Unicode🍑
ဝက်ခြေထောက်စွပ်ပြုတ်သောက်ချင်တယ်ဆိုလို့ မိုးသောက်ကသူ့အတွင်းရေးမှူးကိုသွားဝယ်ခိုင်းလိုက်ပြီး ခွန်းအနားကနေတဖဝါးမှမခွာဘဲနေနေပါတော့သည် ။ ဖုန်းထဲမှာဂိမ်းဆော့နေတဲ့ခွန်းဘေးနားမှာထိုင်ပြီး ခွန်းရဲ့ခါးလေးကိုဖက်ထားကာ နားထင်လေးကိုခဏခဏဖိကပ်နမ်းသည် ။
"အစ်ကို ဘာလို့အနားမှာပဲနေနေရတာလဲ..... အစ်ကိုအလုပ်တွေရှိသေးတယ်မဟုတ်ဘူးလား"
"ဟင့်အင်း အလုပ်ကနောက်မှလုပ်လို့ရတယ် ၊ ကိုယ် အခု မင်းကိုထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး ၊ မင်းပျောက်သွားတုန်းက ကိုယ်သေတော့မယ်လို့တောင်ထင်တာ ၊ ဒီအတောအတွင်းမင်းကိုကိုယ်အရမ်းချစ်မိ သွားပြီထင်တယ် ၊ ဘာတွေကများ ကိုယ့်ကိုချစ်မိသွားစေတာပါလိမ့်နော်"
"ကျွန်တော့်ကိုပစ်ကြွေနေပြီမလား ခစ်ခစ် ၊ ဒီလိုပဲဖြစ်ရမယ်လေ...... "
"ဟုတ်ပါရဲ့ အရမ်း အရမ်းကိုပစ်ကြွေနေပါပြီဗျာ"
"ဝက်ခြေထောက်စွပ်ပြုတ်ရပါပြီခင်ဗျာ! "
စိုင်းလင်း(အတွင်းရေးမှူး)ဝယ်လာတဲ့ဝက်ခြေထောက်စွပ် ပြုတ်ကိုလာပို့ပေးသွားသည် ။
ခွန်း - အစ်ကိုစိုင်းလင်းကလည်းကြာလိုက်တာဗျာ .....
စိုင်းလင်း - လမ်းမှာမဟုတ်တရုတ်ကြောင်တောင်တောင်လူနဲ့တွေ့နေလို့နည်းနည်းကြာသွားတာခွန်းရေ.....
မိုးသောက် - ဘယ်သူတုန်း မင်းကိုဘာလုပ်သွားသေးလဲ
စိုင်းလင်း - CEOသျှင်းမြတ်ရဲ့ဝန်ထမ်းစိုးပိုင်ပါ ဘာမှမဖြစ်ပါဘူးဥက္ကဋ္ဌ ကျွန်တော်ကလက်ဦးရယူပြီးဆော်ပစ်ခဲ့တယ်.....
စကားပြောနေမိတာနဲ့ဘေးနားကအကောင်ပေါက်ကလေးလက်တို့နေတာကိုသတိမထားမိဘူးဖြစ်သွားသည် ။
"အစ်ကို စားမယ်လို့!''
"အာ အာ ဆောရီး ဆောရီး ကိုယ်ပန်းကန်ထဲထည့်ပေးမယ်နော် ၊ စိုင်းလင်းမနေ့ကဆေးဝါးကုမ္ပဏီတစ်ခုနဲ့စာချုပ် ချုပ်ဖို့လုပ်ထားတာ တင်သွင်းမယ့်ဆေးဝါးစာရင်းတွေရယ် ၊ ပြီးတော့ တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းဆုပေးဖို့ လူစာရင်းတွေကိုငါ့ဆီတစ်ချက်လာပို့ပေးပါဦးကွာ"
"ဟုတ်ကဲ့ဥက္ကဋ္ဌ ဒါဆိုကျွန်တော်သွားလိုက်တော့မယ်နော်"
"အေးအေး"
ကုတင်မှာပါတဲ့စားပွဲလေးကိုဖြန့်ပေးလိုက်ပြီး ဝက်ခြေ ထောက်စွပ်ပြုတ်ပူပူလေးကို ပန်းကန်ထဲထည့်ပေးလိုက်
သည် ။ စိုင်းလင်းအပြင်ကိုထွက်သွားတာနဲ့စိုးပိုင်နဲ့တန်းတိုးတော့သည် ။
"အာ ကျက်သရေတုံးလိုက်တာ"
"ဪ အသေးလေး မင်းခုဏကငါ့ကိုတက်နင်းသွားတာမင်းသိလား"
"သိတယ်လေ ၊ ခင်ဗျားကြားဖြတ်လို့လျှာရှည်တဲ့ခြေထောက်ကို အသိတရားရသွားအောင်တက်နင်းပေးလိုက်တာလေ ၊ မကျေနပ်ရင်လဲသာသေလိုက်"
စိုးပိုင်နဲ့စိုင်းလင်းနဲ့ကတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းမဆိုင်လိုက်လေနဲ့ ။ ဆိုင်လိုက်တာနဲ့ရန်ဖြစ်ကြတော့တာပါပဲ ။ ခုဏကလည်းဆိုင်ရှေ့မှာရန်ဖြစ်ခဲ့ကြပြီးပါပြီ ။ ဝက်ခြေထောက်စွပ်ပြုတ်ဆိုင်လေးကသိပ်တော့မကြီးပေမဲ့ ဝယ်သူ အရမ်းများလို့တန်းစီစနစ်နဲ့ဝယ်ယူရသည် ။ ဒါကို နောက်မှရောက်လာတဲ့စိုးပိုင်ကကြားဖြတ်ပြီးနေရာယူလိုက်တော့ စိုင်းလင်းရဲ့ဒေါသကိုသွားဆွလိုက်သလိုဖြစ်သွားသည် ။
"ဒီမှာ စိုင်ပိုးကောင်"
"ဘာ ဘာ ဘာ ...... မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်"
"စိုင်ပိုးလေ စိုင်ပိုး ပြန်ပြောင်းလိုက်ရင်စိုးပိုင်ပဲပေါ့ ၊ တမင်အမြင်ကပ်လို့ပြောင်းပြန်ခေါ်တာဘာဖြစ်ချင်လဲ ၊ ခင်ဗျားကြားမဖြတ်နဲ့ ရောက်တဲ့နေရာကနေပဲပြန်တန်းစီ"
"ဟားဟားပဲရမယ်ကောင်လေး ၊ ဒီလမ်းကမင်းမပိုင်ဘူး"
"ခင်ဗျား...... ရတယ်လေ..... ခင်ဗျားအနောက်မှာတန်းမစီရင် ကျွန်တော်ဒီလမ်းမပေါ်မှာ ကယ်ကြပါဦး ဒီလူကကျွန်တော့် ကိုမဖွယ်မရာလုပ်နေပါတယ်လို့အော်ပစ်လိုက်မယ်ဆိုရင်ခင်ဗျားကတော့စတီးလက်ကောက်လေးနဲ့ကြည့်လှနေတော့မှာပဲ"
"မင်း...... "
"ဘာလဲ ဘာဖြစ်ချင်လဲ ၊ စတီးလက်ကောက်ဝတ်မလား နောက်မှာနေမလား ရွေးလိုက်"
စိုးပိုင် ဒေါသအလိပ်လိုက်နဲ့အနောက်မှာတန်းစီလိုက်သည် ။ စိုင်းလင်းကလည်းဝယ်ပြီးတာနဲ့ စိုးပိုင်ရဲ့ခြေထောက်ကို တမင်တကာတက်နင်းခဲ့ပါသေးသည် ။
"မင်း မင်း!!!!"
ဘယ်တော့မှမတည့်တဲ့နှစ်ယောက်ပါ ။ ကြောင်နဲ့ကြွက်လိုပဲကိုက်နေကြတာပါပဲ ။
"စားလို့ကောင်းလား"
"အင်း အရမ်းအရသာရှိတယ်"
မိုးသောက် ခွန်းရဲ့နဖူးလေးကိုစမ်းကြည့်လိုက်သည် ။
"တော်ပါသေးရဲ့ အဖျားလည်းမရှိတော့ဘူး"
ခွန်း သူ့ဘေးနားမှာထိုင်နေတဲ့မိုးသောက်ရဲ့အင်္ကျီလက်ကလေးကိုဆွဲကာ မိုးသောက်ကိုမော့ကြည့်ရင်း.......
"ဟိုလေ အစ်ကို့ကိုလေ ဖေဖေကဒေါသထွက်နေတယ်ထင်တယ်"
"ကိုယ်သိပါတယ် ၊ အခုတော့ ဘရဏီကအိမ်ပြန်ခေါ်သွားပေးတယ် ၊ ခွန်း ဆေးရုံဆင်းတဲ့အခါ ကိုယ်တရားဝင် တောင်းပန်မှာပါ ၊ အဲ့တာအတွက်ခွန်းဘာမှစိတ်မပူနဲ့နော် ၊ ခွန်းလုပ်ရမှာကမြန်မြန်နေကောင်းအောင်လုပ်ရမှာ ဒါမှကိုယ်တို့လက်ထပ်နိုင်မှာပေါ့"
"ဖေဖေကတစ်ခုခုများ....... "
"မဖြစ်စေရဘူး ၊ ခွန်းနဲ့ကိုယ်နဲ့အဲ့လိုမဖြစ်စေရဘူး ၊ ဘာမှမတွေးတော့ဘဲ အနားယူလိုက်နော် ၊ ကိုယ့်ရဲ့ခွန်းလေးက
လိမ္မာတယ်မလား"
"အင်း အစ်ကို့ရင်ခွင်ထဲမှာအိပ်ချင်တယ် ၊ အစ်ကို့ရင်ခွင်ကနွေးတယ်"
"ခဏစောင့် ကိုယ်ဒါလေးသိမ်းလိုက်ဦးမယ်"
ပန်းကန်လေးကိုတဖက်စားပွဲပေါ်တင်လိုက်ပြီး ခွန်းရဲ့ဘေးနားမှာဝင်လှဲလိုက်တာနဲ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာ တော့သည် ။
"နွေးနေတာပဲ အရမ်းသဘောကျတာပဲ"
"အိပ်တော့ကလေးလေး"
ခွန်း အိပ်ပျော်သွားတော့မှ ထမယ်လုပ်တော့ သူ့အင်္ကျီခါးအစကို အတင်းဆုပ်ကိုင်ထားတဲ့ခွန်းရဲ့လက်ကလေးတွေ
ကြောင့်သူထလို့မရခဲ့ပါ ။ အရမ်းကြောက်နေခဲ့တာပဲ ။ အရင်တုန်းကအိပ်ရင်အဲ့လိုမဟုတ်ခဲ့ဘူး ။ သူ့အကောင်ပေါက် လေးအရမ်းကြောက်နေတာမှန်းသိသာလွန်းသည် ။ အအေးခန်းထဲမှာပိတ်မိနေပြီး ဘယ်အချိန်ဘယ်လိုခဲသေရမလဲ ဆိုတာမသိတဲ့အရာမျိုးကြုံတွေ့ရရင် ဘယ်လောက်ပဲသတ္တိရှိတဲ့လူဖြစ်နေပါစေ စိတ်ပိုင်းဆိုင်ရာအရတော့ ကြောက်ရွံ နေခဲ့မှာပါပဲ ။ အခုသူ့အကောင်ပေါက်လေးကသူထွက်သွားမှာကြောက်နေတာ ။ ဒါနဲ့ပဲသူမျက်ရည်ကျရပြန်သည် ။
"ကိုယ်တကယ်တောင်းပန်ပါတယ်ခွန်းရယ်....... "
သူ့အကောင်ပေါက်လေးကို သူပိုတိုး၍ဖက်ထားလိုက်သည် ။ သူ့ကိုဘယ်သူဒီလိုလုပ်လဲ ဘာလို့လုပ်လဲတွေ ဘာမှမမေး ဘဲ သူနဲ့ခွဲရမှာကိုပဲစိုးရိမ်နေတဲ့ကလေးလေး ။ သူ့ကိုပဲကြည့်တဲ့ကလေးလေး။ ခွန်းကတကယ့်ကိုရိုးသားဖြူစင်တဲ့ ကလေးလေးတစ်ယောက်ပါ ။ ဒီလိုလူမျိုးနဲ့သူတွေ့ဆုံရတာသူအရမ်းကံကောင်းနေပြီမလား ။ ဥပမာပြောရရင် အမှိုက်ကားထွက်သွားတဲ့အခါဇိမ်ခံကားရောက်လာသလိုမျိုးပဲပေါ့ ။
"ကိုယ်နဲ့တွေ့ဆုံခွင့်ပေးလို့ကျေးဇူးတင်ပါတယ်"
သူလည်း ပင်ပန်းနေတာနဲ့ခွန်းနဲ့အတူတူအိပ်ပျော်သွားသည် ။
"အစ်ကို ကျွန်တော်ကြောက်တယ် ၊ ကျေးဇူးပြုပြီး မြန်မြန်လာပေးပါ"
သူအိပ်ပျော်နေရင်း စကားသံတချို့ကိုကြားလိုက်ရတော့ သူလန့်နိုးလာသည် ။ သူ့ရင်ခွင်ထဲကအကောင်ပေါက်လေး ယောင်နေတာ ။ ဒီအဖြစ်အပျက်ကသူ့ကိုဆွဲထားတယ်ထင်ပါတယ် ။ ချွေးတွေရွှဲနစ်နေပြီး ကြောက်လို့ ခွန်းရဲ့ တစ်ကိုယ်လုံးတုန်နေသည် ။
"ခွန်း ခွန်း! ထ ထ မင်းအိမ်မက်မက်နေတာ...... ခွန်း!!!!"
သေချာကိုင်လှုပ်ပြီးနှိုးလိုက်တော့မှ ခွန်းလန့်နိုးလာသည် ။ တုန်လှုပ်နေတဲ့ခွန်းကိုဖက်ထားလိုက်ပြီး......
"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ၊ ကိုယ်ရှိတယ်နော် ဘာမှမဖြစ်ဘူး"
လုံခြုံမှုရှိသလို နွေးထွေးမှုအပြည့်ကိုခံစားရသည် ။ ဒီစကားလေးတစ်ခွန်းနဲ့တင်အရမ်းလုံခြုံသွားသလိုခံစားရ
သည် ။ သူ့ဘက်မှာအစ်ကိုရှိတယ်ဆိုတာသူသိလိုက်ရတဲ့အသိလေးကခုဏကအိမ်မက်ထဲကအေးစက်မှုတွေကိုအနိုင်ပိုင်းလိုက်နိုင်သည် ။
"အဆင်ပြေသွားမှာပါ အစ်ကိုရှိနေတယ်လေ နော်"
"ကျွန်တော်အဆင်ပြေပါတယ် ၊ ဒီအတိုင်းအိမ်မက်ဆိုးမက်တာပါ ၊ ကျွန်တော်အဆင်ပြေတာမို့လို့ အစ်ကိုမစိုးရိမ်နဲ့နော်"
"အရမ်းအေးနေလား ၊ ကိုယ် အဲကွန်းပိတ်ပေးမယ်လေ"
"အင်း ကျေးဇူးပါ"
မိုးသောက်အဲကွန်းပိတ်လိုက်ပြီး ခွန်းကိုရင်ခွင်ထဲမှာထည့်ထားလိုက်သည် ။
"ကိုယ်အရမ်းအဖြစ်သည်းနေလို့စိတ်ညစ်နေပြီလား"
"ဟင့်အင်း ကျွန်တော့်ကိုဂရုစိုက်ပေးလို့ပိုတောင်ပျော်သေးတယ်"
"ကိုယ်အရင်တုန်းကသေချာဂရုမစိုက်ခဲ့မိတာအတွက်လည်းတောင်းပန်ပါတယ်"
"အစ်ကိုအရင်ကလည်းကျွန်တော့်ကိုဂရုစိုက်ပေးခဲ့ပါတယ် ၊ အခုကပိုပြီးဂရုစိုက်လို့ပျော်တာပါ ၊ Hmm ......အစ်ကို့ကိုယ်သင့်ရနံ့လေးကိုလည်းကြိုက်တယ်"
"ကိုယ်ရေမချိုးရသေးဘူးကွ ၊ ခွန်းကိုအရင်ကိုယ်လက်သန့်စင်ပေးမယ် ၊ ချွေးတွေနဲ့ပြန်အအေးပတ်နေမယ်"
ရေချိုးခန်းထဲကိုပွေ့ချီသွားလိုက်ပြီး ဘေစင်ဘောင်ပေါ်မှာတင်လိုက်သည် ။ ဆေးရုံအင်္ကျီလေးကိုချွတ်လိုက်ပြီး
အဝတ်ရေစိုလေးနဲ့သေချာသန့်စင်ပေးပြီး ဆေးရုံအင်္ကျီအသစ်တစ်ထည်သွားယူလာကာဝတ်ပေးလိုက်သည် ။
"ကိုယ်ရေချိုးလိုက်ဦးမယ် ၊ ခွန်း TVကြည့်နေမလား"
"အင်း"
အချိန်ကိုကြည့်လိုက်တော့ည၁၁ထိုးနေပါပြီ ။ စားပွဲပေါ်မှာလည်းဖိုင်တွေရောက်နေပြီ ။ စိုင်းလင်းဘယ်တုန်းက လာပေးသွားမှန်းလည်းမသိလိုက် ။ မိုးသောက် ရေချိုးခန်းထဲဝင်သွားတာကို ခွန်းလိုက်ကြည့်နေသေးသည် ။
မိုးသောက်ရေချိုးနေတုန်းမှာ ခွန်းဆီကိုသက်ကလျာအောင်ရောက်လာသည် ။
"တို့ ထိုင်လို့ရမလား"
ခွန်း သက်ကလျာအောင်ကိုမြင်တာနဲ့ကြောက်နေသည် ။ သူ့ကိုအအေးခန်းထဲမထည့်ခင်မှာ သက်ကလျာအောင်ရဲ့ မျက်နှာကိုသူသေသေချာချာမြင်လိုက်သည် ။ မိုးသောက်ကလည်းရေချိုးနေတော့ ခွန်းဘာလုပ်ရမှန်းမသိ ။
"မကြောက်ပါနဲ့ ၊ တို့ မင်းကိုဘာမှမလုပ်ပါဘူး"
ပြောနေတုန်းမှာပဲ မိုးသောက်ရေချိုးခန်းထဲကထွက်လာတာနဲ့တိုးတော့သည် ။ ကလျာ့ကိုမြင်တာနဲ့ မိုးသောက် ခွန်းအနားအပြေးသွားပြီး ခွန်းကိုဖက်ထားလိုက်သည် ။
"မင်းဘာလာလုပ်တာလဲ ၊ ဒုက္ခပေးလို့မဝသေးဘူးလား"
"မဟုတ်ပါဘူး ၊ သက်လာတာ စိတ်ရင်းနဲ့တောင်းပန်ချင်လို့ပါ ၊ သက်မှားခဲ့ပါတယ် ၊ သက်ရဲ့လောဘကြောင့် ဖြူစင်တဲ့ကလေးလေးထိခိုက်ခဲ့ရတာ သက်အရမ်းနောင်တရမိပါတယ်"
"မင်းအခုမှလာပြီးဒါတွေပြောနေလည်း မင်းကိုငါခွင့်မလွှတ်နိုင်ဘူး ၊ တရားဥပဒေအတိုင်းရင်ဆိုင်သွားမှာ"
"အစ်ကို ဘာတွေလုပ်မလို့လဲ"
"ကိုယ်ဆုံးဖြတ်ပြီးပြီ ၊ မင်းအတွက်ကိုယ်တရားရင်ဆိုင်မှာ"
"အစ်ကို ကျွန်တော်ဘာမှမဖြစ်ဘူးလေ ၊ အဲဲ့ဒါတွေမလုပ်ပါနဲ့ နော်"
"မလုပ်လို့မဖြစ်ဘူးလေ ၊ ကိုယ်မင်းကိုဆုံးရှုံးရတော့မလိုဖြစ်ခဲ့ရတာကလေးရဲ့ ၊ မင်းသိလားကိုယ်ဘယ်လောက် ကြောက်နေခဲ့လဲဆိုတာ ၊ ကိုယ်ချစ်ရတဲ့မင်းကိုအခုလိုဖြစ်အောင်လုပ်ထားပြီးမှ ပါးစပ်ကလေးနဲ့ဆောရီးပါ တောင်းပန် ပါတယ်လို့ပြောနေတာကိုကိုယ်ကရပါတယ် ဘာမှမဖြစ်ပါဘူးလို့ပြောရလောက်တဲ့အထိစိတ်သဘောထားမပြည့်ဝသေးဘူးကလေး"
"မိုးရယ် သက်တောင်းပန်ပါတယ် ၊ သက် တကယ်မှားခဲ့ပါတယ် ၊ သက်ကိုခွင့်လွှတ်ပေးပါနော် ၊ မောင်လေးခွန်းကိုလည်း အစ်မတောင်းပန်ပါတယ် ၊ အစ်မမှားခဲ့တာတွေအတွက်နောင်တရနေပါပြီ"
"အစ်ကို အစ်မလည်းအမှားကိုသိနေပြီပဲ ၊ ဘာမှမလုပ်နဲ့တော့နော် ၊ ကျွန်တော်ကလေ အစ်ကိုနဲ့အေးအေးဆေးဆေးပဲ ဘဝကိုဖြတ်သန်းချင်တာ ၊ အစ်ကိုကျွန်တော့်ကိုချစ်ရင်ဘာမှမလုပ်ပါနဲ့နော် ၊ အဓိကကအမှားလုပ်တာသိသွားဖို့ပဲ မလားအစ်ကိုရဲ့ နော် ...."
"ခွန်း.....မင်းကွာ ကိုယ့်အားနည်းချက်ကိုအမြဲကွာ..... "
မိုးသောက်ခဏစိတ်ငြိမ်ငြိမ်ထားလိုက်ပြီး......
"Okay ရတယ် ၊ ခွန်းဆန္ဒလည်းပြည့်အောင် မင်းကိုဘာမှမလုပ်တော့ဘူး ၊ ဒါပေမဲ့ ခွန်းကိုမင်းဒူးထောက်တောင်းပန်ရမယ်"
"မိုး ဒါက ......"
"ဒီအချိန်မှာ မင်းရဲ့သိက္ခာတွေဘာတွေလာပြောရင် တရားဥပဒေအတိုင်းပဲဆက်သွားကြတာပေါ့ ......"
"အစ်ကို ......."
"ခွန်း ဆက်ပြောနေမယ်ဆိုရင် ကိုယ်ဒီမိန်းမကိုဘာလုပ်မိမလဲမသိဘူးကွာ ......"
"ရတယ် ရတယ် ...... ၊ သက်ကိုအချိန်တော့ပေးပါနော် ၊ သုံးရက် သုံးရက်လေးပါပဲ ......"
"မင်းငါ့ကလေးကိုလုပ်ခဲ့တုန်းကရောအချိန်ယူခဲ့တာလား ......."
"မိုး သက်က......."
အခန်းတစ်ခန်းလုံးတိတ်ဆိတ်သွားသည် ။ သက်ကလျာအောင်ကဆိုဖာတစ်ယောက်ထိုင်ခုံမှာထိုင်နေပြီး မိုးသောက်က ခွန်း၏ခါးကိုဖက်ထားလျက် သက်ကလျာအောင်နဲ့မျက်နှာချင်းဆိုင်တွင်ထိုင်သည် ။ လူတစ်ယောက်လုံးအအေးခန်းထဲ ထည့်ထားတဲ့အခြေအနေထက် အခုလိုဒူးထောက်ခိုင်းတဲ့အခြေအနေကပိုပြီးသာတယ်မလား ။ လူတစ်ယောက်လုံးကို သတ်ဖို့တောင်လုပ်ခဲ့ပြီးမှ ဒူးထောက်ဖို့ကျဝန်လေးနေသည့်သက်ကလျာအောင်ကိုသတ်ချင်စိတ်တွေတဖွားဖွားပေါ်နေ ပေမဲ့လည်း သူ့ကလေးရှိနေလို့ စိတ်ကိုမနည်းထိန်းထားရသည် ။ မိနစ်အကြာငြိမ်သွားပြီးမှ သက်ကလျာအောင်ခေါင်း မော့လာသည် ။ သူမအိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး သူမက ခွန်းရဲ့အရှေ့မှာ မျက်ရည်တွေကျရင်းဒူးထောက်ခဲ့ပါသည် ။
"သက်တောင်းပန်ပါတယ် ခွန်း ၊ သက်ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးပါ ......"
ခွန်းကတော့ မနေတတ်မထိုင်တတ်တွေဖြစ်ပြီး သက်ကလျာအောင်ကိုချက်ချင်းထခိုင်းပြီးခုံပေါ်မှာထိုင်ခိုင်းပါသည် ။
"အစ်မရဲ့အမှားကိုအစ်မသိရင်ကျွန်တော်ဝမ်းသာမိပါတယ်"
"အခုလိုခွင့်လွှတ်ပေးတာကျေးဇူးတင်ပါတယ် ၊ ဒါဆို သက်ကိုပြန်ခွင့်ပြုပါဦး ....."
သက်ကလျာအောင်ထိန်းထားတဲ့မျက်ရည်တွေက သူမပြေးသွားတဲ့လမ်းတစ်လျောက်ကျဆင်းလာသည် ။ သူမအနောက် မှ ကောင်လေးတစ်ယောက်လည်းပြေးလိုက်သွားပါသည် ။ သူမကားနောက်ခန်းထဲဝင်ထိုင်နေစဥ် ကောင်လေးကကားတံ ခါးကိုဖွင့်လိုက်ပြီး သူမဘေး ကားအပြင်ဘက်မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ သူမရဲ့ဒူးခေါင်းတွေကသဲတစ်ချို့ကိုသူ့ လက်နဲ့ဖယ်ရှားပေးသည် ။
"ကျွန်တော်ပုခုံးငှားပေးရမလားမမလေး ......"
"မလိုဘူး ၊ ငါငိုတာဘယ်သူမှမသိစေနဲ့ . sob sob .."
"ဟုတ်ကဲ့ပါမမလေး ......"
"တကယ်ပဲ ငါဘယ်ကစမှားခဲ့တာလဲ တကယ် ....."
"နားလည်ပါတယ် ၊ ချစ်နေတဲ့လူရဲ့စိတ်ကို ကျွန်တော်လည်းအဲ့ခံစားချက်ကိုကျွန်တော်လည်းခံစားနေရတာမို့လို့ကောင်း ကောင်းသိပါတယ် ၊ မမလေးကစိတ်အလိုကိုအရမ်းလိုက်လို့ဖြစ်သွားရတာမို့လို့ မမလေးမငိုပါနဲ့တော့ ......"
"မင်းမှာချစ်ရတဲ့သူရှိတယ်ပေါ့ ၊ အဲ့ကောင်မလေးကတော့အရမ်းကံကောင်းတာပဲ ၊ ငါ့လိုသူစိမ်းကိုတောင်အရမ်း ကာကွယ်နှစ်သိမ့်ပေးတတ်တာ မင်းချစ်တဲ့ကောင်မလေးဆိုရင်တော့ပိုပြီးသဲသဲလှုပ်နေမှာပဲနော် ......."
"အင်း ကျွန်တော်ကတော့ချစ်နေပေမဲ့ သူကတော့မသိပါဘူးဗျာ"
"ဟယ် တုံးလိုက်တာ ၊ ဒီလောက်ကံကောင်းနေတာကို ....."
"ဟုတ်တယ်နော် အရမ်းတုံးတာပဲ ၊ ကျွန်တော်အိမ်ကိုပဲပို့ပေးရမလားမမလေး ......"
"အင်း ငါနားချင်နေပြီ ......"
{ဟုတ်တယ် အရမ်းထက်မြက်တဲ့မမလေးက တစ်ခါတစ်လေကျတော့အရမ်းတုံးတယ် .....}
သူကားတံခါးကိုပိတ်လိုက်ပြီး ကားအရှေ့ခန်းမှာဝင်ထိုင်လိုက်ပြီး နောက်ကြည့်မှန်ကနေတစ်ဆင့်မမလေးကိုကြည့်ပြီး ပြုံးပြလိုက်သည် ။
"ရာရာတို့ကွာရှင်းကြရအောင်ကိုကို ......."
"ကလေး ! .."
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ရင်ခုန်အောင်လုပ်ရင်းထားခဲ့ပါပြီရှန် 😌
ဖတ်ပြီးရင်ဘာလုပ်ရမလဲသိကြတယ်မလား ဟင်းဟင်း
အသစ်ကလေး Somebody To Youနဲ့ The Empressကိုလည်းအားပေးကြပါဦးလို့ ဖတ်ပြီးရင်တော့ဘာလုပ်ရမလဲသိကြတယ်မလား ဟင်းဟင်း 😏
____________________________________________________
Zawgyi 🍑
ဝက္ေျခေထာက္စြပ္ျပဳတ္ေသာက္ခ်င္တယ္ဆိုလို႔ မိုးေသာက္ကသူ႕အတြင္းေရးမႉးကိုသြားဝယ္ခိုင္းလိုက္ၿပီး ခြန္းအနားကေနတဖဝါးမွမခြာဘဲေနေနပါေတာ့သည္ ။ ဖုန္းထဲမွာဂိမ္းေဆာ့ေနတဲ့ခြန္းေဘးနားမွာထိုင္ၿပီး ခြန္းရဲ႕ခါးေလးကိုဖက္ထားကာ နားထင္ေလးကိုခဏခဏဖိကပ္နမ္းသည္ ။
"အစ္ကို ဘာလို႔အနားမွာပဲေနေနရတာလဲ..... အစ္ကိုအလုပ္ေတြရွိေသးတယ္မဟုတ္ဘူးလား"
"ဟင့္အင္း အလုပ္ကေနာက္မွလုပ္လို႔ရတယ္ ၊ ကိုယ္ အခု မင္းကိုထပ္ၿပီးအဆုံးအရႈံးမခံနိုင္ေတာ့ဘူး ၊ မင္းေပ်ာက္သြားတုန္းက ကိုယ္ေသေတာ့မယ္လို႔ေတာင္ထင္တာ ၊ ဒီအေတာအတြင္းမင္းကိုကိုယ္အရမ္းခ်စ္မိ သြားၿပီထင္တယ္ ၊ ဘာေတြကမ်ား ကိုယ့္ကိုခ်စ္မိသြားေစတာပါလိမ့္ေနာ္"
"ကြၽန္ေတာ့္ကိုပစ္ေႂကြေနၿပီမလား ခစ္ခစ္ ၊ ဒီလိုပဲျဖစ္ရမယ္ေလ...... "
"ဟုတ္ပါရဲ႕ အရမ္း အရမ္းကိုပစ္ေႂကြေနပါၿပီဗ်ာ"
"ဝက္ေျခေထာက္စြပ္ျပဳတ္ရပါၿပီခင္ဗ်ာ! "
စိုင္းလင္း(အတြင္းေရးမႉး)ဝယ္လာတဲ့ဝက္ေျခေထာက္စြပ္ ျပဳတ္ကိုလာပို႔ေပးသြားသည္ ။
ခြန္း - အစ္ကိုစိုင္းလင္းကလည္းၾကာလိုက္တာဗ်ာ .....
စိုင္းလင္း - လမ္းမွာမဟုတ္တ႐ုတ္ေၾကာင္ေတာင္ေတာင္လူနဲ႕ေတြ႕ေနလို႔နည္းနည္းၾကာသြားတာခြန္းေရ.....
မိုးေသာက္ - ဘယ္သူတုန္း မင္းကိုဘာလုပ္သြားေသးလဲ
စိုင္းလင္း - CEOသွ်င္းျမတ္ရဲ႕ဝန္ထမ္းစိုးပိုင္ပါ ဘာမွမျဖစ္ပါဘူးဥကၠ႒ ကြၽန္ေတာ္ကလက္ဦးရယူၿပီးေဆာ္ပစ္ခဲ့တယ္.....
စကားေျပာေနမိတာနဲ႕ေဘးနားကအေကာင္ေပါက္ကေလးလက္တို႔ေနတာကိုသတိမထားမိဘူးျဖစ္သြားသည္ ။
"အစ္ကို စားမယ္လို႔!''
"အာ အာ ေဆာရီး ေဆာရီး ကိုယ္ပန္းကန္ထဲထည့္ေပးမယ္ေနာ္ ၊ စိုင္းလင္းမေန႕ကေဆးဝါးကုမၸဏီတစ္ခုနဲ႕စာခ်ဳပ္ ခ်ဳပ္ဖို႔လုပ္ထားတာ တင္သြင္းမယ့္ေဆးဝါးစာရင္းေတြရယ္ ၊ ၿပီးေတာ့ တစ္ႏွစ္တာအေကာင္းဆုံးဝန္ထမ္းဆုေပးဖို႔ လူစာရင္းေတြကိုငါ့ဆီတစ္ခ်က္လာပို႔ေပးပါဦးကြာ"
"ဟုတ္ကဲ့ဥကၠ႒ ဒါဆိုကြၽန္ေတာ္သြားလိုက္ေတာ့မယ္ေနာ္"
"ေအးေအး"
ကုတင္မွာပါတဲ့စားပြဲေလးကိုျဖန့္ေပးလိုက္ၿပီး ဝက္ေျခ ေထာက္စြပ္ျပဳတ္ပူပူေလးကို ပန္းကန္ထဲထည့္ေပးလိုက္
သည္ ။ စိုင္းလင္းအျပင္ကိုထြက္သြားတာနဲ႕စိုးပိုင္နဲ႕တန္းတိုးေတာ့သည္ ။
"အာ က်က္သေရတုံးလိုက္တာ"
"ဪ အေသးေလး မင္းခုဏကငါ့ကိုတက္နင္းသြားတာမင္းသိလား"
"သိတယ္ေလ ၊ ခင္ဗ်ားၾကားျဖတ္လို႔လွ်ာရွည္တဲ့ေျခေထာက္ကို အသိတရားရသြားေအာင္တက္နင္းေပးလိုက္တာေလ ၊ မေက်နပ္ရင္လဲသာေသလိုက္"
စိုးပိုင္နဲ႕စိုင္းလင္းနဲ႕ကတစ္ေယာက္နဲ႕တစ္ေယာက္မ်က္ႏွာခ်င္းမဆိုင္လိုက္ေလနဲ႕ ။ ဆိုင္လိုက္တာနဲ႕ရန္ျဖစ္ၾကေတာ့တာပါပဲ ။ ခုဏကလည္းဆိုင္ေရွ႕မွာရန္ျဖစ္ခဲ့ၾကၿပီးပါၿပီ ။ ဝက္ေျခေထာက္စြပ္ျပဳတ္ဆိုင္ေလးကသိပ္ေတာ့မႀကီးေပမဲ့ ဝယ္သူ အရမ္းမ်ားလို႔တန္းစီစနစ္နဲ႕ဝယ္ယူရသည္ ။ ဒါကို ေနာက္မွေရာက္လာတဲ့စိုးပိုင္ကၾကားျဖတ္ၿပီးေနရာယူလိုက္ေတာ့ စိုင္းလင္းရဲ႕ေဒါသကိုသြားဆြလိုက္သလိုျဖစ္သြားသည္ ။
"ဒီမွာ စိုင္ပိုးေကာင္"
"ဘာ ဘာ ဘာ ...... မင္းငါ့ကိုဘယ္လိုေခၚလိုက္တယ္"
"စိုင္ပိုးေလ စိုင္ပိုး ျပန္ေျပာင္းလိုက္ရင္စိုးပိုင္ပဲေပါ့ ၊ တမင္အျမင္ကပ္လို႔ေျပာင္းျပန္ေခၚတာဘာျဖစ္ခ်င္လဲ ၊ ခင္ဗ်ားၾကားမျဖတ္နဲ႕ ေရာက္တဲ့ေနရာကေနပဲျပန္တန္းစီ"
"ဟားဟားပဲရမယ္ေကာင္ေလး ၊ ဒီလမ္းကမင္းမပိုင္ဘူး"
"ခင္ဗ်ား...... ရတယ္ေလ..... ခင္ဗ်ားအေနာက္မွာတန္းမစီရင္ ကြၽန္ေတာ္ဒီလမ္းမေပၚမွာ ကယ္ၾကပါဦး ဒီလူကကြၽန္ေတာ့္ ကိုမဖြယ္မရာလုပ္ေနပါတယ္လို႔ေအာ္ပစ္လိုက္မယ္ဆိုရင္ခင္ဗ်ားကေတာ့စတီးလက္ေကာက္ေလးနဲ႕ၾကည့္လွေနေတာ့မွာပဲ"
"မင္း...... "
"ဘာလဲ ဘာျဖစ္ခ်င္လဲ ၊ စတီးလက္ေကာက္ဝတ္မလား ေနာက္မွာေနမလား ေ႐ြးလိုက္"
စိုးပိုင္ ေဒါသအလိပ္လိုက္နဲ႕အေနာက္မွာတန္းစီလိုက္သည္ ။ စိုင္းလင္းကလည္းဝယ္ၿပီးတာနဲ႕ စိုးပိုင္ရဲ႕ေျခေထာက္ကို တမင္တကာတက္နင္းခဲ့ပါေသးသည္ ။
"မင္း မင္း!!!!"
ဘယ္ေတာ့မွမတည့္တဲ့ႏွစ္ေယာက္ပါ ။ ေၾကာင္နဲ႕ႂကြက္လိုပဲကိုက္ေနၾကတာပါပဲ ။
"စားလို႔ေကာင္းလား"
"အင္း အရမ္းအရသာရွိတယ္"
မိုးေသာက္ ခြန္းရဲ႕နဖူးေလးကိုစမ္းၾကည့္လိုက္သည္ ။
"ေတာ္ပါေသးရဲ႕ အဖ်ားလည္းမရွိေတာ့ဘူး"
ခြန္း သူ႕ေဘးနားမွာထိုင္ေနတဲ့မိုးေသာက္ရဲ႕အကၤ်ီလက္ကေလးကိုဆြဲကာ မိုးေသာက္ကိုေမာ့ၾကည့္ရင္း.......
"ဟိုေလ အစ္ကို႔ကိုေလ ေဖေဖကေဒါသထြက္ေနတယ္ထင္တယ္"
"ကိုယ္သိပါတယ္ ၊ အခုေတာ့ ဘရဏီကအိမ္ျပန္ေခၚသြားေပးတယ္ ၊ ခြန္း ေဆး႐ုံဆင္းတဲ့အခါ ကိုယ္တရားဝင္ ေတာင္းပန္မွာပါ ၊ အဲ့တာအတြက္ခြန္းဘာမွစိတ္မပူနဲ႕ေနာ္ ၊ ခြန္းလုပ္ရမွာကျမန္ျမန္ေနေကာင္းေအာင္လုပ္ရမွာ ဒါမွကိုယ္တို႔လက္ထပ္နိုင္မွာေပါ့"
"ေဖေဖကတစ္ခုခုမ်ား....... "
"မျဖစ္ေစရဘူး ၊ ခြန္းနဲ႕ကိုယ္နဲ႕အဲ့လိုမျဖစ္ေစရဘူး ၊ ဘာမွမေတြးေတာ့ဘဲ အနားယူလိုက္ေနာ္ ၊ ကိုယ့္ရဲ႕ခြန္းေလးက
လိမၼာတယ္မလား"
"အင္း အစ္ကို႔ရင္ခြင္ထဲမွာအိပ္ခ်င္တယ္ ၊ အစ္ကို႔ရင္ခြင္ကေႏြးတယ္"
"ခဏေစာင့္ ကိုယ္ဒါေလးသိမ္းလိုက္ဦးမယ္"
ပန္းကန္ေလးကိုတဖက္စားပြဲေပၚတင္လိုက္ၿပီး ခြန္းရဲ႕ေဘးနားမွာဝင္လွဲလိုက္တာနဲ႕ရင္ခြင္ထဲကိုအတင္းတိုးဝင္လာ ေတာ့သည္ ။
"ေႏြးေနတာပဲ အရမ္းသေဘာက်တာပဲ"
"အိပ္ေတာ့ကေလးေလး"
ခြန္း အိပ္ေပ်ာ္သြားေတာ့မွ ထမယ္လုပ္ေတာ့ သူ႕အကၤ်ီခါးအစကို အတင္းဆုပ္ကိုင္ထားတဲ့ခြန္းရဲ႕လက္ကေလးေတြ
ေၾကာင့္သူထလို႔မရခဲ့ပါ ။ အရမ္းေၾကာက္ေနခဲ့တာပဲ ။ အရင္တုန္းကအိပ္ရင္အဲ့လိုမဟုတ္ခဲ့ဘူး ။ သူ႕အေကာင္ေပါက္ ေလးအရမ္းေၾကာက္ေနတာမွန္းသိသာလြန္းသည္ ။ အေအးခန္းထဲမွာပိတ္မိေနၿပီး ဘယ္အခ်ိန္ဘယ္လိုခဲေသရမလဲ ဆိုတာမသိတဲ့အရာမ်ိဳးႀကဳံေတြ႕ရရင္ ဘယ္ေလာက္ပဲသတၱိရွိတဲ့လူျဖစ္ေနပါေစ စိတ္ပိုင္းဆိုင္ရာအရေတာ့ ေၾကာက္႐ြံ ေနခဲ့မွာပါပဲ ။ အခုသူ႕အေကာင္ေပါက္ေလးကသူထြက္သြားမွာေၾကာက္ေနတာ ။ ဒါနဲ႕ပဲသူမ်က္ရည္က်ရျပန္သည္ ။
"ကိုယ္တကယ္ေတာင္းပန္ပါတယ္ခြန္းရယ္....... "
သူ႕အေကာင္ေပါက္ေလးကို သူပိုတိုး၍ဖက္ထားလိုက္သည္ ။ သူ႕ကိုဘယ္သူဒီလိုလုပ္လဲ ဘာလို႔လုပ္လဲေတြ ဘာမွမေမး ဘဲ သူနဲ႕ခြဲရမွာကိုပဲစိုးရိမ္ေနတဲ့ကေလးေလး ။ သူ႕ကိုပဲၾကည့္တဲ့ကေလးေလး။ ခြန္းကတကယ့္ကိုရိုးသားျဖဴစင္တဲ့ ကေလးေလးတစ္ေယာက္ပါ ။ ဒီလိုလူမ်ိဳးနဲ႕သူေတြ႕ဆုံရတာသူအရမ္းကံေကာင္းေနၿပီမလား ။ ဥပမာေျပာရရင္ အမွိုက္ကားထြက္သြားတဲ့အခါဇိမ္ခံကားေရာက္လာသလိုမ်ိဳးပဲေပါ့ ။
"ကိုယ္နဲ႕ေတြ႕ဆုံခြင့္ေပးလို႔ေက်းဇူးတင္ပါတယ္"
သူလည္း ပင္ပန္းေနတာနဲ႕ခြန္းနဲ႕အတူတူအိပ္ေပ်ာ္သြားသည္ ။
"အစ္ကို ကြၽန္ေတာ္ေၾကာက္တယ္ ၊ ေက်းဇူးျပဳၿပီး ျမန္ျမန္လာေပးပါ"
သူအိပ္ေပ်ာ္ေနရင္း စကားသံတခ်ိဳ႕ကိုၾကားလိုက္ရေတာ့ သူလန့္နိုးလာသည္ ။ သူ႕ရင္ခြင္ထဲကအေကာင္ေပါက္ေလး ေယာင္ေနတာ ။ ဒီအျဖစ္အပ်က္ကသူ႕ကိုဆြဲထားတယ္ထင္ပါတယ္ ။ ေခြၽးေတြ႐ႊဲနစ္ေနၿပီး ေၾကာက္လို႔ ခြန္းရဲ႕ တစ္ကိုယ္လုံးတုန္ေနသည္ ။
"ခြန္း ခြန္း! ထ ထ မင္းအိမ္မက္မက္ေနတာ...... ခြန္း!!!!"
ေသခ်ာကိုင္လႈပ္ၿပီးႏွိုးလိုက္ေတာ့မွ ခြန္းလန့္နိုးလာသည္ ။ တုန္လႈပ္ေနတဲ့ခြန္းကိုဖက္ထားလိုက္ၿပီး......
"ဘာမွမျဖစ္ဘူး ကိုယ္ရွိတယ္ ၊ ကိုယ္ရွိတယ္ေနာ္ ဘာမွမျဖစ္ဘူး"
လုံၿခဳံမႈရွိသလို ေႏြးေထြးမႈအျပည့္ကိုခံစားရသည္ ။ ဒီစကားေလးတစ္ခြန္းနဲ႕တင္အရမ္းလုံၿခဳံသြားသလိုခံစားရ
သည္ ။ သူ႕ဘက္မွာအစ္ကိုရွိတယ္ဆိုတာသူသိလိုက္ရတဲ့အသိေလးကခုဏကအိမ္မက္ထဲကေအးစက္မႈေတြကိုအနိုင္ပိုင္းလိုက္နိုင္သည္ ။
"အဆင္ေျပသြားမွာပါ အစ္ကိုရွိေနတယ္ေလ ေနာ္"
"ကြၽန္ေတာ္အဆင္ေျပပါတယ္ ၊ ဒီအတိုင္းအိမ္မက္ဆိုးမက္တာပါ ၊ ကြၽန္ေတာ္အဆင္ေျပတာမို႔လို႔ အစ္ကိုမစိုးရိမ္နဲ႕ေနာ္"
"အရမ္းေအးေနလား ၊ ကိုယ္ အဲကြန္းပိတ္ေပးမယ္ေလ"
"အင္း ေက်းဇူးပါ"
မိုးေသာက္အဲကြန္းပိတ္လိုက္ၿပီး ခြန္းကိုရင္ခြင္ထဲမွာထည့္ထားလိုက္သည္ ။
"ကိုယ္အရမ္းအျဖစ္သည္းေနလို႔စိတ္ညစ္ေနၿပီလား"
"ဟင့္အင္း ကြၽန္ေတာ့္ကိုဂ႐ုစိုက္ေပးလို႔ပိုေတာင္ေပ်ာ္ေသးတယ္"
"ကိုယ္အရင္တုန္းကေသခ်ာဂ႐ုမစိုက္ခဲ့မိတာအတြက္လည္းေတာင္းပန္ပါတယ္"
"အစ္ကိုအရင္ကလည္းကြၽန္ေတာ့္ကိုဂ႐ုစိုက္ေပးခဲ့ပါတယ္ ၊ အခုကပိုၿပီးဂ႐ုစိုက္လို႔ေပ်ာ္တာပါ ၊ Hmm ......အစ္ကို႔ကိုယ္သင့္ရနံ႕ေလးကိုလည္းႀကိဳက္တယ္"
"ကိုယ္ေရမခ်ိဳးရေသးဘူးကြ ၊ ခြန္းကိုအရင္ကိုယ္လက္သန့္စင္ေပးမယ္ ၊ ေခြၽးေတြနဲ႕ျပန္အေအးပတ္ေနမယ္"
ေရခ်ိဳးခန္းထဲကိုေပြ႕ခ်ီသြားလိုက္ၿပီး ေဘစင္ေဘာင္ေပၚမွာတင္လိုက္သည္ ။ ေဆး႐ုံအကၤ်ီေလးကိုခြၽတ္လိုက္ၿပီး
အဝတ္ေရစိုေလးနဲ႕ေသခ်ာသန့္စင္ေပးၿပီး ေဆး႐ုံအကၤ်ီအသစ္တစ္ထည္သြားယူလာကာဝတ္ေပးလိုက္သည္ ။
"ကိုယ္ေရခ်ိဳးလိုက္ဦးမယ္ ၊ ခြန္း TVၾကည့္ေနမလား"
"အင္း"
အခ်ိန္ကိုၾကည့္လိုက္ေတာ့ည၁၁ထိုးေနပါၿပီ ။ စားပြဲေပၚမွာလည္းဖိုင္ေတြေရာက္ေနၿပီ ။ စိုင္းလင္းဘယ္တုန္းက လာေပးသြားမွန္းလည္းမသိလိုက္ ။ မိုးေသာက္ ေရခ်ိဳးခန္းထဲဝင္သြားတာကို ခြန္းလိုက္ၾကည့္ေနေသးသည္ ။
မိုးေသာက္ေရခ်ိဳးေနတုန္းမွာ ခြန္းဆီကိုသက္ကလ်ာေအာင္ေရာက္လာသည္ ။
"တို႔ ထိုင္လို႔ရမလား"
ခြန္း သက္ကလ်ာေအာင္ကိုျမင္တာနဲ႕ေၾကာက္ေနသည္ ။ သူ႕ကိုအေအးခန္းထဲမထည့္ခင္မွာ သက္ကလ်ာေအာင္ရဲ႕ မ်က္ႏွာကိုသူေသေသခ်ာခ်ာျမင္လိုက္သည္ ။ မိုးေသာက္ကလည္းေရခ်ိဳးေနေတာ့ ခြန္းဘာလုပ္ရမွန္းမသိ ။
"မေၾကာက္ပါနဲ႕ ၊ တို႔ မင္းကိုဘာမွမလုပ္ပါဘူး"
ေျပာေနတုန္းမွာပဲ မိုးေသာက္ေရခ်ိဳးခန္းထဲကထြက္လာတာနဲ႕တိုးေတာ့သည္ ။ ကလ်ာ့ကိုျမင္တာနဲ႕ မိုးေသာက္ ခြန္းအနားအေျပးသြားၿပီး ခြန္းကိုဖက္ထားလိုက္သည္ ။
"မင္းဘာလာလုပ္တာလဲ ၊ ဒုကၡေပးလို႔မဝေသးဘူးလား"
"မဟုတ္ပါဘူး ၊ သက္လာတာ စိတ္ရင္းနဲ႕ေတာင္းပန္ခ်င္လို႔ပါ ၊ သက္မွားခဲ့ပါတယ္ ၊ သက္ရဲ႕ေလာဘေၾကာင့္ ျဖဴစင္တဲ့ကေလးေလးထိခိုက္ခဲ့ရတာ သက္အရမ္းေနာင္တရမိပါတယ္"
"မင္းအခုမွလာၿပီးဒါေတြေျပာေနလည္း မင္းကိုငါခြင္ျမလႊတ္နိုင္ဘူး ၊ တရားဥပေဒအတိုင္းရင္ဆိုင္သြားမွာ"
"အစ္ကို ဘာေတြလုပ္မလို႔လဲ"
"ကိုယ္ဆုံးျဖတ္ၿပီးၿပီ ၊ မင္းအတြက္ကိုယ္တရားရင္ဆိုင္မွာ"
"အစ္ကို ကြၽန္ေတာ္ဘာမွမျဖစ္ဘူးေလ ၊ အဲဲ့ဒါေတြမလုပ္ပါနဲ႕ ေနာ္"
"မလုပ္လို႔မျဖစ္ဘူးေလ ၊ ကိုယ္မင္းကိုဆုံးရႈံးရေတာ့မလိုျဖစ္ခဲ့ရတာကေလးရဲ႕ ၊ မင္းသိလားကိုယ္ဘယ္ေလာက္ ေၾကာက္ေနခဲ့လဲဆိုတာ ၊ ကိုယ္ခ်စ္ရတဲ့မင္းကိုအခုလိုျဖစ္ေအာင္လုပ္ထားၿပီးမွ ပါးစပ္ကေလးနဲ႕ေဆာရီးပါ ေတာင္းပန္ ပါတယ္လို႔ေျပာေနတာကိုကိုယ္ကရပါတယ္ ဘာမွမျဖစ္ပါဘူးလို႔ေျပာရေလာက္တဲ့အထိစိတ္သေဘာထားမျပည့္ဝ ေသးဘူးကေလး"
"မိုးရယ္ သက္ေတာင္းပန္ပါတယ္ ၊ သက္ တကယ္မွားခဲ့ပါတယ္ ၊ သက္ကိုခြင့္လႊတ္ေပးပါေနာ္ ၊ ေမာင္ေလးခြန္းကိုလည္း အစ္မေတာင္းပန္ပါတယ္ ၊ အစ္မမွားခဲ့တာေတြအတြက္ေနာင္တရေနပါၿပီ"
"အစ္ကို အစ္မလည္းအမွားကိုသိေနၿပီပဲ ၊ ဘာမွမလုပ္နဲ႕ေတာ့ေနာ္ ၊ ကြၽန္ေတာ္ကေလ အစ္ကိုနဲ႕ေအးေအးေဆးေဆးပဲ ဘဝကိုျဖတ္သန္းခ်င္တာ ၊ အစ္ကိုကြၽန္ေတာ့္ကိုခ်စ္ရင္ဘာမွမလုပ္ပါနဲ႕ေနာ္ ၊ အဓိကကအမွားလုပ္တာသိသြားဖို႔ပဲ မလားအစ္ကိုရဲ႕ ေနာ္ ...."
"ခြန္း.....မင္းကြာ ကိုယ့္အားနည္းခ်က္ကိုအၿမဲကြာ..... "
မိုးေသာက္ခဏစိတ္ၿငိမ္ၿငိမ္ထားလိုက္ၿပီး......
"Okay ရတယ္ ၊ ခြန္းဆႏၵလည္းျပည့္ေအာင္ မင္းကိုဘာမွမလုပ္ေတာ့ဘူး ၊ ဒါေပမဲ့ ခြန္းကိုမင္းဒူးေထာက္ေတာင္းပန္ရ မယ္"
"မိုး ဒါက ......"
"ဒီအခ်ိန္မွာ မင္းရဲ႕သိကၡာေတြဘာေတြလာေျပာရင္ တရားဥပေဒအတိုင္းပဲဆက္သြားၾကတာေပါ့ ......"
"အစ္ကို ......."
"ခြန္း ဆက္ေျပာေနမယ္ဆိုရင္ ကိုယ္ဒီမိန္းမကိုဘာလုပ္မိမလဲမသိဘူးကြာ ......"
"ရတယ္ ရတယ္ ...... ၊ သက္ကိုအခ်ိန္ေတာ့ေပးပါေနာ္ ၊ သုံးရက္ သုံးရက္ေလးပါပဲ ......"
"မင္းငါ့ကေလးကိုလုပ္ခဲ့တုန္းကေရာအခ်ိန္ယူခဲ့တာလား ......."
"မိုး သက္က......."
အခန္းတစ္ခန္းလုံးတိတ္ဆိတ္သြားသည္ ။ သက္ကလ်ာေအာင္ကဆိုဖာတစ္ေယာက္ထိုင္ခုံမွာထိုင္ေနၿပီး မိုးေသာက္က ခြန္း၏ခါးကိုဖက္ထားလ်က္ သက္ကလ်ာေအာင္နဲ႕မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္သည္ ။ လူတစ္ေယာက္လုံးအေအးခန္းထဲ ထည့္ထားတဲ့အေျခအေနထက္ အခုလိုဒူးေထာက္ခိုင္းတဲ့အေျခအေနကပိုၿပီးသာတယ္မလား ။ လူတစ္ေယာက္လုံးကို သတ္ဖို႔ေတာင္လုပ္ခဲ့ၿပီးမွ ဒူးေထာက္ဖို႔က်ဝန္ေလးေနသည့္သက္ကလ်ာေအာင္ကိုသတ္ခ်င္စိတ္ေတြတဖြားဖြားေပၚေန ေပမဲ့လည္း သူ႕ကေလးရွိေနလို႔ စိတ္ကိုမနည္းထိန္းထားရသည္ ။ မိနစ္အၾကာၿငိမ္သြားၿပီးမွ သက္ကလ်ာေအာင္ေခါင္း ေမာ့လာသည္ ။ သူမအိတ္ကိုစားပြဲေပၚတင္လိုက္ၿပီး သူမက ခြန္းရဲ႕အေရွ႕မွာ မ်က္ရည္ေတြက်ရင္းဒူးေထာက္ခဲ့ပါသည္ ။
"သက္ေတာင္းပန္ပါတယ္ ခြန္း ၊ သက္ရဲ႕အျပစ္ေတြကိုခြင့္လႊတ္ေပးပါ ......"
ခြန္းကေတာ့ မေနတတ္မထိုင္တတ္ေတြျဖစ္ၿပီး သက္ကလ်ာေအာင္ကိုခ်က္ခ်င္းထခိုင္းၿပီးခုံေပၚမွာထိုင္ခိုင္းပါသည္ ။
"အစ္မရဲ႕အမွားကိုအစ္မသိရင္ကြၽန္ေတာ္ဝမ္းသာမိပါတယ္"
"အခုလိုခြင့္လႊတ္ေပးတာေက်းဇူးတင္ပါတယ္ ၊ ဒါဆို သက္ကိုျပန္ခြင့္ျပဳပါဦး ....."
သက္ကလ်ာေအာင္ထိန္းထားတဲ့မ်က္ရည္ေတြက သူမေျပးသြားတဲ့လမ္းတစ္ေလ်ာက္က်ဆင္းလာသည္ ။ သူမအေနာက္ မွ ေကာင္ေလးတစ္ေယာက္လည္းေျပးလိုက္သြားပါသည္ ။ သူမကားေနာက္ခန္းထဲဝင္ထိုင္ေနစဥ္ ေကာင္ေလးကကားတံ ခါးကိုဖြင့္လိုက္ၿပီး သူမေဘး ကားအျပင္ဘက္မွာ ဒူးတစ္ဖက္ေထာက္ထိုင္ကာ သူမရဲ႕ဒူးေခါင္းေတြကသဲတစ္ခ်ိဳ႕ကိုသူ႕ လက္နဲ႕ဖယ္ရွားေပးသည္ ။
"ကြၽန္ေတာ္ပုခုံးငွားေပးရမလားမမေလး ......"
"မလိုဘူး ၊ ငါငိုတာဘယ္သူမွမသိေစနဲ႕ . sob sob .."
"ဟုတ္ကဲ့ပါမမေလး ......"
"တကယ္ပဲ ငါဘယ္ကစမွားခဲ့တာလဲ တကယ္ ....."
"နားလည္ပါတယ္ ၊ ခ်စ္ေနတဲ့လူရဲ႕စိတ္ကို ကြၽန္ေတာ္လည္းအဲ့ခံစားခ်က္ကိုကြၽန္ေတာ္လည္းခံစားေနရတာမို႔လို႔ေကာင္း ေကာင္းသိပါတယ္ ၊ မမေလးကစိတ္အလိုကိုအရမ္းလိုက္လို႔ျဖစ္သြားရတာမို႔လို႔ မမေလးမငိုပါနဲ႕ေတာ့ ......"
"မင္းမွာခ်စ္ရတဲ့သူရွိတယ္ေပါ့ ၊ အဲ့ေကာင္မေလးကေတာ့အရမ္းကံေကာင္းတာပဲ ၊ ငါ့လိုသူစိမ္းကိုေတာင္အရမ္း ကာကြယ္ႏွစ္သိမ့္ေပးတတ္တာ မင္းခ်စ္တဲ့ေကာင္မေလးဆိုရင္ေတာ့ပိုၿပီးသဲသဲလႈပ္ေနမွာပဲေနာ္ ......."
"အင္း ကြၽန္ေတာ္ကေတာ့ခ်စ္ေနေပမဲ့ သူကေတာ့မသိပါဘူးဗ်ာ"
"ဟယ္ တုံးလိုက္တာ ၊ ဒီေလာက္ကံေကာင္းေနတာကို ....."
"ဟုတ္တယ္ေနာ္ အရမ္းတုံးတာပဲ ၊ ကြၽန္ေတာ္အိမ္ကိုပဲပို႔ေပးရမလားမမေလး ......"
"အင္း ငါနားခ်င္ေနၿပီ ......"
{ဟုတ္တယ္ အရမ္းထက္ျမက္တဲ့မမေလးက တစ္ခါတစ္ေလက်ေတာ့အရမ္းတုံးတယ္ .....}
သူကားတံခါးကိုပိတ္လိုက္ၿပီး ကားအေရွ႕ခန္းမွာဝင္ထိုင္လိုက္ၿပီး ေနာက္ၾကည့္မွန္ကေနတစ္ဆင့္မမေလးကိုၾကည့္ၿပီး ၿပဳံးျပလိုက္သည္ ။
"ရာရာတို႔ကြာရွင္းၾကရေအာင္ကိုကို ......."
"ကေလး ! .."
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ရင္ခုန္ေအာင္လုပ္ရင္းထားခဲ့ပါၿပီရွန္ 😌
ဖတ္ၿပီးရင္ဘာလုပ္ရမလဲသိၾကတယ္မလား ဟင္းဟင္း
အသစ္ကေလး Somebody To Youနဲ႕ The Empressကိုလည္းအားေပးၾကပါဦးလို႔ ဖတ္ၿပီးရင္ေတာ့ဘာလုပ္ရမလဲသိၾကတယ္မလား ဟင္းဟင္း 😏
____________________________________________________