ဖုန်းကိုင်ထားရင်းချန်းယောလ်လက်တုန်လာသည်။အဆက်အသွယ်မရှိတာကြာပြီဖြစ်သောအဘိုးဆီကအဆက်အသွယ်ရလာသည်။ပြီးနောက်ဇောင်းမီဆီကဖုန်းပါလက်ခံရသည်။ဆယ်ဟွန်းအကြောင်းကိုမေးလာတာ။ဘာအကြောင်းအရာရှိလို့လည်းမေးဖို့ရာ
လိုမှမလိုတာကို။ကြားလိုက်ရတာကဝူရှစ်ရွှင်း
မှာအမြွှာညီရှိကြောင်း။သူတို့လိုက်လံစုံစမ်း
သောအချက်များအရဆယ်ဟွန်းဖြစ်နိုင်
ခြေများကြောင်း။
ချန်းယောလ်ခုချိန်မှာအဘိုးရဲ့စည်းစိမ်လည်း
မမက်တော့ပါ။ငွေကြေးဥစ္စာဆိုတာကချစ်ရသူနဲ့ယှဥ်လာခဲ့ရင်အလကားဆိုတာသူသင်ခန်းစာရခဲ့ပြီးပြီ။သူစိတ်ဝင်စားတာက
သူတောင်ရှာမတွေ့ခဲ့သောဟွန်းလေးကိုသူတို့
ရှာနိုင်ပါ့မလားဆိုတာပါဘဲ။
"ဘယ်လို DNA စစ်တယ်
ဟုတ်လား ဒါဆိုရှာတွေ့ပြီပေါ့ "
ကြားရာအရပ်ကနေအလျှင်အမြန်သူထွက်လာခဲ့ပြီ။ကျေးဇူးတင်တယ်ဇောင်းမီ။
ဖုန်းဆက်ပေးလို့။ဟွန်းလေးရယ်အပုန်းကောင်းလိုက်တာ။ကိုယ်ရှာနေမှန်းသိရဲ့သားနဲ့ပုန်းနေရက်တယ်။ဟုတ်ပါတယ်လေ
ကိုယ်ကအပြစ်ရှိသူမလား။
မာသာတို့ကလည်းဝိုင်းညာပေးကြတာပါလား။သူတို့ကလေးဘက်ကပါကြတာဘဲ။
သူကသာအရူးကြီးလိုဖြစ်နေတာ။
+ Marriage Life +
DNA အဖြေယူဖို့ချိန်းထားရာဆီဆယ်ဟွန်း
ထွက်လာလိုက်သည်။ဒီနေ့စိတ်ထဲတမျိုးဘဲ။
DNA အဖြေကြောင့်များလား။မဆိုင်တော့မဆိုင်ပါဘူး။ဘာအဖြေထွက်ထွက်သူကဒီအတိုင်းဆက်ရှိနေမှာဘဲလေ။ဒါပေမယ့်လည်းအမှန်ဝန်ခံရရင်သူစိတ်အနည်းငယ်တော့လှုပ်ရှားနေတယ်။
တကယ်သာသူကဝူရှစ်ရွှင်းရဲ့ညီအရင်းဆို
အဲ့လိုတွေးမိတော့တချိန်ကအကြောင်းအရာ
သူခေါင်းထဲရောက်လာပြန်သည်။
ဝူရှစ်ရွှင်းအယောင်ဆောင်ခဲ့ရတဲ့အချိန်
တဆက်တည်းသူ့ကိုပါတွေးမိပြန်သည်။
ထုတ်လိုက်တော့
ဒါကပြီးခဲ့ပြီးသားအကြောင်းအရာတွေ။
အခုချိန်မှာ ငါကလွတ်လပ်တဲ့ အိုဆယ်ဟွန်း
အနှောင်အဖွဲ့ကင်းတယ်။
ဆေးရုံကိုသူရောက်တော့ဇောင်းမီနဲ့ဝူရှစ်ရွှင်းရောက်နှင့်နေပြီ။သူအသိအမှတ်ပြုခေါင်းငုံ့နှုတ်ဆက်ပြီးဝင်ထိုင်လိုက်သည်။များမကြာမှီ
ဆရာဝန်ရောက်လာသည်။
သူတို့ဆီစာအိတ်လေးပေးသည်။ရှစ်ရွှင်းဖောက်ကာထုတ်ကြည့်သည်။လက်တွေတုန်နေပြီးသူ့ဆီစာရွက်လှမ်းပြသည်။
သွေးသားတော်စပ်မှု 99%
စကားလုံးတွေတိတ်ဆိတ်ကာသူတို့ကြည့်နေမိကြသည်။စတင်လှုပ်ရှားဖက်လိုက်သူက
ရှစ်ရွှင်း။
"ညီ ညီလေး
တွေ့မယ့်တွေ့တော့လည်း...
ကိုကိုတို့နီးလျက်ဝေးခဲ့ကြတာပါလား "
သွေးသားခံစားမှုကဒါများလား။
မနေ့ကအထိမဟုတ်သေးဘူး
ထွက်လာချိန်အထိသူစိတ်ကခိုင်မာခဲ့တာ
အခုဒါမြင်ရောပြိုကျလာသောသူ့မျက်ကည်များတာကျိုးသည့်နှယ်။
"အကို.. "
"ဝမ်းသာလိုက်တာ ညီလေးရာ
အကိုနဲ့ပြန်လိုက်မယ်မလား "
တွေဝေသွားရသောသူ
ဘာလုပ်သင့်လည်း။
"ရောက်လာပြီလား "
ဆယ်ဟွန်း အံသြသွားရသည်။
ကိုကို ကိုကိုကဘယ်လိုလုပ်ပြီး....
သူထိုနေရာမှတရှိန်ထိုးထွက်ပြေးဖို့လုပ်သည်။ဒါပေမယ့်ပွေ့ဖက်ကာချုပ်ထားသော
သန်မာသောလက်တစုံကြားမရုန်းနိုင်ခဲ့။
"နောက်မှပြောကြရအောင် ပတ်ချန်းယောလ်
ကျွန်တော်သူနဲ့ခုမှညီအကိုအဖြစ်ပွေ့ဖက်ခါစ
ရှိသေးတယ် "
ဇောင်းမီကသူ့လက်ကိုလှမ်းထိကာထွက်ခဲ့ဖို့
အမူအရာပြသည်။
"သူထွက်ပြေးလည်းလိပ်စာသိတယ်
အကိုကိုဘဲသူမတွေ့ချင်တာ... "
တလုံးတခဲအားပါးတရပြောချလိုက်သော
ဇောင်းမီ စကားကရင်ဝပိတ်ကန်ခံရသလိုခံစားလိုက်ရသည်။သူပြောတာလည်းမမှားပေ။ကျွန်တော်ကိုမတွေ့ချင်လို့သာရှာနေမှန်း
သိသားနဲ့ပုန်းနေတာ။
ညီအကိုနှစ်ယောက်သားစကားပြောဆိုကြပြီး
သူတို့ဆီလျောက်လာကြသည်။ဇောင်းမီနဲ့ရှစ်ရွှင်းကတော့ပြန်သွားလေပြီ။ကျန်ခဲ့သူကသူတို့နှစ်ယောက်။မတွေ့ရတာကြာပြီမို့သူသေချာကြည့်နေမိသည်။သူ့အားမျက်နှာထားတည်တည်နဲ့ကြည့်နေတာ။
"ကိုကို..."
"ခင်ဗျားနဲ့ကျွန်တော်ကဘာမှမသက်ဆိုင်တော့တာမို့ခုနအပြုအမှုမျိုးဆင်ခြင်ပေးပါ "
လှမ်းလိုက်သောသူ့လက်ကိုပုတ်ချကာ
ပြောချလိုက်သောစကားအချို့ကစိမ်းသက်လျက်နေပြီ။
"တောင်းပန်ပါတယ် ဟွန်း
ကိုယ်က ကိုယ်က ဟွန်း ကိုပြောချင်နေတာတွေ.... "
"ကျွန်တော် မကြားချင်ဘူး
ပတ်ချန်းယောလ် "
ကိုယ့်နာမည်အပြည့်အစုံကိုတလုံးချင်းခေါ်ချခါစိမ်းသက်သောမျက်ဝန်းအစုံနဲ့တုံပြန်လာသည်။
"ခင်ဗျား ပြောချင်တာကိုကျွန်တော်နားမထာင်ချင်ဘူး၊ကြားလည်းမကြားချင်ဘူး၊သိလည်း
မသိချင်တာမို့သွားခွင့်ပြုပါ ''
ထွက်ခွာတော့မယ့်ဟွန်းလေးလက်ကိုဖမ်းဆွဲတော့ရုန်းသည်။
"တောင်းပန်ပါတယ်
ကိုယ်အပြစ်တွေကများလွန်းလို့ဟွန်းခွင့်လွတ်ခြင်းရဖို့ခဲယဥ်းနိုင်မှန်းသိပေမယ့်တောင်းပန်
ခွင့်ပေးပါ "
သူဒူးထောက်ထိုင်ချကာဟွန်းလက်ကိုဆွဲကာ
တောင်းပန်မိသည်။
"ခွင့်မလွတ်လည်းရတယ်
ကိုယ့်ကိုယ်အမှားပြင်ဆင်ခွင့်နည်းနည်း
လောက်လေးပေးပါလား "
ဆယ်ဟွန်း လှည့်မကြည့်ချင်ပါ။အသားသေပြီးသားဒဏ်ရာကိုပြန်မဆွချင်တော့။အနာကျက်ဖို့သူအချိန်အများကြီးယူခဲ့ရတာ။
ပြန်မနာချင်တော့ဘူး။နာကျင်ခြင်းအဝေးမှာနေခွင့်ပေးပါ။
"ပြီးခဲ့ပြီးသားအကြောင်းအရာတွေကျွန်တော်
စိတ်ထဲကထုတ်လိုက်ပြီ။ခင်ဗျားလည်းခင်ဗျားဘာသာနေပါ၊ကျွန်တော်လည်းလက်ရှိဘဝမှာနေသားကျနေပြီ။ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပြီဘဲဟာ၊အမှားပြင်ဆင်ဖို့လည်း
မလိုဘူး "
"ကိုယ် ဟွန်းကိုချစ်တယ် "
ထွက်လာသောခြေလှမ်းတို့ရပ်တန့်သွားရသည်။နှလုံးသားကအမှတ်မရှိသေးဘဲကို။
နှုတ်ခမ်းကိုဖိကိုက်ကာခေါင်းခါလို့သူထွက်လာလိုက်သည်။
အမှီလိုက်လာကာသူ့လက်ကိုဖမ်းချုပ်ထားပြန်သောသူ။
"ချစ်တယ် ဆိုတာလိမ်ညာတာမဟုတ်ရပါဘူး
ပြောဖို့ ပြောဖို့ ကိုယ်နောက်ကျသွားတာ "
"မလိုတော့ဘူး
အချိန်လွန်သွားပြီ မလိုတော့ဘူး
ခင်ဗျားလွတ်ပေးပါ ရုပ်ပျက်လွန်းတယ် "
ဘေးပတ်ဝန်းကျင်ကသူတွေကြည့်နေပြီလေ။
ချန်းယောလ် ဒါတွေဂရုမစိုက်အား။အရေးကြီးဆုံး သူ့ဘဝရဲ့အရေးကြီးဆုံးအရာကိုရှာတွေ့ခဲ့ပြီ။လက်လွတ်မခံနိုင်ပါ။
"နောက်ကျမှပြောရလို့ကိုယ်ထပ်တောင်းပန်တယ်... ကိုယ့်အမှားကိုမင်းဘေးနားနေရင်း... "
"အဟက် ရီရတယ်
အချိန်လွန်တယ်ဆိုတာကိုခင်ဗျားကအရေးမထားသလိုဘဲ...သိလား ခင်ဗျားသိရဲ့လား
ခင်ဗျားရဲ့ချစ်တယ်ဆိုတာကလေ
အချိန်လွန်သွားမှရွာချတဲ့မိုးလိုဘဲဘာမှအသုံးမဝင်ဘူး၊မိုးရွာချလည်းအပင်သေသွားပြီမို့
ဘာမှအသုံးမဝင်တော့ဘူး "
သူ့ရင်ဘတ်ကိုထုရိုက်ကာရန်တွေ့သောဟွန်း
ရိုက်ပါ မင်းစိတ်ကြိုက်ထုရိုက်သမျှခံယူမှာမို့
---
ဆယ်ဟွန်း သူ့ကိုစိတ်ရှိသလိုထုရိုက်လည်း
သူကမတုံ့ပြန်။တကယ်အရိုက်ခံတယ်ပေါ့။
သေလိုက် အဲ့နေရာမှာသာလဲသေလိုက်
ငုတ်တုတ်သေလိုက်တော့။
သူထွက်သွားတော့နောက်ကတရွတ်တိုက်လိုက်မတတ်ပါလာသည်။ဘေးကနေတရပ်စပ်ပြောနေလို့မဆုံး။ဆယ်ဟွန်းသူ့ကိုပြန်မပြောတော့ဘဲထွက်လာလိုက်သည်။
စိတ်ရှုပ်ဖို့ကောင်းတာ။
လိုင်းကားစီးဖို့တက်တော့မှသူကျန်ခဲ့တာ။Bus စီးဖို့ကဒ်သူမပါလောက်ဘူး။ဆယ်ဟွန်းကားပေါ်တက်သည့်အထိကားဘေးသူခုန်ဆွခုန်ဆွဖြစ်ကျန်ခဲ့သည်။အခုမှဘဲဇာတ်လမ်းဖြတ်နိုင်တော့တယ်။
One Short လေးရေးထားရလို့အရှည်ကြီး
မရေးပေးနိုင်တော့ဘူး။မျှော်နေသူတွေရှိလို့
အဆက်မပြတ်ရအောင်ရေးပေးလိုက်ပြီ။
One Short ကိုသိပ်မကြိုက်ကြပုံဘဲ
မန့်သူနည်းလို့အားမရလိုက်တာ။
မန့်တဲ့သူတွေကိုပြောဘူးနော်
ဘာဘဲဖြစ်ဖြစ် ဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ် 💖
________________________________________
ဖုန္းကိုင္ထားရင္းခ်န္းေယာလ္လက္တုန္လာသည္။အဆက္အသြယ္မရွိတာၾကာၿပီျဖစ္ေသာအဘိုးဆီကအဆက္အသြယ္ရလာသည္။ၿပီးေနာက္ေဇာင္းမီဆီကဖုန္းပါလက္ခံရသည္။ဆယ္ဟြန္းအေၾကာင္းကိုေမးလာတာ။ဘာအေၾကာင္းအရာရွိလို႔လည္းေမးဖို႔ရာ
လိုမွမလိုတာကို။ၾကားလိုက္ရတာကဝူရွစ္႐ႊင္း
မွာအႁမႊာညီရွိေၾကာင္း။သူတို႔လိုက္လံစုံစမ္း
ေသာအခ်က္မ်ားအရဆယ္ဟြန္းျဖစ္နိုင္
ေျခမ်ားေၾကာင္း။
ခ်န္းေယာလ္ခုခ်ိန္မွာအဘိုးရဲ႕စည္းစိမ္လည္း
မမက္ေတာ့ပါ။ေငြေၾကးဥစၥာဆိုတာကခ်စ္ရသူနဲ႕ယွဥ္လာခဲ့ရင္အလကားဆိုတာသူသင္ခန္းစာရခဲ့ၿပီးၿပီ။သူစိတ္ဝင္စားတာက
သူေတာင္ရွာမေတြ႕ခဲ့ေသာဟြန္းေလးကိုသူတို႔
ရွာနိုင္ပါ့မလားဆိုတာပါဘဲ။
"ဘယ္လို DNA စစ္တယ္
ဟုတ္လား ဒါဆိုရွာေတြ႕ၿပီေပါ့ "
ၾကားရာအရပ္ကေနအလွ်င္အျမန္သူထြက္လာခဲ့ၿပီ။ေက်းဇူးတင္တယ္ေဇာင္းမီ။
ဖုန္းဆက္ေပးလို႔။ဟြန္းေလးရယ္အပုန္းေကာင္းလိုက္တာ။ကိုယ္ရွာေနမွန္းသိရဲ႕သားနဲ႕ပုန္းေနရက္တယ္။ဟုတ္ပါတယ္ေလ
ကိုယ္ကအျပစ္ရွိသူမလား။
မာသာတို႔ကလည္းဝိုင္းညာေပးၾကတာပါလား။သူတို႔ကေလးဘက္ကပါၾကတာဘဲ။
သူကသာအ႐ူးႀကီးလိုျဖစ္ေနတာ။
+ Marriage Life +
DNA အေျဖယူဖို႔ခ်ိန္းထားရာဆီဆယ္ဟြန္း
ထြက္လာလိုက္သည္။ဒီေန႕စိတ္ထဲတမ်ိဳးဘဲ။
DNA အေျဖေၾကာင့္မ်ားလား။မဆိုင္ေတာ့မဆိုင္ပါဘူး။ဘာအေျဖထြက္ထြက္သူကဒီအတိုင္းဆက္ရွိေနမွာဘဲေလ။ဒါေပမယ့္လည္းအမွန္ဝန္ခံရရင္သူစိတ္အနည္းငယ္ေတာ့လႈပ္ရွားေနတယ္။
တကယ္သာသူကဝူရွစ္႐ႊင္းရဲ႕ညီအရင္းဆို
အဲ့လိုေတြးမိေတာ့တခ်ိန္ကအေၾကာင္းအရာ
သူေခါင္းထဲေရာက္လာျပန္သည္။
ဝူရွစ္႐ႊင္းအေယာင္ေဆာင္ခဲ့ရတဲ့အခ်ိန္
တဆက္တည္းသူ႕ကိုပါေတြးမိျပန္သည္။
ထုတ္လိုက္ေတာ့
ဒါကၿပီးခဲ့ၿပီးသားအေၾကာင္းအရာေတြ။
အခုခ်ိန္မွာ ငါကလြတ္လပ္တဲ့ အိုဆယ္ဟြန္း
အႏွောင္အဖြဲ႕ကင္းတယ္။
ေဆး႐ုံကိုသူေရာက္ေတာ့ေဇာင္းမီနဲ႕ဝူရွစ္႐ႊင္းေရာက္ႏွင့္ေနၿပီ။သူအသိအမွတ္ျပဳေခါင္းငုံ႕ႏႈတ္ဆက္ၿပီးဝင္ထိုင္လိုက္သည္။မ်ားမၾကာမွီ
ဆရာဝန္ေရာက္လာသည္။
သူတို႔ဆီစာအိတ္ေလးေပးသည္။ရွစ္႐ႊင္းေဖာက္ကာထုတ္ၾကည့္သည္။လက္ေတြတုန္ေနၿပီးသူ႕ဆီစာ႐ြက္လွမ္းျပသည္။
ေသြးသားေတာ္စပ္မႈ 99%
စကားလုံးေတြတိတ္ဆိတ္ကာသူတို႔ၾကည့္ေနမိၾကသည္။စတင္လႈပ္ရွားဖက္လိုက္သူက
ရွစ္႐ႊင္း။
"ညီ ညီေလး
ေတြ႕မယ့္ေတြ႕ေတာ့လည္း...
ကိုကိုတို႔နီးလ်က္ေဝးခဲ့ၾကတာပါလား "
ေသြးသားခံစားမႈကဒါမ်ားလား။
မေန႕ကအထိမဟုတ္ေသးဘူး
ထြက္လာခ်ိန္အထိသူစိတ္ကခိုင္မာခဲ့တာ
အခုဒါျမင္ေရာၿပိဳက်လာေသာသူ႕မ်က္ကည္မ်ားတာက်ိဳးသည့္ႏွယ္။
"အကို.. "
"ဝမ္းသာလိုက္တာ ညီေလးရာ
အကိုနဲ႕ျပန္လိုက္မယ္မလား "
ေတြေဝသြားရေသာသူ
ဘာလုပ္သင့္လည္း။
"ေရာက္လာၿပီလား "
ဆယ္ဟြန္း အံၾသသြားရသည္။
ကိုကို ကိုကိုကဘယ္လိုလုပ္ၿပီး....
သူထိုေနရာမွတရွိန္ထိုးထြက္ေျပးဖို႔လုပ္သည္။ဒါေပမယ့္ေပြ႕ဖက္ကာခ်ဳပ္ထားေသာ
သန္မာေသာလက္တစုံၾကားမ႐ုန္းနိုင္ခဲ့။
"ေနာက္မွေျပာၾကရေအာင္ ပတ္ခ်န္းေယာလ္
ကြၽန္ေတာ္သူနဲ႕ခုမွညီအကိုအျဖစ္ေပြ႕ဖက္ခါစ
ရွိေသးတယ္ "
ေဇာင္းမီကသူ႕လက္ကိုလွမ္းထိကာထြက္ခဲ့ဖို႔
အမူအရာျပသည္။
"သူထြက္ေျပးလည္းလိပ္စာသိတယ္
အကိုကိုဘဲသူမေတြ႕ခ်င္တာ... "
တလုံးတခဲအားပါးတရေျပာခ်လိဳက္ေသာ
ေဇာင္းမီ စကားကရင္ဝပိတ္ကန္ခံရသလိုခံစားလိုက္ရသည္။သူေျပာတာလည္းမမွားေပ။ကြၽန္ေတာ္ကိုမေတြ႕ခ်င္လို႔သာရွာေနမွန္း
သိသားနဲ႕ပုန္းေနတာ။
ညီအကိုႏွစ္ေယာက္သားစကားေျပာဆိုၾကၿပီး
သူတို႔ဆီေလ်ာက္လာၾကသည္။ေဇာင္းမီနဲ႕ရွစ္႐ႊင္းကေတာ့ျပန္သြားေလၿပီ။က်န္ခဲ့သူကသူတို႔ႏွစ္ေယာက္။မေတြ႕ရတာၾကာၿပီမို႔သူေသခ်ာၾကည့္ေနမိသည္။သူ႕အားမ်က္ႏွာထားတည္တည္နဲ႕ၾကည့္ေနတာ။
"ကိုကို..."
"ခင္ဗ်ားနဲ႕ကြၽန္ေတာ္ကဘာမွမသက္ဆိုင္ေတာ့တာမို႔ခုနအျပဳအမႈမ်ိဳးဆင္ျခင္ေပးပါ "
လွမ္းလိုက္ေသာသူ႕လက္ကိုပုတ္ခ်ကာ
ေျပာခ်လိဳက္ေသာစကားအခ်ိဳ႕ကစိမ္းသက္လ်က္ေနၿပီ။
"ေတာင္းပန္ပါတယ္ ဟြန္း
ကိုယ္က ကိုယ္က ဟြန္း ကိုေျပာခ်င္ေနတာေတြ.... "
"ကြၽန္ေတာ္ မၾကားခ်င္ဘူး
ပတ္ခ်န္းေယာလ္ "
ကိုယ့္နာမည္အျပည့္အစုံကိုတလုံးခ်င္းေခၚခ်ခါစိမ္းသက္ေသာမ်က္ဝန္းအစုံနဲ႕တုံျပန္လာသည္။
"ခင္ဗ်ား ေျပာခ်င္တာကိုကြၽန္ေတာ္နားမထာင္ခ်င္ဘူး၊ၾကားလည္းမၾကားခ်င္ဘူး၊သိလည္း
မသိခ်င္တာမို႔သြားခြင့္ျပဳပါ ''
ထြက္ခြာေတာ့မယ့္ဟြန္းေလးလက္ကိုဖမ္းဆြဲေတာ့႐ုန္းသည္။
"ေတာင္းပန္ပါတယ္
ကိုယ္အျပစ္ေတြကမ်ားလြန္းလို႔ဟြန္းခြင့္လြတ္ျခင္းရဖို႔ခဲယဥ္းနိုင္မွန္းသိေပမယ့္ေတာင္းပန္
ခြင့္ေပးပါ "
သူဒူးေထာက္ထိုင္ခ်ကာဟြန္းလက္ကိုဆြဲကာ
ေတာင္းပန္မိသည္။
"ခြင့္မလြတ္လည္းရတယ္
ကိုယ့္ကိုယ္အမွားျပင္ဆင္ခြင့္နည္းနည္း
ေလာက္ေလးေပးပါလား "
ဆယ္ဟြန္း လွည့္မၾကည့္ခ်င္ပါ။အသားေသၿပီးသားဒဏ္ရာကိုျပန္မဆြခ်င္ေတာ့။အနာက်က္ဖို႔သူအခ်ိန္အမ်ားႀကီးယူခဲ့ရတာ။
ျပန္မနာခ်င္ေတာ့ဘူး။နာက်င္ျခင္းအေဝးမွာေနခြင့္ေပးပါ။
"ၿပီးခဲ့ၿပီးသားအေၾကာင္းအရာေတြကြၽန္ေတာ္
စိတ္ထဲကထုတ္လိုက္ၿပီ။ခင္ဗ်ားလည္းခင္ဗ်ားဘာသာေနပါ၊ကြၽန္ေတာ္လည္းလက္ရွိဘဝမွာေနသားက်ေနၿပီ။ကိုယ့္ဘဝနဲ႕ကိုယ္ျဖစ္ေနၿပီဘဲဟာ၊အမွားျပင္ဆင္ဖို႔လည္း
မလိုဘူး "
"ကိုယ္ ဟြန္းကိုခ်စ္တယ္ "
ထြက္လာေသာေျခလွမ္းတို႔ရပ္တန့္သြားရသည္။ႏွလုံးသားကအမွတ္မရွိေသးဘဲကို။
ႏႈတ္ခမ္းကိုဖိကိုက္ကာေခါင္းခါလို႔သူထြက္လာလိုက္သည္။
အမွီလိုက္လာကာသူ႕လက္ကိုဖမ္းခ်ဳပ္ထားျပန္ေသာသူ။
"ခ်စ္တယ္ ဆိုတာလိမ္ညာတာမဟုတ္ရပါဘူး
ေျပာဖို႔ ေျပာဖို႔ ကိုယ္ေနာက္က်သြားတာ "
"မလိုေတာ့ဘူး
အခ်ိန္လြန္သြားၿပီ မလိုေတာ့ဘူး
ခင္ဗ်ားလြတ္ေပးပါ ႐ုပ္ပ်က္လြန္းတယ္ "
ေဘးပတ္ဝန္းက်င္ကသူေတြၾကည့္ေနၿပီေလ။
ခ်န္းေယာလ္ ဒါေတြဂ႐ုမစိုက္အား။အေရးႀကီးဆုံး သူ႕ဘဝရဲ႕အေရးႀကီးဆုံးအရာကိုရွာေတြ႕ခဲ့ၿပီ။လက္လြတ္မခံနိုင္ပါ။
"ေနာက္က်မွေျပာရလို႔ကိုယ္ထပ္ေတာင္းပန္တယ္... ကိုယ့္အမွားကိုမင္းေဘးနားေနရင္း... "
"အဟက္ ရီရတယ္
အခ်ိန္လြန္တယ္ဆိုတာကိုခင္ဗ်ားကအေရးမထားသလိုဘဲ...သိလား ခင္ဗ်ားသိရဲ႕လား
ခင္ဗ်ားရဲ႕ခ်စ္တယ္ဆိုတာကေလ
အခ်ိန္လြန္သြားမွ႐ြာခ်တဲ့မိုးလိုဘဲဘာမွအသုံးမဝင္ဘူး၊မိုး႐ြာခ်လည္းအပင္ေသသြားၿပီမို႔
ဘာမွအသုံးမဝင္ေတာ့ဘူး "
သူ႕ရင္ဘတ္ကိုထုရိုက္ကာရန္ေတြ႕ေသာဟြန္း
ရိုက္ပါ မင္းစိတ္ႀကိဳက္ထုရိုက္သမွ်ခံယူမွာမို႔
---
ဆယ္ဟြန္း သူ႕ကိုစိတ္ရွိသလိုထုရိုက္လည္း
သူကမတုံ႕ျပန္။တကယ္အရိုက္ခံတယ္ေပါ့။
ေသလိုက္ အဲ့ေနရာမွာသာလဲေသလိုက္
ငုတ္တုတ္ေသလိုက္ေတာ့။
သူထြက္သြားေတာ့ေနာက္ကတ႐ြတ္တိုက္လိုက္မတတ္ပါလာသည္။ေဘးကေနတရပ္စပ္ေျပာေနလို႔မဆုံး။ဆယ္ဟြန္းသူ႕ကိုျပန္မေျပာေတာ့ဘဲထြက္လာလိုက္သည္။
စိတ္ရႈပ္ဖို႔ေကာင္းတာ။
လိုင္းကားစီးဖို႔တက္ေတာ့မွသူက်န္ခဲ့တာ။Bus စီးဖို႔ကဒ္သူမပါေလာက္ဘူး။ဆယ္ဟြန္းကားေပၚတက္သည့္အထိကားေဘးသူခုန္ဆြခုန္ဆြျဖစ္က်န္ခဲ့သည္။အခုမွဘဲဇာတ္လမ္းျဖတ္နိုင္ေတာ့တယ္။
One Short ေလးေရးထားရလို႔အရွည္ႀကီး
မေရးေပးနိုင္ေတာ့ဘူး။ေမွ်ာ္ေနသူေတြရွိလို႔
အဆက္မျပတ္ရေအာင္ေရးေပးလိုက္ၿပီ။
One Short ကိုသိပ္မႀကိဳက္ၾကပုံဘဲ
မန့္သူနည္းလို႔အားမရလိုက္တာ။
မန့္တဲ့သူေတြကိုေျပာဘူးေနာ္
ဘာဘဲျဖစ္ျဖစ္ ဖတ္ေပးၾကလို႔ေက်းဇူးတင္ပါတယ္ 💖
________________________________________
9/9/20
7:24 PM