The Ghost & Me [ Completed ]

By _AgathaChan

285K 36.6K 1.1K

[ ZHANYI ] သရဲကေရာ ခ်စ္သူျဖစ္လာႏိုင္ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fan... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
FINAL
Extra - 1
Extra - 2
Extra - 3
Extra - 5
Extra - 6
Extra - 7

Extra - 4

6K 793 35
By _AgathaChan

ယြမ္လိဟန္ က ဧည့္ခန္း႐ွိခံုေပၚတြင္ထိုင္ေနၿပီး ထိုးကိုက္လာတဲ့ေခါင္းေၾကာင့္ နားထင္ကိုဖိႏိွပ္ေနရတယ္ ။ တစ္ကိုယ္လံုးက ႐ွိသမ်ွေသြးေတြအကုန္လံုး သူ႔ေခါင္းဆီတက္လာတယ္လို႔ သူခံစားေနရတယ္ ။

ဒီလိုျဖစ္ေစတဲ့ အဓိကတရားခံကေတာ့ သားျဖစ္သူေ႐ွာင္းက်န္႔ပင္ ။ သေဘာတူတယ္ ၊ မတူဘူး ဆိုတဲ့အေၾကာင္းေလးေတာင္ေျပာခြင့္မ႐ွိ ယူမယ့္ေယာက္်ားကို အိမ္ေခၚလာသည္ ။

တစ္ဖက္က ဒိတ္ဒိတ္ၾကဲ CEO ဝမ္ရိေပၚ ျဖစ္ေနေသးတဲ့အျပင္ နစ္နာမယ္ဆိုရင္ေတာင္ သူ႔သားေ႐ွာင္းက်န္႔ကိုယူမယ့္ ဝမ္ရိေပၚက ပိုနစ္နာတာမလား ။

သို႔ေပတည္း သားျဖစ္သူေယာက္်ားယူမယ့္အေရးကို ဘယ္အေဖကေတာ့ ဝမ္းသာလိုက္တာ ငါ့သားရယ္ ဆိုၿပီးထခုန္မလဲေလ ။

"ပါး...စဥ္းစားေနလည္း ကြၽန္ေတာ္ကHoney...အဲ့...ကိုကို႔ကို ယူမွာ "

"ငါ့မွာ သေဘာတူ..."

"ပါး..သေဘာမတူလို႔မရပါဘူး"

"ငါ သေဘာမတူလည္း မင္းက ယူမွာပဲမလား"

"ဒါေပါ့ "

"အဲ့တာမ်ား မသိရင္ ခြင့္ပဲလာေတာင္းေနသလိုလိုနဲ႔"

"ကြၽန္ေတာ္က တန္းလက္ထပ္ခ်င္တာ ကိုကိုက ခြင့္ေတာင္းဆိုလို႔ ။ ေတာ္ၾကာ သမက္ကိုမျမင္လိုက္ရမွာစိုးလို႔ လာျပတာ"

ေ႐ွာင္းက်န္႔ က သူ႔ေဘးမွာ ထိုင္ေနသည့္ ရိေပၚ ၏ လက္ကိုဆုပ္ကိုင္ၿပီး ေျပာလာသည္ ။

ယြမ္လိဟန္ သူ႔ေ႐ွ႕မွာပင္ ေတာ္ေတာ္ျဖစ္ျပေနသည့္ သားျဖစ္သူေ႐ွာင္းက်န္႔ကို ၾကည့္ၿပီး အျမင္ကတ္လာသည္ ။

"ဝမ္ရိေပၚ ဆိုတာ မင္းလာမျပလည္း ငါတင္မကဘူး တစ္ႏိုင္ငံလံုးသိတယ္"

"ကိုကို ေအာင္ျမင္တာ ကြၽန္ေတာ္သိတယ္"

"ဟို...ေ႐ွာင္းက်န္႔..."

ရိေပၚ မွာ ၾကားကေနဝင္တားရျပန္သည္ ။ သားအဖႏွစ္ေယာက္က စကားႏိုင္လုေနတာ ၿပီးမယ္မထင္ ။

ေနာက္ဆံုးေတာ့ ယြမ္လိဟန္ ဘာမွမေျပာေတာ့ပဲ သေဘာတူလိုက္ရသည္ ။ အိမ္​က အ႐ႈပ္ထုပ္ CEO ဝမ္ ဆီေရာက္ေပါ့ ။

'သေဘာတူေပးတာ ေက်းဇူး ပါးေရ' ဟုဆိုကာ ဝမ္ရိေပၚ လက္ကိုဆြဲၿပီး ေျမာက္ႂကြ ေျမာက္ႂကြ နဲ႔ ထြက္သြားသည့္ သားျဖစ္သူကိုၾကည့္ၿပီး ယြမ္လိဟန္တစ္ေယာက္ တမလြန္က မိန္းမကိုပင္လွမ္းတမိသည္ ။

မိန္းမေရ မင္းသားေတာ့ လင္ေကာင္းရသြား႐ွာၿပီ ။

...........

ေ႐ွာင္းက်န္႔ အခုတေလာလံုးဝမအားေခ် ။ ေက်ာင္းစာကတစ္ဖက္ ၊ အလုပ္ကတစ္ဖက္ႏွင့္မလို႔ Honey ကိုေတာင္ေကာင္းေကာင္းအခ်ိန္မေပးႏိုင္႐ွာ ။ Honey က သူ႔ကိုနားလည္ေပးတဲ့အျပင္ company ကိုမလာပဲ စာကိုသာေသခ်ာအာရံုစိုက္ဖို႔ေပမယ့္ သူလက္မခံ ။ အခုမွ အစမ္းခန္႔ကာလ ႐ွိေသးတဲ့အျပင္ အလုပ္ကိုပ်က္ကြက္မယ္ဆိုရင္လံုးဝမေကာင္း ။

ဒီေတာ့ သူ႔စကားနဲ႔သူတိုင္ပတ္ေနရ႐ွာျပန္တယ္ ။

"ေ႐ွာင္းက်န္႔...နားပါဦးလား"

"ခဏေလး...ကိုယ္ ၿပီးေတာ့မွာ"

ဒီရက္ပိုင္းအတြင္း ရိေပၚ က စိတ္မခ်တာေၾကာင့္ သူ႔အိမ္ကိုေခၚထားတာျဖစ္သည္ ။ အလုပ္ေတြကို ကူလုပ္ေပးမယ္ဆိုေတာ့လည္း လက္မခံပဲ ေခါင္းမာေနတဲ့ ေ႐ွာင္းက်န္႔ကို သူလည္းမႏိုင္ ။ ေဘးနားကေန ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနရံုသာတတ္ႏိုင္တယ္ ။

"ၿပီးသြားၿပီ"

ေ႐ွာင္းက်န္႔ ေဘးကိုလွည့္ၾကည့္ေတာ့ Honey က သူ႔ဘက္ကိုေမးေထာက္ထားကာ အိပ္ေပ်ာ္ေန႐ွာတယ္ ။

"Honey...အခန္းထဲ သြားအိပ္ရေအာင္"

"ဟင္..စာက ၿပီးၿပီလား"

"စာေရာ ၊ အလုပ္ေရာ ၿပီးၿပီ "

"အင္း...ဘာလုပ္တာလဲ"

အေပၚတက္မယ္အလုပ္ ေ႐ွာင္းက်န္႔က ေကာက္ေပြ႔လိုက္တာေၾကာင့္ ရိေပၚမွာ အလန္႔တၾကား ။

"ခ်ီတာေလ"

"သိတယ္ေလ"

"သိရင္ ၿငိမ္ၿငိမ္ေန"

ပင္ပန္းမွာစိုးလို႔ မခ်ီသြားဖို႔ေျပာမလို႔ဟာ ၿငိမ္ၿငိမ္ေန ဆိုၿပီးဆူလာသည္ ။ ခ်ီေပါ့! ေျခေထာက္ေတာင္ အေညာင္းသက္သာေသးတယ္ ။

...........

ႏွစ္ပတ္နီးပါး အလုပ္နဲ႔စာကို အသဲအသန္လုပ္အၿပီးမွာေတာ့ စာေမးပြဲ ေရာ အလုပ္ပါ ၿပီးေျမာက္သြားၿပီျဖစ္သည္ ။

"ေ႐ွာင္းက်န္႔..ပဲမ်ားမေနနဲ႔ "

ရိေပၚ ေျပာလည္းေျပာခ်င္စရာပင္ ။

ေ႐ွာင္းက်န႔္တစ္ေယာက္ အဝတ္အစား ေရြးေနသည္မွာ တစ္နာရီခန္႔ပင္႐ွိေတာ့မည္ ။ ႐ွိသမ်ွအဝတ္ေတြကို တစ္ခုခ်င္းဆြဲထုတ္ၿပီးဖြထားတာေၾကာင့္ မီးပူတိုက္ၿပီးသမ်ွအဝတ္ေတြအကုန္လံုးက ကုတင္ေပၚမွာ ပြစာၾကဲလို႔ ။

ရိေပၚ က အဝတ္အစားလဲၿပီး အကုန္လံုးျပင္ဆင္ၿပီးသည့္တိုင္ ေ႐ွာင္းက်န္႔မွာ မၿပီးေသး ။

"ေဟာ...Honey ရဲ႕ ေယာက္်ားေလာင္းက စုတ္စုတ္ျပတ္ျပတ္ပါလို႔ အေျပာခံရခ်င္လို႔လား"

"စုတ္ျပတ္ေနလည္း ကြၽန္ေတာ္ခ်စ္တယ္ "

ရိေပၚ က ေ႐ွာင္းက်န္႔ နဲ႔ စကားေျပာလ်ွင္ 'ကြၽန္ေတာ္' ဆိုၿပီးသာ သံုးႏႈန္းေနစျမဲ ။ လူအမ်ားေ႐ွ႕ေရာက္ရင္သာ ငါ ဆိုၿပီးေျပာတတ္သည္ ။

"ခ်စ္တာ သိတယ္ ။ ကိုယ္မေခ်ာမွာစိုးလို႔"

ရိေပၚ ေခါင္းသာခါလိုက္ၿပီး ဘာမွဆက္မေျပာျဖစ္ေတာ့ေပ ။ ေျပာလည္း ႏိုင္မွာမွမဟုတ္တာ ။ အဲ့ေတာ့ သူၿငိမ္ေနလိုက္တာအေကာင္းဆံုး ။

Company က လူေတြႏွင့္စုကာ ကမ္းေျခဘက္ အပန္းေျဖခရီးထြက္ၾကမွာပင္ ။ တကယ္ဆို ႏွစ္ေယာက္တည္း ၾကည္ၾကည္ႏူးႏူးသြားခ်င္ပါသည္ ။ သူက CEO ျဖစ္ေနလို႔ ဘယ္အခ်ိန္ ဘယ္သြားသြား ကိစၥသိပ္မ႐ွိေပမယ့္ ေ႐ွာင္းက်န္႔ကေတာ့ မတူ ။ အလုပ္သင္ဆိုေတာ့ ခြင့္ရက္လည္းယူလို႔မရ သူကလည္း ခြင့္ရက္ေပးခ်င္ေပမယ့္ေပးလို႔မျဖစ္ေခ် ။ ေျပာစရာေတြ ျဖစ္လာႏိုင္သည္ ။

ထုိ႔ေၾကာင့္ ႏွစ္ေယာက္စလံုးလည္း အပန္းေျဖရ ၊ ဘယ္သူမွလည္း ေျပာမရတဲ့အစီအစဥ္တစ္ခုကို သူ႔မွာၾကံရသည္ ။ Company က လူေတြကို အပန္းေျဖခရီးစဥ္ စီစဥ္ေပးတာ ။ ဌာနအသီးသီးကို ခရီးစဥ္တစ္ခုဆီ စီစဥ္ေပးလုိက္သည္ ။ သူကေတာ့ ေ႐ွာင္းက်န္႔ တို႔သြားမည့္ ကမ္းေျခခရီးစဥ္ဘက္ လိုက္လာျခင္း ။

"သြားမယ္ေလ...Honey"

"အင္း"

..............

"ငါတို႔ရဲ႕ ကပ္ေစးအုိးႀကီး CEO ဝမ္ က ဘာစိတ္ကူးေပါက္တာလဲ"

"ဟုတ္တယ္ ။ Company မွာ အလုပ္လုပ္တာၾကာလွၿပီ ။ တစ္ခါမွ ဒီလိုေတြမလုပ္ေပးဖူးဘူး"

"ဘာပဲျဖစ္ျဖစ္ နားရတာေပါ့ ။ ဒါနဲ႔ ေ႐ွာင္းက်န္႔ ကို မေတြ႔ေသးပါလား"

"ဟုတ္တယ္ေနာ္...သူ ေနာက္က်ေနတယ္"

"အယ္..တို႔ ဆိုဖီယာက စိတ္ပူလို႔ပါလား"

အဖြဲ႔ထဲက တစ္ေယာက္က လွမ္းစေတာ့ သူမ ႐ွက္ျပံဳးေလးျပံဳးလိုက္မိသည္ ။

"မဟုတ္ပါဘူး "

"ဟိုမွာ...CEO ရဲ႕ ကားမလား"

ဌာနမွဴးရဲ႕ စကားေၾကာင့္ အကုန္လံုး ကား႐ွိရာဘက္ကို လွည့္ၾကည့္မိလုိက္ၾကသည္ ။

"ဟင္...ေ႐ွာင္းက်န္႔ က ဘယ္လိုလုပ္ CEO ကားထဲက ထြက္လာတာလဲ"

အကုန္လံုး စပ္စုခ်င္စိတ္ေတြျဖစ္ေနေပမယ့္ ေဘးနားတြင္ ႐ုပ္တည္နဲ႔ ျဖစ္ေနသည့္ CEO ေၾကာင့္ ဘာမွမေမးရဲၾကေခ် ။

"လူစံုၿပီလား"

"စံုပါၿပီ CEO "

"ဒါဆို...သြားမယ္ "

ရိေပၚ ေ႐ွ႕ကေန ထြက္သြားကာ သူတက္ရမည့္ကားေပၚ တက္သြားသည္ ။

ေ႐ွာင္းက်န္႔ ဆိုသည့္သူဟာ သူ႔ကို စိတ္တိုေအာင္ စ,ရတာကို သေဘာက်ပံုရသည္ ။ သူနဲ႔ ကားအတူစီးဖုိ႔ေျပာတာကို ' သူမ်ားေတြ တစ္မ်ိဴးထင္လိမ့္မယ္ Honey ရဲ႕' တဲ့ ။

ဒီလိုနဲ႔ပဲ သူေျပာမယ့္စကားေတြဟာ လက္ေလ်ွာ့လိုက္ရတာခ်ည္း ။ တျခားမဆီမဆိုင္အေတြးေတြကိုေတာ့ သူမေတြးခ်င္ ။ မေတြးရဲတာဆိုလ်ွင္ ပိုမွန္မည္ ။

ေ႐ွာင္းက်န္႔ က သူ႔ကိုခ်စ္ပါတယ္ ။

ကားေပၚတက္သြားတဲ့ Honey ကို ၾကည့္ၿပီး ေ႐ွာင္းက်န္႔ စိတ္ထဲေနလို႔မေကာင္းေခ် ။ သူေျပာလိုက္မိတဲ့စကားကုိ တစ္မ်ိဴးအဓိပၸါယ္ေကာက္မွာကုိလည္း သူစိုးရိမ္ပါသည္ ။

တကယ္ေတာ့ ထုိစကားကို Honey အတြက္ သူစဥ္းစားၿပီးေျပာလိုက္ျခင္းေပ ။ လူအမ်ားရဲ႕အသိမွာ Honey သည္ အိမ္ေထာင္႐ွိခဲ့ဖူးသူ ေယာက္်ားတစ္ေယာက္ ။ သူနဲ႔ တတြဲတြဲျဖစ္ေနမယ္ဆိုရင္ Honey သိကၡာကိုထိပါးလာႏိုင္သည္ ။

အရင္က ေ႐ွာင္းက်န္႔ အျဖစ္နဲ႔ဆိုရင္ ဒါေတြကုိ နည္းနည္းေလးေတာင္ စဥ္းစားေနမွာမဟုတ္ပဲ ။ Honey လက္ကို ဆုပ္ကိုင္ၿပီး လမ္းတကာလွည့္ႂကြားလိုက္မည္ ။ မေကာင္းေျပာသမ်ွ ပါးစပ္ေပါက္ေတြကိုလည္း အႏုနည္း ၊ အၾကမ္းနည္း အကုန္သံုးၿပီး ပိတ္ပစ္လိုက္မည္ ။

အခုသူက ဘဝအသစ္ ေ႐ွာင္းက်န္႔ ။ ၾကဳိးစားေနဆဲ ေ႐ွာင္းက်န္႔ ။ အရင္တုန္းကလိုမ်ိဴး Honey ကုိ မွဲ႔တစ္ေပါက္မစြန္းေစရန္ ႀကိဳးစားေနရဆဲမလို႔ ဒီလိုစကားမ်ိဴးေျပာမိျခင္းသာ ။

သူ႔ကို စကားမေျပာတဲ့ Honey ကို ကမ္းေျခေရာက္မွပဲ ေသခ်ာ႐ွင္းျပပါေတာ့မည္ ။

မင္းမ်က္ႏွာတစ္ခ်က္ညိဳးတိုင္း ကုိယ့္ကမၻာေလးမွာ မုန္တိုင္းထန္ရတာကို မသိဘူးလား Honey ရယ္...။

🌻🌻🌻

ငပ်င္းတစ္ေယာက္ update မွန္ေအာင္
ႀကိဳးစားေနသည္ >.<

___________________________

UNICODE

ယွမ်လိဟန် က ဧည့်ခန်းရှိခုံပေါ်တွင်ထိုင်နေပြီး ထိုးကိုက်လာတဲ့ခေါင်းကြောင့် နားထင်ကိုဖိနှိပ်နေရတယ် ။ တစ်ကိုယ်လုံးက ရှိသမျှသွေးတွေအကုန်လုံး သူ့ခေါင်းဆီတက်လာတယ်လို့ သူခံစားနေရတယ် ။

ဒီလိုဖြစ်စေတဲ့ အဓိကတရားခံကတော့ သားဖြစ်သူရှောင်းကျန့်ပင် ။ သဘောတူတယ် ၊ မတူဘူး ဆိုတဲ့အကြောင်းလေးတောင်ပြောခွင့်မရှိ ယူမယ့်ယောက်ျားကို အိမ်ခေါ်လာသည် ။

တစ်ဖက်က ဒိတ်ဒိတ်ကြဲ CEO ဝမ်ရိပေါ် ဖြစ်နေသေးတဲ့အပြင် နစ်နာမယ်ဆိုရင်တောင် သူ့သားရှောင်းကျန့်ကိုယူမယ့် ဝမ်ရိပေါ်က ပိုနစ်နာတာမလား ။

သို့ပေတည်း သားဖြစ်သူယောက်ျားယူမယ့်အရေးကို ဘယ်အဖေကတော့ ဝမ်းသာလိုက်တာ ငါ့သားရယ် ဆိုပြီးထခုန်မလဲလေ ။

"ပါး...စဉ်းစားနေလည်း ကျွန်တော်ကHoney...အဲ့...ကိုကို့ကို ယူမှာ "

"ငါ့မှာ သဘောတူ..."

"ပါး..သဘောမတူလို့မရပါဘူး"

"ငါ သဘောမတူလည်း မင်းက ယူမှာပဲမလား"

"ဒါပေါ့ "

"အဲ့တာများ မသိရင် ခွင့်ပဲလာတောင်းနေသလိုလိုနဲ့"

"ကျွန်တော်က တန်းလက်ထပ်ချင်တာ ကိုကိုက ခွင့်တောင်းဆိုလို့ ။ တော်ကြာ သမက်ကိုမမြင်လိုက်ရမှာစိုးလို့ လာပြတာ"

ရှောင်းကျန့် က သူ့ဘေးမှာ ထိုင်နေသည့် ရိပေါ် ၏ လက်ကိုဆုပ်ကိုင်ပြီး ပြောလာသည် ။

ယွမ်လိဟန် သူ့ရှေ့မှာပင် တော်တော်ဖြစ်ပြနေသည့် သားဖြစ်သူရှောင်းကျန့်ကို ကြည့်ပြီး အမြင်ကတ်လာသည် ။

"ဝမ်ရိပေါ် ဆိုတာ မင်းလာမပြလည်း ငါတင်မကဘူး တစ်နိုင်ငံလုံးသိတယ်"

"ကိုကို အောင်မြင်တာ ကျွန်တော်သိတယ်"

"ဟို...ရှောင်းကျန့်..."

ရိပေါ် မှာ ကြားကနေဝင်တားရပြန်သည် ။ သားအဖနှစ်ယောက်က စကားနိုင်လုနေတာ ပြီးမယ်မထင် ။

နောက်ဆုံးတော့ ယွမ်လိဟန် ဘာမှမပြောတော့ပဲ သဘောတူလိုက်ရသည် ။ အိမ်​က အရှုပ်ထုပ် CEO ဝမ် ဆီရောက်ပေါ့ ။

'သဘောတူပေးတာ ကျေးဇူး ပါးရေ' ဟုဆိုကာ ဝမ်ရိပေါ် လက်ကိုဆွဲပြီး မြောက်ကြွ မြောက်ကြွ နဲ့ ထွက်သွားသည့် သားဖြစ်သူကိုကြည့်ပြီး ယွမ်လိဟန်တစ်ယောက် တမလွန်က မိန်းမကိုပင်လှမ်းတမိသည် ။

မိန်းမရေ မင်းသားတော့ လင်ကောင်းရသွားရှာပြီ ။

...........

ရှောင်းကျန့် အခုတလောလုံးဝမအားချေ ။ ကျောင်းစာကတစ်ဖက် ၊ အလုပ်ကတစ်ဖက်နှင့်မလို့ Honey ကိုတောင်ကောင်းကောင်းအချိန်မပေးနိုင်ရှာ ။ Honey က သူ့ကိုနားလည်ပေးတဲ့အပြင် company ကိုမလာပဲ စာကိုသာသေချာအာရုံစိုက်ဖို့ပေမယ့် သူလက်မခံ ။ အခုမှ အစမ်းခန့်ကာလ ရှိသေးတဲ့အပြင် အလုပ်ကိုပျက်ကွက်မယ်ဆိုရင်လုံးဝမကောင်း ။

ဒီတော့ သူ့စကားနဲ့သူတိုင်ပတ်နေရရှာပြန်တယ် ။

"ရှောင်းကျန့်...နားပါဦးလား"

"ခဏလေး...ကိုယ် ပြီးတော့မှာ"

ဒီရက်ပိုင်းအတွင်း ရိပေါ် က စိတ်မချတာကြောင့် သူ့အိမ်ကိုခေါ်ထားတာဖြစ်သည် ။ အလုပ်တွေကို ကူလုပ်ပေးမယ်ဆိုတော့လည်း လက်မခံပဲ ခေါင်းမာနေတဲ့ ရှောင်းကျန့်ကို သူလည်းမနိုင် ။ ဘေးနားကနေ ငြိမ်ငြိမ်လေးထိုင်ကြည့်နေရုံသာတတ်နိုင်တယ် ။

"ပြီးသွားပြီ"

ရှောင်းကျန့် ဘေးကိုလှည့်ကြည့်တော့ Honey က သူ့ဘက်ကိုမေးထောက်ထားကာ အိပ်ပျော်နေရှာတယ် ။

"Honey...အခန်းထဲ သွားအိပ်ရအောင်"

"ဟင်..စာက ပြီးပြီလား"

"စာရော ၊ အလုပ်ရော ပြီးပြီ "

"အင်း...ဘာလုပ်တာလဲ"

အပေါ်တက်မယ်အလုပ် ရှောင်းကျန့်က ကောက်ပွေ့လိုက်တာကြောင့် ရိပေါ်မှာ အလန့်တကြား ။

"ချီတာလေ"

"သိတယ်လေ"

"သိရင် ငြိမ်ငြိမ်နေ"

ပင်ပန်းမှာစိုးလို့ မချီသွားဖို့ပြောမလို့ဟာ ငြိမ်ငြိမ်နေ ဆိုပြီးဆူလာသည် ။ ချီပေါ့! ခြေထောက်တောင် အညောင်းသက်သာသေးတယ် ။

...........

နှစ်ပတ်နီးပါး အလုပ်နဲ့စာကို အသဲအသန်လုပ်အပြီးမှာတော့ စာမေးပွဲ ရော အလုပ်ပါ ပြီးမြောက်သွားပြီဖြစ်သည် ။

"ရှောင်းကျန့်..ပဲများမနေနဲ့ "

ရိပေါ် ပြောလည်းပြောချင်စရာပင် ။

ရှောင်းကျန့်တစ်ယောက် အဝတ်အစား ရွေးနေသည်မှာ တစ်နာရီခန့်ပင်ရှိတော့မည် ။ ရှိသမျှအဝတ်တွေကို တစ်ခုချင်းဆွဲထုတ်ပြီးဖွထားတာကြောင့် မီးပူတိုက်ပြီးသမျှအဝတ်တွေအကုန်လုံးက ကုတင်ပေါ်မှာ ပွစာကြဲလို့ ။

ရိပေါ် က အဝတ်အစားလဲပြီး အကုန်လုံးပြင်ဆင်ပြီးသည့်တိုင် ရှောင်းကျန့်မှာ မပြီးသေး ။

"ဟော...Honey ရဲ့ ယောက်ျားလောင်းက စုတ်စုတ်ပြတ်ပြတ်ပါလို့ အပြောခံရချင်လို့လား"

"စုတ်ပြတ်နေလည်း ကျွန်တော်ချစ်တယ် "

ရိပေါ် က ရှောင်းကျန့် နဲ့ စကားပြောလျှင် 'ကျွန်တော်' ဆိုပြီးသာ သုံးနှုန်းနေစမြဲ ။ လူအများရှေ့ရောက်ရင်သာ ငါ ဆိုပြီးပြောတတ်သည် ။

"ချစ်တာ သိတယ် ။ ကိုယ်မချောမှာစိုးလို့"

ရိပေါ် ခေါင်းသာခါလိုက်ပြီး ဘာမှဆက်မပြောဖြစ်တော့ပေ ။ ပြောလည်း နိုင်မှာမှမဟုတ်တာ ။ အဲ့တော့ သူငြိမ်နေလိုက်တာအကောင်းဆုံး ။

Company က လူတွေနှင့်စုကာ ကမ်းခြေဘက် အပန်းဖြေခရီးထွက်ကြမှာပင် ။ တကယ်ဆို နှစ်ယောက်တည်း ကြည်ကြည်နူးနူးသွားချင်ပါသည် ။ သူက CEO ဖြစ်နေလို့ ဘယ်အချိန် ဘယ်သွားသွား ကိစ္စသိပ်မရှိပေမယ့် ရှောင်းကျန့်ကတော့ မတူ ။ အလုပ်သင်ဆိုတော့ ခွင့်ရက်လည်းယူလို့မရ သူကလည်း ခွင့်ရက်ပေးချင်ပေမယ့်ပေးလို့မဖြစ်ချေ ။ ပြောစရာတွေ ဖြစ်လာနိုင်သည် ။

ထို့ကြောင့် နှစ်ယောက်စလုံးလည်း အပန်းဖြေရ ၊ ဘယ်သူမှလည်း ပြောမရတဲ့အစီအစဉ်တစ်ခုကို သူ့မှာကြံရသည် ။ Company က လူတွေကို အပန်းဖြေခရီးစဉ် စီစဉ်ပေးတာ ။ ဌာနအသီးသီးကို ခရီးစဉ်တစ်ခုဆီ စီစဉ်ပေးလိုက်သည် ။ သူကတော့ ရှောင်းကျန့် တို့သွားမည့် ကမ်းခြေခရီးစဉ်ဘက် လိုက်လာခြင်း ။

"သွားမယ်လေ...Honey"

"အင်း"

..............

"ငါတို့ရဲ့ ကပ်စေးအိုးကြီး CEO ဝမ် က ဘာစိတ်ကူးပေါက်တာလဲ"

"ဟုတ်တယ် ။ Company မှာ အလုပ်လုပ်တာကြာလှပြီ ။ တစ်ခါမှ ဒီလိုတွေမလုပ်ပေးဖူးဘူး"

"ဘာပဲဖြစ်ဖြစ် နားရတာပေါ့ ။ ဒါနဲ့ ရှောင်းကျန့် ကို မတွေ့သေးပါလား"

"ဟုတ်တယ်နော်...သူ နောက်ကျနေတယ်"

"အယ်..တို့ ဆိုဖီယာက စိတ်ပူလို့ပါလား"

အဖွဲ့ထဲက တစ်ယောက်က လှမ်းစတော့ သူမ ရှက်ပြုံးလေးပြုံးလိုက်မိသည် ။

"မဟုတ်ပါဘူး "

"ဟိုမှာ...CEO ရဲ့ ကားမလား"

ဌာနမှူးရဲ့ စကားကြောင့် အကုန်လုံး ကားရှိရာဘက်ကို လှည့်ကြည့်မိလိုက်ကြသည် ။

"ဟင်...ရှောင်းကျန့် က ဘယ်လိုလုပ် CEO ကားထဲက ထွက်လာတာလဲ"

အကုန်လုံး စပ်စုချင်စိတ်တွေဖြစ်နေပေမယ့် ဘေးနားတွင် ရုပ်တည်နဲ့ ဖြစ်နေသည့် CEO ကြောင့် ဘာမှမမေးရဲကြချေ ။

"လူစုံပြီလား"

"စုံပါပြီ CEO "

"ဒါဆို...သွားမယ် "

ရိပေါ် ရှေ့ကနေ ထွက်သွားကာ သူတက်ရမည့်ကားပေါ် တက်သွားသည် ။

ရှောင်းကျန့် ဆိုသည့်သူဟာ သူ့ကို စိတ်တိုအောင် စ,ရတာကို သဘောကျပုံရသည် ။ သူနဲ့ ကားအတူစီးဖို့ပြောတာကို ' သူများတွေ တစ်မျိူးထင်လိမ့်မယ် Honey ရဲ့' တဲ့ ။

ဒီလိုနဲ့ပဲ သူပြောမယ့်စကားတွေဟာ လက်လျှော့လိုက်ရတာချည်း ။ တခြားမဆီမဆိုင်အတွေးတွေကိုတော့ သူမတွေးချင် ။ မတွေးရဲတာဆိုလျှင် ပိုမှန်မည် ။

ရှောင်းကျန့် က သူ့ကိုချစ်ပါတယ် ။

ကားပေါ်တက်သွားတဲ့ Honey ကို ကြည့်ပြီး ရှောင်းကျန့် စိတ်ထဲနေလို့မကောင်းချေ ။ သူပြောလိုက်မိတဲ့စကားကို တစ်မျိူးအဓိပ္ပါယ်ကောက်မှာကိုလည်း သူစိုးရိမ်ပါသည် ။

တကယ်တော့ ထိုစကားကို Honey အတွက် သူစဉ်းစားပြီးပြောလိုက်ခြင်းပေ ။ လူအများရဲ့အသိမှာ Honey သည် အိမ်ထောင်ရှိခဲ့ဖူးသူ ယောက်ျားတစ်ယောက် ။ သူနဲ့ တတွဲတွဲဖြစ်နေမယ်ဆိုရင် Honey သိက္ခာကိုထိပါးလာနိုင်သည် ။

အရင်က ရှောင်းကျန့် အဖြစ်နဲ့ဆိုရင် ဒါတွေကို နည်းနည်းလေးတောင် စဉ်းစားနေမှာမဟုတ်ပဲ ။ Honey လက်ကို ဆုပ်ကိုင်ပြီး လမ်းတကာလှည့်ကြွားလိုက်မည် ။ မကောင်းပြောသမျှ ပါးစပ်ပေါက်တွေကိုလည်း အနုနည်း ၊ အကြမ်းနည်း အကုန်သုံးပြီး ပိတ်ပစ်လိုက်မည် ။

အခုသူက ဘဝအသစ် ရှောင်းကျန့် ။ ကြိုးစားနေဆဲ ရှောင်းကျန့် ။ အရင်တုန်းကလိုမျိူး Honey ကို မှဲ့တစ်ပေါက်မစွန်းစေရန် ကြိုးစားနေရဆဲမလို့ ဒီလိုစကားမျိူးပြောမိခြင်းသာ ။

သူ့ကို စကားမပြောတဲ့ Honey ကို ကမ်းခြေရောက်မှပဲ သေချာရှင်းပြပါတော့မည် ။

မင်းမျက်နှာတစ်ချက်ညိုးတိုင်း ကိုယ့်ကမ်ဘာလေးမှာ မုန်တိုင်းထန်ရတာကို မသိဘူးလား Honey ရယ်...။

🌻🌻🌻

ငပျင်းတစ်ယောက် update မှန်အောင်
ကြိုးစားနေသည် >.<

___________________________

Continue Reading

You'll Also Like

32.6K 2.5K 72
ဖတ်ကြည့်နော်😉😉
18.1K 1.8K 8
Sung Hanbin x Zhang Hao
74.1K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
59.6K 5.6K 18
TVXQ Horror Fanfiction (ZAWGYI + UNICODE)