အသက်ထက်ပို​သော(Completed)

By PannWintHlwar

482K 36K 1.8K

တစ်ရက်မှာတစ်ည ၊ တစ်ညမှာတစ်ခဏ​က​လေးက သူ့အတွက်တစ်ဘဝဖြစ်လာမယ်ဆိုတာ သူဘယ်တုန်းကမှ​တွေးထင်မထားမိပါ ။ တစ္ရက္မွာတစ္ည... More

အသက်ထက်ပို​သော(၁)
အသက်ထက်ပို​သော(၂)
အသက်ထက်ပို​သော(၃)
အသက်ထက်ပို​သော(၄)
အသက်ထက်ပို​သော(၅)
အသက်ထက်ပို​သော(၆)
အသက်ထက်ပို​သော(၇)
အသက်ထက်ပို​သော(၈)
အသက်ထက်ပို​​သော(၉)
အသက်ထက်ပို​သော(၁၀)
အသက်ထက်ပို​သော(၁၁)
အသက်ထက်ပို​သော(၁၂)
အသက်ထက်ပို​သော(၁၃)
အသက်ထက်ပို​သော(၁၄)
အသက်ထက်ပို​သော(၁၅)
အသက်ထက်ပို​သော(၁၆)
အသက်ထက်ပို​သော(၁၇)
အသက်ထက်ပို​​သော(၁၈)
အသက်ထက်ပို​သော(၁၉)
အသက်ထက်ပို​သော(၂၀)
အသက်ထက်ပို​သော(၂၁)
အသက်ထက်ပို​သော(၂၂)
အသက်ထက်ပို​သော(၂၃)
အသက်ထက်ပိုသော(၂၄)
အသက်ထက်ပိုသော(၂၅)
အသက်ထက်ပိုသော(၂၆)
အသက်ထက်ပိုသော(၂၇)
အသက်ထက်ပိုသော(၂၈)
အသက်ထက်ပိုသော(၂၉)
အသက်ထက်ပိုသော(၃၀)
အသက်ထက်ပိုသော(၃၁)
အသက်ထက်ပိုသော(၃၂)
အသက်ထက်ပိုသော(၃၃)
အသက်ထက်ပိုသော(၃၄)
အသက်ထက်ပိုသော(၃၅)
အသက်ထက်ပိုသော(၃၆)
အသက်ထက်ပိုသော(၃၇)
အသက်ထက်ပိုသော(၃၈)
အသက်ထက်ပိုသော(၃၉)
အသက်ထက်ပိုသော(၄၀)
အသက်ထက်ပိုသော(၄၂)
အသက်ထက်ပိုသော(၄၃)
အသက်ထက်ပိုသော(၄၄)
အသက်ထက်ပိုသော(၄၅)
အသက်ထက်ပိုသော(၄၆)
အသက်ထက်ပိုသော(၄၇)
အသက်ထက်ပိုသော(၄၈)
အသက်ထက်ပိုသော(၄၉)
အသက်ထက်ပိုသော(၅၀)

အသက်ထက်ပိုသော(၄၁)

6.5K 611 44
By PannWintHlwar

Unicode 🍑

မနက်ခင်းနေရောင်ခြည်မျှင်မျှင်လေးကကုတင်ဘေးမှန်တံခါးမှတိုးဝင်လာသည် ။ မျက်နှာပေါ်တည့်တည့်ကျရောက်လာလို့အလင်းရောင်ကြောင့်ဆက်၍အိပ်မရ ။ အိပ်မရတဲ့အတူတူတော့ထထိုင်လိုက်သည် ။ ဟင် သူ့အဝတ်တွေကဘယ်လိုဖြစ်ပြီးNight dressဖြစ်နေရတာလဲ ။ ညကအစ်ကိုလဲပေးထားတာများလား ။ အာ ဟုတ်သားပဲ သူအိပ်ပျော်သွားတာပဲ ။ မင်္ဂလာဦးညမှာအိပ်ပျော်သွားလို့အစ်ကိုစိတ်များဆိုးနေသလား ။ ဘေးနားကိုကြည့်လိုက်တော့လည်းအစ်ကိုမရှိတော့ဘူး ။ အစ်ကိုဘယ်ထွက်သွားတာလဲ ။ တကယ်ကြီးစိတ်ဆိုးသွားတာလား ။ ငါ့ကိုထားပြီးပြန်သွားပြီလား ။

"အစ်ကို .....အစ်ကိုရေ ....."

"ဘေဘီ ကိုယ်ရေချိုးခန်းထဲမှာ"

ဟူး တော်ပါသေးရဲ့ ။ ပြန်ဖြေတဲ့လေသံကြည့်ရတာအစ်ကိုစိတ်မဆိုးဘူးထင်တာပဲ ။ သူရေချိုးခန်းအရှေ့ကလှည့်ထွက်မယ်အလုပ် သူ့ကိုရေချိုးခန်းထဲဆွဲထည့်လိုက်သည် ။

"အစ်ကို ဘာ ဘာ ဘာလုပ်တာလဲ"

"ဘေဘီ့အပြစ်ကိုဘေဘီသိတယ်မလား ၊ ညတုန်းကဘာဖြစ်သွားလဲဘေဘီ"

"အိပ် အိပ် အိပ်ပျော်သွားတာလေ"

မျက်လုံးစုံမှိတ်ပြီးဖြေနေသည့်ခွန်းကိုရေစက်ကလေးတွေနဲ့တောက်လိုက်သည် ။ ခွန်းမျက်နှာလေးအေးသွားတော့ မျက်လုံးလေးတွေပွင့်လာသည် ။

"အစ်ကိုစိတ်ဆိုးနေလားဟင်"

"အင်း အရမ်းအရမ်းကိုစိတ်ဆိုးနေပါတယ်"

"ဘာလို့ကျွန်တော့်ကိုမနှိုးလဲ"

"ဪ နှိုးတာပေါ့ ၊ ပါးလည်းရိုက်တယ် ခြေထောက်နဲ့လည်းကန်ကြည့်တယ် ၊ ဘယ်လိုလုပ်လုပ်မင်းမနိုးဘူး"

"ဘာပြောတယ် ၊ အစ်ကိုဘယ်လိုနှိုးတယ်"

ခွန်းမျက်နှာလေးစတင်ပြီးဆူပုတ်လာပါပြီ ။ ခွန်းကပြန်ပြီးသူ့ကိုစိတ်ဆိုးတော့မယ် ။

"ဟားဟား ကိုယ်စတာပါ ၊ ကိုယ်လည်းညကအရမ်းပင်ပန်းနေတော့အိပ်ပျော်သွားတယ်"

မိုးသောက်ကရေပန်းဖွင့်ချလိုက်သည့်အခါ ခွန်းတစ်ကိုယ်လုံးစိုရွှဲသွားသည် ။

"ဟာ အစ်ကို"

"ဘေဘီအခုအရမ်းဆွဲဆောင်မှုရှိနေတာသိလား"

ရေတွေစိုရွှဲနေသည့်ခွန်းရဲ့ပုံစံလေးကသူ့ကိုဆွဲဆောင်နေသည် ။ ခွန်းရဲ့မျက်နှာလေးကိုထိန်းကိုင်ပြီး ခွန်းရဲ့မျက်နှာနားကိုကပ်သွားသည် ။ ခွန်းကလည်းမျက်လုံးလေးတွေပိတ်ချလိုက်သည် ။

"အစ်ကို ‌ဒီနေရာမှာက ....."

"ဘာလို့လဲ ၊ အသစ်အဆန်းဖြစ်တာပေါ့"

"ဟာ့ အစ်ကို ......"

ရင်ခုန်သံတွေကအတိုင်းသားကြားနေရသည် ။ အသက်ရှူသံတွေပြင်းပြီးမောဟိုက်နေမှုတွေလည်းတဖြည်းဖြည်းမြင့်တက်လာသည် ။ အစကငြင်းနေသည့်ခွန်းလည်းအလိုတူဖြစ်လာသည် ။ စိတ်တွေပြန်တည်ငြိမ်သွားတဲ့အချိန် သူ့ရဲ့ဘေဘီလေးအရှက်သည်းနေဦးမည်ဆိုတာသူမြင်ယောင်နေမိပါတော့သည် ။

"ကိုကို !"

သျှင်းအလုပ်လုပ်နေရင်း သူ့ဗိုက်ကလေးခေါ်လို့လှည့်ကြည့်လိုက်သည် ။

"ဘာဖြစ်လို့လဲကလေး"

"ဗိုက်ထဲကနာလာသလိုပဲ"

"အိန်ဂျယ်လေးကကန်နေပြန်ပြီလား ၊ မီးမီးရေ မာမားကိုနာအောင်မကန်ရဘူးလေ"

သျှင်းကဗိုက်ကလေးကိုပွတ်ပေးပြီးစကားပြောလိုက်တော့ငြိမ်ကျသွားပြန်သည် ။ သူ့ကလေးငယ်သက်သာသွားတာနဲ့သူလည်းစားပွဲမှာပြန်ထိုင်ပြီးအလုပ်လုပ်နေသည် ။

"ကိုကို နာတယ် ဟင့်"

"ဟင် ကလေး ဘယ်နားကနာတာလဲ"

"ဗိုက်နာတယ် ဟင့် နာတယ်"

ဘာလို့ခဏခဏနာနေရတာပါလိမ့် ။ ကလေးငယ်ဘေးနားကိုသွားထိုင်လိုက်တော့ သူ့လက်ကိုဆုပ်ကိုင်ထားသည် ။
ဘယ်လောက်တောင်နာကျင်လဲဆိုတာသျှင်းရဲ့လက်ကိုတစ်ခါတစ်ခါဆုပ်ကိုင်လိုက်တိုင်းသိနိုင်သည် ။ မွေးဖို့ရက်ကလိုပါသေးတယ် ။ ကလေးနာတာကတဖြည်းဖြည်းစိတ်လာသည် ။

"မေမေ မေမေ !!!!"

သျှင်းလည်းရုတ်တရက်ဆိုတော့သူပါလက်တွေတုန်လာသည် ။ မွေးရက်မတိုင်ခင်ခွဲမွေးဖို့လုပ်ထားပေမဲ့ အခုကျတော့တစ်ပတ်လောက်လိုသေးတယ်လေ ။ သျှင်းရဲ့အော်ခေါ်သံကိုကြားတော့မေမေလည်းအပြေးအလွှားရောက်လာသည် ။

"ဘာဖြစ်တာလဲ"

"ကလေး ကလေးက ဘာဖြစ်တာလဲမသိဘူး ၊ လုပ်ပါဦးမေမေရယ်"

"မေမေ ရာရာဗိုက်ထဲကအရမ်းနာတယ် ဟင့်"

"ဟေ မွေးချင်နေတာလား ၊ ဘယ်လိုဖြစ်လို့အဲ့လောက်စောရတာလဲ ၊ သျှင်းမြတ် ဆေးရုံကိုဖုန်းဆက်ထားစမ်း"

"ဟုတ် ဟုတ်"

သျှင်းမြတ်ကဆေးရုံကိုဖုန်းကြိုဆက်ထားလိုက်သည် ။

"ကိုကို ရာရာကြောက်တယ်"

"ကိုကိုလည်းကြောက်တယ်"

မေမေကသျှင်းကိုရိုက်ပစ်လိုက်သည် ။

"ဟဲ့ နင်အဲ့တာကလေးကိုပြောရမယ့်စကားလား ၊ ဖယ်စမ်း"

မေမေကရာရာလေးဘေးကိုဝင်ထိုင်လိုက်ပြီး .......

"ဘာမှမဖြစ်ဘူးသားငယ် ၊ အသက်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေးရှူ ၊ အကုန်လုံးအဆင်ပြေသွားမှာ"

သျှင်းမြတ်တစ်ယောက်ကတော့ရာရာလေးထက်ပိုပြီးကြောက်နေပုံရသည် ။ အခန်းထဲမှာမတ်မတ်ကြီးရပ်ပြီးထိုင်မရထမရဖြစ်နေသည် ။

"ဟဲ့ သျှင်းမြတ် ! ဘာရပ်လုပ်နေတာလဲ ၊ မဆွေကိုလိုအပ်တာတွေထည့်ခိုင်းလိုက် ၊ ပြီးရင်ကားသွားထုတ်ထား"

"ဗျာ ! ဟုတ် ဟုတ်"

"မေမေ နာတယ် ဟင့် ရာရာသေတော့မှာလားမသိဘူး ဟင့်"

"မဟုတ်ပါဘူးသားငယ်ရယ် ၊ ဒါကသဘာဝပါ ၊ ဆေးရုံရောက်ရင်အဆင်ပြေသွားမှာ ၊ အသက်ကိုမှန်မှန်ရှူ ၊ မေမေလည်းရှိတယ် ကိုကိုလည်းရှိတယ် ဘာမှမဖြစ်ဘူးနော်"

ကိုကိုတစ်ယောက်ကတော့အယောင်ယောင်အမှားမှားနဲ့ဧည့်ခန်းထဲကနေမီးဖိုချောင်ထဲဝင်လိုက် ၊ ဟိုဝင်ဒီထွက်နဲ့တစ်ယောက်တည်းတိုင်ပတ်နေသည် ။

"ဟဲ့ သျှင်းမြတ်ရေ နင်ကရာရာထက်ပိုဆိုးနေပါလား ၊ မဆွေကိုပြောပြီးရင်ကားထုတ်ထားပါလို့မေမေပြောလိုက်တယ်လေ"

"ဟုတ်ဟုတ် မေမေ သားအခုမှထုတ်လိုက်မယ်"

"ဟဲ့ ဘယ်သွားတာလဲ ကားသော့ကဒီမှာ"

မေမေကအပေါ်ထပ်ကနေကားသော့ပစ်ချပေးလိုက်တော့မှဂိုဒေါင်ဖွင့်ပြီးကားကိုထုတ်လိုက်သည် ။ အိမ်ထဲပြန်ပြေးဝင်ပြီးကလေးငယ်ကိုပွေ့ချီဖို့လုပ်တော့ ကလေးငယ်ကသွေးတစ်ချို့ဆင်းနေသည် ။

"ကိုကို ရာရာကြောက်တယ်"

"ဘာမှမဖြစ်ဘူးကလေး ကိုကိုရှိတယ်လေ နော် ၊ ကိုကို့ကိုသေချာဖက်ထားနော်"

ရာရာလေး လက်ကလေးတွေတုန်ပြီးအေးစက်နေသည် ။ သူကလေးအရှေ့မှာတုန်လှုပ်နေလို့မှမရတာ ။ သူကပိုပြီးကြောက်နေရင် နာကျင်မှုတွေကိုခံစားနေရတဲ့ကလေးငယ်ပိုပြီးကြောက်နေရှာမှာပေါ့ ။ သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ကလေးကိုကားပေါ်တင်လိုက်သည် ။ မေမေကကလေးဘေးမှာဝင်ထိုင်လိုက်ပြီး ကြီးကြီးဆွေကကားပေါ်ပစ္စည်းတွေတင်ပေးလိုက်သည် ။ ဆေးရုံအရှေ့ကိုရောက်တာနဲ့ကလေးကိုကုတင်ပေါ်တင်ပေးလိုက်ပြီး ရာရာ့လက်ကလေးကိုဆုပ်ကိုင်ထားလိုက်သည် ။

"ဘာမှမဖြစ်ဘူးနော် ၊ ကိုကိုရှိတယ် ၊ ကိုကိုအပြင်ကစောင့်နေမယ်နော်"

တာဝန်ခံဆရာဝန်မလေးကရာရာ့ကိုခွဲခန်းထဲသို့သွင်းလိုက်သည် ။ ခွဲခန်းထဲအထိတော့သျှင်းမြတ်လိုက်လို့မရ ။ သိပ်မကြာခင်မှာပဲရာရာလေးရဲ့သူငယ်ချင်းတွေနဲ့မိုးသောက်တို့ရောက်လာကြသည် ။

"မေမေ မေမေ သားအင်္ဂုလိမာလသုတ်မေ့သွားပြီ"

"ငြိမ်ငြိမ်လေးသာထိုင်နေပါ မေမေရွတ်ပေးမယ်"

သျှင်းတစ်ယောက်ထိုင်လည်းမထိုင် ဟိုလျှောက်ဒီလျှောက်နဲ့ဂနာမငြိမ်ဖြစ်နေသည် ။

"မေမေ ဘာလို့အဲ့လောက်ကြာနေရတာလဲဟင် ၊ သားအထဲဝင်ကြည့်ချင်တယ်"

"ဪ ငါ့နှယ်အေ ငြိမ်ငြိမ်ထိုင်ပြီးစိတ်အေးအေးထားစမ်းပါဟယ် ၊ ဘာမှမဖြစ်ဘူး ၊ ခွဲတာကဓားနဲ့ခွဲပြီးကလေးဆွဲထုတ်ရုံနဲ့ပြီးတာမှမဟုတ်တာဟဲ့"

မေမေစိတ်မရှည်တော့လို့သျှင်းခေါင်းကိုခေါက်ပစ်လိုက်မှသျှင်းငြိမ်သွားသည် ။ ခွဲခန်းထဲကနေဆရာဝန်မလေးထွက်လာသည် ။

"ကိုသျှင်းမြတ် စကားနည်းနည်းလောက်ပြောချင်လို့ပါ"

"ဟုတ် ဟုတ်ကဲ့"

"ရာရာကသားအိမ်အားနည်းနေပြီ ၊ ယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့ နောက်ပိုင်းသွေးဆင်းလာနိုင်တယ် ၊ အချိန်တွေကြာလာရင် သားအိမ်ကင်ဆာဖြစ်နိုင်ဖို့ရာခိုင်နှုန်းကလည်းများတယ် ၊ အဲ့တော့ ကျွန်မပြောချင်တာကသားအိမ်ထုတ်ဖို့ပါ"

အရင်တုန်းကရာရာလေးပြောဖူးသည့်စကားကိုသူပြန်ကြားယောင်မိသည် ။

"ဒီတစ်ခေါက်ကသမီးလေးဆိုတော့ သားလေးတစ်ယောက်တော့မွေးချင်သေးတယ် ဟီးဟီး ၊ ကိုကိုနဲ့တူတဲ့သားတစ်ယောက်သမီးတစ်ယောက်ဆိုအရမ်းပျော်ဖို့ကောင်းမှာပဲ"

"ကိုသျှင်းမြတ် ကျွန်မပြောတာနားထောင်နေရဲ့လား ၊ ကိုသျှင်းမြတ်လက်မှတ်ထိုးပေးမှကျွန်မတို့ဆက်လုပ်လို့ရမှာမို့လို့ပါ"

"ဟုတ်ကဲ့ ကျွန်တော်လက်မှတ်ထိုးပေးပါ့မယ်"

ကိုကိုတောင်းပန်ပါတယ်ကလေးရယ် ကလေးကိုအဆုံးအရှုံးမခံနိုင်ဘူး

သျှင်းမြတ်လက်မှတ်ထိုးပေးလိုက်တာနဲ့ဆရာဝန်မလေးခွဲခန်းထဲသို့ပြန်ဝင်သွားသည် ။ နောက်ထပ်တစ်နာရီခွဲလောက်ကြာတော့ ခွဲခန်းထဲမှဆရာဝန်မလေးထွက်လာသည် ။

"ဒေါက်တာ ကလေးအခြေအနေ"

"မိခင်ရောကလေးပါကျန်းမာပါတယ် ၊ ခွဲစိတ်မှုလည်းအောင်မြင်ပါတယ် ၊ စိုးရိမ်စရာမရှိပါဘူး ၊ ကလေးက၇ပေါင်နဲ့၄အောင်စရှိပါတယ် ၊ တကယ့်ကိုကျန်းမာတဲ့သမီးလေးပါ ဂုဏ်ယူပါတယ်ကိုသျှင်းမြတ်"

အခုမှပဲသျှင်းမြတ်သက်ပြင်းချနိုင်တော့သည် ။ အခုမှပဲခုံပေါ်မှာထိုင်နိုင်တော့သည် ။ ခွဲခန်းထဲကထွက်လာတဲ့ကလေးငယ်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေဆဲ ။ သမီးလေးကိုသူနာပြုမလေးတစ်ယောက်ကချီပြီးထွက်လာသည် ။ သျှင်းမြတ် သမီးလေးကိုကြည့်ပြီး မျက်ရည်တွေဝဲလာသည် ။

"မေမေ !"

မကြီးမငယ် သူ့အရပ်ကြီးကလန့်ကလားနဲ့မေမေ့ကိုဖက်ပြီးငိုပါတော့သည် ။

"သား ဘာလို့ငိုရတာလဲ"

"သားဘာပြောရမှန်းမသိတော့ဘူးမေမေရယ်"

"မငိုနဲ့ တိတ်တော့"

သူနာပြုမလေးကသမီးကိုချီခွင့်ပေးပေမဲ့ သျှင်းမချီရဲ ။ သူချီလိုက်ရင်သမီးလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်ပြီး သူနာပြုမလေးချီထားတာကိုပဲကြည့်နေသည် ။ တခြားသူတွေကိုလည်းသျှင်းကမချီခိုင်းပါ ။ မေမေ့ကိုတောင်ချီခွင့်မပေးဘူး ။

"ကိုကို"

ခဏကြာတော့ရာရာလေးနိုးလာသည် ။

"အိန်ဂျယ်လေးရော"

"ရှိတယ်ကလေးရဲ့၊ ကလေးလေးတွေသီးသန့်အဆောင်မှာထားတာတယ်"

"ရာရာတွေ့ချင်တယ်"

"နို့တိုက်တဲ့အချိန်ကျရင်လာပို့ပေးမယ်တဲ့ ၊ အဲ့တော့မှတွေ့နော် ၊ အခုမှခွဲစိတ်ပြီးကာစမို့လို့ကလေးလမ်းလျှောက်ဖို့မလွယ်ဘူး"

သျှင်းကအိန်ဂျယ်လေးပုံဓာတ်ပုံရိုက်ထားတာကိုရာရာ့ကိုပြလိုက်သည် ။ ရာရာလေးကဖုန်းကိုကြည့်ပြီးမျက်ရည်တွေဝဲလာသည် ။

"ရာရာလေးပင်ပန်းသွားရပြီ"

မေမေကရာရာလေးကိုဖက်ထားသည် ။  မိုးသောက်တို့တစ်သိုက်ကတော့ကလေးအဆောင်နားကမခွာဘူး ။ အလုအယက်တွေအိန်ဂျယ်လေးကိုကြည့်နေကြသည် ။

ရွှန်းလဲ့ - အိန်ဂျယ်လေးကဘယ်သူနဲ့တူတယ်လို့ထင်လဲ

ဘရဏီ - ငါ့မျက်လုံးထဲမှာအန်တီနီလာနဲ့တူနေသလားလို့

ခွန်း - အာ အစ်ကိုသျှင်းမြတ်နဲ့တူတာပါ

မိုးသောက် - ရာရာနဲ့တူတာမဟုတ်ဘူးလား

ရွှန်းလဲ့ - ငါ့အမြင်ကတော့ကြီးလာရင်တော်တော်ချောမှာဟ

နီလာဖြူ - အမလေး ကျွန်မမြေးလေးကချောပြီးသားပါနော် ၊ ရာရာသတိရပြီ

ဘရဏီ - ဟယ် ဟုတ်လား ဒါဆိုသွား ....... အဲ ဟိုကိစ္စရာရာ့ကိုပြောပြီးသွားပြီလား

နီလာဖြူ - အဲ့တာကြောင့်အန်တီရှောင်လာပေးတာ ၊ သမီးတို့လည်းခဏနေလောက်မှသွားကြနော်

ရွှန်းလဲ့ - ရာရာလေးတော့အရမ်းဝမ်းနည်းနေတော့မှာပဲ ဟင့် သမီးတောင်ငိုချင်လာပြီ

သျှင်းမြတ် ရာရာလေးကိုဘယ်ကနေဘယ်လိုစပြောရမလဲဆိုတာစဉ်းစားရခက်နေသည် ။

"ကိုကို ဘာဖြစ်လို့လဲဟင် ၊ ရာရာ့ကိုပြောစရာရှိတယ်ဆို"

"အဲ့တာကလေ ကိုကိုဘယ်ကစပြောရမှန်းမသိတော့ဘူးကလေးရယ်"

"ဘာမို့လို့လဲကိုကိုရဲ့"

"ကလေးရဲ့သားအိမ်ကိုထုတ်ပစ်လိုက်ရတယ်"

ရာရာလေးအပြုံးတွေရပ်တန့်သွားသည် ။ အရာအားလုံးရပ်တန့်သွားသလိုခံစားရသည် ။

"ကလေးရဲ့သားအိမ်ကအရမ်းအားနည်းနေပြီတဲ့ ၊ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့သွေးဆင်းတာတွေ ကင်ဆာဖြစ်နိုင်ဖို့ရာခိုင်နှုန်းများမယ်တဲ့"

"ကိုကိုကခွင့်ပြုခဲ့တာလား ၊ ရာရာပြောထားတာတွေကိုကိုမေ့သွားတာလား"

"မမေ့ပါဘူး ကိုကိုမမေ့ပါဘူး"

"အဲ့တာဆိုကိုကိုဘာလို့ခွင့်ပြုခဲ့လဲ"

"ကလေးကိုအဆုံးရှုံးမခံနိုင်ဘူး ၊ ဖြစ်မလာသေး ရောက်မလာသေးတဲ့အရာတစ်ခုနဲ့ပိုင်ဆိုင်ထားပြီးသားအရာတစ်ခုနဲ့ယှဉ်ပြီးရွေးရတဲ့အခါ ကိုကိုကလေးကိုပဲရွေးမှာပေါ့ ၊ ကိုကိုကလေးကိုအဆုံးရှုံးမခံနိုင်ဘူးလေ ၊ ပြီးတော့ ကိုယ်တို့မှာအိန်ဂျယ်လေးရှိလာပြီ ၊ အရင်လိုဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်ရမှာလေ ၊ ကလေးရောအဲ့လိုမတွေးမိဘူးလား"

ရာရာလေးတစ်ခဏကြာငြိမ်ကျသွားသည် ။ သျှင်းကရာရာလေးရဲ့လက်ကလေးတွေကိုဆုပ်ကိုင်ထားသည် ။

"ကိုကို့ကိုကြည့်ပါဦး ၊ ကလေးကအခုဆိုအိန်ဂျယ်လေးရဲ့မေမေဖြစ်နေပြီလေ ၊ အိန်ဂျယ်လေးမှာကလေးမရှိလို့မဖြစ်ဘူး ၊ ကလေးကျန်းကျန်းမာမာဖြစ်နေမှအိန်ဂျယ်လေးကိုကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်နိုင်မှာပေါ့ ၊ ဖြစ်မလာသေးတဲ့အရာအတွက်ကိုကိုရွေးချယ်လို့မှမရတာ ၊ ကလေးလက်ခံလားကိုကိုပြောတာ"

ရာရာလေးကိုသျှင်းကိုဖက်လိုက်သည် ။ အချိန်အကြာကြီးအထိဖက်ထားပြီးငြိမ်နေသည် ။

"ကိုယ်တို့မှာသမီးလေးရှိနေပြီလေ ၊ ကိုယ်တို့လုပ်ချင်တာတွေကိုပဲလုပ်လို့မရတော့ဘူး ဟုတ်တယ်မလား"

ရာရာလေးကခေါင်းညိမ့်သည် ။ နို့တိုက်ချိန်ရောက်တော့ရာရာလေးဆီအိန်ဂျယ်လေးရောက်လာသည် ။ ရာရာလေးကနို့တော့ထွက်ပေမဲ့နို့ထွက်အားကနည်းနေသည် ။ ရာရာ့လက်ထဲကနီတာရဲလေးကိုသျှင်းမှာမထိရက်မကိုင်ရက်အခုထက်ထိဖြစ်နေဆဲ ။ သျှင်းတစ်ယောက်ကကာစီးကာစီးလုပ်နေတော့ အိန်ဂျယ်လေးကိုအဖွားဖြစ်သူတောင်မချီရသေး ။

"ဟဲ့ သျှင်းမြတ် ငါနင့်ကိုမွေးထားတာပါဟဲ့ ၊ ဖယ်စမ်း ငါ့မြေးကိုငါချီမယ်"

"မေမေ လက်ကမသန့်ဘူး ၊ မချီနဲ့"

"အမလေးဟဲ့ နင့်ထက်ငါပိုသိတယ် ၊ ဖယ်စမ်းပါ"

သျှင်းကိုအတင်းတွန်းထုတ်ပြီးမြေးမလေးကိုချီဖို့ရာရာ့ဘေးမှာထိုင်လိုက်သည် ။ နီတာရဲလေးကိုလက်ထဲမှာပွေ့ချီလိုက်သည် ။ နီတာရဲလေးကနို့စို့ရတာမဝသေးဘူးထင်ပါတယ် အခုထက်ထိပါးစပ်လေးကတပြင်ပြင်ဖြစ်နေဆဲ ။

"မေမေ သားလည်းချီမယ်"

"အမယ် နင်ပဲမထိရက်မကိုင်ရက်ဆို မချီနဲ့ သွား"

"ဟာ မေမေကလည်း သားရဲ့သမီးလေးပါနော်"

"ငါ့မြေးလေ ငါ့မြေး ၊ ဟုတ်တယ်နော်မြေးလေး ဖွားဖွားရဲ့အသည်းတုံးလေး"

အိန်ဂျယ်လေးကိုချီချင်တဲ့သူတွေတန်းစီနေကြသည် ။ ချီကလည်းချီချင် သျှင်းမျက်နှာကိုလည်းကြည့်ရသေးတယ် ။

ခွန်း - အားးးးးးးသေးသေးလေး လုပ်ကြပါဦး အသည်းယားတယ်

ဘရဏီ - ကြည့်ပါဦး ပါးစပ်ကလေးကတပြင်ပြင်နဲ့ ဗိုက်မဝသေးဘူးထင်တယ်

ရွှန်းလဲ့ - တီတီ့အသည့်လေး အာဘွား ငါအသည်းယားလာပြီ

မိုးသောက် - သေချာကြည့် ရာရာနဲ့တစ်ထပ်တည်းပဲ

အချိန်ပြည့်လို့သူနာပြုမလေးကလာခေါ်တော့ သျှင်းကပြန်မထည့်ပေးချင်တော့ဘူး ။

"ဆရာမ ဒီမှာပဲခေါ်ထားလို့မရဘူးလား"

"ကလေးရဲ့ကျန်းမာရေးအတွက်ခွင့်ပြုလို့မရလို့ပါရှင် ၊ ကိုသျှင်းမြတ်ချီကြည့်ပြီးပြီလား"

"မချီရသေးဘူး ၊ တစ်ခုခုဖြစ်သွားမှာစိုးလို့"

"မဖြစ်ပါဘူး ၊ ချီကြည့်လိုက်ပါဦး ၊ မီးမီးလေးကဖေဖေချီရင်သဘောကျမှာပါ"

သူနာပြုကသျှင်းလက်ထဲသို့အိန်ဂျယ်လေးကိုထည့်ပေးလိုက်သည် ။ အိန်ဂျယ်လေးကိုပွေ့ချီထားရင်း ပါးလေးကိုလက်ညှိုးလေးနဲ့ထိကြည့်တော့ အိန်ဂျယ်လေးကပြုံးလိုက်သလိုသူခံစားလိုက်ရသည် ။

"ဆရာမ ဆရာမ မြင်လိုက်လား"

"ဘာ ဘာကိုလဲရှင်"

"ပြုံး ပြုံးတယ် ၊ သမီးလေးကပြုံးတယ်"

"ကျွန်မပြောသားပဲ ၊ ဖေဖေချီရင်သဘောကျမှာပါလို့"

သူနာပြုမလေးလက်ထဲကိုမထည့်ချင်ထည့်ချင်နဲ့ပေးလိုက်ရသည် ။ လူတွေအများကြီးရှေ့မှာသျှင်းကရာရာလေးကိုနမ်းလိုက်သည် ။

"ဟဲ့ ဟဲ့ ငါတို့ထွက်ပေးပါ့မယ် ၊ ဘယ်လိုတွေဖြစ်နေတာလဲမသိဘူး"

မေမေကပြောပြောဆိုဆိုနဲ့မိုးသောက်တို့အဖွဲ့နဲ့အတူတူထွက်သွားသည် ။

"ကျေးဇူးတင်ပါတယ်ကလေးရယ် ၊ တကယ်ကျေးဇူးပါ သမီးလေးကိုမွေးပေးလို့တကယ်ကျေးဇူးပါကလေးရယ်"

"ငိုပြန်ပြီလားကိုကိုရယ် ၊ ကိုကိုကတကယ့်အငိုသန်ပဲ"

ရာရာလေးကသျှင်းရဲ့မျက်ရည်တွေကိုသူ့လက်သေးသေးလေးနဲ့ဖယ်ရှားပေးသည် ။ သျှင်းကတော့ရာရာလေးမျက်နှာအနှံ့နမ်းပါတော့သည် ။

"ကိုကို ရာရာကညစ်ပတ်နေတယ်လေ ၊ တော်ပါတော့"

"ကလေးမေမေအနံ့လေးပါ ၊ ဘာမှမဖြစ်ဘူး ကိုယ်သဘောကျတယ်"

ဆေးရုံအခန်းလေးတစ်ခန်းထဲမှာရယ်သံလေးတွေပျံ့လွင့်နေပါတော့သည် ။

To be continued 🍑

[ သဘောကျရဲ့လားသဲငယ်တို့ရေ ။ မိဘဖြစ်ရတဲ့ခံစားချက်ကိုပေါ်လွင်အောင်ရေးနိုင်ရဲ့လားမသိဘူး ။ အရေးအသားတွေကညံ့လာပြီထင်တယ် ။ အမှားတစ်စုံတစ်ရာပါသွားခဲ့ရင်သည်းခံပေးပါ ။ ဖတ်ပြီးရင်တော့လာလုပ်ရမလဲသိပါတယ်နော် ဟင်းဟင်း 😏 ]

----------------------------------------------------------------------------------

Zawgyi 🍑

မနက္ခင္းေနေရာင္ျခည္မွင္မွ်င္ေလးကကုတင္ေဘးမွန္တံခါးမွတိုးဝင္လာသည္ ။ မ်က္ႏွာေပၚတည့္တည့္က်ေရာက္လာလို႔အလင္းေရာင္ေၾကာင့္ဆက္၍အိပ္မရ ။ အိပ္မရတဲ့အတူတူေတာ့ထထိုင္လိုက္သည္ ။ ဟင္ သူ႕အဝတ္ေတြကဘယ္လိုျဖစ္ၿပီးNight dressျဖစ္ေနရတာလဲ ။ ညကအစ္ကိုလဲေပးထားတာမ်ားလား ။ အာ ဟုတ္သားပဲ သူအိပ္ေပ်ာ္သြားတာပဲ ။ မဂၤလာဦးညမွာအိပ္ေပ်ာ္သြားလို႔အစ္ကိုစိတ္မ်ားဆိုးေနသလား ။ ေဘးနားကိုၾကည့္လိုက္ေတာ့လည္းအစ္ကိုမရွိေတာ့ဘူး ။ အစ္ကိုဘယ္ထြက္သြားတာလဲ ။ တကယ္ႀကီးစိတ္ဆိုးသြားတာလား ။ ငါ့ကိုထားၿပီးျပန္သြားၿပီလား ။

"အစ္ကို .....အစ္ကိုေရ ....."

"ေဘဘီ ကိုယ္ေရခ်ိဳးခန္းထဲမွာ"

ဟူး ေတာ္ပါေသးရဲ႕ ။ ျပန္ေျဖတဲ့ေလသံၾကည့္ရတာအစ္ကိုစိတ္မဆိုးဘူးထင္တာပဲ ။ သူေရခ်ိဳးခန္းအေရွ႕ကလွည့္ထြက္မယ္အလုပ္ သူ႕ကိုေရခ်ိဳးခန္းထဲဆြဲထည့္လိုက္သည္ ။

"အစ္ကို ဘာ ဘာ ဘာလုပ္တာလဲ"

"ေဘဘီ့အျပစ္ကိုေဘဘီသိတယ္မလား ၊ ညတုန္းကဘာျဖစ္သြားလဲေဘဘီ"

"အိပ္ အိပ္ အိပ္ေပ်ာ္သြားတာေလ"

မ်က္လုံးစုံမွိတ္ၿပီးေျဖေနသည့္ခြန္းကိုေရစက္ကေလးေတြနဲ႕ေတာက္လိုက္သည္ ။ ခြန္းမ်က္ႏွာေလးေအးသြားေတာ့ မ်က္လုံးေလးေတြပြင့္လာသည္ ။

"အစ္ကိုစိတ္ဆိုးေနလားဟင္"

"အင္း အရမ္းအရမ္းကိုစိတ္ဆိုးေနပါတယ္"

"ဘာလို႔ကြၽန္ေတာ့္ကိုမႏွိုးလဲ"

"ဪ ႏွိုးတာေပါ့ ၊ ပါးလည္းရိုက္တယ္ ေျခေထာက္နဲ႕လည္းကန္ၾကည့္တယ္ ၊ ဘယ္လိုလုပ္လုပ္မင္းမနိုးဘူး"

"ဘာေျပာတယ္ ၊ အစ္ကိုဘယ္လိုႏွိုးတယ္"

ခြန္းမ်က္ႏွာေလးစတင္ၿပီးဆူပုတ္လာပါၿပီ ။ ခြန္းကျပန္ၿပီးသူ႕ကိုစိတ္ဆိုးေတာ့မယ္ ။

"ဟားဟား ကိုယ္စတာပါ ၊ ကိုယ္လည္းညကအရမ္းပင္ပန္းေနေတာ့အိပ္ေပ်ာ္သြားတယ္"

မိုးေသာက္ကေရပန္းဖြင့္ခ်လိဳက္သည့္အခါ ခြန္းတစ္ကိုယ္လုံးစို႐ႊဲသြားသည္ ။

"ဟာ အစ္ကို"

"ေဘဘီအခုအရမ္းဆြဲေဆာင္မႈရွိေနတာသိလား"

ေရေတြစို႐ႊဲေနသည့္ခြန္းရဲ႕ပုံစံေလးကသူ႕ကိုဆြဲေဆာင္ေနသည္ ။ ခြန္းရဲ႕မ်က္ႏွာေလးကိုထိန္းကိုင္ၿပီး ခြန္းရဲ႕မ်က္ႏွာနားကိုကပ္သြားသည္ ။ ခြန္းကလည္းမ်က္လုံးေလးေတြပိတ္ခ်လိဳက္သည္ ။

"အစ္ကို ‌ဒီေနရာမွာက ....."

"ဘာလို႔လဲ ၊ အသစ္အဆန္းျဖစ္တာေပါ့"

"ဟာ့ အစ္ကို ......"

ရင္ခုန္သံေတြကအတိုင္းသားၾကားေနရသည္ ။ အသက္ရႉသံေတြျပင္းၿပီးေမာဟိုက္ေနမႈေတြလည္းတျဖည္းျဖည္းျမင့္တက္လာသည္ ။ အစကျငင္းေနသည့္ခြန္းလည္းအလိုတူျဖစ္လာသည္ ။ စိတ္ေတြျပန္တည္ၿငိမ္သြားတဲ့အခ်ိန္ သူ႕ရဲ႕ေလးအရွက္သည္းေနဦးမည္ဆိုတာသူျမင္ေယာင္ေနမိပါေတာ့သည္ ။

"ကိုကို !"

သွ်င္းအလုပ္လုပ္ေနရင္း သူ႕ဗိုက္ကေလးေခၚလို႔လွည့္ၾကည့္လိုက္သည္ ။

"ဘာျဖစ္လို႔လဲကေလး"

"ဗိုက္ထဲကနာလာသလိုပဲ"

"အိန္ဂ်ယ္ေလးကကန္ေနျပန္ၿပီလား ၊ မီးမီးေရ မာမားကိုနာေအာင္မကန္ရဘူးေလ"

သွ်င္းကဗိုက္ကေလးကိုပြတ္ေပးၿပီးစကားေျပာလိုက္ေတာ့ၿငိမ္က်သြားျပန္သည္ ။ သူ႕ကေလးငယ္သက္သာသြားတာနဲ႕သူလည္းစားပြဲမွာျပန္ထိုင္ၿပီးအလုပ္လုပ္ေနသည္ ။

"ကိုကို နာတယ္ ဟင့္"

"ဟင္ ကေလး ဘယ္နားကနာတာလဲ"

"ဗိုက္နာတယ္ ဟင့္ နာတယ္"

ဘာလို႔ခဏခဏနာေနရတာပါလိမ့္ ။ ကေလးငယ္ေဘးနားကိုသြားထိုင္လိုက္ေတာ့ သူ႕လက္ကိုဆုပ္ကိုင္ထားသည္ ။
ဘယ္ေလာက္ေတာင္နာက်င္လဲဆိုတာသွ်င္းရဲ႕လက္ကိုတစ္ခါတစ္ခါဆုပ္ကိုင္လိုက္တိုင္းသိနိုင္သည္ ။ ေမြးဖို႔ရက္ကလိုပါေသးတယ္ ။ ကေလးနာတာကတျဖည္းျဖည္းစိတ္လာသည္ ။

"ေမေမ ေမေမ !!!!"

သွ်င္းလည္း႐ုတ္တရက္ဆိုေတာ့သူပါလက္ေတြတုန္လာသည္ ။ ေမြးရက္မတိုင္ခင္ခြဲေမြးဖို႔လုပ္ထားေပမဲ့ အခုက်ေတာ့တစ္ပတ္ေလာက္လိုေသးတယ္ေလ ။ သွ်င္းရဲ႕ေအာ္ေခၚသံကိုၾကားေတာ့ေမေမလည္းအေျပးအလႊားေရာက္လာသည္ ။

"ဘာျဖစ္တာလဲ"

"ကေလး ကေလးက ဘာျဖစ္တာလဲမသိဘူး ၊ လုပ္ပါဦးေမေမရယ္"

"ေမေမ ရာရာဗိုက္ထဲကအရမ္းနာတယ္ ဟင့္"

"ေဟ ေမြးခ်င္ေနတာလား ၊ ဘယ္လိုျဖစ္လို႔အဲ့ေလာက္ေစာရတာလဲ ၊ သွ်င္းျမတ္ ေဆး႐ုံကိုဖုန္းဆက္ထားစမ္း"

"ဟုတ္ ဟုတ္"

သွ်င္းျမတ္ကေဆး႐ုံကိုဖုန္းႀကိဳဆက္ထားလိုက္သည္ ။

"ကိုကို ရာရာေၾကာက္တယ္"

"ကိုကိုလည္းေၾကာက္တယ္"

ေမေမကသွ်င္းကိုရိုက္ပစ္လိုက္သည္ ။

"ဟဲ့ နင္အဲ့တာကေလးကိုေျပာရမယ့္စကားလား ၊ ဖယ္စမ္း"

ေမေမကရာရာေလးေဘးကိုဝင္ထိုင္လိုက္ၿပီး .......

"ဘာမွမျဖစ္ဘူးသားငယ္ ၊ အသက္ကိုျဖည္းျဖည္းနဲ႕မွန္မွန္ေလးရႉ ၊ အကုန္လုံးအဆင္ေျပသြားမွာ"

သွ်င္းျမတ္တစ္ေယာက္ကေတာ့ရာရာေလးထက္ပိုၿပီးေၾကာက္ေနပုံရသည္ ။ အခန္းထဲမွာမတ္မတ္ႀကီးရပ္ၿပီးထိုင္မရထမရျဖစ္ေနသည္ ။

"ဟဲ့ သွ်င္းျမတ္ ! ဘာရပ္လုပ္ေနတာလဲ ၊ မေဆြကိုလိုအပ္တာေတြထည့္ခိုင္းလိုက္ ၊ ၿပီးရင္ကားသြားထုတ္ထား"

"ဗ်ာ ! ဟုတ္ ဟုတ္"

"ေမေမ နာတယ္ ဟင့္ ရာရာေသေတာ့မွာလားမသိဘူး ဟင့္"

"မဟုတ္ပါဘူးသားငယ္ရယ္ ၊ ဒါကသဘာဝပါ ၊ ေဆး႐ုံေရာက္ရင္အဆင္ေျပသြားမွာ ၊ အသက္ကိုမွန္မွန္ရႉ ၊ ေမေမလည္းရွိတယ္ ကိုကိုလည္းရွိတယ္ ဘာမွမျဖစ္ဘူးေနာ္"

ကိုကိုတစ္ေယာက္ကေတာ့အေယာင္ေယာင္အမွားမွားနဲ႕ဧည့္ခန္းထဲကေနမီးဖိုေခ်ာင္ထဲဝင္လိုက္ ၊ ဟိုဝင္ဒီထြက္နဲ႕တစ္ေယာက္တည္းတိုင္ပတ္ေနသည္ ။

"ဟဲ့ သွ်င္းျမတ္ေရ နင္ကရာရာထက္ပိုဆိုးေနပါလား ၊ မေဆြကိုေျပာၿပီးရင္ကားထုတ္ထားပါလို႔ေမေမေျပာလိုက္တယ္ေလ"

"ဟုတ္ဟုတ္ ေမေမ သားအခုမွထုတ္လိုက္မယ္"

"ဟဲ့ ဘယ္သြားတာလဲ ကားေသာ့ကဒီမွာ"

ေမေမကအေပၚထပ္ကေနကားေသာ့ပစ္ခ်ေပးလိုက္ေတာ့မွဂိုေဒါင္ဖြင့္ၿပီးကားကိုထုတ္လိုက္သည္ ။ အိမ္ထဲျပန္ေျပးဝင္ၿပီးကေလးငယ္ကိုေပြ႕ခ်ီဖို႔လုပ္ေတာ့ ကေလးငယ္ကေသြးတစ္ခ်ိဳ႕ဆင္းေနသည္ ။

"ကိုကို ရာရာေၾကာက္တယ္"

"ဘာမွမျဖစ္ဘူးကေလး ကိုကိုရွိတယ္ေလ ေနာ္ ၊ ကိုကို႔ကိုေသခ်ာဖက္ထားေနာ္"

ရာရာေလး လက္ကေလးေတြတုန္ၿပီးေအးစက္ေနသည္ ။ သူကေလးအေရွ႕မွာတုန္လႈပ္ေနလို႔မွမရတာ ။ သူကပိုၿပီးေၾကာက္ေနရင္ နာက်င္မႈေတြကိုခံစားေနရတဲ့ကေလးငယ္ပိုၿပီးေၾကာက္ေနရွာမွာေပါ့ ။ သူ႕စိတ္ကိုတည္ၿငိမ္ေအာင္လုပ္ၿပီး ကေလးကိုကားေပၚတင္လိုက္သည္ ။ ေမေမကကေလးေဘးမွာဝင္ထိုင္လိုက္ၿပီး ႀကီးႀကီးေဆြကကားေပၚပစၥည္းေတြတင္ေပးလိုက္သည္ ။ ေဆး႐ုံအေရွ႕ကိုေရာက္တာနဲ႕ကေလးကိုကုတင္ေပၚတင္ေပးလိုက္ၿပီး ရာရာ့လက္ကေလးကိုဆုပ္ကိုင္ထားလိုက္သည္ ။

"ဘာမွမျဖစ္ဘူးေနာ္ ၊ ကိုကိုရွိတယ္ ၊ ကိုကိုအျပင္ကေစာင့္ေနမယ္ေနာ္"

တာဝန္ခံဆရာဝန္မေလးကရာရာ့ကိုခြဲခန္းထဲသို႔သြင္းလိုက္သည္ ။ ခြဲခန္းထဲအထိေတာ့သွ်င္းျမတ္လိုက္လို႔မရ ။ သိပ္မၾကာခင္မွာပဲရာရာေလးရဲ႕သူငယ္ခ်င္းေတြနဲ႕မိုးေသာက္တို႔ေရာက္လာၾကသည္ ။

"ေမေမ ေမေမ သားအဂၤုလိမာလသုတ္ေမ့သြားၿပီ"

"ၿငိမ္ၿငိမ္ေလးသာထိုင္ေနပါ ေမေမ႐ြတ္ေပးမယ္"

သွ်င္းတစ္ေယာက္ထိုင္လည္းမထိုင္ ဟိုေလွ်ာက္ဒီေလွ်ာက္နဲ႕ဂနာမၿငိမ္ျဖစ္ေနသည္ ။

"ေမေမ ဘာလို႔အဲ့ေလာက္ၾကာေနရတာလဲဟင္ ၊ သားအထဲဝင္ၾကည့္ခ်င္တယ္"

"ဪ ငါ့ႏွယ္ေအ ၿငိမ္ၿငိမ္ထိုင္ၿပီးစိတ္ေအးေအးထားစမ္းပါဟယ္ ၊ ဘာမွမျဖစ္ဘူး ၊ ခြဲတာကဓားနဲ႕ခြဲၿပီးကေလးဆြဲထုတ္႐ုံနဲ႕ၿပီးတာမွမဟုတ္တာဟဲ့"

ေမေမစိတ္မရွည္ေတာ့လို႔သွ်င္းေခါင္းကိုေခါက္ပစ္လိုက္မွသွ်င္းၿငိမ္သြားသည္ ။ ခြဲခန္းထဲကေနဆရာဝန္မေလးထြက္လာသည္ ။

"ကိုသွ်င္းျမတ္ စကားနည္းနည္းေလာက္ေျပာခ်င္လို႔ပါ"

"ဟုတ္ ဟုတ္ကဲ့"

"ရာရာကသားအိမ္အားနည္းေနၿပီ ၊ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနလို႔ ေနာက္ပိုင္းေသြးဆင္းလာနိုင္တယ္ ၊ အခ်ိန္ေတြၾကာလာရင္ သားအိမ္ကင္ဆာျဖစ္နိုင္ဖို႔ရာခိုင္ႏႈန္းကလည္းမ်ားတယ္ ၊ အဲ့ေတာ့ ကြၽန္မေျပာခ်င္တာကသားအိမ္ထုတ္ဖို႔ပါ"

အရင္တုန္းကရာရာေလးေျပာဖူးသည့္စကားကိုသူျပန္ၾကားေယာင္မိသည္ ။

"ဒီတစ္ေခါက္ကသမီးေလးဆိုေတာ့ သားေလးတစ္ေယာက္ေတာ့ေမြးခ်င္ေသးတယ္ ဟီးဟီး ၊ ကိုကိုနဲ႕တူတဲ့သားတစ္ေယာက္သမီးတစ္ေယာက္ဆိုအရမ္းေပ်ာ္ဖို႔ေကာင္းမွာပဲ"

"ကိုသွ်င္းျမတ္ ကြၽန္မေျပာတာနားေထာင္ေနရဲ႕လား ၊ ကိုသွ်င္းျမတ္လက္မွတ္ထိုးေပးမွကြၽန္မတို႔ဆက္လုပ္လို႔ရမွာမို႔လို႔ပါ"

"ဟုတ္ကဲ့ ကြၽန္ေတာ္လက္မွတ္ထိုးေပးပါ့မယ္"

ကိုကိုေတာင္းပန္ပါတယ္ကေလးရယ္ ကေလးကိုအဆုံးအရႈံးမခံနိုင္ဘူး

သွ်င္းျမတ္လက္မွတ္ထိုးေပးလိုက္တာနဲ႕ဆရာဝန္မေလးခြဲခန္းထဲသို႔ျပန္ဝင္သြားသည္ ။ ေနာက္ထပ္တစ္နာရီခြဲေလာက္ၾကာေတာ့ ခြဲခန္းထဲမွဆရာဝန္မေလးထြက္လာသည္ ။

"ေဒါက္တာ ကေလးအေျခအေန"

"မိခင္ေရာကေလးပါက်န္းမာပါတယ္ ၊ ခြဲစိတ္မႈလည္းေအာင္ျမင္ပါတယ္ ၊ စိုးရိမ္စရာမရွိပါဘူး ၊ ကေလးက၇ေပါင္နဲ႕၄ေအာင္စရွိပါတယ္ ၊ တကယ့္ကိုက်န္းမာတဲ့သမီးေလးပါ ဂုဏ္ယူပါတယ္ကိုသွ်င္းျမတ္"

အခုမွပဲသွ်င္းျမတ္သက္ျပင္းခ်နိဳင္ေတာ့သည္ ။ အခုမွပဲခုံေပၚမွာထိုင္နိုင္ေတာ့သည္ ။ ခြဲခန္းထဲကထြက္လာတဲ့ကေလးငယ္ကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနဆဲ ။ သမီးေလးကိုသူနာျပဳမေလးတစ္ေယာက္ကခ်ီၿပီးထြက္လာသည္ ။ သွ်င္းျမတ္ သမီးေလးကိုၾကည့္ၿပီး မ်က္ရည္ေတြဝဲလာသည္ ။

"ေမေမ !"

မႀကီးမငယ္ သူ႕အရပ္ႀကီးကလန႔္ကလားနဲ႕ေမေမ့ကိုဖက္ၿပီးငိုပါေတာ့သည္ ။

"သား ဘာလို႔ငိုရတာလဲ"

"သားဘာေျပာရမွန္းမသိေတာ့ဘူးေမေမရယ္"

"မငိုနဲ႕ တိတ္ေတာ့"

သူနာျပဳမေလးကသမီးကိုခ်ီခြင့္ေပးေပမဲ့ သွ်င္းမခ်ီရဲ ။ သူခ်ီလိုက္ရင္သမီးေလးတစ္ခုခုျဖစ္သြားမွာစိုးရိမ္ၿပီး သူနာျပဳမေလးခ်ီထားတာကိုပဲၾကည့္ေနသည္ ။ တျခားသူေတြကိုလည္းသွ်င္းကမခ်ီခိုင္းပါ ။ ေမေမ့ကိုေတာင္ခ်ီခြင့္မေပးဘူး ။

"ကိုကို"

ခဏၾကာေတာ့ရာရာေလးနိုးလာသည္ ။

"အိန္ဂ်ယ္ေလးေရာ"

"ရွိတယ္ကေလးရဲ႕၊ ကေလးေလးေတြသီးသန႔္အေဆာင္မွာထားတာတယ္"

"ရာရာေတြ႕ခ်င္တယ္"

"နို႔တိုက္တဲ့အခ်ိန္က်ရင္လာပို႔ေပးမယ္တဲ့ ၊ အဲ့ေတာ့မွေတြ႕ေနာ္ ၊ အခုမွခြဲစိတ္ၿပီးကာစမို႔လို႔ကေလးလမ္းေလွ်ာက္ဖို႔မလြယ္ဘူး"

သွ်င္းကအိန္ဂ်ယ္ေလးပုံဓာတ္ပုံရိုက္ထားတာကိုရာရာ့ကိုျပလိုက္သည္ ။ ရာရာေလးကဖုန္းကိုၾကည့္ၿပီးမ်က္ရည္ေတြဝဲလာသည္ ။

"ရာရာေလးပင္ပန္းသြားရၿပီ"

ေမေမကရာရာေလးကိုဖက္ထားသည္ ။  မိုးေသာက္တို႔တစ္သိုက္ကေတာ့ကေလးအေဆာင္နားကမခြာဘူး ။ အလုအယက္ေတြအိန္ဂ်ယ္ေလးကိုၾကည့္ေနၾကသည္ ။

႐ႊန္းလဲ့ - အိန္ဂ်ယ္ေလးကဘယ္သူနဲ႕တူတယ္လို႔ထင္လဲ

ဘရဏီ - ငါ့မ်က္လုံးထဲမွာအန္တီနီလာနဲ႕တူေနသလားလို႔

ခြန္း - အာ အစ္ကိုသွ်င္းျမတ္နဲ႕တူတာပါ

မိုးေသာက္ - ရာရာနဲ႕တူတာမဟုတ္ဘူးလား

႐ႊန္းလဲ့ - ငါ့အျမင္ကေတာ့ႀကီးလာရင္ေတာ္ေတာ္ေခ်ာမွာဟ

နီလာျဖဴ - အမေလး ကြၽန္မေျမးေလးကေခ်ာၿပီးသားပါေနာ္ ၊ ရာရာသတိရၿပီ

ဘရဏီ - ဟယ္ ဟုတ္လား ဒါဆိုသြား ....... အဲ ဟိုကိစၥရာရာ့ကိုေျပာၿပီးသြားၿပီလား

နီလာျဖဴ - အဲ့တာေၾကာင့္အန္တီေရွာင္လာေပးတာ ၊ သမီးတို႔လည္းခဏေနေလာက္မွသြားၾကေနာ္

႐ႊန္းလဲ့ - ရာရာေလးေတာ့အရမ္းဝမ္းနည္းေနေတာ့မွာပဲ ဟင့္ သမီးေတာင္ငိုခ်င္လာၿပီ

သွ်င္းျမတ္ ရာရာေလးကိုဘယ္ကေနဘယ္လိုစေျပာရမလဲဆိုတာစဥ္းစားရခက္ေနသည္ ။

"ကိုကို ဘာျဖစ္လို႔လဲဟင္ ၊ ရာရာ့ကိုေျပာစရာရွိတယ္ဆို"

"အဲ့တာကေလ ကိုကိုဘယ္ကစေျပာရမွန္းမသိေတာ့ဘူးကေလးရယ္"

"ဘာမို႔လို႔လဲကိုကိုရဲ႕"

"ကေလးရဲ႕သားအိမ္ကိုထုတ္ပစ္လိုက္ရတယ္"

ရာရာေလးအၿပဳံးေတြရပ္တန႔္သြားသည္ ။ အရာအားလုံးရပ္တန႔္သြားသလိုခံစားရသည္ ။

"ကေလးရဲ႕သားအိမ္ကအရမ္းအားနည္းေနၿပီတဲ့ ၊ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႕ေသြးဆင္းတာေတြ ကင္ဆာျဖစ္နိုင္ဖို႔ရာခိုင္ႏႈန္းမ်ားမယ္တဲ့"

"ကိုကိုကခြင့္ျပဳခဲ့တာလား ၊ ရာရာေျပာထားတာေတြကိုကိုေမ့သြားတာလား"

"မေမ့ပါဘူး ကိုကိုမေမ့ပါဘူး"

"အဲ့တာဆိုကိုကိုဘာလို႔ခြင့္ျပဳခဲ့လဲ"

"ကေလးကိုအဆုံးရႈံးမခံနိုင္ဘူး ၊ ျဖစ္မလာေသး ေရာက္မလာေသးတဲ့အရာတစ္ခုနဲ႕ပိုင္ဆိုင္ထားၿပီးသားအရာတစ္ခုနဲ႕ယွဥ္ၿပီးေ႐ြးရတဲ့အခါ ကိုကိုကေလးကိုပဲေ႐ြးမွာေပါ့ ၊ ကိုကိုကေလးကိုအဆုံးရႈံးမခံနိုင္ဘူးေလ ၊ ၿပီးေတာ့ ကိုယ္တို႔မွာအိန္ဂ်ယ္ေလးရွိလာၿပီ ၊ အရင္လိုျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုလုပ္ရမွာေလ ၊ ကေလးေရာအဲ့လိုမေတြးမိဘူးလား"

ရာရာေလးတစ္ခဏၾကာၿငိမ္က်သြားသည္ ။ သွ်င္းကရာရာေလးရဲ႕လက္ကေလးေတြကိုဆုပ္ကိုင္ထားသည္ ။

"ကိုကို႔ကိုၾကည့္ပါဦး ၊ ကေလးကအခုဆိုအိန္ဂ်ယ္ေလးရဲ႕ေမေမျဖစ္ေနၿပီေလ ၊ အိန္ဂ်ယ္ေလးမွာကေလးမရွိလို႔မျဖစ္ဘူး ၊ ကေလးက်န္းက်န္းမာမာျဖစ္ေနမွအိန္ဂ်ယ္ေလးကိုေကာင္းေကာင္းမြန္မြန္ျပဳစုပ်ိဳးေထာင္နိုင္မွာေပါ့ ၊ ျဖစ္မလာေသးတဲ့အရာအတြက္ကိုကိုေ႐ြးခ်ယ္လို႔မွမရတာ ၊ ကေလးလက္ခံလားကိုကိုေျပာတာ"

ရာရာေလးကိုသွ်င္းကိုဖက္လိုက္သည္ ။ အခ်ိန္အၾကာႀကီးအထိဖက္ထားၿပီးၿငိမ္ေနသည္ ။

"ကိုယ္တို႔မွာသမီးေလးရွိေနၿပီေလ ၊ ကိုယ္တို႔လုပ္ခ်င္တာေတြကိုပဲလုပ္လို႔မရေတာ့ဘူး ဟုတ္တယ္မလား"

ရာရာေလးကေခါင္းညိမ့္သည္ ။ နို႔တိုက္ခ်ိန္ေရာက္ေတာ့ရာရာေလးဆီအိန္ဂ်ယ္ေလးေရာက္လာသည္ ။ ရာရာေလးကနို႔ေတာ့ထြက္ေပမဲ့နို႔ထြက္အားကနည္းေနသည္ ။ ရာရာ့လက္ထဲကနီတာရဲေလးကိုသွ်င္းမွာမထိရက္မကိုင္ရက္အခုထက္ထိျဖစ္ေနဆဲ ။ သွ်င္းတစ္ေယာက္ကကာစီးကာစီးလုပ္ေနေတာ့ အိန္ဂ်ယ္ေလးကိုအဖြားျဖစ္သူေတာင္မခ်ီရေသး ။

"ဟဲ့ သွ်င္းျမတ္ ငါနင့္ကိုေမြးထားတာပါဟဲ့ ၊ ဖယ္စမ္း ငါ့ေျမးကိုငါခ်ီမယ္"

"ေမေမ လက္ကမသန႔္ဘူး ၊ မခ်ီနဲ႕"

"အမေလးဟဲ့ နင့္ထက္ငါပိုသိတယ္ ၊ ဖယ္စမ္းပါ"

သွ်င္းကိုအတင္းတြန္းထုတ္ၿပီးေျမးမေလးကိုခ်ီဖို႔ရာရာ့ေဘးမွာထိုင္လိုက္သည္ ။ နီတာရဲေလးကိုလက္ထဲမွာေပြ႕ခ်ီလိုက္သည္ ။ နီတာရဲေလးကနို႔စို႔ရတာမဝေသးဘူးထင္ပါတယ္ အခုထက္ထိပါးစပ္ေလးကတျပင္ျပင္ျဖစ္ေနဆဲ ။

"ေမေမ သားလည္းခ်ီမယ္"

"အမယ္ နင္ပဲမထိရက္မကိုင္ရက္ဆို မခ်ီနဲ႕ သြား"

"ဟာ ေမေမကလည္း သားရဲ႕သမီးေလးပါေနာ္"

"ငါ့ေျမးေလ ငါ့ေျမး ၊ ဟုတ္တယ္ေနာ္ေျမးေလး ဖြားဖြားရဲ႕အသည္းတုံးေလး"

အိန္ဂ်ယ္ေလးကိုခ်ီခ်င္တဲ့သူေတြတန္းစီေနၾကသည္ ။ ခ်ီကလည္းခ်ီခ်င္ သွ်င္းမ်က္ႏွာကိုလည္းၾကည့္ရေသးတယ္ ။

ခြန္း - အားးးးးးးေသးေသးေလး လုပ္ၾကပါဦး အသည္းယားတယ္

ဘရဏီ - ၾကည့္ပါဦး ပါးစပ္ကေလးကတျပင္ျပင္နဲ႕ ဗိုက္မဝေသးဘူးထင္တယ္

႐ႊန္းလဲ့ - တီတီ့အသည့္ေလး အာဘြား ငါအသည္းယားလာၿပီ

မိုးေသာက္ - ေသခ်ာၾကည့္ ရာရာနဲ႕တစ္ထပ္တည္းပဲ

အခ်ိန္ျပည့္လို႔သူနာျပဳမေလးကလာေခၚေတာ့ သွ်င္းကျပန္မထည့္ေပးခ်င္ေတာ့ဘူး ။

"ဆရာမ ဒီမွာပဲေခၚထားလို႔မရဘူးလား"

"ကေလးရဲ႕က်န္းမာေရးအတြက္ခြင့္ျပဳလို႔မရလို႔ပါရွင္ ၊ ကိုသွ်င္းျမတ္ခ်ီၾကည့္ၿပီးၿပီလား"

"မခ်ီရေသးဘူး ၊ တစ္ခုခုျဖစ္သြားမွာစိုးလို႔"

"မျဖစ္ပါဘူး ၊ ခ်ီၾကည့္လိုက္ပါဦး ၊ မီးမီးေလးကေဖေဖခ်ီရင္သေဘာက်မွာပါ"

သူနာျပဳကသွ်င္းလက္ထဲသို႔အိန္ဂ်ယ္ေလးကိုထည့္ေပးလိုက္သည္ ။ အိန္ဂ်ယ္ေလးကိုေပြ႕ခ်ီထားရင္း ပါးေလးကိုလက္ညွိုးေလးနဲ႕ထိၾကည့္ေတာ့ အိန္ဂ်ယ္ေလးကၿပဳံးလိုက္သလိုသူခံစားလိုက္ရသည္ ။

"ဆရာမ ဆရာမ ျမင္လိုက္လား"

"ဘာ ဘာကိုလဲရွင္"

"ၿပဳံး ၿပဳံးတယ္ ၊ သမီးေလးကၿပဳံးတယ္"

"ကြၽန္မေျပာသားပဲ ၊ ေဖေဖခ်ီရင္သေဘာက်မွာပါလို႔"

သူနာျပဳမေလးလက္ထဲကိုမထည့္ခ်င္ထည့္ခ်င္နဲ႕ေပးလိုက္ရသည္ ။ လူေတြအမ်ားႀကီးေရွ႕မွာသွ်င္းကရာရာေလးကိုနမ္းလိုက္သည္ ။

"ဟဲ့ ဟဲ့ ငါတို႔ထြက္ေပးပါ့မယ္ ၊ ဘယ္လိုေတြျဖစ္ေနတာလဲမသိဘူး"

ေမေမကေျပာေျပာဆိုဆိုနဲ႕မိုးေသာက္တို႔အဖြဲ႕နဲ႕အတူတူထြက္သြားသည္ ။

"ေက်းဇူးတင္ပါတယ္ကေလးရယ္ ၊ တကယ္ေက်းဇူးပါ သမီးေလးကိုေမြးေပးလို႔တကယ္ေက်းဇူးပါကေလးရယ္"

"ငိုျပန္ၿပီလားကိုကိုရယ္ ၊ ကိုကိုကတကယ့္အငိုသန္ပဲ"

ရာရာေလးကသွ်င္းရဲ႕မ်က္ရည္ေတြကိုသူ႕လက္ေသးေသးေလးနဲ႕ဖယ္ရွားေပးသည္ ။ သွ်င္းကေတာ့ရာရာေလးမ်က္ႏွာအႏွံ႕နမ္းပါေတာ့သည္ ။

"ကိုကို ရာရာကညစ္ပတ္ေနတယ္ေလ ၊ ေတာ္ပါေတာ့"

"ကေလးေမေမအနံ႕ေလးပါ ၊ ဘာမွမျဖစ္ဘူး ကိုယ္သေဘာက်တယ္"

ေဆး႐ုံအခန္းေလးတစ္ခန္းထဲမွာရယ္သံေလးေတြပ်ံ့လြင့္ေနပါေတာ့သည္ ။

To be continued 🍑

[ သေဘာက်ရဲ႕လားသဲငယ္တို႔ေရ ။ မိဘျဖစ္ရတဲ့ခံစားခ်က္ကိုေပၚလြင္ေအာင္ေရးနိုင္ရဲ႕လားမသိဘူး ။ အေရးအသားေတြကညံ့လာၿပီထင္တယ္ ။ အမွားတစ္စုံတစ္ရာပါသြားခဲ့ရင္သည္းခံေပးပါ ။ ဖတ္ၿပီးရင္ေတာ့လာလုပ္ရမလဲသိပါတယ္ေနာ္ ဟင္းဟင္း 😏 ]

----------------------------------------------------------------------------------

Continue Reading

You'll Also Like

92.5K 12.3K 25
အမုန္းတရားနဲ႕ ခ်ည္တ့ဲႀကိဳးေတြ~~
68.4K 3.6K 57
The Innocent Revenge အပြစ်ကင်းလှသည့်ကလဲ့စားခြေမှုကြောင့်ဝမ်းနည်းဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာခဲ့ရသည်.... owncreation...နှင်းကြွေ The Innocent Rev...
76.2K 10.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
10.6K 533 78
😝😝no description သိချင်ဝင်ဖတ်