Marriage Life ( ChanHun )
By Xunqithaw
129K 13.6K 3.2K
This fiction contain rude words and rated sence .Don't read under 18 person.Specialized advice you may not li... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
Final Episode ( Zawgyi )
Final Episode ( Unicode )
α€™α€±α€¬α€„α€Ία€·α€žα€Šα€Ία€Έα€„α€šα€Ί / α€±α€™α€¬α€„α€Ήα€·α€žα€Šα€Ήα€Έα€„α€šα€Ή
20
2.1K 232 33
By Xunqithaw
*မချစ်တော့တာမဟုတ်ဘူး ကိုကို
ဟွန်း အရမ်းပင်ပန်းနေပြီ
ကိုကို့ကိုချစ်ရတာပင်ပန်းနေပြီ *
+ Marriage Life +
လူခေါ်ဘဲလ်ခလုတ်ကိုနှိပ်ဖို့လုပ်နေတာတင်
အတော်ကြာနေပြီ။တကယ်တမ်းထွက်လာပေမယ့်ကြောက်တယ်။ကိုကိုအဲ့အိမ်မှာတကယ်
ရှိနေရင်ဘယ်လိုလုပ်ရမလည်း။တစ်ညလုံး
အိပ်လို့မရခဲ့။အတွေးပေါင်းစုံကသူ့ကိုနှိပ်စက်နေခဲ့သည်။ကိုကိုသူ့ကိုစွန့်လွှတ်ခဲ့ရင်ဆိုတာကြီးကအတော့်ကိုသွေးပျက်ကြောက်ရွံစေသည်။
နောက်ဆုံးညဦးပိုင်းဝင်လာခဲ့သောဖုန်းထဲက
သူမရဲ့စကားတို့ကိုသူခွန်းတုံ့ပြန်ခဲ့သည်။
မဖြစ်နိုင်ဘူး ဆိုသောစကားကိုထပ်တလဲလဲငြင်းဆိုတော့သူမဆီကမယုံရင်မင်းလာကြည့်
ရဲလားဆိုသောစကားကိုသက်သေပြပြီး
သူမနေထိုင်ရာတိုက်ခန်းရှေ့ရောက်လာခဲ့သည်။
မိမိရဲ့တိုင်ပင်ရာဝမ်းဗိုက်ထဲကအမြွှာလေးတွေကိုငုံ့ကြည့်ရင်းပြောလိုက်မိတယ်။
အန်တီကလိမ်ပြောနေတာ ကလေးလေးတို့
Daddy ကဒီမှာမရှိဘူး Papa ကသူ့အပြောမယုံဘူးဆိုတာသက်သေပြဖို့လာတာ သိလား။
တစ်ညလုံးနီးပါးငိုခဲ့တာမို့မျက်လုံးတို့ကမို့ဖောင်းကာပိတ်လုနီးပါး။ခုချိန်သာကိုကိုမြင်ရင်သူ့ကိုရုပ်ဆိုးလေးလို့စများနေမလား။
အဲ့လိုတွေးမိသေး။
နောက်ဆုံးငါရောက်တောင်ရောက်နေပြီဘဲ။
ဘာလို့လှည့်ပြန်စရာအကြောင်းရှိ။
စိတ်အားတင်းကာခလုတ်ကိုဖိလိုက်သည်။
ခဏအကြာတံခါးပွင့်လာသည်။
ပါးလှပ်သောညဝတ်ဂါဝန်ကိုဝတ်ဆင်ထားသောသူမ။ဆံပင်ရှည်တွေကိုဖီးနေရင်းတံခါး
ဖွင့်ပေးပုံရသည်။
"အို လာသားဘဲ
တို့ကမင်းမလာရဲလောက်ဘူးလို့ထင်တာ
လာပါ ထိုင်အုံး
ချန်း မနိူးသေးဘူး
ဟင်း ဟင်း မိုးလင်းခါနီးမှသူအိပ်တာဆိုတော့ "
စကားပြောနေရင်းသူမဆံပင်တို့ကိုဆံထုံးထုံးလိုက်တော့မြင်လိုက်ရတာတွေက...
ဆယ်ဟွန်း နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
"ဟင့် ချန်းကသိပ်ဆိုးတာဘဲ
မင်းနဲ့ဆိုရင်ဘယ်နှစ်ခေါက်ပြီးလည်းမသိ
တို့နဲ့ဆိုတညလုံးနီးပါး...."
သူမကိုထပြီးရိုက်ပစ်ချင်စိတ်ပေါ်လာသည်။
မိန်းမတန်မဲ့စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ
ကုန်ခမ်းနေပြီ။အဲ့လောက်တောင်... ပြောပြဖို့
လိုသလား။
ဒါပေမယ့်လည်းသူလက်မခံနိုင်ဘူး။
ကိုကိုဒီအိမ်မှာမရှိဘူးလို့သက်သေပြငြင်းချင်သေးတယ်။
"အစ်မ ညကပြောတာမဟုတ်တာတွေမလား
ကိုကို ဒီမှာမရှိဘူးမလား "
"ဟင့် ဟင့် မင်းကသိပ်ရီရတယ်
မင်းကိုသနားလည်းသနားပါရဲ့
ငါကမဟုတ်ဘဲပြောမလား
မယုံရင်လည်းသက်သေပြမယ်
ခဏစောင့်သူ့ကိုသွားနိုးလိုက်မယ် "
ကျွန်တော်လောက်ရူးသွပ်သူရှိမယ်မထင်တော့။ဘာသတ္တိနဲ့ဒီကိုရောက်လာခဲ့မိတာလည်း။လှည့်ပြန်လိုက်သင့်လား။
တကယ်ကိုကိုရှိနေရင်ရောငါဘယ်လိုလုပ်ရမလည်း။ကိုကိုငါ့ကိုစိတ်ဆိုးသွားရင်ရော။
"ချန်း ထတော့ဆို....
ချန်း...... "
ဆယ်ဟွန်းထိုင်နေရာကထရပ်လိုက်သည်။
ဟုတ်တယ် ငါရူးနေလို့လာမိတာ။
ပြန်ရမယ်။ကိုကိုထွက်မလာခင်ပြန်ရမယ်။
"ကျစ် ဘာလည်းကွာ
မနက်အစောကြီးရှိသေး
အာရုံနောက်တယ် "
"ချန်း ကလည်းကိစ္စရှိလို့ပါဆို "
အောက်ပိုင်းဘောင်းဘီအတိုသာပါပြီး
အိပ်မှုံစုတ်ဖွားပုံနဲ့ထွက်လာသော ကိုကို
"ဘာလည်းဆွန်းမီရာ "
"ချန်းကလည်း "
မျက်စိရှေ့တင်ကိုကို့ပခုံးကိုသိုင်းဖက်ကာ
ရင်ဘတ်ချင်းကပ်ကာပွတ်သတ်နေသောသူမ
ဆယ်ဟွန်းသည်ဤကမ္ဘာတွင်အရူးဆုံးလူသားဖြစ်လိမ့်မယ်။ဒီလိုကိစ္စကိုမှမိမိမျက်စိ
အမြင်နဲ့မှသက်သေပြုရဲတယ်။ကိုကိုတို့ကိုဆက်မကြည့်ချင်တော့။သတ္တိမရှိသူလို့
သတ်မှတ်ပါစေတော့။လာရာလမ်းဆီလှည့်ပြန်ဖို့သာပြင်လိုက်တော့သည်။
ဒုန်း
အာ့ ရှီး ဒီမျက်ရည်ကြောင့်ခုံကြီးတစ်ခုလုံးမမြင်တော့ဘူး။ဆယ်ဟွန်းမျက်ရည်သုတ်ရင်း
ဆက်သွားလိုက်သည်။
ဆွန်းမီဘာဖြစ်နေတာလည်းဆိုပြီးချန်းယောလ်တွန်းထုတ်ရင်းကြားလိုက်ရသောအသံကြောင့်အကြည့်...
"ဟင် ဟွန်းငယ်
ဆွန်းမီ  မင်း  .... "
"သူကအလည်လာချင်တယ်ဆိုလို့ဖိတ်လိုက်တာလေ ချန်း ရဲ့ ဟင့် ဟင့် "
သူ့လက်မောင်းကိုမှီတွယ်လာသောသူမကိုတွန်းထုတ်ကာ ဟွန်းငယ် ဆီသွားလိုက်သည်။
"ဟွန်းငယ် ဒါက "
သူလှမ်းဆွဲလိုက်တာကိုအတင်းရုန်းထွက်သည်။
"ဟွန်းငယ် "
"ကိုကို  ....."
ဆယ်ဟွန်း အသံဆက်မထွက်နိုင်တော့။
ဝမ်းနည်းစိတ်ကြောင့်ထိန်းမရနိုင်ရှိုက်ကြီးတငင်ငိုမိပြီ။
"ကျစ် ဟွန်းငယ်
ခဏလေး ကိုကိုနဲ့တူတူပြန်မယ် "
အခန်းထဲပြန်ဝင်သွားသော ကိုကို
ဘာမှမပြောချင်တော့။ရင်ထဲနာလိုက်တာ။
သူထိုအခန်းကထွက်လာလိုက်သည်။
ချန်းယောလ်အင်္ကျီအမြန်ဝတ်ကာဟွန်းငယ်
နောက်အမှီလိုက်ဖ်ို့လုပ်ရသည်။
"ဆွန်းမီ မင်းနဲ့နောက်မှစာရင်းရှင်းမယ်"
ရီနေသောသူမကိုရန်မဖြစ်နိုင်တော့။
ထွက်သွားသောသူနောက်အမှီလိုက်ရမယ်။
ဆယ်ဟွန်းကိုလူတွေကြည့်နေတယ်။
ငိုတဲ့လူကိုသူတို့မမြင်ဘူးတာလား။
လမ်းမှာလည်းဟိုဒီဝင်တိုက်ရင်းနောက်ဆုံး
လူတယောက်နဲ့ဝင်တိုက်မိရင်းဖင်ထိုင်ရက်လဲမှအဆုံးသတ်တော့သည်။
ချန်းယောလ်ဟိုဒီလိုက်ရှာနေရင်းကားမှတ်တိုင်နားရောက်လာသည်။
တွေ့ပါပြီ။လမ်းမထက်ထိုင်ချလို့ငိုနေသော
ဟွန်းလေး။
"ဟွန်းလေး "
ကိုကို့ခေါ်သံနဲ့အတူပွေ့ဖက်ခြင်းခံလိုက်ရသည်။
"ဘာလို့လာရတာလည်း
မင်းအရူးလား "
ဟွန်း မျှော်လင့်ခဲ့တာဒီလိုစကားမဟုတ်ဘူး ကိုကို
"ဟုတ်တယ် ဟွန်းက ရူးနေတာ
ရူးနေလို့လာအတည်ပြုတာ
ရပြီလား ရပြီလား "
သူ့ရင်ဘတ်ကိုထုကာငိုယိုပြောနေသော
ကောင်လေးအငိုတိတ်အောင်ချန်းယောလ်
ဘယ်လိုချော့ရမလည်း။
"လွတ် ဟွန်းမှာခြေထောက်ပါတယ်
ကိုယ့်ဘာသာလမ်းလျောက်လို့ရတယ် "
ပွေ့ချီဖို့ပြင်နေသောကိုကို့လက်မောင်းကိုတွန်းထုတ်ကာထရပ်လိုက်သည်။
"ဟွန်း ကိုယ်.... "
"တော်ပါတော့ဗျာ
အလိမ်အညာစကားဆိုမပြောပါနဲ့တော့
ဒီလောက်ဆိုသိတယ်
ဟွန်း အကုန်သိတယ်
မသိချင်ယောင်ဆောင်ခဲ့တယ်
ရပြီလား
ကိုကို့ ကိုလက်လွတ်မပေးနိုင်လို့မသိချင်ယောင်ဆောင်ခဲ့တာ "
သူ့ကိုတွန်းဖယ်ကာထွက်ခွာသွားသော
ဟွန်းလေး...
ချန်းယောလ်လက်ကိုဖမ်းဆွဲလည်းရိုက်ပုတ်ထုတ်သည်။
"လွတ်ပေးပါ
ခုကျွန်တော့်စိတ်ကိုအနားပေးပါရစေ ကိုကို
အရမ်းပင်ပန်းနေပြီ ခဏလောက် ခဏလောက်တော့နားခွင့်ပေးပါ "
တဖြည်းဖြည်းနဲ့ဝေးကွာသွားသောကျောပြင်လေးကသူ့မျက်ကွင်းထဲပျောက်သွားလေပြီ။
ချန်းယောလ် ဆံပင်ထဲလက်ထဲကုတ်ဖွလိုက်ရင်းလေပူတို့သာမှုတ်ထုတ်မိပြီ။
ဘယ်လိုလုပ်ရမလည်း။
ငိုရလွန်းလို့ခေါင်းတွေကိုက်လာသည်။
ဘယ်ဆီရောက်လို့ရောက်တယ်မသိ
ခြေဦးတည့်ရာလျောက်လာခဲ့မိတယ်။
ဝမ်းဗိုက်ဆီကဆာလောင်မှုအချက်ပြမှအသိဝင်ကာလမ်းဘေးတစ်နေရာငုတ်တုတ်ချထိုင်မိသည်။ခြေထောက်ညောင်းလိုက်တာ။
"Papa ကအရူးလိုဘဲနော် ကလေးလေးတို့ "
ပေါင်မုန့်စားလိုက်နို့စုပ်သောက်လိုက်
ငိုလိုက်နဲ့သူတကယ်ရူးနေခဲ့တာ။
သူမစားချင်ပေမယ့်အထဲကသန္ဓေသားလေးတွေဆာနေရှာမယ်။စိတ်မပါလည်းစားရတယ်။သူအခုဘာမှလုပ်ကိုင်ချင်စိတ်တောင်မရှိ။ဘေးဘီကြည့်တော့ပန်းခြံတစ်ခုထဲသူဝင်ထိုင်နေမိတာ။
အတန်ကြာငူငိုင်ထိုင်နေရင်းရှေ့ဘာဆက်လုပ်ရမလည်းတွေးမိသည်။
ရေရှည်ခရီးအတွက်အခုလိုဆက်လျောက်လို့ဖြစ်ပါ့မလား။
အခုမှချမ်းအေးသလိုသူခံစားလာရသည်။
ဟုတ်တာဘဲ သူ့ကိုယ်ပေါ်မှာရှပ်လက်ရှည်လေးဘဲဝတ်ထားတာ။
မဖြစ်ဘူး ပြန်ရမယ်။သူအအေးပက်လို့မဖြစ်။
ကလေးနဲ့ကအလွယ်တကူဆေးသောက်လို့မဖြစ်ဘူး။
"တောင်းပန်ပါတယ် ကလေးလေးတို့ရေ
Papa သတိလက်လွတ်လုပ်နေမိလို့ "
စိတ်ဆင်းရဲပြီးသွားစရာနေရာကလည်းမရှိ
နောက်ဆုံး အိမ်ကိုသာပြန်လာရသည်။
ကိုကို့မျက်နှာကိုလတ်တလောမတွေ့ချင်ဘူး။
အစ်မဆွန်းမီနဲ့မနက်ကပုံရိပ်ကြီးပြန်မြင်နေရတယ်။ပြန်တွေးတော့သူမျက်ရည်ဝဲလာပြန်သည်။
😢😢😢😢😢😢😢😢😢😢😢😢😢😢
+ Marriage Life +
အဲ့လိုတွေးမိသေး။
ဖွင့်ပေးပုံရသည်။
"အို လာသားဘဲ
လာပါ ထိုင်အုံး
ချန်း မနိုးသေးဘူး
လိုသလား။
ငါကမဟုတ်ဘဲပြောမလား
"ချန်း ထတော့ဆို....
ချန်း...... "
"ကျစ် ဘာလည်းကွာ
မနက်အစောကြီးရှိသေး
အာရုံနောက်တယ် "
"ဘာလည်းဆွန်းမီရာ "
"ချန်းကလည်း "
ဒုန်း
ဆက်သွားလိုက်သည်။
"ဟင် ဟွန်းငယ်
ဆွန်းမီ မင်း .... "
"ဟွန်းငယ် ဒါက "
"ဟွန်းငယ် "
"ကိုကို ....."
"ကျစ် ဟွန်းငယ်
ဘာမှမပြောချင်တော့။ရင်ထဲနာလိုက်တာ။
နောက်အမှီလိုက်ဖ်ို့လုပ်ရသည်။
ဟွန်းလေး။
"ဟွန်းလေး "
"ဘာလို့လာရတာလည်း
မင်းအရူးလား "
ရပြီလား ရပြီလား "
ဘယ်လိုချော့ရမလည်း။
"ဟွန်း ကိုယ်.... "
"တော်ပါတော့ဗျာ
ဒီလောက်ဆိုသိတယ်
ဟွန်း အကုန်သိတယ်
ရပြီလား
ဟွန်းလေး...
"လွတ်ပေးပါ
ဘယ်လိုလုပ်ရမလည်း။
မဖြစ်ဘူး ပြန်ရမယ်။သူအအေးပက်လို့မဖြစ်။
20/8/20
7:36 PM
Continue Reading
You'll Also Like
6K 155 36
BEFORE YOU WRITE A HATE COMMENT: Yes, I know that these are real people. That thought has occured to me many, many, many times. But, until other peop...
69.9K 3.3K 15
our love was efflorescent but short lived γ€Š efflorescence; blooming 》 Started; 6. November 2015 Ended; 16. November 2015 2015...
5.5K 679 13
No No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.OΛ™Λ™1522023Λ™Λ™ E.OΛ™Λ™532023Λ™Λ™
12K 1.2K 18
A Burmese fiction of VegasPete