Marriage Life ( ChanHun )

By Xunqithaw

129K 13.6K 3.2K

This fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not li... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
49
50
Final Episode ( Zawgyi )
Final Episode ( Unicode )
แ€™แ€ฑแ€ฌแ€„แ€บแ€ทแ€žแ€Šแ€บแ€ธแ€„แ€šแ€บ / แ€ฑแ€™แ€ฌแ€„แ€นแ€ทแ€žแ€Šแ€นแ€ธแ€„แ€šแ€น

48

1.7K 211 125
By Xunqithaw


ဒီမနက်ခင်းနိုးလာတော့သူလန်းဆန်းနေသည်။သူပြုံးပြီးနိုးထလာတာပျော်ရွှင်
ခြင်းတွေဆောင်ယူလာသောအိပ်မက်ကြောင့်ဆိုလည်းမမှားပေ။သူထင်ထင်ရှားရှားအိပ်မက်ကိုမှတ်မိတယ်။
ပြတင်းကဝင်လာတဲ့လေအေးကြောင့်လည်း
သူစိတ်လေးပိုလန်းဆန်းသွားရသည်။ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်သေးဘဲပြတင်းနားဝယ်ရပ်နေပြီးအသက်ဝဝရှူနေလိုက်သည်။

ကိုကိုကတော့အစောကြီးနိုးပြီးအိမ်မှုကိစ္စလုပ်နေပုံရသည်။ဆယ်ဟွန်းကအခုအငြိမ်စားအနားရနေသည်။မီးဖိုချောင်ဝင်ချက်ပြုတ်ခြင်းကအစပြုလို့လျော်ဖွတ်မီးပူတိုက်အဆုံး
ကိုကိုအကုန်လုပ်သည်။ဆယ်ဟွန်းအတင်းကူလုပ်ပေးရင်တောင်သည်းငယ်အေးဆေးနေပါ
ဆိုပြီးမလုပ်ခိုင်းပေ။ကိုယ့်သည်းငယ်နဲ့ဗိုက်ထဲကပိစိလေးတွေသက်တောင့်သက်သာ
နေပါမလုပ်ပါနဲ့လို့တားမြစ်ထားတာ။

"သည်းငယ်နိုးနေပြီလား "

နဖူးပြင်ဆီထိတွေ့ဖိကပ်လာတဲ့ကိုကို့ရဲအနမ်းလေးကမနက်ခင်းတခုရဲ့အစပေါ့။

"ခေါင်းကြည်ရဲ့လား ''

" ကိုကို့ကိုသည်းငယ်ပြောစရာရှိတယ်
ခဏလေး... သည်းငယ်ကိုယ်လက်သန့်စင်ပြီးရင်ပြောပြမယ်"

ရေချိုးခန်းထဲဝင်လာတော့
သွားတိုက်ဖို့ကအသင့်ပြင်ပြီးသားဖြစ်သလို
အမွှေးပွတဘက်လေးပါသုတ်ဖို့အဆင်သင့်။
ကိုကို့ကြောင့်သူစိတ်ပျော်ရွှင်ရသည်။
နေ့တနေ့တာရဲ့အစကိုစိတ်ကြည်လင်မှုနဲ့စတင်ရသည်။

သူရေချိုးခန်းထဲကပြန်ထွက်လာတော့အိပ်ရာခင်းတွေလဲနေသောကိုကို။
ကိုယ်ဝန်ဆောင်ထားရင်စိတ်ကြည်လင်အောင်အရောင်လွင်တာလေးတွေသုံးပေးရတယ်ဆိုကာအိပ်ရာခင်းအရောင်နုလွင်တာလေးတွေခဏခဏလဲပေးသည်။
လိုက်ကာအရောင်ကစအရောင်နုလေးတွေ။

ဆယ်ဟွန်း ကိုယ်ဝန်ကသားဦးမဟုတ်တော့
ဗိုက်ထွက်လာတာမြန်သည်။ကိုကိုကတော့
နာမည်ပေးထားတယ်။Ph contact မှာမှတ်ထားတာဆယ်ဟွန်းတွေ့လိုက်တာလေ။

*သည်းငယ်ပူလုံးလေး* တဲ့လေ

ပြီးတော့ ဆယ်ဟွန်းပုံကို wallpaper ထားတာတယ်။အပြင်ရောက်နေရင် Ph သုံးချိန်ဆို
သည်းငယ်လေးကိုမြင်နေရအောင်ဆိုပြီးပြောတယ်။ကိုကိုကတကယ်ကိုချစ်တတ်လွန်းပြီး
လိုလေးသေးမရှိဂရုစိုက်လွန်းလို့ပျော်ရသည်။

"သည်းငယ်
ဒီနေ့ရေချိုးရင်ခေါင်းလျော်မယ်နော် ကိုကို "

"ခေါင်းလျော်ထားတာသုံးရက်ဘဲရှိသေးတာမလားသည်းငယ်ရဲ့နောက်နှစ်ရက်လောက်နေမှလျော်ပါလား။နှာစေးမှာစိုးလို့ပြောတာ "

"အဲ့ဒါဆိုလည်းနောက်နှစ်ရက်နေမှလျော်တော့မယ်၊ဒီနေ့ဆေးခန်းပြရမဲ့ရက်မို့လျော်ချင်လို့ပြောတာကို  "

"အောဟော့ ဒီဗိုက်ပူလုံးလေးကတော့မရိုးတော့ဘူး၊ဆေးခန်းပြရမဲ့ရက်မို့အသည်းအသန်ခေါင်းလျော်ရအောင်ခင်ဗျားလေးကိုမွှေးမမွှေးလိုက်နမ်းမဲ့သူရှိနေပြီလား "

"ကိုကို မစနဲ့ကွာ
စိတ်ကောက်လိုက်မှာ
သည်းငယ်ကသန့်ရှင်းမှနေတတ်တာ
ခေါင်းကချွေးတွေနဲ့နေရမကောင်းလို့လျော်ချင်တာသိလို့လား "

ဆံပင်ဖြီးနေရင်းမှန်ထဲကနေအိပ်ရာခင်းလဲနေသောကိုကို့ဆီမျက်စောင်းဝင့်တော့ရီမောကာ
မိမိအနားရောက်လာပြီးဆံပင်တွေကိုနမ်း
ကြည့်လေသည်။

"ခေါင်းနံ့လည်းမထွက်ပါဘူး။
လျော်ချင်သပါ့ဆိုလည်းမနက်စာစားပြီးရင်လျော်ပေးမယ်၊အခုတော့မနက်စာအရင်စားဖို့
ကြွပါခင်ဗျာ "

အခုဆိုကိုယ်ဝန်လအနည်းငယ်ရလာပြီမို့
အန်တာလည်းသက်သာလာပြီ။စားရသောက်ရလည်းအဆင်ပြေလာတယ်။ဆယ်ဟွန်းစားချင်တာရှိရင်ပြောရုံရှေ့အသင့်ရောက်လာပြီးသား။အုပ်ဆောင်းဖွင့်တာနဲ့စားဖွယ်ရာ
အသင့်။

"ကိုကို အလုပ်ပြောင်းလုပ်ပါလား
စားသောက်ဆိုင် ဖွင့်မယ်လေ
ကိုကိုကစားဖိုမှူးလုပ်ပြီးချက်ပေါ့
သည်းငယ်ကငွေသိမ်းမယ်လေ... "

"သည်းငယ်ရဲ့အကြံကတော့မဆိုးပါဘူး။
ဒါပေမဲ့ နေပါစေတော့
ကိုကိုကဟော့ဒီကသည်းငယ်လေးနဲ့အထဲကပိစိလေးတို့ဘဲချက်ကျွေးချင်တာ
စားသောက်ဆိုင်တော့မဖွင့်ချင်ပါနဲ့ခင်ဗျာ "

"သည်းငယ်ကအကြံပေးတာ
မဖွင့်ချင်လည်းနေပေါ့ လက်ရာအရမ်းကောင်းလို့စားသူတွေမှန်သမျှလျှာလည်
သွားမှာ... အာ့ကြောင့် ပြောတာသိရဲ့လား "

"ဟုတ်ပါပြီ ခင်ဗျာ
အကြံညဏ်ပေးတာမှတ်ထားပါ့မယ် "

စားပြီးတော့ခြံဝန်းထဲခဏဆင်းထိုင်သည်။
ပြီးမှရေချိုးခေါင်းလျော်ရမယ်။ဆရာဝန်နဲ့ချိန်းထားသည့်အချိန်ကနေ့လည်ခင်းမလား။အိပ်မက်အကြောင်းလည်းပြောပြရမယ်။

"သည်းငယ်အိပ်မက်အကြောင်းပြောပြမယ် "

"ဘာမက်လို့လည်းသည်းငယ် "

"ဟိ ဗိုက်ထဲကပိစိတွေကိုမက်တာ "

"ပိစိတွေ ဟုတ်လား သည်းငယ် "

"ဟုတ်တယ် ကိုကို
ပိစိလေးကနှစ်ယောက်တောင်
ပြီးတော့လေ သားလေးတွေ "

သည်းငယ်ရဲ့ဗိုက်ပူပူလေးကိုကြည့်ပြီး
ချန်းယောလ်လည်းတလောတည်းကတွေးမိတာ။အမြွှာလေးများဖြစ်နေမလား။
အခုတော့သည်းငယ်ကအတိအကျသေချာပြောနေတာ။ဟုတ်မဟုတ်ကတော့ဒီနေ့ဆေးခန်းပြရင်သိရပြီ။

"အဲ့ပိစိလေးတွေကလေအရင်က
ကလေးလေးတွေဘဲဖြစ်မှာ
သည်းငယ်ခံစားမိတယ်
ကလေးလေးတွေ ပြန်လာမှာလို့ "

"အမြွှာဘဲဖြစ်ဖြစ်၊တစ်ယောက်တည်းဖြစ်ဖြစ်
ကိုယ်ကတော့အရမ်းချစ်မှာ၊ကိုယ့်အရမ်းချစ်ရတဲ့အသက်ငယ်ကမွေးပေးတဲ့ကိုယ့်သွေးသားဖြစ်နေလို့... "

"သည်းငယ်ကတော့အမြွှာလေးတွေလာမှာ
ကျိန်းသေပြီလို့သတ်မှတ်လိုက်ပြီ၊ပြီးတော့
သားသားလေးတွေ... အား အတွေးနဲ့တင်
ရင်ခုန်နေပြီ... ဘယ်လိုတွေလာမယ်မသိ
ကိုကိုနဲ့တူမလား၊သည်းငယ်နဲ့တူမလား "

"အမြွှာဆို သည်းငယ်နဲ့တူတာတစ်ယောက်
ကိုယ်နဲ့တူတာတစ်ယောက်၊
တစ်ယောက်တည်းဆိုရင်ကိုယ်တို့နှစ်ယောက်လုံးနဲ့ဆင်တာပေါ့... "

အတွေးနဲ့တင်နှစ်ယောက်သားပြောဆို
ခန့်မှန်းကြည့်ရင်ကြည်နူးနေကြသည်။
ခဏအကြာမှာတော့ဆယ်ဟွန်းကိုခေါင်းလျော်ပေးဖို့ကိုကိုလုပ်ပေးသည်။
ဗိုက်နဲ့မို့ဆယ်ဟွန်းကခုံပေါ်ငြိမ်ငြိမ်လေးထိုင်နေရုံသာ၊ကိုကိုကခေါင်းသေချာလျော်ပေးသည်။ရေချိုးဖို့လည်းရေပူရေနွေးသေချာစပ်ပေးတယ်။သူ့သဘောအတိုင်းဆို
ချိုးပေးအုံးမှာ။ဆယ်ဟွန်းဘာသာချိုးပါ့မယ်ဆိုပြီးတောင်းဆိုထားရတာ။ရေချိုးခန်းထဲလည်းဆယ်ဟွန်းချော်မလဲအောင်ပ်ိုက်ကွက်အခင်းလေးလည်းခင်းပေးထားတယ်။
ကိုကိုကဘယ်နေရာမှမလစ်ဟင်းစေရလုပ်ပေးထားတာထောင့်စေနေရော။
ရေချိုးပြီးထွက်လာတော့ရေသုတ်ပေးဖို့
အသင့်စောင့်နေတယ်။

"ဒီဗိုက်ပူလုံးလေးကိုတော့ကိုက်စားချင်စိတ်ပေါက်လာပြီ ၊ဖြူဖြူဖောင်းဖောင်းလုံးလေးကွာ "

"ကိုကို... ယားတယ်.... "

အသားလှဆီလိမ်းပေးနေရင်းခြေထောက်ကိုကုတ်မှတော့မယားဘဲနေမလား။ကိုကိုကလေ
အဲ့လိုလည်းစနောက်တတ်သေး။
ဆယ်ဟွန်း ကခြေဆင်းထိုင်နေရုံသာ
ကိုကိုကအသားလှဆီလည်းသေချာလိမ်းပေးတယ်။ရေမခြောက်ခင်အဆီလိမ်းရင်ပိုစိမ့်ဝင်လွယ်လို့အရင်လိမ်းပေးသည်။ပြီးမှဆံပင်ရေခြောက်အောင်သုတ်ပေးတယ်။
ဆယ်ဟွန်း အဝတ်လဲနေတုန်းကိုကိုရေသွားချိုးသည်။

ဆယ်ဟွန်းကပြင်ဆင်ပြီးပြီမို့ဧည့်ခန်းထဲ
စောင့်နေလိုက်သည်။ကိုကိုထွက်လာရင်သွားဖို့အသင့်။ခဏနေတော့ကိုကိုထွက်လာသည်။
ဆံပင်ကိုနောက်လှန်ဖြီးထားပြီးရှပ်အပြာစင်းကိုလက်ခေါက်ဝတ်ထားပြီးစတိုင်ပင်အနက်ရောင်နဲ့ကိုကိုကခန့်လွန်းသည်။

"ဘာလို့အဲ့လောက်သေချာကြည့်
ကိုယ်အရမ်းကြည့်ကောင်းနေလို့လား "

"ရုပ်ဆိုးလို့ကြည့်နေတာ
ဘာမှကြည့်မကောင်းဘူး"

"ဖြစ်ရလေ
ဗိုက်ပူလုံးလေးကကိုယ်ချောမောခန့်ညားနေတာကိုအသကုန်ငေးနေတာကိုယ်တွေ့သွားလို့
အရှက်ပြေပြောနေတာမလား "

"ဘာမှမချောဘူး
ရုပ်ဆိုးတယ် ၊သည်းငယ်ကသာချောတာ "

"ဟုတ်ပါပြီဗျာ
ကိုယ်ကရုပ်ဆိုးကြီး၊သည်းငယ်ကချောတာမဟုတ်ဘူး၊အလှလေးသိလားအလှလေး
ဘယ်လိုနေနေဘယ်အချိန်ကြည့်ကြည့်
လှနေတာ၊ကောင်မလေးမဟုတ်ပေမဲ့လှတယ်လို့သုံးမှသင့်တော်မယ်၊ကိုယ့်အတွက်တော့
ဟော့ဒီကဗိုက်ပူလုံးသည်းငယ်လေးကအလှဆုံးလေးပါ "

ကိုကိုအပြောကြောင့်ဆယ်ဟွန်းပြုံးကာသဘောတွေကျနေတော့သည်။ကားပေါ်တက်ထိုင်ပြီးခါးပတ်ကိုပတ်ပေးနေသောကိုကို့ကို
အနမ်းတပွင့်စွန့်ကျဲလိုက်သည်။
ဒီလောက်အလိုက်သိပြီးလိုလေးသိမရှိဖြည့်ဆည်းပေးသောချစ်ယောက်ကျားကိုနမ်းသင့်ပါတယ်လေ။

ချန်းယောလ် ကတော့သူ့နဖူးကိုသည်းငယ်နမ်းလိုက်တာမို့ပြုံးရီပြီးပါးမို့လေးဆီအနမ်းပြန်ပေးလိုက်သည်။ပြီးမှဆေးရုံသွားဖို့ထွက်လာလိုက်သည်။

ဆရာဝန်စမ်းသပ်ပေးအပြီး Ultrasound 4d scan အရအမြွှာဆိုတာသိရပြီ။စမ်းသပ်နေချိန်ကိုကို့လက်ကိုဆယ်ဟွန်းဆုပ်ထားရသည်။စိတ်လှုပ်ရှားလွန်းလို့လက်ဖျားတွေ
အေးလာသည်။ကိုကိုလည်းစိတ်လှုပ်ရှားနေသည်။အဖြေသိရတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပျော်မဆုံးတော့။သားလေးတွေလို့သိရတော့
ဆယ်ဟွန်းအိပ်မက်လေးမှန်ပြီ။

အမျိုးသားကိုယ်ဝန်ဆောင်မို့သတိထားလိုက်နာရတဲ့အချက်တွေများပေမဲ့ဆယ်ဟွန်းကသေချာလိုက်နာသူမို့အခုစမ်းသပ်ချက်
အဖြေအရကလေးလေးတွေကျန်းမာကြသည်။သူတို့လေးတွေရဲ့နှလုံးခုန်နေတဲ့အ
သံကြားရတော့ကြည်နူးမျက်ရည်ကျမိတယ်။

"ကိုကို သည်းငယ်ပြောတာမှန်သွားပြီ
သားသားလေးတွေ "

"သားသားလေးတွေဆိုတော့လည်းကိုယ်တို့အားကိုရမှာပေါ့ "

"သည်းငယ်ကတော့အရမ်းပျော်နေပြီ
ကိုကိုကသိပ်မပျော်သလိုဘဲ "

"ပျော်ပါတယ် သည်းငယ်
ကိုယ်ကသမီးလေးထင်ခဲ့တာ... "

ကိုကိုသမီးလေးလိုချင်တယ်ဆိုလည်းနောင်နှစ်အနည်းငယ်ကြာရင်သည်းငယ်ထပ်မွေးပေးမှာလို့တော့ထုတ်မပြောဖြစ်။နောက်များမှထုတ်ပြောတော့မယ်။အခုတော့သားသားလေးတွေဖြစ်လာပြီမို့ဆယ်ဟွန်းအရမ်းပျော်သည်။






ဒီနေ့ကျွန်မလည်းခေါင်းလျော်တယ်
အိုဆယ်ဟွန်းလို့လျော်ပေးမဲ့သူတော့မရှိဘူးပေါ့လေ 🤧

ဘာဘီတို့ရောအဲ့လိုအကုန်ဖြည့်ဆည်းပေးတဲ့
ပတ်ချန်းယောလ် လိုရည်းစားရှိကြလား... ?

မေးသာမေးရတယ်
မရှိသူများမှာ.... သိနေတယ် 😌

ဒါနဲ့ရှေ့အပိုင်းကမေးခဲ့တာ
ပိစိဘယ်နှစ်ယောက်ဖြစ်မလည်းဆိုတာလေး
နှစ်ယောက်လို့ဖြေသူရော၊သားသားတွေဆို
နံပါန်ချိတ်မယ်ပြောထားတဲ့ကလေးမတွေ
မှန်တယ်လို့...👶🏻👶🏻

__________________________________

ဒီမနက္ခင္းနိုးလာေတာ့သူလန္းဆန္းေနသည္။
သူၿပဳံးၿပီးနိုးထလာတာေပ်ာ္႐ႊင္ျခင္းေတြေဆာင္ယူလာေသာ
အိပ္မက္ေၾကာင့္ဆိုလည္းမမွားေပ။သူထင္ထင္ရွားရွား
အိပ္မက္ကိုမွတ္မိတယ္။
ျပတင္းကဝင္လာတဲ့ေလေအးေၾကာင့္လည္း
သူစိတ္ေလးပိုလန္းဆန္းသြားရသည္။ကိုယ္လက္သန့္စင္ျခင္းမျပဳလုပ္ေသးဘဲျပတင္းနားဝယ္ရပ္ေနၿပီးအသက္ဝဝရႉေန
လိုက္သည္။

ကိုကိုကေတာ့အေစာႀကီးနိုးၿပီးအိမ္မႈကိစၥလုပ္ေနပုံရသည္။
ဆယ္ဟြန္းကအခုအၿငိမ္စားအနားရေနသည္။မီးဖိုေခ်ာင္ဝင္
ခ်က္ျပဳတ္ျခင္းကအစျပဳလို႔ေလ်ာ္ဖြတ္မီးပူတိုက္အဆုံး
ကိုကိုအကုန္လုပ္သည္။ဆယ္ဟြန္းအတင္းကူလုပ္ေပးရင္
ေတာင္သည္းငယ္ေအးေဆးေနပါဆိုၿပီးမလုပ္ခိုင္းေပ။
ကိုယ့္သည္းငယ္နဲ႕ဗိုက္ထဲကပိစိေလးေတြ
သက္ေတာင့္သက္သာေနပါမလုပ္ပါနဲ႕လို႔တားျမစ္ထားတာ။

"သည္းငယ္နိုးေနၿပီလား "

နဖူးျပင္ဆီထိေတြ႕ဖိကပ္လာတဲ့ကိုကို႔ရဲအနမ္းေလးက
မနက္ခင္းတခုရဲ႕အစေပါ့။

"ေခါင္းၾကည္ရဲ႕လား ''

" ကိုကို႔ကိုသည္းငယ္ေျပာစရာရွိတယ္
ခဏေလး... သည္းငယ္ကိုယ္လက္သန့္စင္ၿပီးရင္ေျပာျပမယ္"

ေရခ်ိဳးခန္းထဲဝင္လာေတာ့
သြားတိုက္ဖို႔ကအသင့္ျပင္ၿပီးသားျဖစ္သလို
အေမႊးပြတဘက္ေလးပါသုတ္ဖို႔အဆင္သင့္။
ကိုကို႔ေၾကာင့္သူစိတ္ေပ်ာ္႐ႊင္ရသည္။
ေန႕တေန႕တာရဲ႕အစကိုစိတ္ၾကည္လင္မႈနဲ႕စတင္ရသည္။

သူေရခ်ိဳးခန္းထဲကျပန္ထြက္လာေတာ့အိပ္ရာခင္းေတြ
လဲေနေသာကိုကို။
ကိုယ္ဝန္ေဆာင္ထားရင္စိတ္ၾကည္လင္ေအာင္
အေရာင္လြင္တာေလးေတြသုံးေပးရတယ္ဆိုကာအိပ္ရာခင္းအေရာင္ႏုလြင္တာေလးေတြခဏခဏလဲေပးသည္။
လိုက္ကာအေရာင္ကစအေရာင္ႏုေလးေတြ။

ဆယ္ဟြန္း ကိုယ္ဝန္ကသားဦးမဟုတ္ေတာ့
ဗိုက္ထြက္လာတာျမန္သည္။ကိုကိုကေတာ့
နာမည္ေပးထားတယ္။Ph contact မွာမွတ္ထားတာ
ဆယ္ဟြန္းေတြ႕လိုက္တာေလ။

*သည္းငယ္ပူလုံးေလး* တဲ့ေလ

ၿပီးေတာ့ ဆယ္ဟြန္းပုံကို wallpaper ထားတာတယ္။
အျပင္ေရာက္ေနရင္ Ph သုံးခ်ိန္ဆို
သည္းငယ္ေလးကိုျမင္ေနရေအာင္ဆိုၿပီးေျပာတယ္။
ကိုကိုကတကယ္ကိုခ်စ္တတ္လြန္းၿပီး
လိုေလးေသးမရွိဂ႐ုစိုက္လြန္းလို႔ေပ်ာ္ရသည္။

"သည္းငယ္
ဒီေန႕ေရခ်ိဳးရင္ေခါင္းေလ်ာ္မယ္ေနာ္ ကိုကို "

"ေခါင္းေလ်ာ္ထားတာသုံးရက္ဘဲရွိေသးတာမလား
သည္းငယ္ရဲ႕ေနာက္ႏွစ္ရက္ေလာက္ေနမွေလ်ာ္ပါလား။ႏွာေစးမွာစိုးလို႔ေျပာတာ "

"အဲ့ဒါဆိုလည္းေနာက္ႏွစ္ရက္ေနမွေလ်ာ္ေတာ့မယ္၊ဒီေန႕ေဆးခန္းျပရမဲ့ရက္မို႔ေလ်ာ္ခ်င္လို႔ေျပာတာကို "

"ေအာေဟာ့ ဒီဗိုက္ပူလုံးေလးကေတာ့မရိုးေတာ့ဘူး
၊ေဆးခန္းျပရမဲ့ရက္မို႔အသည္းအသန္ေခါင္းေလ်ာ္ရေအာင္
ခင္ဗ်ားေလးကိုေမႊးမေမႊးလိုက္နမ္းမဲ့သူရွိေနၿပီလား "

"ကိုကို မစနဲ႕ကြာ
စိတ္ေကာက္လိုက္မွာ
သည္းငယ္ကသန့္ရွင္းမွေနတတ္တာ
ေခါင္းကေခြၽးေတြနဲ႕ေနရမေကာင္းလို႔ေလ်ာ္ခ်င္တာသိလို႔လား "

ဆံပင္ၿဖီးေနရင္းမွန္ထဲကေနအိပ္ရာခင္းလဲေနေသာ
ကိုကို႔ဆီမ်က္ေစာင္းဝင့္ေတာ့ရီေမာကာ
မိမိအနားေရာက္လာၿပီးဆံပင္ေတြကိုနမ္း
ၾကည့္ေလသည္။

"ေခါင္းနံ႕လည္းမထြက္ပါဘူး။
ေလ်ာ္ခ်င္သပါ့ဆိုလည္းမနက္စာစားၿပီးရင္ေလ်ာ္ေပးမယ္၊
အခုေတာ့မနက္စာအရင္စားဖို႔
ႂကြပါခင္ဗ်ာ "

အခုဆိုကိုယ္ဝန္လအနည္းငယ္ရလာၿပီမို႔
အန္တာလည္းသက္သာလာၿပီ။စားရေသာက္ရလည္း
အဆင္ေျပလာတယ္။ဆယ္ဟြန္းစားခ်င္တာရွိရင္ေျပာ႐ုံေရွ႕
အသင့္ေရာက္လာၿပီးသား။အုပ္ေဆာင္းဖြင့္တာနဲ႕စားဖြယ္ရာ
အသင့္။

"ကိုကို အလုပ္ေျပာင္းလုပ္ပါလား
စားေသာက္ဆိုင္ ဖြင့္မယ္ေလ
ကိုကိုကစားဖိုမႉးလုပ္ၿပီးခ်က္ေပါ့
သည္းငယ္ကေငြသိမ္းမယ္ေလ... "

"သည္းငယ္ရဲ႕အႀကံကေတာ့မဆိုးပါဘူး။
ဒါေပမဲ့ ေနပါေစေတာ့
ကိုကိုကေဟာ့ဒီကသည္းငယ္ေလးနဲ႕အထဲကပိစိေလးတို႔
ဘဲခ်က္ေကြၽးခ်င္တာ
စားေသာက္ဆိုင္ေတာ့မဖြင့္ခ်င္ပါနဲ႕ခင္ဗ်ာ "

"သည္းငယ္ကအႀကံေပးတာ
မဖြင့္ခ်င္လည္းေနေပါ့ လက္ရာအရမ္းေကာင္းလို႔စားသူေတြ
မွန္သမွ်လွ်ာလည္သြားမွာ... အာ့ေၾကာင့္ ေျပာတာသိရဲ႕လား "

"ဟုတ္ပါၿပီ ခင္ဗ်ာ
အႀကံညဏ္ေပးတာမွတ္ထားပါ့မယ္ "

စားၿပီးေတာ့ၿခံဝန္းထဲခဏဆင္းထိုင္သည္။
ၿပီးမွေရခ်ိဳးေခါင္းေလ်ာ္ရမယ္။ဆရာဝန္နဲ႕ခ်ိန္းထားသည့္
အခ်ိန္ကေန႕လည္ခင္းမလား။အိပ္မက္အေၾကာင္းလည္း
ေျပာျပရမယ္။

"သည္းငယ္အိပ္မက္အေၾကာင္းေျပာျပမယ္ "

"ဘာမက္လို႔လည္းသည္းငယ္ "

"ဟိ ဗိုက္ထဲကပိစိေတြကိုမက္တာ "

"ပိစိေတြ ဟုတ္လား သည္းငယ္ "

"ဟုတ္တယ္ ကိုကို
ပိစိေလးကႏွစ္ေယာက္ေတာင္
ၿပီးေတာ့ေလ သားေလးေတြ "

သည္းငယ္ရဲ႕ဗိုက္ပူပူေလးကိုၾကည့္ၿပီး
ခ်န္းေယာလ္လည္းတေလာတည္းကေတြးမိတာ။အႁမႊာေလးမ်ားျဖစ္ေနမလား။
အခုေတာ့သည္းငယ္ကအတိအက်ေသခ်ာေျပာေနတာ။
ဟုတ္မဟုတ္ကေတာ့ဒီေန႕ေဆးခန္းျပရင္သိရၿပီ။

"အဲ့ပိစိေလးေတြကေလအရင္က
ကေလးေလးေတြဘဲျဖစ္မွာ
သည္းငယ္ခံစားမိတယ္
ကေလးေလးေတြ ျပန္လာမွာလို႔ "

"အႁမႊာဘဲျဖစ္ျဖစ္၊တစ္ေယာက္တည္းျဖစ္ျဖစ္
ကိုယ္ကေတာ့အရမ္းခ်စ္မွာ၊ကိုယ့္အရမ္းခ်စ္ရတဲ့
အသက္ငယ္ကေမြးေပးတဲ့ကိုယ့္ေသြးသားျဖစ္ေနလို႔... "

"သည္းငယ္ကေတာ့အႁမႊာေလးေတြလာမွာ
က်ိန္းေသၿပီလို႔သတ္မွတ္လိုက္ၿပီ၊ၿပီးေတာ့
သားသားေလးေတြ... အား အေတြးနဲ႕တင္
ရင္ခုန္ေနၿပီ... ဘယ္လိုေတြလာမယ္မသိ
ကိုကိုနဲ႕တူမလား၊သည္းငယ္နဲ႕တူမလား "

"အႁမႊာဆို သည္းငယ္နဲ႕တူတာတစ္ေယာက္
ကိုယ္နဲ႕တူတာတစ္ေယာက္၊
တစ္ေယာက္တည္းဆိုရင္ကိုယ္တို႔ႏွစ္ေယာက္လုံးနဲ႕
ဆင္တာေပါ့... "

အေတြးနဲ႕တင္ႏွစ္ေယာက္သားေျပာဆို
ခန့္မွန္းၾကည့္ရင္ၾကည္ႏူးေနၾကသည္။
ခဏအၾကာမွာေတာ့ဆယ္ဟြန္းကိုေခါင္းေလ်ာ္ေပးဖို႔ကိုကို
လုပ္ေပးသည္။
ဗိုက္နဲ႕မို႔ဆယ္ဟြန္းကခုံေပၚၿငိမ္ၿငိမ္ေလးထိုင္ေန႐ုံသာ၊ကိုကိုကေခါင္းေသခ်ာေလ်ာ္ေပးသည္။ေရခ်ိဳးဖို႔လည္းေရပူေရႏြေးေသခ်ာစပ္ေပးတယ္။သူ႕သေဘာအတိုင္းဆိုခိ်ဳးေပးအုံးမွာ။
ဆယ္ဟြန္း ဘာသာခိ်ဳးဖို႔အတင္းေတာင္းဆိုထားရတာ။
ေရခိ်ဳးခန္းထဲလည္းဆယ္ဟြန္းေခ်ာ္မလဲေအာင္ပိုက္ကြက္
အခင္းခင္းေပးထားသည္။ကိုကိုကဘယ္ေနရာမွမလစ္ဟင္း
ေစရလုပ္ေပးထားတာေထာင့္ေစေနေရာ။
ေရခ်ိဳးၿပီးထြက္လာေတာ့ေရသုတ္ေပးဖို႔အသင့္ေစာင့္ေနတယ္။

"ဒီဗိုက္ပူလုံးေလးကိုေတာ့ကိုက္စားခ်င္စိတ္ေပါက္လာၿပီ
၊ျဖဴျဖဴေဖာင္းေဖာင္းလုံးေလးကြာ "

"ကိုကို... ယားတယ္.... "

အသားလွဆီလိမ္းေပးေနရင္းေျခေထာက္ကိုကုတ္မွေတာ့
မယားဘဲေနမလား။ကိုကိုကေလအဲ့လိုလည္း
စေနာက္တတ္ေသး။ဆယ္ဟြန္း ကေျခဆင္းထိုင္ေန႐ုံသာ
ကိုကိုကအသားလွဆီလည္းေသခ်ာလိမ္းေပးတယ္။
​ေရမေျခာက္ခင္အဆီလိမ္းရင္ပိုစိမ့္ဝင္လြယ္လို႔အရင္လိမ္းေပးသည္။ၿပီးမွဆံပင္ေရေျခာက္ေအာင္သုတ္ေပးတယ္။
ဆယ္ဟြန္း အဝတ္လဲေနတုန္းကိုကိုေရသြားခ်ိဳးသည္။

ဆယ္ဟြန္းကျပင္ဆင္ၿပီးၿပီမို႔ဧည့္ခန္းထဲ
ေစာင့္ေနလိုက္သည္။ကိုကိုထြက္လာရင္သြားဖို႔အသင့္။
ခဏေနေတာ့ကိုကိုထြက္လာသည္။
ဆံပင္ကိုေနာက္လွန္ၿဖီးထားၿပီးရွပ္အျပာစင္းကိုလက္ေခါက္
ဝတ္ထားၿပီးစတိုင္ပင္အနက္ေရာင္နဲ႕ကိုကိုကခန့္လြန္းသည္။

"ဘာလို႔အဲ့ေလာက္ေသခ်ာၾကည့္
ကိုယ္အရမ္းၾကည့္ေကာင္းေနလို႔လား "

"႐ုပ္ဆိုးလို႔ၾကည့္ေနတာ
ဘာမွၾကည့္မေကာင္းဘူး"

"ျဖစ္ရေလ
ဗိုက္ပူလုံးေလးကကိုယ္ေခ်ာေမာခန့္ညားေနတာကို
အသကုန္ေငးေနတာကိုယ္ေတြ႕သြားလို႔
အရွက္ေျပေျပာေနတာမလား "

"ဘာမွမေခ်ာဘူး
႐ုပ္ဆိုးတယ္ ၊သည္းငယ္ကသာေခ်ာတာ "

"ဟုတ္ပါၿပီဗ်ာ
ကိုယ္က႐ုပ္ဆိုးႀကီး၊သည္းငယ္ကေခ်ာတာမဟုတ္ဘူး၊
အလွေလးသိလားအလွေလး
ဘယ္လိုေနေနဘယ္အခ်ိန္ၾကည့္ၾကည့္
လွေနတာ၊ေကာင္မေလးမဟုတ္ေပမဲ့လွတယ္လို႔သုံးမွ
သင့္ေတာ္မယ္၊ကိုယ့္အတြက္ေတာ့
ေဟာ့ဒီကဗိုက္ပူလုံးသည္းငယ္ေလးကအလွဆုံးေလးပါ "

ကိုကိုအေျပာေၾကာင့္ဆယ္ဟြန္းၿပဳံးကာသေဘာေတြ
က်ေနေတာ့သည္။ကားေပၚတက္ထိုင္ၿပီးခါးပတ္ကို
ပတ္ေပးေနေသာကိုကို႔ကိုအနမ္းတပြင့္စြန့္က်ဲလိုက္သည္။
ဒီေလာက္အလိုက္သိၿပီးလိုေလးသိမရွိျဖည့္ဆည္းေပးေသာ
ခ်စ္ေယာက္က်ားကိုနမ္းသင့္ပါတယ္ေလ။

ခ်န္းေယာလ္ ကေတာ့သူ႕နဖူးကိုသည္းငယ္နမ္းလိုက္တာ
မို႔ၿပဳံးရီၿပီးပါးမို႔ေလးဆီအနမ္းျပန္ေပးလိုက္သည္။ၿပီးမွေဆး႐ုံသြားဖို႔ထြက္လာလိုက္သည္။

ဆရာဝန္စမ္းသပ္ေပးအၿပီး Ultrasound 4d scan
အရအႁမႊာဆိုတာသိရၿပီ။စမ္းသပ္ေနခ်ိန္ကိုကို႔လက္ကို
ဆယ္ဟြန္းဆုပ္ထားရသည္။စိတ္လႈပ္ရွားလြန္းလို႔
လက္ဖ်ားေတြေအးလာသည္။ကိုကိုလည္းစိတ္လႈပ္ရွားေနသည္။အေျဖသိရေတာ့တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာေပ်ာ္မဆုံးေတာ့။သားေလးေတြလို႔သိရေတာ့
ဆယ္ဟြန္းအိပ္မက္ေလးမွန္ၿပီ။

အမ်ိဳးသားကိုယ္ဝန္ေဆာင္မို႔သတိထားလိုက္နာရတဲ့
အခ်က္ေတြမ်ားေပမဲ့ဆယ္ဟြန္းကေသခ်ာလိုက္နာသူမို႔
အခုစမ္းသပ္ခ်က္အေျဖအရကေလးေလးေတြက်န္းမာၾက
သည္။သူတို႔ေလးေတြရဲ႕ႏွလုံးခုန္ေနတဲ့အသံၾကားရေတာ့
ျကည္ႏူးမ်က္ရည္က်မိတယ္။

"ကိုကို သည္းငယ္ေျပာတာမွန္သြားၿပီ
သားသားေလးေတြ "

"သားသားေလးေတြဆိုေတာ့လည္းကိုယ္တို႔အားကိုရမွာေပါ့ "

"သည္းငယ္ကေတာ့အရမ္းေပ်ာ္ေနၿပီ
ကိုကိုကသိပ္မေပ်ာ္သလိုဘဲ "

"ေပ်ာ္ပါတယ္ သည္းငယ္
ကိုယ္ကသမီးေလးထင္ခဲ့တာ... "

ကိုကိုသမီးေလးလိုခ်င္တယ္ဆိုလည္း
​ေနာင္ႏွစ္အနည္းငယ္ၾကာရင္သည္းငယ္ထပ္ေမြးေပးမွာလို
႔ေတာ့ထုတ္မေျပာျဖစ္။ေနာက္မ်ားမွထုတ္ေျပာေတာ့မယ္။
အခုေတာ့သားသားေလးေတြျဖစ္လာၿပီမို႔ဆယ္ဟြန္း
အရမ္းေပ်ာ္သည္။






ဒီေန႕ကြၽန္မလည္းေခါင္းေလ်ာ္တယ္
အိုဆယ္ဟြန္းလို႔ေလ်ာ္ေပးမဲ့သူေတာ့မရွိဘူးေပါ့ေလ 🤧

ဘာဘီတို႔ေရာအဲ့လိုအကုန္ျဖည့္ဆည္းေပးတဲ့
ပတ္ခ်န္းေယာလ္ လိုရည္းစားရွိၾကလား... ?

ေမးသာေမးရတယ္
မရွိသူမ်ားမွာ.... သိေနတယ္ 😌

ဒါနဲ႕ေရွ႕အပိုင္းကေမးခဲ့တာ
ပိစိဘယ္ႏွစ္ေယာက္ျဖစ္မလည္းဆိုတာေလး
ႏွစ္ေယာက္လို႔ေျဖသူေရာ၊သားသားေတြဆို
နံပါန္ခ်ိတ္မယ္ေျပာထားတဲ့ကေလးမေတြ
မွန္တယ္လို႔... 👶🏻👶🏻

__________________________________

12.10.2020
1:05 PM

Continue Reading

You'll Also Like

3K 146 10
When Chikara's family decided to move, he refused at first, but then his mother managed to convince him to start a new fresh life, away from the hard...
166K 2.7K 63
Just a few imagines I thought of and thought I'd share. These are for the Sam girls out there! I know I enjoy reading Sam imagines so I thought this...
12K 1.2K 18
A Burmese fiction of VegasPete
1.8K 242 5
I've love you till' my last breath darling ๐˜ธ๐˜ณ๐˜ช๐˜ต๐˜ต๐˜ฆ๐˜ฏ ๐˜ช๐˜ฏ ๐˜ฃ๐˜ถ๐˜ณ๐˜ฎ๐˜ฆ๐˜ด๐˜ฆ Start - 24.5.2023 End - 9.6.2023