Marriage Life ( ChanHun )
By Xunqithaw
129K 13.6K 3.2K
This fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not li... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
50
Final Episode ( Zawgyi )
Final Episode ( Unicode )
မောင့်သည်းငယ် / မောင့်သည်းငယ်
49
1.6K 211 153
By Xunqithaw
"လာလေ ဟော့လေး "
"လာသာလာရတယ် အစ်ကို့လူ... "
"ရပါတယ် ဟော့လေးကလည်း "
အိမ်ကိုဟော့လေးအလည်ရောက်လာလို့
ကိုကို့ ကတော့သေချာကြည့်နေလေရဲ့။
တကယ်တည်းဟော့လေးကိုကြည့်နေတာကြီးကကြောက်စရာ။သူ့ဆီဖုန်းအရင်ဆက်ပြီးမှအလည်ရောက်လာတာ။
"ဗိုက်ပူနေတာတောင်ငါ့အစ်ကိုကချောတာ
လျော့မသွားဘူး "
ဟော့လေးယူလာပေးသောပန်းစည်းနဲ့လက်ဆောင်အိတ်ကိုလှမ်းယူလိုက်ပြီး
ဆိုဖာခုံဘေးစားပွဲပေါ်ချထားလိုက်သည်။
"ထိုင်ဦး ဟော့လေး
အအေးသောက်မလား၊အပူသောက်မလား "
ကိုယ်ဝန်လအတော်ရနေပြီမို့ပူလုံးနေတဲ့ဗိုက်ကမိုးပျံပူဖောင်းအလား။ဖြည်းဖြည်းချင်း
သွားကာအအေးသွားယူဖို့လုပ်တော့အအေးဗန်းယူကာထွက်လာသောကိုကို။
"ထိုင်နေ စကားအေးဆေးပြော
ကိုယ်လုပ်ပေးမယ် "
"ရော့ ရာသီကပူတော့အအေးဘဲသောက် "
ကိုကိုနဲ့ဟော့လေးမျက်နှာချင်းဆိုင်ကြပြီမို့
ဆယ်ဟွန်းမှာမျက်ချေမပြတ်ကြည့်နေရသည်။
"အစ်ကိုချန်းယောလ်လို့ခေါ်မယ်နော်
မျက်နှာကြောလျော့ပါခင်ဗျာ
ကျွန်တော်ကအစ်ကို့ကိုမတွေ့ရတာကြာလို့
သတိလည်းရလို့လာလည်တာပါ "
"ရပါတယ် စကားသာအေးဆေးပြော "
ကိုကိုကသူတို့ဘေးကနေထကာထွက်သွားပြီမို့စကားအေးဆေးပြောရတော့သည်။
"ဟူး အစ်ကို့လူကြီးကလည်းသဝန်တိုချက်က
လန်ထွက်တာ၊ကျွန်တော့်ကိုကြည့်ပုံကြီးက...''
"ဒါကတော့ သူကငါ့ကိုအရမ်းချစ်တာကို "
"ဟုတ်ပါပြီ ပြောမိတဲ့ကျွန်တော့အမှား
တကယ်တည်းလိုက်လည်းလိုက်ပါ့
အရမ်းပျော်နေတယ်မလား "
"ဟုတ်တယ် ဟော့လေး
အရမ်းပျော်တယ်
ကိုကိုကအရမ်းဂရုစိုက်တာ
လိုအပ်ချက်ကဘာလည်းလို့မေးယူရလောက်အောင်ဂရုစိုက်တာ "
"အင်း ကျွန်တော်လည်းအစ်ကိုပျော်လို့
ပျော်ပါတယ်... ဝန်ခံရရင်ကျွန်တော်ချစ်တဲ့အချစ်ကအစ်ကိုတို့နဲ့နှိုင်းရင်သေးငယ်သွားတယ်... လိုက်ပါတယ် အစ်ကိုတို့ကတကယ်ပေါင်းဖက်သင့်တဲ့သူတွေဘာ.. "
"ဟော့လေးလည်းတနေ့ချစ်ပေးမဲ့သူရှိလာမှာ
.... ဟုတ်တယ်မလား "
ဆယ်ဟွန်း အပြောကိုပြုံးစစလုပ်ရင်းခေါင်းညိတ်ပြသည်။
"ကျန်းမာရေးကောင်းဖို့ကအရေးကြီးဆုံး
အစ်ကို့ကိုအခုလိုစိတ်ချမ်းသာပြီးပျော်နေ
လို့ရောကျန်းမာနေလို့ရောဝမ်းသာတယ် "
နှစ်ယောက်စကားကောင်းနေတုံးဟော့လေး
ဖုန်းကခဏခဏတုန်ခါနေလေရဲ့။
"ကိုင်လိုက်လေ ဟော့လေး "
"ဖုန်းသရဲတွေဆက်တာ အစ်ကို "
ဆက်တိုက်ခေါ်နေသောအဆုံးဟော့လေး
ဖုန်းကိုင်လိုက်သည်။
"ဘောမို့သေမလိုခဏခဏခေါ်နေရလား
ခင်ဗျားစောင်လုပ်မရှိဘူးလား....
#$%^&&* ''
ဆယ်ဟွန်း မှာဒေါသတကြီးဆဲနေသော
ဟော့လေးကိုအံ့သြကာကြည့်နေမိသည်။
"ပြန်တော့မယ် အစ်ကိုရေ
ကျွန်တော် စာရင်းရှင်းမှဖြစ်တော့မယ်
ဒီပြင့်ဆို သေမလိုတောက်လျောက်ဆက်နေတာ "
ချက်ချင်းနှုတ်ဆက်ကာထပြန်လေသော
ဟော့လေး။ဆယ်ဟွန်းလည်းအိမ်အပြင်ဘက်ထိလိုက်နှုတ်ဆက်လိုက်သေး။ကိုကိုကခြံထဲစာဖတ်နေတာမို့ကိုကို့အနားလျောက်သွားတော့သူ့ကိုတွဲကာခုံမှာထိုင်စေတယ်။
"သူအကြာကြီးစကားကောင်းမယ်ထင်နေတာ
ပြန်တာမြန်လှချည်လား "
"ဖုန်းအသကုန်ခေါ်နေလို့စိတ်တိုပြီး
ပြန်သွားတာ၊စာရင်းရှင်းမယ်ဆိုလား "
"ဟုတ်မှာဘာ
ခုနသူ့နောက်ကကားတစ်စီးပါလာတယ်။
ကိုယ်တို့ခြံနားဘဲရပ်ထားပြီးအပြင်ထွက်ပြီး
ဟိုဒီကြည့်နေတာ၊ပုံကတော့ကိုယ့်ထက်တောင်အရပ်မြင့်သေးဘော်ဒီတောင့်တောင့်နဲ့အနောက်တိုင်းစပ်ပုံမျိုး "
( ဟော့လေး အတွက်ဆိုင်ရာပုဂ္ဂိုလ် 😌
ဆွဲစားလိုသူဘာဘီတို့အတွက်
မျက်ရည်ကျမိ )
+ Marriage Life +
ရာသီဥတုကပူလာသည်။နွေရာသီဆိုတော့
သာမန်လူတောင်နေထိုင်ရမလွယ်တာ
ကိုယ်ဝန်လွယ်ထားတဲ့ဆယ်ဟွန်းအဖို့
နေထိုင်ရအဆင်မပြေ။အိမ်ထဲအမြဲအောင်းနေတော့လည်းကျန်းမာရေးထိခိုက်မယ်။
အပြင်လေးဘာလေးထွက်လမ်းလျောက်တာတို့လုပ်ရသည်။လမ်းခဏထွက်လျောက်ရင်
တောင်ချွေးကမနည်းမနောကျလို့။ကိုကို့
မှာလည်းဆယ်ဟွန်းကျန်းမာရေးကိုအထူးဂရုစိုက်ပေးသည်။
"ကိုကို့သားတွေကအတော်ကန်နေတာ
ကြည့်ဦးလေ "
ချန်းယောလ် ကြည့်လိုက်တော့လည်း
သည်းငယ်ပြောတာဟုတ်နေတာဘဲ။
ခြေထောက်ရာလေးတွေကတရွေ့ရွေ့
ဟိုနားရောက်လိုက်ဒီနားရောက်လိုက်
အသည်းယားဖွယ်။ခပ်ပြင်းပြင်းလှုပ်ရှားနေ
ချိန်သည်းငယ်မျက်နှာလေးမဲ့သွားတယ်။
"သားလေးတွေကန်နေတာ
သည်းငယ်နေရအဆင်မပြေဘူးလား "
"နည်းနည်းတော့ နေရအဆင်မပြေဘူး
ဒါပေမဲ့ ရပါတယ် ကိုကိုရဲ့ခဏလောက်ဘဲဟာ "
"သည်းငယ်နေရအဆင်မပြေရင်လည်း
ပြောဦး "
ဘာမဆိုဂရုစိုက်လွန်းသောကိုကို့ကြောင့်
ဆယ်ဟွန်းအရမ်းဝမ်းသာရသည်။သူ့ကိုစိတ်မချလွန်းလို့အလုပ်သွားလည်းစိတ်မဖြောင့်။
သွားပါကိုကိုရယ်အိမ်မှာလည်း CCTV တပ်ထားတာ၊သည်းငယ်လှုပ်ရှားမှုမှန်သမျှ
ကိုကို့ဖုန်းကနေကြည့်လို့ရနေတာဘဲလို့
အထပ်ထပ်ပြောမှသွားတာ။မဖြစ်မနေအလုပ်ခရီးထွက်ရတယ်ဆိုလည်းမှာတမ်း
ခြွေတာမဆုံးတော့။
အခုဆိုညရေးညတာသူခရီးထွက်ရချိန်အတွက်လူငှားခေါ်ထားသည်။ဆယ်ဟွန်း
ဘယ်လိုပြောပြောစိတ်မချနိုင်ဖြစ်နေတာ။
လူငှားကတခြားသူတော့မဟုတ်အတွင်းရေးမှူးကရှာပေးတာ။ဆွေမျိုးနီးစပ်
အဒေါ်ကြီးဆိုတော့စိတ်လည်းချရသည်။
နောက်ပိုင်းကလေးမွေးပြီးရင်လည်း
အကူကလိုသည်မလား။ကြိုခေါ်ထားလိုက်တော့အဆင်ပြေသည်။
"စောစောအိပ်မှာပါကိုကိုရာ
အခုမှညဆယ်နာရီကျော်တာမိနစ်စွန်းစရှိသေး၊သည်းငယ်ကိုဘဲပြောမနေနဲ့ကိုကိုလည်း
စောစောအိပ်နော်.... အင်းပါ... ချစ်တယ်
ဟုတ်တယ်... ကိုကို့သားတွေကိုရောနှုတ်ဆက်အုံးမလား "
ဂျပန်ကိုအလုပ်ခရီးနှစ်ရက်သွားရတာ
အလွမ်းသယ်မဆုံးဖြစ်နေသောကိုကို
Video call ခေါ်ပြီးအစောကြီးအိပ်တော့
ပြောနေတာ။ဗိုက်ပူလေးကိုအနားကပ်ပြရသေး။တကယ်ပါကိုကို့ဂရုစိုက်မှုတွေကတော့မရိုးသွားဘူး။
"အစ်ကိုလေးချန်းယောလ်ကတော့အတော်
ချစ်တာပါလားနော်၊ကျွန်မဒီအိမ်ရောက်စတည်းကဟွန်းငယ်လေးအပေါ်ဂရုစိုက်တာတွေကိုကြည့်ပြီးသဘောကျနေတာ၊ဒီလို
ပြီးပြည့်စုံတဲ့ယောက်ကျားမျိုးရှားတယ်၊
ဟွန်းငယ်လေးကံအရမ်းကောင်းတယ် "
အဒေါ်ကြီးကဆယ်ဟွန်းအိပ်ခါနီးသောက်ဖို့
နွားနို့လာပေးရင်း Video call ပြောနေလို့
ရပ်စောင့်ကြည့်နေတာ။
"ဟုတ်တယ် အဒေါ်ရေ
ကိုကိုဂရုစိုက်မှုကတော့မလစ်ဟင်းစေရဘူး
အရမ်းလည်းချစ်ပေးတာ "
"ဟွန်းငယ်လေးရေအစ်ကိုလေးမှာသလို
စောစောအိပ်နော်၊တော်ကြာအစ်ကိုလေး
ပြန်လာရင်ကျွန်မကိုမေးပြီးဆူခံနေရပါ့မယ် "
"ဟုတ်ကဲ့ပါ
ခဏနေတာနဲ့ဟွန်းအိပ်တော့မှာ "
ဂျပန်ရောက်ချန်းယောလ်ကတော့နှစ်ရက်တာခွဲနေရတဲ့သူ့သည်းငယ်ပူလုံးလေးကို
အတော်လွမ်းလှပြီ။အလုပ်ကလည်းမပျက်သေး၊သူ့မှာတော့ Video call ခေါ်နေရင်း
မျက်နှာလေးမြင်တော့အပြေးပွေ့ထားချင်စိတ်တွေကိုထိန်းထားရသည်။
လွမ်းတယ်သည်းငယ်ရေပြီးတော့
ဗိုက်ထဲကသားသားလေးတွေလည်းပါတယ်။
ဖုန်းမျက်နှာ​ပြင်ထက်ကသည်းငယ်ပူလုံး
လေးပုံကိုအကြိမ်ကြိမ်နမ်းရင်းသူအိပ်ရာဝင်
လိုက်တော့သည်။ကိုယ်ပို့သတဲ့ချစ်ခြင်း
မေတ္တာတွေကြောင့်သည်းငယ်နဲ့ကလေးလေးတွေကျန်းမာပါစေ။
ဆယ်ဟွန်း အံ့သြလို့သေချာပြန်ကြည့်ရသည်။ဒါဟိုတနေ့ကကိုကိုပြောတဲ့လူဖြစ်ရမယ်။တင်ထားတဲ့ပုံတွေကခပ်ဝါးဝါးပေမဲ့
ဟော့လေးဆိုတာကျိန်းသေတယ်။မန့်ရှင်းထားတာကလည်းဟော့လေးကိုလေ။
ဟော့လေးကတော့အသေဆဲထားလေရဲ့။
ဘာတဲ့ဘေဘီလေးဆိုလား
ခေါ်ပုံကအသည်းယားဖွယ်။
ဒါဆိုဒီအနောက်တိုင်းသားနဲ့ဟော့လေး
ဘယ်တုန်းကတွဲနေကြတာလည်း။ဟိုတနေ့က
သူပြောလိုက်တုန်းကပြုံးစစမျက်နှာပေးက
ဒါကြောင့်များလား။
ဗိုက်ကြီးသည်လေးမှာမအိပ်နိုင်သေး။
သူများကိစ္စ လိုက်စပ်စုနေတာ။
သေချာနေပြီ။ဟော့လေးနဲ့ Bobby Kim ဆိုသောဒီလူဟာရိုးရိုးတောင်မဟုတ်။အိပ်ပါအိပ်ပြီးသောအနေအထား။မလွတ်မကင်းသော
စကားအချို့နဲ့ဒီလူကဟော့လေးကိုကလိကလိဖြစ်အောင်ပြောထားတာ။
ဆယ်ဟွန်း စိတ်ဝင်စားသွားပြီ။ဟော့လေးက
အောက်လား၊အထက်လားဆိုတာ။
ဒါပေမဲ့ သူ့အာရုံခံစားချက်အရဟော့လေးက
အောက်ဖြစ်ဖို့များနေသည်။မနက်ကျမှ
ဖုန်းဆက်ပြီးစကားနှိုက်ရမယ်။
အခုတော့အိပ်ပြီ။စပ်စုနေလို့အိပ်တာအတော်နောက်ကျနေပြီ။ဒီတညတော့ကိုကို့စကားနားမထောင်မိဘူး။တောင်းပန်ပါတယ်ကိုကိုရေ
သည်းငယ် စပ်စုနေရလို့ပါ။
ကိုကို့ ပုံလေးကိုမွမွလုပ်ပြီးအိပ်ရာဝင်လိုက်တော့သည်။ချစ်တယ်ကိုကို။
ဘာဘီတို့ကိုသနားတာကွာ 🤧
ဒါနဲ့မနက်ဖြန်အသစ်တင်မယ်နော်
ကြိုသတင်းကောင်းပါးထားတာ။
* လိုနေတာအချစ် * တဲ့လေ
ခေါင်းစဥ်လေးလှသလိုဇာတ်လမ်းလေးလည်းကြိုက်ကြမယ်လို့ထင်တာဘဲ 💖
____________________________________
"လာလေ ဟော့လေး "
"လာသာလာရတယ် အစ်ကို့လူ... "
"ရပါတယ် ဟော့လေးကလည်း "
ရောက်လာတာ။
လျော့မသွားဘူး "
"ထိုင်ဦး ဟော့လေး
မိုးပျံပူဖောင်းအလား။ဖြည်းဖြည်းချင်း
ထွက်လာသောကိုကို။
ကိုယ်လုပ်ပေးမယ် "
းအေးဆေးပြောရတော့သည်။
အရမ်းပျော်နေတယ်မလား "
"ဟုတ်တယ် ဟော့လေး
အရမ်းပျော်တယ်
ဂရုစိုက်တာ "
.... ဟုတ်တယ်မလား "
"ကိုင်လိုက်လေ ဟော့လေး "
ဖုန်းကိုင်လိုက်သည်။
#$%^&&* ''
"ပြန်တော့မယ် အစ်ကိုရေ
ပြန်တာမြန်လှချည်လား "
"ဟုတ်မှာဘာ
+ Marriage Life +
ရာသီဥတုကပူလာသည်။နွေရာသီဆိုတော့
အထူးဂရုစိုက်ပေးသည်။
ကြည့်ဦးလေ "
"သားလေးတွေကန်နေတာ
ပြောဦး "
လူငှားခေါ်ထားသည်။ဆယ်ဟွန်း
ရှာပေးတာ။ဆွေမျိုးနီးစပ်
ရပ်စောင့်ကြည့်နေတာ။
"ဟုတ်တယ် အဒေါ်ရေ
အရမ်းလည်းချစ်ပေးတာ "
"ဟုတ်ကဲ့ပါ
ဘာတဲ့ဘေဘီလေးဆိုလား
ဒါကြောင့်များလား။
ချစ်တယ်ကိုကို။
* လိုနေတာအချစ် * တဲ့လေ
မယ်လို့ထင်တာဘဲ 💖
____________________________________
14/10/2020
6:33 PM
Continue Reading
You'll Also Like
135K 16.1K 41
Who said? Who cares? _______________ by: slaysakura
13.2K 150 16
Hi I'm Brooke Bisping and Im Cory Cottons best friend. Yes the one from Dude perfect. We have been friends for so long, i dont remember how long. Bu...
148K 2.9K 42
This will be an emotional book about a young lady named Emberley Raine. She has endured so much in her young life, it's almost unbelievable.. Maya an...
4.3K 175 28
Thorfinn was an orphan that dreamed. He had ambitions and thoughts of greatness. He didn't know his father but he remembered his mother and she would...