အသက်ထက်ပို​သော(Completed)

By PannWintHlwar

483K 36K 1.8K

တစ်ရက်မှာတစ်ည ၊ တစ်ညမှာတစ်ခဏ​က​လေးက သူ့အတွက်တစ်ဘဝဖြစ်လာမယ်ဆိုတာ သူဘယ်တုန်းကမှ​တွေးထင်မထားမိပါ ။ တစ္ရက္မွာတစ္ည... More

အသက်ထက်ပို​သော(၁)
အသက်ထက်ပို​သော(၂)
အသက်ထက်ပို​သော(၃)
အသက်ထက်ပို​သော(၄)
အသက်ထက်ပို​သော(၅)
အသက်ထက်ပို​သော(၆)
အသက်ထက်ပို​သော(၇)
အသက်ထက်ပို​သော(၈)
အသက်ထက်ပို​​သော(၉)
အသက်ထက်ပို​သော(၁၀)
အသက်ထက်ပို​သော(၁၁)
အသက်ထက်ပို​သော(၁၂)
အသက်ထက်ပို​သော(၁၃)
အသက်ထက်ပို​သော(၁၄)
အသက်ထက်ပို​သော(၁၅)
အသက်ထက်ပို​သော(၁၆)
အသက်ထက်ပို​သော(၁၇)
အသက်ထက်ပို​​သော(၁၈)
အသက်ထက်ပို​သော(၁၉)
အသက်ထက်ပို​သော(၂၀)
အသက်ထက်ပို​သော(၂၁)
အသက်ထက်ပို​သော(၂၂)
အသက်ထက်ပို​သော(၂၃)
အသက်ထက်ပိုသော(၂၄)
အသက်ထက်ပိုသော(၂၅)
အသက်ထက်ပိုသော(၂၇)
အသက်ထက်ပိုသော(၂၈)
အသက်ထက်ပိုသော(၂၉)
အသက်ထက်ပိုသော(၃၀)
အသက်ထက်ပိုသော(၃၁)
အသက်ထက်ပိုသော(၃၂)
အသက်ထက်ပိုသော(၃၃)
အသက်ထက်ပိုသော(၃၄)
အသက်ထက်ပိုသော(၃၅)
အသက်ထက်ပိုသော(၃၆)
အသက်ထက်ပိုသော(၃၇)
အသက်ထက်ပိုသော(၃၈)
အသက်ထက်ပိုသော(၃၉)
အသက်ထက်ပိုသော(၄၀)
အသက်ထက်ပိုသော(၄၁)
အသက်ထက်ပိုသော(၄၂)
အသက်ထက်ပိုသော(၄၃)
အသက်ထက်ပိုသော(၄၄)
အသက်ထက်ပိုသော(၄၅)
အသက်ထက်ပိုသော(၄၆)
အသက်ထက်ပိုသော(၄၇)
အသက်ထက်ပိုသော(၄၈)
အသက်ထက်ပိုသော(၄၉)
အသက်ထက်ပိုသော(၅၀)

အသက်ထက်ပိုသော(၂၆)

7.9K 617 43
By PannWintHlwar

ရှပ်အင်္ကျီအပြာနုရောင်လေးနဲ့အဖြူရောင်ဂျင်းဘောင်း
ဘီလေးဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက် ကော်ဖီဆိုင်လေး၏ထောင့်ဆုံးတစ်နေရာတွင်နေရာယူထိုင်နေပြီး မှန်ကိုဖြတ်သန်းကာအပြင်ဘက်ကိုငေးကြည့်
နေသည် ။ ထိုကောင်လေးကတော့ မင်းစေရာပင်ဖြစ် သည် ။ ဒူးအထက်ဂါဝန်အပြာနုရောင်လေးကိုဝတ်ဆင်
ထားပြီး အဖြူရောင်ဒေါက်ဖိနပ်ကိုစီးထားသည့် ကောင် မလေးတစ်ယောက် ဒေါက်ဖိနပ်သံတခွက်ခွက်ဖြင့်ကော်
ဖီဆိုင်ထဲသို့ဝင်ရောက်လာသည် ။ သူမမျက်နှာပေါ်ကျရောက်လာသည့်ဆံနွယ်တစ်ချို့ကိုလက်ကလေးနဲ့သပ်တင်လိုက်ပြီး ကောင်လေး၏အရှေ့တွင်ဝင်ထိုင်လိုက်သည် ။

"စောင့်နေရတာကြာသွားလား ၊ ရွှေစင်ကသင်တန်းဆင်းတာနောက်ကျသွားလို့ပါ"

"ရပါတယ် ၊ ငါလည်းခုဏလေးတင်မှရောက်တာပါ"

အိရွှေစင်ကမင်းစေရာကိုကြည့်ပြီးပြုံးကာခေါင်းလေးငုံ့သွားသည် ။ ထို့နောက် သူမထံမှ အသံသဲ့သဲ့လေးထွက်လာသည် ။

"ငါတို့နှစ်ယောက်ကစိတ်ချင်းဆက်နေတယ်နဲ့တူတယ်နော် ခ်ခ်"

ရာရာအခုမှသတိထားမိတယ် ။ အိရွှေစင်နဲ့သူနဲ့အင်္ကျီအ
ရောင်ချင်းတူနေတယ်ဆိုတာ ။ ရာရာလည်း ရယ်လိုက်ပြီး

"ဟားဟား တိုက်ထားရင်တောင်လွဲဦးမယ်"

ရာရာကသူ့လွယ်အိတ်လေးထဲက အဖြူရောင်နဲ့အပြာနုရောင်ရောစပ်ထားသည့်ဖိတ်စာလေးထုတ်လိုက်ပြီးလေယာဥ်လက်မှတ်နဲ့အတူ အိရွှေစင်ကိုပေးလိုက်သည် ။
အိရွှေစင် ဖိတ်စာလေးနဲ့လေယာဥ်လက်မှတ်ကိုယူကြည့်
လိုက်သည် ။

"နင်နဲ့လက်ထပ်မယ့်သူကအရမ်းချမ်းသာတယ်ထင်တယ်နော်"

အမေရိကားမှာမင်္ဂလာဆောင်မယ်ဆိုတော့ အိရွှေစင်က
အခုလိုစကားမျိုးစလာသည် ။ ရာရာလေးကခေါင်းခါရင်း ......

"ဟင့်အင်း မဟုတ်ပါဘူး ၊ အရမ်းချမ်းသာတာမဟုတ်ဘဲ အရမ်းချစ်လို့ပါ"

"နင်ကယောကျာ်းလေးလေ သူ့အတွက်ပြီးပြည့်စုံနိုင်ပါ့မလား ၊ တစ်ချိန်ချိန်ကျရင်တော့ လိုအပ်တဲ့အရာကသူ့အတွက်လိုလာမှာပဲလေ မဟုတ်ဘူးလား"

"ငါရှိနေတာပဲ ၊ ကိုကိုလိုအပ်တဲ့အရာတိုင်း ငါကမဖြစ်ဖြစ် အောင်ကိုဖန်တီးယူပြီးတော့ကိုလုပ်ပေးမှာ ၊ နင်သာ ပွဲကို
ဆက်ဆက် လာဖြစ်အောင်လာခဲ့ ၊ ဟိုမှာတည်းခိုဖို့အတွက်လည်း အကုန်စီစဥ်ပေးထားတယ်"

အိရွှေစင် ဖိတ်စာလေးကိုလက်ထဲမှာခပ်တင်းတင်းဆုပ်
ကိုင်ထားရင်း ဟန်လုပ်ကာအပြုံးတစ်ခုကိုဖန်ဆင်းလိုက်သည် ။

"ဒါဆို ငါသွားတော့မယ်နော် ၊ ကိုကိုနဲ့ချိန်းထားတာရှိလို့"

"ဪ အေးပါ"

ရာရာလေးထွက်သွားတာကို ကော်ဖီဆိုင်ထဲကနေ မျက်စိတဆုံးလိုက်ကြည့်နေသည် ။ ဖိတ်စာကိုအိတ်ထဲထည့်လိုက်ပြီး......

"ငါနောက်ကျသွားပေမဲ့ နင်ကငါ့အပိုင်ပဲ ၊ ငါတို့ငယ်ငယ်ကတည်းက ကတိပေးထားကြတယ်လေ ၊ နင်နဲ့ငါနဲ့ကတိ
တွေထားခဲ့ကြတယ်လေ ၊ နင်မမှတ်မိပေမဲ့ ငါကတော့အချိန်တိုင်းသတိရနေတာ"

အမေရိကားဘက်မှာတော့ ဗီဗီယမ်ရဲ့မိဘတွေရှိနေတော့
ခန်းမကိစ္စတွေ ၊ ဟိုတယ်ကိစ္စတွေအတွက် စိတ်ပူစရာတော့မရှိ ။ ဗီဗီယမ်လည်းကောင်းကောင်းမွန်မွန်ဆေးကုသမှုခံယူနေတော့ သူတို့ရဲ့မင်္ဂလာပွဲကိုတက်နိုင်မယ်ထင်ပါသည် ။ ခွန်းတို့ရော ဘရဏီတို့ရော ၊ ကုမ္ပဏီကဝန်ထမ်းတွေအတွက်ရော အကုန်လုံးစီစဥ်ထားသည် ။
ချမ်းသာသည်ထက် ချစ်လို့လုပ်ပေးသည်ကပိုမှန်သည် ။
ကလေးငယ်ကိုခမ်းခမ်းနားနားလက်ထပ်ခွင့်မတောင်းလိုက်ရတော့ မင်္ဂလာပွဲကိုပထမစီစဥ်ထားသည်ထက်ခမ်းနားအောင်လုပ်ပေးဖို့သူ့ခေါင်းထဲမှာအစီအစဥ်တွေအပြည့် ။ ချစ်လို့အကုန်အကျခံနိုင်သည်ဆိုတာကသူ့အတွက်ပိုမှန်နေလိမ့်မည် ။

"မေမေ!"

"အမယ်လေး သားငယ်လေး ကြည့်ပါဦး ပျော်ရွှင်နေတဲ့ရုပ်လေး"

"ကိုကိုကပျော်အောင်ထားတာကိုမေမေရဲ့ ခစ်ခစ်"

"ပြောလိုက်ကလေး ပြောလိုက်"

"အမယ်လေး သိပ်လိုက်ဖက်နေကြတာ ၊ မေမေ့ဘက်က
လူကြီးအသိမိတ်ဆွေတွေလည်းဖိတ်ပြီးပါပြီရှင် ၊ ဒီအချိန်မှာ မမသီသာရှိနေရင်အရမ်းပျော်ဖို့ကောင်းမှာ"

သူမရဲ့စကားကြောင့် သူမဘေးနားက ကလေးငယ်လေး
ခေါင်းလေးငုံ့သွားသည် ။

"ဟိတ် ဒီမှာမေမေရှိနေပြီလေ ၊ ဘာလို့စိတ်အားငယ်နေစရာလိုလဲ ၊ မေမေကသားရဲ့မေမေပဲလေ ဟုတ်တယ်မလား"

ဒေါ်နီလာဖြူရဲ့စကားကြောင့် ရာရာလေးအပြုံးပန်းတွေဝေလာသည် ။ ဒေါ်နီလာဆွေကရာရာလေးကိုဖက်လိုက်ပြီး ခေါင်းလေးကိုအသာလေးပွတ်ပေးလိုက်သည် ။

"အမယ်လေး ကလေးလေးပါလား ၊ မငိုနဲ့တော့ တိတ်တိတ် ၊ တော်ကြာသားကိုကိုကသူ့ကလေးငိုအောင်လုပ်ရမလားဆိုပြီးမေမေ့ကိုရန်ရှာနေပါဦးမယ် ၊ မေမေကြောက်တယ်ရှင်"

"မကြောက်ပါနဲ့ ၊ ရာရာကမေမေ့ကိုကာကွယ်ပေးမှာ"

ရာရာလေးပြောတဲ့စကားကို ဒေါ်နီလာဖြူအရမ်းသဘောတွေကျသွားပြီး ရာရာလေးရဲ့ပါးလေးတွေကိုအားပါးတ
ရ နမ်းပစ်လိုက်တော့သည် ။

"မေမေ ကလေးပါးတွေလည်းနီကုန်ပါပြီမေမေရယ်"

"အမယ်လေး ကျွန်မကရှင့်လောက်တော့မဆိုးသေးပါဘူးရှင် ၊ ဒညင်းသီးကအီးတပြန်ကျနေတာပဲ"

"အာ မေမေကဗျာ ဒါကတော့ဒါပေါ့​ဗျာ ၊ စိုးပိုင်ရေ! "

အခန်းအပြင်ဘက်ကသက်အောင်ကို သျှင်းမြတ်လှမ်းခေါ်လိုက်သည် ။ သက်အောင်ဝင်လာတဲ့အခါ .....

"စိုးပိုင် ကျွန်တော့်ကလေးကိုထားခဲ့မယ်နော် ၊ မေမေနဲ့ကျွန်တော်ကအစည်းအဝေးခဏတက်ရမှာမို့လို့ ၊ စိတ်ချမယ်နော်"

"ဟုတ်ကဲ့ပါ MD"

"ကဲ မေမေတို့သွားလိုက်ဦးမယ်ရာရာလေးရေ"

မေမေကအခန်းထဲကနေအရင်ထွက်သွားသည် ။ မေမေထွက်သွားတာနဲ့ ရာရာလေးကိုခါးကနေဆွဲဖက်ပြီး မျက်
နှာအနှံ့ကိုနမ်းပါတော့သည် ။ ရာရာလေးက တခစ်ခစ်နဲ့
သဘောတကျရယ်မောနေသည် ။

"လွမ်းနေတာကလေးလေးရာ"

"ဒါတော့နည်းနည်းများသွားပါပြီ ၊ မနက်ကမှအလုပ်သွားတာလေ အချိန်ဘယ်လောက်မှမကြာသေးဘဲနဲ့"

"ကိုကို့အတွက်ကတော့ တစ်မိနစ်ကိုဆယ်နှစ်လောက်ကြာတယ်"

"အရမ်းများသွားပါပြီကိုကိုရေ ၊ ကဲပါ သွားတော့လေ ဝန်ထမ်းတွေစောင့်နေရဦးမယ်"

ပြောနေတာတောင် ရာရာလေးကိုမလွှတ်သေးဘဲ ဖက်ထားဆဲပင်ဖြစ်သည် ။ တကယ်ကို ပြောရခက်တဲ့လူကြီးပါ ။

"မောင်သက်အောင်ရေ မင်းတို့ရဲ့MDကိုအရှင်ရရ အသေရရ ဆွဲသာခေါ်လာခဲ့ပါတော့ ၊ မဟုတ်လည်းအဲ့နှစ်ယောက်စလုံးကြိုးတုပ်ပြီးသာခေါ်လာခဲ့တော့ ၊ ကြာရင် ငါ့ကုမ္ပဏီ ဒေဝါလီခံရမယ့်ကိန်းတွေမြင်နေရတယ်"

"ဟုတ်ကဲ့ပါဥက္ကဌ ကျွန်တော်သွားခေါ်လာခဲ့ပါ့မယ်"

ဒေါ်နီလာဖြူရဲ့စကားကိုကြားတော့ ဝန်ထမ်းလေးတွေဆီက ရယ်သံလေးတွေထွက်လာကြသည် ။

"တိတ်တိတ်ကလေးတွေရယ်မနေကြနဲ့ ၊ နင်တို့MDကအချိုးမပြေတော့ဘူး ၊ အားလုံးသိကြတယ်မလား ၊ အလုပ်ဖြုတ်ပစ်လိုက်ရင်ကောင်းမယ်ထင်တယ်"

အစည်းအဝေးခန်းထဲမှာ ရယ်သံတွေပွဲကျသွားတော့
သည် ။ ရယ်သံတွေရဲ့အဆုံးမှာတော့ သျှင်းမြတ်ရောက် လာလေသည် ။

"ဪ ရောက်လာသေးတယ် ၊ ငါကတစ်ခါတည်းခိုးပြေး
သွားကြပြီထင်နေတာ"

"ဟာဗျာ မဟုတ်ရပါဘူး ၊ နောက်ကျသွားတာတောင်းပန်ပါတယ် ၊ ကဲ စလိုက်ကြရအောင်"

ကုန်တိုက်ကြီးထဲမှာ ခွန်းနဲ့မိုးသောက်တို့နှစ်ယောက် လက်
တွဲပြီး ရာရာတို့အတွက် မင်္ဂလာလက်ဖွဲ့ဝယ်ရန်ကုတင်တွေလိုက်ကြည့်နေကြသည် ။ ခန်းဝင်ပစ္စည်းဆိုင်ထဲကိုဝင်ပြီး.......

"မင်္ဂလာပါမောင်လေး ဘာများကူညီပေးရမလဲရှင့်"

"အစ်မ ကျွန်တော်ကုတင်လိုချင်လို့ဗျာ ၊ အိလည်းအိရမယ် ၊ အသံလည်းမထွက်ရဘူး ၊ အချို့အချိန်တွေကအသံထွက်ရင်မကောင်းဘူးလေ ၊ ပြီးတော့ ဝိတ်လည်းများမှာစိုးလို့ခံနိုင်ရည်ရှိမယ့်ဟာမျိုး ၊ တကယ့်အကောင်းစားထဲကလိုချင်တယ်ဗျာ ၊ အစ်မတို့ဆီမှာရှိလား"

ခွန်းကတော့ ဘာမှမဖြစ်သလို ပြောပြပြီးဝယ်ပေမဲ့ ဘေးနားကမိုးသောက်နဲ့အရောင်းဝန်ထမ်းအစ်မကတော့မျက်နှာတွေနီရဲလို့နေသည် ။ မိုးသောက်လည်းမျက်နှာပူလွန်းလို့ လည်ပင်းကိုပဲမီးပွင့်မတတ်ပွတ်နေတော့သည် ။

"အစ်မ ဘာလို့မျက်နှာကြီးနီသွားရတာလဲ ၊ အဲ့လိုကုတင်မျိုးရှိလားလို့ ၊ မရှိရင်သွားတော့မယ်"

"ဟို ဟို နေပါဦး ၊ ရှိပါတယ်မောင်လေး ဒီဘက်ကိုကြွပါ"

ကုတင်ပေါ်မှာပက်လက်လှန်ပြီးအိပ်ကြည့်လိုက် ၊ ထိုင်ကြည့်လိုက်နဲ့တစ်ယောက်တည်းအလုပ်တွေရှုပ်နေတော့
သည် ။ ခွန်းရဲ့ ဈေးဝယ်တဲ့စကေးတွေကိုတော့မိုးသောက်
တကယ်လေးစားသွားပါတော့သည် ။ ရာရာလေးတို့အိမ်ကပြန်ပြင်ဆောက်နေတာဆိုတော့ အခုလောလောဆယ် မေမေ့အိမ်မှာလာနေကြသည် ။ အပေါ်ထပ်ကို ရာရာလေးတို့အတွက်အခန်းကိုအကျယ်ကြီးဖြစ်အောင်ပြန်ပြင်ပြီး အိမ်ဖွဲ့စည်းပုံကိုလည်းပြန်ပြောင်းလိုက်သည် ။ ခြံထဲမှာ ခုံတန်းလေးတွေ ၊ ဒန်းလေးရယ် ၊ စက္ကူပန်းပင်တွေကိုပေါင်းမိုးလေးလိုလုပ်ထားတဲ့လျှောက်လမ်းလေးရယ် ၊ နှင်းဆီပန်းတွေချည်းပဲရောင်စုံစိုက်ထားတဲ့ပန်းခင်းလေးရယ် ရာရာလေးစိတ်ပျော်ရွှင်စေရန် အကုန်ပြန်ပြင်ဆင်
လိုက်သည် ။ အိမ်အသစ်ကို ရာရာလေးမှာကြည်ခွင့်မရှိ ။ ဟန်းနီးမွန်းကပြန်လာမှကြည့်ရမယ်လို့သျှင်းမြတ်ကတစ်ချက်လွှတ်အမိန့်ထုတ်ထားလေသည် ။ ရာရာလေးကသိချင်လွန်းလို့ ဟိုလူ့လိုက်မေး ဒီလူ့လိုက်မေးလုပ်သော်
လည်း ဘယ်သူမှမပြောပြရဲကြပါ ။

မင်္ဂလာပွဲက သဘက်ခါမှဆိုပေမဲ့ လေယာဥ်စီးချိန်ကြာမြင့်တာကြောင့် ရက်စောပြီးထွက်ရသည် ။ လေယာဥ်တစ်ခါမှမစီးဖူးတဲ့ရာရာလေးအတွက်ကတော့ စိတ်တွေ အရမ်းလှုပ်ရှားနေသည် ။ ကိုကို့လက်ကိုကိုင်ထားတာ လွှတ်ကိုမလွှတ်တော့ဘူး ။

"ကလေး အရမ်းကြောက်နေတာလား"

"အင်း ရာရာတစ်ခါမှမစီးဖူးတော့ကြောက်တယ် ၊ ပြီးတော့ အကြာကြီးစီးရမှာဆိုတော့"

ကလေးအတွက်သူလုပ်တာက ကလေးကိုစိတ်အနှောက်အယှက်ဖြစ်စေမိပြီလားလို့တောင်သူတွေးမိတယ် ။

"ကိုကိုရှိနေလို့ရာရာအဆင်​ပြေပါတယ်"

"မကြောက်နဲ့နော် ၊ ဘာမှမဖြစ်ဘူး ၊ ကိုကိုရှိတယ် ၊ က
လေး ဗိုက်ဆာလား ၊ မုန့်စားဦးမလား ၊ လေယာဥ်ချိန်ကလိုသေးတယ်"

"ဟင့်အင်း ရတယ် ၊ ရာရာနေ့ခင်းကအများကြီးစားထားတယ်"

"ဟုတ်ပြီ ၊ ဒီမှာခဏထိုင်နေနော် ၊ ကိုကို Toiletသွားလိုက်ဦးမယ်"

"ဟုတ်"

သျှင်းမြတ်ထွက်သွားပြီးသိပ်မကြာသေးခင် အိရွှေစင်ရောက်လာလေသည် ။ ဒီတစ်ခေါက်လည်းအိရွှေစင်နဲ့
အင်္ကျီအရောင်ချင်းတူနေပြန်သည် ။ သို့သော် တစ်ခုကွာခြားသွားသည်က ရာရာလေးနဲ့သျှင်းက Couple Shirt အစိမ်းကွက်ကလေးကိုဝတ်ထားသည်ဆိုတာပါပဲ ။

"ဘယ်လိုလဲ ပျော်နေပြီလား"

"အင်း အရမ်းပျော်တယ် ၊ နင်လာပေးတာကျေးဇူး"

"ရပါတယ် နင်ကငါ့ရဲ့....... "

အိရွှေစင်ရဲ့စကားတောင်မဆုံးသေး ဘရဏီတို့အဖွဲ့ရောက်လာတာနဲ့ အိရွှေစင်စကားကိုဆုံးအောင်မပြောလိုက်ရပါ ။ ဘရဏီတို့ကအတင်းနေရာဝင်ယူပြီး စကားတွေအလုအယက်ပြောနေကြတာနဲ့ အိရွှေစင်စကားပြောချိန်မရသလို ရာရာလေးလည်းသူငယ်ချင်းတွေနဲ့သူမကိုမိတ်ဆက်ပေးဖို့မေ့သွားလေသည် ။

သျှင်းမြတ် - ဟာ ရောက်နေကြပြီလား

ဘရဏီ - ခုဏလေးတင်မှရောက်တာပါ ၊ အမယ် ကြည့်ပါဦး ငါဝယ်​ပေးတဲ့ couple shirtနဲ့လန်းနေကြတာ

မိုးသောက် - မရီးကဘက်လိုက်တယ် ၊ မတ်ကလေးကိုကျတော့မဝယ်ပေးဘူး နော် ဘေဘီလေး

ဘရဏီ - လိုချင်ရင် အခုဆောင်လိုက်ကြလေ ၊ ကိုယ်တွေကမင်္ဂလာမောင်နှံတွေကိုပဲပေးတာ

ခွန်း - မဝယ်ပေးနေပေါ့ ၊ အစ်ကိုကအကုန်ဝယ်ပေးလိမ့်မယ် ဟားဟား နင့်မှာဝယ်ပေးမယ့်သူရှိလား

ဘရဏီ - အမယ်လေး ကျေးဇူးကကန်းပြန်ပြီ ၊ နင်တို့လင်ရဖို့ငါတို့ကကြိုးပမ်းနေရတာ ဖင်ယားလို့ကုတ်မယ့်အချိန်တောင်မရှိလို့လူငှားထားရတယ်သိရဲ့လား

ခွန်း - ဟာ နင်မိုက်ရိုင်းလှချည်လား

ရွှန်း - ပြောပစ်လိုက်ဘရဏီ ကျေးဇူးကန်းနေတဲ့အ
ကောင်

မိုးသောက် - ဘေဘီလေးကိုမပြောကြပါနဲ့တော့ ၊ လာ ကိုယ့်ရင်ခွင်ထဲမှာနေ

ရွှန်း - ဘာဘေဘီလဲ ၊ Boss Babyလား

သူတို့ရဲ့စကားဝိုင်းထဲကို အိရွှေစင်ဝင်မတိုးနိုင် ။ အဝေးတစ်နေရာကနေသာ ထိုင်ကြည့်နေရတော့သည် ။ လေဆိပ်မှာ သူတို့အဖွဲ့နဲ့တင်ပြည့်နေလေသလား ။ လေယာဥ်စင်းလုံးငှားလေသလားမသဲကွဲတော့ပါ ။ မေမေကတော့ လူကြီးအသိုင်းအဝိုင်းဘက်မှာနေရင်းစကားတွေ
ဖောင်ဖွဲ့နေလေသည် ။ လေယာဥ်ပေါ်ရောက်တော့ ကလေးငယ်ရဲ့လက်ကလေးတွေကအေးစက်လို့နေသည်။
ရာရာလေးစိတ်တွေအရမ်းလှုပ်ရှားနေတာ အရမ်းသိသာ
သည် ။

"အဆင်ပြေရဲ့လား ၊ ရာရာကလေ လေယာဥ်တစ်ခါမှမစီးဖူးဘူးအစ်ကိုရဲ့"

အိရွှေစင်ဘေးနားရောက်လာပြီး ရာရာလေးလက်ကိုကိုင်မယ်လုပ်တော့ သျှင်းကသူမထက်အရင်ဆုပ်ကိုင်ပစ်
လိုက်သည် ။

"ကျွန်တော်သိပါတယ် ၊ မအိရွှေစင်စိတ်ပူနေစရာမလိုပါဘူး ၊ ကျွန်တော်တစ်​ယောက်လုံးရှိနေရင်ကလေးကအရာရာအဆင်ပြေပါတယ်"

"ဟုတ်ကဲ့"

အိရွှေစင် မျက်နှာပျက်သွားတာကို သျှင်းမြတ် ထင်ရှား
စွာမြင်လိုက်ရသည် ။

"ကိုကိုကလည်းသူကစိတ်ပူလို့ပြောတာပါ"

"မလိုပါဘူး ၊ ကိုကိုရှိနေတာပဲလေ သူဘာမှပြောစရာမလိုဘူး ၊ ကိုကိုနဲ့ကလေးက လက်ထပ်စာချုပ်မှာလက်မှတ်
ထိုးပြီးသား ၊ တရားဥပဒေအရ ကလေးကို ကိုကိုပိုင်တယ် ၊ ဘယ်သူမှဝင်စွက်ဖက်စရာမလိုဘူး"

"ရာရာ့သူငယ်ချင်းလေကိုကိုရဲ့ သူကအဲ့လိုပဲပြောတတ်တယ်ကိုကိုရဲ့"

"သူငယ်ချင်းဆိုတာကြီးကို ကိုကိုကပိုကြောက်တယ်ကလေးရဲ့ ၊ ကိုကို့ကလေးက အရမ်းကိုရိုးသားလွန်းနေလို့ ကိုကိုကပိုပြီးစိုးရိမ်ရတယ်"

ရာရာလေးရဲ့နဖူးလေးကိုတစ်ချက်နမ်းလိုက်ပြီး ရာရာလေးကိုခါးပတ် ပတ်ပေးလိုက်သည် ။ ရာရာလေးက သျှင်းရဲ့လက်မောင်းကိုဆုပ်ကိုင်ပြီး ပုခုံးလေးပေါ်မှီနေ
သည် ။ ကလေးငယ်လေးကြောက်နေရှာတာသျှင်းသိတော့ ရာရာလေးရဲ့လက်ကိုသေချာဆုပ်ကိုင်ထားပေးသည် ။

"ကလေး မျက်လုံးလေးဖွင့်ပါဦး ၊ ပြတင်းပေါက်ကနေကြည့်ကြည့်လိုက်"

"သားကြောက်တယ်"

သားကြောက်တယ်ဆိုတဲ့စကားကြောင့် သျှင်းပူထူသွား
သည် ။ ကလေးငယ်ကဒီလိုတစ်ခါမှပြောဖူးတာမဟုတ်ဘူး ။

"ကလေး ကိုကို့ကိုကြည့်စမ်း ၊ ကိုယ့်ကိုကြည့် ၊ ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ၊ စိတ်ကိုအေးအေးထားပြီးမျက်လုံးဖွင့်ကြည့်လိုက် အရမ်းလှတယ်ကလေးရဲ့ ၊ ကိုယ့်ကိုယုံရင်မျက်လုံးဖွင့်လိုက်"

မျက်လုံးလေးကို မရဲတရဲလေးဖွင့်ကြည့်လာသည် ။ ဘေးမှာထိုင်နေတဲ့သျှင်းကိုမော့ကြည့်သည် ။ သျှင်းက ရာရာ့ရဲ့ပါးလေးတွေကိုပွတ်လိုက်ပြီး လက်နှစ်ဖက်နဲ့မျက်နှာလေးကိုထိန်းကိုင်ကာ နှာခေါင်းထိပ်လေးနဲ့ပွတ်ပြီးကျီစယ်လိုက်သည် ။ ရာရာလေးနဲ့စတွေ့ကတည်းကဒီလိမျိုးလေးလုပ်တာ ရာရာလေးက သိပ်သဘောကျသည် ။အခုလည်း ကလေးလေးကိုချော့မြူလို့ ကလေးငယ်လေး
သဘောကျနေသလို တခစ်ခစ်နဲ့ရယ်နေသည် ။

"တွေ့လား ကိုယ်ပြောသားပဲ အဆင်ပြေသွားမှာပါလို့ ၊ အပြင်ကိုကြည့်လိုက်ကလေး"

ရာရာလေး ပြတင်းပေါက်ကနေကြည့်လိုက်တော့ ဒီမြင်ကွင်းမျိုးကအရမ်းကိုလှလွန်းနေသည် ။ ရာရာလေး
သျှင်းဘက်ကိုတောင်ပြန်မလှည့်တော့ဘဲ အပြင်ကိုသာငေးကြည့်နေတော့သည် ။ အပေါ်စီးကမြင်ရတဲ့မြင်ကွင်းက သိပ်ကိုလှလွန်းနေသည် ။

"ကလေး ဘယ်လိုလဲ ၊ လှတယ်မလား"

"အရမ်းလှတယ် ၊ ရာရာလေ ဒီလိုမျိုးဖုန်းထဲမှာပဲမြင်ဖူးတာ ၊ အခုလိုအပြင်မှာမြင်ရမယ်လို့လည်းမတွေးဖူးဘူး ၊
လေယာဥ်စီးရမယ်လို့တောင်မထင်ထားခဲ့ဘူး"

"ကိုယ်စီးပွားရေးမှာအမြတ်ပိုထွက်လာရင် ကလေးအတွက် လေယာဥ်ဝယ်ပေးမယ်"

(A/N - ငါ့မှာလည်းရှိတယ် ဓာတ်ခဲအားကုန်နေလို့မောင်းလို့မရတာ😎)

"အာ ဘာလုပ်မှာလဲလေယာဥ်ကြီး မဝယ်ပါဘူး ၊ ကိုကို့ပိုက်ဆံရာရာအကုန်သိမ်းမှာ"

"ကြောက်ပါပြီဗျာ ၊ အရှင့်ကိုကြောက်ပါတယ်"

"ခစ်ခစ် ကိုကို ရာရာအိပ်ချင်တယ်"

"လာ ကိုကို့ရင်ခွင်ထဲမှာအိပ်"

(A/N - စာရေးနေတဲ့ငါကဖက်ခေါင်းအုံးကြီးခွလို့🙂)

အိရွေစင်က ရာရာနဲ့သျှင်းကိုသေချာလိုက်ကြည့်နေသည် ။ လက်သီးကိုတင်းတင်းဆုပ်ရင်း ......

"နင်ကငါ့အပိုင် ၊ ငယ်ငယ်ကတည်းကငါပဲနင့်ကိုပိုင်ဆိုင်ခဲ့တာ"

နာရီနှစ်ဆယ်ကျော်ကြာလေယာဥ်စီးပြီးတဲ့အချိန်မှာတော့
ရာရာလေးအရမ်းကိုပင်ပန်းပြီးအညောင်းမိနေပါတော့
သည် ။ လေဆိပ်ထဲကနေပြေးထွက်သွားတဲ့ကလေးကြောင့် သျှင်းအနောက်ကနေအမြန်ပြေးလိုက်ရသည် ။

"လှလိုက်တာ ၊ လေကအစရှူရတာမတူသလိုပဲ ၊ အရမ်းလှတာပဲ"

"ကလေး လျှောက်မပြေးနဲ့လေ ၊ လူကွဲသွားမယ်ကလေးရဲ့"

"ကိုကိုလိုက်ဖမ်း ခစ်ခစ်"

ပတ်ပြေးနေသည့်ကလေးငယ်ကို သျှင်း မ​ငြီးမငြူလိုက်
ဖမ်းရှာသည် ။ ကလေးရေ ကိုကိုပင်ပန်းနေပြီဆိုတာမျိုး
ပြောပြီး ကလေးငယ်ကိုငြင်းပယ်ခဲ့တာမျိုးလည်းမရှိခဲ့ဖူးပါ ။ ကလေးငယ်ကိုမိအောင်ဖမ်းပြီး ရင်ခွင်ထဲမှာချုပ်ထားပစ်လိုက်တော့သည် ။ ထိုစဥ် သူတို့အနားကို
အိရွှေစင်ရောက်လာသည် ။

"ရာရာ ရွှေစင်လေခေါင်းအရမ်းမူးနေလို့ အဲ့တာရွှေစင့်အခန်းကိုလိုက်ပို့ပေးပါလားဟင်"

"ဪ မအိရွှေစင်ခေါင်းမူးနေတယ်ဆိုရင်တစ်ယောက်
ယောက်ကိုကျွန်တော်လိုက်ပို့ခိုင်းလိုက်ပါ့မယ် ၊ ကလေးကပိုပင်ပန်းနေလို့ပါ ၊ သက်အောင်ရေ ဒီမှာစီစဥ်ပေးလိုက်ပါဦးကွာ"

"ဟုတ်ကဲ့ပါ MD"

မိုးသောက် - ဟျောင့် အဲ့တာဘယ်သူလဲ

သျှင်းမြတ် - ကလေးရဲ့သူငယ်ချင်းတဲ့ ၊ လာ ကလေး သွားရအောင်

ဘရဏီတို့ကလည်းသိပ်ပြီးမဘောမကျ ။ ရာရာလေးအနားကိုကပ်ဖို့အတင်းကြံနေသလိုပဲ ။ အခုကြည့်ပါလား ပုံစံကအကောင်းကြီးကို ။ ဘရဏီတို့သတိအကြီးကြီးထားရတော့မယ်ဆိုတာသိလိုက်သည် ။

🍑🍑🍑🍑🍑🍑🍑🍑🍑🍑

---------------------------------------------------------------------------------

​နောက်အပိုင်းမှ wedding sceneပါပါတော့မယ်နော်
နောက်အပိုင်းမှာ matureသင့် မသင့်ဆိုတာစဥ်းစားနေပါသည် ။ ဘယ်လိုသဘောရလဲသဲငယ်တို့ရော? .

Zawgyi

ရွပ္အကၤ်ီအျပာႏုေရာင္ေလးနဲ႕အျဖဴေရာင္ဂ်င္းေဘာင္း
ဘီေလးဝတ္ဆင္ထားသည့္ေကာင္ေလးတစ္ေယာက္ ေကာ္ဖီဆိုင္ေလး၏ေထာင့္ဆုံးတစ္ေနရာတြင္ေနရာယူထိုင္ေနၿပီး မွန္ကိုျဖတ္သန္းကာအျပင္ဘက္ကိုေငးၾကည့္
ေနသည္ ။ ထိုေကာင္ေလးကေတာ့ မင္းေစရာပင္ျဖစ္ သည္ ။ ဒူးအထက္ဂါဝန္အျပာႏုေရာင္ေလးကိုဝတ္ဆင္
ထားၿပီး အျဖဴေရာင္ေဒါက္ဖိနပ္ကိုစီးထားသည့္ ေကာင္ မေလးတစ္ေယာက္ ေဒါက္ဖိနပ္သံတခြက္ခြက္ျဖင့္ေကာ္
ဖီဆိုင္ထဲသို႔ဝင္ေရာက္လာသည္ ။ သူမမ်က္ႏွာေပၚက်ေရာက္လာသည့္ဆံႏြယ္တစ္ခ်ိဳ႕ကိုလက္ကေလးနဲ႕သပ္တင္လိုက္ၿပီး ေကာင္ေလး၏အေရွ႕တြင္ဝင္ထိုင္လိုက္သည္ ။

"ေစာင့္ေနရတာၾကာသြားလား ၊ ေ႐ႊစင္ကသင္တန္းဆင္းတာေနာက္က်သြားလို႔ပါ"

"ရပါတယ္ ၊ ငါလည္းခုဏေလးတင္မွေရာက္တာပါ"

အိေ႐ႊစင္ကမင္းေစရာကိုၾကည့္ၿပီးၿပဳံးကာေခါင္းေလးငုံ႕သြားသည္ ။ ထို႔ေနာက္ သူမထံမွ အသံသဲ့သဲ့ေလးထြက္လာသည္ ။

"ငါတို႔ႏွစ္ေယာက္ကစိတ္ခ်င္းဆက္ေနတယ္နဲ႕တူတယ္ေနာ္ ခ္ခ္"

ရာရာအခုမွသတိထားမိတယ္ ။ အိေ႐ႊစင္နဲ႕သူနဲ႕အကၤ်ီအ
ေရာင္ခ်င္းတူေနတယ္ဆိုတာ ။ ရာရာလည္း ရယ္လိုက္ၿပီး

"ဟားဟား တိုက္ထားရင္ေတာင္လြဲဦးမယ္"

ရာရာကသူ႕လြယ္အိတ္ေလးထဲက အျဖဴေရာင္နဲ႕အျပာႏုေရာင္ေရာစပ္ထားသည့္ဖိတ္စာေလးထုတ္လိုက္ၿပီးေလယာဥ္လက္မွတ္နဲ႕အတူ အိေ႐ႊစင္ကိုေပးလိုက္သည္ ။
အိေ႐ႊစင္ ဖိတ္စာေလးနဲ႕ေလယာဥ္လက္မွတ္ကိုယူၾကည့္
လိုက္သည္ ။

"နင္နဲ႕လက္ထပ္မယ့္သူကအရမ္းခ်မ္းသာတယ္ထင္တယ္ေနာ္"

အေမရိကားမွာမဂၤလာေဆာင္မယ္ဆိုေတာ့ အိေ႐ႊစင္က
အခုလိုစကားမ်ိဳးစလာသည္ ။ ရာရာေလးကေခါင္းခါရင္း ......

"ဟင့္အင္း မဟုတ္ပါဘူး ၊ အရမ္းခ်မ္းသာတာမဟုတ္ဘဲ အရမ္းခ်စ္လို႔ပါ"

"နင္ကေယာက်ာ္းေလးေလ သူ႕အတြက္ၿပီးျပည့္စုံနိုင္ပါ့မလား ၊ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ လိုအပ္တဲ့အရာကသူ႕အတြက္လိုလာမွာပဲေလ မဟုတ္ဘူးလား"

"ငါရွိေနတာပဲ ၊ ကိုကိုလိုအပ္တဲ့အရာတိုင္း ငါကမျဖစ္ျဖစ္ ေအာင္ကိုဖန္တီးယူၿပီးေတာ့ကိုလုပ္ေပးမွာ ၊ နင္သာ ပြဲကို
ဆက္ဆက္ လာျဖစ္ေအာင္လာခဲ့ ၊ ဟိုမွာတည္းခိုဖို႔အတြက္လည္း အကုန္စီစဥ္ေပးထားတယ္"

အိေ႐ႊစင္ ဖိတ္စာေလးကိုလက္ထဲမွာခပ္တင္းတင္းဆုပ္
ကိုင္ထားရင္း ဟန္လုပ္ကာအၿပဳံးတစ္ခုကိုဖန္ဆင္းလိုက္သည္ ။

"ဒါဆို ငါသြားေတာ့မယ္ေနာ္ ၊ ကိုကိုနဲ႕ခ်ိန္းထားတာရွိလို႔"

"ဪ ေအးပါ"

ရာရာေလးထြက္သြားတာကို ေကာ္ဖီဆိုင္ထဲကေန မ်က္စိတဆုံးလိုက္ၾကည့္ေနသည္ ။ ဖိတ္စာကိုအိတ္ထဲထည့္လိုက္ၿပီး......

"ငါေနာက္က်သြားေပမဲ့ နင္ကငါ့အပိုင္ပဲ ၊ ငါတို႔ငယ္ငယ္ကတည္းက ကတိေပးထားၾကတယ္ေလ ၊ နင္နဲ႕ငါနဲ႕ကတိ
ေတြထားခဲ့ၾကတယ္ေလ ၊ နင္မမွတ္မိေပမဲ့ ငါကေတာ့အခ်ိန္တိုင္းသတိရေနတာ"

အေမရိကားဘက္မွာေတာ့ ဗီဗီယမ္ရဲ႕မိဘေတြရွိေနေတာ့
ခန္းမကိစၥေတြ ၊ ဟိုတယ္ကိစၥေတြအတြက္ စိတ္ပူစရာေတာ့မရွိ ။ ဗီဗီယမ္လည္းေကာင္းေကာင္းမြန္မြန္ေဆးကုသမႈခံယူေနေတာ့ သူတို႔ရဲ႕မဂၤလာပြဲကိုတက္နိုင္မယ္ထင္ပါသည္ ။ ခြန္းတို႔ေရာ ဘရဏီတို႔ေရာ ၊ ကုမၸဏီကဝန္ထမ္းေတြအတြက္ေရာ အကုန္လုံးစီစဥ္ထားသည္ ။
ခ်မ္းသာသည္ထက္ ခ်စ္လို႔လုပ္ေပးသည္ကပိုမွန္သည္ ။
ကေလးငယ္ကိုခမ္းခမ္းနားနားလက္ထပ္ခြင့္မေတာင္းလိုက္ရေတာ့ မဂၤလာပြဲကိုပထမစီစဥ္ထားသည္ထက္ခမ္းနားေအာင္လုပ္ေပးဖို႔သူ႕ေခါင္းထဲမွာအစီအစဥ္ေတြအျပည့္ ။ ခ်စ္လို႔အကုန္အက်ခံနိုင္သည္ဆိုတာကသူ႕အတြက္ပိုမွန္ေနလိမ့္မည္ ။

"ေမေမ!"

"အမယ္ေလး သားငယ္ေလး ၾကည့္ပါဦး ေပ်ာ္႐ႊင္ေနတဲ့႐ုပ္ေလး"

"ကိုကိုကေပ်ာ္ေအာင္ထားတာကိုေမေမရဲ႕ ခစ္ခစ္"

"ေျပာလိုက္ကေလး ေျပာလိုက္"

"အမယ္ေလး သိပ္လိုက္ဖက္ေနၾကတာ ၊ ေမေမ့ဘက္က
လူႀကီးအသိမိတ္ေဆြေတြလည္းဖိတ္ၿပီးပါၿပီရွင္ ၊ ဒီအခ်ိန္မွာ မမသီသာရွိေနရင္အရမ္းေပ်ာ္ဖို႔ေကာင္းမွာ"

သူမရဲ႕စကားေၾကာင့္ သူမေဘးနားက ကေလးငယ္ေလး
ေခါင္းေလးငုံ႕သြားသည္ ။

"ဟိတ္ ဒီမွာေမေမရွိေနၿပီေလ ၊ ဘာလို႔စိတ္အားငယ္ေနစရာလိုလဲ ၊ ေမေမကသားရဲ႕ေမေမပဲေလ ဟုတ္တယ္မလား"

ေဒၚနီလာျဖဴရဲ႕စကားေၾကာင့္ ရာရာေလးအၿပဳံးပန္းေတြေဝလာသည္ ။ ေဒၚနီလာေဆြကရာရာေလးကိုဖက္လိုက္ၿပီး ေခါင္းေလးကိုအသာေလးပြတ္ေပးလိုက္သည္ ။

"အမယ္ေလး ကေလးေလးပါလား ၊ မငိုနဲ႕ေတာ့ တိတ္တိတ္ ၊ ေတာ္ၾကာသားကိုကိုကသူ႕ကေလးငိုေအာင္လုပ္ရမလားဆိုၿပီးေမေမ့ကိုရန္ရွာေနပါဦးမယ္ ၊ ေမေမေၾကာက္တယ္ရွင္"

"မေၾကာက္ပါနဲ႕ ၊ ရာရာကေမေမ့ကိုကာကြယ္ေပးမွာ"

ရာရာေလးေျပာတဲ့စကားကို ေဒၚနီလာျဖဴအရမ္းသေဘာေတြက်သြားၿပီး ရာရာေလးရဲ႕ပါးေလးေတြကိုအားပါးတ
ရ နမ္းပစ္လိုက္ေတာ့သည္ ။

"ေမေမ ကေလးပါးေတြလည္းနီကုန္ပါၿပီေမေမရယ္"

"အမယ္ေလး ကြၽန္မကရွင့္ေလာက္ေတာ့မဆိုးေသးပါဘူးရွင္ ၊ ဒညင္းသီးကအီးတျပန္က်ေနတာပဲ"

"အာ ေမေမကဗ်ာ ဒါကေတာ့ဒါေပါ့​ဗ်ာ ၊ စိုးပိုင္ေရ! "

အခန္းအျပင္ဘက္ကသက္ေအာင္ကို သွ်င္းျမတ္လွမ္းေခၚလိုက္သည္ ။ သက္ေအာင္ဝင္လာတဲ့အခါ .....

"စိုးပိုင္ ကြၽန္ေတာ့္ကေလးကိုထားခဲ့မယ္ေနာ္ ၊ ေမေမနဲ႕ကြၽန္ေတာ္ကအစည္းအေဝးခဏတက္ရမွာမို႔လို႔ ၊ စိတ္ခ်မယ္ေနာ္"

"ဟုတ္ကဲ့ပါ MD"

"ကဲ ေမေမတို႔သြားလိုက္ဦးမယ္ရာရာေလးေရ"

ေမေမကအခန္းထဲကေနအရင္ထြက္သြားသည္ ။ ေမေမထြက္သြားတာနဲ႕ ရာရာေလးကိုခါးကေနဆြဲဖက္ၿပီး မ်က္
ႏွာအႏွံ႕ကိုနမ္းပါေတာ့သည္ ။ ရာရာေလးက တခစ္ခစ္နဲ႕
သေဘာတက်ရယ္ေမာေနသည္ ။

"လြမ္းေနတာကေလးေလးရာ"

"ဒါေတာ့နည္းနည္းမ်ားသြားပါၿပီ ၊ မနက္ကမွအလုပ္သြားတာေလ အခ်ိန္ဘယ္ေလာက္မွမၾကာေသးဘဲနဲ႕"

"ကိုကို႔အတြက္ကေတာ့ တစ္မိနစ္ကိုဆယ္ႏွစ္ေလာက္ၾကာတယ္"

"အရမ္းမ်ားသြားပါၿပီကိုကိုေရ ၊ ကဲပါ သြားေတာ့ေလ ဝန္ထမ္းေတြေစာင့္ေနရဦးမယ္"

ေျပာေနတာေတာင္ ရာရာေလးကိုမလႊတ္ေသးဘဲ ဖက္ထားဆဲပင္ျဖစ္သည္ ။ တကယ္ကို ေျပာရခက္တဲ့လူႀကီးပါ ။

"ေမာင္သက္ေအာင္ေရ မင္းတို႔ရဲ႕MDကိုအရွင္ရရ အေသရရ ဆြဲသာေခၚလာခဲ့ပါေတာ့ ၊ မဟုတ္လည္းအဲ့ႏွစ္ေယာက္စလုံးႀကိဳးတုပ္ၿပီးသာေခၚလာခဲ့ေတာ့ ၊ ၾကာရင္ ငါ့ကုမၸဏီ ေဒဝါလီခံရမယ့္ကိန္းေတြျမင္ေနရတယ္"

"ဟုတ္ကဲ့ပါဥကၠဌ ကြၽန္ေတာ္သြားေခၚလာခဲ့ပါ့မယ္"

ေဒၚနီလာျဖဴရဲ႕စကားကိုၾကားေတာ့ ဝန္ထမ္းေလးေတြဆီက ရယ္သံေလးေတြထြက္လာၾကသည္ ။

"တိတ္တိတ္ကေလးေတြရယ္မေနၾကနဲ႕ ၊ နင္တို႔MDကအခ်ိဳးမေျပေတာ့ဘူး ၊ အားလုံးသိၾကတယ္မလား ၊ အလုပ္ျဖဳတ္ပစ္လိုက္ရင္ေကာင္းမယ္ထင္တယ္"

အစည္းအေဝးခန္းထဲမွာ ရယ္သံေတြပြဲက်သြားေတာ့
သည္ ။ ရယ္သံေတြရဲ႕အဆုံးမွာေတာ့ သွ်င္းျမတ္ေရာက္ လာေလသည္ ။

"ဪ ေရာက္လာေသးတယ္ ၊ ငါကတစ္ခါတည္းခိုးေျပး
သြားၾကၿပီထင္ေနတာ"

"ဟာဗ်ာ မဟုတ္ရပါဘူး ၊ ေနာက္က်သြားတာေတာင္းပန္ပါတယ္ ၊ ကဲ စလိုက္ၾကရေအာင္"

ကုန္တိုက္ႀကီးထဲမွာ ခြန္းနဲ႕မိုးေသာက္တို႔ႏွစ္ေယာက္ လက္
တြဲၿပီး ရာရာတို႔အတြက္ မဂၤလာလက္ဖြဲ႕ဝယ္ရန္ကုတင္ေတြလိုက္ၾကည့္ေနၾကသည္ ။ ခန္းဝင္ပစၥည္းဆိုင္ထဲကိုဝင္ၿပီး.......

"မဂၤလာပါေမာင္ေလး ဘာမ်ားကူညီေပးရမလဲရွင့္"

"အစ္မ ကြၽန္ေတာ္ကုတင္လိုခ်င္လို႔ဗ်ာ ၊ အိလည္းအိရမယ္ ၊ အသံလည္းမထြက္ရဘူး ၊ အခ်ိဳ႕အခ်ိန္ေတြကအသံထြက္ရင္မေကာင္းဘူးေလ ၊ ၿပီးေတာ့ ဝိတ္လည္းမ်ားမွာစိုးလို႔ခံနိုင္ရည္ရွိမယ့္ဟာမ်ိဳး ၊ တကယ့္အေကာင္းစားထဲကလိုခ်င္တယ္ဗ်ာ ၊ အစ္မတို႔ဆီမွာရွိလား"

ခြန္းကေတာ့ ဘာမွမျဖစ္သလို ေျပာျပၿပီးဝယ္ေပမဲ့ ေဘးနားကမိုးေသာက္နဲ႕အေရာင္းဝန္ထမ္းအစ္မကေတာ့မ်က္ႏွာေတြနီရဲလို႔ေနသည္ ။ မိုးေသာက္လည္းမ်က္ႏွာပူလြန္းလို႔ လည္ပင္းကိုပဲမီးပြင့္မတတ္ပြတ္ေနေတာ့သည္ ။

"အစ္မ ဘာလို႔မ်က္ႏွာႀကီးနီသြားရတာလဲ ၊ အဲ့လိုကုတင္မ်ိဳးရွိလားလို႔ ၊ မရွိရင္သြားေတာ့မယ္"

"ဟို ဟို ေနပါဦး ၊ ရွိပါတယ္ေမာင္ေလး ဒီဘက္ကိုႂကြပါ"

ကုတင္ေပၚမွာပက္လက္လွန္ၿပီးအိပ္ၾကည့္လိုက္ ၊ ထိုင္ၾကည့္လိုက္နဲ႕တစ္ေယာက္တည္းအလုပ္ေတြရႈပ္ေနေတာ့
သည္ ။ ခြန္းရဲ႕ ေဈးဝယ္တဲ့စေကးေတြကိုေတာ့မိုးေသာက္
တကယ္ေလးစားသြားပါေတာ့သည္ ။ ရာရာေလးတို႔အိမ္ကျပန္ျပင္ေဆာက္ေနတာဆိုေတာ့ အခုေလာေလာဆယ္ ေမေမ့အိမ္မွာလာေနၾကသည္ ။ အေပၚထပ္ကို ရာရာေလးတို႔အတြက္အခန္းကိုအက်ယ္ႀကီးျဖစ္ေအာင္ျပန္ျပင္ၿပီး အိမ္ဖြဲ႕စည္းပုံကိုလည္းျပန္ေျပာင္းလိုက္သည္ ။ ၿခံထဲမွာ ခုံတန္းေလးေတြ ၊ ဒန္းေလးရယ္ ၊ စကၠဴပန္းပင္ေတြကိုေပါင္းမိုးေလးလိုလုပ္ထားတဲ့ေလွ်ာက္လမ္းေလးရယ္ ၊ ႏွင္းဆီပန္းေတြခ်ည္းပဲေရာင္စုံစိုက္ထားတဲ့ပန္းခင္းေလးရယ္ ရာရာေလးစိတ္ေပ်ာ္႐ႊင္ေစရန္ အကုန္ျပန္ျပင္ဆင္
လိုက္သည္ ။ အိမ္အသစ္ကို ရာရာေလးမွာၾကည္ခြင့္မရွိ ။ ဟန္းနီးမြန္းကျပန္လာမွၾကည့္ရမယ္လို႔သွ်င္းျမတ္ကတစ္ခ်က္လႊတ္အမိန့္ထုတ္ထားေလသည္ ။ ရာရာေလးကသိခ်င္လြန္းလို႔ ဟိုလူ႕လိုက္ေမး ဒီလူ႕လိုက္ေမးလုပ္ေသာ္
လည္း ဘယ္သူမွမေျပာျပရဲၾကပါ ။

မဂၤလာပြဲက သဘက္ခါမွဆိုေပမဲ့ ေလယာဥ္စီးခ်ိန္ၾကာျမင့္တာေၾကာင့္ ရက္ေစာၿပီးထြက္ရသည္ ။ ေလယာဥ္တစ္ခါမွမစီးဖူးတဲ့ရာရာေလးအတြက္ကေတာ့ စိတ္ေတြ အရမ္းလႈပ္ရွားေနသည္ ။ ကိုကို႔လက္ကိုကိုင္ထားတာ လႊတ္ကိုမလႊတ္ေတာ့ဘူး ။

"ကေလး အရမ္းေၾကာက္ေနတာလား"

"အင္း ရာရာတစ္ခါမွမစီးဖူးေတာ့ေၾကာက္တယ္ ၊ ၿပီးေတာ့ အၾကာႀကီးစီးရမွာဆိုေတာ့"

ကေလးအတြက္သူလုပ္တာက ကေလးကိုစိတ္အေႏွာက္အယွက္ျဖစ္ေစမိၿပီလားလို႔ေတာင္သူေတြးမိတယ္ ။

"ကိုကိုရွိေနလို႔ရာရာအဆင္​ေျပပါတယ္"

"မေၾကာက္နဲ႕ေနာ္ ၊ ဘာမွမျဖစ္ဘူး ၊ ကိုကိုရွိတယ္ ၊ က
ေလး ဗိုက္ဆာလား ၊ မုန့္စားဦးမလား ၊ ေလယာဥ္ခ်ိန္ကလိုေသးတယ္"

"ဟင့္အင္း ရတယ္ ၊ ရာရာေန႕ခင္းကအမ်ားႀကီးစားထားတယ္"

"ဟုတ္ၿပီ ၊ ဒီမွာခဏထိုင္ေနေနာ္ ၊ ကိုကို Toiletသြားလိုက္ဦးမယ္"

"ဟုတ္"

သွ်င္းျမတ္ထြက္သြားၿပီးသိပ္မၾကာေသးခင္ အိေ႐ႊစင္ေရာက္လာေလသည္ ။ ဒီတစ္ေခါက္လည္းအိေ႐ႊစင္နဲ႕
အကၤ်ီအေရာင္ခ်င္းတူေနျပန္သည္ ။ သို႔ေသာ္ တစ္ခုကြာျခားသြားသည္က ရာရာေလးနဲ႕သွ်င္းက Couple Shirt အစိမ္းကြက္ကေလးကိုဝတ္ထားသည္ဆိုတာပါပဲ ။

"ဘယ္လိုလဲ ေပ်ာ္ေနၿပီလား"

"အင္း အရမ္းေပ်ာ္တယ္ ၊ နင္လာေပးတာေက်းဇူး"

"ရပါတယ္ နင္ကငါ့ရဲ႕....... "

အိေ႐ႊစင္ရဲ႕စကားေတာင္မဆုံးေသး ဘရဏီတို႔အဖြဲ႕ေရာက္လာတာနဲ႕ အိေ႐ႊစင္စကားကိုဆုံးေအာင္မေျပာလိုက္ရပါ ။ ဘရဏီတို႔ကအတင္းေနရာဝင္ယူၿပီး စကားေတြအလုအယက္ေျပာေနၾကတာနဲ႕ အိေ႐ႊစင္စကားေျပာခ်ိန္မရသလို ရာရာေလးလည္းသူငယ္ခ်င္းေတြနဲ႕သူမကိုမိတ္ဆက္ေပးဖို႔ေမ့သြားေလသည္ ။

သွ်င္းျမတ္ - ဟာ ေရာက္ေနၾကၿပီလား

ဘရဏီ - ခုဏေလးတင္မွေရာက္တာပါ ၊ အမယ္ ၾကည့္ပါဦး ငါဝယ္​ေပးတဲ့ couple shirtနဲ႕လန္းေနၾကတာ

မိုးေသာက္ - မရီးကဘက္လိုက္တယ္ ၊ မတ္ကေလးကိုက်ေတာ့မဝယ္ေပးဘူး ေနာ္ ေဘဘီေလး

ဘရဏီ - လိုခ်င္ရင္ အခုေဆာင္လိုက္ၾကေလ ၊ ကိုယ္ေတြကမဂၤလာေမာင္ႏွံေတြကိုပဲေပးတာ

ခြန္း - မဝယ္ေပးေနေပါ့ ၊ အစ္ကိုကအကုန္ဝယ္ေပးလိမ့္မယ္ ဟားဟား နင့္မွာဝယ္ေပးမယ့္သူရွိလား

ဘရဏီ - အမယ္ေလး ေက်းဇူးကကန္းျပန္ၿပီ ၊ နင္တို႔လင္ရဖို႔ငါတို႔ကႀကိဳးပမ္းေနရတာ ဖင္ယားလို႔ကုတ္မယ့္အခ်ိန္ေတာင္မရွိလို႔လူငွားထားရတယ္သိရဲ႕လား

ခြန္း - ဟာ နင္မိုက္ရိုင္းလွခ်ည္လား

႐ႊန္း - ေျပာပစ္လိုက္ဘရဏီ ေက်းဇူးကန္းေနတဲ့အ
ေကာင္

မိုးေသာက္ - ေဘဘီေလးကိုမေျပာၾကပါနဲ႕ေတာ့ ၊ လာ ကိုယ့္ရင္ခြင္ထဲမွာေန

႐ႊန္း - ဘာေဘဘီလဲ ၊ Boss Babyလား

သူတို႔ရဲ႕စကားဝိုင္းထဲကို အိေ႐ႊစင္ဝင္မတိုးနိုင္ ။ အေဝးတစ္ေနရာကေနသာ ထိုင္ၾကည့္ေနရေတာ့သည္ ။ ေလဆိပ္မွာ သူတို႔အဖြဲ႕နဲ႕တင္ျပည့္ေနေလသလား ။ ေလယာဥ္စင္းလုံးငွားေလသလားမသဲကြဲေတာ့ပါ ။ ေမေမကေတာ့ လူႀကီးအသိုင္းအဝိုင္းဘက္မွာေနရင္းစကားေတြ
ေဖာင္ဖြဲ႕ေနေလသည္ ။ ေလယာဥ္ေပၚေရာက္ေတာ့ ကေလးငယ္ရဲ႕လက္ကေလးေတြကေအးစက္လို႔ေနသည္။
ရာရာေလးစိတ္ေတြအရမ္းလႈပ္ရွားေနတာ အရမ္းသိသာ
သည္ ။

"အဆင္ေျပရဲ႕လား ၊ ရာရာကေလ ေလယာဥ္တစ္ခါမွမစီးဖူးဘူးအစ္ကိုရဲ႕"

အိေ႐ႊစင္ေဘးနားေရာက္လာၿပီး ရာရာေလးလက္ကိုကိုင္မယ္လုပ္ေတာ့ သွ်င္းကသူမထက္အရင္ဆုပ္ကိုင္ပစ္
လိုက္သည္ ။

"ကြၽန္ေတာ္သိပါတယ္ ၊ မအိေ႐ႊစင္စိတ္ပူေနစရာမလိုပါဘူး ၊ ကြၽန္ေတာ္တစ္​ေယာက္လုံးရွိေနရင္ကေလးကအရာရာအဆင္ေျပပါတယ္"

"ဟုတ္ကဲ့"

အိေ႐ႊစင္ မ်က္ႏွာပ်က္သြားတာကို သွ်င္းျမတ္ ထင္ရွား
စြာျမင္လိုက္ရသည္ ။

"ကိုကိုကလည္းသူကစိတ္ပူလို႔ေျပာတာပါ"

"မလိုပါဘူး ၊ ကိုကိုရွိေနတာပဲေလ သူဘာမွေျပာစရာမလိုဘူး ၊ ကိုကိုနဲ႕ကေလးက လက္ထပ္စာခ်ဳပ္မွာလက္မွတ္
ထိုးၿပီးသား ၊ တရားဥပေဒအရ ကေလးကို ကိုကိုပိုင္တယ္ ၊ ဘယ္သူမွဝင္စြက္ဖက္စရာမလိုဘူး"

"ရာရာ့သူငယ္ခ်င္းေလကိုကိုရဲ႕ သူကအဲ့လိုပဲေျပာတတ္တယ္ကိုကိုရဲ႕"

"သူငယ္ခ်င္းဆိုတာႀကီးကို ကိုကိုကပိုေၾကာက္တယ္ကေလးရဲ႕ ၊ ကိုကို႔ကေလးက အရမ္းကိုရိုးသားလြန္းေနလို႔ ကိုကိုကပိုၿပီးစိုးရိမ္ရတယ္"

ရာရာေလးရဲ႕နဖူးေလးကိုတစ္ခ်က္နမ္းလိုက္ၿပီး ရာရာေလးကိုခါးပတ္ ပတ္ေပးလိုက္သည္ ။ ရာရာေလးက သွ်င္းရဲ႕လက္ေမာင္းကိုဆုပ္ကိုင္ၿပီး ပုခုံးေလးေပၚမွီေန
သည္ ။ ကေလးငယ္ေလးေၾကာက္ေနရွာတာသွ်င္းသိေတာ့ ရာရာေလးရဲ႕လက္ကိုေသခ်ာဆုပ္ကိုင္ထားေပးသည္ ။

"ကေလး မ်က္လုံးေလးဖြင့္ပါဦး ၊ ျပတင္းေပါက္ကေနၾကည့္ၾကည့္လိုက္"

"သားေၾကာက္တယ္"

သားေၾကာက္တယ္ဆိုတဲ့စကားေၾကာင့္ သွ်င္းပူထူသြား
သည္ ။ ကေလးငယ္ကဒီလိုတစ္ခါမွေျပာဖူးတာမဟုတ္ဘူး ။

"ကေလး ကိုကို႔ကိုၾကည့္စမ္း ၊ ကိုယ့္ကိုၾကည့္ ၊ ဘာမွမျဖစ္ဘူး ကိုယ္ရွိတယ္ ၊ စိတ္ကိုေအးေအးထားၿပီးမ်က္လုံးဖြင့္ၾကည့္လိုက္ အရမ္းလွတယ္ကေလးရဲ႕ ၊ ကိုယ့္ကိုယုံရင္မ်က္လုံးဖြင့္လိုက္"

မ်က္လုံးေလးကို မရဲတရဲေလးဖြင့္ၾကည့္လာသည္ ။ ေဘးမွာထိုင္ေနတဲ့သွ်င္းကိုေမာ့ၾကည့္သည္ ။ သွ်င္းက ရာရာ့ရဲ႕ပါးေလးေတြကိုပြတ္လိုက္ၿပီး လက္ႏွစ္ဖက္နဲ႕မ်က္ႏွာေလးကိုထိန္းကိုင္ကာ ႏွာေခါင္းထိပ္ေလးနဲ႕ပြတ္ၿပီးက်ီစယ္လိုက္သည္ ။ ရာရာေလးနဲ႕စေတြ႕ကတည္းကဒီလိမ်ိဳးေလးလုပ္တာ ရာရာေလးက သိပ္သေဘာက်သည္ ။အခုလည္း ကေလးေလးကိုေခ်ာ့ျမဴလို႔ ကေလးငယ္ေလး
သေဘာက်ေနသလို တခစ္ခစ္နဲ႕ရယ္ေနသည္ ။

"ေတြ႕လား ကိုယ္ေျပာသားပဲ အဆင္ေျပသြားမွာပါလို႔ ၊ အျပင္ကိုၾကည့္လိုက္ကေလး"

ရာရာေလး ျပတင္းေပါက္ကေနၾကည့္လိုက္ေတာ့ ဒီျမင္ကြင္းမ်ိဳးကအရမ္းကိုလွလြန္းေနသည္ ။ ရာရာေလး
သွ်င္းဘက္ကိုေတာင္ျပန္မလွည့္ေတာ့ဘဲ အျပင္ကိုသာေငးၾကည့္ေနေတာ့သည္ ။ အေပၚစီးကျမင္ရတဲ့ျမင္ကြင္းက သိပ္ကိုလွလြန္းေနသည္ ။

"ကေလး ဘယ္လိုလဲ ၊ လွတယ္မလား"

"အရမ္းလွတယ္ ၊ ရာရာေလ ဒီလိုမ်ိဳးဖုန္းထဲမွာပဲျမင္ဖူးတာ ၊ အခုလိုအျပင္မွာျမင္ရမယ္လို႔လည္းမေတြးဖူးဘူး ၊
ေလယာဥ္စီးရမယ္လို႔ေတာင္မထင္ထားခဲ့ဘူး"

"ကိုယ္စီးပြားေရးမွာအျမတ္ပိုထြက္လာရင္ ကေလးအတြက္ ေလယာဥ္ဝယ္ေပးမယ္"

(A/N - ငါ့မွာလည္းရွိတယ္ ဓာတ္ခဲအားကုန္ေနလို႔ေမာင္းလို႔မရတာ😎)

"အာ ဘာလုပ္မွာလဲေလယာဥ္ႀကီး မဝယ္ပါဘူး ၊ ကိုကို႔ပိုက္ဆံရာရာအကုန္သိမ္းမွာ"

"ေၾကာက္ပါၿပီဗ်ာ ၊ အရွင့္ကိုေၾကာက္ပါတယ္"

"ခစ္ခစ္ ကိုကို ရာရာအိပ္ခ်င္တယ္"

"လာ ကိုကို႔ရင္ခြင္ထဲမွာအိပ္"

(A/N - စာေရးေနတဲ့ငါကဖက္ေခါင္းအုံးႀကီးခြလို႔🙂)

အိေ႐ြစင္က ရာရာနဲ႕သွ်င္းကိုေသခ်ာလိုက္ၾကည့္ေနသည္ ။ လက္သီးကိုတင္းတင္းဆုပ္ရင္း ......

"နင္ကငါ့အပိုင္ ၊ ငယ္ငယ္ကတည္းကငါပဲနင့္ကိုပိုင္ဆိုင္ခဲ့တာ"

နာရီႏွစ္ဆယ္ေက်ာ္ၾကာေလယာဥ္စီးၿပီးတဲ့အခ်ိန္မွာေတာ့
ရာရာေလးအရမ္းကိုပင္ပန္းၿပီးအေညာင္းမိေနပါေတာ့
သည္ ။ ေလဆိပ္ထဲကေနေျပးထြက္သြားတဲ့ကေလးေၾကာင့္ သွ်င္းအေနာက္ကေနအျမန္ေျပးလိုက္ရသည္ ။

"လွလိုက္တာ ၊ ေလကအစရႉရတာမတူသလိုပဲ ၊ အရမ္းလွတာပဲ"

"ကေလး ေလွ်ာက္မေျပးနဲ႕ေလ ၊ လူကြဲသြားမယ္ကေလးရဲ႕"

"ကိုကိုလိုက္ဖမ္း ခစ္ခစ္"

ပတ္ေျပးေနသည့္ကေလးငယ္ကို သွ်င္း မ​ၿငီးမျငဴလိုက္
ဖမ္းရွာသည္ ။ ကေလးေရ ကိုကိုပင္ပန္းေနၿပီဆိုတာမ်ိဳး
ေျပာၿပီး ကေလးငယ္ကိုျငင္းပယ္ခဲ့တာမ်ိဳးလည္းမရွိခဲ့ဖူးပါ ။ ကေလးငယ္ကိုမိေအာင္ဖမ္းၿပီး ရင္ခြင္ထဲမွာခ်ဳပ္ထားပစ္လိုက္ေတာ့သည္ ။ ထိုစဥ္ သူတို႔အနားကို
အိေ႐ႊစင္ေရာက္လာသည္ ။

"ရာရာ ေ႐ႊစင္ေလေခါင္းအရမ္းမူးေနလို႔ အဲ့တာေ႐ႊစင့္အခန္းကိုလိုက္ပို႔ေပးပါလားဟင္"

"ဪ မအိေ႐ႊစင္ေခါင္းမူးေနတယ္ဆိုရင္တစ္ေယာက္
ေယာက္ကိုကြၽန္ေတာ္လိုက္ပို႔ခိုင္းလိုက္ပါ့မယ္ ၊ ကေလးကပိုပင္ပန္းေနလို႔ပါ ၊ သက္ေအာင္ေရ ဒီမွာစီစဥ္ေပးလိုက္ပါဦးကြာ"

"ဟုတ္ကဲ့ပါ MD"

မိုးေသာက္ - ေဟ်ာင့္ အဲ့တာဘယ္သူလဲ

သွ်င္းျမတ္ - ကေလးရဲ႕သူငယ္ခ်င္းတဲ့ ၊ လာ ကေလး သြားရေအာင္

ဘရဏီတို႔ကလည္းသိပ္ၿပီးမေဘာမက် ။ ရာရာေလးအနားကိုကပ္ဖို႔အတင္းႀကံေနသလိုပဲ ။ အခုၾကည့္ပါလား ပုံစံကအေကာင္းႀကီးကို ။ ဘရဏီတို႔သတိအႀကီးႀကီးထားရေတာ့မယ္ဆိုတာသိလိုက္သည္ ။

🍑🍑🍑🍑🍑🍑🍑🍑🍑🍑

---------------------------------------------------------------------------------

​ေနာက္အပိုင္းမွ wedding sceneပါပါေတာ့မယ္ေနာ္
ေနာက္အပိုင္းမွာ matureသင့္ မသင့္ဆိုတာစဥ္းစားေနပါသည္ ။ ဘယ္လိုသေဘာရလဲသဲငယ္တို႔ေရာ? .

Continue Reading

You'll Also Like

78.4K 10.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
7K 282 22
[Cover made by the talented superstarsushi] Those one-shots we have in our minds when we listen to a song and connect it to our favorite characters...
18.1K 1.5K 41
"Like the paper cuts in my hand......''
10.6K 533 78
😝😝no description သိချင်ဝင်ဖတ်