Unicode 🍑
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲတွင် ရာရာ့မျက်နှာလေးကရှုံ့မဲ့မဲ့လေးဖြစ်နေသည် ။ သျှင်းကအလုပ်ကိစ္စနဲ့ စင်္ကာပူကိုခရီးထွက်ရမှာတစ်ပတ်ကြာမှာမို့လို့ လေဆိပ်ကိုလိုက်ပို့ခြင်းဖြစ်သည် ။
"ကိုကို ဟိုရောက်ရင်ဖုန်းဆက်နော်"
"ကလေးလည်းကိုကိုမရှိတဲ့အချိန်ကျန်းမာရေးဂရုစိုက်နော် ၊ စားချင်တာရှိရင်စိုးပိုင်ကိုပြောနော် ၊ ကိုကို စိုးပိုင်ကိုသေချာ မှာထားခဲ့တယ်"
"ဟုတ် ကိုကိုအားရင်Video Callခေါ်နော် ၊ ကိုကိုအားမှနော်"
"ဒါပေါ့ ဂရုစိုက်နော်ကလေး ၊ တစ်ခါမှမခွဲဖူးတော့ကွာ ကျစ် ဒီအချိန်ကျမှအလုပ်ကိစ္စကပေါ်လာရတယ်လို့"
ရာရာလေးနဲ့စတွေ့ကတည်းကတစ်ပတ်မပြောနဲ့တစ်ရက်တောင်မခွဲဖူးသေး ။ သူများတွေအတွက်တော့မသိပေမဲ့ ရာရာလေးကကိုယ်ဝန်နဲ့ဆိုတော့သူပိုလို့တောင်မသွားချင်ဖြစ်ရသည် ။
"MD သွားဖို့အချိန်ရောက်ပါပြီ"
"ကိုကို ဟိုလေ ဟင့် ......."
ကလေးငယ်လေးငိုချင်နေတာသူသိသည် ။ သူခရီးထွက်ရမယ်လို့ပြောကတည်းက ရာရာလေးမျက်နှာမကောင်း ။
"ညတိုင်းကိုကိုအတူရှိနေပေးမယ်လေ ၊ ကလေးအိပ်မှကိုကိုအိပ်မယ် ၊ တစ်ပတ်ပါပဲကလေးရယ် နော် ၊ သက်အောင်နဲ့ လွှဲလို့မရတဲ့ကိစ္စဖြစ်နေလို့ကိုကိုသွားရတာပါ ၊ မေမေလည်းရှိနေမှာလေကလေးရဲ့ နော် ၊ လိမ္မာပါတယ်ကလေးက ၊ ဗိုက်ထဲက ကလေးလေးအတွက်စိတ်ဓာတ်ကြံ့ခိုင်ရမယ်လေ ဟုတ်တယ်မလား ၊ ကိုကိုပြန်လာရင်မုန့်တွေအများကြီး ဝယ်လာမယ်"
ဗိုက်ထဲကကလေးလေးလို့ပြောလိုက်ရင် ရာရာလေးကအငိုတိတ်သည် ။ ကလေးလေးအတွက်ဆိုရင်တော့ ရာရာ လေးကဘာမဆိုလုပ်နိုင်စွမ်းရှိလာသည် ။ အနည်းငယ်ထွက်နေသည့်ဗိုက်ကလေးကိုနမ်းပြီး ရာရာလေးရဲ့နဖူးလေး ကိုနမ်းလိုက်သည် ။ ရာရာလေးကသျှင်းရဲ့နှုတ်ခမ်းကိုနမ်းလိုက်သည် ။
"သားငယ် ကိုကိုလေယာဉ်မမီဘဲဖြစ်နေမယ်လေ နော်"
မေမေကရာရာလေးရဲ့ပုခုံးကိုကိုင်လိုက်ပြီးပြုံးရင်းပြောသည် ။ အဲ့တော့မှရာရာလေးကသျှင်းရဲ့လက်ကိုလွှတ်သည် ။ တဖြည်းဖြည်းနဲ့မြင်ကွင်းထဲကနေသျှင်းပျောက်ကွယ်သွားသည် ။
"မေမေတို့လည်းပြန်ကြရအောင်လေသားငယ် နော်"
"ဟုတ်"
အိမ်မှာရာရာလေးကိုထားခဲ့ဖို့စိတ်မချသည့်မေမေကရာရာလေးကို သူမရုံးသို့ခေါ်သွားသည် ။ ရာရာလေးကိုသားလေး တစ်ယောက်လိုပဲသေချာဂရုစိုက်ပေးသည့်မေမေကြောင့်ရာရာလေးဝမ်းသာမျက်ရည်ကျရပြန်သည် ။
"ဘာလို့ငိုရတာလဲသားငယ်ရဲ့ ၊ ကိုကို့ကိုလွမ်းလို့လား"
"မေမေကသားမေမေနဲ့အရမ်းတူလို့ ၊ သားကိုအရမ်းဂရုစိုက်တာပဲ"
"မေမေ့သားလေးပဲဂရုစိုက်တာပေ့ါကွယ် ၊ မေမေ့ကိုသတိရနေတာလား"
ရာရာလေးကခေါင်းတဆက်ဆက်ညိမ့်ရင်း ......
"မေမေ့ကိုရော ဖေဖေ့ကိုရော ပြီးတော့ ဒေါ်လေးကိုလည်းလွမ်းတယ်"
မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့ရာရာလေးကိုသူမသနားမိသည် ။ မိဘကိုဆုံးရှုံးထားရတာဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ ။
"သားမှာမိဘတွေမရှိတော့ဘူးလို့ဘယ်သူပြောလဲ ၊ သားဖေဖေနဲ့မေမေက သားရဲ့ဒီနှလုံးသားထဲမှာလေ ၊ နောက်ထပ်မိဘ ကတော့ ဟောဒီမှာပါရှင် ၊ ဒီမေမေချောချောလေးရှိတယ်လေ ၊ မငိုနဲ့တော့ တိတ် ၊ ကိုကိုသိသွားရင်မေမေအဆူခံရမှာရှင့် ၊ သူ့ကလေးကိုဘာလို့ငိုအောင်လုပ်ရတာလဲဆိုပြီးမေးတော့မှာရှင့်"
ရာရာလေးကသွားအစွယ်လေးတွေပေါ်သည်အထိ မျက်လုံးလေးတွေပိတ်ကျသွားသည်အထိရယ်သည် ။ ဒီကလေးကို မြင်သူမချစ်ဘဲနေနိုင်ပါ့မလား ။ ဒါ့ကြောင့်သူမရဲ့သားကဥစ္စာခြောက်နေတာလည်းအပြစ်ပြောလို့မရ ။ ဒီကလေးကို မမသီရဲ့သားမှန်းမသိခင်အိမ်မှာစတွေ့ကတည်းကတောင် သူမချစ်သည် ။ အခုမြေးလေးကိုပါလွယ်ထားရတော့ပိုလို့ အချစ်တွေတိုးရသည် ။ ညဘက်တွေဆို ကိုကိုနဲ့လေလှိုင်းပေါ်ကစကားပြောရတာလည်းအမော ။
"ကိုကိုညစာစားပြီးပြီလား"
"ပြီးပြီ ၊ ကလေးရောဒီနေ့ဘာတွေစားလဲ"
"မေမေကဒီနေ့ပင်လယ်စာခေါက်ဆွဲလုပ်ကျွေးတယ် ၊ ဒါနဲ့ ကိုကိုသောက်ထားတယ်မလား"
"အင်း နည်းနည်း ၊ လုပ်ငန်းရှင်ကြီးတွေနဲ့တွေ့ရတော့ မသောက်ဘူးလို့ငြင်းလို့မရလို့နှစ်ခွက်လောက်သောက်ထားတယ် ၊ ကိုယ့်အချစ်ကလေးကဘယ်လိုသိ"
"ဟီးဟီး စိတ်ထဲကထင်လို့မေးလိုက်တာ ၊ ကိုကို့ကိုပုံဆွဲထားတာပြမယ်"
သျှင်းရဲ့ပုံတူဆွဲထားတာလေးကိုယူလာပြသည် ။ တစ်နေ့တစ်နေ့စိတ်ပြေလက်ပျောက်ပန်းချီထိုင်ဆွဲတယ်ထင်ပါတယ် ။ သူ့ကိုချောအောင်ဆွဲပေးထားတာပဲ ။ ပန်းချီထဲမှာတောင်သူကပိုချောနေသလို ။
"ကိုယ့်ကိုချောအောင်ဆွဲပေးထားတာပဲ ၊ ညနေဘက်လမ်းရောလျှောက်ရဲ့လားကလေး"
"အွန်း နာရီဝက်လျှောက်တယ် ၊ မေမေနဲ့လည်းShoppingထွက်ပြီးသွားပြီ ၊ မေမေကဘေဘီလေးအတွက်ဖိနပ်ကလေး ဝယ်ပေးတယ်"
"ကိုကို့ကိုမလွမ်းဘူးလား"
"လွမ်းတယ် ၊ ညဘက်စာအုပ်ဖတ်ပြပေးပြီးကိုကို့လက်မောင်းခေါင်းအုံးလုပ်ဖို့လည်းမရှိဘူး ၊ ခွန်းတို့ကကောင်းတယ် ၊ အစ်ကိုမိုးသောက်ဘယ်သွားသွားလိုက်လို့ရတယ် ၊ ရာရာကျတော့လိုက်လို့မရဘူး"
"ကလေးကမပေါ့မပါးကြီးနဲ့မို့လို့မခေါ်တာပါကလေးရဲ့ "
"တစ်ပတ်ကြီးကလည်းကြာလိုက်တာ ၊ တစ်ရက်တစ်ရက်တစ်နှစ်လို့တောင်ထင်ရတယ်"
"ဟာ ကလေးရေ ကိုကို့ကိုအခုချက်ချင်းပြန်လာရအောင်လုပ်နေတာပဲ"
"ဟဲ့ ဟဲ့ အဲ့မှာဆိုင်ခွဲဖွင့်နိုင်အောင်လုပ်ခဲ့ပြီးမှပြန်လာခဲ့ ၊ မရဘဲပြန်လာရင်အမွေပြတ်စွန့်လွှတ်မယ်"
မေမေဝင်လာပြီးပြောတော့သျှင်းကရယ်သည် ။ ရာရာလေးအတွက်လုပ်လာတဲ့မုန့်ပန်းကန်လေးကိုအရှေ့မှာချပေး လိုက်သည် ။
"အခြေအနေဘယ်လိုရှိလဲ"
"မနက်ဖြန်စာချုပ်ချုပ်မယ်မေမေ ၊ အဲ့သူဌေးအရမ်းခေါင်းမာတယ် ၊ မြန်မာလူမျိးအချင်းချင်းတောင်နည်းနည်းမှမျက်နှာ သာမပေးဘူး"
"အေးပေါ့ သူကအထက်စီးကပေါ့သားရယ် ၊ ကိုယ်ကလိုချင်တဲ့လူဆိုတော့နည်းနည်းတော့အောက်ကျို့ရတာပေါ့"
"ကိုကိုလွမ်းတယ်လို့ ......"
ပါးစပ်ထဲမှာပေါင်မုန့်တွေဝါးရင်း ပလုပ်ပလောင်းပါးဖောင်းဖောင်းလေးနဲ့ရာရာလေးကိုမြင်နေရတော့ သျှင်းပြန်လာချင် စိတ်တွေကတဖွားဖွားဖြစ်နေသည် ။
"မေမေသားပြန်လာလို့မရဘူးလား"
"နိုးပါ ပြန်လာရင်နှစ်ယောက်စလုံးအမွေပြတ်ပဲ"
"မေမေ ရာရာ့ဗိုက်ထဲကမြေးလေးရဲ့မျက်နှာကိုထောက်ပါဦး"
"အမလေး ဒီကလေးစကားတွေသိပ်တတ် ဟုတ်လား ၊ အိပ်တော့သားငယ် အချိန်ကိုလည်းကြည့်ဦး"
"အခုမှဆယ်နာရီပဲရှိသေးတယ်မေမေကလည်း ကိုကိုနဲ့စကားပြောလို့မဝသေးဘူး"
"မနိုင်ပါဘူးရှင် ၊ ကျွန်မတတိယဘီးကြီးသွားပါတော့မယ်"
မေမေထွက်သွားတာနဲ့ရာရာလေးအိပ်ရာပေါ်လှဲချလိုက်သည် ။ မအိပ်ဘူးသာပြောနေပေမဲ့ မျက်လုံးလေးကစဥ်းကျနေ ပါပြီ ။ ကိုကိုလုပ်စရာရှိတာလုပ်သူငြိမ်ငြိမ်လေးကြည့်နေမယ်ဆိုပြီး အသံလုံးဝတိတ်သွားလို့ကြည့်လိုက်တော့ သူ့အချစ် လေးကအိပ်ပျော်နေပါပြီ ။ ရာရာလေးအိပ်ပျော်နေတာလေးကိုကြည့်လိုက် အလုပ်တွေလုပ်လိုက်နဲ့သူလည်းစားပွဲပေါ် ခေါင်းမှောက်အိပ်ရင်းမိုးလင်းခဲ့ရသည် ။ ကျန်နေတဲ့လေးရက်ကြီးကိုအောင့်အီးသည်းခံကာ ဖြတ်သန်းခဲ့ရသည် ။
"ကိုကို ......"
လေဆိပ်ထဲမှာသူ့ဆီအသည်းအသန်ပြေးလာတဲ့ရာရာလေးကြောင့် သျှင်းမျက်လုံးပြူးမျက်ဆန်ပြူးနဲ့မပြေးဖို့အော်ပြော ရသည် ။
"ကလေး မပြေးရဘူးလေ ....."
"ဟီးဟီး မေ့သွားလို့"
"ချော်လဲရင်ဘယ်လိုလုပ်မလဲကလေးရယ် ၊ ကိုကိုလာမှာပေါ့ကလေးရဲ့"
"ဟီးဟီး အခုဘာမှမဖြစ်ပါဘူး ၊ ကိုကို့ကိုလွမ်းနေတာ"
"ကိုယ်ရောပဲကွာ ဒီအကောင်သေးသေးလေးကိုဖျစ်ညှစ်ပစ်ချင်နေတာအသည်းယားလွန်းလို့"
"မုန့် မုန့်ရော"
"ပါတာပေါ့ ၊ သက်အောင်ဆီမှာ"
အနောက်ကသက်အောင်ကိုလှမ်းကြည့်လိုက်တော့ အထုပ်တွေအထုပ်တွေအများကြီးဆွဲပြီး မီးတဝင်းဝင်းတောက်နေ သည့်မျက်လုံးကြီးနဲ့ကြည့်နေသည် ။ ကြည့်လည်းကြည့်ချင်စရာ သူ့ကိုအထုပ်တွေပစ်ပေးပြီး ပြေးသွားတဲ့အလုပ်ရှင်ကြီး လေ ။
"ကိုကို ကိုကြီးသက်အောင်အကြည့်ကြီးကကြောက်စရာကြီး"
"ဪ သူ့အတွက်လည်းလက်ဆောင်ပါတယ်ကလေး ဘာမှမဖြစ်ဘူး"
"ဒီမှာသူဌေး ကျွန်တော်လည်းကျွန်တော့်ဇနီးလေးကိုလွမ်းတယ်ဗျာ့ အီးဟီး ရွှတ်"
"ငါသိပါတယ် ၊ ရော့ ဘောနပ်စ်ပါယူသွား ၊ ကားကိုမင်းယူသွားလိုက်တော့ ၊ ငါတို့ကသပ်သပ်သွားလိုက်မယ်"
"ကျေးဇူးတင်လိုက်တာဘော့စ်ရယ် သွားပြီနော်"
သက်အောင်တို့ပြေးသွားလိုက်တာများအမြီးတောင်မမြင်ရဘူး ။ တစ်ဖက်မှာ အလုပ်ရှုပ်နေသူကတော့ မိုးသောက်နဲ့ခွန်း ။ ဖိတ်စာကိစ္စနဲ့ရန်ဖြစ်ထားကြတာ တစ်ယောက်နဲ့တစ်ယောက်စကားမပြော ။ အလယ်ကဆက်သွယ်ရေးကဘရဏီ ။
"မနက်ဖြန်ငါမိဘအိမ်ပြန်မယ်လို့သွားပြောလိုက်"
"ကိုကြီး မနက်ဖြန်မိဘအိမ်ပြန်မယ်တဲ့"
"ပြန်ပေါ့လို့ပြန်ပြောလိုက်"
"ဪ ဟုတ်ကဲ့"
"ဟဲ့ ပြန်ပေါ့တဲ့"
"ဘာ ...... အေး ပြန်မယ်လို့ ပြန်ဦးမှာကြည့်နေ"
ဘရဏီ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့တစ်နေကုန်အလုပ်ရှုပ်နေတော့သည် ။ ခွန်းကလည်းအိမ်ကိုတစ်ယောက် တည်းပြန်သွားသည် ။ အဲ့အထိနှစ်ယောက်စလုံးအေးအေးဆေးဆေးပင် ။ မိဘအိမ်ရောက်ပြီး ညဘက်လည်းကျရော ......
"အား ...... သတိရလိုက်တာ ၊ ဟင့် အစ်ကို့ကိုလွမ်းတယ် ၊ လက်မောင်းခေါင်းအုံးအိပ်လို့မရတော့ဘူး အီးဟီး ....." { A/N - ဝင့်လွှာကတော့ခေါင်းအုံးအုံးအိပ်ရတာပဲကြိုက်တယ် ၊ မရယ်နဲ့ ခေါင်းအုံးနဲ့ပဲအိပ်တတ်တာ :) }
တစ်ဖက်မှာလည်း မိုးသောက်နေမထိထိုင်မသာတွေဖြစ်နေသည် ။ သူ့ရင်ခွင်ထဲထားအိပ်ရမယ့်ကောင်လေးမရှိတော့ သူမအိပ်တတ်ဖြစ်နေသည် ။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့တစ်ယောက်တည်းအလုပ်ရှပ်နေသည် ။
တင်းတောင် တင်းတောင် .......
ဘဲလ်သံကြားလို့ ခွန်းဝရန်တာကနေလှမ်းကြည့်လိုက်သည် ။ ခြံအပြင်မှာရပ်နေသည့်မိုးသောက်ကိုမြင်တော့ အခန်းထဲကနေပြေးထွက်ပြီး ခြံအပြင်ကိုပြေးထွက်သွားပြီး မိုးသောက်ကိုယ်ပေါ်ခုန်တက်လိုက်သည် ။
"ကိုယ်မင်းကိုလာခေါ်တာ ၊ ကိုယ်မင်းဆန္ဒအတိုင်းလိုက်လျောပေးမှာမို့လို့ ကိုယ်နဲ့ပြန်လိုက်ခဲ့နော်"
"ဟင့် အစ်ကို့ကိုလွမ်းနေတာ"
"ကိုယ်ရောပဲ အရမ်းလွမ်းနေတာ"
"ဟဲ့ နင်အိမ်ပြန်ရောက်လာတာ ၂၄နာရီပြည့်သေးလို့လား"
ခြံတံခါးကြီးပွင့်နေလို့ပိတ်ဖို့လာသည့်ဘရဏီတစ်ယောက် အလွမ်းသယ်နေကြသည့်နှစ်ယောက်ကိုတွေ့တော့ ဒေါသက ထောင်းခနဲထသွားသည် ။ မနက်ကကျတော့ဖိတ်မယ့်သူတွေတွက်ရင်းများတယ် နည်းတယ်နဲ့ရန်ဖြစ်ကြတယ် ။ အခုကျတော့ ဖက်နေလိုက်ကြတာ လေတောင်ဝင်မတိုးနိုင်ဘူး ။
"အစ်ကိုသူ့ကိုပြန်ခေါ်သွားတော့မယ်နော်"
ဘရဏီတစ်ယောက် အောက်မေးပြုတ်ရတော့သည် ။ ရန်ဖြစ်ပြီးရောက်လာတာမှတစ်နာရီမပြည့်သေး ။ အခုပြန်ပါသွားပြီတဲ့ ။ တတ်လည်းတတ်နိုင်ကြတယ် ။
"ဒီနေရာကိုဆားပတ်ထားမှပဲ"
မိုးသောက် ခွန်းကိုလွတ်ထွက်သွားမှာစိုးသည့်အလားဖက်ထားရင်း အနမ်းတွေခြွေနေတာအဆက်မပြတ် ။ ဘရဏီသာ မြင်ရင်သူတို့နှစ်ယောက်ကိုဓားနဲ့လိုက်ခုတ်လောက်သည် ။
"မနက်ကကိုယ်မှားပါတယ် ၊ နောက်ဘယ်တော့မှကိုယ့်ကိုထားမသွားနဲ့နော်"
"အွန်း နောက်မလုပ်တော့ဘူး ၊ အစ်ကိုမရှိတော့ကျွန်တော်မအိပ်တတ်တော့ဘူး"
"ကိုယ်ရောဘဲ မင်းမရှိလို့အိပ်မပျော်ဘူးဘေဘီရယ်"
"ချစ်တယ်နော် ၊ အစ်ကို့ကိုအများကြီးချစ်တယ်"
"ကိုယ်ရောပဲ အများကြီးချစ်တယ် ၊ ကဲ ကိုယ့်ရင်ခွင်ထဲမှာအိပ်ရအောင်ဘေဘီ"
"အွန်း"
နောက်နေ့ရောက်သည့်အခါ ဝတ်စုံကိစ္စဖြင့် စကားများကြပြန်သည် ။ ဒီတစ်ခေါက်တော့ ဘရဏီကနပ်သွားသည့် အတွက် ခြံတံခါးကိုသော့ခတ်ထားပြီး ခွန်းဆီကိုစာပို့လိုက်သည် ။
(စောင်RSများလာခြင်းသည်းခံပါ)
"ကိုကိုရေ ......."
"လာပြီအချစ်လေး ၊ နိုးပြီလားအချစ်လေးက ......."
ခုနှစ်လဆိုတဲ့ဗိုက်ကြောင့် ရာရာလေးသူ့ဘာသာသူလုပ်နိုင်ကိုင်နိုင်ဖို့ခဲယဥ်းလာသည်မို့ မနက်အိပ်ရာထရင်တောင် သျှင်း ဘေးနားကဆွဲထူပေးရသည် ။ ဗိုက်ထဲကမီးမီးလေးမို့လို့ အိန်ဂျယ်လေးလို့နာမည်ပေးထားသည် ။
"ကန် ..... ကန်နေတယ် ....."
"ဟင် ဘာကိုလဲ"
"အိန်ဂျယ်လေးကကန်နေတယ် ၊ ဒီမှာကိုကိုစမ်းကြည့်"
ဗိုက်ပေါ်လက်တင်လိုက်သည့်အခါ သိသိသာသာခံစားမိသည် ။ သူကိုယ်တိုင်ထိတွေ့လိုက်ရတော့ သျှင်း ငုတ်တုပ်မေ့ပြီး အသက်ရှူဖို့တောင်မေ့နေသည် ။
"ကိုကို ..... ကိုကိုရေ ...... ကိုကိုရေလို့ ....."
"ဪ အင်း ဆောရီး ကိုကိုအရမ်းအံ့သြသွားလို့ ......"
"ရာရာရောပဲ ဟီးဟီး"
"အိန်ဂျယ်လေးကမနက်ခင်းနှုတ်ဆက်တာဖြစ်မယ် ၊ ကဲ ထ ရေချိုးရအောင်"
ကြွေဇလုံကြီးထဲမှာ အိန်ဂျယ့်မေမေလေးကိုထည့်ပြီး ဘေးနားကနေသူကိုယ်တိုင် လက်တွေခြေထောက်တွေကျောပြင် ကို ချေးသေချာတွန်းပေးပြီး bathrobe လေးဝတ်ပေးလိုက်သည် ။ သူကိုယ်တိုင်ခေါင်းလည်းလျှော်ပေးသည် ။ သူကိုယ်တိုင် dryer လည်းမှုတ်ပေးသည် ။
"ကဲ ပြီးပါပြီဗျာ ၊ အိန်ဂျယ့်မေမေလေးလှသွားပြီ"
မုန့်တွေပါးစပ်ထဲမှာပလုပ်ပလောင်းနဲ့ဝါးရင်းခေါင်းလေးတဆက်ဆက်ညိမ့်ပြသည် ။ မေမေကအခန်းထဲဝင်လာပြီး အောက်ထပ်မှာ သူငယ်ချင်းတွေရောက်နေကြောင်းလာပြောသည် ။ ရွှန်းလဲ့နဲ့ဘရဏီက အိန်ဂျယ်လေးကိုသူတို့ထိန်းမယ် ဆိုတာချည်းပဲ ။ အခုလည်းအိန်ဂျယ်လေးအတွက်ဆိုပြီး အရုပ်တွေဝယ်လာပြန်သည် ။ အိန်ဂျယ်လေးရဲ့အခန်းထဲမှာ ပြည့်နေပြီမို့လို့ သူတို့အခန်းထဲမှာပါထည့်ထားရသည်အထိဖြစ်နေသည် ။ ရုံးကဝန်ထမ်းတွေကရော မေမေ့ရဲ့မိတ်ဆွေ တွေကရောပေးကြတော့ ပစ္စည်းတွေကတဖြည်းဖြည်းများလာလို့ ကိုယ်တိုင်ဝယ်ဖို့တောင် တော်တော်စဥ်းစားနေရပါ သည် ။
"ကိုကို အိန်ဂျယ်လေးအခန်းကိုထပ်ချဲ့မှဖြစ်မယ်ထင်တယ်နော်"
"ဟုတ်တယ် ၊ ကျိန်းသေကိုထပ်ချဲ့ရတော့မယ်"
မိုးသောက်တို့အတွက်အမှတ်တရအဖြစ်ဆုံးကတော့ သူတို့မင်္ဂလာပွဲကို ရာရာလေးကဗိုက်ကလေးနဲ့တက်မှာပါပဲ ။ သူတို့အတွက်တော့ဒါလေးကအမှတ်တရအဖြစ်ဆုံးပေါ့ ဗိုက်ပူလေးပါနေတာကိုး ။ မင်္ဂလာပွဲကနောက်တစ်ပတ်ထဲမှာ ဆိုတော့ နှစ်ယောက်စလုံးအလုပ်တွေရှုပ်နေကြရင်း ရန်ဖြစ်နေကြပါသေးသည် ။
"အမလေး စိတ်ပူမနေနဲ့ အဲ့အတွဲကစိတ်ကောက်ကြတာတစ်နာရီတောင်ပြည့်တာမဟုတ်ဘူး ၊ ငါခံခဲ့ရပြီးပြီ"
ဘရဏီကသူ့အဖြစ်ကိုပြောပြတော့ အကုန်လုံးဝိုင်းရယ်ကြသည် ။ မိုးသောက်နဲ့ခွန်းကတော့ ပြုံးစိစိနဲ့သူတို့မဟုတ်သလို ဟန်ဆောင်နေကြလေသည် ။
သဘောကျကြရဲ့လား ။ ဖတ်ပြီးရင်ဘာလုပ်ရမလဲသိပါတယ်နော် ဟင်းဟင်း ။ မုန်တိုင်းရောလိုချင်သေးလား ။
----------------------------------------------------------------------------------
Zawgyi 🍑
"ကိုကို ဟိုလေ ဟင့် ......."
"ဟုတ်"
"မေမေ့သားလေးပဲဂရုစိုက်တာပေါ့ကွယ် ၊ မေမေ့ကိုသတိရနေတာလား"
"အခြေအနေဘယ်လိုရှိလဲ"
"ကိုကိုလွမ်းတယ်လို့ ......"
"ကိုကို ......"
"ကလေး မပြေးရဘူးလေ ....."
"ဟီးဟီး မေ့သွားလို့"
"မုန့် မုန့်ရော"
"ဪ ဟုတ်ကဲ့"
"ဟဲ့ ပြန်ပေါ့တဲ့"
တင်းတောင် တင်းတောင် .......
"အွန်း"
"ကိုကိုရေ ......."
"ကန် ..... ကန်နေတယ် ....."
"ဟင် ဘာကိုလဲ"
"ရာရာရောပဲ ဟီးဟီး"
----------------------------------------------------------------------------------