွားတွေ့တာ..
ခဏနေ ပြန်လာလိမ့်မယ် "

" ဗျာ..? "

အစောင့်တပ်သားလေးက အူလည်လည်နဲ့ မော့ကြည့်တော့ ရိဖန်က မျက်မှောင်ကုတ်သွားတယ်၊ မျက်လုံးချင်းဆုံမိတော့ တပ်သားငယ်လေးခမျာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ..ခံစားလိုက်ရတယ်၊ ရှိရှိသမျှ ဘုရားကယ်ပါ! ကြောက်လွန်းလို့ သေရပါတော့မယ်.. !

" ဟုတ်.. ဟုတ်ကဲ့.. နားလည်ပါပြီ "

ထိတ်လန့်နေတဲ့ တပ်သားလေးကိုကြည့်ရင်း ခေါင်းတယမ်းယမ်းပြုတဲ့ ရိဖန်က မှာစရာရှိတာ မှာပြီးပြီမို့၊ ဓာတ်လှေကားကို ပြန်လှည့်ဖို့လုပ်တုန်းမှာပဲ လူနာခန်းတစ်ခုရဲ့ အရှေ့မှာ ရပ်နေတဲ့ ကောင်ငယ်လေးကို မျက်လုံးထောင့်ကနေ ဖြတ်ခနဲ တွေ့လိုက်ရတယ်၊ မျက်မှောင်ကြုတ်ရင်း ခေါင်းကို စောင်းငဲ့လို့ကြည့်တော့ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချထားဟန် မျက်နှာမျိုးနဲ့ ကောင်လေးက သူ့ကို မမြင်သေးပဲ အခန်းတံခါးကို ခေါက်ဖို့ ကြိုးစားနေတယ်၊

" ဂင်ဂျုံဒေး .. "

ရင်းနှီးနေတဲ့ နာမည်ကို ရိဖန်က တိုးတိုးလေးရေရွတ်လိုက်တယ်..၊ ဒီကောင်လေးက ဘယ်လိုလုပ် ဒီမှာရှိနေရတာလဲ၊ ပြီးတော့ အဲ့ဒီ့အခန်းက ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ လူနာခန်းမဟုတ်လား...။

.
.
.
.
.
.
.
_________________________________________

~ .. Remember me

Though I have to say goodbye .. ~

~ .. ကိုယ့်ကို သတိရနေပေးပါ ..

ကိုယ့်ဘက်က နှုတ်ဆက်စကားပြောရမယ်
ဆိုရင်တောင်မှပေါ့.. ~

ဆေးရုံအဆောက်အဦးရဲ့ တံစက်မြိတ်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ လူနာစစ်သားတစ်ယောက်က မိုးရေစက်တွေကို ငေးကြည့်ရင်း ကြေကွဲဖွယ်သီချင်းကို တိုးသဲ့သဲ့ ညည်းတွားလို့နေတယ်..၊

ခြေထောက်နှစ်ချောင်းကို အောက်ချပြီး ဖြည်းဖြည်းချင်းလှုပ်ခတ်နေတဲ့ စစ်သားလေးက ဆေးရုံထဲကနေ အရူးတစ်ယောက်လို ပြေးထွက်လာတဲ့ ဒုဗိုလ်ဒိုဂျောင်ဆူးကို မြင်တော့ စိတ်ဝင်စားသလိုကြည့်တယ်..၊ နောက်တော့ မိုးရေထဲမှာ အထီးကျန်စွာ ထိုင်နေတဲ့လူဆီကို ပြေးလုမတက် ရှေ့ဆက်တိုးသွားတာကိုတွေ့တော့ ပြုံးသွားတယ်၊

အဲ့ဲဒီလူ..၊
အသက်မပါတဲ့မျက်ဝန်းတွေနဲ့ မှိုင်တွေရီဝေနေတတ်တဲ့ ဗိုလ်ကြီးဂျုံအင်က သူ့ချစ်သူကို တွေ့ဖို့အတွက် ၊ သူ့ကိုယ်သူ သတ္တိရှိဖို့ ပြင်ဆင်ရင်း နေ့တိုင်းနေ့တိုင်း အဲ့ဒီ့ခုံမှာပဲ ထိုင်စောင့်နေလေ့ရှိတယ်၊ မိုးလင်းကတည်းက ရောက်လာတတ်ပြီး လူနာတွေ့ချိန်ကုန်သွားတဲ့ ညပိုင်းတွေရောက်လာမှ ချစ်သူဒုဗိုလ်လေးရဲ့အခန်းရှိရာ ပြတင်းပေါက်လေးကို လှမ်းကြည့်ရင်း လှည့်ပြန်သွားတတ်တယ်..

အင်း.. ဒီနေ့တော့ တွေ့ခွင့်ရခဲ့ပြီထင်ပါတယ်..
တော်သေးတာပေါ့.. လို့ လူနာစစ်သားလေးက သဘောတကျ တွေးလိုက်ရင်း.. သူ ဆိုလက်စ သီချင်းအပိုင်းအစလေးကို ဆက်လက် ညည်းနေမိတယ်..၊ အမှန်တိုင်းပြောရရင် ဒုဗိုလ် နဲ့ ဗိုလ်ကြီးဂျုံအင်ရဲ့ အချစ်ရေးရာကို သေချာသိတဲ့ စစ်သားက ရှားပါးလွန်းတယ်ဆိုပေမဲ့၊ သူကတော့ အိုဟွန်းငယ်ကို စောင့်ရှောက်ရတဲ့ ခရီးစဉ်မှာ အတူရှိနေခဲ့တာကြောင့် ရိပ်မိနေခဲ့တာ ကြာပြီဖြစ်တယ်၊ အင်း.. သူတို့နှစ်ဦးရဲ့ အချစ်ရေးခရီးလမ်းက ဝမ်းနည်းဖို့ကောင်းလွန်းတယ်..



~ .. Remember me..

Don't let it make you cry .. ~

~ .. ကိုယ့်ကို အမှတ်တရရှိနေပေးပါ..

အဲ့တာကြောင့်တော့ ကိုယ် မင်းကို ငိုခွင့်မပေးဘူးနော်.. ~



" အချစ်.. "

သူ့မျက်စိရှေ့မှောက်ကို အံ့အားသင့်ဖွယ် ရောက်လာခဲ့တဲ့ လူနာဝတ်စုံဖြူဖြူလေးကြောင့် အတွေးလွန်နေခဲ့တဲ့ ဂျုံအင်က အသိစိတ်ပြန်ဝင်သွားပြီး နေရာကနေ အမြန် ထရပ်မိလိုက်တယ်၊ သည်းထန်စိုစွတ်တဲ့ မိုးရေစက်တွေကို ကျော်ဖြတ်ပြီး သူ့အနားကို တစ်လှမ်းချင်းတိုးလာတဲ့ ဂျောင်ဆူးက ဂျုံအင့်ကို တောက်ပညို့နက်တဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်လာတယ်၊

အဲ့ဒီလို နူးညံ့ရိုးရှင်းပြီး အေးချမ်းတဲ့မျက်နှာနုနုလေးကို နီးနီးကပ်ကပ် သေသေချာချာမြင်လိုက်ရမှ၊ "အချစ်" လို့ ယောင်ယမ်းခေါ်မိတဲ့ နှုတ်ခမ်းတွေကို ဖိပိတ်လိုက်တဲ့ ဂျုံအင်က ခဏတာတော့ နောင်တရပြီး တိတ်ဆိတ်သွားတယ်၊



~ .. Far even if I'm far away ..
I hold you in my heart ..

I sing a secret song to you ..
Each night we are apart .. ~

~ .. ကိုယ်က ဟိုးအဝေးဆုံးမှာရှိနေရရင်တောင်မှ..
မင်းကို နှလုံးသားထဲမှာ ဆုတ်ကိုင်သိမ်းဆည်းထားပြီး..

ကိုယ်တို့နှစ်ဦး ဝေးကွာနေရမဲ့ ညတိုင်းမှာ
မင်းအတွက် လျို့ဝှက်သီချင်းလေးကို သီဆိုနေဦးမှာ.. ~



ဒီနောက်ပိုင်း..
ဂျောင်ဆူးရဲ့ ညံ့သက်ဖျော့တော့တဲ့ မျက်ဝန်းတွေကို ရင်ဆိုင်ကြည့်နေမိတဲ့အချိန်တိုင်းမှာ သူ့ရဲ့အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုက ရုတ်တရက် လစ်ဟာပျောက်ဆုံးသွားသလို စူးစူးနင့်နင့်ခံစားချက်မျိုးကို ဂျုံအင် အမြဲထိတွေ့နေမိတယ်..၊

အဲ့ဲဒီ့ သေးငယ်အားနည်းနေတဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့ဖက်တွယ်ချင်မိတိုင်းမှာ.. မင်းက ချစ်ရသူရဲ့ မှတ်ဉာဏ်ထဲမှာ သာမန်လူတစ်ယောက်ပါပဲလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိတယ်..၊ ဟက်.. အဲ့ဒါက ရှက်စရာကောင်းတယ်..။

ဒါပေမဲ့..
အဲ့ဒီ့လို တုန်ရီအက်ရှစိတ်ကလေးက ကြာကြာမခံခဲ့..။

ချစ်ရတဲ့ ဒိုဂျောင်ဆူးရဲ့ ပုခုံးဖျားလေးတွေ၊ မျက်နှာပြင်နုနုနဲ့ ဆံစအနားစပ်တွေ၊ ခြေဖျားလက်ဖျားတွေက အစ၊ တစ်ကိုယ်လုံး အနှံ့အပြားမှာ မိုးရေစက်တွေရွှဲစပြုနေတာကို မြင်မိတဲ့အချိန်မှာ ဂျုံအင့်ရဲ့ စိတ်နှလုံးသားတွေက တစ်ဖန် ထူပူသွားရတယ်၊

ဒီကောင်လေးက ခေါင်းသိပ်မာတယ်၊ ဒဏ်ရာပြည့်တဲ့ ခန္ဓာကိုယ်နဲ့ ဟော့ဒီ့မိုးစက်တွေထဲမှာ သူ့ရှေ့ကို ဇွတ်တရွတ်တိုးလာတဲ့အထိ မိုက်ရူးရဲဆန်တယ်၊ ထပ်ပြီးများ ထိခိုက်သွားရင် ဘယ်လိုလုပ်ရပါ့၊ အဲ့သည်လိုတွေ တရစပ်တွေးမိရင်း ဂျုံအင့်ရဲ့ မထိန်းချုပ်နိုင်တဲ့ ဆန္ဒတရားတွေက နှုတ်ခမ်းဖျားကနေ လွှတ်ခနဲ ထွက်ကျကုန်တယ်၊

"မိုးတွေ ရွာနေတယ်လေ.. ဘာလို့ ထွက်လာရတာလဲ? မင်းရဲ့ တာဝန်ခံဆရာဝန်က ဘယ်ရောက်သွားတာလဲ၊ ဒဏ်ရာတွေနဲ့ ဒီလိုရပ်နေလို့ မဖြစ်ဘူးလေ.. မိုးမိလို့လည်းမဖြစ်တာကို.."

အသိဉာဏ်က အပြုအမူကို ရပ်တန့်ဖို့ အမိန့်မထုတ်နိုင်ခင်မှာပဲ၊ လက်ဖျားလေးကို ဇိုးဇိုးဇွတ်ဇွတ် ဆွဲကိုင်ရင်း ဆူပူမိတော့ အရင်ကထက် ပိုပြီးပိန်သွယ်သွားတဲ့ လက်ချောင်းလေးတွေဆီက အထိအတွေ့က အေးစက်နေတာကြောင့် သူ့ရင်ထဲ ဆစ်ခနဲ ဖြစ်သွားပြီး မျက်ရည်တွေဝဲလာတယ်..၊ ဘယ်လောက်တောင် တန်ဖိုးထားလိုက်ရတဲ့ ကောင်လေးလဲ.. ၊ ဘယ်လောက်ထိတောင် နာကျင်ပင်ပန်းနေလိုက်မလဲ..၊

ငိုင်တွေသွားတဲ့ ဂျုံအင့်ပုံစံကြောင့် ဒုဗိုလ်က မျက်လုံးလေးဝိုင်းလို့ တအံ့တသြကြည့်လာတယ်၊ ဒါပေမဲ့ အဲ့ဒါကိုလည်း သူ့မှာ သတိမထားနိုင်၊ အေးမြမြလက်ချောင်းတွေကိုသာ သူ့ရဲ့ တုန်ယင်နေတဲ့ လက်တွေနဲ့ ထပ်ခါထပ်ခါဆုတ်ညှစ်ပေးရင်း အနွေးဓာတ်ရအောင်လုပ်နေမိတယ်၊ ပျာယာခတ်နေတဲ့ သူ့ပုံစံက အရူးတစ်ယောက်လို...။



~ .. Remember me ..

Though I have to travel for .. ~

~ .. ကိုယ်က အဝေးကြီးကို ထွက်သွားရတော့မယ် ဆိုရင်တောင်မှ.. မင်းက ကိုယ့်ကို သတိတရရှိနေပေးပါ.. ~



နူးညံ့တိုးညှင်းတဲ့ သီချင်းစာသားလေးကို ညည်းတွားနေတဲ့ လူနာကောင်လေးက နာကျင်အက်ရှဖွယ် အချစ်ဇာတ်လမ်းကို ဆက်ပြီး မကြည့်နိုင်တော့ပုံနဲ့ နေရာကနေ ထရပ်လိုက်တယ်၊ သူ လှည့်ထွက်ဖို့ ပြင်တော့ အပေါက်ဝမှန်တံခါးအနားမှာ ဗိုလ်မှူးကြီးရိဖန်ရဲ့ လက်ထောက် စစ်သားတစ်ယောက်က ကျောက်ရုပ်ကြီးလို ခပ်မတ်မတ်ရပ်နေတာကို တွေ့လိုက်ရတယ်၊

အစကတော့ လန့်သွားပေမဲ့လည်း.. အဲ့ဒီ့စစ်သားက (နွေးထွေးတဲ့ တဘတ်ဖြူတစ်ထည်ကို ကိုင်ထားရင်း) မိုးရေထဲက ချစ်သူနှစ်ဦးကို စာနာခြင်းပြည့်ဝတဲ့အကြည့်တွေနဲ့ လှမ်းကြည့်နေတာကြောင့် သူ့စိတ်ထဲမှာလည်း ထပ်တူဝမ်းနည်းခံစားလိုက်ရတယ်..၊

ချစ်ခြင်းမေတ္တာဓာတ်ဆိုတာ..
တိုင်းထွာပြစရာ အလျားအနံမရှိဘူး..
ဒါပေမဲ့ နွေးထွေးတယ် ၊ ချိုသာတယ် ၊ နူးညံ့တယ် ၊
အတိုင်းထက်အလွန် လှပပြည့်စုံတယ်။

အဲ့ဒါအပြင်..
သေလုမျောပါးဒဏ်ရာကို ပေးအပ်နှင်းသေးတယ်၊



~.. Remember me .. ~

~.. ကိုယ့်ကို သတိရနေပေးပါ .. ~

~ .. Each time you hear a sad guitar ..
Know that I'm with you ,
the only way that I can be .. ~

~ .. ဝမ်းနည်းစရာကောင်းတဲ့ ဂစ်တာသံစဉ်ကို
မင်း ကြားလိုက်ရတဲ့ အချိန်တိုင်းမှာ ..
ကိုယ် တတ်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့
မင်းရဲ့ ဘေးနားမှာ အတူရှိနေတယ်ဆိုတာကို
သိထားပေးပါ၊ .. ~



"အဲ့ဒါပြောတာပေါ့.. မိုးတွေရွာနေတယ်မလား
သူစိမ်းတစ်ယောက်အတွက်ကျ ပြာသလဲလဲစိတ်ပူတဲ့ ခင်ဗျားက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရတာလဲ.."

နူးညံ့အေးမြတဲ့ လေပြေလေညှင်းက စိမ်းဖန်တဲ့သစ်ခက်သစ်ရွက်တွေရဲ့အကြားကနေ တီးတိုးဖြတ်တိုက်သွားသလိုမျိုး၊ ဂျောင်ဆူးဆီက တိုးသဲ့တဲ့ စကားသံဟာ ဂျုံအင့်နှလုံးသားလှိုဏ်ဂူမှာ ထောင်ပေါင်းများစွာ ပဲ့တင်ရိုက်ခတ်ကုန်တယ်၊ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပေမဲ့လည်း တရှိုက်မက်မက် ခါးသက်လွန်းတာကြောင့် ဂျုံအင့်ရဲ့ မျက်လုံးအိမ်တွေက နီမြန်းရီဝေလာခဲ့ပြန်ပြီ၊

မင်းက သူစိမ်းမှ မဟုတ်ခဲ့တာပဲ.. အချစ်ရယ်..

အနီးဆုံးမှာ ရပ်နေခဲ့တာတောင်၊ ဟော့ဒီ့ လက်တစ်ကမ်းအကွာအဝေးမှာတင် ကိုယ့်ရဲ့ မင်းက ရှိနေခဲ့တာတောင် ဘာကြောင့်များ ဝေးပြီးရင်းဝေးနေခဲ့ရသလဲဆိုတာ အဖြေမရှိနိုင်ခဲ့၊ ယောင်ယမ်းလို့ ရှေ့ဆက်တိုးမိတိုင်းမှာ မျှော်လင့်ချက်တွေကသာ တဖြည်းဖြည်း အလင်းမှိန်တဲ့မီးစာနှယ် အားဖျော့ကုန်ခမ်းလို့လာတယ်၊

အင်းလေ.. ကိုယ် ခဏတဖြုတ်မေ့သွားခဲ့တာ..
ကိုယ်တို့ နှစ်ယောက်အကြားက ဇာတ်လမ်းက ထာဝရ ပိတ်ကားချပြီးဆုံးသွားခဲ့ပြီပဲမလား..

" ဟုတ်ပါရဲ့နော်.. ကျွန်တော်က အရူးလိုပဲ "

ဟုတ်ပါရဲ့၊ ကိုယ်က ဘာများတတ်နိုင်မှာမို့လဲ..
ဒီလိုအခြေအနေမျိုးကပဲ မြတ်နိုးရတဲ့ မင်းရဲ့ ဘဝလေး နာကျင်မှုကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့စိတ်နဲ့ ကိုယ် အဆုံးထိ တောင့်ခံနေရမှာပဲ..။

ကိုယ်က မင်းအတွက် ဒီအတိုင်း ဖြတ်သွားဖြတ်လာ သူစိမ်းတစ်ယောက်ဖြစ်နေရင်တောင် အဆင်ပြေတာမို့.. မင်းက ဒီ့ထက်ပိုပြီး ဒဏ်ရာတွေမရတော့ပဲ ကောင်းကောင်းရှင်သန်ပေးမယ်မလား..

" ဟိုလေ.. "

ဝမ်းနည်းမှိန်ဖျော့သွားတဲ့ ဂျုံအင်ကြောင့် ဂျောင်ဆူးက ဘာပြောရမှန်းမသိပဲ နှုတ်ခမ်းတွေဟဖို့ကြိုးစားတယ်၊ သူ့စကားကြောင့်များ စိတ်ထိခိုက်သွားခဲ့တာလား၊ ဒါပေမဲ့လည်း မှတ်ဉာဏ်ထဲမှာ တိတိကျကျရှိမနေတဲ့ လူတစ်ယောက်ကို သူဘယ်လိုသုံးနှုန်းရမလဲဆိုတာ သေချာမသိဘူး၊ ဗိုလ်ကြီး.. အထက်လူကြီး.. ဂင်မ်ဂျုံအင်း.. စတဲ့အခေါ်အဝေါ်တွေက သူ့အတွက်ပိုပြီး စိမ်းကားနေခဲ့တယ်လို့ ထင်မိတယ်၊

အဲ့ဲဒီလို အတွေးပေါင်းများစွာနဲ့ အားတုံ့အားနာ ချောင်ပိတ်မိနေတုန်းမှာပဲ နွေးထွေးထုံကျင်နေတဲ့ လက်ချောင်းလေးတွေက ပြန်လှုပ်ရှားလာတာမို့ သူပြန်ငြိမ်မိသွားတယ်၊ ဂျုံအင်က ခါးကိုလှည့်ပြီး ဘယ်ဘက်လက်နဲ့ ခုံတန်းပေါ်က ပန်းစည်းကို ကောက်ယူလိုက်ရင်း၊ ကျန်တဲ့လက်တစ်ဖက်ကတော့ ဂျောင်ဆူးရဲ့ အေးစက်စက်လက်ချောင်းတွေကို မလွှတ်စတမ်း ထွေးဆုတ်လိုက်တယ်၊

ပြီးတော့ တွေဝေငြိမ်သက်နေတဲ့ လူနာလေးကို မိုးရေထဲမှာ အအေးမမိစေချင်တဲ့စိတ်နဲ့ ဆေးရုံအဆောက်အဦးရဲ့တံစက်မြိတ်အောက်ထိ ညင်ညင်သာသာ ဆွဲခေါ်လာမိတယ်၊ သူတို့နှစ်ယောက်ကို ဘယ်အချိန်ကတည်းက အပေါက်ဝမှာ စောင့်ကြည့်နေခဲ့မှန်းမသိတဲ့ လက်ထောက်စစ်သားက ဖြူစွတ်တဲ့တဘတ်တစ်ထည်ကို ရင်ဝယ်ပိုက်ရင်း အမြန်ပြေးလာတယ်၊ သူက ဗိုလ်မှူးကြီးရိဖန်ရဲ့ တိတ်တဆိတ်အမိန့်ကြောင့် ဂျုံအင်တို့ကို ကူညီဖို့ အသင့်ရှိနေခဲ့တာဖြစ်တယ်၊

ခေါင်းတချက်ဆတ်လို့ ကျေးဇူးတင်ကြောင်းကို အမူအယာနဲ့ပြတဲ့ ဂျုံအင်က စစ်သားလေး ကမ်းပေးတဲ့ ခပ်နွေးနွေးတဘတ်ကို လှမ်းယူလိုက်ရင်း ရေရွှဲနေတဲ့ ဂျောင်ဆူးရဲ့ကိုယ်ပေါ်ကို အနွေးဓာတ်ရစေချင်တဲ့ စိတ်နဲ့ လွှမ်းခြုံပေးမိတယ်၊ အမိန့်ပေး၊အရိပ်အကဲပြစရာမလိုတဲ့ စစ်သားလေးကတော့ သူတို့ကို မနှောင့်ယှက်လိုဟန်နဲ့ အနားက ခွာပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်ပေးတယ်၊

အဲ့ဲဒီ့အချိန်မှ ဂျုံအင်က သူ့လက်ထဲက ပန်းစည်းကို နီးစပ်ရာခုံမှာ ချလိုက်ပြီး၊ တဘတ်အနားစလေးနဲ့ ဂျောင်ဆူးရဲ့ မျက်နှာပြင်နုနု၊ ဆံစပ်အဖျားတွေကို ခပ်ဖွဖွလေး ပင့်သုတ်ပေးတယ်၊ ဂျောင်ဆူးကတော့ သူ့အပြုအမူတစ်ခုချင်းစီကို မျက်တောင်မခတ်စတမ်း ကြောင်တောင်တောင်လေး စိုက်ကြည့်လို့နေခဲ့တယ်၊ လေးနက်နူးညံ့တဲ့ မျက်လုံးလှလှလေးတွေနဲ့ အကြည့်ချင်းဆုံမိတဲ့အခါ ဂျုံအင့်နှုတ်ခမ်းတွေက ကြင်နာလေးနက်စွာ တွန့်ကွေးသွားလို့သွားတယ်၊

" ဘာဖြစ်လို့လဲ.. "

" ဒီမေးခွန်းက မဖြစ်နိုင်မှန်းသိပေမဲ့..
ဗိုလ်ကြီးက ကျွန်တော့်ကို စိတ်တိုနေတာလားဟင်.. "

ဒီတစ်ခါမှာတော့ ဗိုလ်ကြီးဆိုတဲ့ အသုံးအနှုန်းကို သေချာသုံးလိုက်တဲ့ ဂျောင်ဆူးက သူ့စိတ်ထဲမှာ ဂျုံအင့်ရဲ့ အပြုအမူတွေနဲ့ပတ်သတ်လို့ လေးလေးလံလံခံစားနေရတာကြောင့် တွေတွေဝေေ၀လေးမေးတယ်၊ တကယ့်ကို အဖြေရှာရခက်နေဟန် မျက်နှာအမူအယာလေးကြောင့် ဂျုံအင်က ချိုချိုသာသာလေး ရယ်သံနှောလို့မေးတယ်၊

"ကိုယ်က မင်းကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ စိတ်တိုရက်မှာလဲ "

" မသိလို့လေဗျာ.. "

ဂျောင်ဆူးက မျက်ခုံးလေးကုတ်လိုက်တော့၊ ဂျုံအင်က ပြုံးယောင်သန်းနေတဲ့ မျက်နှာလေးနဲ့ သူ့ချစ်ရသူကို တစိမ့်စိမ့်ကြည့်ရင်း တဘတ်အဖြူလေးကို ခပ်တင်းတင်းစေ့ပေးတယ်၊ သူကိုယ်တိုင်က တစ်ကိုယ်လုံး မိုးရေရွှဲနစ်နေပေမဲ့လည်း ချစ်ရသူကိုတော့ မိုးရေစက်လေးတစ်စက်တောင် အထိမခံနိုင်သလိုမျိုး ပြုမူဆက်ဆံပုံက ကြင်ကြင်နာနာရှိလှတယ်၊ အဲ့ဒီလိုမြင်ကွင်းမျိုးကို လှမ်းကြည့်မိတဲ့ လက်ထောက်စစ်သားလေးက အခုမှ စိတ်သက်သာရာရသွားသလို သက်ပြင်းတစ်ချက်ချမိတယ်..၊

ဗိုလ်ကြီးဂျုံအင်ရဲ့ အပြုံးက ဒီရက်ပိုင်းတွေမှာ ရှားရှားပါးပါးပဲ၊ ဒုဗိုလ်ဒိုဂျောင်ဆူးတစ်ယောက် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီးကတည်းက သူ့ကိုယ်သူ အပြစ်တင်ရင်း အမြဲလိုလို မှိုင်တွေတိတ်ဆိတ်နေခဲ့တာ..၊ အခုတော့.. အင်း.. အခုတော့ သဘောတကျ ရယ်လိုက်ပါသတဲ့..၊

မျက်စိတစ်မှိတ်စာ တခဏတာလောက်သာဆိုပေမဲ့လည်း အဲ့ဒီ့ချိုမြိန်သာယာတဲ့ ရယ်သံမြမြက နွေးထွေးလှိုက်လှဲပြီး ညင်သာနေခဲ့တယ်၊ ဒုဗိုလ်ဂျောင်ဆူးအပေါ်မှာ ထားရှိတဲ့ နက်နက်ရှိုင်းရှိုင်းမြတ်နိုးမှုအားလုံးကို တယုတယ သိမ်းဆည်းလို့ထားခဲ့တယ်၊ ချစ်ခြင်းမေတ္တာတရားဟာ သူ့အတွက် အကြိမ်ကြိမ်နာကျင်ရပေမဲ့လည်း ချစ်ရသူအပေါ် ထာဝရ ရစ်ပတ်တွယ်တာနေခဲ့တယ်..။

အဲ့ဒါကြောင့်မို့လည်း ဗိုလ်မှူးကြီးKris က စောင့်ကြည့်အမိန့်မပေးခင်မှာ ဒီလိုပြောခဲ့တယ်၊

"ဂျုံအင့်မျက်ဝန်းတွေမှာ အချစ်ကို မြင်ရတယ်၊ ချစ်လွန်လွန်းလို့ ရင်နာရပေမဲ့လည်း လက်မလွှတ်နိုင်တဲ့ ရူးရူးမိုက်မိုက်အချစ်မျိုးကိုမြင်ရတယ် .. အဲ့ဒါကြောင့် ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ မိဘတွေက သူတို့ကို တွေ့ခွင့်မပေးဖို့ အကူအညီတောင်းထားပေမဲ့လည်း တစ်ခါတစ်လေမှာ ဒီအတိုင်းလေး မသိချင်ယောင်ဆောင်ပေးလိုက်ချင်တယ်၊ " တဲ့

အဲ့အချိန်မှာပဲ လက်ထောက်စစ်သားလေးက ဗိုလ်မှူးကြီးရဲ့ သဘောထားကို နားလည်သဘောပေါက်သွားခဲ့တယ်၊ အခုတော့လည်း.. ပြင်းထန်တဲ့ တွယ်တာစွမ်းအားတွေကို လေးလေးနက်နက် သိရှိခဲ့ရပြန်ပြီ..၊

မျှော်လင့်ချက်တွေ ကင်းမဲ့တဲ့အချစ်.. အင်း၊
တစ်စုံတစ်ယောက်ကို သက်ဝင်မိခဲ့ပြီဆိုရင်
အဲ့ဒါက တစ်သက်တာ ရပ်တန့်ဖို့ မဖြစ်နိုင်တော့တာမျိုး..။

" ပန်းက.. ချစ်သူအတွက်ထင်တယ်... "

ဂျုံအင့်ရဲ့ မျက်နှာပြင်ကနေ အကြည့်လွှဲသွားတဲ့ ချစ်သူလေးက ခုံပေါ်မှာတင်ထားတဲ့ စိုစွတ်တဲ့ ပန်းပွင့်တွေဆီ မှုန်ကုတ်ကုတ်ကြည့်တယ်၊ ဘာတွေ မကျေမနပ်ဖြစ်နေသလဲတော့ မသိ၊ အဲဒီလို ထူးဆန်းတဲ့ အရိပ်အငွေ့လေးကြောင့် ဂျုံအင်က မျက်ခုံးပင့်တော့ နားလည်မှုလွဲသွားတဲ့ ဒုဗိုလ်လေးက လက်တကာကာနဲ့ ရှင်းပြတယ်..၊

"ဟိုလေ.. တစ်မျိုးမထင်ပါနဲ့၊ ကျွန်တော်က အပေါ်ကနေ မြင်နေရတာ.. ဟိုးကခုံမှာ အကြာကြီးထိုင်ပြီး ချစ်သူကို သွားတွေ့ဖို့ တွေဝေနေတဲ့ပုံမို့ "

ဖြေရှင်းစကားက.. ထစ်ထစ်အအ ဖြစ်နေခဲ့တာကြောင့် ဂျောင်ဆူးက နှုတ်ခမ်းကိုက်ပြီး မျက်လွှာချသွားတယ်၊ ဗိုလ်ကြီးဂျုံအင့်ဆီက ခပ်နွေးနွေးအကြည့်တွေကို သူ ဘာကြောင့်များ ထိတ်တိုက်မရင်ဆိုင်ရဲသလဲဆိုတာ.. ကိုယ့်ကိုယ်ကိုယ် နားမလည်တော့..၊ စိတ်နှလုံးသားထဲမှာ တလှပ်လှပ်ဖြစ်စေပြီး တစ်ပြိုင်နက်တည်း ပျော်ရွှင်ဝမ်းနည်းနေရတာ ဘာကြောင့်များပါလိမ့်..၊

"အော်.. ကျွန်တော့်ချစ်သူက ဒီပန်းတွေကို သဘောကျပါ့မလားဆိုတာ မသေချာလို့ပါ၊ ပြီးတော့ ကျွန်တော့်ကို တွေ့ရင် မှတ်မိပါ့မလားဆိုတာလည်း မသေချာပြန်ဘူး.. "

ဂျုံအင့်အသံတွေက နင့်နင့်သီးသီး သိမ်ငယ်တိုးဝင်သွားတဲ့အချိန်မှာ.. ဂျောင်ဆူးက မြောက်မြားစွာသော မေးခွန်းတွေ မေးလိုစိတ်နဲ့ ခေါင်းပြန်မော့လာတယ်၊ ဒါပေမဲ့လည်း အဆမတန် ကြေကွဲဝမ်းနည်းနေတဲ့ မျက်လုံးအိမ်တွေကို ကြုံတွေ့ရပြန်တော့.. လှိုက်ခနဲ ခံစားသွားရရင်း တဖျောက်ဖျောက်အသံပေးနေတဲ့ မိုးရေစက်တွေဆီ အကြည့်ပို့မိပြန်တယ်၊

မြင်ချင်တယ်..
တွေ့ချင်တယ်..
တွေ့မြင်လိုက်ရပြန်တော့လည်း..
ရင်ဘတ်ထဲက လေးလေးလံလံ နာကျင်ရပြန်တယ်၊

ငါ ဘာတွေများ တောင့်တမိနေခဲ့တာလဲ..

အဲ့ဒီလို မေးခွန်းပေါင်းများစွာကို တစ်ဦးတည်းအော်ဟစ်ပစ်ချင်စိတ်နဲ့ အသက်ရှူမဝသလို ခံစားမိတဲ့အချိန်မှာ ဂျုံအင်က ပန်းစည်းကို ကောက်ယူလိုက်ပြီး ဂျောင်ဆူးရဲ့ လက်ထဲကို တယုတယ ထည့်ပေးလာတယ်၊ နီးကပ်သွားတဲ့ ကိုယ်ငွေ့ကို ဖမ်းဆုတ်မိချိန်မှာ..၊ နားထင်ဖျားက ဆစ်ခနဲ ကိုက်ခဲရီဝေမှုနဲ့အတူ သူ့မှတ်ဉာဏ်ထဲမှာ ရှိနေခဲ့တဲ့ လူတစ်ယောက်ရဲ့ ကြင်နာမြတ်နိုးခြင်းတွေကို ဝေေ၀ဝါးဝါးသတိရမိတယ်..၊

ဒါက.. ခရမ်းရောင်ဒေစီပန်းပွင့်တွေ.. ၊
ဟုတ်ပါရဲ့.. ဝမ်းနည်းဖို့ကောင်းတဲ့ ခရမ်းရောင်ပန်းပွင့်တွေ..။

" ကျွန်တော့်ကို ပေးတာလား၊ ခုနပဲ ချစ်သူအတွက်ဆို.. "

သူ တအံ့တသြပြန်မေးမိတဲ့အချိန်မှာ ဗိုလ်ကြီးဂျုံအင်က ပဟေဠိဆန်စွာ ပြုံးတယ်၊ ချောမောတည်ကြည်တဲ့ မျက်နှာပြင်၊ ခန့်ညားတည်ဝါတဲ့ ခန္ဓာကိုယ်နဲ့ ဒီလူသားက.. တစ်ချိန်တည်းမှာပဲ အသည်းခိုက်မတက် ဝမ်းနည်းကြေကွဲနေခဲ့တယ်ဆိုတာကိုတော့ သူ သတိထားမိတယ်..

ဒါပေမဲ့.. ဘာကြောင့်များပါလိမ့်?

"အခုပဲ သိလိုက်ရတယ်၊ ကျွန်တော့်ချစ်သူက.. ပန်းစည်းကို လက်မခံနိုင်တော့ဘူးထင်ပါတယ်၊ သူက ကျွန်တော့်ကို ဒီအတိုင်းပဲ ထာဝရ မေ့သွားတော့မယ်ထင်တယ်၊ "

" သူ့ကို ပြန်အသိပေးရင်ရော.. "

စိတ်လောလောနဲ့ စကားဝင်ထောက်မိတော့ ဂျုံအင်က နောက်တစ်ကြိမ် ရီဝေေ၀ကြည့်လာပြန်တယ်၊ နီမြန်းကြေကွဲနေတဲ့ မျက်ဝန်းအိမ်တွေက အဓိပ္ပါယ်ဖော်ဖို့ မရလောက်တဲ့ထိ ခက်ခဲရှုပ်ထွေးနေတာကို မြင်ရတော့.. ဂျောင်ဆူးရဲ့ လက်ဖျားလေးတွေ တွေဝေအေးစက်လာတယ်၊

ချစ်မြတ်နိုးနေခဲ့တာလား..
ဒါမှမဟုတ် လွမ်းဆွတ်တမ်းတနေခဲ့တာလား.. ၊

ကိုယ့်ဘက်ကိုယ်ယက်ပြီး တရားလွန် စွပ်စွဲပြီးမတွေးမိခင်မှာ 'ဗိုလ်မှူးဘတ်ဟျွန်းရဲ့ ချစ်ရသူ ' ဆိုတဲ့ အသိစိတ်လေးက ပြန်ဝင်လာတော့ ခန္ဓာကိုယ်က ဆတ်ခနဲ မတ်သွားတယ်၊ အင်း.. သူက.. ကျွန်တော့်မှတ်ဉာဏ်ထဲကလူ မဖြစ်နိုင်လောက်ပါဘူးလေ..၊

"သူက ကိုယ့်ရင်ခွင်ထဲမှာ နေရတာ မပျော်ဘူး၊ ပင်ပန်းတယ်တဲ့..၊ ဘယ်လိုလုပ်ရမလဲ.. ကိုယ့်စိတ်နဲ့သာဆို အတင်းဖက်တွယ်ထားချင်ပေမဲ့လည်း .. ကိုယ်က သူ့ကို ပျော်ရွှင်စေချင်သေးတယ်လေ.. "

ဒီစကားမှာတော့.. ဗိုလ်ကြီး ဂျုံအင်က သူ့မျက်နှာကို ကြည့်မနေခဲ့ပဲ အဝေးက မိုးစက်မိုးပွင့်တွေကိုသာ ငေးမောရင်း တီးတိုးပြောတယ်၊ သူကတော့ တွေးမိတယ်..၊ ဘာကြောင့်လဲ .. ဒါပေမဲ့ ဘာကြောင့်လဲ.. ၊ တစ်ဖက်က ချစ်သူက သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ရှိမနေချင်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ..

စိတ်ထဲမှာ အောင့်သက်သက်ခံစားလိုက်ရတာမို့ ခရမ်းရောင်သန်းတဲ့ ပန်းပွင့်တွေကို ဆုတ်ညှစ်မိလိုက်ရင်း စိတ်လှုပ်ရှားစွာ သူပြန်အော်မေးမိတယ်၊

"ဒါပေမဲ့ တစ်နေ့မှာ သူ ဆက်ပြီးပျော်ရွင်မနေတော့ဘူးဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲ၊ ခင်ဗျားရွေးချယ်မှုအတွက် ခင်ဗျားတာဝန်ယူမှာလား၊ ထပ်ပြီး နောင်တရနေမှာပဲလား.. "

အသံနည်းနည်း ကျယ်သွားတာကြောင့်လားမသိ၊ ဂျုံအင့်နှုတ်ခမ်းတွေက ဝမ်းနည်းစွာ ကွေးညွှတ်သွားတာကို ဘေးတိုက်မြင်လိုက်ရတယ်၊ ဒီလိုတွေ့လိုက်ရတော့ သူ့ဘက်မှာလည်း ရွေးချယ်စရာတွေ များများစားစား မရှိခဲ့တဲ့ ပုံပဲ.. ဆိုတာ ချက်ချင်းသိနားလည်လာပြန်တယ်၊

နောက်တော့မှ၊ အထက်လူကြီးကို ရုတ်တရက် အော်မိခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို သတိထားမိသွားတဲ့ ဂျောင်ဆူးက အနည်းငယ် အနေရခက်သွားတယ်၊ ဒီအတိုင်းပဲ ဘာမှမပြောခဲ့သင့်တာ.. လို့တွေးရင်း နှုတ်ဆိတ်မိနေတုန်းမှာ မိုးရေစက်တွေကို လက်ဖျားနဲ့ ခံယူနေတဲ့ အဲ့ဒီလူဆီက တိုးညှင်းဖျော့တော့တဲ့ လေသံအက်အက်လေး ထွက်လာတယ်၊

"အင်း.. နောင်တရနေမိမယ်ထင်တယ်.. "

ရှင်းလင်းတဲ့ အဖြေစကားကြောင့် ဂျောင်ဆူးက ဝိုင်းစက်ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ သူ့အထက်လူကြီးကို ဘာမှဆက်မပြောနိုင်ပဲ ငေးကြည့်လာတယ်၊ အဲ့တာကို သတိထားမိတော့ ဂျုံအင်က ရယ်ပြန်တယ်.. ၊

ဘာလဲ.. ကိုယ်က မင်းအတွက် အရူးတစ်ယောက်နဲ့ တူနေခဲ့ပြီလား.. ၊ အင်း.. ဖြစ်နိုင်ရင်တော့ ကိုယ်က မင်းကို မလွှတ်တမ်း ပွေ့ဖက်ထားပြီး အပိုင်သိမ်းဆည်းထားချင်မိတာပေါ့၊ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ မွန်းကြပ်လွန်းတာကြောင့် မင်းကို လက်လွှတ်နိုင်ဖို့အတွက် အဝေးဆုံးကို ထွက်ပြေးသွားချင်မိပြန်တယ်..၊ အချစ်ရယ်.. ကိုယ် တကယ်ပဲ သွက်သွက်ခါနေခဲ့ပြီထင်ပါတယ်၊

" မဟုတ်-- ကျွန်တော်ပြောချင်တာက..-- "

" ဗိုလ်ကြီး.. "

ဂျောင်ဆူးရဲ့ စကားမဆုံးခင်မှာပဲ စောင့်ကြည့်ပေးနေတဲ့ လက်ထောက်တပ်သားလေးက သူတို့အနားရောက်လာတယ်၊ ဒုဗိုလ်ကို မသိစေချင်ဟန်နဲ့ တပ်သားလေးက ဂျုံအင့်အနားကိုကပ်ပြီး တီးတိုးစကားဆိုလာတော့ ဗိုလ်ကြီးဂျုံအင်က ခေါင်းကို တဆတ်ဆတ်ငြိမ့်လို့ နားထောင်တယ်၊

" ဟုတ်ပြီလေ.. ဒီလိုဆို ကိုယ်သွားရတော့မယ်..
နွေးနွေးထွေးထွေးနေပါ..

ပြီးတော့..
ကိုယ်.. တောင်းပန်ပါတယ်.. အရာအားလုံးအတွက် "

နားရှုပ်စရာစကားကို ဆိုပြီး ချက်ချင်းလှည့်ထွက်သွားတဲ့ ဂျုံအင့်ကြောင့် ဂျောင်ဆူးက ခြေလှမ်းတွေ အမြန်ရွေ့လာတယ်၊ နောက်တော့.. သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကြီးမားကြင်နာတဲ့ လက်ချောင်းတွေကို လှမ်းဆွဲမိတယ်၊ သူ့စိတ်ထဲမှာ ရှိနေတဲ့ အစိုင်အခဲတွေ ပြေစေဖို့ ဒီမေးခွန်းကိုတော့ မေးကို မေးမှဖြစ်မယ်လို့ ဒုဗိုလ်က ယုံကြည်နေခဲ့မိတယ်၊

"ဟိုလေ.. စိတ်မရှိရင်--
ကျွန်တော် ခင်ဗျားကို ရင်းရင်းနှီးနှီးကို သိနေသလို ခံစားရလို့ပါ၊ အဲ့ဒါကြောင့်မို့ ကျွန်တော် ဘာတွေကို မေ့နေခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား "

သူ့နားထင်တွေက ခံနိုင်ရည်စွမ်းကို ရိုက်ချိုးနဲ့နေပြီလားလို့ ထင်ရလောက်အောင်ထိ တဒိန်းဒိန်းကိုက်ခဲလို့နေတယ်၊ ဒါပေမဲ့ သူက ဂျုံအင့်လက်ကို မလွှတ်ချပေးမိဘူး၊ သူ သိချင်တယ်၊ သူက သေချာပေါက် သိမှဖြစ်မယ်လို့တွေးထားခဲ့တယ်၊ မေ့ဖျောက်ထားဖြစ်ခဲ့တဲ့ အတိတ်မှတ်ဉာဏ်တွေထဲမှာ ယောက်ျားတစ်ယောက်ရှိနေခဲ့တယ်၊ သူချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်က ရှိနေခဲ့တယ်..၊

အဲ့ဒါကြောင့်..
ဒီလိုမေးခွန်းမျိုးကို မေးရမယ်..

" ကျွန်တော်..
ကျွန်တော်.. ဗိုလ်ကြီးဂျုံအင်ကိုများ.. ကြိုက်ခဲ့ဖူးလားဟင် "

ဂျုံအင့်နှုတ်ခမ်းတွေက ပြုံးယောင်သန်းလာတယ်၊
သူ့အတွက် မျှော်လင့်ချက်တစ်ခု ပေါက်ဖွားလာပြီလို့ ဂျောင်ဆူးက ထင်မှတ်ခဲ့ပေမဲ့လည်း၊ ဗိုလ်ကြီးရဲ့ မျက်လုံးတွေကတော့ သူ့ဆီကနေ သိသိသာသာ အကြည့်လွှဲသွားခဲ့ပြန်တယ်၊ အတင်းဖမ်းဆုတ်ထားမိတဲ့ လက်ချောင်းတွေကို အေးတိအေးစက် လွှတ်ချခံလိုက်တာက သေးငယ်တဲ့လုပ်ရပ်ဆိုပေမဲ့လည်း ဂျောင်ဆူးအတွက်တော့ ကမ္ဘာပြိုနေသလိုမျိုး...၊

" အဲ့လိုမဖြစ်ခဲ့ပါဘူး၊
ကိုယ်က မင်းရဲ့ အထက်လူကြီးလေ..
Team ကပ္ပတိန်ဗိုလ်ကြီးဂင်မ်ဂျုံအင်း.. ဒုဗိုလ်ဒိုဂျောင်ဆူး.. ၊ နှစ်ယောက်သားပတ်သတ်မှုက အဲ့ဲဒါအကုန်ပါပဲ.. "

အဖြေစကားက ရိုးရှင်းပြီး ပြတ်ပြတ်သားသား..
ဂျောင်ဆူးက နားမလည်နိုင်စွာနဲ့ ထပ်မေးချင်ခဲ့တယ်.. ၊
သူက အော်ဟစ်ပြီး မေးခွန်းပေါင်းများစွာကို ထုတ်မေးချင်ခဲ့တယ်..၊ သေချာပေါက် ဝေဝေဝါးဝါး သိနေခဲ့တယ်မဟုတ်လား၊ အသိစိတ်က အရာအားလုံးကို မှုန်ဝါးမေ့လျော့နေခဲ့ပေမဲ့လည်း..

နှလုံးသားက ဆက်တိုက်ပြောလို့နေတယ်၊
မင်း သူ့ကို မစွန့်လွှတ်နဲ့၊ မစွန့်လွှတ်လိုက်နဲ့.. တဲ့..။
ဒီတစ်ခေါက် လက်လွှတ်ခွင့်ပြုလိုက်ရင်..
သူ့ကို တစ်သက်လုံး ဆုံးရှုံးရတော့မယ် ထင်တယ်တဲ့..၊

" နေပါဦး.. -- ခင်ဗျား! "

" ဒုဗိုလ်.. ကျွန်တော်တို့ ဆေးရုံထဲကို ပြန်ဝင်ရပါမယ်.. မိသားစုဝင်တွေ စိတ်ပူနေပါပြီ.. "

ဒုဗိုလ်ရဲ့ မိုက်ရူးရဲဆန် အရဲစွန့်မှုတွေကို ရပ်တန့်ဖို့အတွက် စစ်သားလေးက ရှေ့ကနေ ပိတ်ရပ်လို့လာတယ်၊ အဲ့ဒီ့အချိန်မှ ဂျောင်ဆူးက ခြေလှမ်းကိုရပ်လိုက်ရင်း စိမ်းစိမ်းကားကားလှည့်ထွက်သွားတဲ့ ကျောပြင်ကျယ်ကို တမ်းတမ်းတတကြည့်မိတယ်၊ တစ်ချက်လောက် လှည့်ကြည့်ပေးရင် ကောင်းမယ်လို့ သူ ဘယ်လောက်ထိ တောင့်တတောင့်တ အနည်းငယ်မျှတောင် မငဲ့ကြည့်ခဲ့..၊ အင်းလေ.. တကယ်ပဲ.. သူစိမ်းတွေ ထင်ပါရဲ့..

ဒါပေမဲ့..

ဒါပေမဲ့လည်း ဘာကြောင့်များ အဲ့ဒီ့လို မိုးရေစက်တွေ ရွှဲစိုနေတဲ့ ခန္ဓာကိုယ်၊ အငွေ့အသက်၊ ကျောပြင်ကျယ်၊ လက်ချောင်းနွေးနွေးတို့ကို တွယ်တွယ်တာတာ ရင်းနှီးနေခဲ့မိတာလဲ၊ ထောင်ချီတဲ့ မေးခွန်းတွေအကြားမှာ အချိန်အတော်ကြာ ငေးမောနေခဲ့တဲ့ ဂျောင်ဆူးက သူရင်ဝယ်ပိုက်ထားမိတဲ့ ပန်းပွင့်လေးတွေကို လက်ချောင်းလေးတွေနဲ့ နူးနူးညံ့ညံ့လေး ထိကြည့်မိတယ်..

"ကျွန်တော်လေ.. ဒီပန်းလေးရဲ့ အဓိပ္ပါယ်ကို သိတယ်.. "

သူ့ကိုယ်သူ ပြောမိတာလား..
ဘေးနားမှာ ရှိနေတဲ့ စစ်သားလေးကို ပြောနေခဲ့မိတာလား မသေချာ၊ သေချာတာတစ်ခုကတော့ သူ့လက်ဖျားတွေက တဆတ်ဆတ် တုန်ယင်နေခဲ့တယ်၊ နှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ အသံတွေက.. အက်ကွဲခြောက်ခြားလို့နေတယ်.. ၊

"နှုတ်ဆက်ပါတယ်..
ကိုယ်.. မင်းကို အမြဲထာဝရ အမှတ်တရရှိနေမှာပါ..တဲ့၊ "

ဒါပေမဲ့..
ကျွန်တော် ခင်ဗျားကို မနှုတ်ဆက်ချင်ဘူး.. ဂျုံအင်..

ဂျောင်ဆူးက သူ့နှုတ်ခမ်းတွေကို
အားတင်းပြီး..တွန့်ကွေးလိုက်ပေမဲ့လည်း..
သူ့အပြုံးတွေကတော့ ခါးသက်နာကျင်နေခဲ့တယ်..။




~ .. Until you're in my arms again ..

Remember me ..

ကိုယ်ရဲ့လက်မောင်းတွေနဲ့

မင်းကို နောက်ထပ် ထွေးပွေ့ခွင့်ရမယ့် အချိန်အထိ..

ကိုယ့်ကို သတိရလွမ်းဆွတ်နေပေးပါ... ~




တစ်စုံတစ်ယောက်ကို ပကတိဆုံးရှုံးလာတဲ့အခါ...
နှလုံးသားမှာ အပေါက်သဖွယ် ဒဏ်ရာရကြတယ်၊

အဲ့ဲဒီ့ ထုတ်ချင်းပေါက်ဝေဒနာကို..
ဘယ်လို ပျော်ရွှင်မှုမျိုး၊ ဘယ်ဆေးဆရာမျိုးကမှ..
မကုသ၊မကာကွယ်နိုင်ကြဘူး..

ကြီးကျယ်ခမ်းနားတဲ့ကွက်လပ်တစ်ခုကို ဖြည့်ဖို့အတွက်..
သူတို့မှာ စွမ်းပကားတွေ ကင်းမဲ့ခဲ့ကြတယ်..။

_________________________________________

" ဒေါက်.. ဒေါက်.. ဒေါက် "

အခန်းတံခါးခေါက်သံက တဖွဖွ၊
သားဇောကပ်လို့ နွမ်းလျနေတဲ့ မိဘနှစ်ပါးဟာ တံခါးဝကို မောပန်းစွာ မျှော်ကြည့်တယ်၊ အစပထမကတော့ မကြာခဏ လူနာလာမေးတတ်တဲ့ သားငယ်ရဲ့ ယူနီဖောင်းဝတ်အထက်လူကြီးအရာရှိတစ်ဦးက စိတ်မပူဖို့လာပြောတာ ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့လည်း အခန်းထဲကို ရိုးရိုးကျိုးကျိုး ဝင်လာခဲ့တဲ့လူက ငယ်ရွယ်နုပျိုတဲ့ လူငယ်တစ်ယောက်သာ.. ၊

" မင်းက ဘယ်သူ.. "

အံ့အားသင့်ခြင်းရောနှောတဲ့ ဒိုဇနီးမောင်နှံရဲ့ အမေးစကားဟာ ရှင်းလင်းချောမောတဲ့ မျက်နှာပြင်ငယ်ကို မြင်မြင်ချင်းမှာ ရပ်တန့်သွားတယ်၊ နောက်တော့ လွန်ခဲ့တဲ့ နှစ်တွေက သူတို့ သည်းညှာသားငယ်လေး ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ခဲ့တုန်းက အသည်းအသန် အသက်ကယ်တင်ပေးထားတဲ့ ဆရာဝန်ပေါက်စလေးဆိုတာကို သတိရသွားတယ်၊

ကျေးဇူးရှိခဲ့တာကြောင့် အလျင်အမြန်ထရပ်လိုက်ပြီး နှုတ်ဆက်တော့ ဆရာဝန်လေးက အားနာဟန်နဲ့ လက်တကာကာပြုပြီး သူတို့ကို တစ်ဖန် ဦးညွှတ်နှုတ်ဆက်တယ်၊

" မင်္ဂလာပါခင်ဗျာ၊
ကျွန်တော်က ဂင်ဂျုံဒေး လို့ ခေါ်ပါတယ်..၊
ဒီလိုအချိန်ကြီးကို နှောင့်ယှက်ရတာ အားနာပေမဲ့ ပြောမှဖြစ်မဲ့ စကားရှိလို့ပါဗျ "

နှုတ်ခမ်းပါးလေး တွန့်ကွေးနေအောင် ရည်ရည်မွန်မွန် ပြုံးပြတဲ့ ဆရာဝန်လေးက လက်နှစ်ဖက်ကို ယဉ်ကျေးစွာ ဆုတ်ထွေးရင်း အနည်းငယ် စိတ်လှုပ်ရှားနေဟန်နဲ့ ဒိုဇနီးမောင်နှံကို ကြည့်တယ်၊

" ကျွန်တော်.. "

စကားမဆုံးခင်မှာပဲ ကြမ်းပြင်မှာ ဒူးနှစ်ဖက်ကို ညင်ညင်သာသာ ထောက်ချလိုက်တဲ့ ကောင်လေးကြောင့် သူတို့ စိတ်ထဲမှာ ထိတ်ခနဲပျာသွားရတယ်..၊ စိတ်ကောင်းရှိတဲ့ ဒိုအိမ်ရှင်မက အလန့်တကြားနဲ့ ဂျုံဒေးရဲ့ လက်မောင်းကို ဆွဲထူလို့ ထစေပေမဲ့လည်း ခေါင်းမာတဲ့ ကောင်လေးက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း နေရာကနေ တုတ်တုတ်မှ မလှုပ်၊ သူက ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတိအလင်းချမှတ်ထားသလိုပါပဲ..

" ဒေါက်တာလေး! ဒါ ဘာလုပ်တာလဲ.. ထပါ ထပါရှင်.. "

" ကျွန်တော်က ဗိုလ်ကြီး ဂင်မ်ဂျုံအင်းရဲ့ ညီပါ "

မျက်လုံးစုံမှိတ်ပြောချလိုက်တဲ့ ဆရာဝန်လေးရဲ့ စကားမှာ သူတို့ နှစ်ယောက်လုံး ဘာပြောရမှန်းမသိဖြစ်သွားတယ်၊ ဒိုလူကြီးမင်းကတော့ ဂျုံအင်ဆိုတဲ့ နာမည်ကြားကတည်းက လက်သီးတပြင်ပြင် အံတင်းတင်းကြိတ်နေတာကြောင့် ဒိုအိမ်ရှင်မ ခမျာ မျက်နှာမသာမယာဖြစ်လို့နေတယ်..၊

"ဒေါက်တာလေးရယ် ..
ပြောစရာရှိတဲ့စကားကို နောက်နေ့မှ ပြော-- "

"ဦးလေး နဲ့ အဒေါ်..
ကျွန်တော့်ကို ငါးမိနစ်လောက်ပဲ အချိန်ပေးပါ၊ ကျွန်တော် ဒီစကားကို တစ်ကြိမ်ပဲပြောမှာပါ၊ နောက်တစ်ခါ ဒီလိုမျိုး ထပ်မမြင်ရစေပါဘူး "

မော်ကြည့်လာတဲ့ မျက်ဝန်းငယ်မှာ စိတ်လှုပ်ရှားတုန်ရီမှုတွေ တဆတ်ဆတ်ခါလို့နေတယ်၊ အစပထမကတော့ ဂျုံအင်ဆိုတဲ့ နာမည်ကြားကတည်းက အခန်းထဲကနေ နှင်ထုတ်ချင်စိတ်တွေပေါ်လာပေမဲ့လည်း၊ မာနကိုချိုးနှိမ်ပြီး ဒူးထောက်ချထားတဲ့ ဆရာဝန်လေးကြောင့် သူတို့ ဒီအတိုင်း စကားမဆိုပဲ အားနာနာနဲ့ ငြိမ်နေမိခဲ့တယ်၊ ဆိတ်ဆိတ်နေခြင်းက သွယ်ဝိုက်တီးတိုးစွာလက်ခံခြင်း မဟုတ်ပေလား၊

"ကျွန်တော် အသက် ၁၆ နှစ်မှာတုန်းက ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်မိခဲ့ပါတယ် "

ဒိုလူကြီးမင်းရဲ့ မျက်ခုံးတွေက ဆတ်ခနဲ ဖြစ်သွားတယ်၊ နာမ်နှိမ်ချိုးဖဲ့လို့ ငုံ့လာတဲ့ အကြည့်တွေမှာ.. မင်းတို့က ဒီလိုမျိုးအကျင့်ပျက် မိသားစုပါပဲလား၊ ငါ့ရဲ့သားကို ဖျက်ဆီးတဲ့ ကြံရာပါပဲလားဆိုတဲ့ အဓိပ္ပါယ်တွေပါတယ်၊ ဂျုံဒေးကတော့ လက်သီးကို ခပ်တင်းတင်းဆုတ်ထွေးရင်း သူ့စကားကို လိုရာဆက်တယ်၊

"အစကတော့ အစ်ကိုတစ်ယောက်လို သဘောကျခဲ့တယ်လို့ ထင်ခဲ့တယ်၊ ရိုးသားတယ်လို့ ကျွန်တော် သေချာခဲ့တယ်၊ ဒါပေမဲ့ နေ့ရက်တိုင်းမှာ အဲ့ဒီ့သဘောကျတဲ့စိတ်တွေက တဖြည်းဖြည်းကြီးထွားလို့လာတယ်..

အမှန်တိုင်းပြောရရင်..
ကျွန်တော့်ကိုယ်ကျွန်တော် ရူးနေပြီလို့တောင် ထင်မိခဲ့တာ..
မရိုးမသားစိတ်တွေပျောက်အောင် မိန်းကလေးတွေနဲ့လည်း တွဲဖို့ ကြိုးစားခဲ့ပေမဲ့၊ တစ်နေ့မှာတော့ အဲ့ဒီ့အစ်ကို အပေါ်ထားမိနေတဲ့ ခံစားချက်က ချစ်မြတ်နိုးတယ်ဆိုတာကို သေချာသွားခဲ့ပါတယ်၊ အဲ့ဒီလိုဖြစ်ခဲ့လို့ ကျွန်တော် ပထမဆုံးရင်ဆိုင်ခဲ့ရတာက အကြောက်တရားနဲ့ အရှက်တရားပါ..

အမှန်တိုင်းဝန်ခံရရင်..
ကျွန်တော်.. ယောက်ျားတစ်ယောက်ကို မချစ်ချင်ခဲ့ဘူး.. "

ဂျုံဒေးရဲ့ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာတယ်၊ သာမန်လူတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အပြစ်ကြီးတစ်ခုကို ကျူးလွန်မိခဲ့သလို ခံစားခဲ့ရတဲ့ နေ့ရက်တွေကို သူ ပြန်မတွေးချင်မိတာ အမှန်ပဲ၊ ဒါပေမဲ့ တဖြည်းဖြည်းအေးစက်လာတဲ့ လက်ချောင်းတွေကို ဆုတ်ထွေးရင်း အားတင်းထားခဲ့တယ်၊ ဒီနေ့ပဲဖြစ်ဖြစ် ဒီအရာတွေအားလုံးကို ဖွင့်ဟမပြောမိရင် နောင်တရနေလိမ့်မယ်လို့ သူ တွေးခဲ့မိတာကြောင့်ဖြစ်တယ်၊

"အတန်းဖော်တွေက ကျွန်တော့်ကို လှောင်မှာကြောက်တယ်၊ အဲ့ဒီ့အစ်ကိုက ရွံသွားမှာကို ရှက်တယ်၊ မိသားစု၊ အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ ကြားမှာ အပယ်ခံရမှာကို တွေးမိတိုင်း ထိတ်လန့်ပါတယ်၊ တစ်စုံတစ်ယောက်က ကျွန်တော့်ဘက်မှာ ရပ်တည်ပေးမယ်လို့ အပြည့်အ၀ မျှော်လင့်ခဲ့ပေမဲ့ အဲ့ဒီလိုသာ မဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေက ကျွန်တော့်ကို နေ့စဉ်ရက်ဆက် သတ်နေခဲ့ပါတယ်၊

တစ်ချို့ရက်တွေမှာ အသက်ရှူမရလောက်အောင်ထိ မွန်းကြပ်နာကျင်လွန်းလို့ တစ်စုံတစ်ယောက်ကိုတော့ ဖွင့်ပြောပြသင့်တယ်လို့ တွေးမိခဲ့ပေမဲ့.. ကျွန်တော် ဘယ်သူ့ကို ပြောပြရမလဲဆိုတာ မသိဘူး၊ ဘယ်သူက ကျွန်တော့်ဘက်မှာ အပြည့်အ၀ ရပ်တည်ပေးမလဲဆိုတာ သေချာမသိဘူး..

မိသားစု? တခြားသားသမီးတွေနဲ့ မတူတဲ့ကျွန်တော့်ကို ဆက်မချစ်တော့ရင် ဘယ်လိုလုပ်မလဲ၊
သူငယ်ချင်း? ကျွန်တော့်ကို လှောင်ပြောင်အနိုင်ကျင့်ကြရင် ဘယ်လိုလုပ်မလဲ၊
ဒါမှမဟုတ်.. အဲ့ဒီ့အစ်ကို.. ? ကျွန်တော့်ကို တစ်သက်လုံး မုန်းတီးခါးသက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ "

အဲ့ဒီလို ကြေကွဲမောဟိုက်တဲ့စကားမျိုးကို ကြားမှ ဒိုဇနီးမောင်နှံရဲ့ တင်းမာတဲ့မျက်နှာထားက တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သလို ဂျုံဒေးရဲ့ အသံတွေကလည်း တဆတ်ဆတ်ခါနေခဲ့တယ်၊ အဲ့ဒီ့အချိန်အခါမှ သူတို့တွေးမိခဲ့တယ်.. ယောက်ျားတစ်ယောက်ကို ချစ်ခဲ့မိလို့ မိဘနှစ်ပါးရဲ့ ဥပေက္ခာကို ရင်စည်းခံစားရတဲ့ သူတို့ရဲ့သားငယ်လေးက ဘယ်လောက်တောင် အထီးကျန်နာကျင်နေရရှာမလဲ..၊ သေပစ်မယ်လို့ ပြောခဲ့တာတွေက ခြိမ်းခြောက်တာ သက်သက်မဟုတ်ခဲ့ဘူးပဲ..၊

"အဲ့ဒါကြောင့် ယောကျ်ားတစ်ယောက်အပေါ်မှာ တွယ်တာမိတဲ့ ကိုယ့်စိတ်ကို ဖျက်ဆီးနိုင်ဖို့အတွက် အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့.. ကျွန်တော် မလုပ်နိုင်ခဲ့ဘူး၊ သာမန်လူတစ်ယောက်လို ရှင်သန်နေထိုင်ချင်ပေမဲ့.. အဲ့ဒီလိုဖြစ်အောင် ဟန်ဆောင်နေရင်းကနေ ကျွန်တော် အထီးကျန်လာတယ်၊ စိတ်ဓာတ်တွေ ကျလာတယ်၊ နောက်ဆုံး ကျွန်တော့်ကိုယ် ကျွန်တော် ရွံ့လာတယ်၊

ကျွန်တော့် စိတ်ထဲက လေးလံတဲ့ လျို့ဝှက်ချက်တွေကို အတင်းအကြပ် လိုက်လံဖုံးဖိရင်း တစ်နေ့မှာတော့ အပြင်းအထန် ဖျားနာလာတော့တယ်၊ အဲ့ဒီ့တုန်းကတော့ ကျွန်တော် စိတ်ပင်ပန်းလွန်းလို့ သေပစ်လိုက်ရင် ကောင်းမှာပဲ စိတ်ဒုံးဒုံးချ တွေးထားခဲ့ပေမဲ့၊ နိုးလာတဲ့အချိန်မှာ ပါးပါးက ကျွန်တော့်ရဲ့ လက်ကို ဆုတ်ကိုင်ရင်း ငိုနေခဲ့တယ်.. "

ရှည်လျားတဲ့ စကားအဆုံးမှာ ဂျုံဒေးက ပင့်သက်ရှိုက်မောရင်း ဇနီးမောင်နှံကို မော်ကြည့်လာတယ်၊ ခုနက မုန်းတီးရွံရှာနေတဲ့ လူကြီးမင်းဒိုရဲ့ သူ့အပေါ် ထားရှိတဲ့ စိတ်သဘောထားက မြူမှုန်လောက်ပဲဖြစ်ဖြစ် အနည်းငယ် ပြောင်းလဲလာပါစေလို့ မျှော်လင့်နေမိတယ်၊

" ပြီးတော့
ပါးပါးက စကားတစ်ခွန်းကို ထပ်ခါထပ်ခါရွတ်နေခဲ့တယ်၊

နားလည်ပါတယ်၊ သားက ဘယ်လိုပဲဖြစ်ဖြစ် ပါးပါးရဲ့ သားပါပဲ.. သားက ဘယ်လိုဖြစ်နေပါစေ ပါးပါးက အမြဲချစ်နေမှာပါ..၊ တစ်စုံတစ်ယောက်က မင်းကိုချစ်ပြီး အဲ့ဒါက မင်းကို ပျော်ရွှင်စေတယ်ဆိုရင် အဆင်ပြေပါတယ်.. တဲ့

အဲ့ဒီ့အချိန်မှာ ကျွန်တော်သိခဲ့တယ်၊
ကျွန်တော့်မှာ မိသားစုရှိတယ်၊ ကျွန်တော့်ကို နားလည်နွေးထွေးပေးမဲ့ မိသားစုဝင်တွေရှိနေခဲ့တယ်၊ နေပြန်ကောင်းသွားတဲ့အချိန်မှာ ကျွန်တော့်စိတ်တွေက တက်ကြွနေခဲ့တယ်၊ ကျွန်တော် ဘယ်သူကိုမှ ကြောက်လန့်နေတာမျိုးမရှိတော့ဘူး၊ ကျွန်တော် သတ္တိတွေရှိလာတယ်၊ ယောက်ျားတစ်ယောက်ကို ချစ်မိတာက ရှက်စရာမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်၊.. "

" မဟုတ်ဘူး! အဲ့ဒါက ရှက်စရာပဲ၊ ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်နေတဲ့ သားရဲ့ ဖခင်က ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြရမလဲ၊ မင်းရဲ့ အဖေကို မင်း မသနားဘူးလား.. မင်း-- "

လက်မခံနိုင်စရာစကားတွေကို တက်တက်ကြွကြွပြောနေတဲ့ ဒေါက်တာလေးရဲ့ ပုံစံကို မရှုစိမ့်လှတဲ့ လူကြီးမင်းဒိုက ဒေါသသံနဲ့ ဝင်ပြောတယ်၊ သူ့မိဘတွေက မရှက်တတ်လို့ လက်ခံတာကို ငါက ဘာလုပ်ရမှာလဲ၊ ငါတို့မှာ သိက္ခာတွေ၊ အရှက်တရားတွေရှိတယ်၊ လက်ခံပေးတာကသာ လွဲမှားတဲ့ အယူအဆပဲ ဟုတ်တယ်မလား၊

" အဲ့ဒါတွေက တကယ်ပဲ အရေးကြီးလို့လား "

ဂျုံဒေးက စကားကိုဖြတ်ပြီး မေးလိုက်တဲ့အချိန်မှာ လူကြီးမင်းဒိုက မျက်ခုံးတွေကြုံ့သွားတယ်၊ ဒီကောင်လေးက ဘာကိုဆိုလိုချင်တာလဲ၊ နှုတ်ခမ်းလေးတွန့်အောင် ပြုံးလာတဲ့ ဂျုံဒေးကတော့ ပြတ်သားတည်ငြိမ်နေတဲ့ မျက်နှာအနေအထားမျိုးနဲ့ သူ့ကို ထပ်မေးလာတယ်၊

"ကျွန်တော်မေးတာကိုဖြေပါ၊ ဂုဏ်ဒြပ်တွေ၊ ပတ်ဝန်းကျင်ဆီက ကောက်ချက်တွေ၊ အတင်းအဖျင်းတွေက ဦးလေးရဲ့ သားကို ဆုံးရှုံးရမှာထက် ပိုပြီး အရေးကြီးလို့လား ၊ "

လူကြီးမင်းဒိုရဲ့ နှုတ်ခမ်းတွေက ခပ်တင်းတင်းစေ့သွားတယ်၊ သူ မဖြေနိုင်ဘူး၊ မဖြေနိုင်ခဲ့ဘူး၊ ဒီနှစ်ပိုင်းတွေမှာ သူ့သားငယ်ရဲ့ အသက်မပါတဲ့ မျက်ဝန်းတွေ၊ သူ့မြတ်နိုးတဲ့ ယောက်ျားကိုလက်ခံပေးဖို့ တောင်းဆိုဆန္ဒပြတာတွေ ၊ သေပစ်ဖို့ခြိမ်းခြောက်စကားတွေကို ရင်ဆိုင်ခဲ့ရတာက သူ့အတွက် လုံလောက်နေခဲ့ပြီမလား၊ အဲ့ဒီ့အချိန်မှ ဂျုံဒေးက ယုံကြည်မှုရှိရှိ ဆက်ပြောလာခဲ့တယ်၊

"လူငယ်တွေက သူတို့ရဲ့ဖြစ်တည်မှုအတွက်၊ သူတို့ရွေးချယ်လိုက်တဲ့ လမ်းတွေအတွက် ဒုက္ခတွေ၊ အမှားတွေ၊ ဝေဖန်မှုတွေကို တဆင့်ချင်းနင်းဖြတ်ပြီး သန်မာလာဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ ၊ ကျွန်တော်တို့က မုန်တိုင်းထဲမှာပဲ အမြဲရှင်သန်ချင်ခဲ့တာမျိုး၊ အချိန်တိုင်းမှာ အကြောင်းပြချက်မရှိ လဲသေချင်နေတာမျိုးမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ နှလုံးသား တစ်နေရာမှာ နွေးထွေးတဲ့ အိမ်၊ နားလည်ပေးနိုင်တဲ့မိသားစု ရှိနေလို့သာ အရာရာကို တောင့်ခံနိုင်ခဲ့ကြတာပါ "

ဆေးနံ့ထုံသင်းတဲ့ လူနာခင်းထဲမှာ ဂျုံဒေးတစ်ယောက်တည်းပဲ ရှိနေသလားလို့ အောက်မေ့ရလောက်အောင်ထိ သူတို့နှစ်ယောက်လုံးတိတ်ဆိတ်နေမိခဲ့ကြတယ်၊

" နောက်.. ထပ်ပြီး ဝန်ခံစရာရှိပါတယ်၊
အဲ့ဒီ့နေ့က အစ်ကိုဂျောင်ဆူးရဲ့အသက်ကို ကျွန်တော် ကယ်တင်နိုင်ခဲ့တာမဟုတ်ပါဘူး၊ သေကြောင်းကြံခဲ့တဲ့ ချစ်သူကို အရင်ဆုံးရှာတွေ့ပြီး အချိန်မှီဆေးရုံပို့ပေးခဲ့တဲ့ ကိုကြီးဂျုံအင်က ကယ်ပေးခဲ့တာပါ၊

အဲ့ဒါကြောင့် အသက်သခင်ကျေးဇူးရှင်ရယ်လို့ သတ်မှတ်ချင်တယ်ဆိုရင် ကျွန်တော့်ကို မသတ်မှတ်ပဲ တကယ် ကယ်တင်ခဲ့တဲ့ ဗိုလ်ကြီးဂင်မ်ဂျုံအင်းကို ကျေးဇူးတင်လိုက်ပါ၊ ဦးလေးရဲ့ သားနဲ့ ကျွန်တော့်အစ်ကိုရဲ့ အချစ်ရေးကိုလည်း သေချာပြန်စဉ်းစားကြည့်ပေးဖို့ တောင်းဆိုပါတယ်၊

မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို နားလည်သေးရင်
အချိန်မလွန်ခင် အမှန်တရားကို မြင်နိုင်ဖို့ မျှော်လင့်ပါတယ် "

နေရာကနေ ဆတ်ခနဲ ထရပ်လိုက်တဲ့ ဒေါက်တာလေးက နောက်ဆုံးစကားကို စွာတာတာလေသံလေးနဲ့ပြောလာတာမို့ လူကြီးမင်းဂင်ရဲ့ မျက်နှာပြင်က ရေနွေးပူပူနဲ့ ပက်ခံလိုက်ရသလိုမျိုး နီမြန်းသွားတယ်၊

" မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား.. "

မော်ကြည့်လာတဲ့ မျက်လုံးအိမ်လေးတွေက ခုနကနဲ့ မတူပဲ ရဲရဲဝင့်ဝင့် ရှိလှတယ်၊ ဒီကောင်လေးက ဘာကြောင့်များ ရုတ်တရက်ကြီး သတ္တိတွေ ရှိသွားရတာလဲ.. ၊

အမှန်တကယ်ကတော့ ပေါက်စဂျုံဒေးက ဘာအကြောင်းပြချက်ကြောင့်မှမဟုတ်ပဲ၊ ဒီဦးဦးနဲ့ ဒေါ်ဒေါ်က ချောမောပြည့်စုံတဲ့ သူ့အစ်ကိုကို သဘောမတူနိုင်တဲ့ အကြောင်းကို အခုမှ သူ့ဟာသူ တွေးမိပြီး မခံမရပ်နိုင်ဖြစ်သွားခြင်း..

" ဟုတ်ကဲ့၊ ခြိမ်းခြောက်နေတာပါ၊
အဲ့ဒါကြောင့် ခြိမ်းခြောက်တာက အလုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ် "

" ဒီကောင်! "

ပြောပြီးပြီးချင်း ချာခနဲ လှည့်ထွက်သွားတဲ့ ဆရာဝန်လေးက တံခါးကိုတောင် ဝုန်းခနဲ ဆောင့်ပိတ်သွားတာကြောင့် လူကြီးမင်းဒိုရဲ့ ပျော့ပျောင်းနေတဲ့စိတ်အစုံက ချက်ချင်းကို အဝေးလွင့်ထွက်သွားတော့တယ်၊ ထောင်းခနဲ ဒေါသထွက်လာပေမဲ့လည်း ချစ်ဇနီးရဲ့ တားမြစ်မှုမှာ ဘာမှမလုပ်နိုင်တော့ပဲ တောက်တခေါက်ခေါက်နဲ့ ငြိမ်ပြီး ကျန်ခဲ့တော့တယ်...

-

-

-

-

-

" ဂျုံဒေး.. "

ငိုမဲ့မဲ့ရုပ်လေးနဲ့ လူနာခန်းထဲက ထွက်လာတဲ့ ဆရာဝန်ပေါက်စကြောင့် ရိဖန်ရင်ထဲ ထိတ်ခနဲဖြစ်သွားရတယ်၊ ဒီကလေး ဘာဖြစ်ခဲ့ပြီလဲ၊ ဂျောင်ဆူးရဲ့ မိဘတွေကများ လွန်လွန်ကျူးကျူး နှင်ထုတ်လွှတ်လို့များလား၊ ကလေးကို စိတ်ထိခိုက်အောင် လုပ်လိုက်တာများလား..

သူ့အမေးကို မဖြေနိုင်သေးတဲ့ ဒေါက်တာပေါက်စက ဒူးလေးနှစ်ဖက်ကို ငုံ့ပွတ်ရင်း အလုပ်ရှုပ်နေတာကြောင့် စိုးရိမ်တကြီးနဲ့ ဘောင်းဘီပွပွလေးကို မြှောက်ကြည့်တော့ နီရဲလို့နေတယ်၊ စိတ်ထဲမှာ ဆစ်ခနဲဖြစ်သွားရင်း အစောကတည်းက ဒီကလေးကို ဝင်ခွင့်မပေးလိုက်ရမှာ လို့ တွေးပြီး သူ နောင်တရသွားမိတယ်၊

"ဘာဖြစ်တာလဲ၊ ဒူးထောက်ခဲ့တာလား "

"ဟုတ်.. ဒူးထောက်ခဲ့တယ်၊ ဒါပေမဲ့..
ဒူးထောက်ခဲ့ပေမဲ့လည်း ပြန်အော်ခဲ့တယ်..
အားး.. ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ကြောင့် ပိုပြီး သဘောမတူတော့ရင် ဘယ်လိုလုပ်မလဲ.. "

" မင်းကတော့ကွာ.. ဟေ့.. ဟေ့
ကိုယ့်ဆံပင်ကိုယ် ပြန်မဆွဲနဲ့လေ.. မနာဘူးလား "

အာဗြဲနေအောင် အော်ဟစ်ပြီး သူ့ဆံပင်သူ ပြန်ဆောင့်ဆွဲနေတဲ့ ပေါက်စကြောင့် လက်သီးဆုတ်သေးသေးလေးကို လိုက်ဖမ်းရင်း ဟန့်လိုက်ရတယ်၊

အဲ့ဲဒီ့အခါမှ စိတ်ရှုပ်ထွေးတဲ့ မျက်နှာလေးနဲ့ လူကို ပြန်မော့ကြည့်လာတာမို့ ရိဖန် စိတ်သက်သာရာရပြီး ရယ်ချင်သွားပေမဲ့လည်း၊ ရုပ်တည်ထားရင်း ရှုပ်ဖွာသွားတဲ့ ဆံပင်နုနုလေးတွေကို ဂရုတစိုက် သပ်တင်ပေးမိတယ်၊ ဒါတောင် ပိစိကောင်လေးက သူမေးစေ့လေးကို သူ လက်ညိုးလေးနဲ့ ထိုးရင်း အတည်ပေါက်ပုံစံလေးနဲ့ပြောလာသေး..

" ကိုကြီး.. ကျွန်တော်လေ စိတ်မမှန်တော့ဘူးထင်တယ်၊ ကိုကိုမင်ဆော့နဲ့ ဆွေးနွေးသင့်နေပြီလား "

ကြံကြံဖန်ဖန်စကားလေးကြောင့် ရိဖန်ခမျာ ရယ်ရအခက် ငိုရအခက်၊ ဒါပေမဲ့လည်း ချီးကျူးမိပါသည်၊ သူ့အစ်ကိုအတွက် ဒူးထောက်ခဲ့သည်တဲ့..၊ တစ်မိုးအောက် စွာတေးလေး ဂင်ဂျုံဒေးကလေ ..! အင်း.. သူ့အစ်ကိုကို တော်တော်ချစ်ရှာတာပဲ၊

"တော်တယ်.. "

ခေါင်းလေးကို ပုတ်ပြီး ချီးကျူးလိုက်ရင်း နေရာကနေ လှည့်ထွက်ခဲ့တော့.. အနောက်ကနေ ခုန်ပေါက်လို့လိုက်လာရင်း.. စွာကျယ်စွာကျယ်လေသံလေးနဲ့ ပြန်မေးတယ်၊ ရိဖန်ကတော့ ခေါင်းကိုက်နေပြီ၊ ဒီကောင်လေးပျောက်နေတာကို ဘယ်သူကမှ လာမရှာကြတော့ဘူးလား..

"ပြန်အော်ခဲ့တာက တော်တာလား ၊ ဝါး.. အခုမှ တွေးကြည့်မိတယ်၊ ကျွန်တော်က အသေမိုက်တယ်နော်၊ တံခါးကိုတောင် ဝုန်းခနဲ ဆောင့်ပိတ်ပစ်ခဲ့တာ.. ဂင်ဂျုံဒေးက ယောကျ်ားပီသတယ်၊ ဂင်ဂျုံဒေးက အတော်ဆုံး၊ ဂင်ဂျုံဒေးက စူပါမန်းးးးး"

ဆူပွက်နေတဲ့ ပေါက်ကရအပြောကြောင့် သူ့ ခြေလှမ်းတွေရပ်သွားတော့ တဟီးဟီးရယ်ပြတဲ့ကလေးက မျက်မှောင်ကြုတ်ပြီး ရုပ်တည်လုပ်ပြနေတဲ့ ရိဖန်ရဲ့လက်မောင်းကို ပါးအိအိလေးနဲ့ပွတ်သပ်ပြီး ကြောင်လေးတစ်ကောင်လို လာချွဲတယ်၊ ကောင်းတယ်! မင်းလေးပဲ ငါ့ကို မကြောက်နေလိုက်! ငါ့ရည်းစားနဲ့ အိုဟွန်းငယ်တောင် ဒီလိုကပ်မချွဲရဲဘူး!

"ပါးတွေပွန်းကုန်မယ် ငြိမ်ငြိမ်နေ..
ဒါနဲ့ မင်းက ဂျွန်မြောင်တို့နဲ့ ပါလာတာမလား.. "

" အွန်း "

ခေါင်းလေးကို လက်ညိုးလေးနဲ့ ပြန်တွန်းရင်းမေးတော့ ကျေနပ်နေတဲ့ရုပ်လေးနဲ့ မေးလေး တဆတ်ဆတ် ငြိမ့်ပြတယ်၊ အေး! လုပ်ချင်ရာသာ လုပ်နေလိုက်တော့..၊ ဒီအချိန်လောက်ဆို ဟိုသည်းသည်းလှုပ်ယုန်ပုလုံးက သူ့ဂျုနီပေါက်စပျောက်လို့ ပျာယာခတ်နေတော့မှာ..

" မင့်စီနီယာက ၅ထပ်မှာ တက်သွား၊ ညာဘက်ကို တည့်တည့်ချိုး.. ကော်ရစ်တာအဆုံးက အခန်းနံပါတ် 1204 မှာ.. "

" မသွားတတ်ပါဘူး "

"အော်.. အေး.. အေး..
မသွားတတ်ရင် ဘယ်ခြေထောက်လေးနဲ့ ဒီအထိရောက်လာတာလဲ.. ပြောစမ်း.. "

ရိဖန်က မျက်မှောင်ကုတ်၊ ခါးထောက်ပြီး အသံမာမာနဲ့ ဆူတော့ မွတ်မွတ်လည်ပန်ကာလေး ဂျုံဒေးက သူ့နှုတ်ခမ်းဖျားလေးတွေ ကော့တတ်တဲ့အထိ လူကို အတင်းရယ်ပြပြီး မျက်နှာချိုသွေးတယ်၊ လုပ်နေတဲ့ရုပ်လေးကို အူယားလွန်းတာကြောင့် သူ့လက်သီးဆုတ်အကြီးကြီးနဲ့ ခေါင်းလုံးလုံးလေးကို ဂွတ်ခနဲ ထုလိုက်တော့ မျက်နှာလေးမဲ့ပြီး ခပ်စူးစူးအော်တော့တာပဲ၊

" နာတယ်.. နာတယ်လို့! "

" နားငြီးတယ်.. ဒိုင်နိုဆောပေါက်စရဲ့ "

" အိ "

အသံမထွက်နိုင်အောင် ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ ဆွဲညှစ်တော့၊ ပိစိကောင်က သူ့လက်နှစ်ဖက်ကို ဆန့်လို့ ရိဖန်ရဲ့ မျက်နှာဆီ ပြန်လှမ်းရင်း ရန်လုပ်တယ်၊ ဒါပေမဲ့ သူ့လက်ချောင်းတိုတိုလေးတွေက ရိဖန်မျက်နှာဆီသို့ မရောက်နိုင်၊ မရနိုင်တဲ့အဆုံး ခြေဖျားလေးကို ထောက်ကာ ထောက်ကာနဲ့ ပုခုံးတွေကို တဖတ်ဖတ်ထုပစ်တယ်၊ နောက်ဆုံးစိတ်မရှည်တဲ့ ဗိုလ်မှူးကြီးက ကလေးပေါက်စရဲ့တစ်ကိုယ်လုံးကို ခါးကနေ ဆွေ့ခနဲ မမြှောက်လိုက်တော့ ရိဖန်ရဲ့လက်ထဲမှာ အရုပ်လေးလို ကွိခနဲပါသွားရပြန်တယ်၊

"ဆိုးတဲ့ကလေးတွေကို ဝရန်တာကနေ ဝှီးခနဲ လွှင့်ပစ်ရမယ် "

" အာ့.. မလုပ်ပါနဲ့! "

ချီမထားတဲ့ ကိုယ်သေးသေးလေးကို ဝရန်တာဘက်ဆီ စောင်းငဲ့ချ လှုပ်ယမ်းခါရင်း စတော့၊ ပိစိကောင်က လူကို အတင်းကုတ်ကပ်တွယ် ဖက်ထားရင်း မျက်လုံးစုံမှိတ်လို့အော်တယ်၊ အဲ့တာကို သဘောကျနေတဲ့ ရိဖန်က လူယုတ်မာလို ရယ်ရင်း ဆက်ပြီးတောင် ခြိမ်းခြောက်လိုက်သေးတယ်၊

" ကြောက်ပြီလား ဟမ်! ကြောက်ပြီလား "

" အား... ကြောက်ပါပြီခင်ဗျ "

ပြန်ဖြေသံလေးက ရိုးရိုးကျိုးကျိုး၊ အခုမှ အချိုးပြေသွားတဲ့ ဆရာဝန်ပေါက်စကြောင့် ရိဖန်က စိတ်ကျေနပ်သွားပြီး ချီမထားရာကနေ သာသာယာယာလေးချပေးလိုက်တယ်၊ ဟန်ချက်ပျက်ပြီး ယိုင်သွားတဲ့ ခန္ဓာကိုယ်သေးသေးလေးကို သူ့မှာ အားမရ ။

" ကြည့်စမ်း၊ လူလေးက ပိစိညှောက်တောက်သေးကွေးနေတာပဲ၊ မင်းရော မင်းရဲ့ စီနီယာရော တစ်ပုံစံတည်း! နှစ်ယောက်သား အရပ်ကလည်း ၆ ပေအောက်ကနေ တက်မလာဘူး.. အစားများများစားစမ်း "

စိတ်ပူပူနဲ့ ပွစိပွစိဆူတော့.. ဟိုကလေးက သူ့ကို ပုတယ်ပြောလို့.. ရိဖန်ကို မျက်စောင်းတထိုးထိုးနဲ့ နှုတ်ခမ်းက တစ်ထောင်လောက်ထော်ထွက်လာတယ်၊ " ဘာလဲ " လို့ ပြန်ဟောက်လိုက်ရင်း နဖူးလေးကို လက်ညိုးနဲ့တွန်းလိုက်တော့ ခေါင်းလေးက အနောက်ကို အင့်ခနဲ ရောက်သွားပြီး မနာပေမဲ့လည်း မျက်နှာလေးမဲ့ပြီး အော်ငိုမဲ့ရုပ်လေးဖြစ်လာပြန်တယ်၊

"အာားးး! စစ်သားဖြစ်ပြီး ပြည်သူကို အနိုင်ကျင့်တယ်! စိတ်ဒုက္ခပေးတယ်! ကိုကိုနဲ့ တိုင်မယ်! ကိုကြီးဂျုံအင်နဲ့ တိုင်မယ်! "

" တိုင်ပေါ့! တိုင်ပေါ့!
ငါက ဘာလုပ်ရမှာလဲ! "

" ဦးဦးသမ္မတနဲ့လည်း တိုင်မယ်! "

ဒီစကားကိုတော့ ရိဖန်က ဘာမှမကြားလိုက်သလို ဟန်ဆောင်လျစ်လျူရှုရင်း ထွက်သွားတော့ ဟိုကလေးက အနောက်ကနေ ကောက်ကောက်ပါအောင် လိုက်လာပြန်တယ်၊

ဒုဗိုလ်ဒိုဂျောင်ဆူးရဲ့ အခန်းရှေ့မှာ အစောကတည်းက ရပ်နေခဲ့တဲ့ တပ်သားငယ်လေးကတော့ သူ့ကိုရှိနေတယ်လို့တောင် အသိအမှတ်မပြုပဲ၊ တစ်ယောက်တစ်ခွန်း အပြိုင်ပြောရင်း ကပ်ကပ်လန်အောင် ရန်ဖြစ်နေကြတဲ့ ကောင်ငယ်လေးနဲ့ ဗိုလ်မှူးကြီးကို တအံ့တသြငေးနေတယ်၊ ဘာလဲ! ဒါက ငါတို့ရဲ့ ဗိုလ်မှူးကြီးအစစ်ရော ဟုတ်ရဲ့လား!! လူစားထိုးခံလိုက်ရတာများလား!!!

" လာ.. ဓာတ်လှေကားထိ လိုက်ပို့မယ် "

" အခန်းထိလိုက်ပို့.. ! "

" မရဘူး၊ ငါ မအားဘူး "

"ဟာ.. အဲ့ဲဒီလိုနဲ့ ကျွန်တော် တကယ် လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ "

" မင်းက ကလေးလား! "

ရိဖန်က မျက်လုံးတွေကို မှေးပြီး ရုပ်တည်ကြီးလုပ်ရင်း ကလေးပိစိကို ဝေဖန်တယ်၊ ပြီးတာနဲ့ သူ့လက်အကြီးကြီးနဲ့ ဂျုံဒေးရဲ့ လည်ဂုတ်ကို ဖိညှစ်လိုက်တာကြောင့် ဟိုကလေးက မကြိုက်ဟန်နဲ့ တွန့်လိမ်နေအောင် ရုန်းတယ်၊ မကျေမနပ်ဖြစ်နေတဲ့ ရုပ်လေးက တကယ်ကို ချစ်စရာကောင်းနေတာမို့ ရိဖန်က ပိုစချင်စိတ်တွေ ဖြစ်သွားရတယ်၊ ဒီလိုပုံစံလေးက အတူကြီးပြင်းခဲ့ရတဲ့ ဟိုးအတိတ်တွေကို သတိရစေတာအမှန်ပဲ..

ဖခင်ချင်း ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်.. သူတို့နှစ်ဖက်မိသားစုက ဆွေမျိုးရင်းချာတွေလိုမျိုး နေထိုင်ခဲ့ကြတယ်၊ အဲ့ဒါကြောင့် ဂျုံအင် နဲ့ ဂျုံဒေးက သူတို့အတွက် ညီအစ်ကိုရင်းတွေလိုပဲ၊ အထူးသဖြင့် သူ့အိမ်တော်မှာလည်း ဗိုလ်လုပ်ရတဲ့ သခင်လေးဂျုံဒေးက ရိဖန်တို့အိမ်အထိ နယ်မြေချဲ့ထွင်ပြီး ဗိုလ်ကျတဲ့ ကလေးလေးဖြစ်တယ်၊ ဟွန်းငယ်လေး မွေးလာတော့.. အငယ်နေရာလုပြီး နှစ်ယောက်သား ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်နေကြလွန်းလို့လည်း.. လိုက်ဆွဲရတာကလည်း.. အခါခါ၊

အဲ့ဒီလို ကြည်နူးရိုးရှင်းတဲ့ကလေးဘဝကို ပြန်လည်လွမ်းဆွတ်သွားမိတဲ့ ဗိုလ်မှူးကြီးရဲ့မျက်နှာပြင်က ပြုံးယောင်သန်းသွားပြီး ဂျုံဒေးရဲ့ ခေါင်းကို ခပ်ဖွဖွကိုင်တယ်၊

" အေးပါ.. ငါ မှားသွားတယ်၊
မင်းက ကလေး ပဲ.. ရှိသေးတာကိုး "

ဆရာဝန်ပေါက်စကတော့ သူ့ကို ရုတ်တရက်ကြီး ကြင်နာပြတဲ့ ရိဖန်ကို သံသယမျက်လုံးလေးနဲ့ စူးစူးစမ်းစမ်းမော်ကြည့်လာတယ်၊ ပြီးမှ "အချိုသပ်ပြီး ချန်ထားခဲ့ဖို့ တွေးမနေနဲ့" လို့ စူပွပွပြောရင်း ရိဖန်ရဲ့ လက်မောင်းကို သူ့လက်ကလေးနှစ်ဖက်နဲ့ ခပ်တင်းတင်းဖက်ချိတ်လိုက်တဲ့ အမူအယာကြောင့် သူ့မှာ သဘောကျပြီး အော်ရယ်မိလိုက်သေးတယ်....။

" ဒါနဲ့.. ဂျုံဒေး.. "

" ဗျာ.. "

သိမ့်ခနဲ မြင့်တက်သွားသလို ခံစားလိုက်ရတဲ့ ဓာတ်လှေကားအလုံပိတ်ခန်းထဲမှာ ရိဖန်က တွေးစရာတွေ များပြားနေခဲ့တယ်၊ အမှန်တိုင်းပြောရရင် ငယ်ရွယ်တဲ့ ကောင်လေးက ဒုဗိုလ်ဂျောင်ဆူးရဲ့ မိဘတွေကို အပြစ်တင်ဆူပူခဲ့တဲ့ စကားတွေအားလုံးကို အခန်းရှေ့မှာ ရပ်နေတုန်းက သူ အပြည့်အ၀ ကြားခဲ့ရတာဖြစ်တယ်၊

အတိတ်က နေ့ရက်တွေထဲမှာ ဒီကောင်ငယ်လေး ဘယ်တုန်းကမှ မခံစားခဲ့ရဘူးလို့ ထင်မိခဲ့တဲ့ သောကဝေဒနာတွေကို သိလိုက်တော့ အံ့အားသင့်ပြီး ထွေးပွေ့ပေးချင်ခဲ့ပေမဲ့ အခုချိန်မှာတော့ မသိချင်ယောင်ဆောင်ပေးလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ တွေးမိလိုက်တယ်၊

ဒါပေမဲ့..
ဒီလိုမေးခွန်းကိုတော့ မေးကြည့်ချင်မိတယ်၊

" မင်းသိထားတဲ့ မိသားစုဆိုတာ ဘယ်လိုမျိုးလဲ "

ရုတ်တရက်ဆန်တဲ့ အမေးစကားကြောင့် နှုတ်ခမ်းလေးဟသွားပြီး သူရှိရာကို ခေါင်းလည်လာတဲ့ ဂျုံဒေးက အဖြေစကားကို ပေါ့ပျက်ပျက် မဖြေချင်ဟန်နဲ့ မျက်ခုံးလေး ကြုံ့သွားတယ်၊နောက်.. ငါးစက္ကန့်နီးပါး ခဏတာ စဉ်းစားပြီးသွားမှ သူ့မျက်လုံးတွေဆီကနေ အကြည့်လွှဲရင်း တိုးညှင်းညင်သာစွာ ဖြေတယ်၊

"အဆိုး၊အကောင်းအလှည့်အပြောင်းတွေမှာ ကြံ့ကြံ့ခံရှိပေးတဲ့လူတွေ၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို မယုံကြည်တော့တဲ့အချိန်၊ ဒုက္ခတွေပြည့်နေတဲ့အချိန်တွေမှာ ကိုယ့်ဘက်ကနေပြီး မားမားမတ်မတ် ရပ်တည်ပေးတဲ့လူတွေ..

အင်း..
သေချာပြန်တွေးကြည့်တော့လည်း..
မိသားစုဆိုတာမျိုးက သွေးသားတော်စပ်မှုတစ်ခုတည်းနဲ့ အတိအကျ သတ်မှတ်ထားတာရယ်လို့တော့ မဟုတ်ဘူး ထင်တယ်နော်.. "

ရိဖန်ဆီကို မော်ကြည့်လာတဲ့ မျက်လုံးအိမ်တောက်တောက်လေးတွေထဲမှာ ယုံကြည်ပြတ်သားမှုတွေ လင်းလက်နေခဲ့တယ်..၊

.

.

.

.

" မိသားစု " ဆိုတဲ့ အဓိပ္ပါယ်ကို သိလား..၊

အခက်အခဲဆုံးအချိန်မှာ မင်းကို ရိုက်မချမဲ့လူတွေ..

အဆိုးဆုံးအခြေအနေမှာတောင်
မင်းကို ကာကွယ်ဖို့ မမေ့လျော့ပဲ၊
ဘယ်တော့မှ ချန်မထားရစ်ခဲ့မဲ့လူတွေ..

မင်းက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ
မင်းကို နားလည်ပြီး ဆက်ချစ်နေပေးဦးမယ့်လူတွေ..

သွေးသားရင်းနှီးခဲ့ပေမဲ့လည်း..
မိသားစု မဆန်တဲ့လူမျိုးတွေက..
လက်တွေ့ဘဝမှာ အမှန်တကယ် တည်ရှိခဲ့ကြတယ်..၊

________________________________________
" ဟျွန်းက.. အကြာကြီး အိပ်နေတယ် "

မျက်လုံးအိမ်တွေ နီမြန်းနေတဲ့ ချန်းယောလ်ရဲ့ အသံက အင်မတန် နာကျင်ကြေကွဲနေခဲ့တယ်၊ သက်ပြင်းလျလျချမိတဲ့ ဂျွန်မြောင်က အရေးပေါ်စောင့်ကြပ်ခန်းထဲမှာ ရှိနေတဲ့ ဘတ်ဟျွန်းကို မှန်တစ်ချပ်ခြားလို့ ဦးညွှတ် နှုတ်ဆက်လိုက်ရတယ်၊ ဝင်တွေ့ချင်ပေမဲ့လည်း ဧည့်တွေ့ချိန်က ကုန်ဆုံးသွားတာကြောင့် ဂျွန်မြောင်နဲ့ ရှောင်းကျန့်က ချန်းယောလ်နဲ့အတူ အပြင်ဘက်ခုံတန်းမှာသာ ထိုင်နေရခြင်း..။ ကျန်းရီရှင်းကတော့ မရင်းနှီးတဲ့ လူမို့လို့ မနှောင့်ယှက်ချင်တဲ့ သဘောနဲ့ အဝေးကနေသာ ခပ်လှမ်းလှမ်း ရပ်နေခဲ့တယ်၊

နှလုံးခွဲစိတ်မှုက အောင်မြင်အဆင်ပြေခဲ့ပေမဲ့လည်း၊ နိုးထမလာရတဲ့ အကြောင်းအရာက ဘာကြောင့်ရယ်လို့ ပြတ်ပြတ်သားသား ရှာမတွေ့၊ နောက်ဆုံး ကြံရာမရတော့တဲ့ ခွဲစိတ်ဆရာဝန်ကြီးဆီက စိတ်ရောဂါအထူးကု ( Psychiatrist ) နဲ့ တိုင်ပင်ပြီး ရက်ရက်စက်စက် ကောက်ချက်ချလိုက်တယ်၊ လူနာက တောင့်ခံပြီးအသက်ရှင်ချင်တဲ့စိတ်မျိုးမရှိတာကြောင့်.. ၊ လူနာကိုယ်တိုင်က စိတ်ဓာတ်ကျပြီး ခုခံမတိုက်ခိုက်ချင်တဲ့အခါမျိုးဆို.. နိုးထလာဖို့ ခက်ခဲပါတယ်တဲ့..

ဘာလို့လဲ..

စောင့်ကြိုနေမဲ့လူတစ်ယောက်လုံးရှိတာကို.. ဘာကြောင့်များ နိုးမထချင်ရတာလဲလို့ အော်ဟစ်မေးမိတာ အကြိမ်ကြိမ်အခါခါ၊ ဘယ်လောက်ပဲ လည်ချောင်းကွဲအောင် မေးခဲ့၊ မေးခဲ့၊ အနည်းငယ်လေးတောင် လှုပ်ရှားမလာတဲ့ လက်ချောင်းတွေက သူ့နှလုံးသားတွေကို တစစီရိုက်ချိုးဖဲ့ပစ်တယ်၊ ဒီလိုနဲ့ပဲ တမ်းတလွမ်းဆွတ်၊ကြေကွဲခြင်း သံသရာမှာ လည်ပတ်နေရရင်း အချိန်ကြာလာတဲ့အခါ ကြံရာမရတော့တဲ့ ချန်းယောလ်က မိုးကောင်းကင်ကို မော့ကြည့်မိပြီး အကြိမ်ကြိမ်အခါခါ အကူအညီတောင်းမိတယ်..

'ကျွန်တော့်အတွက် ဒီလူသားကို ပြန်ခေါ်ပေးပါ၊၊
သူ သတိရလာဖို့ ကျွန်တော့်အသက်ကို ပေးလို့ရရင် ပေးလိုက်မှာမို့..မပြောခွင့်ရလိုက်တဲ့ စကားတွေကိုတော့ သူ့ကို သိခွင့်ပေးပါ.. ၊ နောင်တတရားတွေကို အရူးတစ်ယောက်လို ရင်ဝယ်ပိုက်ထားတဲ့ အဲ့ဒီလူကို ချစ်မြတ်နိုးနေခဲ့တဲ့အကြောင်း၊ ခွင့်လွှတ်ပါတယ်ဆိုတဲ့ အကြောင်းတွေ ပြောခွင့်ရဖို့အတွက်.. တစ်ကြိမ်လောက်ပဲ အခွင့်အရေးပေးပါ.. ' ဆိုပြီး နေ့တိုင်း ဆုတောင်းမိတယ်၊

ဒါပေမဲ့..
တစ်ချိန်တည်းမှာပဲ ဆုတောင်းရုံကလွဲရင် ဘာမှမတက်နိုင်တော့တဲ့ ကိုယ့်အဖြစ်ကိုယ်တွေးပြီး မျက်ရည်ထွက်အောင် ရယ်မိတယ်၊ ရင်နှစ်ခြမ်းကွဲလုမတတ် ငိုကြွေးလို့တောင်းဆိုခဲ့ရပေမဲ့လည်း.. အခုချိန်ထိ ကိုယ့်ဆုတောင်းဟာ ကြားနာခြင်းမခံခဲ့ရတော့.. ဘာဆက်လုပ်ရမှာလဲ...

" ချန်းယောလ်.. "

" ခဏလောက် နားလိုက်ပါလား.. "

ပိန်ပါးဖျော့တော့နေတဲ့ ချန်းယောလ်ရဲ့ ပုံစံက နေ့ရက်ပေါင်းမြောက်များစွာ အိပ်မပျော်ခဲ့တဲ့ပုံပေါ်တာမို့ ဂျွန်မြောင်က ကျောပြင်ကို ခပ်ဖွဖွပွတ်ရင်း နှစ်သိမ့်ချော့မော့တယ်၊ ခေါင်းကို လေးတွဲ့တွဲ့ရမ်းလာတဲ့ ဒေါက်တာလေးရဲ့မျက်နှာပြင်က အက်ရှကွဲကြေနေတဲ့ အပြုံးတစ်ပွင့်ကို ခါးသက်သက်ချိတ်ဆွဲလို့ထားတယ်၊

"ကျွန်တော်.. မအိပ်ရဲဘူး၊ အိပ်ပျော်သွားရင် ဟျွန်းကို အပြီးအပိုင် ဆုံးရှုံးလိုက်ရတယ်လို့ အိပ်မက်မက်တယ်၊ အမြဲတမ်း အဲ့ဒီလို အိမ်မက်မျိုးကို ထပ်တလဲလဲမက်ပြီး လန့်နိုးလာရတယ်၊ အဲ့ဒီ့အိမ်မက်က တကယ်ဖြစ်လာမှာကို ကြောက်ပြီး.. ထိတ်လန့်လွန်းလို့ ကျွန်တော်.. မအိပ်ရဲဘူး..

ကျွန်တော်ကလေ.. သူ့ကို အကြိမ်ပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရတာ..၊ နောက်ထပ် ဆက်ပြီးသာ လက်လွှတ်ခွင့်ပေးလိုက်ရရင် ရူးသွားတော့မယ်ထင်တယ်.."

ဖွင့်ဟဝန်ခံစကားဟာ ရိုးရှင်းပြီး ရင်နာရတယ်၊ စိတ်မကောင်းဖြစ်သွားတဲ့ ရှောင်းကျန့်က ဆေးပိုက်ကြီး၊ ပိုက်ငယ်သွယ်ထားရတဲ့ ဗိုလ်မှူးဘတ်ဟျွန်းရှိရာ ကုတင်ကို မျက်လုံးလေး ဝေ့ကြည့်တယ်၊ ဒဏ်ရာဒဏ်ရာချက်ပေါင်းများစွာကြောင့် ပတ်တီးအလျိုလျိုရစ်ပတ်ထားတဲ့ ကိုယ်ခန္ဓာကို ချိတ်ဆက်ဖော်ပြထားတဲ့ နှလုံးခုန်နှုန်းက ပုံမှန်ထက် အနည်းငယ်လျော့ကျလို့နေတယ်၊

ဘတ်ဟျွန်းရေ.. မင်း နိုးလာသင့်ပြီ.. ထင်တယ်

" ဟျွန်း.."

" ဘတ်ဟျွန်း.. "

" ဗြောင်ဘတ်ဟျွန်း.. "

" ကျေးဇူးပြုပြီး.. "

တစ်စုံတစ်ယောက်ဆီက တောင်းတလွမ်းဆွတ်တဲ့ ခေါ်ဆိုသံတွေက မှောင်မိုက်အေးစက်တဲ့ ပတ်ဝန်းကျင်ကို ကျော်ဖြတ်ပြီး သူ့နှလုံးသားအတွင်းပိုင်းထိ တဖြည်းဖြည်း နွေးထွေးစိမ့်ဝင်သွားတာကို သူ အမြဲခံစားရတယ်၊ ဘယ်ဆီဘယ်ဝယ်ရယ်လို့မသိ ခြေဦးတည့်ရာကို အချိန်ကြာကြာ လျှောက်လှမ်းမိနေရင်း မခံရပ်နိုင်လောက်အောင် မောပန်းလာတဲ့အခါမှ ဘတ်ဟျွန်းက လမ်းမပေါ်ကို ဖြစ်သလို ထိုင်ချလိုက်တော့တယ်၊

ထပ်ပြီး.. ထပ်ပြီး လမ်းပျောက်သွားခဲ့ပြီထင်တယ်...။

" မွန်းကြပ်လိုက်တာ.. "

ခြေထောက်တွေကို ဆန့်ထုတ်လိုက်တဲ့ ဘတ်ဟျွန်းက မည်းနက်တဲ့ လမ်းမမှာ တစ်ဦးတည်း အထီးကျန်နေခဲ့တယ်၊ ရှူထုတ်လိုက်တဲ့ ပင့်သက်တိုင်းမှာ ပိုးသတ်ဆေးနံ့လို အောက်သက်သက်ခံစားရတာမို့ ဒီပတ်ဝန်းကျင်ကို မုန်းတီးပြီး၊ ထပ်ခါ ထပ်ခါ ထွက်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဆုံးမရှိ၊ ဆင်တူတဲ့ တောနက်ထဲမှာ ပိတ်မိနေသလိုမျိုး လွတ်မြောက်ရာ လမ်းကို အမြဲလိုလို ရှာလို့မတွေ့နိုင်ပဲဖြစ်နေတယ်၊

" ဘတ်ဟျွန်း.. "

နောက်ထပ်တစ်ကြိမ် ကြားလိုက်ရတဲ့ ခေါ်ဆိုသံက ချိုမြပြီး အေးချမ်းတယ်၊ ဒါပေမဲ့ အကြိမ်ပေါင်းများစွာ ကြားနေရတဲ့ ယောက်ျားငယ်တစ်ယောက်ဆီက သူ့စိတ်နှလုံးကို နွေးထွေးလှိုက်ခါစေတဲ့ အသံမျိုးမဟုတ်ပဲ မိန်းကလေးတစ်ယောက်ရဲ့ အသံဖြစ်နေတာကြောင့် နေရာကနေ ထရပ်လိုက်တဲ့ ဘတ်ဟျွန်းက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်တယ်၊

အနောက်ကို ဆတ်ခနဲ ကြည့်မိတဲ့အချိန်မှာ.. လက်မောင်းမှာ ကြက်ခြေနီအမှတ်အသားပါတဲ့ စစ်တပ်ယူနီဖောင်းဝတ်စုံနဲ့ မိန်းမလေးတစ်ယောက်က ဘတ်ဟျွန်းကို ပြုံးလို့ ကြည့်နေတယ်၊ ချယ်ရီသီးတွေလို နီမြန်းတဲ့ ပါးပြင်နဲ့ လှပမြတ်နိုးဖွယ် မျက်ဝန်းအိမ်တွေ၊ နှုတ်ခမ်းပါးပါးတွေက သူ့စိတ်ကို တုန်လှုပ်စေတယ်၊ အံ့အားသင့်စွာ ခြေတစ်လှမ်းလောက် နောက်ဆုတ်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းတွေက နာမည်တစ်ခုကို အလောတကော ရေရွတ်မိတယ်.. ၊ ဒီမိန်းကလေးက.. သူ့ရဲ့ အချစ်ဦး..

" ရှင်းဟယ်ရာ.. "

ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုတွေ ပြည့်လာသလို ခံစားရတယ်၊ မေ့ဖျောက်ဖို့ ကြိုးစားပစ်ချင်ခဲ့တဲ့ အတိတ်က မှတ်ဉာဏ်တွေထဲမှာ.. ပြင်းထန်တဲ့ တိုက်ပွဲစစ်မြေပြင်ဟာ ပိတ်ကားချပြလိုက်သလိုမျိုး တစ်ကွက်ချင်း ကွက်ကွက်ကွင်းကွင်း ပေါ်လာတယ်၊

" အခုထိ.. နာကျင်နေတုန်းပဲလား "

ဘတ်ဟျွန်းကို ကြင်ကြင်နာနာလေး ပြုံးပြနေတဲ့ သူမရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တွေ လင်းလဲ့နေခဲ့တယ်၊ အဲ့ဲဒီ့မျက်ရည်တွေကို နာကျင်အက်ကွဲစွာ ငေးကြည့်နေတဲ့ ဘတ်ဟျွန်းက " တောင်းပန်ပါတယ် " လို့ ခပ်တိုးတိုးရေရွတ်တဲ့အခါ ခေါင်းတဆတ်ဆတ်ခါပြတဲ့ ထိုမိန်းကလေးငယ်က သူ့ရဲ့ ပါးပြင်ကို လက်ချောင်းတွေနဲ့ ထိရုံလေး ထိတယ်၊ နွေးထွေးသည်လည်း မဟုတ်၊ အေးမြသည်လည်း မဟုတ်တဲ့ လက်ချောင်းတွေက ဖြူဖျော့တဲ့အလင်းပွင့်တွေကို ဆောင်ကြည်းပေးရင်း.. သူမေ့လျော့နေခဲ့တဲ့ တစ်စုံတစ်ယောက်ကို မှတ်မိဖို့ ဖိအားပေးလိုက်သလိုပဲ..

" အိမ်ပြန်ရမယ်လေ.. ဘတ်ဟျွန်းရဲ့..
စောင့်နေတဲ့လူ ရှိတယ် "

" အိမ်..? "

အခေါ်အဝေါ်က သူ့အတွက် စိမ်းဖန်နေပေမဲ့ ဘတ်ဟျွန်းရဲ့ နှလုံးသားဖန်အိမ်မှာတော့ တစ်စုံတစ်ယောက်ကို တမ်းတစိတ်တွေ ပြည့်လျှံလာတယ်၊ မျက်လွှာကို မှိတ်ချလိုက်ချိန်မှာ ညံ့သက်တောက်ပတဲ့ အပြုအမူနဲ့အတူ လှပတောက်ပတဲ့ ရယ်သံတွေကို တမြမြ ကြားယောင်လာတယ်၊ ဒီရယ်သံ ၊ ဒီမျက်ဝန်း ၊ ဒီခေါ်ဆိုသံခပ်ဖွဖွ နဲ့ ခါးသက်တဲ့ ဒီမျက်ရည်ပွင့်တွေ..

" Chan... "

ခေါ်ဆိုနေကျ အမည်နာမကို အမှတ်တမဲ့ ရေရွတ်မိတော့ ထောင်ပေါင်းများစွာ အမှတ်တရတွေက သူ့မှတ်ဉာဏ်ထဲကို အတင်းအကြမ်း တွန်းတိုက်လို့ ဝင်လာတယ်၊ ထိတ်ခနဲ ပြာသွားတဲ့ စိတ်အစုံက ချစ်ရတဲ့ကောင်ငယ်လေးကို အသည်းအထန် လွမ်းဆွတ်လာရပြီး မွန်းကြပ်လမ်းပျောက်တဲ့ ဒီအမှောင်ထုမှာ အိမ်ပြန်လမ်းက ဘယ်ဆီ ဘယ်ဝယ်မှန်းမသိပဲ ခြေဦးတည့်ရာကို သွားမိတယ်၊ သူ့လက်ချောင်းတွေက ချစ်ရသူကို ဆုံးရှုံးသွားရမှာ ကြောက်နေသည့်အတိုင်း တဆတ်ဆတ်ခါလို့ ဆန္ဒပြည့်ဝတဲ့ နှုတ်ခမ်းပါးက တစ်စုံတစ်ခုကို အထပ်ထပ်အခါခါ ရေရွတ်တယ်၊

" အိမ်ပြန်ရမယ်..
သူ.. စောင့်နေမှာ.. Chan ငိုနေတော့မှာ.. "

ခြေတစ်လှမ်း.. နှစ်လှမ်း.. သုံးလှမ်း...
ပြီးတော့.. ခြေလှမ်းပေါင်း သုံးလေးဆယ်မက...၊
အားသန်စွာ ရည်စူးလို့ ဦးတည်ပြေးထွက်ခဲ့ပေမဲ့လည်း နက်ရှိုင်းသထက် နက်လာတဲ့ လမ်းမထက်မှာ လမ်းပျောက်နေတဲ့ ဘတ်ဟျွန်းဟာ အဆုံးမှာတော့ ခြေကုန်လက်ပန်းကျရင်း ငိုင်တွေသွားတယ်၊ နောက်တော့ စိတ်ပျော့အားလျော့စွာနဲ့ မျက်ရည်ကျလုမတက် တဟက်ဟက်ရယ်မိတယ်..

Chan ရေ..
အစ်ကို အိမ်ပြန်လာချင်တယ်.. ဒါပေမဲ့..
ဒါပေမဲ့.. အိမ်က ဘယ်ဘက်မှာ ရှိနေခဲ့တာလဲ..

သူ့ရယ်သံတွေက တဖြည်းဖြည်း ကျယ်လောင်လာတဲ့အခါ အနောက်မှာ ကျန်နေရစ်ခဲ့တဲ့ ရှင်းဟယ်ရာက ဘတ်ဟျွန်းရဲ့ အရှေ့မှာ ပြန်ပေါ်လာတယ်၊ စိတ်မကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းအိမ်က ဘတ်ဟျွန်းရဲ့ စိတ်ပျက်လက်ပျက် မျက်နှာပြင်ကို တမ်းတမ်းတတ ငေးကြည့်နေရင်းကနေ တိုးတိုးလေးပြောလာတယ်၊ သူမရဲ့အသံက တိုးသဲ့ပြီး ညင်သာလွန်းလို့ လေပြေတိုးသံနဲ့တောင် ခပ်ဆင်ဆင်ပဲ..

" ဘတ်ဟျွန်း..
အဆုံးထိ လက်မလျော့ပဲ ကျော်ဖြတ်မယ်လို့ ငါ့ကို ပြောစမ်းပါ"

သူမရဲ့ စကားအဆုံးမှာ သေးငယ်တဲ့ အလင်းတစ်ပွင့်က သူ့ဆီကို ဖြည်းဖြည်းချင်း နီးကပ်လာတာကို သတိထားမိတယ်၊ အံ့အားသင့်ပြီး လက်ဖျားလေးနဲ့ ထိတွေ့ခံယူမိလိုက်တဲ့အခါ.. တဖြည်းဖြည်းကြီးမားလာတဲ့ အလင်းထုကြီးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အ၀ ဝါးမျိုပစ်လိုက်တယ်၊ ယောင်ယမ်းပြီး မျက်လုံးတွေ မှိတ်ချပစ်မိလိုက်တာ .. တခဏတာပါပဲ.. ၊

ပြောင်းလဲစွာ ခံစားလိုက်ရတဲ့ အငွေ့အသက်က ခုနကလို တိတ်ဆိတ်မှောင်ပိတ်မနေတော့ပဲ ဆူညံတက်ကြွနေတဲ့ အသံတွေကို နားစည်ကနေ ခပ်ဖွဖွ ကြားရတဲ့အချိန်မှာ ဘတ်ဟျွန်းက ဖိပိတ်ထားတဲ့ မျက်လွှာတွေကို ပြန်ဖွင့်ကြည့်မိလိုက်တယ်၊ သူရောက်နေခဲ့တာက ကော်ဖီဆိုင်တစ်ခုရဲ့..အတွင်းပိုင်း တစ်နေရာရာ..

" ဒီနေရာက.. "

ဖြူဖျော့နေတဲ့ ဘတ်ဟျွန်းရဲ့ မျက်လုံးအိမ်တွေက ထူးဆန်းတဲ့အရိပ်အငွေ့တွေ ဖြတ်သန်းသွားတယ်..၊ သူက မှန်တစ်ချပ်ကို မြင်နေရသလိုမျိုး သူ့ရဲ့မျက်နှာချင်းဆိုင်မှာ ငယ်ရွယ်စိတ်လှုပ်ရှားနေတဲ့ ဘတ်ဟျွန်းနောက်ထပ်တစ်ယောက်က စားပွဲပေါ်မှာရှိတဲ့ အငွေ့တထောင်းထောင်းနဲ့ ကော်ဖီခါးခါးကို မလှုပ်မယှက် ထိုင်ကြည့်နေတာကို တွေ့လိုက်ရတယ်

အော်ဟစ်မိတော့မလိုမျိုး.. လန့်ဖြတ်ပြီးထရပ်လိုက်ပေမဲ့ စားပွဲထိုးကောင်လေးက သူ့ခန္ဓာကိုယ်ကို မမြင်နိုင်သလိုမျိုး ဖြတ်တိုက်သွားတယ်၊ အခိုးအငွေ့တွေလိုမျိုး လွင့်ပြယ်ပျောက်သွားပြီး အပြည့်အ၀ ပုံရိပ်ပြန်ပေါ်လာတဲ့ သူ့ပုံစံက ဝိညာဉ်တစ်ကောင်လို..

" ဒါက.. ဒါက အတိတ်ပဲ "

အရမ်းကြီး မတွေးလိုက်ရခင်မှာပဲ.. ဒီမှတ်ဉာဏ်အစိတ်အပိုင်းကို သူက ချက်ချင်း မှတ်မိသွားတယ်၊ ပြီးတော့ ဟိုဘက်သည်ဘက် ဖောက်ထွင်းမြင်ရတော့လုမတက်ဖြစ်နေတဲ့ သူ့လက်ချောင်းတွေကို အခုမှ သတိထားမိစွာ ငုံ့ကြည့်လိုက်ရင်း တအံ့တသြရေရွတ်တယ်..

" ငါက.. အိပ်မက်တွေထဲမှာ ပိတ်မိနေတာလား..
ဘာတွေ ဖြစ်ခဲ့တာလဲ.. "

တစ်ဦးတည်း မေးနေမိတဲ့ သူ့စကားကို ဘယ်သူမှဖြေသူမရှိ၊

သိပ်မကြာခင်အချိန်အတွင်းမှာပဲ ငယ်ရွယ်တဲ့ ဘတ်ဟျွန်းရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဆေးရုံအုပ်ကြီးက ဝင်ထိုင်လာတယ်၊ ပျာယာခတ်သွားတဲ့ အတိတ်က ကောင်ငယ်လေးက အလန့်တကြားထရပ်ပြီး ဦးညွှတ်တာကို တွေ့လိုက်ရတော့ ဘတ်ဟျွန်းက ဟက်ခနဲ ရယ်မိတယ်၊ ဘယ်လိုပဲ.. အတိတ်က ငါပါလို့ ပြောနေဦး.. အသက်နှစ်ဆယ်ကျော် ဘတ်ဟျွန်းက တော်တော်ကို ပျာယီးပျာယာနိုင်တာပဲ..

" သားနာမည်က ဘတ်ဟျွန်းနော် "

" ဟုတ်ကဲ့ခင်ဗျ "

ချိုသာတဲ့စကားသံကြောင့် ကောင်လေးက အလျင်အမြန်ပဲ ရည်မွန်စွာတုံ့ပြန်တယ်၊ အဲ့ဒီလိုအပြုအမူကို ပြုံးကြည့်တဲ့ မစ္စတာပတ်ခ်ကတော့ ယဉ်ကျေးချိူသာသမှုနဲ့ ခေါင်းလေးငြိမ့်ပြပြီးမှ လိုရာစကားကို ဆက်တယ်၊

" ဦး ပြောမဲ့ အကြောင်းအရာကို သိပြီးသားဖြစ်မှာပါ "

အတိတ်ကအတိုင်း တစ်ထပ်တည်း ကြားလိုက်ရတဲ့ စကားသံကြောင့် လူပိုတစ်ယောက်လို မတ်တတ်ရပ်နေခဲ့တဲ့ ဘတ်ဟျွန်းက ဟားး.. ခနဲ ထရယ်ပစ်မိတယ်...၊ ဒါက ဘာလဲ၊ ဘယ်လောက်တောင် အဖြစ်မရှိတဲ့ မှတ်ဉာဏ်မျိုးလဲ..၊

"ကိုယ်ရေးကိုယ်တာ စွက်ဖက်တယ်လို့ ထင်မလားမသိပေမဲ့ ဦးလည်း သားရှင်ဘက်ကဆိုတော့ ဒီက..ဘတ်ဟျွန်းရဲ့ အကြောင်းတွေကို သိနိုင်သမျှ စုံစမ်းထားပါတယ်၊ အဲ့ဒါကြောင့် ရှင်းဟယ်ရာဆိုတဲ့ မိန်းကလေးအကြောင်းကိုလည်း သိနှင့်ပြီးသားပါ၊ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုတာ အမှန်ပဲလား.. "

သိသိရက်နဲ့ မေးတဲ့ မေးခွန်းမှာ ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းတွေ ဖိပိတ်မိခဲ့တယ်၊ သူ့မျက်လုံးတွေမှာ.. တစ်ကိုယ်လုံး သွေးတွေပြည့်နေတဲ့ ဟယ်ရာရဲ့ နောက်ဆုံးအချိန်ကို ပြန်မြင်ယောင်လာမိတယ်..၊ တပ်သားလေးကို ကယ်ဖို့သာ အာရုံစိုက်ခဲ့မိတဲ့ သူက.. စစ်ပွဲနိုင်ခဲ့ပြီဆိုတဲ့ ပျော်ရွှင်မှုတစ်ခုတည်းနဲ့အတူ ဘာကိုမှ မမြင်နိုင်ခဲ့ဘူး၊ တပ်သားလေးကို ကုသပေးဖို့ အကူအညီတောင်းခဲ့တဲ့အချိန်မှာ အမြန်ကူညီပေးခဲ့တဲ့.. ဟယ်ရာ့ဆီကို ဦးတည်ခဲ့တဲ့ နောက်ဆုံးပစ်ချက်ကို သူ သတိမထားမိနိုင်ခဲ့တဲ့အထိ၊ မကာကွယ်ပေးနိုင်တဲ့အထိ.. ပေါ့ဆခဲ့တယ်၊

" တော်ပါတော့..! "

ဒီလို မွန်းကြပ်ပိတ်လှောင်နေတဲ့ အခြေအနေကို လက်မခံနိုင်တော့တဲ့ ဘတ်ဟျွန်းက စိတ်ပျက်လက်ပျက် ထအော်လိုက်ရင်း စားပွဲပေါ်က ပန်းကန်တွေကို ဝုန်းခနဲ တွန်းချပစ်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ မကြာခင်မှာ ပျောက်ဆုံးရတော့မဲ့ ဝိညာဉ်တစ်ကောင်ရဲ့ အော်ဟစ်မှုကို ဘယ်သူက ကြားနိုင်မှာမို့လို့လဲ..

"ထပ်ပြီးမေးချင်ပါတယ်..
မိန်းကလေးတစ်ယောက်ကိုတောင် မကာကွယ်နိုင်ခဲ့တဲ့ ယောက်ျားတစ်ယောက်က.. ချန်းယောလ်လေးကိုရော ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါရဲ့လား..၊ ဘတ်ဟျွန်းက ယုံကြည်ချက်ရှိတယ်ဆိုရင်တောင် ဦးကတော့ မယုံနိုင်ဘူး၊

သားက စစ်သားတစ်ယောက်မလား..
သားရဲ့ ရာထူး၊ တာဝန်နဲ့ဆိုရင် ရန်သူတွေများတဲ့လူတစ်ယောက်.. အဲ့လိုလူတစ်ယောက်ဆီမှာ သားငယ်ရဲ့ ဘဝကို ထည့်မပေးနိုင်ဘူး၊အကယ်လို့များ သားနဲ့ ပတ်သတ်မိလို့ ချန်းလေးက ဒုက္ခရောက်ခဲ့ရင်.. သားက လိပ်ပြာလုံနိုင်ပါ့မလား.."

" ကျွန်တော်.. "

စစ်သားလေးမှာ ပြောနိုင်စွမ်းတွေ ကင်းမဲ့သွားပြန်တယ်၊ စိတ်ဒဏ်ရာကို တမင်ထိုးဆွလိုက်တဲ့ ဆေးရုံအုပ်ကြီးက လူငယ်လေးရဲ့ အတိတ်ဆိုးကို ရက်စက်စွာ ချနင်းလိုက်တယ်၊ တကယ်တမ်းလည်း သူ မယုံကြည်နိုင်ပါဘူး၊ လူငယ်လေးတစ်ယောက်က နေမလောင်တဲ့ပန်းလေးလို ပျိုးထောင်ထားရတဲ့ သူ့သားလေးရဲ့ ဘဝကို ခက်ခဲကြမ်းတမ်းစေတော့မှာ.. ၊ ဒုက္ခရောက်စေတော့မှာ...။

"သားနဲ့ လမ်းခွဲပေးပါ၊ ဖြစ်နိုင်ရင် အဝေးဆုံးကို ထွက်သွားပေးပါ၊ ဘတ်ဟျွန်းကြောင့် ဦးရဲ့သားကို တစ်ခုခုအဖြစ်မခံနိုင်သလို ဖြစ်လို့လည်းမရပါဘူး..

အဲ့ဲဒါကြောင့် ကတိတည်ပေးပါ၊ သားငယ်ကတော့ ဘတ်ဟျွန်းကို မဖြစ်မနေ လိုက်ရှာမှာမို့ ၊ အကယ်၍များ ပြန်တွေ့ခဲ့ကြရင်လည်း.. အရေးပေါ်အခြေအနေထဲကို သားကို လုံးဝဆွဲမထည့်ဖို့၊ တတ်နိုင်သမျှ ရှောင်ရှားပေးဖို့ အနူးအညွှတ်တောင်းဆိုပါတယ်.. "

နေရာက ထရပ်ပြီး ဦးညွတ်လိုက်တဲ့ ဆေးရုံအုပ်ကြီးကို စစ်သားလေးက အသက်မပါသလို ရီဝေေ၀နဲ့ ငေးမောကြည့်နေခဲ့တယ်၊ အဲ့ဒီ့မြင်ကွင်းကို ပွဲကြည့်ပိရိသတ်လို ကြည့်နေခဲ့တဲ့ ဘတ်ဟျွန်းက ခြေတစ်လှမ်းကို နောက်ဆုတ်မိတဲ့ အချိန်မှာ.. နာကျင်စွာ ငိုကြွေးနေခဲ့တဲ့ ချန်းလေးရဲ့ နီမြန်းနေတဲ့ မျက်နှာပြင်ကို ပြန်မြင်ယောင်လာမိတယ်..၊ သူ့မျက်စိရှေ့မှာတင် ဘတ်ဟျွန်း ပစ်သတ်ခဲ့လိုက်ရတဲ့ လူတွေကြောင့် စိတ်ဒဏ်ရာရနေခဲ့ရင် ဘယ်လိုလုပ်ကြမလဲ..၊ သွေးသံပြည့်နေတဲ့ လူသေအလောင်းတွေကြောင့် ထိတ်လန့်ပြီး စိတ်နှလုံးသားနဲ့ ဘဝကို ထာဝရပျက်စီးစေခဲ့ပြီလား..

" ကျွန်တော်.. ကတိဖျက်ခဲ့မိတာပဲ.. "

သူ့အသံတွေက သိမ်ငယ်မှု၊နောင်တတရားတွေနဲ့အတူ တဖြည်းဖြည်း ပါးလွှာလို့သွားတယ်၊ နှလုံးအိမ်က တရှိုက်မက်မက်စူးအောင့်ကိုက်ခဲလာရင်း နာကျင်မျက်ရည်တွေ မိုးပြိုသလို ယိုစီးကျလာတဲ့အခါ စိတ်ခံစားမှုအားလုံးကို မတောင့်ခံနိုင်တော့တဲ့ ဘတ်ဟျွန်းက နေရာမှာတင် ဒူးထောက်ကျသွားတယ်.. ၊ စိတ်နဲ့ ခန္ဓာဟာ.. ဖန်စလေးတွေလို ဒဏ်ရာအပြည့်အသိပ် လူးကျံလို့ တစစီ အပြိုလဲလဲ..

" ဘတ်ဟျွန်း.. နောက်တစ်ယောက်ကို ချစ်ပါ..
နောင်တမရပဲ.. ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မနေပဲ.. "

" ဟယ်ရာ.. "

နီမြန်းတောက်ပနေတဲ့ သွေးစက်တွေ လူးကျံနေတဲ့ လက်ချောင်းတွေက ဘတ်ဟျွန်းကို အားကိုးတကြီး ဆုတ်ထွေးထားရင်း နှစ်သိမ့်ခဲ့ပေမဲ့လည်း၊ သေလုမျောပါး ဝေဒနာကို ရင်ဝယ်ပိုက်ထားရတဲ့ သူမရဲ့ မျက်ဝန်းတွေက အကူအညီတောင်းချင်နေခဲ့တယ်၊ ကယ်ပါလို့ တဖွဖွပြောချင်နေခဲ့တယ်၊ ဘတ်ဟျွန်းရဲ့ လက်ချောင်းတွေကို ကုတ်ခြစ်ရင်း၊ နာကျင်မှုကို တောင့်ခံထားရင်း အသက်ဆက်ရှင်ချင်နေတဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်ရည်မှန်းချက်တွေဟာ သူမရဲ့ နှုတ်ခမ်းသားတွေမှာ တလက်လက်လင်းလဲ့နေတယ်၊ မခံမရပ်နိုင်တော့တဲ့ ဘတ်ဟျွန်းက နာနာကြည်းကြည်း ဟစ်အော်တယ်..၊ သူသာ.. ကယ်တင်နိုင်ခဲ့ရင်... သူသာ.. ကာကွယ်နိုင်ခဲ့ရင်..

"စစ်သားဆိုတာ လူတွေကို ကယ်တင်ရမှာလို့ မင်းပဲပြောခဲ့တာ..!! ဒါပေမဲ့ ငါ့သမီးလေးကို မင်း ဘာလို့ မကယ်ပေးခဲ့ရတာလဲ ! ငါ့ကို ပြောစမ်းပါ!! မင်း ဘာလို့ မကယ်ခဲ့ရတာလဲ!! "

သူ့မျက်နှာဆီ ရောက်လာတဲ့ ပြင်းထန်တဲ့ လက်သီးချက်တွေကို ခေါင်းငုံ့လို့ ငြိမ်ခံနေခဲ့တဲ့ ဘတ်ဟျွန်းက အံကို ခပ်တင်းတင်းကြိတ်ထားရင်း ကိုယ့်ကိုယ့်ကိုယ် မုန်းတီးဒေါသထွက်နေခဲ့တယ်၊ ကွဲပျက်နေခဲ့တဲ့ သူ့နှလုံးအိမ်၊ ကျိုးပဲ့နေခဲ့တဲ့ သူ့စိတ်ဝိညာဉ်မှာ ဒေါသတွေ၊ နောင်တတွေ ၊ နာကျင်မှုတွေ၊ မုန်းတီးမှုတွေ၊ အပြစ်တင်စိတ်တွေ ပြည့်နှက်ပြင်းထန်နေရင်း ဒီလိုပဲ ပေပေတေတေ ရှင်သန်ခဲ့ရပြီးတဲ့နောက်မှာ.. တစ်စုံတစ်ယောက်ကို ထပ်မံချစ်မိခဲ့တယ်၊ ချန်းယောလ်ဆိုတဲ့ ကောင်ငယ်လေးကို ထပ်မံ တွယ်တာမိခဲ့တယ်၊ မှောင်မိုက်တဲ့ ဘဝကို အလင်းတစ်ပွင့်လို တောက်ပစေခဲ့တဲ့ အဲ့ဒီကောင်လေးကို အတိုင်းထက်အလွန် မြတ်နိုးမိခဲ့တယ်..

ဒါပေမဲ့..

ဒါပေမဲ့လည်း.. ထပ်တိုးလို့ ချစ်မိလေလေ .. အတိတ်ရဲ့ အရိပ်ဟာ တစ်စထက် တစ်စ ကြီးထွားကျယ်ပြန့်လာပြီး သူ့နောက်ကို တကောက်ကောက်လိုက်လို့ ခြောက်လှန့်လေလေပါပဲ၊

" ဘတ်ဟျွန်း.. ဦးနဲ့ ကတိကို တည်ဖို့ မျှော်လင့်ပါတယ် "

ငယ်ရွယ်တဲ့ စစ်သားလေးကို ထပ်ခါထပ်ခါ ဦးညွှတ်ရင်း ဒူးထောက်လုမတတ်တောင်းဆိုနေတဲ့ ဆေးရုံအုပ်ကြီးကို ဘတ်ဟျွန်းက အားနာစိတ်တွေနဲ့ လှမ်းကြည့်မိတယ်၊ ကိုယ့်ကိုယ်ကိုယ် နာကျင်မုန်းတီးစိတ်တွေ ပြည့်နှက်နေတဲ့ ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းသားတွေက တဆတ်ဆတ်တုန်ခါနေရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက သဲမှုန်စလေးလို ပျောက်ကွယ်လုသွားမတက်ဖြစ်နေပြီ၊

" ဒါပေမဲ့..
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ..
ကျွန်တော်.. ကတိဖျက်ခဲ့မိတယ်..
ပြသနာထဲကို ချန်းလေးကို ဆွဲထည့်ခဲ့တယ်.. ၊
ထိခိုက်စေခဲ့မိတယ်..၊ ဒဏ်ရာတွေပေးခဲ့တယ်.."

ဟက်ခနဲ.. ရယ်ချလိုက်ပြန်တဲ့ ဘတ်ဟျွန်းက စိတ်ကို အဆုံးထိ လျှော့ချပစ်လိုက်ချိန်မှာ.. ခံစားချက်ပေါင်းများစွာကို ထိန်းချုပ်တည်းထားရတဲ့ ရင်အစုံက အဆမတန်တင်းကြပ်လို့ မူးဝေလာတယ်၊ ရေကာတာကျိုးကျသွားသလိုမျိူး နှလုံးသွေးတွေ ကပြောင်းကပြန်ဖြစ်လို့ အရုပ်ကြိုးပျက် လဲကျသွားတဲ့အချိန်မှာတော့.. သူ့လက်ချောင်းလေးတွေက တဖြည်းဖြည်း လွင့်ပြယ်စပြုနေပြီ၊ ရုတ်တရက်.. တစ်စုံတစ်ယောက်ကို ရည်မှန်းလို့ လွမ်းဆွတ်မိတဲ့အခါ မရပ်တန့်နိုင်တော့တဲ့ မျက်ရည်စက်တွေကြားကနေ သူ့ နှုတ်ခမ်းတွေက ခပ်ဖွဖွ ရေရွတ်တယ်..

" Chan.. အစ်ကို.. မင်းဆီကို မပြန်လာရဲဘူး၊
ပြန်လာဖို့အတွက်.. လိပ်ပြာမသန့်ဘူး..
အစ်ကိုက မင်းနဲ့ မထိုက်တန်ပါဘူး.. ဟုတ်တယ်မလား.."

" တီ! တီ! တီ ! တီ ! တီ!!!!!!!!!! "

နှလုံးအချက်ပေးစနစ်က ရုတ်တရက် အချက်ပြတာမို့ မျက်ရည်စက်တွေကို ပင့်သုတ်နေတဲ့ ချန်းယောလ်က တုန်လှုပ်ပြီး မတ်တတ်ထရပ်မိတယ်၊ ဆိုးဝါးစွာ တုန့်ပြန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ထိုးကျနေတဲ့ အသက်ရှူနှုန်းထားတွေက ကြောက်ခမန်းလိလိ.. ၊

" ဟျွန်း.. ဟျွန်း!! "

မာကျောတဲ့အရာဝတ္ထုတစ်ခုက ခေါင်းကို ပြင်းပြင်းထန်ထန် ဖြတ်တိုက်ခံလိုက်ရသလိုမျိုး မျက်လုံးတွေပြာဝေလာတဲ့ ချန်းယောလ်က ဘာဆိုဘာမှ ဆက်စပ်ပြီးမတွေးနိုင်တော့ပဲ ကာရံထားတဲ့မှန်ကိုသာ လက်ဖဝါးနဲ့ တဘုန်းဘုန်းရိုက်ပုတ်မိတယ်.. ၊ ဂျွန်မြောင်နဲ့ ရှောင်းကျန့်က သူ့ကိုယ်ကို ထိန်းချုပ်လို့ လိုက်ဆွဲရင်း စိတ်ထိန်းထားဖို့ အတန်တန်ပြောပေမဲ့ တဆတ်ဆတ်ခါနေတဲ့ နှလုံးသားက ပွက်ပွက်ဆူနေသလိုမျိုး..

" ကျေးဇူးပြုပြီး.. အဲ့ဒီ့လိုမလုပ်ပါနဲ့.. !! "

ဟစ်အော်လိုက်တဲ့ အသံက ခြောက်ကပ်အက်ကွဲလို့နေတယ်၊ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ရီရှင်းက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေကြောင့် အမြန်ပြေးလာတယ်၊ ဒါပေမဲ့၊ ချစ်သူဇောကပ်နေတဲ့ ချန်းယောလ်ကို ဘယ်သူမှ ထိန်းချုပ်လို့မရ.. ၊ အားကုန်သုံးလို့ တွန်းထုတ်ပစ်ပြီး ပိတ်ကာထားတဲ့ အကာအရံအားလုံးကို မိုက်ရူးရဲဆန်ဆန် ကျော်ဖြတ်လိုက်ရင်း ဟျွန်းဆီကို မရမက အရောက်သွားတယ်.. ဆရာဝန်တွေ၊ သူနာပြုတွေက ဆွဲချုပ်လို့တားလည်း.. သူ့အာရုံထဲမှာ မြင်နေရတာ ဘတ်ဟျွန်းတစ်ဦးတည်းသာ..

Chan..
အစ်ကို.. မင်းကို စွန့်လွှတ်သင့်ပြီထင်တယ်..

အနားကို အမြန် တိုးကပ်သွားဖို့ ကြိုးစားလိုက်မိချိန်မှာပဲ..
တီ...ခနဲ.. သံရှည်ဆွဲအချက်ပေးလို့ ငြိမ်သက်သွားတဲ့ နှလုံးခုန်နှုန်းက သူ့ကို လှောင်ရယ်နေသယောင်..၊ ဆရာဝန်တွေက အမြန်အဆန် CPR ပေးဖို့ ကြိုးစားပေမဲ့လည်း ဘယ်နှခေါက် နှိုးနှိုး နိုးထမလာတော့တဲ့ နှလုံးသားက သူတို့အားလုံးကို မျှော်လင့်ချက်မဲ့စေခဲ့တယ်၊ တုန်ယင်နေတဲ့ ခြေထောက်တွေကို ဖြည်းဖြည်းချင်း အားစိုက်ထုတ်ပြီး ရွေ့လာတဲ့ ချန်းယောလ်ဟာ.. ဖြူဖျော့ငြိမ်သက်နေတဲ့ ဘတ်ဟျွန်းရဲ့ မျက်နှာပြင်ကို အနီးကပ်မြင်ရချိန်မှာ.. ခွေခနဲ လဲကျသွားတယ်၊

"ဟျွန်း!! ကျွန်တော့်စကားကို ကြားရရင်..
ကျွန်တော့်စကားကို.. နားထောင်နေသေးရင်..
ကျွန်တော့်ကို ချစ်နေသေးရင်.. ဒီလိုမျိုးတော့ မရက်စက်ပါနဲ့..
အရူးလိုမျိုး.. ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့.. "

အနည်းငယ်လေးတောင် လှုပ်ရှားခြင်းမရှိတဲ့ လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုတ်ထွေးမိလိုက်ရင်း၊ ငိုရှိုက်သံတွေ တဆွတ်ဆွတ်ခါနေတဲ့ ချန်းယောလ်ရဲ့ အသံက ဗလုံးဗထွေးနဲ့ စိတ်လွှတ်နေတဲ့လူလိုမျိုး ဖြစ်နေတယ်၊ တသိမ့်သိမ့်တုန်ခါနေတဲ့ ကျောပြင်ကျယ်ကြီးက လှိုင်းထသလိုမျိုး အော်ဟစ်လို့ ငိုကြွေးနေတဲ့ သူက ဘာမှကို မမြင်နိုင်တော့ဘူး၊

သူ သိတာ..
သူ သေချာပေါက် သိနေခဲ့တာက..
ဟျွန်းက သူ့ကို ရက်ရက်စက်စက် ချန်ထားပစ်ခဲ့ပြီဆိုတာကိုပဲ၊ ထိခိုက်မိခဲ့လို့၊ ဒဏ်ရာတွေပေးခဲ့မိလို့ နောင်တရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အနားမှာ အတူတူမရှင်သန်ပေးနိုင်ပဲ ထွက်ပြေးသွားခဲ့ပြီဆိုတာကိုပဲ၊

"ကျွန်တော် အစ်ကို့ကို တစ်သက်လုံး ခွင့်လွှတ်မှာ မဟုတ်ဘူး၊"

" အင်းလေ.. အစ်ကို့မှာ.. အသက်ဆက်ရှင်ဖို့ ဆန္ဒမရှိတော့မှ...ကျွန်တော်ပဲ လိုက်သေပစ်ရမှာပေါ့... "

ငြိမ်သက်နေတဲ့ ဆရာဝန်လေးတွေက ချန်းယောလ် ဗလုံးဗထွေးရေရွတ်လိုက်တဲ့ ဒုတိယ စကားလုံးကိုတော့ မကြားလိုက်ကြ၊ နေရာကနေ စိတ်မြန်လက်မြန် ထရပ်လိုက်တဲ့ အချစ်ရူးလေးက သူနာပြုမလေးဘေးနားမှာရှိတဲ့ ဗန်းငယ်လေးထဲက ပတ်တီးအစကို ကိုက်ဖြတ်ဖို့သုံးတဲ့ ကတ်ကြေးငယ်လေးကို ဖြတ်ခနဲ မြင်လိုက်တယ်၊ ဇွတ်ခနဲ ဆွဲယူလိုက်တဲ့ အမှုကိစ္စမှာ ဘယ်သူမှ မတားနိုင်လိုက်..

" အမလေးး!! "

" ပတ်ချန်းယောလ်..!!!

ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ပစ္စည်းပြုတ်ကျသံတွေဟာ.. အော်ဟစ်တားမြစ်သံတွေဟာ တလဟော..၊ ထက်စွာလှတဲ့ ကတ်ကြေးကို လည်ပင်းဆီ ထိုးစိုက်ဖို့ရွယ်နေတဲ့ ကောင်လေးကြောင့် ဂျွန်မြောင်နဲ့ ရှောင်းကျန့်က အရေးပေါ်ခန်းကို အမြန်ဆုံးပြေးဝင်လာတယ်၊ ဆွဲလုဖို့ လုပ်ပေမဲ့.. ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တိုင်းမှာ ခေါင်းမာစွာနဲ့ အသားထဲကို ပိုထိုးစိုက်ပစ်လိုက်တာမို့ အနီရောင်ရင့်ရင့်သွေးစတွေက လည်ပင်းသားကနေ တစ်ဆင့် ညှပ်ရိုးဆီအထိ တဖြည်းဖြည်း စီးကျလာတယ်၊

" အနားမကပ်နဲ့!!!

စိတ်လွတ်နေတဲ့ မျက်လုံးအိမ်တွေကို အကဲခတ်ရင်း သူတို့အားလုံး ဘယ်သူမှ မကပ်ရဲဘဲ ဖြစ်နေတယ်၊

" ချန်းငယ်.. စိတ်လျှော့လေ.."

ဂျုံဒေးကို လိုက်ပို့ရင်းကနေ ပွက်လောရိုက်နေတဲ့ အခြေအနေကြောင့် သူတို့အားလုံးရှိရာကို အမြန်ရောက်လာတဲ့ ဗိုလ်မှူးကြီး ရိဖန်ရဲ့ တားမြစ်သံက ခပ်ဖွဖွ၊

" စိတ်လျှော့ရမယ်.. !!
ကျွန်တော် ဟျွန်းကို ဆုံးရှုံးလိုက်ရပြီ..! ကျွန်တော့်ရဲ့ တစ်ဘဝလုံးကို ဆုံးရှုံးလိုက်ရပြီ.. အဲ့တာတောင် စိတ်လျှော့ရမယ်တဲ့လား.. ဘာလို့လဲ.. ဘာလို့လဲ!!"

မျက်ရည်စက်တွေနဲ့ ခါးသက်သက်ရယ်မောလိုက်တဲ့ ကောင်လေးရဲ့ အာရုံက ရိဖန်ဆီမှာပဲ ပြုံကျနေတာမို့ ပါးနပ်တဲ့ ရီရှင်းက ချန်းယောလ် သတိမထားမိအောင် အနောက်ကနေ ဖြည်းဖြည်းချင်း ခြေသံလုံလုံနဲ့ ကပ်သွားဖို့လုပ်တယ်၊

" ချန်းငယ်.. "

" ကျွန်တော့် အနားကို မကပ်နဲ့!!!! "

ရိဖန်က ခြေတစ်လှမ်းတိုးလိုက်တဲ့အချိန်မှာ ချန်းယောရဲ့ လက်ကောက်ဝတ်ကို အနောက်ကနေ ဆတ်ခနဲ ဆုတ်ကိုင်လိုက်တဲ့ ကျန်းရီရှင်းက ကတ်ကြေးကို ဆွဲလုဖို့လုပ်တယ်၊ စိတ်ခြောက်ခြားနေတဲ့ ကောင်လေးက အလုမခံပဲ တွန်းကန်ရုန်းတော့ အားနဲ့ ပြန်ဆွဲချလိုက်တဲ့အချိန်မှာ ကတ်ကြေးငယ်လေးက ဗိုလ်ကြီးရီရှင်းရဲ့ လက်မောင်းကို ခက်နက်နက် ထိုးစိုက်မိသွားတယ်၊

" ရှင်း..! "

အဲ့တာကို မြင်လိုက်တဲ့ ဂျွန်မြောင့်မျက်နှာက ထိတ်လန့်ဖြူဆုတ်သွားပြီး ဗိုလ်ကြီးကျန်းဆီ အတင်းပြေးသွားဖို့လုပ်နေတာကြောင့် ရိဖန်က သူ့အစ်ကိုရဲ့ ရင်ဘတ်ရှေ့မှာ လက်ဆန့်လို့ ကာတားလိုက်ရင်း အနောက်ကို ပြန်ဆွဲလိုက်တယ်၊ အခုချိန်မှာ.. ချန်းယောလ်က နောက်ထပ်တစ်ယောက်ကို ထိခိုက်အောင် မလုပ်ဘူးလို့ အာမခံနိုင်.. စိတ်ဒဏ်ရာရနေတဲ့ ကလေးမဟုတ်လား၊

" ကိုယ်.. အဆင်..ပြေတယ် "

စူးခနဲ အသည်းခိုက်မတက် နာကျင်မှုကို ခံစားလိုက်ရပေမဲ့ ချစ်ဦးသူ စိတ်အပူလွန်မှာစိုးရိမ်တာကြောင့် မျက်နှာအမူအယာကို ထိန်းလိုက်တဲ့ စစ်သားက အသက်ကို ခပ်ပြင်းပြင်း ရှိုက်ထုတ်လိုက်ရင်း.. လက်မောင်းသားမှာ စိုက်နေတဲ့ ကတ်ကြေးကို ဆွဲထုတ်လိုက်တယ်၊ သွေးတွေ တရဟောပန်းထွက်လာတာမို့ လက်နဲ့ဖိပိတ်လိုက်ပေမဲ့ မစွမ်းသာ၊ နီမြန်းနေတဲ့ သွေးစက်တွေက လက်ဖျံတစ်လျှောက် တရစပ် စီးကျလာတယ်၊ အဲ့ဒီ့အခါမှပဲ.. လူတစ်ယောက်ကို ဒဏ်ရာရစေမိခဲ့ပြီ လို့ အသိစိတ်ဝင်သွားတဲ့ ချန်းယောလ်က စစ်သားလေးရဲ့ သွေးစက်တွေကို ကြောင်ငေးကြည့်ရင်း နေရာမှာတင် လဲကျသွားတယ်၊ ရီရှင်းကတော့.. သက်ပြင်းပဲ တိုးတိုးချမိတယ်.. ၊ တော်သေးတာပေါ့.. အချိန်မှီဆွဲထားနိုင်လို့.. ၊

" ချန်းယောလ်.. "

သူ့အပေါ် အားနာစိတ်ပြည့်နေမယ့် ကောင်လေးကို နှစ်သိမ့်ဖို့အတွက် ရီရှင်းက သူ့ပါးစပ်တွေကို ဟဖို့ လုပ်ပေမဲ့ အတန်ကြာငြိမ်သက်နေတဲ့ နှလုံးခုန်စက်ကနေ ကြားလိုက်ရတဲ့.. " တီ " ခနဲ မြည်သွားတဲ့ လှုပ်ရှားမှုတစ်ခုကြောင့် နှုတ်ခမ်းတွေ ခပ်တင်းတင်း ပြန်စေ့သွားတယ်၊

အနားမှာရပ်နေတဲ့ လူအားလုံးလည်း ကြောင်အသွားသလို.. ချန်းယောလ်ရဲ့ မျက်လုံးအိမ်တွေက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ဘတ်ဟျွန်းရှိရာကို တိုးကပ်သွားတယ်၊ ငြိမ်သက်နေခဲ့တဲ့ လက်ချောင်းလေးတွေကို ခပ်တင်းတင်း ပြန်လည်ဆုတ်ထွေးမိချိန်မှာ Screen ပေါ်မှာ လှိုင်းလေးတွေ တက်လာတယ်၊ နှလုံးခုန်သံ တစ်ချက်.. ဒုတိယတစ်ချက်၊ နောက် တတိယတစ်ချက်.. အဲ့ဒီ့နောက်.. ဆက်ပြီး...ဆက်ပြီး..၊

" ဟျွန်း.. "

ချန်းယောရဲ့ အသံတွေက အဆမတန် အက်ကွဲပြာနှမ်းလို့နေခဲ့ပြီ၊ မထင်မှတ်ထားတဲ့ ပျော်ရွှင်ဝမ်းသာစိတ်ကြောင့် မျက်ရည်စက်တွေက တာကျိုးသလိုမျိုး ထပ်မံပြိုကျလာတဲ့အချိန်မှာ သူ တင်းတင်းထွေးဆုတ်ထားမိတဲ့ လက်ချောင်းလေးတွေက ဆတ်ခနဲ လှုပ်လာတာကို ခံစားမိတယ်.. ၊ ဒါ...ဒါက...

" ROSC! လူနာ နှလုံးပြန်ခုန်ပြီ ! "

ဆရာဝန်တွေဆီက အသံက တက်တက်ကြွကြွ၊
ရိဖန် နဲ့ ရှောင်းကျန့်ကတော့ အခုမှ အသက်ရှူနိုင်သလိုဖြစ်သွားရရင်း.. နှစ်ဖက်လုံးအတွက် ပူပန်နေရတဲ့ ဂျွန်မြောင်ကတော့ ရိဖန်ရဲ့လက်တွေကို တွန်းဖယ်ရင်း ရီရှင်းဆီကို သွားတယ်၊ ဂျုံဒေးကတော့ သူ့ကို အဝင်မခံပဲ ပိတ်ထားကြတဲ့ သူနာပြုတွေကြောင့် အပြင်မှန်ချပ်ခြားလို့သာ အတွင်းထဲကို ငေးကြည့်နေရင်း မျက်ရည်တွေ ဝိုင်းနေတယ်၊

နှလုံးခုန်သံတွေက ဖြည်းဖြည်းချင်း အစီစဉ်တကျဖြစ်လာတဲ့ အချိန်မှာ.. အချိန်အတော်ကြာ မေ့မျောနေခဲ့တဲ့ ဘတ်ဟျွန်းရဲ့ မျက်လုံးတွေက ဖြည်းဖြည်းချင်း ပွင့်ဟလာတယ်၊ အလင်းကို မထိတွေ့ခဲ့ရတာ ကြာခဲ့ပြီမို့ ခံနိုင်ရည်မရှိပဲ၊ အားအင်ဖျော့တော့တဲ့ မျက်လုံးတွေက ပြန်မှိတ်ကျသွားပေမဲ့ သူ့လက်ချောင်းတွေကို တင်းတင်းယှက်ထားတဲ့ ချန်းယောလ်ရဲ့ လက်တွေနဲ့ ငိုကြွေးသံတွေကို ခံစားမိနေတာကြောင့် နှုတ်ခမ်းတွေ ဟနိုင်ဖို့အတွက် ခွန်အားတွေ တရိပ်ရိပ်တိုးလာခဲ့တယ်..၊

" Chan.. "

အုပ်ကာထားတဲ့ အောက်ဆီဂျင်mask ကြောင့် သူ့အသံက အင်မတန် တိုးညှင်းနေပေမဲ့ နီးကပ်လွန်းတဲ့ ချန်းယောလ်က အတိုင်းသားကြားနေရတာကြောင့် မျက်ရည်စတွေနဲ့.. ခေါင်းလေးထောင်လာတယ်၊ ဒီကောင်လေးက အမြဲတမ်း မိုက်ရူးရဲဆန်တယ်၊ ဒီတစ်ခါ သူ့ဆီက ထွက်မပြေးနိုင်လောက်အောင် အသက်နဲ့ ခြိမ်းခြောက်သတဲ့..၊

" မငိုနဲ့တော့..
Chan က တစ်ချိန်လုံးငိုနေတော့.. အစ်ကို့ ရင်ဘတ်ထဲက နာရတယ်.. "

ချော့မော့တဲ့စကားကို တိုးအဲ့အဲ့ပြောသွားရင်း ပြန်ပြီး ဖျော့တော့စွာ မှိတ်ကျသွားတဲ့ မျက်ဝန်းတွေကို ချန်းယောလ်က ယောင်နနနဲ့ ငေးကြည့်နေမိတယ်၊ ဒါက သူ့အတွက် အိပ်မက်လိုပဲ..၊ ဘာစကားမှ မတုန့်ပြန်နိုင်ပဲ ငြိမ်သက်နေတဲ့ အချစ်ရူးလေးက ပြန်လည်အိပ်ပျော်သွားတဲ့ ဘတ်ဟျွန်းကို အချိန်အတန်ကြာထိ စိုက်ကြည့်လို့နေခဲ့တယ်၊

အဲ့ဒီလို ကြောင်အနေခြင်းက ဘတ်ဟျွန်းကို အထပ်ထပ်အခါခါ စစ်ဆေးပေးနေတဲ့ ဆရာဝန်ကြီးဆီက " စိုးရိမ်စရာမရှိတော့ဘူး.. သူ ပြန်နိုးလာမှာပါ " ဆိုတဲ့စကားအဆုံးမှာ စိတ်ကို လုံးဝလျှော့ချလိုက်ဟန်တူတယ်၊ ချစ်သူ့စိတ်နဲ့အတင်းတောင့်ခံထားရတဲ့ ခန္ဓာကိုယ်က အားအင်ပြတ်တောက်ပြီး ချက်ချင်း မေ့မျောခွေကျသွားတာမို့ ရိဖန်နဲ့ ရှောင်းကျန့်က လှမ်းထိန်းပြီး ဆေးရုံတင်ဖို့ လုပ်ရတော့တယ်၊ ဒဏ်ရာရသွားတဲ့ ရီရှင်းကိုလည်း.. ဆေးထည့်ပေးဖို့ ဆရာဝန်တွေကို အကူအညီတောင်းရတယ်၊

ဒါက အိမ်မက်သာဆိုရင်တော့..
လှပလွန်းတဲ့ အိပ်မက်တစ်ခုမို့.. ထာဝရ မနိုးချင်တော့ဘူးလို့.. ချန်းယောက တွေးထားခဲ့တယ်..

.

.

.

.

.

.

🎶 Can the screaming echo reach you ?
I'm the one who gave my heart out on this road without you.
It was you , it was all you,
I will tell you when I see you again .. 🎶

🎶 ကိုယ် ဟစ်အော်မိလိုက်တဲ့ ပဲ့တင်ရိုက်ခတ်သံက
မင်းဆီကို ရောက်နိုင်ပါ့မလား.. ?

အိမ်ပြန်စရာလမ်းကို ရှာမတွေ့တဲ့..
မင်းမရှိတဲ့ ဒီလမ်းမထက်မှာ..
ကိုယ့် နှလုံးသားကို မင်းကို ပေးအပ်ခဲ့တာပါ၊
ကိုယ့်ရဲ့ အရာအားလုံးက မင်းပါပဲ.. ဆိုပြီး..
မင်းနဲ့ နောက်တစ်ကြိမ်သာ ပြန်ဆုံတွေ့ခွင့်ရခဲ့ရင် ပြောပြချင်မိတယ်။ 🎶

[ On the Road ]
Byun Baekhyun

________________________________________

" မနက်ဖြန် ပြန်မယ်ဆို.. "

" အွန်း.. "

သူ့အမေးကို ခေါင်းလေးတဆတ်ဆတ်ငြိမ့်လို့ ပြန်ဖြေလာတဲ့ ကောင်လေးကို လုဟန်က တစ်ချက်စောင်းငဲ့ကြည့်ပြီးမှ ပြတင်းတံခါးအပြင်ဘက်ကို ပြန်လှည့်လိုက်တယ်၊ ပတ်ဝန်းကျင်မှာ မိုးစက်တွေသည်းထန်စွာ ရွာသွန်းလို့ အေးစက်မှောင်မိုက်နေတာက သူတို့နှလုံးသားတွေရဲ့ ရာသီဥတုလိုမျိုး.. ၊

" ဒီည အတူရှိပေးလို့မရဘူးလား.. "

" ကိုကြီးက တပ်ရင်းကို ပြန်ရမယ်လေ.. ဟွန်းငယ်ရဲ့.. "

သူ့ခါးကို ဖက်တွယ်ရင်း ဂျီကျလာတဲ့ ကောင်လေးကြောင့် ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်တော့ မျက်လွှာလေးချလို့ အလိုမကျဖြစ်သွားတယ်၊ အမြဲရွှင်လန်းနေတဲ့ မျက်နှာဥဥက မသာမယာဆိုတော့ လုဟန်ပါ စိတ်ထဲမကောင်း.. ၊

တကယ်ဆို.. ဒီကလေးလေးက ဒဏ်ရာတွေ သက်သာကတည်းက သမ္မတကြီးနဲ့အတူ တောင်ကိုရီးယားကို ပြန်လိုက်သွားခဲ့ရမှာ..၊ သူနဲ့ မခွဲနိုင်တဲ့ အကြောင်းပြချက်တစ်ခုလေးနဲ့တင်.. အခုချိန်ထိ အနားမှာ ရှိနေတာမလား.. အဲ့တာကြောင့်ပဲ ဗိုလ်ကြီးလုဟန်က တာဝန်နားချိန်တွေဆို အိမ်တော် နဲ့ တပ်ရင်းကို သွားလိုက်၊ပြန်လိုက် လုပ်လို့ ဗျာများရပေမဲ့.. သူ့မှာ မမောနိုင်.. မပန်းနိုင်..

" အနေဝေးနေတုန်း ကိုကြီးက ထပ်ပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ "

ဝမ်းနည်းနေတဲ့ အကောင်ပေါက်လေးက လုဟန်ရဲ့ ကျောပြင်ကို မျက်နှာအပ်ရင်း တီးတိုးစကားဆိုလာတာကြောင့် ကလေးငယ်ရဲ့ ပူပန်သောကကို ခံစားမိလိုက်တဲ့ ဗိုလ်ကြီးက ချက်ချင်း ကိုယ်ကိုလှည့်လို့ ပိုက်ထွေးတယ်..

" ငယ်.. "

ချောမွတ်အိစက်နေတဲ့ ပါးပြင်လေးကို ခပ်ဖွဖွထိရင်း ညင်ညင်သာသာခေါ်မိတော့ မျက်ဝန်းညိုညိုလေးတွေက လုဟန့်မျက်နှာကို ပင့်ကြည့်လာတယ်၊ ဝမ်းနည်းစိတ်တွေကြောင့် နှာခေါင်းထိပ်ဖျားလေးတွေ နီရဲနေတဲ့ကောင်လေးက ငိုချင်စိတ်ကို မျက်တောင်လေးတဖျတ်ဖျတ်ခတ်လို့ ပုတ်ထုတ်တာကို မြင်လိုက်ရတော့ သူ့နှလုံးအိမ်ဟာ ဆစ်ခနဲ၊ ဒီချစ်စဖွယ် နတ်သားငယ်လေးကို ဘယ်သူကရော.. ခွဲခွာချင်ပါ့မလဲ

" ကိုယ်.. ကတိပေးတယ်..
ငယ့်အနားမှာ တစ်သက်လုံးရှိနေမှာ..၊ ကိုကြီးရဲ့ဘဝတစ်လျှောက်လုံး ငယ့် လက်ကိုပဲ ထာဝရဆုတ်ကိုင်ထားတော့မှာ.. "

ရင်ထဲမှာ အမှန်တိုင်းရှိတဲ့စကားကို ထုတ်ပြောလိုက်မိတော့ အံ့အားသင့်တဲ့ ရုပ်ကလေးဖြစ်သွားပြီး လုဟန်ရဲ့ မျက်နှာပြင်တစ်လျှောက် စုန်ချည်ဆန်ချည်ငေးကြည့်လာတယ်၊ ပြတ်သားနေတဲ့ ဗိုလ်ကြီးက သူ့စိတ်ရင်းကို ထုတ်ဖော်ပြပြီး ဒီကောင်လေးကို ယုံကြည်ချက်ရှိစေချင်တယ်၊ ချစ်ခြင်းမေတ္တာက တစ်ဦးတစ်ယောက်တည်းက တည်ဆောက်ရုံနဲ့ ခိုင်မြဲတဲ့အရာမှ မဟုတ်ပါပဲလေ..

"အမှန်တိုင်းပြောရရင်.. ချစ်တဲ့အကြောင်းကို ဝန်ခံပြီးတဲ့ နေ့ကတည်းကစပြီး အခုအချိန်ထိ၊ ကိုကြီးရဲ့အသက်၊ ဘဝ၊ နှလုံးသား အရာအားလုံးက ငယ့်အတွက်ပဲ ဖြစ်ရမယ်လို့ မိုးကောင်းကင်ကို သစ္စာဆိုခဲ့ပြီးသားပါ "

ပျော့ပျောင်းနေတဲ့ ဆံသားနုနုလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ခပ်တိုးတိုးစကားဆိုမိတော့.. ခေါင်းငုံ့သွားရင်း လုဟန်ရဲ့ ရင်ခွင်ထဲတိုးဝင်လာတယ်၊ ပုခုံးမှာ ပါးပြင်အပ်လို့ ငြိမ်သွားတဲ့ ၁၇ နှစ်သား အကောင်ပေါက်လေးက သူ့စကားကို အဆုံးထိ ကြားချင်ပုံပေါ်တယ်၊

" အဲ့တာကြောင့် ဘာအတွက်နဲ့မှ..
ငယ် ပူပန်စရာမလိုဘူး၊ အနေဝေးလို့ သွေးအေးသွားမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ရင် သံသယတွေ ကင်းရှင်းပစ်လိုက်လို့ရတယ်.. ကိုကြီးရဲ့ ဘဝမှာ ငယ်ပဲ ရှိတာ.. "

ခေါင်းလုံးလုံးလေးကို ငုံ့နမ်းတော့ လုဟန်ရဲ့ ခါးတစ်ဝိုက်ကို ချိတ်တွယ်ထားတဲ့ လက်ချောင်းလေးတွေက တင်းကြပ်သွားတာကို ခံစားမိတယ် ၊ ပြီးတော့ အပြုံးရိပ်လေးတွေ ဖြတ်ပြေးနေတဲ့ မျက်နှာလေးက အူယားဖွယ် ပြန်မော့လာရင်း လုဟန်ရဲ့ မေးဖျားလေးကို လှမ်းနမ်းတယ်၊

"စစ်သားလူအေးကြီးက ဒီလိုပြောတတ်မယ်လို့မထင်ထားဘူး၊
နိုင်ငံကို ကာကွယ်ဖို့ အထူးတပ်ဖွဲ့မှာ သင်ရတဲ့ပညာတွေထဲမှာ ချစ်သူကိုကြွေဆင်းအောင်လုပ်နည်းအတတ်ပညာပါ သင်ရတာလား "

ကြံကြံဖန်ဖန်မေးတတ်တဲ့ အကောင်ပေါက်လေးကြောင့် လုဟန်က ဟား.. ခနဲ ရယ်မိသွားတယ်၊ အဲ့ဒီ့အခါမှပဲ နှုတ်ခမ်းသားလေးတွေ ကွေးကော့လာတဲ့ အသည်းနှလုံးလေးက မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ ဗိုလ်ကြီးလုဟန်ကို ချစ်စဖွယ် ပြုံးပြတယ်..၊

" လူဆိုးလေး.. ခုမှပဲ.. ပြုံးတော့တယ် "

" အင်.. ခုနက မပြုံးမိဘူးလား.. "

နှုတ်ခမ်းလေးကို လျှာလေးနဲ့သပ်ရင်း ခေါင်းလေးစောင်းပြီး မေးလာတာများ ဖြစ်ညှစ်ချင်စဖွယ်၊ လုဟန်က အကြည့်ချင်းဆုံ ၊ နှာခေါင်းလေးရှုံ့ရင်း ခေါင်းယမ်းပြလိုက်တော့ မျက်မှောင်လေးကုတ်ရင်း ဟုတ်လို့လားဆိုတဲ့ ပုံစံနဲ့ လူကို လာကြည့်သေးတယ်၊ ပြီးမှ.. ခုန စကားကို ပြန်ဆက်တယ်၊

" အဲ့ဒါဆို ကိုကြီးကို ယုံလိုက်ပြီ "

" ခင်ဗျားလေးသာ.. ကျုပ်ကို ပစ်မသွားနဲ့ "

စကားကို လူကြီးတွေပြောသလိုမျိူး လေးလေးပင်ပင် တုံ့ပြန်လိုက်တော့.. ဟွန် ခနဲ တွေဝေသလို မျက်နှာမျိုးလေးလုပ်ပြတဲ့ အကောင်ပိစိက လုဟန့်ခါးကို ဖက်ထားတဲ့ လက်တွေကို ခွာလိုက်ရင်း ခေါင်းခါပြတယ်၊

" မပြောတတ်ပါဘူး၊
စကားနားမထောင်ရင်တော့ ကြိုးတုတ်ပြီး ရောင်းစားပစ်ရမှာပဲ.. "

" အမလေးဗျာ.. "

" တအားစိတ်ဆိုးလာရင်တော့ အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့ဦးမှာ.. "

" ဟော်.. ! "

လူဆိုးလေးပါလား.. ဆိုတဲ့ အကြည့်မျိုးနဲ့ ဘုကြည့်ကြည့်လိုက်တော့ လျှာလေးထုတ်ပြလို့ လူကို လှောင်တယ်၊ ပြီးတော့ ရင်ခွင်ထဲကို ပြန်မှီတွယ်လာရင်း သူ့ကို မနက်ဖြန်လိုက်မပို့နိုင်တဲ့အကြောင်းကို သတိရသွားဟန်နဲ့ ရစ်လုံးလေးလုပ်တော့တယ်၊

"အဲ့တော့ မနက်ဖြန်လည်း တာဝန်ချိန်ရှိသေးတယ်ပေါ့"

" အင်း ရှိတယ်၊ ဒီနေ့လိုပဲ လေ့ကျင့်ရေးကွင်းဆင်းရမှာ.. "

" ကိုကြီးရဲ့ တပည့်တွေထဲမှာ သားလို ဆိုးတဲ့လူမျိုးပါလား.. "

'ကိုယ့်ကိုယ်ကိုယ် ဆိုးတာတော့ သိသေးသားပဲ' ဆိုတဲ့ သဘောနဲ့ လုဟန်က မျက်ခုံးတစ်ဖက် ပင့်ပြတော့ ဟီးခနဲ မျက်နှာချိုသွေးပြတဲ့ အသေးလေးက အူယားဖို့ကောင်းတာမို့ ပါးလေးကို ဆွဲညှစ်လိုက်မိတယ်၊ ပြီးတော့.. ပေါက်စလေး ဂျီကန်လောက်မဲ့ အဖြေမျိုးကို သေချာရွေးလို့ ဖြေပေးလိုက်တယ်၊

"အမ်း.. ကိုယ့် သင်တန်းသားတွေထဲမှာ ငယ့်လိုမျိုး ဆိုးတဲ့ ကလေးပါရင်တော့ ထုတ်တန်းမှာ ဇောက်ထိုးကြိုးချည်ပြီး ချိတ်ထားရမှာပဲ.. "

" ဟာ.. ! "

" ငါးခြောက်လှန်းသလိုမျိုးလေ.. သိတယ်မလား"

မကျေမနပ် စူထွက်လာတဲ့ နှုတ်သီးကို လက်နဲ့ဖိလိုက်တော့ အွန်း..ခနဲ အော်ပြီး ကျောပြင်ကို အုန်းခနဲ ထုတယ်၊ အရမ်းကြီးမနာပေမဲ့ အောင့်ခနဲ ဖြစ်သွားတာကတော့ အမှန်၊ လူကသာ.. ၁၇ နှစ်သားလေးမို့ သေးနေတာ အားကတော့ ကြီးလိုက်တာ၊ ဒီ့ထက်နည်းနည်းကြီးလို့ အရပ်ပါရှည်လာရင် လုဟန်ကို တကယ်များခုန်အုပ်မလားမသိဘူး၊ အိုက်ယား.. ဒီကောင်လေးက ကြောင်ပေါက်လေးမဟုတ်ဘူး.. ကျားပေါက်စလေးပဲ..

" ကိုကြီးကို မခေါ်တော့ဘူး.. ! "

" ဟော.. ဘာလို့တုန်း၊ ငှက်ဝါလေးရဲ့.. "

" သားကို ထုတ်တန်းမှာ လှန်းမဲ့လူကို မချစ်နိုင်ပါဘူး၊
သား.. စိတ်ညစ်သွားပြီ "

မျက်ခုံးလေးကြုံ့ နှုတ်ခမ်းလေးထော်လို့ ပိကျိ ပိကျိ ပြောလာတဲ့ ကလေးကြောင့် လုဟန်မှာ တဟားဟား ထရယ်ချင်စိတ်တွေ ပေါ်လာပေမဲ့၊ သခင်လေးက ရွှေစိတ်တော်ညိုှးမှာကို ကြောက်နေရတာကြောင့် မျက်နှာကို အတင်းတည်လို့ ကလေးနဲ့ အလိုက်အထိုက် စကားပြောပေးရတယ်၊

" ဟုတ်ပ၊ ငါတို့ကလေးလေး စိတ်ညစ်သွားရပြီ..
ဘယ်သူက ငယ့်ကို အဲ့လိုပြောရဲရတာလဲကွာ.. "

" ကိုကြီးလေ.. ကိုကြီးအစုတ်ပလုတ်က ပြောတာ.. "

ပက်ခနဲ ပြန်စွာတဲ့ ကျားပိစိလေးက လူကို ကိုက်မဲ့သယောင် မာန်ဖီနေတာမို့ လက်ချောင်းတွေကို မေးဖျားလေးဆီ ဖွဖွလေးပွတ်လို့ တကျွတ်ကျွတ်အသံပေးလို့ ချော့ရတယ်၊ အဲ့ဒီ့အခါမှပဲ မျက်ခုံးလေးတွေ ပြန်ပြေသွားတဲ့ ဟွန်းငယ်က တစ်စုံတစ်ခုကို တွေးမိသွားပုံလေးနဲ့ မျက်နှာအမူအယာပြောင်းလဲသွားတယ်၊

" ဒါနဲ့ တပ်ရင်းမှာနေတော့လေ..
ကိုကိုဂျွန်နဲ့ မကြာခဏ တွေ့မှာပေါ့နော်"

" အင်း.. "

" ငယ်နဲ့ ပတ်သတ်ပြီး ဘာပြောလဲ.. "

" ဘာမှမပြောဘူးရော်..၊ ဒီအတိုင်းပဲ ခင်ခင်မင်မင်စကားပြောဖြစ်တယ် "

အမှုဖြစ်စဉ်မှာ ဟွန်းငယ်ရဲ့လက်ကို ထိခိုက်သွားတုန်းက ဆေးရုံကို တစ်ခါတည်းခေါ်သွားခဲ့တာမို့၊ ညတွင်းချင်းမှာပဲ သူ့ညီလေးဆီ အသည်းအသန် ရောက်လာတဲ့ ဒေါက်တာလေး ဂျွန်မြောင်က လုဟန်ကို မြင်တော့ အံ့သြသွားပေမဲ့၊ ဘာမှတော့မပြော..၊

ချစ်သူတွေလို ပတ်သတ်မှုရှိတဲ့အကြောင်းကို ဗိုလ်မှူးကြီးရိဖန်ဆီကတစ်ဆင့် သိသွားပုံရပေမဲ့ ချိုသည်၊ခါးသည် ဘာဆိုဘာမှဝေဖန်ခြင်းမရှိပဲ၊ နွေးနွေးထွေးထွေးသာ ဆက်ဆံတာကြောင့် သူ့မှာ အနည်းငယ်တော့ အလန့်ပြေရသေးတယ်၊

ဒီကြားထဲ ဗိုလ်မှူးကြီးရိဖန် နဲ့ သမ္မတကြီးက သူ့တို့ အငယ်ဆုံးလေးရဲ့ ချစ်သူကို အကဲဖြတ်သလို မကြာခဏ ကြည့်တတ်တာမို့ ကိုယ့်မှာ နေရခက်လို့မဆုံး..။ ကလေးမုန့်ပေးကြိုက်တယ်ရယ်လို့များ မြင်ကြမလားမသိ.. အားလည်းနာရသည်၊ လက်မလွှတ်ပေးနိုင်တော့ ပိုလို့တောင် ခက်ခဲသေးသည်။

" စိတ်ပူနေတာလား.. "

" အင်း.. နည်းနည်း "

ညံ့သက်သွားတဲ့ မျက်ဝန်းညိုတွေကို တုံ့ပြန်ကြည့်ရင်း အမှန်အတိုင်းဖွင့်ဟတော့ နှုတ်ခမ်းလေးစေ့ပိတ်လို့ လုဟန်ရဲ့ ယူနီဖောင်းအင်္ကျီကို ဖုန်ခါသလို တဖတ်ဖတ်လုပ်လိုက်ရင်း သပ်သပ်ရပ်ရပ်လေး ပြင်ပေးတယ်၊

" စိတ်ပူစရာမရှိပါဘူး၊ ကိုကြီးဂျွန်က ကောင်းကောင်းမွန်မွန် စကားပြောတယ်ဆိုရင် အဲ့တာ သဘောတူလို့ပဲ "

" ဟုတ်ရဲ့လား.. "

" ဟုတ်ပါတယ်ဆို၊ ကိုကြီးဂျွန်မြောင်ကလေ မားမားနဲ့တူတော့ တအားပြတ်သားတာ၊ မျက်နှာလေးက ရည်ရည်မွန်မွန်နဲ့ အေးအေးချမ်းချမ်းလေးဆိုပေမဲ့ သူသဘောမကျတဲ့လူဆိုရင် စကားတောင်လှည့်မပြောဘူး၊ လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်သွားမဲ့လူမျိုး..၊ ကိုကြီးရိဖန်ကကျ ပါးပါးနဲ့တူတာ အပြင်ပန်းက ကြောက်စရာကြီးဆိုပေမဲ့ တအားသဘောကောင်းတယ်၊ ဟွန်းငယ်ကို ပိစိလေးတော့ ဆူပေမဲ့ အရမ်းအလိုလိုက်တယ်.. အဟဲ"

သူ့အစ်ကိုတွေအကြောင်းကို မမောနိုင်၊မပန်းနိုင်ပြောနေတဲ့ သာလိကာပေါက်စလေးကို လုဟန်က ပြုံးလို့ကြည့်လိုက်ရင်း နှာခေါင်းလေးကို ဆွဲညှစ်လိုက်တယ်၊

" ဟွန်းငယ်ကရော.. ဘယ်သူနဲ့တူတာလဲ.. "

သူမေးလိုက်ကာမှပဲ အတတ်ကလေးက မျက်လုံးလေးဝေ့ပြီး အသည်းအသန် စဉ်းစားတယ်၊ ပြီးတော့.. 'ဘယ်သူနဲ့မှလည်းမတူဘူး'လို့ ပွစိပွစိ ရွတ်ပြီးမှ အကြံရသွားဟန် ပြောင်စပ်စပ်မျက်နှာလေးနဲ့ လက်ညိုးလေးတစ်ချောင်းထောင်လို့ ကြီးကြီးကျယ်ကျယ်တွေ ပြောလာတော့တယ်၊

" အွန်း.. သိပြီ၊ ဟွန်းငယ်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာ.. အဲ့တာကို မားမားက တွေ့ပြီး ကောက်လာတယ်ထင်တယ် "

" လျှောက်ပြောပြီကွာ.. "

အသည်းယားပြီး ခေါင်းလေးပုတ်လိုက်တော့ အင့်ခနဲ အသံပုစိလေးထွက်လာပြီးမှ တဟက်ဟက်ရယ်တယ်၊ ပြီးတော့ လုဟန်အနားကနေ ခွာသွားရင်း စားပွဲပေါ်က မုန့်ထုတ်ကို လှမ်းယူတယ်၊ ဂျွန်မြောင့်အကြောင်းပြောကာမှ အဲ့ဒီဆရာဝန်လေးနဲ့ပတ်သတ်ပြီး ထူးဆန်းနေတာကို သတိရသွားတဲ့ လုဟန်က ဟွန်းငယ်ရဲ့လက်ထဲက မုန့်ထုတ်ကို ဖောက်ပေးရင်းနဲ့ မေးလာတယ်၊

" ဒါနဲ့.. ဂျွန်မြောင်ကလေ.. ဘာလို့ဂင်ဂျွန်မြောင် ဖြစ်နေတာလဲ "

"အာ.. မားမားနဲ့ ပါးပါးက ကွာရှင်းထားတာလေ၊ အဲ့တာ အိမ်ပေါ်ကဆင်းတော့ ကိုကြီးဂျွန်ကိုပါ သူ့နဲ့အတူ ခေါ်သွားတာ၊ အဲ့နောက်ပိုင်း အိမ်ထောင်စုစာရင်းခွဲထွက်ပြီး ကိုကြီးရဲ့ မျိုးရိုးနာမည်ကိုပါ ပြောင်းလိုက်တာ..၊ မားမားက ဂင်မျိုးရိုးဆိုတော့.. ဂင်ဂျွန်မြောင်ဖြစ်သွားတာ..၊ ဒါပေမဲ့လေ မားမားက ဟွန်းငယ်တို့ကို ခေါ်မသွားဘူးသိလား.. ငယ်ငယ်တုန်းက ပါးပါးနဲ့ပဲနေမှာဆိုပြီး ပြောတယ်တဲ့၊ ဟွန်းငယ်ဖြင့် မမှတ်မိပါဘူး.. "

" အာ.. အဲ့လိုကို.. "

အကုန်သိသွားပြီးမှပဲ မမေးသင့်တဲ့အကြောင်းအရာများလားလို့ သူ့ဘက်က အားနာပြီး ငြိမ်သွားပေမဲ့ ကလေးပေါက်စက ဘာမှမထူးဆန်းသလိုမျိုး အာလူးကြော်တွေကို တဂျွမ်းဂျွမ်းစားလို့နေတယ်၊ ကြည့်ရတာ ကွာရှင်းပြီးပေမဲ့လည်း.. အဆင်ပြေပြေရှိကြပြီး ကလေးတွေနဲ့တော့ အဆက်အသွယ်တော့ရှိနေပုံ..၊

ပြတင်းတံခါးအပြင်ဘက်ကို လှမ်းကြည့်မိတော့ မိုးက မစဲနိုင်သေး၊ ဒါပေမဲ့ ပြန်ချိန်နီးကပ်ပြီမို့ သိပ်မကြာခင်မှာ ဒီကောင်လေးကို နှုတ်ဆက်ရတော့မယ်၊ လုဟန်ရဲ့ မျက်နှာအနေအထားက ညံ့သက်သွားပြီး အကောင်ဝါလေးကို လှမ်းကြည့်တော့ အရိပ်အကဲသိတဲ့ ကောင်လေးက ချက်ချင်းအနားကို ပြန်ရောက်လာတယ်၊

" ငယ်. . "

" အွန်း.. ပြန်ရတော့မှာလား "

" အင်း.. "

" ကျွန်တော့်ကို သေချာပေါက်လွမ်းနေရမယ်နော်.. "

သူ့လက်ချောင်းတွေဆီ တယုတယ ထွေးယှက်လာတဲ့ ဖြူဥနူးညံ့တဲ့လက်ချောင်းတွေနဲ့အတူ ပွင့်လင်းပြီး နှစ်လိုဖွယ် စကားချိုချိုတွေက ပြင်းပြတဲ့ဆန္ဒတရားတွေကို ဖြစ်တည်စေတယ်၊ မျက်ဝန်းညိုညိုလေးတွေထဲကို ငေးစိုက်လို့ကြည့်မိတဲ့အခါ တဆက်တည်းမြင်ရတဲ့ တောက်ပတဲ့ချစ်ခြင်းမေတ္တာတွေက နှလုံးသားကို တဖျတ်ဖျတ်ခုန်စေတယ်၊ နဖူးပြင်လေးကို ငုံ့နမ်းမိတော့.. နီးကပ်သွားတဲ့ နှစ်ဦးသားအနေအထားကြောင့် ချိုအီမွှေးပျံ့တဲ့ ကိုယ်သင်းရနံ့လေးကို ခံစားမိလိုက်တယ်၊

အင်း.. လွမ်းနေရတော့မှာပဲ၊

" ကိုယ့်တာဝန်ချိန်တွေပြီးတိုင်း ဖုန်းဆက်မယ် "

" လွမ်းနေမှာမလား.. "

" အင်း.. "

" ချစ်နေဦးမှာမလား.. "

" အင်း.. "

" တခြားမိန်းမတွေနဲ့ မရှုပ်ရဘူးနော်.. "

" စိတ်ချ.. "

" ငယ့်ကို ပစ်မသွားနဲ့.. "

" ရှူး.. "

တရစပ်အမှာစကားတွေကိုပြောရင်း ရစ်ချင်ဂျစ်ချင်တဲ့စိတ်လေးတွေ မရပ်တော့တဲ့ နှုတ်ခမ်းပါးပါးလေးကို လက်ညိုးလေးနဲ့ ဖိပိတ်လို့တားတော့ အွန့်ခနဲ.. ငြိမ်သွားပြီး မျက်လုံးလေးတွေက အမေးစကားဆိုချင်ဟန်နဲ့ မော့ကြည့်လာတယ်၊

" အစ်ကိုက စစ်သားဆိုတော့.. အလုပ်နဲ့ သက်သေပြမယ် "

လက်ညိုးလေးကို ဖယ်လိုက်ရင်း၊ နှုတ်ခမ်းပါးလေးဆီ ရည်ရွယ်လို့ ငုံ့မိုးကျလာတဲ့ အခိုက်အတန့်မှာ ဟွန်းငယ် ပြုံးသွားတာ.. သိသိသာသာ၊ စိတ်မရှည်တဲ့ အကောင်ပိစိက လုဟန်ရဲ့လည်ပင်းကို လှမ်းဆွဲလို့ သူကပဲ ဦးအောင်ဖိကပ်ပစ်လိုက်တယ်၊ ချိုမြနူးညံ့တဲ့အထိအတွေ့မှာ နှစ်ယောက်လုံးရဲ့ စိတ်တွေ မြူးထူးရစ်သိုင်းလို့နေတယ်၊ လျှာဖျားလေးနဲ့ထိတွေ့မိတဲ့အခါ နှလုံးသားက ရင်ဘတ်ထဲက ထွက်ကျလုမတတ် ခုန်ပေါက်နေတာများအခါခါ..

အားမရလွန်းစွာပဲ ကိုယ်ပိစိလေးကို ဖြစ်ညှစ်ပွေ့ဖက်လိုက်ပြီး ခပ်သာသာလှည့်လို့ နံရံမှာဖိကပ်လိုက်တဲ့အခါ.. ရုတ်တရက်မို့ လန့်သွားတဲ့ ဟွန်းငယ်ရဲ့ နှုတ်ခမ်းပါးပါးလေးတွေ ခပ်ဟဟဖြစ်သွားတယ်၊ မခွဲခင်ကတည်းက လွမ်းနှင့်နေပြီးသားဖြစ်တဲ့ မွတ်သိပ်သိပ် အကြင်နာအနမ်းတွေအောက်မှာ ချစ်ခြင်းနယ်မြေလေးဆီက.. ရယ်သံနုနုက ချိူသာသာ..

" လွမ်းနေမယ်.. "

အနမ်းတွေ ပြည့်ဝလို့ နှုတ်ခမ်းသားတွေ ပြန်ခွာသွားချိန်မှာ ငယ့်ရဲ့ မေးဖျားလေးကို တယုတယ ငုံ့နမ်းလိုက်တဲ့ ဗိုလ်ကြီးက သူ့ချစ်သူလေး ရစ်ထားသမျှ မေးခွန်းတွေကို နှစ်ဦးသားကြားရရုံလေး ခပ်တိုးတိုးပြန်အဖြေပေးတယ်၊

" တစ်ဘဝလုံး ဆက်ချစ်နေဦးမှာ.. "

ဟွန်းငယ်ရဲ့ ပါးပြင်နုနုကို ဘယ်ညာ အနမ်းပေးရင်း ဆိုလာတဲ့ လုဟန်ရဲ့ လေသံက နူးညံ့ပြီး ဆွဲဆောင်မှုပြည့်နေခဲ့တယ်၊ တဒိတ်ဒိတ်ခုန်နှုန်းမြင့်လာတဲ့ နှလုံးသားဟာ ဘယ်သူ့ဆီကလည်း သေချာမဝေခွဲနိုင်၊ အကြင်နာစကား တီတီတာတာဆိုတဲ့ လုဟန်ရဲ့ နားရွက်တွေကလည်း နီမြန်းနေသလို မရှက်စဖူး အရှက်ထူးတဲ့ ၁၇ နှစ်သားလေးခမျာလည်း.. ဗိုလ်ကြီးရဲ့ ယူနီဖောင်းစကို ယောင်ယမ်းလို့ဆွဲထားမိသည်အထိ..

" မင်းကလွဲရင် အရာအားလုံး ဖွဲ နဲ့ ဆန်ကွဲ.. "

တဖျတ်ဖျတ်တောက်နေတဲ့ မျက်ဝန်းကြည်လေးကို ငေးရင်း ခပ်ဖျော့ဖျော့လေး ပြုံးလိုက်တဲ့ လုဟန်က အသည်းနှလုံးလေးရဲ့ နှာခေါင်းထိပ်ဖျားလေးကို ဖိနမ်းတော့ မျက်လွှာလေးတွေ ဆတ်ခနဲ ချသွားမလိုဖြစ်ပြီးမှ မျက်တောင်တဖျတ်ဖျတ်ခတ်တယ်၊ ဆယ်ဟွန်းရဲ့ နားထဲမှာ ချိုအီဆိမ့်နေတဲ့ အသံဓာတ်က ပြတင်းတံခါး အပြင်ဘက်က မိုးသံလေးတွေနဲ့ ပနံတင့်လို့နေတယ်၊ လူကို ဘယ်အထိများ.. ရူးအောင် ပြုစားတော့မှာလဲမသိဘူး၊ လူကြီးတွေ ရိုဆန်ရင် တကယ်ကြောက်ဖို့ကောင်းပါတယ်နော်..

" ချစ်လို့တောင်မဝတာ ဘယ်လိုလုပ်ပစ်ထားရက်မှာလဲ.. "

" ရူးတော့မှာပဲ.. "

အာ.. ခနဲ မတင်မကျလေးရေရွတ်ရင်း ရှုံ့မဲ့လာတဲ့ အကောင်ပေါက်လေးက လုဟန်ဆီက ချစ်ကြည်နူးဖွယ်စကားတွေကို ကြားရမှ ပိုပြီးတောင် လွှတ်မပေးချင်ဟန်နဲ့ အတင်းကို ကပ်တွယ်လို့ ဖက်ထားတယ်၊ လည်ပြန်သိုင်းဖက်လာတဲ့ ဗိုလ်ကြီးလက်မောင်းတွေကလည်း တင်းတင်းကျပ်ကျပ်၊ စကားမဆိုနိုင်ပဲ ငြိမ်သွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်ပေမဲ့လည်း သူ့မျက်ဝန်းတွေမှာလည်း.. မအီမသာ.. ၊ အဲ့ဒီလိုနဲ့ပဲ.. မိုးစက်တွေ ပိုလို့သည်းထန်လာတဲ့အချိန်မှာ ရင်မှာပျိုးတဲ့ မညှိးပန်း ချစ်ဦးသူလေးကို မခွဲချင်ပေမဲ့လည်း.. ရင်နာနာနဲ့ နှုတ်ဆက်ခဲ့ရတော့တယ်၊

" အားလပ်ရက်ရတာနဲ့ ကိုရီးယားကို လိုက်လာခဲ့မှာမို့.. စောင့်နေ.."

" အင်း "

.

.

.

.

.

.

ချစ်ခြင်းနဲ့ဆောက်တည်တဲ့ ခရီးလမ်းမှာ..
ဝေးကွာခြင်းက အဓိကပြဿနာမဟုတ်ပါဘူး၊
မင်းကို အမှန်တကယ်မြတ်နိုးတဲ့လူက..
တောတောင်၊ရေမြေ၊ပင်လယ်အဆင့်ဆင့်ဖြတ်သန်းလို့
မိုင်ပေါင်းကုဋေကုဋာဝေးလည်း..
လာချင်ရင် အနီးလေးပေါ့.. အချစ်ရယ်..။

_________________________________________
သူတို့ ဆေးရုံကနေ ပြန်လာတော့ မိုးကပိုပြီးသည်းထန်လာတယ်၊ ဒဏ်ရာရသွားပေမဲ့လည်း အတွန့်မတက်နိုင်သေးတဲ့ ရီရှင်းကတော့ တာဝန်ချိန်ရှိတာမို့ သူတို့ကို ဆေးခန်းရှေ့ချပေးပြီး ချက်ချင်းနှုတ်ဆက်ပြီး ပြန်သွားပေမဲ့ ရှောင်းကျန့်ကတော့ နောက်ထပ်တာဝန်ချိန် မစခင်လေးမှာ ရေပြေးချိုးလိုက်သေးတယ်၊ သူ ရေချိုးပြီးထွက်လာမှပဲ ဂျွန်မြောင်နဲ့ ဂျုံဒေး နှစ်ယောက်သားက တက်တက်ကြွကြွနဲ့ ရေခွက်လေးကိုယ်စီနဲ့ ရောက်လာကြတယ်၊

မခြောက်သေးတဲ့ဆံပင်တိုတိုကို တဘတ်နဲ့ ခပ်မြန်မြန်သုတ်လိုက်ရင်း အေးသလိုခံစားရတာမို့ ယူနီဖောင်းလက်ရှည်လေးထပ်ဝတ်လိုက်တယ်၊ အားလုံးပြင်ဆင်ပြီး ဆေးခန်းထဲကို ဝင်လာတော့ သူနာပြုမလေးတွေက လှမ်းနှုတ်ဆက်တာမို့ ဗိုလ်ကြီးရှောင်းကျန့်က သူ့မူပိုင် ရွှေရင်အေးအပြုံးလေးနဲ့ တုံ့ပြန်တယ်၊

" ဗိုလ်ကြီး.. ဂျူတီချိန်းပြီနော်.. "

" ဟုတ်ကဲ့ခင်ဗျာ.. "

စေတနာ့ဝန်ထမ်းဒေါက်တာလေးက ရွှင်ရွှင်ပြပြပြောလာတော့ ရှောင်းကျန့်က ခေါင်းတဆတ်ဆတ်ပြုရင်း ကြည်ကြည်ချိုချိုပြန်ဖြေတယ်၊ နားရတော့မှာမို့ အားတတ်နေတဲ့ ဒေါက်တာလေးက ဂျူတီချိနိပြီးဆုံးကြောင်း လက်မှတ်ထိုးလို့၊ လူနာတွေကို မကြာခဏ စစ်ဆေးဖို့ အမှာပြုရင်း အဆာပြေ အစားအစာတစ်ခုရှာဖွေဖို့၊ မုန့်တွေထားတတ်တဲ့ အစည်းအဝေးခန်းဘက်ကို ထွက်သွားတော့ ရှောင်းကျန့်က တာဝန်အားလုံးကို လွှဲယူလိုက်တယ်၊

ဆေးစစ်ချက်တွေကို ဂရုတစိုက်ဖတ်ရင်း လူနာတွေကို လှည့်ပတ်ကြည့်ပေးနေတုန်းမှာပဲ ကားရပ်သံကြားလိုက်တာကြောင့် လှမ်းကြည့်တော့ ဆေးဗိုလ်လေးနဲ့ Jackson တို့က ကြွက်စုတ်ဖြစ်လုမတက် ပင်ပန်းနေတဲ့ရုပ်လေးတွေနဲ့ ကားပေါ်ကနေ ဆင်းလာတယ်၊ ဆေးဗိုလ်လေးက ထိုင်ခုံမှာ အမောပြေဝင်ထိုင်လိုက်ပေမဲ့ Jackson ကတော့ နီးစပ်ရာ လူနာကုတင်ပေါ်ကို ဝုန်းခနဲ လှဲချပြီး မျက်လုံးတွေ ပိတ်သွားတယ်၊

" ဝေ့ .. တာဝန်ချိန်ပြီးပြီလား "

ရှောင်းကျန့်က အသံပေးရင်း ခရီးဦးကြိုပြုလိုက်တော့ Jackson က မျက်လုံးဖွင့်ပြီး ခေါင်းပြန်ထောင်လာတယ်၊ ပြီးတော့မှ ဟင်းခနဲ သက်ပြင်းချပြီး မျက်လုံးတွေပြန်မှိတ်သွားရင်း ဝေေ၀ဝါးဝါး ငြီးတွားတယ်၊

"အူတူတူရှောင်းကို မြင်ရသေးတယ်ဆိုတော့ ငါ အသက်ရှင်သေးသားပဲ၊ ပင်ပန်းလွန်းလို့ သေပြီထင်တာ.. ငါပါ ထရိန်းခံနေရသလိုပဲ "

"ကဲပါ၊ ညည်းမနေနဲ့ ရေချိုးပြီး နားကြတော့.. "

ရှောင်းကျန့်က ရယ်သံစွတ်ရင်း လှမ်းပြောတော့ ဆေးဗိုလ်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း အိပ်နေတဲ့ Jackson ကို အတင်း ဆွဲထူတယ်၊ အဲ့အချိန်မှ ပျင်းတိပျင်းရွဲနဲ့ ထလာတဲ့ ဗိုလ်ကြီး Jackson က ဆေးဗိုလ်လေးရဲ့ ပုခုံးကို မှီတွယ်ရင်း လမ်းမလျှောက်ချင် လျှောက်ချင်နဲ့ ပါသွားတယ်၊

ချစ်စရာကောင်းတဲ့နှစ်ယောက်ကို ကြည့်ရင်း ခေါင်းတခါခါပြုတဲ့ ဆေးဗိုလ်ကြီးက သူ စစ်ဆေးစရာရှိတဲ့ လူနာတွေကို ဆက်ပြီး ကြည့်ပေးတယ်၊ ဆေးကုန်သွားတဲ့ လူနာကို ဆေးထပ်ချိတ်ပေးဖို့ သူနာပြုမလေးကို အကူအညီတောင်းနေတုန်းမှာပဲ ဂျွန်မြောင်က ဆေးပေးခန်းထဲ ဝင်လာတယ်၊ ညဝတ်စုံလေးသာ ဝတ်ထားတဲ့ ဒေါက်တာချောချောလေးက ဒီနေ့ည ဂျုတီမရှိတာမို့ ဆံပင်တွေရေခြောက်တာနဲ့ တန်းအိပ်တော့မဲ့ပုံပါပဲ၊

"ရှောင်းကျန့်.. မနက်က ခွဲစိတ်ထားတဲ့လူနာ အခြေအနေဘယ်လိုရှိလဲဟင် "

"B12 က လူနာလား၊ ကျွန်တော် ခုနက စစ်ကြည့်တယ်၊
အသက်ရှုနှုန်းလည်း ငြိမ်တယ်၊ EKG လည်း အဆင်ပြေတယ်.. ဂျွန်မြောင်လည်း နားရင် နားတော့လေ.. ဒီနေ့ ကျွန်တော်.. ညဂျုတီမို့ သေချာစောင့်ကြည့်ထားလိုက်မယ်.. "

" အဲ့တာဆို အားနာပေမဲ့ အကူအညီတောင်းပါတယ်နော် "

လက်ကလေးနှစ်ဖက်ကို ယှက်ပြီး ကျေးဇူးတင်ကြောင်းပြလာတဲ့ အမူအယာလေးကြောင့် ရှောင်းကျန့်က ပြုံးတုံ့တုံ့နဲ့ လက်ကာပြလိုက်တယ်၊ ဂျွန်မြောင်ပြန်ထွက်သွားတော့ သူလည်း ဟိုဟိုသည်သည်လှည့်ပတ်ကြည့်ရင်းကနေ ခြေထောက်တွေ ညောင်းညာလာတာမို့ ခုံလေးမှာ ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်မှာ အသင့်တင်ထားတဲ့ စာအုပ်ကို လှန်လိုက်တယ်၊

ဒီရက်ပိုင်းမှာ ရိပေါ်နဲ့ မတွေ့ဖြစ်တာကြာခဲ့ပြီ၊
တာဝန်ချိန်တွေကြားမှာ မအားမလပ်ဖြစ်နေတဲ့ ရိပေါ်က လုဟန်နဲ့အတူ အထူးတပ်ဖွဲ့စစ်သားလေ့ကျင့်ရေးမှာ အားစိုက်ထုတ်နေရတယ်၊ ရှောင်းကျန့်ကိုယ်တိုင်ကလည်း ဗိုလ်မှူးအဆင့်ကို တက်နိုင်ရန်အတွက် စာတွေ့၊လက်တွေ့သင်တန်းရှိတာမို့ အလုပ်ရှုပ်နေခဲ့တာဖြစ်တယ်၊

" Victor .. "

တွေးလို့မှမဆုံးသေး..
သူ့နောက်ကျောနားက ရင်းနှီးနွေးထွေးတဲ့ အငွေ့အသက်လေးကြောင့် ခန္ဓာကိုယ်ကို လှည့်လိုက်တော့ အသံပိုင်ရှင်က သူ့ပုခုံးတွေကို နူးနူးညံ့ညံ့လေး ပိုက်ထွေးတယ်၊ ဘယ်သူလဲဆိုတာကို သိလိုက်ရချိန်မှာ ပျော်ရွှင်စွာ မော်ကြည့်လာတဲ့ ရှောင်းကျန့်ရဲ့ အပြုံးတွေက အလှပဆုံး တောက်ပလို့နေတယ်၊

" အခုမှ တာဝန်ချိန်ပြီးတာလား.. "

" အင်း.. "

သူ့ကို ငုံ့မိုးကြည့်လာတဲ့ ဒုဗိုလ်ရဲ့ မျက်နှာပြင်က မောပန်းနွမ်းနွယ်ခြင်းတွေ ပြည့်ဝနေခဲ့တာကြောင့် သနားဂရုဏာသက်သွားတဲ့ ဆရာဝန်လေးက ခန္ဓာကိုယ်ကို အပြည့်အဝလှည့်ပြီး လက်နှစ်ဖက်ဆန့်ပေးတယ်၊ "ဖက်ထားပေးရမလား" ဆိုတဲ့ စကားလုံးကို ထုတ်ဖော်မပြောပြသည့်တိုင် ရှောင်းကျန့်ရဲ့ အပြုအမူလေးက ချစ်မြတ်နိုးဖွယ်ကောင်းနေတာမို့ ရိပေါ်က နှစ်နှစ်ကာကာပြုံးတယ်၊

ထိုင်နေတဲ့ ဆရာဝန်လေးကို ခန္ဓာကိုယ်ကိုင်းငဲ့ပြီး ကြင်ကြင်နာနာ ထွေးပွေ့လိုက်တော့ ချိုမြတဲ့ဆပ်ပြာနံ့လေးတွေက သူ့နှာခေါင်းဝအနားမှာ ဝေ့သင်းနေခဲ့တယ်၊ ကျောပြင်ကို နူးနူးညံ့ညံ့လေးပုတ်ပေးနေတဲ့ လက်ဖဝါးနွေးနွေးလေးကို ခံစားမိတော့ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်တင်းကြပ်စေတဲ့ မောဟိုက်နွမ်းလျနေခြင်းတွေက အေးမြတဲ့မေတ္တာဓာတ်တွေကြောင့် တစ်ခဏချင်းမှာပဲ လျောကျသွားတယ်၊ အတိုင်းထက်အလွန် ချစ်မြတ်နိုးမိတဲ့အခါ လူတိုင်းက ဒီလိုပဲကြုံတွေ့ရတယ်ထင်တယ်

" ငါတို့ကလေးလေး ပင်ပန်းနေပြီပဲ "

လူကြီးတအားလုပ်ချင်နေတဲ့ ဒေါက်တာလေးက မောပန်းနေတဲ့ ရိပေါ်ကို အခွင့်ကောင်းယူပြီး ချော့မော့နေတာမို့ တိုးတိုးလေး ရယ်မိတယ်၊ နောက်တော့ ရိပေါ်က Victor ကို ဖက်တွယ်ထားရာကနေ ခွာလိုက်ပြီး နေရာကနေ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ရင်း ချောမောတင့်တယ်တဲ့မျက်နှာပြင်ကို တစိမ့်စိမ့်မော်ကြည့်မိတယ်၊ ရှောင်းကျန့်က 'ဘာဖြစ်လို့လဲ' ဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြလိုက်တော့ ဒုဗိုလ်လေးရဲ့ မျက်နှာပြင်က ပြုံးယောင်သန်းလာတယ်၊

" မောင့်ကို ထပ်ပြုံးပြပါဦး.. "

" ဟော်.. ဘာလို့လဲ "

" အလွမ်းပြေလို့လေ.. "

ချိုသာလေးနက်တဲ့ အဖြေစကားကြောင့် ရှောင်းကျန့်က အတင်းလုပ်ယူစရာမလိုပဲ အလိုလို ပြုံးမိသွားတယ်၊ သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်လာတာကို မလွတ်စတမ်းငေးကြည့်နေတဲ့ ရိပေါ်ရဲ့ မျက်ဝန်းအိမ်လေးတွေဆီက ချစ်ခြင်းမေတ္တာဓာတ်လေးတွေ တဖျတ်ဖျတ်လင်းလဲ့နေခဲ့တယ်၊

ဘုရားသခင်က ရှောင်းကျန့်ဆိုတဲ့လူသားလေးကို ပြည့်စုံတောက်ပတဲ့ ကြယ်ပွင့်လေးအဖြစ် မငြီးမငြူ ဖန်တီးပေးခဲ့တယ်ထင်တယ်၊ မထိရက် မကိုင်ရက်ပဲ.. ဒီအတိုင်းလေး မြင်တွေ့နေရရင်တောင်မှ စိတ်အာရုံမှာ အလိုလိုအေးချမ်းလာတယ်၊ နူးညံ့ချောမောတဲ့ မျက်နှာလေးကို တယုတယ သိမ်းဝှက်ထားချင်စိတ်တွေ ဖြစ်တည်လာတယ်၊ တစိမ့်စိမ့်ကြည့်နေမိရင်းကနေ မသိလိုက်ခင်မှာပဲ အတိုင်းထက်အလွန် ငြိတွယ်လာမိတယ်၊

" ဟေး.. ရိပေါ်.. တော်ပြီလေ..
ဘယ်အချိန်ထိ ဒီလိုမျိုးကြည့်နေမှာလဲ"

" အင်း.. တစ်ဘဝလုံး.. "

အချိန်အကြာကြီး ငေးကြည့်ခံနေရတာကြောင့် မျက်နှာမထားတတ်ဖြစ်ရအောင်အထိ ဖြစ်လာတဲ့ Victor က ရိပေါ်ဆီက လေးနက်ကြင်နာတဲ့အဖြေစကားကြောင့် မျက်လုံးလေးဝေ့ရင်း ဟိုဟိုသည်သည်ကြည့်လို့ အာရုံလွှဲတယ်၊ နှုတ်ခမ်းသားကို ဖိကိုက်ရင်း အပြုံးပွင့်တွေကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့လည်း.. ဟန်မဆောင်တတ်တဲ့ နားရွက်ဖျားလေးတွေက ထိန်းလို့မရအောင် နီရဲလာခဲ့ပြီ..။

အဲ့ဲဒီလို မြတ်နိုးဖွယ်ပုံစံလေးကြောင့် ပိုလို့တောင် သဘောကျသွားတဲ့ ရိပေါ်က ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်ရဲ့ လက်ကလေးကို လှမ်းပြီး ဆုတ်ထွေးမိတော့ ပလာစတာကပ်ထားတဲ့ လက်ချောင်းလေးတွေကြောင့် မျက်ခုံးလေးတွေ တင်းခနဲ ဖြစ်သွားတယ်၊ ရွှေကွန်ရက်လေးလို လှပဝင်းဝါနေတဲ့ လက်ကလေးဆီက အသေးစား ထိခိုက်မှုလေးကတောင် ရိပေါ်ရဲ့ နှလုံးသားကို အကြီးအကျယ် တုန်လှုပ်စေတယ်လို့ အမှန်တိုင်းဝန်ခံရရင် 'ဒုဗိုလ်ဝမ်က တအားပိုလွန်းတယ်' ဆိုပြီး ငြီးငြီးငြူငြူ ဝေဖန်ခံရမလား မပြောတတ်၊

" ဒဏ်ရာရထားတာလား.. "

" ဘာမှမဟုတ်ဘူး၊ လေ့ကျင့်ရင်း.. ထိခိုက်မိတာ "

သူကသာ.. စိတ်ပူနေသလောက် အဆိုးလေးရှောင်းကျန့်ကတော့ ပလာစတာကပ်ထားတဲ့ လက်ကလေးကို ရိပေါ်ရဲ့ မျက်နှာရှေ့မှာ ဆုတ်ချည်ဖြန့်ချည်လုပ်ပြရင်း အဆင်ပြေကြောင်း ပြောတယ်၊ ဘာစကားမှ ပြန်မပြောမိပဲ လက်ချောင်းလေးတွေကို တယုတယ ဆွဲကိုင်လိုက်ရင်း စိတ်မကောင်းဖြစ်နေမိတော့ အထက်လူကြီးလေးက နှုတ်ခမ်းလေးချွန်ရင်း မကျေမနပ် စရန်ထောင်လာတော့တာပဲ၊

"Adam.. ငါက စစ်သားနော် မေ့နေတာမှာစိုးလို့.. သိလား၊
မင်းကလေ.. ကဲကိုကဲတယ်.. "

စူပုတ်နေတဲ့ ရှောင်းကျန့်က ရိပေါ်ရဲ့နှာခေါင်းလုံးလုံးလေးကို သူ့လက်ညိုးလေးနဲ့ ဖိလိုက်ခွာလိုက်ပြုရင်း စိတ်အလိုမကျဟန် နှာခေါင်းလေးရှုံ့ပြတယ်၊ ကြည့်ဦးလေ.. စိတ်ဆိုးစိတ်ကောက်ချင်တဲ့ အမူအယာလေးကတောင် ဒီလောက်ထိ အသည်းယားဖို့ကောင်းနေတာကို.. ဒုဗိုလ်ဘက်က သည်းသည်းလှုပ် ချစ်နေမိ၊ အကဲပိုနေတာဆန်းကြယ်သလား..

"အင်း.. ကျွန်တော်ကလည်း တာဝန်ကျေတဲ့စစ်သားဆိုတာ သိတယ်မလား၊ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ချစ်သူအပေါ်မှာလည်း.. "

" တာဝန်ကျေချင်တာလား.. "

" ဟင့်အင်း.. တာဝန်ယူချင်တာ.. "

လူယုတ်မာပြုံးကြီးနဲ့ ခပ်တည်တည် ပြန်ဖြေလိုက်တော့ ယုန်ကလေးရှောင်းကျန့်က ကြက်သီးထသွားသလို ရုပ်လေးလုပ်ပြတယ်၊

" အိုက်ယား.. ကျွန်တော်ကပဲ အရှုံးပေးပါတယ်၊ ခင်ဗျားလေးက စကားတတ်တိုင်း အပိုတွေတအားပြောတယ်"

ခေါင်းလေးတခါခါနဲ့ ခပ်ငြီးငြီးလေးပြောနေတဲ့ အထက်လူကြီးလေးက ရိပေါ်ရဲ့ လက်ချောင်းတွေကို ကြင်ကြင်နာနာ ထွေးယှက်လာရင်း ဘယ်ညာ လှုပ်ယမ်းလို့ ကစားတယ်၊ ဒုဗိုလ်က လှုပ်ခါနေတဲ့ ဆရာဝန်လေးရဲ့ လက်ချောင်းလေးတွေကို ငြိမ်စေပြီး နှာခေါင်းဖျားနဲ့ ဖိကပ်လို့ တယုတယနမ်းရှုံ့လိုက်တာ့ Victor က လျှာတစ်လစ်လေးထုတ်၊ ပုခုံးလေးတွန့်လို့ အသည်းယားဟန် လုပ်ပြတယ်၊

" eee.. ဆေးနံ့တွေ မရဘူးလား.. "

" မရပါဘူး.. "

" လိမ်တယ်ရော်..
ဝါးး.. ဒုဗိုလ်ဝမ်က လူလိမ်ပဲ.. မကောင်းတဲ့ လူလိမ်"

လက်ညိုးလေးတထိုးထိုးနဲ့ လူကို လာလှောင်နေတာမို့ ပြန်ပြီး စနောက်ချင်လာတဲ့ ရိပေါ်က ရှောင်းကျန့်ရဲ့ လက်ညိုးလေးကို မနာအောင် လှမ်းကိုက်တယ်၊ အာ့.. လို့ အသံသေးသေးလေး ထွက်လာပြီး လန့်သွားဟန် မျက်လုံးလေးပြူးသွားတာတွေ့တော့ ပြန်လွှတ်ပေးလိုက်ရင်း တဟက်ဟက် ရယ်မိတယ်၊

" စကားကို ချစ်စရာကောင်းအောင် ဘယ်လိုပြောနေတာလဲ "

" ဘယ်လိုပြောမိလို့လဲ "

သူ့အမေးကို ကျန့်ကျန့်က အကိုက်ခံရတဲ့ သူ့လက်ကလေးဆီသာ သေချာငုံ့ကြည့်နေရင်းကနေ ပက်ခနဲ ပြန်စွာတယ်၊ ပြူးပြဲကြည့်နေတာများ သူ့လက်ညိုးလေးမှာ ဒဏ်ရာသေးသေးများ ပေါ်လို့ကတော့ တပ်ရင်းမှူးထိ သွားတိုင်မဲ့ပုံပဲ၊ ဒဏ်ရာမရတာသေချာတော့မှ ရိပေါ့်လက်ကို ပြန်ဆွဲရင်း အတင်းကိုက်ဖို့လုပ်နေတာကြောင့် Adam က ဆတ်ခနဲ ရှောင်ဖို့လုပ်တယ်၊

ဒါပေမဲ့လည်း ပိုလျင်မြန်တဲ့ ကျန့်ကျန့်က အလွယ်တကူ ဖမ်းမိသွားတာကြောင့် မျက်နှာလေးက ဝင်းပပြီး ကျေနပ်သွားတယ်၊ အဲ့ဲဒီလို မြင်ကွင်းမျိုးကို တွေ့တော့ ရိပေါ်က အပြုံးခပ်ကြီးကြီး ပြုံးသွားပြီး သူ့ကို ကိုက်ဖို့ပဲ အာရုံရှိနေတဲ့ ဒီဒေါက်တာလေးကို အရှက်သည်းလာအောင် စနောက်ဖို့ ကြံစည်ပြန်တယ်၊

" အရမ်းအလိုလိုက်ထားမိလို့ထင်တယ်..
မောင့်အသည်းလေးက တအားကို ဆိုးနေတာပဲ.. "

" အားး... ဘယ်လိုကြီးခေါ်နေတာလဲ "

မျက်လုံးလေး ပြူးပြီး ပုခုံးပေါ် ဖြတ်ခနဲ ရိုက်ချလာတဲ့ လက်ကလေးက အားအင်အပြည့်ပါတယ်၊ ဒါပေမဲ့လည်း ချက်ချင်းကို အရှက်ပိုနီမြန်းသွားတဲ့ မျက်နှာလေးကို သဘောကျတာကြောင့် ဒုဗိုလ်ဝမ်က သူ့ရဲ့ နှုတ်သရမ်းခြင်းအမှုကို မရပ်တန့်ပဲ ဆက်ပြီး ခေါင်းမာတယ်..

" ဗိုလ်ကြီးရှောင်းကျန့်က မောင့်အသက်.. ၊ Victor က မောင့်အသည်း.. ၊ ကျန့်ကျန့်က မောင့်နှလုံးသား.. "

" အိုက်ယား! တော်ပါတော့ ဝမ်ရိပေါ်ရဲ့..
ဒီ့ထက်ပိုပြီး အူယားလာရင် လည်ပင်းထညှစ်ပစ်မယ် "

ခြိမ်းခြောက်စကားတော့မဟုတ်၊ အမှန်တကယ်ကို လက်ကလေးနှစ်ဖက်က ရိပေါ်ရဲ့ ပုခုံးတွေကို ကိုင်ရင်း ရှေ့တိုးနောက်ငင် ယမ်းခါပစ်ရင်း အော်နေခြင်းသာ.. ၊ အဲ့လိုတွေ နှိပ်စက်ခံနေရတဲ့ ဒုဗိုလ်ဝမ်က အမှတ်မရှိပဲ ရယ်ရည်သွမ်းနေတဲ့ မျက်နှာအမူအယာကြီးကို မထိန်းချုပ်နိုင်ပဲ ထပ်တိုးလို့တောင် စလိုက်သေးတယ်၊

" ဘာလို့လဲ၊ အသည်းလေးလို့ ခေါ်လို့မရဘူးလား၊ "

" သတ်ပစ်မှာနော် ! "

မျက်ခုံးလေးကြုံ့ပြီး ကပ်ကပ်လန်အောင် ပြန်စွာလာတာက တကယ်ချစ်စရာ၊ သူ့ဘက်က မကြောက်ဟန်နဲ့ ပုခုံးတွန့်ပြတော့၊ ယုန်ကလေးရှောင်းကျန့်က လက်ချောင်းတွေကို သေနတ်ပုံစံလုပ်ပြီး သူ့ဆီဦးတည်လို့ ဘန်းခနဲ ဟန်ဆောင်ပစ်ချပြတာကြောင့် အကဲပိုတဲ့ ရိပေါ်ဝမ်က ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိပြီး အ!ခနဲ နာကျင်ဟန်ပြလို့ အလိုက်သင့် သရုပ်ဆောင်ပေးတယ်၊ ပြီးတာနဲ့.. နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိပြန်တော့တာပဲ..၊

" အဲ့ဒါဆို အသက်လို့ ခေါ်ရမလား၊
အထက်လူကြီးလေးက မောင့်ရဲ့ အသက်၊ မောင့်ရဲ့ဘဝပဲမို့.. "

" မရဘူး!.. "

" ဟောဗျာ.. အဲ့တာဆို ဘယ်လိုခေါ်ရမှာလဲ.. "

" ကိုကိုလို့ပဲ ခေါ်လေ.. ငါက အကြီးနော်! သိလား ဒုဗိုလ်ဝမ်! အမှန်တကယ်ဆို မင်းက ငါ့ကို ကိုကိုလို့ခေါ်ပြီး ချွဲရမှာ.. မသိဘူးလားကွာ.. တုံးလိုက်တာ.."

ခါးလေးကိုင်းညွှတ်လို့ ဒုဗိုလ်ဝမ်ရဲ့ ပါးပြင်နှစ်ဖက်ကို လက်နဲ့ အုပ်ကိုင်လာပြီး တီတီတာတာပြောလာတဲ့ အထက်လူကြီးလေးက မကျေမနပ်သလို လေသံမာသွားလိုက်၊ တောင်းဆိုနေဟန် အသံလေးက ပျော့ပျောင်းသွားလိုက်ဖြစ်နေတာကြောင့် ရိပေါ်ရင်ထဲမှာ ကျလိကျလိဖြစ်လာရတယ်၊

" အော်ဟော်.. ပြောင်းပြန်တွေ ပြောပြန်ပြီ၊
အဲ့တာဆို ချစ်တယ်လို့ အရင်ပြောဗျာ.. "

" မပြောပါဘူး .. "

" မချစ်ဘူးလား.. "

" ချစ်မှမချစ်တာ.. "

ရိပေါ်ရဲ့ ပါးနှစ်ဖက်ကို ဖိညှစ်ဆော့ကစားရင်း မဆိုင်းမငံ့ဖြေလာတဲ့ မချိုမချဉ်ရုပ်လေးက လူကို တမင်သက်သက်နှိပ်စက်ပြီး ကျေနပ်နေမှန်း သိသာတယ်၊ ရိပေါ်က မျက်ခုံးကို ကြုံ့ပြီး ဆွံ့အသွားတဲ့ ပုံစံလုပ်ပြတော့ အထက်လူကြီးလေးက သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက် လှလှပပလေးရယ်တယ်၊ ကြည့်ဦး.. လူကို နောက်ပြီး သဘောကျနေတယ်တဲ့.. ဒီယုန်အရူးလေးကတော့..

" ဟော်.. "

" မင်းက အမှိုက်ပုံထဲက ကောက်ရတဲ့ချစ်သူ "

" အင်း.. အဲ့ထက် ပိုပြီးအဆင့်မြင့်ပေးပါဦး "

သူ့စကားကြောင့် မျက်လုံးလေးဝေ့ပြီး စဉ်းစားချိန်က ခဏလေး၊ ပြီးတာနဲ့ ရိပေါ်ရဲ့ ခံနိုင်ရည်စွမ်းတွေကို တစ်ကြိမ်တည်း ရိုက်ချိူးပစ်တော့မဲ့ နတ်ဆိုးရုပ်လေးလုပ်ပြီး လူကို ကျီစယ်ပြန်တယ်၊ ဒုဗိုလ်ဝမ်ခမျာ.. ဒီကောင်လေးကို ချစ်လွန်းလို့ ဖြစ်ညှစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတော့တာပဲ..၊

" မင်းက ငါ့ကို ပြန်ပေးဆွဲပြီး အတင်းချစ်သူတော်ထားတာ.. "

" ပြောတတ်တယ်.. ဒီအဆိုးလေးကတော့ဗျာ.. "

" ဒီအဆိုးကြီးကတော့ဗျာ.. "

" ဟော်.. ကလေးလေးလား..
စကားကို လိုက်တုပြီးပြောနေတယ် "

" မပြောမိပါဘူး "

" လူလိမ်လေး.. အရူးလေး "

" ဟာ.. ရိပေါ် အရူး !.. "

" ကျန့်ကျန့် အရူး "

" ရိပေါ် ငပေါ..! "

" ကျန့်ကျန့် ငပေါ "

တစ်ယောက်တစ်ခွန်း အပြန်အလှန် ပြိုင်ပြောရင်း ချစ်သူချင်းကျီစယ်နေတဲ့ မြင်ကွင်းက အသည်းယားစရာကောင်းနေတာမို့ ကောင်တာကနေ ကုန်းကုန်းကွကွ ချောင်းနေကြတဲ့ သူနာပြုမလေးတွေက ဖိုင်တွဲကြီး ကိုက်ရင်း တဟီးဟီးခိုးရယ်နေကြတယ်၊ တစ်နေ့မှာများ ကံကောင်းလို့ ဖူးစာဖက်လေးနဲ့ မျက်စိလည်လမ်းမှား ဆုံတွေ့လို့ကတော့ ဒုဗိုလ်ဝမ်ရိပေါ်လိုပဲ လက်ညိုးလေးကို ကိုက်ကြည့်ပြီး အချစ်စမ်းရမယ်.. အဟိဟိ..၊

"ဒါနဲ့ မင်း မညောင်းဘူးလား၊ ထတော့လေ.. "

ရှောင်းကျန့်က ရိပေါ်ရဲ့ လက်ကို ဆွဲရင်း အတင်းထူတော့ ရိပေါ်က ခန္ဓာကိုယ်ကို ကြွပြီး ထပေးတယ်၊ နီးစပ်ရာ ခုံတစ်လုံးကို ဆွဲရင်း ဆရာဝန်လေးဘေးဝင်ထိုင်လိုက်တော့ အသင့်လှန်ထားတဲ့ စာအုပ်လေးမှာ သေသေသပ်သပ် note မှတ်ထားတာလေးတွေကို မြင်လိုက်ရတယ်၊ တစ်ချို့နေရာတွေက ဆရာဝန်ပီသစွာ တွန့်လိမ်နေတဲ့ တီကောင်လက်ရေးလေးတွေကို တွေ့ရပေမဲ့ အများစုကတော့ ရှင်းလင်းလို့နေတယ်၊

" စာလေ့လာနေပြီလား "

"ဟင်.. အဲ့လိုလည်း မဟုတ်ပါဘူး၊ ငါလေ.. စာကြည့်ရတာပျင်းလို့ သေတော့မယ် "

ဘောပင်လေးကို လှည့်လို့ ခေါင်းတယမ်းယမ်းပြုရင်း ဆင်ခြေပေးငြီးငြူနေတဲ့ ဆရာဝန်လေးက တကယ့်ကို ချစ်စဖွယ်ကယုကယင်လေး၊ ဒုဗိုလ်ဝမ်ကတော့ စားပွဲကို မေးထောက်ပြီး သူ့ချစ်သူလေးရဲ့ မျက်နှာအမူအယာတိုင်းကို မလွှတ်စတမ်း တစိမ့်စိမ့်ပျော်ဝင်လို့နေတယ်၊ နှုတ်ခမ်းတွေက အလိုအလျောက်ပြုံးနေပြီးသား..၊

" မနက်ဖြန် Final Physical test ရှိတယ်ဆို၊ ဗိုလ်ကြီးရီရှင်းကပြောတယ် "

" အွန်း၊ "

" ကောင်းကောင်းအနားယူရမှာကို ညဂျုတီနဲ့ တိုးနေတယ်ပေါ့၊ Wang Jackson နဲ့ တာဝန်လဲလိုက်လို့မရဘူးလား.. "

အကြံပေးလာတဲ့ ရိပေါ်ရဲ့ စကားကိုသာ J.Son တို့ ကြားလို့ကတော့ ထများ ဆဲမလားမသိ၊ ခုနကတောင် ပင်ပန်းတယ်ဆိုပြီး သေလုမတက်ငြီးတွားနေတာ တာဝန်ချိန်ပါ လဲခိုင်းလို့ကတော့ သူ့ကိုတောင် ကိုင်ပေါက်လိမ့်ဦးမယ်၊

" အစ်ကိုကို တော်တော်ချစ်တဲ့ပုံပဲနော်.. "

"ကျွန်တော့်အချစ်ဆုံးက ရှောင်းကျန့်တစ်ယောက်တည်းရှိတာကို.. သိရဲ့သားနဲ့ "

ရှောင်းကျန့်ဆီက ရွဲ့ပြောလာတဲ့စကားကို ရိပေါ်က အတည်ပေါက်ကြီး ပြန်ဖြေတယ်၊ ဟော.. ခနဲ အသံတိုးတိုးလေးထွက်လာတဲ့ အထက်လူကြီးလေးက ခေါင်းလေး တဆတ်ဆတ်ရင်း ရိပေါ်နဲ့ ဆက်မငြင်းပဲ ငြိမ်သွားတယ်၊ ခဏကြာတော့ စာအုပ်ကို ပြန်ငုံ့ကြည့်သွားရင်း တတွတ်တွတ်ရွတ်ကြည့်နေတယ်၊ သိသင့်သိထိုက်တဲ့ အခြေခံတွေဆိုပေမဲ့လည်း အထက်လူကြီးရှေ့မှာ အယောင်ယောင် အမှားမှား ဖြေမိမှာ စိုးရိမ်နေတယ်ထင်ပါရဲ့၊

"တအားလည်း စိတ်မပူပါနဲ့
MCAT ( Medical College Admissions Test ) ကို အမှတ်အမြင့်ဆုံးနဲ့ ဝင်ထားတဲ့လူက ဒီလိုစိုးရိမ်နေတော့ ကျွန်တော်တောင် သိမ်ငယ်မိတယ် "

စသလို၊ နောက်သလိုပြောတော့ ရိပေါ်ကို မျက်လုံးလေးဝင့်ကြည့်လာတယ်၊ နှုတ်ခမ်းလေးကိုမဲ့ပြပြီး လူကို ထုရိုက်ပစ်ချင်နေချင်တဲ့ ရုပ်လေးက အူယားစရာကောင်းနေတာမို့ ဒုဗိုလ်ဝမ်က ပြုံးပြုံးကြီး တုံ့ပြန်လိုက်တော့.. စုတ်တသပ်သပ်နဲ့ အရှုံးပေး နားအေးဟန် မျက်လွှာချပြီး စာအုပ်ကိုပဲ ပြန်ကြည့်တယ်၊

အမှန်တိုင်းပြောရရင် ကျန့်ကျန့်က အရင်လပိုင်းတွေကတည်းက Specialist (Senior Physician) အဖြစ် ( Major ) ဗိုလ်မှူးရာထူးတိုးခဲ့ရမှာ ဖြစ်တယ်..၊ ဒါပေမဲ့ Yellow kid ထိခိုက်ခဲ့တုန်းက အထက်အမိန့်ကို ဆန့်ကျင်ပြီး ခွဲစိတ်ပေးခဲ့တာမို့ အမှတ်လျော့ခံခဲ့ရပြီး အများကြီးနစ်နာခဲ့ခြင်းသာ..၊

" ဒါနဲ့ မင်းက မပြန်ဘူးလား.. "

" ကျွန်တော်လည်း ဒီမှာ ညဂျုတီကျလို့လေ.. "

" ဟုတ်လား၊ ငါတော့ အဲ့ဒီလို မတွေးမိပါဘူး "

စာဖတ်နေရင်းကနေ မျက်ခုံးလေးတွန့်လို့ လူကို ပုလိပ်စစ်လာစစ်တဲ့ အထက်လူကြီးလေးကြောင့် ရိပေါ်က မျက်ခုံးတစ်ချက် ပြန်ပင့်ပြလိုက်တယ်၊ ယုန်ဆိုးလေးက စိတ်လေဟန်မျက်နှာပေးလုပ်ပြတော့ သူ့မျက်နှာက ပိုပြီး ပြုံးရွှင်လာတယ်၊ ပြီးမှ သတိရသွားဟန်နဲ့ စကားဆက်တယ်၊

" မနက်ဖြန်.. Physical Test ပြီးရင် ဘာထပ်ရှိသေးလဲ "

" အမ်း.. စစ်ဆေးရုံကြီးမှာ Psychiatrist (စိတ်ရောဂါအထူးကု) နဲ့ တွေ့ရမယ် "

ဒီစကားမှာတော့ ဒုဗိုလ်ဝမ်ရဲ့ အပြုံးတွေက တန့်သွားပြီး ခန္ဓာကိုယ်က နေရာတကျ ပြန်မတ်သွားတယ်၊ ဒီကိစ္စက ကုန်တိုက်ပြိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့်ပဲဖြစ်လိမ့်မယ်၊

" အထက်က ကုသမှုခံယူရမယ်လို့ အမိန့်ကျလာတာလား "

"အမိန့်ရယ်လို့တော့ မဟုတ်ပဲ ဆွေးနွေးဖို့ပဲ အကြံပေးတာပါ၊ ငါတို့က စိတ်ဖိစီးမှု နဲ့ ဖိအား တွေကို ခံနိုင်ရည်ရှိပြီး ကိုင်တွယ်နိုင်စွမ်းရှိရမယ်လေ၊ ဒီနေရာက မကြံ့ခိုင်ရင် စစ်မြေပြင်မှာ အားလုံးကို ဒုက္ခပေးမိသလိုဖြစ်လိမ့်မယ်.. "

ဘယ်ဘက်ရင်အုံက နှလုံးသားနေရာကို လက်ဖဝါးလေးနဲ့ ဖိအုပ်ရင်း ပြောတဲ့ ရှောင်းကျန့်ရဲ့ ပုံစံကို ရိပေါ်က တွေတွေလေး ငေးကြည့်နေတယ်၊ သူ့မျက်စိထဲမှာတော့ ဆေးဗိုလ်ကြီးရှောင်းကျန့်က နည်းနည်းလေးမှ မပျော့ညံ့ဘူး၊ သတ္တိမကြောင်ဘူး၊ ဒီလူသားကို ချစ်မြတ်နိုးမိတာကို အထပ်ထပ်အခါခါ ဂုဏ်ယူနေမိလောက်အောင်ထိ တော်တယ်၊ ဒါပေမဲ့ ဒီအထက်လူကြီးလေးက ဘာကြောင့်များ စိုးရိမ်စိတ်တွေ များနေခဲ့တာလဲ..၊

" ကျွန်တော့်ရဲ့ Victor က ကြံ့ခိုင်ပြီးသားပါ၊ သန်မာတယ်၊ ထက်မြက်တယ်၊ ဝေဖန်စဉ်းစားနိုင်စွမ်းရှိတယ်၊ မှန်ကန်သင့်တော်တဲ့ဆုံးဖြတ်ချက်ကို အမြန်ချနိုင်တယ်၊ "

" အိုင်းယား.. တော်ပါတော့
ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ "

ချီးကျုးစကားကို နားမခံနိုင်စွာ ပွစိပွစိရွတ်ရင်းကနေ စာအုပ်လေးကို ပိတ်ပြီး ထရပ်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ကလည်း ချက်ချင်း လိုက်ရပ်တယ်၊ ဆေးဗိုလ်ကြီးက အူကြောင်ကြောင်ရုပ်လေးနဲ့ သူ့ချစ်သူကို ကြည့်ရင်း ပြန်ထိုင်နေဖို့ ပြောရတယ်၊

" ဘာလဲ၊ နေခဲ့လေ.. ငါ round လှည့်မလို့ "

" စောင့်ရှောက်ပေးမယ်.. "

ရိပေါ်ဆီက အတည်ပေါက်စကားကြောင့် ရှောင်းကျန့်တစ်ယောက် အော်ရယ်ချင်သွားတယ်၊ သည်းလွန်းတဲ့ သခင်လေးဝမ်ရယ်.. ကျွန်တော်မျိုးက ဒီစစ်ဆေးခန်းပိစိလေးထဲမှာပဲ လုံလုံခြုံခြုံလေး round လှည့်မှာပါ၊ တခြားဂြိုလ်ထိ သွားရောက်လှည့်လည်မှာ မဟုတ်လို့ သခင်လေးက ဒီနေရာလေးမှာပဲ ငြိမ်ငြိမ်လေး နေခဲ့လို့မရဘူးလား..

" မလိုက်နဲ့ "

" လိုက်မှာ.. "

" မလိုက်ပါနဲ့ဆို "

" လိုက်မှာပဲ "

" ဒုဗိုလ်ဝမ် "

" ငြိမ်ငြိမ်လေး လိုက်ခဲ့မယ် "

ရိပေါ်ရဲ့ စကားက ပြတ်ပြတ်သားသား၊
ငါးမိနစ်လောက် နှစ်ယောက်သား အချစ်စမ်းအငြင်းပွားပြီးတဲ့ နောက်မှာ လူနာတွေရဲ့ အခြေအနေကို စစ်ဆေးပေးနေတဲ့ ဆေးဗိုလ်ကြီးရှောင်းကျန့်ရဲ့ နောက်ကို တကောက်ကောက်လိုက်နေတဲ့ ဒုဗိုလ်ဝမ်ကို တွေ့ရတော့တယ်၊

အဲ့ဲဒီလို လှပချိုမြိန်တဲ့ မြင်ကွင်းကြောင့် သူနာပြုမလေးတွေက တွတ်ထိုးတွတ်ထိုးနဲ့ ဂယက်ထတော့မဲ့ဟန်ပြင်တဲ့အချိန်မှာ ကြက်မေမေကြီးနောက်ကို ကြက်သားပေါက်လေးက ထပ်ချပ်မကွာလိုက်နေသလို ပြုမူနေတဲ့ ဒုဗိုလ်ဝမ်ရိပေါ်ဆီက အကြည့်စူးစူးတစ်ချက်ကို လက်ခံရရှိလိုက်တာမို့ သူတို့အားလုံး ကွိခနဲ အသံတိတ်သွားမိကြတယ်၊

အချစ်က မျက်နှာလိုက်တယ်..
မဟုတ်ဘူး.. ဒုဗိုလ်ဝမ်က ကွက်ကျားမိုးရွာတယ်၊

_________________________________________

Continua llegint

You'll Also Like

95.4K 5.6K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
49.6K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
57.1K 15.1K 53
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
9.8K 2.3K 40
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~