Marriage Life ( ChanHun )
By Xunqithaw
129K 13.6K 3.2K
This fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not li... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
Final Episode ( Zawgyi )
Final Episode ( Unicode )
แ€™แ€ฑแ€ฌแ€„แ€บแ€ทแ€žแ€Šแ€บแ€ธแ€„แ€šแ€บ / แ€ฑแ€™แ€ฌแ€„แ€นแ€ทแ€žแ€Šแ€นแ€ธแ€„แ€šแ€น
26
2.1K 322 89
By Xunqithaw
ငိုက်စိုက်ငိုက်စိုက်နဲ့သူလျောက်လာလိုက်တာ
ဂေဟာခြံဝန်းနားရောက်လာပြီ။ရောက်လာပြီးမှဝင်သင့်မဝင်သင့်တွေဝေနေပြန်သည်။
ဒုက္ခရောက်သွားစရာနေရာမရှိတော့ဂေဟာပြန်လာတယ်လို့မာသာကြီးတို့ကသတ်မှတ်လေမလားစိုးရိမ်မိတယ်။ဒါပေမယ့်လည်း
သူ့မှာတကယ်လည်းသွားနေစရာမရှိ။
ဆယ်ဟွန်းငိုင်နေမိသည်။ဆေးရုံကဆင်းပြီးတာနဲ့သူတခါတည်းထွက်လာခဲ့တာ။
နေမကောင်းဖြစ်ထားတာရောစိတ်ပင်ပန်း
သည့်ဒဏ်တွေပါပေါင်းလို့လူကမဟန်နိုင်တော့ပေ။ဂေဟာခြံဝန်းတံခါးကိုမှီကာထိုင်ချလိုက်သည်။မာသာကြီးတို့ကလက်ခံလောက်
မှာဘာလေ။အားတင်းကာသူပြန်ထရပ်ပြီး
ဘဲလ်ကိုနှိပ်လိုက်သည်။
သူ့ကိုတွေ့ရောမာသာကြီးကမျက်ရည်ကျပြီးပွေ့ဖက်သည်။
"ကလေးရယ်ပင်ပန်းနေပြီမလား
စိတ်ထဲမကောင်းလိုက်တာ "
အခုမှသူ့မှာမိဘအိမ်ပြန်ရောက်သောသားသမီးနှယ်ပင်ပန်းသမျှကြုံခဲ့သမျှရင်ဖွင့်ကာအတိုးချငိုမိသည်။
"မာသာကလေးလေးဘယ်လောက်တောင်
နာကျင်လိမ့်မလည်း၊တိတ်တော့နော်
ကလေးဒီကိုအရောက်လာတာတော်သေးတယ်၊တခြားသာထွက်သွားရင်မာသာတို့လည်းကူနိုင်မှာမဟုတ်ဘူးကွယ် "
မာသာဆီကသူဒီကိုရောက်လာတယ်
ကလေးကိုလာရှာတာဆိုသောအပြောကြောင့်
ဆယ်ဟွန်း အံသြသွားရသည်။ဒါပေမယ့်
မပြတ်သားသောဇာတ်လမ်းကိုဆက်မကချင်တော့ဘူး။အဆုံးသတ်ဖို့ထွက်လာခဲ့တာ
ပြန်မသွားချင်တော့ဘူး။မပြတ်သားသော
သူမနဲ့ယှဥ်ရင်ကျွန်တော်ကအရေးမပါခဲ့သူ
အမြဲချန်ထားခံရတာ။
ရူးသွပ်ခြင်းအဆုံးသတ်သင့်ပြီမလား။
သားသမီးလည်းဆုံးရှုံးခဲ့ရပြီးပြီ။ဒီနာကျင်ဖွယ်ဇာတ်လမ်းကိုဆက်နေရင်ကျွန်တော်လောက်ရူးမယ့်သူမရှိနိုင်တော့။
ကိုယ်ကသာဖောဖောသီသီချစ်ခြင်းတရားကို
သူ့ဆီပေးပေမယ့်တန်ဖိုးမထားသောသူ။
*ပေးသောလည်းပေးတိုင်းပြန်မရတဲ့ချစ်ခြင်း
ကရင်နာစရာကောင်းသည်*
တန်ဖိုးမထားသူကိုမှအလွန်အကျွံသူပေးခဲ့တဲ့
ချစ်ခြင်းရဲ့နိဂုံးကမလှခဲ့။ရင်နာစရာဒီဇာတ်လမ်းကိုဆက်မကချင်တော့လို့သူထွက်လာတာ။
"မာသာတို့သူ့ကိုအကြောင်းကြားမယ်ဆိုရင်
ကျွန်တော်ထွက်သွားပါ့မယ် "
"မဟုတ်တာကလေးရယ်
အိမ်ထောင်ရေးဆိုတာဘယ်လို
အမြဲအဆင်ပြေနိုင်မှာလည်း၊သူစိမ်းနှစ်ယောက်ပေါင်းပြီးဘဝတစ်ခုတည်ထောင်ကြတာလေ၊သဘောထား
မတိုက်ဆိုင်တာလည်းရှိမယ်၊အမြင်မတူတာတွေလည်းရှိမယ်၊ဒါတွေကိုညှိယူရမှာ၊
ကလေးကထစ်ခနဲဆိုအိမ်ကထွက်လာလို့
ဖြစ်မလား "
ရီရတယ်။
မာသာတို့ကိုသူပြောခဲ့တာအကုန်လုံးကအမှန်
တရားဖြစ်မလား။သူ့အကောင်းတွေချည်း
ရွေးပြောမှာပေါ့။
"ကျွန်တော်ကရင်သွေးကိုဆုံးရှုံးခဲ့ရသူပါ
မာသာတို့လည်းသိပါတယ်၊မိဘမဲ့မို့
ကိုယ်ပိုင်မိသားစုဘဝကိုကျွန်တော်တို့လို
လူတွေဘယ်လောက်လိုချင်လည်းဆိုတာ၊
လက်လွတ်ဆုံးရှုံးခံမလား၊မဖြစ်ဖြစ်တဲ့နည်းနဲ့မိသားစုဘဝလေးမပျက်စီးရအောင်ထိန်းထားခဲ့တာ၊ဒါပေမယ့်.... ကျွန်တော် ကျွန်တော်ကသားသမီးကိုဆုံးရှုံးတာတောင် သူက သူက မိန်းမတယောက်အတွက်နဲ့လှည့်တောင်
မကြည့်ခဲ့ဘူး..... "
ဆယ်ဟွန်း စကားဆက်မပြောနိုင်တော့
ငိုရှိုက်နေရင်းသတိလစ်သွားသည်။စိတ်ရောကိုယ်ခန္ဓာကပါအရမ်းပင်ပန်းနေပြီလေ။
မာသာတစ်ယောက်ကချန်းယောလ်ဆီအကြောင်းကြားမလားပြောပေမယ့်အခြား
မာသာနှစ်ယောက်ကမပြောဖို့တားလိုက်သည်။သူတို့ကလေးပုံကြည့်ရတာစိတ်ရောကိုယ်ပါပင်ပန်းနေပုံ။ကလေးနေကောင်းမှချော့မော့ပြီးပြန်ခိုင်းရမယ်။အခုတော့အနားယူခိုင်းလိုက်တာအကောင်းဆုံးဖြစ်မယ်။
+ Marriage Life +
သူတို့နေထိုင်ရာတိုက်ခန်းဆီပြန်ရောက်ပြီ။
ဘေးအခန်းတွေကိုသွားမေးကြည့်သော်လည်းကောင်လေးပြန်လာတာမတွေ့မိဘူးလို့ဖြေကြသည်။ချန်းယောလ်
ခေါင်းပေါက်မတက်တွေးလည်းအဖြေကထွက်မလာခဲ့။ဘယ်ဆီကိုသွားနေခဲ့တာလည်း
ဟွန်းလေး။စိတ်ပူနေပြီမို့ပြန်လာခဲ့ပါလားကွာ။
တစ်ရက်ကျော်မတွေ့ရတာသူ့စိတ်ထဲပူနေပြီ။
နေလည်းမကောင်းသေးဘဲဒီကောင်လေးကတော့ကွာ။ရဲစခန်းဆီဖုန်းဆက်တော့လည်းအကျိုးအကြောင်းမထူး။ပြည်ပထွက်ရအောင်လည်းအဲ့ကောင်လေး passport ကဒီမှာရှိနေတာ။ချန်းယောလ်အဖြစ်ကထိုင်လိုက်ထလိုက်ဘာလုပ်ရမယ်မသိဖြစ်နေလိုက်စိတ်မငြိမ်ဖြစ်နေတာ။
ဂေဟာကိုလည်းသွားပြီးပြီ။ဆယ်ဟွန်းရောက်လာရင်အကြောင်းကြားကြမှာ။
ဘယ်တွေသွားနေတာလည်း ဟွန်းလေးရေ
ကိုကိုစိတ်အရမ်းပူနေပြီ။ပြန်လာခဲ့ပါလား။
"အင်း နေကောင်းအောင်နေ
ရှာမတွေ့သေးဘူး...... ညနေငါလာမယ် "
ဆွန်းမီဆီကဖုန်းဝင်လာလို့ပြန်ဖြေပြီးအိပ်ရာပေါ်သူခြေပစ်လက်ပစ်လှဲနေမိသည်။
ဆယ်ဟွန်း
ဆယ်ဟွန်း
ဆယ်ဟွန်း
ဒီကောင်လေးနဲ့တော့
လူကိုစိတ်ပူအောင်လုပ်နေတာဘဲ....
"အာ ဟုတ်ပါတယ်
အခုလာခဲ့မယ် "
သူကဒ်ပေးထားတာမို့ဘယ်နေရာမှာသုံးခဲ့လည်းရှာတွေ့ရင်အကြောင်းကြားဖို့ company ဆီအကူညီတောင်းထားတာမို့အကြောင်းကြားဆက်သွယ်လာသည်။
ငွေရှင်းခဲ့တာဆေးရုံဖြစ်နေလို့သူရင်ထိတ်ရပြန်သည်။ဓားဒဏ်ရာကြောင့်.....
သူထင်သည့်အတိုင်းပါဘဲ
လက်ကောက်ဝတ်ကိုထိခိုက်ပြီးဆေးရုံရောက်လာတာ။လူနာကသတိလစ်နေသည်မို့
မိသားစုဆီဆက်သွယ်ဖို့အဆင်မပြေ။
သတိရလာတော့မေးမြန်းကြည့်တာမိသားစု
မရှိလို့ဖြေခဲ့တာ။မိမိကိုယ်ကိုသတ်သေဖို့ကြံစည်မှုမဖြစ်နိုင်မတော်တဆမှုလို့သတ်မှတ်လိုက်သည်ဆိုသောအကြောင်းတွေပါသိလိုက်ရသည်။
ချန်းယောလ် ခေါင်းငိုက်စိုက်ချကာပြန်ခဲ့ရပြန်သည်။ကဒ်နဲ့ခြေရာခံလိုက်တာလည်း
အဆက်ပြတ်သွားပြီ။ကဒ်ထဲကငွေသားအကုန်ထုတ်သွားပြီမလား။ဘယ်အရပ်ဆီများထွက်သွားတာလည်းကောင်လေးရေ။
နေရာစုံနီးပါးကာမိအောင်သူရှာထားတယ်။
အကြောင်းထူးမှာဘာလို့နှစ်သိမ့်လိုက်ရသည်။
နောက်ဆုံးမြင်ခဲ့ရတဲ့အိပ်ပျော်နေသော
ကောင်ငယ်လေးကိုပြန်မြင်လာသည်။
ခြေဦးတည့်ရာလျောက်သွားပြီးဒုက္ခရောက်နေမှာစိုးရိမ်သည်။နေလည်းအရှင်းကောင်းတာမဟုတ်တစ်နေရာရာမှာတစ်ခုခုဖြစ်နေရင်
အတွေးနဲ့တင်သူနေမထိထိုင်မရဖြစ်ချေပြီ။
စိတ်လည်းမကောင်းဖြစ်နေတာ။
မဖြစ်သေးပါဘူး။ကိုကိုမင်းကိုရှာမတွေ့လို့
မဖြစ်ဘူး။
ချန်းယောလ် ရူးချင်လာပြီ။ဒီကောင်လေးကိုရှာမတွေ့ရင်ဘယ်လိုလုပ်ရမလည်း။
ထိုင်လိုက် ထလျောက်လိုက် စဥ်းစားလိုက်
ဘယ်နေရာသူထွက်သွားတာဖြစ်နိုင်လည်း။
ဘယ်လိုတွေးတွေးအဖြေရမလာ။
ဆယ်ဟွန်း သတိပြန်ရလာသည်။
သူ့အိပ်ရာဘေးမျက်ရည်ဝဲနေသောမာသာ
ကိုယ်ကြောင့်မာသာတွေကိုပါစိတ်ဆင်းရဲစေရပြီ။
"တောင်းပန်ပါတယ်
သားကြောင့် မာသာ တို့ပါ.... "
"တော်ပါတော့ ကလေးရယ်
ဘယ်မိဘကမှသားသမီးစိတ်ဆင်းရဲတာ
မကြည့်ရက်ဘူး။မာသာတို့ကလေးလေး
ပင်ပန်းနေပြီ..... နောက်မှပြောကြရအောင် "
တကယ်လည်းသူအရမ်းပင်ပန်းနေပြီ။
ကလေးလေးတွေကိုသတိရလိုက်တာ။
ဗိုက်ဆီစမ်းကြည့်ရင်းချုပ်ရိုးရာလေးဆီထိမိခိုက်မျက်ရည်တို့ကကျလာပြန်သည်။
*ကလေးလေးတွေရေတောင်းပန်ပါတယ်
မကာကွယ်ခဲ့နိုင်လို့ *
မာသာဆီကဆုပ်ကိုင်လာသောလက်တစုံ
ကြောင့်သူအငိုတိတ်စေဖို့ကြိုးစားနေရသည်။
မေ့ပစ်ရမယ်။ရှေ့ဆက်ရမယ့်ခရီးအတွက်
ဖြစ်ပြီးခဲ့တာတွေကိုမေ့ဖို့ကြိုးစားရမယ်။
နောက်တော့လည်းအသားကျသွားမှာပါလို့
မာသာကသူ့ကျောကိုပွတ်ပေးရင်းနှစ်သိမ့်နေသည်။မိဘရင်ခွင်ကသူ့အတွက်အနည်းငယ်စိတ်သက်သာရာရစေသည်။
မာသာတို့သူ့ကြောင့်စိတ်မညစ်ရအောင်သူကြိုးစားနေထိုင်ရမယ်။
အခုဖြစ်ခဲ့တာတွေက
နောက်တစ်လ
နောက်တစ်လ
နောက်တစ်လ
နောက်လပေါင်းများစွာကြာရင်မေ့သွားနိုင်မှာ။သူကြိုးစားရမယ်။နာကျင်စရာတွေ
အဆုံးသတ်ဖို့ ကိုကို့ကိုမေ့ပစ်ရမယ်။
မေ့မယ်လို့ကြိုးစားပြီးအတွေးထဲရောက်လာလို့ရင်နာမိတယ်ကိုကို။
ဒီမနက်အိမ်မှုကိစ္စလုပ်ပြီးတာနဲ့ချက်ချင်းရေးလိုက်တာ။ပြီးတာနဲ့တင်ပေးတယ်။
စာဖတ်သူမျှော်နေမလားဆိုပြီး..... ❤
------------------------------------------------------
သင့်တွေဝေနေပြန်သည်။
ဒါပေမယ့်လည်း
အမြဲချန်ထားခံရတာ။
ကရင်နာစရာကောင်းသည်*
"မဟုတ်တာကလေးရယ်
ဖြစ်မလား "
ရီရတယ်။
တရားဖြစ်မလား။သူ့အကောင်းတွေချည်း
ရွေးပြောမှာပေါ့။
မကြည့်ခဲ့ဘူး..... "
အရမ်းပင်ပန်းနေပြီလေ။
မလားပြောပေမယ့်အခြား
+ Marriage Life +
အကြောင်းကြားကြမှာ။
"အင်း နေကောင်းအောင်နေ
ဆယ်ဟွန်း
ဆယ်ဟွန်း
ဆယ်ဟွန်း
ဒီကောင်လေးနဲ့တော့
"အာ ဟုတ်ပါတယ်
အခုလာခဲ့မယ် "
ဓားဒဏ်ရာကြောင့်.....
မဖြစ်ဘူး။
ဘယ်လိုလုပ်ရမလည်း။
"တောင်းပန်ပါတယ်
"တော်ပါတော့ ကလေးရယ်
မကြည့်ရက်ဘူး။မာသာတို့ကလေးလေး
မကာကွယ်ခဲ့နိုင်လို့ *
အခုဖြစ်ခဲ့တာတွေက
နောက်တစ်လ
နောက်တစ်လ
နောက်တစ်လ
သူကြိုးစားရမယ်။နာကျင်စရာတွေ
ရင်နာမိတယ်ကိုကို။
ပြီးတာနဲ့တင်ပေးတယ်။
------------------------------------------------------
5/9/20
10:45 AM
Continue Reading
You'll Also Like
8.1K 989 19
Shen Ricky ( Shen Quanrui ) ร— Kim Jiwoong แ€’แ€ซแ€œแ€ฎแ€™แ€ผแ€ญแ€ฏแ€ทแ€™แ€พแ€ฌแ€แ€ปแ€šแ€บแ€›แ€ฎแ€แ€ฝแ€ฑแ€™แ€›แ€พแ€ญแ€แ€ฑแ€ฌแ€ทแ€›แ€„แ€บ แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€–แ€ฝแ€„แ€ทแ€บแ€•แ€ผแ€ฑแ€ฌแ€™แ€พแ€ฌแ€•แ€ซ แ‹
41.9K 3.2K 28
This isn't my creation.I'm just a translator.๐Ÿ’โ€โ™‚๏ธ #Crd to original author.
52.4K 2K 64
A cute story where Kageyama is a ghost. I haven't written a fan-fic in ages and I've never written on here so here we go ! This will most likely be...
8.3K 222 15
The lyrics here are for "The Untamed" OST. The English translations in this book are not mine. I copied from online for offline reading and to use th...