Marriage Life ( ChanHun )
By Xunqithaw
130K 13.7K 3.2K
This fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not li... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38
39
40
41
42
43
44
45
46
47
48
49
50
Final Episode ( Zawgyi )
Final Episode ( Unicode )
แ€™แ€ฑแ€ฌแ€„แ€บแ€ทแ€žแ€Šแ€บแ€ธแ€„แ€šแ€บ / แ€ฑแ€™แ€ฌแ€„แ€นแ€ทแ€žแ€Šแ€นแ€ธแ€„แ€šแ€น
36
1.8K 238 49
By Xunqithaw
ချန်းယောလ်ရင်ခွင်ထဲကသူလေးကိုငုံ့ကြည့်
ရင်းသဘောတကျပြုံးမိသွားသည်။
ဘာရုပ်လေးလည်းကွာ။အရင်လိုသာဆို
အနမ်းမိုးရွာပြီးပြီ။အခုများတော့စိတ်များ
ဆိုးသွားရင်ဆိုပြီးသတိထားနေရသည်။
ခက်တာကပွေ့ထားရတာဒဏ်ရာရထားသောလက်။ခက်ချေပြီ။
ဆယ်ဟွန်းမဝံ့မရဲမျက်လုံးဖွင့်ကြည့်တော့
မိမိကိုပြုံးကာကြည့်နေသောသူကြောင့်
ပါးတွေထူပူလာပါရဲ့။မြန်မြန်ထရပ်လိုက်ရသည်။ရှက်လွန်းလို့သေတော့မယ်။
ငါကဘာလို့မျက်စိစုံမှိတ်ကာနေမိ။
ရူးချင်တယ် အိုဆယ်ဟွန်းရေ။
ထရပ်ပြီးလူကရှိုးတို့ရှန့်တန့်ဖြစ်ကာဘာလုပ်ရမယ်မသိ။ဆယ်ဟွန်းခေါင်းငုံ့ထားပြီးသူ့ဘေးဝင်ထိုင်နေလိုက်သည်။ရှက်လို့ဆိုပြီး
ထွက်သွားလို့လည်းမဖြစ်ဘူးမလား။
ချန်းယောလ်ကတော့မိမိဘေးကအရှက်သည်းနေသူလေးကိုကြည့်ကာသဘောကျနေပြီ။
"ဟွန်း"
သူပုံမှန်လေသံနဲ့ခေါ်တာပါ
ဒါပေမယ့် မော့ကြည့်လာသောအကြည့်လေးကလန့်သွားပုံရသည်။
"ဒီကိုဘာလာလုပ်တာလဲ
ကိုယ်ဒီမေးခွန်းမေးလို့ရပါတယ်နော် "
"အစ်ကို့ မင်္ဂလာ ပွဲလာတာ "
ချန်းယောလ် ကိုတောင်ဖိတ်ထားတာ
ဒါဆိုသူဟွန်းလေးနဲ့အတူသွားလို့ရပြီပေါ့။
"အတော်ပဲ
ကိုယ်လည်းဖိတ်ထားလို့သွားရမယ်
တူတူသွားမလား "
"ဟွန်းအဆင်ပြေမှဘာ"
ထပ်မံလောကဝတ်ပြုပြောလာသောသူ့အပြောကြောင့်ခေါင်းညိတ်လိုက်မိသည်။
ငြင်းရင်မကောင်းဘူးမလား။သွားမည့်နေရာလည်းတူနေတာ။
"ဒါနဲ့ပွဲကညနေမှမလား။
ဟွန်းကြည့်ရတာပင်ပန်းနေပုံရတယ်။
နားနားနေနေနေပါ၊ကိုယ်ပြန်တော့မယ်
ညနေသွားခါနီးလာခေါ်မယ်"
တကယ်ဆိုအများကြီးသူဂရုစိုက်အနားနေပေးချင်တယ်။အခွင့်အရေးယူတယ်လို့
ထင်မှာလည်းစိုးရိမ်။သူ့မှာလည်းထိန်းသိမ်းပြုမှုပြောနေရတယ်။
"ဟို... ဘာမှမဟုတ်တော့ဘူး
ကောင်းကောင်းပြန်ပါ "
"ကိုယ့်ကိုဘာပြောစရာရှိသေးလို့လဲ "
"ကားကိုဂရုစိုက်မောင်းဦး
အဲ့ဒါပြောတာ "
"ဟွန်းခဏလေး
ကိုယ်စကားပြောနေတာနဲ့မေ့သွားတော့မလို့
အိပ်ရာခင်းလဲပေးမယ်
တပတ်တခါကိုယ်လာလဲနေကြ "
သူ့လက်ကဒဏ်ရာကြီးနဲ့လှုပ်ရှားလို့ဖြစ်ပါ့မလား။ဆယ်ဟွန်းစိုးရိမ်မိသွားသည်။
"ဟွန်း ဘာသာလဲလိုက်ပါ့မယ် "
သူ့မလုပ်သေးခင်လုလုပ်ရတဲ့အဖြစ်။
ချန်းယောလ်မှာလည်းမပြန်ချင့်ပြန်ချင့်အနေအထား။သူကဒီမှာနေမယ်ညနေမှပွဲသွားမယ်လုပ်ထားတာ။အခုအဲ့လိုလုပ်လို့
မဖြစ်ဘူး။
သူအခန်းထဲကထွက်သွားတော့ဆယ်ဟွန်း
တွေးတွေးငေးငေးလေးဖြစ်သွားသည်။
သူဒီကိုသက်သက်လာပုံရတယ်။ဟွန်းရှိလို့
သူပြန်ရတာဖြစ်နေမယ်။အဲ့လိုကြီးကျတော့လည်းအဆင်မပြေဘူး။အားနာဖို့ကောင်းတယ်။
"ဟို ညနေကျလာခေါ်ရမယ့်အတူတူဒီမှာဘဲနေပါလား၊လက်ကလည်းဒဏ်ရာနဲ့လှုပ်ရှားရတာမလွယ်ဘူးမလား "
ချန်းယောလ် သူ့နားသူမယုံနိုင်။
သူအံ့သြကာကြောင်ကြည့်နေတုန်း
"အဲ့ဒါဆို ဟွန်း နားတော့မယ် "
အခန်းတံခါးလေးပိတ်သွားလေပြီ။
ချန်းယောလ်မှာတော့ကြောင်ရပ်နေဆဲ။
ဆယ်ဟွန်း တံခါးကိုပိတ်ပြီးနောက်မှီရပ်ရင်း
နှလုံးအရမ်းခုန်နေလို့ဖိထားရသည်။
*ပြောမိပြောရာစိတ်လွတ်ပြောချပြီး
ဆယ်ဟွန်းမျက်နှာပူလှပြီ *
အိပ်ရာပေါ်လှဲချရင်းသူပြုံးနေမိသည်။
လက်ဝါးနှစ်ဘက်အုပ်ကာရယ်
အား ငါဘာတွေပြောလိုက်မိ။
ဟူး သဘောရိုးနဲ့ ပြောတာ
ဟုတ်တယ် လက်ကဒဏ်ရာနဲ့ဟာကိုမပြန်ခိုင်းလိုက်တာမှန်ပါတယ်။
သူတွေးနေရင်းအရမ်းကိုသက်တောင့်သက်သာဖြစ်ကာအိပ်ပျော်သွားသည်။
အိပ်ပျော်နေချိန်ဖုန်းလာမှနိုးတော့သည်။
"လာမှာ ဆိုးလ်ရောက်နေပြီ
လာမခေါ်နဲ့ ကျွန်တော့်ဘာသာလာခဲ့မယ် "
နာရီကြည့်တော့သွားဖို့ပြင်ရမယ်။အဲ့ဟာမှဂွ
သူကအပြင်ဘက်မှာရှိနေတာ။ရှုပ်တယ်
ရေချိုးခန်းထဲရောက်မှချွတ်တော့မယ်။
ငါကိုယ်ကရှည်တာ။တည်းခိုခန်းတည်းရင်
ပြီးနေပြီ။အခုတော့ပြသာနာ။
အခန်းအပြင်အသာထွက်လာလိုက်တော့သူ့အရပ်ရှည်ကြီးနဲ့ဆိုဖာပေါ်ကွေးကွေးလေးအိပ်နေတာ။
နိုးသွားမှာစိုးလို့ခြေဖော့နင်းကာရေဝင်ချိုးလိုက်သည်။အပြင်ရောက်မှလန့်ရပြီ။သူနိုးနေကာထိုင်နေတာ။ခပ်သုတ်သုတ်လေးအခန်းထဲသွားရတော့သည်။သူအာရုံစိုက်လိုက်မကြည့်နေလို့တော်သေး။
ဆယ်ဟွန်း မသိလိုက်တာကသူ့ကို
မော့မကြည့်ပေမယ့်ပြုံးစိစိဖြစ်နေသော
ချန်းယောလ်မျက်နှာကိုပါဘဲ။အဝတ်လဲပြီးတာတောင်ဆယ်ဟွန်းအ​​ပြင်မထွက်။
သူခေါ်မှထွက်တာကောင်းပါတယ်။အခုထိ
သူဒီအိမ်ကိုလာခဲ့တဲ့သဘောထားကို
ဖွင့်မပြချင်ဘူးဖြစ်နေ။
ချန်းယောလ် တံခါးခေါက်တော့မှအရှက်သည်းလေးထွက်လာပါတော့သည်။ဝေးနေရချိန်လွမ်းဆွတ်သတိရစိတ်နဲ့သူရူးမတတ်။
အခုလိုပြန်တွေ့တော့လည်းတမျိုးသူစိတ်ပူရသည်။ဟွန်းလေးဘေးဝယ်တွဲမြင်ရသောကောင်လေးကိုသူကြည့်မရပါ။ဘယ်လိုဆိုဆို
အဲ့ကာင်လေးဆီကအန္တရယ်အငွေ့အသက်ကို
သူခံစားလိုက်ရသည်။
ကားမောင်းနေတဲ့သူ့ကိုမသိမသာခိုးကြည့်ရင်းလမ်းဘက်အမြန်လှည့်လိုက်ရသည်။
ကိုယ့်အကြည့်တွေသူမိသွားမှာစိုးရိမ်တယ်။
ဆယ်ဟွန်း ပါးတွေရဲနေမလား။ရှက်သလိုခံစားနေရပြီ။
ချန်းယောလ် ကတော့တိုးတက်လာသောအခြေအနေကြောင့်ပျော်နေသည်။စိတ်ရှိတိုင်းသာဆိုပါးလေးဖျစ်ညှစ်ချင်နေပြီ။
+ Marriage Life +
ဆယ်ဟွန်း ထင်ခဲ့တာက ပွဲအရမ်းမကြီးလောက်ဘူး။တခြားစီလူအတော်များသည်။သူကလူများရင်အဆင်မပြေတတ်သူ။အစ်ကိုလုပ်သူကိုသွားနှုတ်ဆက်တော့သူလည်း
ဘေးကအတူပါလာသည်။
"ဂုဏ်ယူပါတယ် ဇောင်းမီ
ရည်ရွယ်တာတွေဖြစ်လာပြီမလား "
သူနဲ့ဇောင်းမီစကားပြောနေကြချိန်ဆယ်ဟွန်းကတော့မိမိ၏အမြွှာအစ်ကိုကိုကြည့်ပြီး
ဝမ်းသာဝမ်းနည်းခံစားနေရသည်။
"အစ်ကိုတို့ပြန်ရင်လိုက်ခဲ့ပါလား
ခဏဘဲလေ
အဘိုးကိုပြောပြထားလို့တွေ့ချင်နေတယ်
မလိုက်ချင်လည်းအစ်ကိုပြောထားတာ
စဥ်းစားပေး၊အဲ့မှာမနေတော့နဲ့တိုက်ခန်းမှာပြောင်းနေ... အစ်ကိုစိတ်ပူလို့ "
ဆယ်ဟွန်း ရဲ့အင်းမလှုပ်အဲ့မလှုပ်အမူအရာ
လေးကိုအားမရ။ဒီကောင်လေးအတော်ခေါင်း​ကြောမာတာပါလားလို့ရှစ်ရွှင်းသတ်မှတ်လိုက်သည်။အစ်ကိုချန်းယောလ်နဲ့ကရော
အခြေအနေကဘယ်လိုရှိနေသေးလည်း။
ဧည့်ခံပွဲထဲသတို့သားနှစ်ယောက်ကိုကြည့်ရင်းအတွေးတွေကဟိုဒီ။ဟန်ဆောင်လက်ထပ်ပွဲဆိုပေမဲ့သူအရမ်းပျော်စိတ်လှုပ်ရှားခဲ့ရတာ။ထိုဟာတွေးပြီးသက်ပြင်းချကာဘေးဘီအကြည့်သူ့ကိုကြည့်နေသောသူ။
ဆယ်ဟွန်းလိုတွေးနေတာလား ကိုကို။နှစ်ယောက်သားမတိုင်ပင်ဘဲအကြည့်တွေခဏခဏဖလှယ်မိတယ်။
ခပ်လှမ်းလှမ်းဝိုင်းကအစ်ကို့ကိုဂျူဟော့
တွေ့သည်။သူဒီထဲရောက်တည်းကအံသြလို့ပါးစပ်စေ့မရတော့။သတို့သားဝူရှစ်ရွှင်းက
အစ်ကိုနဲ့တူလွန်းနေတာ။ကိုယ်လုံးကိုယ်ထည်အစ်ကို့ထက်ထွားပေမယ့်အတော်တူတာ။
သူအတွေးများနဲ့မရေမရာဖြစ်နေချိန်
အစ်ကို့ကိုတွေ့လိုက်ရတယ်။တစ်ယောက်တည်းမဟုတ်ဘဲထိလူနဲ့တွဲတွေ့ရတော့မနာလိုဖြစ်သွားရသည်။
စိတ်လိုက်မာန်ပါသွားနှုတ်ဆက်မိတော့မလို့
အရှိန်ရပ်ထားလိုက်ရသည်။အစ်ကိုငါ့ကို
အထင်လွဲသွားနိုင်တယ်။သူ့ကိုညာထားသလိုဖြစ်ခဲ့တာ။ဂျူဟော့တယောက်ခေါင်းငုံအတွေးများနေဆဲသတို့သားနှစ်ယောက်ကရောက်လာပြီ။
"နမ်ဥက္ကဌကြီးမြေးကိုယ်တိုင်လာရောက်ချီး
မြှင့်ပေးလို့ကျေးဇူးတင်ပါတယ်"
နမ်ဂျူဟော့ ခင်မျာစိတ်ဖြောင့်ဖြောင့်မထားနိုင်အစ်ကိုတွေ့များသွားရင်ဆိုပြီးစိတ်သောကရောက်နေသည်။နှုတ်ဆက်ပြီးပြီမို့
ပြန်ဖို့လုပ်လိုက်သည်။
"ဟော့လေး ဒီကိုဘယ်လိုလုပ် "
အာ့ရှီး သွားပြီ
နောက်ကျောဆီကအစ်ကို့အသံကြောင့်
ထွက်ပြေးရမလိုရပ်နေရမလိုဖြစ်သွားရသည်။
"ညီကနမ်ဥက္ကဌကြီးမြေးနဲ့သိနေတာလား "
*သွားပြီ *လို့သာတီးတိုးရေရွတ်ရင်း
ဂျူဟော့ နောက်ပြန်လှည့်ရပ်ရင်းပြုံးပြလိုက်သည်။
"အစ်ကို "
"ဟော့လေးမင်းက"
အူတူတူအကြည့်လေးနဲ့အစ်ကိုကမယုံသည့်နှယ်ကြည့်နေလေသည်။
ဆယ်ဟွန်း အလိုမကျရင်ဖြစ်နေကြဟန်လေးကအထင်သား။ဂျူဟော့ကရီမောရင်း
အစ်ကို့ပါးလေးကိုဖိညစ်တော့သူ့ကိုထုရော။
"တမင်ညာတာမဟုတ်ဘူး
အစ်ကို အဘိုးနဲ့ကတောက်ကဆဖြစ်ပြီး
ဆင်းလာတာမို့ ..... ''
သူတို့နှစ်ယောက်ပြောဆိုနေချိန်ချန်းယောလ်
တိုချင်နေသောစိတ်ကိုထိန်းသိမ်းနေရသည်။အမျက်မထွက်စမ်းနဲ့ချန်းယောလ်။
ဒီအချိန်မှာ ဟွန်းလေးကိုအတင်းအကြပ်လုပ်ရင်တသက်လုံးအဖတ်ပြန်ဆည်နိုင်မှာမဟုတ်တော့ဘူး။ဒါပေမဲ့သူဘယ်လိုစိတ်နဲ့ကြည့်နေရမလည်း။ဟွန်းနဲ့ဒီကောင်လေးက
မထင်မှတ်ထားသောအခြေအနေ။ပြိုင်ဘက်ရဲ့အခြေအနေကနယ်နယ်ရရမဟုတ်။
အခြေအနေ ကိုသူဂရုမစိုက်တောင်ဟွန်းက
သူ့အပေါ်စိတ်ရှိနေမှာစိုးရိမ်မိတယ်။
အာညော် အသဲလေးတို့ရေ
အမရဲ့ fb acc ပျက်သွားပါတယ်နော်
တော်ကြာလာအပ်ထားသူတွေကို un ပစ်တယ်ထင်မှာစိုးလို့ပြောပြတာ။
Link က wall ပေါ်တင်ထားတယ်နော်
ရှာမတွေ့ရင်အဲ့ကဝင်ပါ 🥺
ငုံ့ကြည့်
ဘာရုပ်လေးလည်းကွာ။အရင်လိုသာဆို
အနမ်းမိုးရွာပြီးပြီ။အခုများတော့စိတ်များ
သဘောကျနေပြီ။
"ဟွန်း"
"ဒီကိုဘာလာလုပ်တာလဲ
"အတော်ပဲ
တူတူသွားမလား "
"ဟွန်းအဆင်ပြေမှဘာ"
"ဒါနဲ့ပွဲကညနေမှမလား။
"ဟို... ဘာမှမဟုတ်တော့ဘူး
ကောင်းကောင်းပြန်ပါ "
အဲ့ဒါပြောတာ "
"ဟွန်းခဏလေး
အိပ်ရာခင်းလဲပေးမယ်
မဖြစ်ဘူး။
လိုက်တာမှန်ပါတယ်။
ငါကိုယ်ကရှည်တာ။တည်းခိုခန်းတည်းရင်
ပြီးနေပြီ။အခုတော့ပြသာနာ။
+ Marriage Life +
ဘေးကအတူပါလာသည်။
"ဂုဏ်ယူပါတယ် ဇောင်းမီ
ခဏဘဲလေ
အာ့ရှီး သွားပြီ
"အစ်ကို "
"ဟော့လေးမင်းက"
"တမင်ညာတာမဟုတ်ဘူး
ဆင်းလာတာမို့ ..... ''
အာညော် အသဲလေးတို့ရေ
20/9/2020
5:48 PM
Continue Reading
You'll Also Like
4.4K 234 20
"๐™—๐™ง๐™ค๐™ ๐™š๐™ฃ ๐™๐™š๐™–๐™ง๐™ฉ๐™จ ๐™ฌ๐™š๐™ง๐™š ๐™ข๐™–๐™™๐™š ๐™›๐™ค๐™ง ๐™ฉ๐™ฌ๐™ค, ๐™ž ๐™œ๐™ช๐™š๐™จ๐™จ."
2.1K 92 24
This book is about Harry's twin sister who falls in love with her brother's biggest enemy, Draco Malfoy. She later become an Death eater and betrayes...
207K 10.7K 38
14 years later, your favorite couple is back.
7.1M 463K 69
That 'yes' could mean my death, torture, hate, disrespect, rape or anything more heartless and brutal. But, keeping my head high I said 'I am ready...