အသက်ထက်ပို​သော(Completed)

By PannWintHlwar

520K 36.8K 1.8K

တစ်ရက်မှာတစ်ည ၊ တစ်ညမှာတစ်ခဏ​က​လေးက သူ့အတွက်တစ်ဘဝဖြစ်လာမယ်ဆိုတာ သူဘယ်တုန်းကမှ​တွေးထင်မထားမိပါ ။ တစ္ရက္မွာတစ္ည... More

အသက်ထက်ပို​သော(၁)
အသက်ထက်ပို​သော(၂)
အသက်ထက်ပို​သော(၃)
အသက်ထက်ပို​သော(၄)
အသက်ထက်ပို​သော(၅)
အသက်ထက်ပို​သော(၆)
အသက်ထက်ပို​သော(၇)
အသက်ထက်ပို​သော(၈)
အသက်ထက်ပို​​သော(၉)
အသက်ထက်ပို​သော(၁၀)
အသက်ထက်ပို​သော(၁၁)
အသက်ထက်ပို​သော(၁၂)
အသက်ထက်ပို​သော(၁၃)
အသက်ထက်ပို​သော(၁၄)
အသက်ထက်ပို​သော(၁၅)
အသက်ထက်ပို​သော(၁၆)
အသက်ထက်ပို​သော(၁၇)
အသက်ထက်ပို​​သော(၁၈)
အသက်ထက်ပို​သော(၁၉)
အသက်ထက်ပို​သော(၂၀)
အသက်ထက်ပို​သော(၂၁)
အသက်ထက်ပို​သော(၂၂)
အသက်ထက်ပို​သော(၂၃)
အသက်ထက်ပိုသော(၂၄)
အသက်ထက်ပိုသော(၂၅)
အသက်ထက်ပိုသော(၂၆)
အသက်ထက်ပိုသော(၂၇)
အသက်ထက်ပိုသော(၂၈)
အသက်ထက်ပိုသော(၂၉)
အသက်ထက်ပိုသော(၃၀)
အသက်ထက်ပိုသော(၃၁)
အသက်ထက်ပိုသော(၃၃)
အသက်ထက်ပိုသော(၃၄)
အသက်ထက်ပိုသော(၃၅)
အသက်ထက်ပိုသော(၃၆)
အသက်ထက်ပိုသော(၃၇)
အသက်ထက်ပိုသော(၃၈)
အသက်ထက်ပိုသော(၃၉)
အသက်ထက်ပိုသော(၄၀)
အသက်ထက်ပိုသော(၄၁)
အသက်ထက်ပိုသော(၄၂)
အသက်ထက်ပိုသော(၄၃)
အသက်ထက်ပိုသော(၄၄)
အသက်ထက်ပိုသော(၄၅)
အသက်ထက်ပိုသော(၄၆)
အသက်ထက်ပိုသော(၄၇)
အသက်ထက်ပိုသော(၄၈)
အသက်ထက်ပိုသော(၄၉)
အသက်ထက်ပိုသော(၅၀)

အသက်ထက်ပိုသော(၃၂)

7.4K 795 39
By PannWintHlwar

Unicode🍑

သျှင်းဒီနေ့ညအိမ်ပြန်နောက်ကျတာကို မအိပ်ဘဲကိုကို့ကိုစောင့်နေပါမယ်ဆိုတဲ့ကလေးငယ်ရာရာလေးက ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေသည် ။ သျှင်း မနှိုးရက်လို့ ပွေ့ချီပြီးအခန်းထဲခေါ်သွားမယ်လုပ်ပေမဲ့ သူ့လက်ထဲမှာကလေး ငယ်ကနိုးလာသည် ။

"ဟင် ..... ကိုကို ဘယ်တုန်းကပြန်ရောက်နေတာလဲ ၊ ရာရာ့ကိုဘာလို့မနှိုးတာလဲ ....."

"ကလေးလည်းစာတွေကျက်ထားရတာ ကိုယ့်ထက်ပိုပင်ပန်းတယ်လေ ၊ ကိုယ်ကအလုပ်လုပ်တယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါအလိုက်စဥ်းစားပြီးလုပ်သွားရုံပဲလေ ၊ ကိုကို့ကလေးလေးပင်ပန်းနေတာ ကိုကိုမနှိုးရက်လို့ပါ" {A/Nအစ်ကိုရေ ရိုးရိုးလေးမနှိုးရက်လို့ပါလို့ပြောလို့မရဘူးလား.....ဒီကရည်းစားမရှိတဲ့ကျယ်မနာကျင်နေဘီ ......:) }

"ကိုကိုမနက်ဖြန်လေ ရာရာ့ကိုကျောင်းလာကြိုပေးလို့မရဘူးလားဟင် ၊ မနက်လည်းလိုက်ပို့လို့မရဘူးလားဟင် ...."

"ရတာပေါ့ကလေးရဲ့ ၊ ကိုကိုကလေနေ့တိုင်းအကြိုအပို့လုပ်ချင်တာ ကလေးကျောင်းမှာအနေခက်နေမှာစိုးလို့မပြောတာ"

"အဲ့တာဆိုရာရာ့ကိုအကြိုအပို့နေ့တိုင်းလုပ်ပေးပါလား နော် ......"

တစ်ခါမှဒီလိုမပြောဖူးတဲ့ကလေးငယ်ကပြောလာတော့ သျှင်းစိတ်ထဲနည်းနည်းထင့်သွားသည် ။ ကလေးတစ်ခုခုများဖြစ် ထားလေသလား ။ ကလေးကိုအနှောက်အယှက်ပေးမယ့်သူရှိနေလို့လား ။

"ကိုကိုရေအရင်ချိုးလိုက်ဦးမယ်နော် ......"

"ဟုတ် ...... ကိုကိုဗိုက်ဆာနေသေးလားဟင် ၊ ရာရာ ကိုကို့အတွက်ဘာလုပ်ထားပေးရမလဲ ......"

"ကိုကိုဘာမှမစားတော့ပါဘူး ......"

ရာရာလေး ကုတင်ပေါ်မှာစောင်လေးခြုံပြီး ဖုန်းခဏကြည့်နေလိုက်သည် ။ ဖုန်းကြည့်နေရင်းနဲ့ ကျောင်းကကိစ္စကိုပြန် တွေးနေမိသည် ။

"ဒါဆိုငါတို့သွားမယ်နော် တာ့တာ ......."

ဘရဏီတို့အဖွဲ့ကမုန့်စားဖို့အတွက်သပ်သပ်ထွက်သွားကြသည် ။ ရာရာလေးကမလိုက်ချင်တော့လို့ ကားပါကင်ကိုဆင်း လာခဲ့လိုက်သည် ။ သူ့ကားအနားမှာအမျိုးသမီးတစ်ယောက်ရပ်နေတာကိုသူလှမ်းတွေ့လိုက်သည် ။ သူလန့်သွားပြီး ......

"ဒေါ်လေး ....."

သူပြန်လှည့်ထွက်ချင်ပေမဲ့ နောက်ကျသွားခဲ့သည် ။ ဒေါ်လလေးကသူ့ကိုမြင်သွားပြီဖြစ်သည် ။

"ဟေ့ သူဌေးလေးမင်းစေရာ ......."

ဒေါ်လေးကသူ့ဆီဖြည်းဖြည်းချင်းစီလျှောက်လာပြီး သူ့အနားကိုရောက်လာသည် ။ ကားပါကင်ဆိုသည်မှာလည်း ကားအဝင်အထွက် လူသွားလူလာရှားပါးလှသည့်နေရာြဖစ်သည် ။ ရာရာ ကျန်တာရင်ဆိုင်ရဲပေမဲ့ ‌ဒေါ်လေးကိုတော့ သူကြောက်သည် ။ သူ့ကိုမကောင်းတဲ့သူတွေလက်ထဲကိုတစ်ခါရောင်းစားဖူးသည့်အတွက်‌ နောက်တစ်ခါဆို ဘယ်လိုလုပ်မလဲဆိုတာ ဘယ်သူကကြိုသိနိုင်မှာလဲ ။

"ကဲ ဘာလို့အဲ့လောက်တောင်ကြောက်နေရတာလဲ ၊ ဒေါ်လေးလေ မင်းအဒေါ်ပါ ....."

"‌ဒေါ် ....ဒေါ်လေးက ဘာ ..... ဘာကိစ္စရှိလို့လဲ ......"

"ဪ ဘာကိစ္စရှိရမှာလဲ ...... ကိုယ့်တူလေးဆီလာတာပဲ မလာရဘူးလား ၊ ကြည့်ပါဦး အရင်ကထက်ပိုပြီးကြည့်ကောင်း လာလိုက်တာ ၊ ပိုပြီးနုလာတာပဲငါ့တူလေးက ......"

"ဒေါ်လေးလာရင်းကိစ္စကိုပဲပြောပါ ......"

"ကဲ ဟုတ်ပြီလေ တည့်တည့်ပဲပြောတော့မယ် ၊ သိန်း၃၀၀ရာလိုချင်တယ် သုံးရက်အတွင်း ချေးတာပါ ပွားလာရင်ပြန် ဆပ်မှာ ....."

"ဟင့်အင်း သားမှာအဲ့လောက်ပိုက်ဆံမရှိဘူး ....."

"အို ...... မင်းစေရာ နင်ယူထားတာဆင်းရဲသားလား သေချာပြန်စဥ်းစားပါဦး ......"

ရာရာလေးရဲ့ခေါင်းကိုလက်ညှိုးနဲ့ထိုးရင်းပြောသည် ။ ရာရာလေးကတော့ စာအုပ်ကလေးတွေပိုက်ပြီး ကြောက်လို့ လှုပ်တောင်မလှုပ်နိုင် ။

"ဟင့်အင်း ကိုကို့ပိုက်ဆံတွေကအလကားရထားတာမဟုတ်ဘူး ၊ ကိုကိုပင်ပင်ပန်းပန်းရှာထားရတာ အဲ့ဒါတွေက ဒေါ်လေးအတွက်မဟုတ်ဘူး ....."

"မင်းစေရာ သေချာနားထောင် အဲ့ပိုက်ဆံတွေမရရင် ငါ့အကြောင်းသိတယ်နော် ၊ နင့်ဆီကအကြောင်းပြန်လာတာကို စောင့်နေမယ် ......"

ရာရာပြန်တွေးမိပြီး စိတ်ထဲလေးလံလာသည် ။ ဒေါ်လေးရဲ့အကြွေးတွေအားလုံးကို ကိုကိုကဆပ်ပေးထားတာတောင် အရမ်းကိုများနေပြီ ။ အခုလိုပေးဖို့ဆိုတာ ကိုကိုကလိုလိုလား လားပေးရင်တောင် ရာရာဘယ်နည်းနဲ့မှမပေးနိုင်ဘူး ။

"ဘာဘောတွေတွေးနေလို့ကိုယ်ခေါ်တာတောင်မကြားရတာလဲကလေးရဲ့ ......"

"အာ ဆောရီး ကိုကိုဘာပြောလိုက်တာလဲဟင် ......"

"Hmm ကလေးမျက်နှာမကောင်းတာကိုကိုပြန်လာကတည်းကသတိထားမိတယ် ၊ ဘာစိတ်ညစ်စရာရှိလို့ လဲကလေး ၊ ကိုကို့ကလေးကမညာတတ်ဘူးနော် ဟုတ်တယ်မလား ....."

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းစာတွေပြန်စဥ်းစားကြည့်နေတာပါ ..... အိပ်ချင်နေပြီ အိပ်ရအောင်လေ နော် ......"

"ကလေး ......"

"လာပါကိုကိုရာ .... ရာရာဘာမှမဖြစ်ပါဘူး ၊ မနက်ဖြန်ကိုကိုလိုက်ပို့မှာအရမ်းပျော်နေပြီ ....."

သူ့ကိုစကားလမ်းကြောင်းလွှဲပြီး သူ့ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ကလေးငယ်ကိုသူစိတ်ပူသည် ။ ကလေးမျက်နှာသိပ် မကောင်းတာသူသိသည် ။ ဘာတွေက သူ့ကလေးငယ်ကိုအနှောက်အယှက်ပေးနေတာလဲသူစုံစမ်းမှဖြစ်တော့မည် ။

"ကလေးရေသွားမယ်လေ ၊ ဘာတွေအဲ့လောက်တောင်ပြင်ဆင်နေရတာလဲကလေးရေ ......"

"လာပြီကိုကို"

အပေါ်ထပ်ကနေပြေးဆင်းလာတဲ့ကလေးငယ်ကလေ ဘယ်နှစ်ခါပြောပြောမရဘူး ။

"ကလေးရေ ‌လှေကားကဆင်းရင်ပြေးမဆင်းပါနဲ့လို့ကိုကိုပြောထားတယ်လေကွာ ....."

"ခစ်ခစ် နောက်မပြေးတော့ဘူး ၊ စိတ်မဆိုးနဲ့နော် ...."

"မဆိုးရက်ပါဘူးဗျာ ......."

မနေ့ညကလိုမျက်နှာလေးညှိုးနွမ်းမနေတော့ဘဲ နည်းနည်းလန်းလန်းဆန်းဆန်းလေးဖြစ်နေလို့ သျှင်းစိတ်ပူနေတာနည်း နည်းတော့သက်သာရာရသွားသည် ။ ရာရာလေးရဲ့ပါးလေးကိုနမ်းပစ်လိုက်ပြီး ခါးပတ်ပတ်ပေးလိုက်သည် ။ ရာရာလေး သဘောကျနေမှန်း မျက်နှာလေးကိုကြည့်ရုံနဲ့တင်သိသည် ။

"ကိုကို ညနေလည်းလာကြိုနော် နော် ....."

"ဟုတ်ပါပြီကလေးရဲ့ ကိုကိုလာကြိုမှာပါ"

"ရာရာစောင့်နေမယ်နော်"

ရာရာလေးကဒီလိုတွေအရင်ကမပြောတတ်ပါ ။ သျှင်း ပိုပြီးစိတ်ပူလာသည် ။ ရာရာလေးကိုသေချာစောင့်ကြည့်ရမယ် လို့သူတွေးလိုက်သည် ။

"ကိုကိုညနေလာကြိုမယ် သွားတော့ အဆောင်ထဲဝင်တော့ ....."

ရာရာလေးကသျှင်းနှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်ပြီးကားပေါ်ကနေပြေးဆင်းသွားသည် ။ ရာရာလေးကသူနဲ့ဘယ် လောက်အနေနီးနီး အမြဲရှက်နေတာပါပဲ ။ တွဲတာတစ်နှစ်မပြည့်သေးခင်လက်ထပ်ခဲ့ကြပေမဲ့ ရာရာလေးကိုအချစ်ပေါ့ သွားတာမရှိ ။ လက်ထပ်ပြီးလို့ တစ်ယောက်နဲ့တစ်ယောက်လျစ်လျူရှုတာတွေမရှိဘဲ နေ့တိုင်းနွေးနွေးထွေးထွေးနဲ့ အရမ်းပျော်ဖို့ကောင်းလှပါသည် ။ ဘယ်အရာကိုမှမဖုံးကွယ်တတ်တဲ့ရာရာလေးကအခုတော့တစ်ခုခုကိုဖုံးကွယ်ထား သည် ။ သူရုံးကိုမသွားတော့ဘဲ ကျောင်းရှေ့မှာသာတစ်နေ့လုံးထိုင်စောင့်နေပါတော့သည် ။

"ဟက် မင်းစေရာ နင်ကငါ့ကိုအခုလိုပစ်ပယ်လိုက်တာပေါ့လေ ....."

သျှင်းတစ်နေကုန်စောင့်နေပေမဲ့လည်း ဘာမှတော့မထူးခြားပါ ။ သံသယဖြစ်စရာတစ်စုံတစ်ရာမတွေ့ရ ။ သူဖုန်းကို ကြည့်နေရင်းနဲ့မျက်လုံးထဲမှာ ဒေါ်ယမင်းဖြူကိုတွေ့လိုက်သလိုဖြစ်သွားသည် ။ မဖြစ်နိုင်လောက်ပါဘူးလို့နေပေမဲ့ ရာရာလေးမျက်နှာမကောင်းဖြစ်နေရတာနဲ့ဆက်စပ်တွေးမိပြီး ကားပေါ်ကဆင်းကာဒေါ်ယမင်းဖြူကို လိုက်ရှာမိပါ တော့သည် ။ သျှင်းနဲ့မျက်နှာချင်းဆိုင်တွေ့ပါတော့သည် ။

"ဪ ဘယ်သူများလဲလို့ မောင်သျှင်းမြတ်ပါလား"

"ခင်ဗျားဖြစ်နေမယ်လို့လုံးဝထင်မထားခဲ့မိဘူး ၊ ကလေးကိုနှောက်ယှက်နေတာခင်ဗျားလား"

"အိုးမိုင်‌ဂေါ့ နှောက်ယှက်တယ်လို့မသုံးပါနဲ့ ၊ တို့ကတူလေးကိုလာတွေ့ရုံပါပဲ"

"တော်စမ်းပါ ၊ ကိုယ့်တူလေးကိုရောင်းစားလိုက်တဲ့သူကအဲ့စကားထွက်တာအရမ်းအံ့ဩမိတယ်ဗျာ"

"ကဲပါ မင်းစေရာကမင်းကိုလွှတ်လိုက်မယ်လို့ငါထင်တောင်မထင်ထားဘူး ၊ အရမ်းသတ္တိနည်းတဲ့ကောင်လေးပဲ ၊ အမေတူသားလေး"

"ခင်ဗျားပါးစပ်ကိုပိတ်လိုက်တော့ ၊ ခင်ဗျားဘယ်လောက်လိုချင်တာလဲပြော"

"သိန်း၃၀၀တည်းပါ ၊ မင်းအတွက်အဲ့ပိုက်ဆံတွေကတစ်ထောင်လောက်ပဲရှိမှာပါ ဟုတ်တယ်မလား"

"ကိုကို !"

ရာရာလေးသူတို့နှစ်ယောက်အနားကိုရောက်လာသည် ။ သူ့လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး ......

"တော်ပြီကိုကို တော်သင့်ပြီ ၊ မပေးနဲ့တော့ မပေးပါနဲ့တော့ ၊ ရာရာတောင်းပန်ပါတယ် ၊ ရာရာမျက်နှာပူလှပြီကိုကိုရယ် ၊ ရာရာရဲတိုင်ထားတယ် ၊ ခဏနေရင်သူတို့ရောက်လာပြီးစစ်ဆေးကြလိမ့်မယ်"

"မင်းစေရာ နင်တော်တော်တတ်နေတာလား !!!!"

"ဒေါ်လေးလိုအဒေါ်မျိုးသားမှာမရှိဘူး ၊ သားအဒေါ်မဟုတ်ဘူး ၊ ဒေါ်လေးရဲ့အိမ်ထောင်စုစာရင်းထဲကသားထွက်မှာမို့လို့ သားဒေါ်လေးနဲ့ဘာမှမတော်စပ်တော့ဘူး"

"မင်းစေရာ !!!! နင် ......"

"ကိုကို ရဲတွေလာရင်အရာအားလုံးပြီးသွားတော့မှာပါ"

လောင်းကစားလုပ်နေတဲ့သူတစ်ယောက်အတွက်တော့ ရဲကိုအရမ်းကြောက်သည် ။ ဒေါ်ယမင်းဖြူ ကျောင်းဝင်းထဲကနေ ချက်ချင်းထွက်သွားသည် ။

"ကလေး အဆင်ပြေရဲ့လား ၊ ကိုကို့ကိုဘာလို့မပြောခဲ့တာလဲကွာ ၊ ကိုကိုကကလေးအတွက်အရေးမပါတဲ့သူဖြစ် နေပြီလား"

"မဟုတ်ပါဘူး ၊ ရာရာ့အပေါ်ကိုကိုလုပ်ပေးခဲ့တာတွေအရမ်းများနေပြီ ၊ ဒါပေမဲ့ ရာရာကကိုကို့အပေါ် ဘာတစ်ခုမှ ပြန်မလုပ်ပေးနိုင်သေးဘူး ၊ ရာရာပိုက်ဆံလည်းမရှာနိုင်သေးဘူး ၊ အဲ့လိုအချိန်မှာ ကိုကိုရေသိန်း၃၀၀လောက်ရာရာ့ ကိုပေးပါ ဒေါ်လေးကတောင်းနေလို့ဆိုတဲ့စကားရာရာဘယ်လိုပြောထွက်နိုင်မှာလဲ"

"ကလေးရယ် ....... ဒါပေမဲ့လည်းပြောသင့်တယ်လေ ၊ ကလေးကိုသူတစ်ခုခုထပ်လုပ်သွားရင် ကိုယ်ရင်ကျို ရမှာထက် သိန်း၃၀၀ကဘာမှမပြောပလောက်ပါဘူးကွာ ၊ နောက်ဆိုကိုကို့ကိုပြောပါ ၊ ကိုကိုဘယ်လောက်စိတ်ပူရလဲကလေး သိလား"

"ရာရာတောင်းပန်ပါတယ် ၊ နောက်လည်းဒီလိုကိစ္စတွေရှိလာတော့မှာမဟုတ်တော့ပါဘူး"

"မငိုနဲ့တော့နော် တိတ်တော့ ၊ ကိုကို့ဟန်နီလေးမောနေရပြီ ၊ ဘေဘီလေးဘာစားချင်လဲ"

"ပီဇာစားချင်တယ်"

"ဒါဆိုသွားကြမယ် ၊ လာ ကိုကိုကုန်းပိုးမယ်"

ရာရာလေးကိုကုန်းပိုးပြီး ကားရှိရာဆီကိုပြန်လျှောက်လာခဲ့သည် ။ သူ့ကလေးကအရင်ကထက်ပိုနူးညံ့လာပြီး ပိုပိုပြီး ချစ်ဖို့ကောင်းလာသလိုပဲ ။ သူကပဲအရမ်းချစ်လာလို့လားတော့မသိ ။ အသားအရည်လေးတွေဆိုလည်းနူးညံ့နေရော ။ ကလေးငယ်စားချင်တဲ့ပီဇာသွားစားပြီး ကားလျှောက်မောင်းကာအိမ်ပြန်လာခဲ့ကြသည် ။

"ကိုကိုရေ ....."

"ပြောပါခင်ဗျာ ဘာများအလိုရှိပါသလဲခင်ဗျာ"

"ဟိုလေ ရာရာတို့ကလေးယူကြရအောင်"

"ဪ ကလေးကကလေးမွေးစားချင်လို့လား"

ရာရာလေးခဏငြိမ်ကျသွားသည် ။ ခေါင်းလေးငုံ့သွားတော့ ဘာများဖြစ်သွားလဲလို့သျှင်းလန့်သွားပြီး သူလုပ်နေတဲ့ အလုပ်ကစာရွက်စာတမ်းတွေကိုဘေးချပြီး သူ့ပေါင်ပေါ်မှာရာရာလေးကိုခွထိုင်စေလိုက်သည် ။

"ကလေး ကိုကိုပြောတာအမှားပါသွားလို့လား"

"မဟုတ်ပါဘူး ၊ ရာရာပြောတာကလေ မွေးစားဖို့မဟုတ်ဘူး ၊ ကိုကို့သွေးသားကိုလေရာရာမွေးပေးချင်တာ ၊ ကိုကို့ သွေးသားကိုရာရာလိုချင်တာ"

"ကလေး ကိုကိုဘာမှခွင့်မပြုနိုင်ဘူးနော် ၊ ကလေးစကားကဘယ်ကိုဦးတည်နေလဲကိုကိုသိတယ် ၊ သွားအိပ်တော့ ကိုကိုအလုပ်တွေလုပ်လိုက်ဦးမယ်"

"ကိုကို ရာရာပြောတာဆုံးအောင်နားထောင်ပါဦး နော်"

"သွားအိပ်တော့လို့ကိုကိုပြောနေတယ်နော်"

"ရာရာတို့ကွာရှင်းကြရအောင်ကိုကို"

"ကလေး......."

"ကိုကို့ကလေးကိုရာရာ့ကိုမွေးခွင့်မပေးရင် ရာရာတို့ကွာရှင်းမယ်"

"ကလေး မင်းကွာ ...... မဟုတ်တာကိုကလေးဆန်တဲ့လုပ်ရပ်တွေလုပ်မနေနဲ့"

"ကိုကိုရွေးချယ်လေ ....."

"ကလေး ကိုကို့ကိုသေအောင်လုပ်နေတာလား ၊ ကိုကို့ကိုကြည့်စမ်း ၊ သဘာဝအတိုင်းသာမန်မိန်းကလေးတွေ‌ အတွက်တောင်အရမ်းကိုခက်ခဲတဲ့အရာလေကလေးရဲ့ ၊ အစားထိုးခွဲစိတ်တာဘယ်လောက်အန္တရာယ်များလဲ ကလေး သိလား"

"အခုကနည်းပညာတွေတိုးတက်နေပါပြီကိုကိုရဲ့ ၊ အရှေ့မှာလည်းအောင်မြင်မှုတွေရှိဖူးတယ်ကိုကိုရဲ့"

"မရဘူးကလေး ကျန်တာတော့အလိုလိုက်မယ် ၊ ဒါတော့အလိုမလိုက်နိုင်ဘူး ၊ သွားအိပ်တော့"

"ကိုကို့ကိုမုန်းတယ် !!!!!"

ရာရာလေးစိတ်ကောက်သွားတာ ဒီတစ်ခါအဆိုးဆုံးပါ ။ ကျောင်းပိတ်ရက်နှစ်ရက်မှာ အစားလည်းကောင်းကောင်းမစား ၊ သျှင်းကိုလည်းစကားမပြော သူလုပ်ချင်တာလုပ်ပါတော့သည် ။ သျှင်းလည်းဒီကိစ္စကိုတော့အလျှော့မပေးနိုင်ဘူး ။ ကယ်တမ်းကြာလာတော့ မနေနိုင် မထိုင်နိုင်ဖြစ်လာတာသျှင်းပါပဲ ။

"ကလေး အိပ်တော့မလို့လား"

ကလေးငယ်ကသူ့ကိုစကားတစ်ခွန်းတောင်မပြော ။ အခန်းထဲကထွက်သွားပြီး အောက်ထပ်ကိုဆင်းသွားသည် ။ ရာရာလေးအနောက်ကိုသျှင်းလိုက်သွားသည် ။

"ကလေး ကိုကိုပြောတာနားထောင်ပါဦးကွာ"

ရာရာ့လက်ကိုဆွဲလိုက်ပြီး မျက်နှာချင်းဆိုင်အနေအထားရပ်လိုက်သည် ။

"ကလေး ထမင်းကောင်းကောင်းမစားတာနှစ်ရက်ရှိပြီ ၊ အစာကိုတော့ကောင်းကောင်းစားပါ နော် ၊ ကလေးတစ်ခုခု ဖြစ်သွားရင်ကိုကိုသေမှာ ၊ အစားသေချာမစားရင်ကလေးအားပြတ်သွားလိမ့်မယ်"

ရာရာလေးကသူပြောလို့ပြီးတော့ မီးဖိုချောင်ထဲဝင်သွားသည် ။ သျှင်းဧည့်ခန်းထဲမှာထိုင်နေတုန်း ဖန်ခွက်ကျကွဲသံကို ကြားလိုက်ရသည် ။

"ကလေး !"

သျှင်းမီးဖို‌ချောင်ထဲကိုသွားကြည့်တော့ ရေခဲသေတ္တာရှေ့မှာ လဲကျနေတဲ့ရာရာလေးကိုတွေ့လိုက်ရသည် ။

"ကလေး !!! သတိထားပါဦး ၊ မင်းကွာ ကိုကို့စကားကိုနားမထောင်ဘူး"

ရာရာလေးကတော့အမှောင်ကမ္ဘာထဲမှာအိပ်စက်လျက်...။

ဖတ်ပြီးရင်ဘာလုပ်ရမလဲသိတယ်နော် ဟင်းဟင်း 😏 ။

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

Zawgyi🍑

သွ်င္းဒီေန႕ညအိမ္ျပန္ေနာက္က်တာကို မအိပ္ဘဲကိုကို႔ကိုေစာင့္ေနပါမယ္ဆိုတဲ့ကေလးငယ္ရာရာေလးက ဆိုဖာေပၚမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနသည္ ။ သွ်င္း မႏွိုးရက္လို႔ ေပြ႕ခ်ီၿပီးအခန္းထဲေခၚသြားမယ္လုပ္ေပမဲ့ သူ႕လက္ထဲမွာကေလး ငယ္ကနိုးလာသည္ ။

"ဟင္ ..... ကိုကို ဘယ္တုန္းကျပန္ေရာက္ေနတာလဲ ၊ ရာရာ့ကိုဘာလို႔မႏွိုးတာလဲ ....."

"ကေလးလည္းစာေတြက်က္ထားရတာ ကိုယ့္ထက္ပိုပင္ပန္းတယ္ေလ ၊ ကိုယ္ကအလုပ္လုပ္တယ္ဆိုတာ အေျခအေနနဲ႕ အခ်ိန္အခါအလိုက္စဥ္းစားၿပီးလုပ္သြား႐ုံပဲေလ ၊ ကိုကို႔ကေလးေလးပင္ပန္းေနတာ ကိုကိုမႏွိုးရက္လို႔ပါ" {A/Nအစ္ကိုေရ ရိုးရိုးေလးမႏွိုးရက္လို႔ပါလို႔ေျပာလို႔မရဘူးလား.....ဒီကရည္းစားမရွိတဲ့က်ယ္မနာက်င္ေနဘီ ......:) }

"ကိုကိုမနက္ျဖန္ေလ ရာရာ့ကိုေက်ာင္းလာႀကိဳေပးလို႔မရဘူးလားဟင္ ၊ မနက္လည္းလိုက္ပို႔လို႔မရဘူးလားဟင္ ...."

"ရတာေပါ့ကေလးရဲ႕ ၊ ကိုကိုကေလေန႕တိုင္းအႀကိဳအပို႔လုပ္ခ်င္တာ ကေလးေက်ာင္းမွာအေနခက္ေနမွာစိုးလို႔မေျပာတာ"

"အဲ့တာဆိုရာရာ့ကိုအႀကိဳအပို႔ေန႕တိုင္းလုပ္ေပးပါလား ေနာ္ ......"

တစ္ခါမွဒီလိုမေျပာဖူးတဲ့ကေလးငယ္ကေျပာလာေတာ့ သွ်င္းစိတ္ထဲနည္းနည္းထင့္သြားသည္ ။ ကေလးတစ္ခုခုမ်ားျဖစ္ ထားေလသလား ။ ကေလးကိုအေႏွာက္အယွက္ေပးမယ့္သူရွိေနလို႔လား ။

"ကိုကိုေရအရင္ခ်ိဳးလိုက္ဦးမယ္ေနာ္ ......"

"ဟုတ္ ...... ကိုကိုဗိုက္ဆာေနေသးလားဟင္ ၊ ရာရာ ကိုကို႔အတြက္ဘာလုပ္ထားေပးရမလဲ ......"

"ကိုကိုဘာမွမစားေတာ့ပါဘူး ......"

ရာရာေလး ကုတင္ေပၚမွာေစာင္ေလးၿခဳံၿပီး ဖုန္းခဏၾကည့္ေနလိုက္သည္ ။ ဖုန္းၾကည့္ေနရင္းနဲ႕ ေက်ာင္းကကိစၥကိုျပန္ ေတြးေနမိသည္ ။

"ဒါဆိုငါတို႔သြားမယ္ေနာ္ တာ့တာ ......."

ဘရဏီတို႔အဖြဲ႕ကမုန႔္စားဖို႔အတြက္သပ္သပ္ထြက္သြားၾကသည္ ။ ရာရာေလးကမလိုက္ခ်င္ေတာ့လို႔ ကားပါကင္ကိုဆင္း လာခဲ့လိုက္သည္ ။ သူ႕ကားအနားမွာအမ်ိဳးသမီးတစ္ေယာက္ရပ္ေနတာကိုသူလွမ္းေတြ႕လိုက္သည္ ။ သူလန႔္သြားၿပီး ......

"ေဒၚေလး ....."

သူျပန္လွည့္ထြက္ခ်င္ေပမဲ့ ေနာက္က်သြားခဲ့သည္ ။ ေဒၚလေလးကသူ႕ကိုျမင္သြားၿပီျဖစ္သည္ ။

"ေဟ့ သူေဌးေလးမင္းေစရာ ......."

ေဒၚေလးကသူ႕ဆီျဖည္းျဖည္းခ်င္းစီေလွ်ာက္လာၿပီး သူ႕အနားကိုေရာက္လာသည္ ။ ကားပါကင္ဆိုသည္မွာလည္း ကားအဝင္အထြက္ လူသြားလူလာရွားပါးလွသည့္ေနရာျဖစ္သည္ ။ ရာရာ က်န္တာရင္ဆိုင္ရဲေပမဲ့ ‌ေဒၚေလးကိုေတာ့ သူေၾကာက္သည္ ။ သူ႕ကိုမေကာင္းတဲ့သူေတြလက္ထဲကိုတစ္ခါေရာင္းစားဖူးသည့္အတြက္‌ ေနာက္တစ္ခါဆို ဘယ္လိုလုပ္မလဲဆိုတာ ဘယ္သူကႀကိဳသိနိုင္မွာလဲ ။

"ကဲ ဘာလို႔အဲ့ေလာက္ေတာင္ေၾကာက္ေနရတာလဲ ၊ ေဒၚေလးေလ မင္းအေဒၚပါ ....."

"‌ေဒၚ ....ေဒၚေလးက ဘာ ..... ဘာကိစၥရွိလို႔လဲ ......"

"ဪ ဘာကိစၥရွိရမွာလဲ ...... ကိုယ့္တူေလးဆီလာတာပဲ မလာရဘူးလား ၊ ၾကည့္ပါဦး အရင္ကထက္ပိုၿပီးၾကည့္ေကာင္း လာလိုက္တာ ၊ ပိုၿပီးႏုလာတာပဲငါ့တူေလးက ......"

"ေဒၚေလးလာရင္းကိစၥကိုပဲေျပာပါ ......"

"ကဲ ဟုတ္ၿပီေလ တည့္တည့္ပဲေျပာေတာ့မယ္ ၊ သိန္း၃၀၀ရာလိုခ်င္တယ္ သုံးရက္အတြင္း ေခ်းတာပါ ပြားလာရင္ျပန္ ဆပ္မွာ ....."

"ဟင့္အင္း သားမွာအဲ့ေလာက္ပိုက္ဆံမရွိဘူး ....."

"အို ...... မင္းေစရာ နင္ယူထားတာဆင္းရဲသားလား ေသခ်ာျပန္စဥ္းစားပါဦး ......"

ရာရာေလးရဲ႕ေခါင္းကိုလက္ညွိုးနဲ႕ထိုးရင္းေျပာသည္ ။ ရာရာေလးကေတာ့ စာအုပ္ကေလးေတြပိုက္ၿပီး ေၾကာက္လို႔ လႈပ္ေတာင္မလႈပ္နိုင္ ။

"ဟင့္အင္း ကိုကို႔ပိုက္ဆံေတြကအလကားရထားတာမဟုတ္ဘူး ၊ ကိုကိုပင္ပင္ပန္းပန္းရွာထားရတာ အဲ့ဒါေတြက ေဒၚေလးအတြက္မဟုတ္ဘူး ....."

"မင္းေစရာ ေသခ်ာနားေထာင္ အဲ့ပိုက္ဆံေတြမရရင္ ငါ့အေၾကာင္းသိတယ္ေနာ္ ၊ နင့္ဆီကအေၾကာင္းျပန္လာတာကို ေစာင့္ေနမယ္ ......"

ရာရာျပန္ေတြးမိၿပီး စိတ္ထဲေလးလံလာသည္ ။ ေဒၚေလးရဲ႕အေႂကြးေတြအားလုံးကို ကိုကိုကဆပ္ေပးထားတာေတာင္ အရမ္းကိုမ်ားေနၿပီ ။ အခုလိုေပးဖို႔ဆိုတာ ကိုကိုကလိုလိုလား လားေပးရင္ေတာင္ ရာရာဘယ္နည္းနဲ႕မွမေပးနိုင္ဘူး ။

"ဘာေဘာေတြေတြးေနလို႔ကိုယ္ေခၚတာေတာင္မၾကားရတာလဲကေလးရဲ႕ ......"

"အာ ေဆာရီး ကိုကိုဘာေျပာလိုက္တာလဲဟင္ ......"

"Hmm ကေလးမ်က္ႏွာမေကာင္းတာကိုကိုျပန္လာကတည္းကသတိထားမိတယ္ ၊ ဘာစိတ္ညစ္စရာရွိလို႔ လဲကေလး ၊ ကိုကို႔ကေလးကမညာတတ္ဘူးေနာ္ ဟုတ္တယ္မလား ....."

"ဘာမွမဟုတ္ပါဘူး ဒီအတိုင္းစာေတြျပန္စဥ္းစားၾကည့္ေနတာပါ ..... အိပ္ခ်င္ေနၿပီ အိပ္ရေအာင္ေလ ေနာ္ ......"

"ကေလး ......"

"လာပါကိုကိုရာ .... ရာရာဘာမွမျဖစ္ပါဘူး ၊ မနက္ျဖန္ကိုကိုလိုက္ပို႔မွာအရမ္းေပ်ာ္ေနၿပီ ....."

သူ႕ကိုစကားလမ္းေၾကာင္းလႊဲၿပီး သူ႕ရင္ခြင္ထဲအတင္းတိုးဝင္လာတဲ့ကေလးငယ္ကိုသူစိတ္ပူသည္ ။ ကေလးမ်က္ႏွာသိပ္ မေကာင္းတာသူသိသည္ ။ ဘာေတြက သူ႕ကေလးငယ္ကိုအေႏွာက္အယွက္ေပးေနတာလဲသူစုံစမ္းမွျဖစ္ေတာ့မည္ ။

"ကေလးေရသြားမယ္ေလ ၊ ဘာေတြအဲ့ေလာက္ေတာင္ျပင္ဆင္ေနရတာလဲကေလးေရ ......"

"လာၿပီကိုကို"

အေပၚထပ္ကေနေျပးဆင္းလာတဲ့ကေလးငယ္ကေလ ဘယ္ႏွစ္ခါေျပာေျပာမရဘူး ။

"ကေလးေရ ‌ေလွကားကဆင္းရင္ေျပးမဆင္းပါနဲ႕လို႔ကိုကိုေျပာထားတယ္ေလကြာ ....."

"ခစ္ခစ္ ေနာက္မေျပးေတာ့ဘူး ၊ စိတ္မဆိုးနဲ႕ေနာ္ ...."

"မဆိုးရက္ပါဘူးဗ်ာ ......."

မေန႕ညကလိုမ်က္ႏွာေလးညွိုးႏြမ္းမေနေတာ့ဘဲ နည္းနည္းလန္းလန္းဆန္းဆန္းေလးျဖစ္ေနလို႔ သွ်င္းစိတ္ပူေနတာနည္း နည္းေတာ့သက္သာရာရသြားသည္ ။ ရာရာေလးရဲ႕ပါးေလးကိုနမ္းပစ္လိုက္ၿပီး ခါးပတ္ပတ္ေပးလိုက္သည္ ။ ရာရာေလး သေဘာက်ေနမွန္း မ်က္ႏွာေလးကိုၾကည့္႐ုံနဲ႕တင္သိသည္ ။

"ကိုကို ညေနလည္းလာႀကိဳေနာ္ ေနာ္ ....."

"ဟုတ္ပါၿပီကေလးရဲ႕ ကိုကိုလာႀကိဳမွာပါ"

"ရာရာေစာင့္ေနမယ္ေနာ္"

ရာရာေလးကဒီလိုေတြအရင္ကမေျပာတတ္ပါ ။ သွ်င္း ပိုၿပီးစိတ္ပူလာသည္ ။ ရာရာေလးကိုေသခ်ာေစာင့္ၾကည့္ရမယ္ လို႔သူေတြးလိုက္သည္ ။

"ကိုကိုညေနလာႀကိဳမယ္ သြားေတာ့ အေဆာင္ထဲဝင္ေတာ့ ....."

"ရာရာေလးကသွ်င္းႏႈတ္ခမ္းကိုတစ္ခ်က္နမ္းလိုက္ၿပီးကားေပၚကေနေျပးဆင္းသြားသည္ ။ ရာရာေလးကသူနဲ႕ဘယ္ ေလာက္အေနနီးနီး အၿမဲရွက္ေနတာပါပဲ ။ တြဲတာတစ္ႏွစ္မျပည့္ေသးခင္လက္ထပ္ခဲ့ၾကေပမဲ့ ရာရာေလးကိုအခ်စ္ေပါ့ သြားတာမရွိ ။ လက္ထပ္ၿပီးလို႔ တစ္ေယာက္နဲ႕တစ္ေယာက္လ်စ္လ်ဴရႈတာေတြမရွိဘဲ ေန႕တိုင္းေႏြးေႏြးေထြးေထြးနဲ႕ အရမ္းေပ်ာ္ဖို႔ေကာင္းလွပါသည္ ။ ဘယ္အရာကိုမွမဖုံးကြယ္တတ္တဲ့ရာရာေလးကအခုေတာ့တစ္ခုခုကိုဖုံးကြယ္ထား သည္ ။ သူ႐ုံးကိုမသြားေတာ့ဘဲ ေက်ာင္းေရွ႕မွာသာတစ္ေန႕လုံးထိုင္ေစာင့္ေနပါေတာ့သည္ ။

"ဟက္ မင္းေစရာ နင္ကငါ့ကိုအခုလိုပစ္ပယ္လိုက္တာေပါ့ေလ ....."

"သွ်င္းတစ္ေနကုန္ေစာင့္ေနေပမဲ့လည္း ဘာမွေတာ့မထူးျခားပါ ။ သံသယျဖစ္စရာတစ္စုံတစ္ရာမေတြ႕ရ ။ သူဖုန္းကို ၾကည့္ေနရင္းနဲ႕မ်က္လုံးထဲမွာ ေဒၚယမင္းျဖဴကိုေတြ႕လိုက္သလိုျဖစ္သြားသည္ ။ မျဖစ္နိုင္ေလာက္ပါဘူးလို႔ေနေပမဲ့ ရာရာေလးမ်က္ႏွာမေကာင္းျဖစ္ေနရတာနဲ႕ဆက္စပ္ေတြးမိၿပီး ကားေပၚကဆင္းကာေဒၚယမင္းျဖဴကိုလိုက္ရွာမိပါေတာ့သည္ ။ သွ်င္းနဲ႕မ်က္ႏွာခ်င္းဆိုင္ေတြ႕ပါေတာ့သည္ ။

"ဪ ဘယ္သူမ်ားလဲလို႔ ေမာင္သွ်င္းျမတ္ပါလား"

"ခင္ဗ်ားျဖစ္ေနမယ္လို႔လုံးဝထင္မထားခဲ့မိဘူး ၊ ကေလးကိုေႏွာက္ယွက္ေနတာခင္ဗ်ားလား"

"အိုးမိုင္‌ေဂါ့ ေႏွာက္ယွက္တယ္လို႔မသုံးပါနဲ႕ ၊ တို႔ကတူေလးကိုလာေတြ႕႐ုံပါပဲ"

"ေတာ္စမ္းပါ ၊ ကိုယ့္တူေလးကိုေရာင္းစားလိုက္တဲ့သူကအဲ့စကားထြက္တာအရမ္းအံ့ဩမိတယ္ဗ်ာ"

"ကဲပါ မင္းေစရာကမင္းကိုလႊတ္လိုက္မယ္လို႔ငါထင္ေတာင္မထင္ထားဘူး ၊ အရမ္းသတၱိနည္းတဲ့ေကာင္ေလးပဲ ၊ အေမတူသားေလး"

"ခင္ဗ်ားပါးစပ္ကိုပိတ္လိုက္ေတာ့ ၊ ခင္ဗ်ားဘယ္ေလာက္လိုခ်င္တာလဲေျပာ"

"သိန္း၃၀၀တည္းပါ ၊ မင္းအတြက္အဲ့ပိုက္ဆံေတြကတစ္ေထာင္ေလာက္ပဲရွိမွာပါ ဟုတ္တယ္မလား"

"ကိုကို !"

ရာရာေလးသူတို႔ႏွစ္ေယာက္အနားကိုေရာက္လာသည္ ။
သူ႕လက္ေမာင္းကိုဆုပ္ကိုင္လိုက္ၿပီး ......

"ေတာ္ၿပီကိုကို ေတာ္သင့္ၿပီ ၊ မေပးနဲ႕ေတာ့ မေပးပါနဲ႕ေတာ့ ၊ ရာရာေတာင္းပန္ပါတယ္ ၊ ရာရာမ်က္ႏွာပူလွၿပီကိုကိုရယ္ ၊ ရာရာရဲတိုင္ထားတယ္ ၊ ခဏေနရင္သူတို႔ေရာက္
လာၿပီးစစ္ေဆးၾကလိမ့္မယ္"

"မင္းေစရာ နင္ေတာ္ေတာ္တတ္ေနတာလား !!!!"

"ေဒၚေလးလိုအေဒၚမ်ိဳးသားမွာမရွိဘူး ၊ သားအေဒၚမဟုတ္ဘူး ၊ ေဒၚေလးရဲ႕အိမ္ေထာင္စုစာရင္းထဲကသားထြက္မွာမို႔လို႔ သားေဒၚေလးနဲ႕ဘာမွမေတာ္စပ္ေတာ့ဘူး"

"မင္းေစရာ !!!! နင္ ......"

"ကိုကို ရဲေတြလာရင္အရာအားလုံးၿပီးသြားေတာ့မွာပါ"

ေလာင္းကစားလုပ္ေနတဲ့သူတစ္ေယာက္အတြက္ေတာ့ ရဲကိုအရမ္းေၾကာက္သည္ ။ ေဒၚယမင္းျဖဴ ေက်ာင္းဝင္းထဲကေနခ်က္ခ်င္းထြက္သြားသည္ ။

"ကေလး အဆင္ေျပရဲ႕လား ၊ ကိုကို႔ကိုဘာလို႔မေျပာခဲ့တာလဲကြာ ၊ ကိုကိုကကေလးအတြက္အေရးမပါတဲ့သူျဖစ္ေနၿပီလား"

"မဟုတ္ပါဘူး ၊ ရာရာ့အေပၚကိုကိုလုပ္ေပးခဲ့တာေတြအရမ္းမ်ားေနၿပီ ၊ ဒါေပမဲ့ ရာရာကကိုကို႔အေပၚဘာတစ္ခုမွျပန္မလုပ္ေပးနိုင္ေသးဘူး ၊ ရာရာပိုက္ဆံလည္းမရွာနိုင္ေသးဘူး ၊ အဲ့လိုအခ်ိန္မွာ ကိုကိုေရသိန္း၃၀၀ေလာက္ရာရာ့ကိုေပးပါ ေဒၚေလးကေတာင္းေနလို႔ဆိုတဲ့စကားရာရာဘယ္လိုေျပာထြက္နိုင္မွာလဲ"

"ကေလးရယ္ ....... ဒါေပမဲ့လည္းေျပာသင့္တယ္ေလ ၊ ကေလးကိုသူတစ္ခုခုထပ္လုပ္သြားရင္ ကိုယ္ရင္က်ိဳးရမွာထက္သိန္း၃၀၀ကဘာမွမေျပာပေလာက္ပါဘူးကြာ ၊ ေနာက္ဆိုကိုကို႔ကိုေျပာပါ ၊ ကိုကိုဘယ္ေလာက္စိတ္ပူရလဲကေလးသိလား"

"ရာရာေတာင္းပန္ပါတယ္ ၊ ေနာက္လည္းဒီလိုကိစၥေတြရွိလာေတာ့မွာမဟုတ္ေတာ့ပါဘူး"

"မငိုနဲ႕ေတာ့ေနာ္ တိတ္ေတာ့ ၊ ကိုကို႔ဟန္နီေလးေမာေနရၿပီ ၊ ေဘဘီေလးဘာစားခ်င္လဲ"

"ပီဇာစားခ်င္တယ္"

"ဒါဆိုသြားၾကမယ္ ၊ လာ ကိုကိုကုန္းပိုးမယ္"

ရာရာေလးကိုကုန္းပိုးၿပီး ကားရွိရာဆီကိုျပန္ေလွ်ာက္လာခဲ့သည္ ။ သူ႕ကေလးကအရင္ကထက္ပိုႏူးညံ့လာၿပီး ပိုပိုၿပီးခ်စ္ဖို႔ေကာင္းလာသလိုပဲ ။ သူကပဲအရမ္းခ်စ္လာလို႔လားေတာ့မသိ ။ အသားအရည္ေလးေတြဆိုလည္းႏူးညံ့ေနေရာ ။ ကေလးငယ္စားခ်င္တဲ့ပီဇာသြားစားၿပီး ကားေလွ်ာက္ေမာင္းကာအိမ္ျပန္လာခဲ့ၾကသည္ ။

"ကိုကိုေရ ....."

"ေျပာပါခင္ဗ်ာ ဘာမ်ားအလိုရွိပါသလဲခင္ဗ်ာ"

"ဟိုေလ ရာရာတို႔ကေလးယူၾကရေအာင္"

"ဪ ကေလးကကေလးေမြးစားခ်င္လို႔လား"

ရာရာေလးခဏၿငိမ္က်သြားသည္ ။ ေခါင္းေလးငုံ႕သြားေတာ့ ဘာမ်ားျဖစ္သြားလဲလို႔သွ်င္းလန႔္သြားၿပီး သူလုပ္ေနတဲ့အလုပ္ကစာ႐ြက္စာတမ္းေတြကိုေဘးခ်ၿပီး သူ႕ေပါင္ေပၚမွာရာရာေလးကိုခြထိုင္ေစလိုက္သည္ ။

"ကေလး ကိုကိုေျပာတာအမွားပါသြားလို႔လား"

"မဟုတ္ပါဘူး ၊ ရာရာေျပာတာကေလ ေမြးစားဖို႔မဟုတ္ဘူး ၊ ကိုကို႔ေသြးသားကိုေလရာရာေမြးေပးခ်င္တာ ၊ ကိုကို႔ေသြးသားကိုရာရာလိုခ်င္တာ"

"ကေလး ကိုကိုဘာမွခြင့္မျပဳနိုင္ဘူးေနာ္ ၊ ကေလးစကားကဘယ္ကိုဦးတည္ေနလဲကိုကိုသိတယ္ ၊ သြားအိပ္ေတာ့ ကိုကိုအလုပ္ေတြလုပ္လိုက္ဦးမယ္"

"ကိုကို ရာရာေျပာတာဆုံးေအာင္နားေထာင္ပါဦး ေနာ္"

"သြားအိပ္ေတာ့လို႔ကိုကိုေျပာေနတယ္ေနာ္"

"ရာရာတို႔ကြာရွင္းၾကရေအာင္ကိုကို"

"ကေလး......."

"ကိုကို႔ကေလးကိုရာရာ့ကိုေမြးခြင့္မေပးရင္ ရာရာတို႔ကြာရွင္းမယ္"

"ကေလး မင္းကြာ ...... မဟုတ္တာကိုကေလးဆန္တဲ့လုပ္ရပ္ေတြလုပ္မေနနဲ႕"

"ကိုကိုေ႐ြးခ်ယ္ေလ ....."

"ကေလး ကိုကို႔ကိုေသေအာင္လုပ္ေနတာလား ၊ ကိုကို႔ကိုၾကည့္စမ္း ၊ သဘာဝအတိုင္းသာမန္မိန္းကေလးေတြ‌ အတြက္ေတာင္အရမ္းကိုခက္ခဲတဲ့အရာေလကေလးရဲ႕ ၊ အစားထိုးခြဲစိတ္တာဘယ္ေလာက္အႏၲရာယ္မ်ားလဲကေလးသိလား"

"အခုကနည္းပညာေတြတိုးတက္ေနပါၿပီကိုကိုရဲ႕ ၊ အေရွ႕မွာလည္းေအာင္ျမင္မႈေတြရွိဖူးတယ္ကိုကိုရဲ႕"

"မရဘူးကေလး က်န္တာေတာ့အလိုလိုက္မယ္ ၊ ဒါေတာ့အလိုမလိုက္နိုင္ဘူး ၊ သြားအိပ္ေတာ့"

"ကိုကို႔ကိုမုန္းတယ္ !!!!!"

ရာရာေလးစိတ္ေကာက္သြားတာ ဒီတစ္ခါအဆိုးဆုံးပါ ။ ေက်ာင္းပိတ္ရက္ႏွစ္ရက္မွာ အစားလည္းေကာင္းေကာင္းမစား ၊ သွ်င္းကိုလည္းစကားမေျပာ သူလုပ္ခ်င္တာလုပ္ပါေတာ့သည္ ။ သွ်င္းလည္းဒီကိစၥကိုေတာ့အေလွ်ာ့မေပးနိုင္ဘူး ။ တကယ္တမ္းၾကာလာေတာ့ မေနနိုင္ မထိုင္နိုင္ျဖစ္လာတာသွ်င္းပါပဲ ။

"ကေလး အိပ္ေတာ့မလို႔လား"

ကေလးငယ္ကသူ႕ကိုစကားတစ္ခြန္းေတာင္မေျပာ ။ အခန္းထဲကထြက္သြားၿပီး ေအာက္ထပ္ကိုဆင္းသြားသည္ ။ ရာရာေလးအေနာက္ကိုသွ်င္းလိုက္သြားသည္ ။

"ကေလး ကိုကိုေျပာတာနားေထာင္ပါဦးကြာ"

ရာရာ့လက္ကိုဆြဲလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္အေနအထားရပ္လိုက္သည္ ။

"ကေလး ထမင္းေကာင္းေကာင္းမစားတာႏွစ္ရက္ရွိၿပီ ၊ အစာကိုေတာ့ေကာင္းေကာင္းစားပါ ေနာ္ ၊ ကေလးတစ္ခုခုျဖစ္သြားရင္ကိုကိုေသမွာ ၊ အစားေသခ်ာမစားရင္ကေလးအားျပတ္သြားလိမ့္မယ္"

ရာရာေလးကသူေျပာလို႔ၿပီးေတာ့ မီးဖိုေခ်ာင္ထဲဝင္သြားသည္ ။ သွ်င္းဧည့္ခန္းထဲမွာထိုင္ေနတုန္း ဖန္ခြက္က်ကြဲသံကိုၾကားလိုက္ရသည္ ။

"ကေလး !"

သွ်င္းမီးဖို‌ေခ်ာင္ထဲကိုသြားၾကည့္ေတာ့ ေရခဲေသတၱာေရွ႕မွာ လဲက်ေနတဲ့ရာရာေလးကိုေတြ႕လိုက္ရသည္ ။

"ကေလး !!! သတိထားပါဦး ၊ မင္းကြာ ကိုကို႔စကားကိုနားမေထာင္ဘူး"

ရာရာေလးကေတာ့အေမွာင္ကမာၻထဲမွာအိပ္စက္လ်က္...။

ဖတ္ၿပီးရင္ဘာလုပ္ရမလဲသိတယ္ေနာ္ ဟင္းဟင္း 😏 ။

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

Continue Reading

You'll Also Like

1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
116K 4.5K 32
"မောင်ဘာဆုတောင်းလည်း" "ဘဝဆက်တိုင်းကိုကိုနဲ့ပေါင်းဖက်ရပါစေလို့လေ" "ဘဝဆက်တိုင်းတွေ့ဆုံရပါစေမဟုတ်ဘူးလားမောင်?" "မောင်ကအတ္တကြီးတယ်လေ တွေ့ဆုံရုံနဲ့မကျေနပ်...
562K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
566K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်