The Ghost & Me [ Completed ]

By _AgathaChan

289K 37K 1.1K

[ ZHANYI ] သရဲကေရာ ခ်စ္သူျဖစ္လာႏိုင္ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fan... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
FINAL
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5
Extra - 6
Extra - 7

Chapter (26)

7.4K 918 18
By _AgathaChan

အန္းယြမ္လု သူ႔ေ႐ွ႕မွာထုိင္ေနတဲ့ ေကာင္ေလးကုိၾကည့္ၿပီး မ်က္ခံုးတစ္ဖက္ပင့္မိသြားတယ္ ။ ဒီေကာင္ေလး ဝမ္ရိေပၚ ။ ေ႐ွာင္းက်န္႔ ရဲ႕ ေကာင္ေလး သူျမင္ဖူးတာမွ တစ္ခါလား ၊ ႏွစ္ခါလားဆိုတာ မွတ္ေတာင္မမွတ္မိဘူး ။ ဒီေကာင္ေလး က သူ႔ဆီေရာက္လာခဲ့သည္တဲ့ ေ႐ွာင္းက်န္႔အတြက္ ။

သူသတိထားမိပါတယ္ ။ ဒီေကာင္ေလး ေ႐ွာင္းက်န္႔ အနားမွာ႐ွိတဲ့အခ်ိန္ အင္း သူျမင္ဖူးခဲ့တဲ့အခ်ိန္ေပါ့ ေၾကာင္ေပါက္ေလးလိုမ်ိဴး ႏူးႏူးည့ံည့ံနဲ႔ အၾကည့္ေတြကမွအစ ခ်ိဴၿမိန္သလိုမ်ိဴး ။ အခုသူ႔ေ႐ွ႕မွာထို္င္ၿပီး သူ႔ကိုၾကည့္ေနတဲ့ပံုစံနဲ႔ တစ္စက္ကေလးမွမတူဘူး ။

အခုသူ႔ကိုၾကည့္ေနတဲ့ပံုစံက သူကူညီခိုင္းတာမွမလုပ္ေပးရင္ အခ်ိန္မေရြး အမဲလုိက္ကုိက္ျဖတ္မယ့္ ျခေသ့ၤတစ္ေကာင္လိုမ်ိဴးပဲ ။

အန္းယြမ္လု ကပဲ စကားစ,လိုက္တယ္ ။ သူမေျပာမခ်င္း လူသတ္မယ့္အၾကည့္ေတြနဲ႔ၾကည့္ေနဦးမယ္ ။

"ဘာကူညီေပးရမလဲ"

"က်ိယြမ္ေကာကို ထိန္းေပး"

"ဘာကိုထိန္းေပးရမွာလဲ!"

"သူ႔အေၾကာင္းေတြ ခင္ဗ်ားမသိဘူးလား"

"မင္းဘာကိုဆိုလိုခ်င္တာလဲ မသိေပမယ့္ သူ႔ကို ထိန္းဖို႔ေနေနသာသာ ငါ့ကိုေတာင္ သူကအဖက္မလုပ္ဘူး"

ဒီစကားကို သူလိမ္ေျပာေနတာမဟုတ္ဘူး ။ ေ႐ွာင္းက်န္႔အေနာက္လိုက္သြားရင္း အဲ့ညက သူက်ိယြမ္ကိုအႏိုင္က်င့္ခဲ့တဲ့ည အဲ့ညၿပီးကတည္းက က်ိယြမ္နဲ႔ ေတြ႔ဖို႔အခြင့္အေရးေလးေတာင္မရဘူး ။

အိ္မ္ကေနလည္း ကန္ထုတ္ခံလိုက္ရတယ္!!

"ကြၽန္ေတာ္ ခင္ဗ်ားတို႔အေၾကာင္းေတြသိၿပီးသား ။ က်န္႔ေကာကုိ ဘယ္လိုေတြလုပ္ၾကံဖို႔ႀကိဳးစားခဲ့လဲဆိုတာကိုေပါ့"

ရိေပၚ ရဲ႕ စကားကိုၾကားတာနဲ႔ အန္းယြမ္လုရဲ႕ မ်က္ႏွာကေျပာင္းလဲခက္ထန္သြားတယ္ ။

ရိေပၚက အန္းယြမ္လု ရဲ႕ ေျပာင္းလဲသြားတဲ့ မ်က္ႏွာကိုၾကည့္ၿပီး တစ္ခ်က္ျပံဳးတယ္ ။ ဒီလူကို ဟန္ေဆာင္တယ္လို႔သူထင္ေနတာ တကယ္ပဲကို ။

"ဘယ္ကေန...ဘယ္အထိသိထားလဲ"

"ဒါဝန္ခံတဲ့ စကားပဲ ဟုတ္!"

"အဲ့သေဘာပဲ"

"အစကေန အဆံုးအထိေပါ့ အာ..အခု က်န္႔ေကာအနားေရာက္ေနတဲ့ ရည္ရြယ္ခ်က္ကိုေတာ့ မသိေသးဘူး "

"ဒါဆို မင္းက ငါ ေ႐ွာင္းက်န္႔ကို လုပ္ၾကံတဲ့သူဆိုတာသိသြားၿပီပဲ ။ တစ္ခု မ႐ွင္းတာက က်ိယြမ္ကို ထိန္းေပးဆိုတဲ့စကားပဲ"

"ခင္ဗ်ား သူ႔အေၾကာင္းေတြ တကယ္မသိတာလား ။ ဟန္ေဆာင္ေနတာလား"

"အခုခ်ိန္မွာ ငါ့အေၾကာင္းေတြအကုန္သိသြားတဲ့ မင္းကိုလိမ္ေတာ့ ဘာထူးလာမွာလဲ"

"က်ိယြမ္ေကာက ခင္ဗ်ားထင္သလို ျဖဴျဖဴစင္စင္ေလးမဟုတ္ဘူးဆိုတာယံု ။ သူ႔ကို လမ္းမွားမေရာက္ေစခ်င္ဘူး ။ ၿပီးေတာ့ လမ္းမွားမေရာက္ေအာင္ ခင္ဗ်ားပဲ ကူညီေပးႏိုင္မွာ ။

ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ ဘယ္သူ႔ကိုမွ မထိခိုက္မယ့္နည္းလမ္းကို ေရြးၾကရေအာင္ ။ ၿပီးေတာ့ ခင္ဗ်ား က်န္႔ေကာကို ထိခိုက္ေအာင္လုပ္မယ့္ အစီအစဥ္႐ွိရင္ရပ္လုိက္ပါ "

"ငါ့ကို အမိန္႔လာေပးေနတာလား ။ အခုငါ့အေၾကာင္းေတြ သိထားတဲ့ မင္းကို သတ္ပစ္လိုက္မယ္ဆိုရင္ ဘာလုပ္ႏိုင္မွာလဲ"

"အန္းယြမ္လု ကြၽန္ေတာ္ ခင္ဗ်ားအေၾကာင္းေတြ အကုန္သိရက္သားနဲ႔ တစ္ေယာက္တည္း ခင္ဗ်ားဆီလာခဲ့တာ ေသရမွာမေၾကာက္လို႔ေပါ့ ။

ခင္ဗ်ားက ကြၽန္ေတာ့္ကို သတ္မယ္ ။ ကြၽန္ေတာ္ ေသတာနဲ႔ က်န္႔ေကာက တစ္ေလာကလံုးကိုေျမလွန္ပစ္လိမ့္မယ္ ။ အဲ့မွာ ခင္ဗ်ား ကြၽန္ေတာ့္ကို သတ္တာ သူသိသြားၿပီ ဆိုပါစို႔ သူက ခင္ဗ်ားကို ျပန္သတ္လိမ့္မယ္ ။

ဘာလုိ႔ အသက္ကိုထိခိုက္မယ့္ လမ္းေတြကိုေရြးေနမွာလဲ ။ အျပန္အလွန္သတ္ရင္း အမုန္းမ်ားမယ့္အစား ကြၽန္ေတာ္က ဘယ္သူ႔ကိုမွ မထိခိုက္ေစပဲ ကိုယ့္ဘဝနဲ႔ကိုယ္ ျဖစ္သြားေစခ်င္တာ ။

ဒါေပမယ့္ ခင္ဗ်ားသေဘာပါ ။ ခင္ဗ်ား ႀကိဳက္တဲ့လမ္းကို ေရြးလို႔ရတယ္ "

ရိေပၚ ျပန္သြားတဲ့အခ်ိန္အထိ အန္းယြမ္လု ထိုင္ေနမိတုန္းပဲ ။ ၿပီးေတာ့ ရိေပၚ ေျပာတာမွန္တယ္လို႔ သူခံစားမိလာတယ္ ။ သူလည္း ဒီလမ္းကိုဆက္မေလ်ွာက္ခ်င္ေတာ့ဘူး ။ အထူးသျဖင့္ က်ိယြမ္ကို ခ်စ္မိသြားတဲ့အတြက္ေၾကာင့္ပဲ ။

သူလုပ္ခဲ့တဲ့အျပစ္ေတြက သူ႔အေနာက္ကို အရိပ္မဲႀကီးလိုလိုက္ေနမွာပဲ ။ ေ႐ွာင္းက်န္႔ကို မနာလိုျဖစ္ၿပီး အရာရာၿပိဳင္ဆိုင္ခဲ့တဲ့ သူ႔စိတ္ေၾကာင့္ပဲ အမွားေတြထဲမွာတျဖည္းျဖည္းနစ္မြန္းလာတာကို သူကိုယ္တိုင္လည္း သတိထားမိပါတယ္ ။

တကယ္ေတာ့ ဒီထက္ပိုၿပီး သူအမွားေတြမလုပ္ခ်င္ေတာ့ဘူး ။ ခရီးထြက္သြားတဲ့ ေ႐ွာင္းက်န္႔ အေနာက္ကိုလိုက္သြားခဲ့တာက ေ႐ွာင္းက်န္႔ကို အခြင့္အေရးရတဲ့အခ်ိန္မွာ သတ္ပစ္ဖို႔အတြက္ သူလိုက္သြားခဲ့တာ ။ ဒါေပမယ့္ က်ိယြမ္ေၾကာင့္ သူ႔အစီအစဥ္ေတြကို လက္ေလ်ွာ့ခဲ့တာ ။

ၿပီးေတာ့ က်ိယြမ္ ၊ ခ်စ္တယ္သာဆိုတယ္ က်ိယြမ္အေၾကာင္းမသိတဲ့ သူ႔ကိုယ္သူလည္း စိတ္ပ်က္မိပါတယ္ ။ ရိေပၚ ေျပာသြားပံုအရဆိုရင္ က်ိယြမ္က ေ႐ွာင္းက်န္႔ကို တစ္ခုခုထိခိုက္ေအာင္ လုပ္ေတာ့မယ္ဆိုတာ သူရိပ္မိပါတယ္ ။

တားၾကည့္ရမွာပဲ!

....................

က်ိယြမ္က ဦးထုတ္အမဲေလးကို ခြၽတ္ၿပီးအိမ္ထဲဝင္လာတယ္ ။ ႐ုတ္တရက္ အိမ္ထဲမွာ အလိုလိုလင္းလာတဲ့ မီးေတြ ၊ ဆိုဖာေပၚမွာ ထို္င္ေနတဲ့ သူမျမင္ခ်င္တဲ့ မ်က္ခြက္ႀကီး ။

ေကာင္းေရာ! ဒီသူေတာင္းစားက ငါ့အိမ္ကို ေဖာက္ဝင္လာတာလား!!!

အန္းယြမ္လု က ေဆးလိပ္ေငြ႔ေတြကို မႈတ္ထုတ္ရင္း စကားစ,တယ္ ။

"ဘယ္ကျပန္လာတာလဲ"

"ေျပာျပရမယ့္ အေၾကာင္း႐ွိလို႔လား"

"႐ွိတယ္ ။ ကိုယ္​က မင္းရဲ႕ ခ်စ္သူေလ"

အန္းယြမ္လုရဲ႕ စကားကို က်ိယြမ္က ဟာသတစ္ခုၾကားရသလိုမ်ဴိး အားပါးတရေအာ္ရယ္တယ္ ။ ၿပီးေတာ့ ရယ္လြန္းလို႔က်လာတဲ့ မ်က္ရည္တစ္ခ်ိဴ႕ကုိ လက္ညိွဳးနဲ႔ သုတ္လိုက္တယ္ ။

"ရယ္လုိက္ရတာ အန္းယြမ္လုရယ္ ။ ခ်စ္သူတဲ့ ဟားဟား"

"ရယ္ရတယ္မလား"

"သိပ္ရယ္ရတာေပါ့"

အန္းယြမ္လု က ေခါင္းတစ္ၿငိမ့္ၿငိမ့္လုပ္ရင္း တစ္ခ်က္ျပံဳးလိုက္တယ္ ။ ၿပီးေတာ့ သူ႔ေ႐ွ႕က က်ိယြမ္ကို ေသခ်ာၾကည့္ၿပီး...

"ရယ္စရာမေကာင္းတာတစ္ခုက မင္းေ႐ွာင္းက်န္႔ကို အဆံုးသတ္ဖို႔ စီစဥ္ေနတဲ့အေၾကာင္း ငါသိသြားတာပဲ"

က်ိယြမ္က အန္းယြမ္လု ရဲ႕ စကားကို သိၿပီးသားလိုမ်ိဴးပဲ အမူအရာတစ္စက္ကေလးေတာင္ မေျပာင္းသြားဘူး ။

"ခင္ဗ်ားအေၾကာင္းေတြလည္း ကြၽန္ေတာ္သိပါတယ္ ။ Light Company ရဲ႕ CEO Thomas ေခၚ အန္းယြမ္လု "

က်ိယြမ္ရဲ႕ စကားအဆံုးမွာ အန္းယြမ္လု ရဲ႕ မ်က္ႏွာဟာပ်က္ယြင္းသြားတယ္ ။ က်ိယြမ္ကေတာ့ အန္းယြမ္လုရဲ႕ ပ်က္ယြင္းသြားတဲ့မ်က္ႏွာကို ျပံဳးျပံဳးႀကီးရပ္ၾကည့္ပစ္တာပဲ ။

ဒီလူက ကိုယ့္ကိုယ္ကိုယ္ လည္လွၿပီလို႔ထင္ေနပံုပဲ !

"ခင္ဗ်ားကုိ Thomas ဆိုၿပီးပဲ သိၾကတာေလ ႐ုပ္လည္းျမင္ဖူးတဲ့သူ႐ွားတယ္ ။ အန္းယြမ္လု ခင္ဗ်ားထင္တာထက္ ကြၽန္ေတာ္က ပိုဉာဏ္ေကာင္းပါတယ္ ။ ေဘာစ့္ မွားလို႔ ေ႐ွာင္းက်န္႔ ကို ကားေမွာက္ေသေအာင္လုပ္တာလည္း ခင္ဗ်ားပဲေလ "

"မင္း...ဒါေတြ...ထားပါ..ငါအခုလာတာ မင္းလုပ္ေနတာေတြ ရပ္ဖို႔ "

"ေနာက္က်သြားၿပီ ။ ေ႐ွာင္းက်န္႔က အခု ကြၽန္ေတာ့္လက္ထဲမွာ"

"ဘာ..!!! မင္း...ဘာလုပ္ထားတာလဲ!!"

"မပူနဲ႔ ဘာမွမလုပ္​ဘူး..ေမ့လို႔...တစ္ခုခုလုပ္ခ်င္ရင္လည္းလုပ္မွာေပါ့"

အန္းယြမ္လု က က်ိယြမ္ရဲ႕ ပခံုးႏွစ္ဖက္ကိုေသခ်ာဆုပ္ကုိင္ရင္း...

"က်ိယြမ္...ငါ မင္းကိုေတာင္းဆိုတာပါ ။ ဒီအလုပ္ေတြကို ရပ္လိုက္ၾကရေအာင္ေလ "

"ရပ္လုိ႔မရေတာ့ဘူး...အန္းယြမ္လု"

"မင္း တကယ္ဒီလမ္းကုိေရြးမွာလား"

"အင္း"

"ေတာင္းပန္ပါတယ္ "

"အ့..!..ခင္ဗ်ား...ဘာ...လုပ္...."

လည္ပင္းကို ဖိကိုင္ရင္း အားေလ်ာ့စြာၿပိဳလဲက်လာတဲ့ ခႏၶာကိုယ္ကို အန္းယြမ္လု က ထိန္းဖက္ထားလိုက္တယ္ ။ က်ိယြမ္ကေတာ့ ထိုးထည့္ခံလိုက္ရတဲ့ ေမ့ေဆးအ႐ွိန္ေၾကာင့္ ေမ့ေမ်ာေနၿပီျဖစ္တယ္ ။

အန္းယြမ္လု က က်ိယြမ္ကို ေပြ႔ခ်ီလိုက္ၿပီး အိပ္ယာေပၚမွာ ေသခ်ာအိပ္ေစၿပီး ေစာင္ျခံဳေပးလိုက္တယ္ ။ ေမ့ေဆးအ႐ွိန္ေၾကာင့္ 3နာရီေလာက္အထိေတာ့ က်ိယြမ္က ေမ့ေနမွာျဖစ္တယ္ ။ ဒီၾကားထဲမွာ သူလုပ္ရမွာက ေ႐ွာင္းက်န္႔ ကို ႐ွာဖို႔ပဲ ။

ဒါေၾကာင့္ ဖုန္းတစ္ခုကိုသူအလ်င္အျမန္ ေခၚျဖစ္လိုက္တယ္ ။

"ဟဲလုိ...ဝမ္ရိေပၚလား "

.................

ေ႐ွာင္းက်န္႔ သတိရလာေတာ့ ဂိုေဒါင္ပ်က္ႀကီးတစ္ခုထဲမွာ သူ႔လက္ေတြကို ထိုင္ခံုတစ္လံုးနဲ႔ တြဲခ်ည္ခံထားရတာျဖစ္တယ္ ။

ကားပါကင္မွာ ေမ့ေဆးနဲ႔အုပ္ခံလိုက္ရတာကလြဲရင္ သူဘာမွမမွတ္မိ ။ တစ္ခ်ိန္မွာေတာ့ သူ႔ကိုလုပ္ၾကံခဲ့တဲ့သူက သူမေသတာကိုသိရင္ တစ္နည္းနည္းနဲ႔ေပၚလာဦးမယ္ဆိ္ုတာ သိေပမယ့္ ဒီလို႐ုတ္တရက္ႀကီး အဖမ္းခံရတာေတာ့ မဟုတ္ေသးဘူးမလား!

ရိေပၚ ကိုေတာင္ မေခ်ာ့လိုက္ရဘူး!!

ေ႐ွာင္းက်န္႔က ေဘးပတ္လည္ကို ေသခ်ာၾကည့္လိုက္တယ္ ။ သစ္သားအေဟာင္းေတြရယ္ ၊ မသံုးတာၾကာတဲ့ သံပစၥည္းအစုတ္ေတြရယ္ ၊ ဖုန္ေတြရယ္ကလြဲရင္ ဘာမွမရွိဘူး ။

ငါ့ကို ဖမ္းထားတဲ့ ေနရာကလည္း ဂိုေဒါင္တဲ့လား!
ေပါကားဆန္လိုက္တာကြာ!!!
တျခားေနရာေလးဘာေလး ေျပာင္းၾကပါဦးလားဟမ္!

ေ႐ွာင္းက်န္႔ မေက်မနပ္ေရရြတ္ေနတုန္းမွာပဲ သူ႔ေ႐ွ႕ကို အဝါေရာင္ပင္ေပါင္ေဘာလံုးေလးက တေဒါက္ေဒါက္ျမည္သံနဲ႔အတူ က်လာတယ္ ။ ၿပီးေတာ့ ဗီ႐ိုအေဟာင္းေနာက္ကေန လက္အ႐ွည္ႀကီးထြက္လာၿပီးေတာ့ ထိုပင္ေပါင္ေဘာလံုးကို ေကာက္သြားတယ္ ။

ေ႐ွာင္းက်န္႔ တအ့ံတၾသၾကည့္ေနရင္းမွ စိတ္ေလသြားေတာ့တာပဲ ။ ၿပီးေတာ့ တစ္ဆက္တည္းမွာပဲ သူ႔ေလာက္ကံဆိုးတဲ့သူ မ႐ွိဘူးလို႔လည္းထင္မိလာတယ္ ။

စဥ္းစားၾကည့္ေလ..လက္ကိုႀကိဳးနဲ႔ခ်ည္ၿပီး အဖမ္းခံထားရတဲ့အျပင္ သရဲကလာေျခာက္ေနတယ္..!!!

ခဏအၾကာမွာ ဗီ႐ိုအေနာက္ကေန အဝါေရာင္ဂါဝန္နဲ႔ ကေလးမေလးတစ္ေယာက္ထြက္လာတယ္ ။

"ဦးဦးက ဘာလုပ္ေနတာလဲ "

"ေဟ့!...သရဲမေလး ခ်စ္စရာကေလးေလးပံုစံလုပ္မေနပဲ ဒီႀကိဳးေလးေတြလာျဖဳတ္ေပးပါလား"

"ဦးဦးက သမီးကို သရဲမလို႔ေခၚတယ္"

သူ႔ေ႐ွ႕က ကေလးရဲ႕အသံပိစိေလးေၾကာင့္ ေ႐ွာင္းက်န္႔ စိတ္ညစ္လာတယ္ ။ ရိေပၚ နဲ႔မေတြ႔ခင္တုန္းက ဘာလို႔တစ္ကိုယ္တည္းလူပ်ိဴႀကီး ျဖစ္ေနတာလဲဆိုတဲ့အေျဖကို သူသိၿပီထင္တယ္ ။ ဘာလို႔လဲဆိုေတာ့ ဒီလို အိညႇက္ညႇက္အသံေတြကို သူမုန္းလို႔ပဲျဖစ္မွာ ။

ရိေပၚက ဒီလိုအိေညႇာင္ေညႇာင္အသံေတြမလုပ္ဘူး ။ ခ်စ္စရာေကာင္းတယ္ ။

"ဦးဦး သမီးနဲ႔အတူ ကစားရေအာင္ေလ"

"ကေလးမ ဒီဦးဦး က ႀကိဳးအတုပ္ခံထားရလို႔ မကစားေတာ့ဘူး"

"လြတ္ေအာင္လုပ္ေပးမယ္ ။ ကစားရေအာင္"

"ဘယ္မွာလုပ္မွာလဲ "

ကေလးမေလးက ေ႐ွာင္းက်န္႔ လက္ကို လက္ညိွဳးထိုးျပတယ္ ။

"အဲ့ႀကိဳးနီေလးကုိ ျဖဳတ္လိုက္"

ကေလးမ စကားေၾကာင့္ ေ႐ွာင္းက်န္႔က သူ႔လက္ကိုသူငံု႔ၾကည့္လိုက္တယ္ ။

ဟုတ္သားပဲ ။ သူ ဘာလို႔မစဥ္းစားခဲ့မိပါလိမ့္!

ေ႐ွာင္းက်န္႔က သူ႔လက္ကၾကဳိးနီကို ပါးစပ္နဲ႔ကိုက္ျဖဳတ္လိုက္ေတာ့ သူ႔ခႏၶာကိုယ္က ဝိညာဥ္လို မိွန္ျပျပသာျဖစ္သြားၿပီး သူ႔ကိုခ်ည္ထားတဲ့ႀကိဳးကေန ေဖာက္ထြက္လို႔ရသြားတယ္ ။

ေ႐ွာင္းက်န္႔ ႀကိဳးနီေလးကိုျပန္ခ်ည္ရင္း ကေလးမေလးကုိ ေက်းဇူးတင္စကားေျပာလိုက္တယ္ ။ ၿမိဳ႕အျပင္ဘက္ေရာက္ေနတဲ့အျပင္ ဖုန္းကဘယ္နားက်က်န္ခဲ့မွန္း သူမသိတာျဖစ္လို႔ ဆက္သြယ္ၿပီး အကူအညီေတာင္းဖို႔ကလည္း မျဖစ္ႏိုင္ဘူး ။

"ဦးဦး ဒီကေနလြတ္သြားရင္ သမီးအတြက္ေကာင္းမႈတစ္ခုလုပ္ေပးပါေနာ္"

ေ႐ွာင္းက်န္႔က ကေလးမေလးကုိ ျပံဳးၾကည့္လိုက္တယ္ ။

"အင္း စိတ္ခ်ပါ ။ ၿပီးေတာ့ ေက်းဇူးပါ ။ ကေလးေလး "

ကေလးမေလးက ေ႐ွာင္းက်န္႔ အေ႐ွ႕ကေန ေပ်ာက္သြားတယ္ ။

"ေ႐ွာင္းက်န္႔...!!"

"က်ိယြမ္ "

"ခင္ဗ်ား...ဘယ္လိုလြတ္လာတာလဲ!"

"နည္းလမ္း႐ွိတယ္ေလ"

ဝူးကနဲ အသံနဲ႔အတူ ရိေပၚ ဆိုင္ကယ္ေပၚကေန ေျပးဆင္းလာတယ္ ။ သူ႔အေနာက္က ကားနဲ႔လိုက္လာတာက အန္းယြမ္လု ။

"က်န႔္ေကာ...!!!"

"ရိေပၚ...!!!"

ေ႐ွာင္းက်န္႔က ရိေပၚဆီ ေျပးသြားခါနီးမွာ က်ိယြမ္က ေ႐ွာင္းက်န္႔ကို ေသနတ္နဲ႔ ခ်ိန္ရင္း လွမ္းေအာ္လိုက္တယ္ ။

"မလႈပ္ၾကနဲ႔...!!"

ေ႐ွာင္းက်န္႔က က်ိယြမ္ကို တည့္တည့္ၾကည့္ရင္းဆိုတယ္ ။

"က်ိယြမ္ မင္း ဒီအခ်ိန္ရပ္လိုက္ရင္ ရေသးတယ္"

"ကြၽန္ေတာ္ Sean X ကိုပိုင္ဆိုင္ေတာ့မွာ ခင္ဗ်ား သိလား ။ ခင္ဗ်ားသာ ျပန္မေပၚလာခဲ့ရင္ အဲ့တာေတြအကုန္လံုး ကြၽန္ေတာ့္အပိုင္ျဖစ္လာေတာ့မွာ"

"ငါ အကုန္သိတယ္ "

"ဘာ..!"

"မင္း ငါ့ကို မ်ိဴးစံုလုပ္ၾကံခဲ့တာေတြ ၊ ငါ အကုန္သိတယ္ ။ မင္း ျပင္ဆင္မလားဆိုတဲ့ အေတြးနဲ႔ မသိခ်င္ေယာင္ေဆာင္ေပးထားတာ ။ သက္ေသေတြ အကုန္လံုးလည္း ငါ့ဆီမွာ ႐ွိတယ္"

"ဒီလိုဆိုမွေတာ့ ဘာမ်ားေရြးခ်ယ္စရာ႐ွိေသးလို႔လဲ "

"က်ိယြမ္..မလုပ္နဲ႔!!!"

"က်န္႔ေကာ...!!"

"ဒိုင္း...!!!"

ရိေပၚ ရဲ႕ စိုးရိမ္တႀကီး ေအာ္သံ ၊ အန္းယြမ္လု ရဲ႕ က်ယ္ေလာင္စြာ တားျမစ္သံေတြအၾကား ေသနတ္သံကက်ယ္ေလာင္စြာ ထြက္လာခဲ့ေလရဲ႕ ။

🌻🌻🌻

အစကေတာ့ final အထိေရးၿပီးမွတင္ေပးမလို႔ပဲ ။
ေရးေနတာ ျပီးကိုမၿပီးႏိုင္ဘူး :-)

...............................................

UNICODE

အန်းယွမ်လု သူ့ရှေ့မှာထိုင်နေတဲ့ ကောင်လေးကိုကြည့်ပြီး မျက်ခုံးတစ်ဖက်ပင့်မိသွားတယ် ။ ဒီကောင်လေး ဝမ်ရိပေါ် ။ ရှောင်းကျန့် ရဲ့ ကောင်လေး သူမြင်ဖူးတာမှ တစ်ခါလား ၊ နှစ်ခါလားဆိုတာ မှတ်တောင်မမှတ်မိဘူး ။ ဒီကောင်လေး က သူ့ဆီရောက်လာခဲ့သည်တဲ့ ရှောင်းကျန့်အတွက် ။

သူသတိထားမိပါတယ် ။ ဒီကောင်လေး ရှောင်းကျန့် အနားမှာရှိတဲ့အချိန် အင်း သူမြင်ဖူးခဲ့တဲ့အချိန်ပေါ့ ကြောင်ပေါက်လေးလိုမျိူး နူးနူးည့ံည့ံနဲ့ အကြည့်တွေကမှအစ ချိူမြိန်သလိုမျိူး ။ အခုသူ့ရှေ့မှာထို်င်ပြီး သူ့ကိုကြည့်နေတဲ့ပုံစံနဲ့ တစ်စက်ကလေးမှမတူဘူး ။

အခုသူ့ကိုကြည့်နေတဲ့ပုံစံက သူကူညီခိုင်းတာမှမလုပ်ပေးရင် အချိန်မရွေး အမဲလိုက်ကိုက်ဖြတ်မယ့် ခြသေ့ၤတစ်ကောင်လိုမျိူးပဲ ။

အန်းယွမ်လု ကပဲ စကားစ,လိုက်တယ် ။ သူမပြောမချင်း လူသတ်မယ့်အကြည့်တွေနဲ့ကြည့်နေဦးမယ် ။

"ဘာကူညီပေးရမလဲ"

"ကျိယွမ်ကောကို ထိန်းပေး"

"ဘာကိုထိန်းပေးရမှာလဲ!"

"သူ့အကြောင်းတွေ ခင်ဗျားမသိဘူးလား"

"မင်းဘာကိုဆိုလိုချင်တာလဲ မသိပေမယ့် သူ့ကို ထိန်းဖို့နေနေသာသာ ငါ့ကိုတောင် သူကအဖက်မလုပ်ဘူး"

ဒီစကားကို သူလိမ်ပြောနေတာမဟုတ်ဘူး ။ ရှောင်းကျန့်အနောက်လိုက်သွားရင်း အဲ့ညက သူကျိယွမ်ကိုအနိုင်ကျင့်ခဲ့တဲ့ည အဲ့ညပြီးကတည်းက ကျိယွမ်နဲ့ တွေ့ဖို့အခွင့်အရေးလေးတောင်မရဘူး ။

အိ်မ်ကနေလည်း ကန်ထုတ်ခံလိုက်ရတယ်!!

"ကျွန်တော် ခင်ဗျားတို့အကြောင်းတွေသိပြီးသား ။ ကျန့်ကောကို ဘယ်လိုတွေလုပ်ကြံဖို့ကြိုးစားခဲ့လဲဆိုတာကိုပေါ့"

ရိပေါ် ရဲ့ စကားကိုကြားတာနဲ့ အန်းယွမ်လုရဲ့ မျက်နှာကပြောင်းလဲခက်ထန်သွားတယ် ။

ရိပေါ်က အန်းယွမ်လု ရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာကိုကြည့်ပြီး တစ်ချက်ပြုံးတယ် ။ ဒီလူကို ဟန်ဆောင်တယ်လို့သူထင်နေတာ တကယ်ပဲကို ။

"ဘယ်ကနေ...ဘယ်အထိသိထားလဲ"

"ဒါဝန်ခံတဲ့ စကားပဲ ဟုတ်!"

"အဲ့သဘောပဲ"

"အစကနေ အဆုံးအထိပေါ့ အာ..အခု ကျန့်ကောအနားရောက်နေတဲ့ ရည်ရွယ်ချက်ကိုတော့ မသိသေးဘူး "

"ဒါဆို မင်းက ငါ ရှောင်းကျန့်ကို လုပ်ကြံတဲ့သူဆိုတာသိသွားပြီပဲ ။ တစ်ခု မရှင်းတာက ကျိယွမ်ကို ထိန်းပေးဆိုတဲ့စကားပဲ"

"ခင်ဗျား သူ့အကြောင်းတွေ တကယ်မသိတာလား ။ ဟန်ဆောင်နေတာလား"

"အခုချိန်မှာ ငါ့အကြောင်းတွေအကုန်သိသွားတဲ့ မင်းကိုလိမ်တော့ ဘာထူးလာမှာလဲ"

"ကျိယွမ်ကောက ခင်ဗျားထင်သလို ဖြူဖြူစင်စင်လေးမဟုတ်ဘူးဆိုတာယုံ ။ သူ့ကို လမ်းမှားမရောက်စေချင်ဘူး ။ ပြီးတော့ လမ်းမှားမရောက်အောင် ခင်ဗျားပဲ ကူညီပေးနိုင်မှာ ။

ကျေးဇူးပြုပြီး ကျွန်တော်တို့ ဘယ်သူ့ကိုမှ မထိခိုက်မယ့်နည်းလမ်းကို ရွေးကြရအောင် ။ ပြီးတော့ ခင်ဗျား ကျန့်ကောကို ထိခိုက်အောင်လုပ်မယ့် အစီအစဉ်ရှိရင်ရပ်လိုက်ပါ "

"ငါ့ကို အမိန့်လာပေးနေတာလား ။ အခုငါ့အကြောင်းတွေ သိထားတဲ့ မင်းကို သတ်ပစ်လိုက်မယ်ဆိုရင် ဘာလုပ်နိုင်မှာလဲ"

"အန်းယွမ်လု ကျွန်တော် ခင်ဗျားအကြောင်းတွေ အကုန်သိရက်သားနဲ့ တစ်ယောက်တည်း ခင်ဗျားဆီလာခဲ့တာ သေရမှာမကြောက်လို့ပေါ့ ။

ခင်ဗျားက ကျွန်တော့်ကို သတ်မယ် ။ ကျွန်တော် သေတာနဲ့ ကျန့်ကောက တစ်လောကလုံးကိုမြေလှန်ပစ်လိမ့်မယ် ။ အဲ့မှာ ခင်ဗျား ကျွန်တော့်ကို သတ်တာ သူသိသွားပြီ ဆိုပါစို့ သူက ခင်ဗျားကို ပြန်သတ်လိမ့်မယ် ။

ဘာလို့ အသက်ကိုထိခိုက်မယ့် လမ်းတွေကိုရွေးနေမှာလဲ ။ အပြန်အလှန်သတ်ရင်း အမုန်းများမယ့်အစား ကျွန်တော်က ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်သွားစေချင်တာ ။

ဒါပေမယ့် ခင်ဗျားသဘောပါ ။ ခင်ဗျား ကြိုက်တဲ့လမ်းကို ရွေးလို့ရတယ် "

ရိပေါ် ပြန်သွားတဲ့အချိန်အထိ အန်းယွမ်လု ထိုင်နေမိတုန်းပဲ ။ ပြီးတော့ ရိပေါ် ပြောတာမှန်တယ်လို့ သူခံစားမိလာတယ် ။ သူလည်း ဒီလမ်းကိုဆက်မလျှောက်ချင်တော့ဘူး ။ အထူးသဖြင့် ကျိယွမ်ကို ချစ်မိသွားတဲ့အတွက်ကြောင့်ပဲ ။

သူလုပ်ခဲ့တဲ့အပြစ်တွေက သူ့အနောက်ကို အရိပ်မဲကြီးလိုလိုက်နေမှာပဲ ။ ရှောင်းကျန့်ကို မနာလိုဖြစ်ပြီး အရာရာပြိုင်ဆိုင်ခဲ့တဲ့ သူ့စိတ်ကြောင့်ပဲ အမှားတွေထဲမှာတဖြည်းဖြည်းနစ်မွန်းလာတာကို သူကိုယ်တိုင်လည်း သတိထားမိပါတယ် ။

တကယ်တော့ ဒီထက်ပိုပြီး သူအမှားတွေမလုပ်ချင်တော့ဘူး ။ ခရီးထွက်သွားတဲ့ ရှောင်းကျန့် အနောက်ကိုလိုက်သွားခဲ့တာက ရှောင်းကျန့်ကို အခွင့်အရေးရတဲ့အချိန်မှာ သတ်ပစ်ဖို့အတွက် သူလိုက်သွားခဲ့တာ ။ ဒါပေမယ့် ကျိယွမ်ကြောင့် သူ့အစီအစဉ်တွေကို လက်လျှော့ခဲ့တာ ။

ပြီးတော့ ကျိယွမ် ၊ ချစ်တယ်သာဆိုတယ် ကျိယွမ်အကြောင်းမသိတဲ့ သူ့ကိုယ်သူလည်း စိတ်ပျက်မိပါတယ် ။ ရိပေါ် ပြောသွားပုံအရဆိုရင် ကျိယွမ်က ရှောင်းကျန့်ကို တစ်ခုခုထိခိုက်အောင် လုပ်တော့မယ်ဆိုတာ သူရိပ်မိပါတယ် ။

တားကြည့်ရမှာပဲ!

....................

ကျိယွမ်က ဦးထုတ်အမဲလေးကို ချွတ်ပြီးအိမ်ထဲဝင်လာတယ် ။ ရုတ်တရက် အိမ်ထဲမှာ အလိုလိုလင်းလာတဲ့ မီးတွေ ၊ ဆိုဖာပေါ်မှာ ထို်င်နေတဲ့ သူမမြင်ချင်တဲ့ မျက်ခွက်ကြီး ။

ကောင်းရော! ဒီသူတောင်းစားက ငါ့အိမ်ကို ဖောက်ဝင်လာတာလား!!!

အန်းယွမ်လု က ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ရင်း စကားစ,တယ် ။

"ဘယ်ကပြန်လာတာလဲ"

"ပြောပြရမယ့် အကြောင်းရှိလို့လား"

"ရှိတယ် ။ ကိုယ်​က မင်းရဲ့ ချစ်သူလေ"

အန်းယွမ်လုရဲ့ စကားကို ကျိယွမ်က ဟာသတစ်ခုကြားရသလိုမျိူး အားပါးတရအော်ရယ်တယ် ။ ပြီးတော့ ရယ်လွန်းလို့ကျလာတဲ့ မျက်ရည်တစ်ချိူ့ကို လက်ညှိုးနဲ့ သုတ်လိုက်တယ် ။

"ရယ်လိုက်ရတာ အန်းယွမ်လုရယ် ။ ချစ်သူတဲ့ ဟားဟား"

"ရယ်ရတယ်မလား"

"သိပ်ရယ်ရတာပေါ့"

အန်းယွမ်လု က ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ရင်း တစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ သူ့ရှေ့က ကျိယွမ်ကို သေချာကြည့်ပြီး...

"ရယ်စရာမကောင်းတာတစ်ခုက မင်းရှောင်းကျန့်ကို အဆုံးသတ်ဖို့ စီစဉ်နေတဲ့အကြောင်း ငါသိသွားတာပဲ"

ကျိယွမ်က အန်းယွမ်လု ရဲ့ စကားကို သိပြီးသားလိုမျိူးပဲ အမူအရာတစ်စက်ကလေးတောင် မပြောင်းသွားဘူး ။

"ခင်ဗျားအကြောင်းတွေလည်း ကျွန်တော်သိပါတယ် ။ Light Company ရဲ့ CEO Thomas ခေါ် အန်းယွမ်လု "

ကျိယွမ်ရဲ့ စကားအဆုံးမှာ အန်းယွမ်လု ရဲ့ မျက်နှာဟာပျက်ယွင်းသွားတယ် ။ ကျိယွမ်ကတော့ အန်းယွမ်လုရဲ့ ပျက်ယွင်းသွားတဲ့မျက်နှာကို ပြုံးပြုံးကြီးရပ်ကြည့်ပစ်တာပဲ ။

ဒီလူက ကိုယ့်ကိုယ်ကိုယ် လည်လှပြီလို့ထင်နေပုံပဲ !

"ခင်ဗျားကို Thomas ဆိုပြီးပဲ သိကြတာလေ ရုပ်လည်းမြင်ဖူးတဲ့သူရှားတယ် ။ အန်းယွမ်လု ခင်ဗျားထင်တာထက် ကျွန်တော်က ပိုဉာဏ်ကောင်းပါတယ် ။ ဘောစ့် မှားလို့ ရှောင်းကျန့် ကို ကားမှောက်သေအောင်လုပ်တာလည်း ခင်ဗျားပဲလေ "

"မင်း...ဒါတွေ...ထားပါ..ငါအခုလာတာ မင်းလုပ်နေတာတွေ ရပ်ဖို့ "

"နောက်ကျသွားပြီ ။ ရှောင်းကျန့်က အခု ကျွန်တော့်လက်ထဲမှာ"

"ဘာ..!!! မင်း...ဘာလုပ်ထားတာလဲ!!"

"မပူနဲ့ ဘာမှမလုပ်​ဘူး..မေ့လို့...တစ်ခုခုလုပ်ချင်ရင်လည်းလုပ်မှာပေါ့"

အန်းယွမ်လု က ကျိယွမ်ရဲ့ ပခုံးနှစ်ဖက်ကိုသေချာဆုပ်ကိုင်ရင်း...

"ကျိယွမ်...ငါ မင်းကိုတောင်းဆိုတာပါ ။ ဒီအလုပ်တွေကို ရပ်လိုက်ကြရအောင်လေ "

"ရပ်လို့မရတော့ဘူး...အန်းယွမ်လု"

"မင်း တကယ်ဒီလမ်းကိုရွေးမှာလား"

"အင်း"

"တောင်းပန်ပါတယ် "

"အ့..!..ခင်ဗျား...ဘာ...လုပ်...."

လည်ပင်းကို ဖိကိုင်ရင်း အားလျော့စွာပြိုလဲကျလာတဲ့ ခန္ဓာကိုယ်ကို အန်းယွမ်လု က ထိန်းဖက်ထားလိုက်တယ် ။ ကျိယွမ်ကတော့ ထိုးထည့်ခံလိုက်ရတဲ့ မေ့ဆေးအရှိန်ကြောင့် မေ့မျောနေပြီဖြစ်တယ် ။

အန်းယွမ်လု က ကျိယွမ်ကို ပွေ့ချီလိုက်ပြီး အိပ်ယာပေါ်မှာ သေချာအိပ်စေပြီး စောင်ခြုံပေးလိုက်တယ် ။ မေ့ဆေးအရှိန်ကြောင့် 3နာရီလောက်အထိတော့ ကျိယွမ်က မေ့နေမှာဖြစ်တယ် ။ ဒီကြားထဲမှာ သူလုပ်ရမှာက ရှောင်းကျန့် ကို ရှာဖို့ပဲ ။

ဒါကြောင့် ဖုန်းတစ်ခုကိုသူအလျင်အမြန် ခေါ်ဖြစ်လိုက်တယ် ။

"ဟဲလို...ဝမ်ရိပေါ်လား "

.................

ရှောင်းကျန့် သတိရလာတော့ ဂိုဒေါင်ပျက်ကြီးတစ်ခုထဲမှာ သူ့လက်တွေကို ထိုင်ခုံတစ်လုံးနဲ့ တွဲချည်ခံထားရတာဖြစ်တယ် ။

ကားပါကင်မှာ မေ့ဆေးနဲ့အုပ်ခံလိုက်ရတာကလွဲရင် သူဘာမှမမှတ်မိ ။ တစ်ချိန်မှာတော့ သူ့ကိုလုပ်ကြံခဲ့တဲ့သူက သူမသေတာကိုသိရင် တစ်နည်းနည်းနဲ့ပေါ်လာဦးမယ်ဆိ်ုတာ သိပေမယ့် ဒီလိုရုတ်တရက်ကြီး အဖမ်းခံရတာတော့ မဟုတ်သေးဘူးမလား!

ရိပေါ် ကိုတောင် မချော့လိုက်ရဘူး!!

ရှောင်းကျန့်က ဘေးပတ်လည်ကို သေချာကြည့်လိုက်တယ် ။ သစ်သားအဟောင်းတွေရယ် ၊ မသုံးတာကြာတဲ့ သံပစ္စည်းအစုတ်တွေရယ် ၊ ဖုန်တွေရယ်ကလွဲရင် ဘာမှမရှိဘူး ။

ငါ့ကို ဖမ်းထားတဲ့ နေရာကလည်း ဂိုဒေါင်တဲ့လား!
ပေါကားဆန်လိုက်တာကွာ!!!
တခြားနေရာလေးဘာလေး ပြောင်းကြပါဦးလားဟမ်!

ရှောင်းကျန့် မကျေမနပ်ရေရွတ်နေတုန်းမှာပဲ သူ့ရှေ့ကို အဝါရောင်ပင်ပေါင်ဘောလုံးလေးက တဒေါက်ဒေါက်မြည်သံနဲ့အတူ ကျလာတယ် ။ ပြီးတော့ ဗီရိုအဟောင်းနောက်ကနေ လက်အရှည်ကြီးထွက်လာပြီးတော့ ထိုပင်ပေါင်ဘောလုံးကို ကောက်သွားတယ် ။

ရှောင်းကျန့် တအ့ံတသြကြည့်နေရင်းမှ စိတ်လေသွားတော့တာပဲ ။ ပြီးတော့ တစ်ဆက်တည်းမှာပဲ သူ့လောက်ကံဆိုးတဲ့သူ မရှိဘူးလို့လည်းထင်မိလာတယ် ။

စဉ်းစားကြည့်လေ..လက်ကိုကြိုးနဲ့ချည်ပြီး အဖမ်းခံထားရတဲ့အပြင် သရဲကလာခြောက်နေတယ်..!!!

ခဏအကြာမှာ ဗီရိုအနောက်ကနေ အဝါရောင်ဂါဝန်နဲ့ ကလေးမလေးတစ်ယောက်ထွက်လာတယ် ။

"ဦးဦးက ဘာလုပ်နေတာလဲ "

"ဟေ့!...သရဲမလေး ချစ်စရာကလေးလေးပုံစံလုပ်မနေပဲ ဒီကြိုးလေးတွေလာဖြုတ်ပေးပါလား"

"ဦးဦးက သမီးကို သရဲမလို့ခေါ်တယ်"

သူ့ရှေ့က ကလေးရဲ့အသံပိစိလေးကြောင့် ရှောင်းကျန့် စိတ်ညစ်လာတယ် ။ ရိပေါ် နဲ့မတွေ့ခင်တုန်းက ဘာလို့တစ်ကိုယ်တည်းလူပျိူကြီး ဖြစ်နေတာလဲဆိုတဲ့အဖြေကို သူသိပြီထင်တယ် ။ ဘာလို့လဲဆိုတော့ ဒီလို အိညှက်ညှက်အသံတွေကို သူမုန်းလို့ပဲဖြစ်မှာ ။

ရိပေါ်က ဒီလိုအိညှောင်ညှောင်အသံတွေမလုပ်ဘူး ။ ချစ်စရာကောင်းတယ် ။

"ဦးဦး သမီးနဲ့အတူ ကစားရအောင်လေ"

"ကလေးမ ဒီဦးဦး က ကြိုးအတုပ်ခံထားရလို့ မကစားတော့ဘူး"

"လွတ်အောင်လုပ်ပေးမယ် ။ ကစားရအောင်"

"ဘယ်မှာလုပ်မှာလဲ "

ကလေးမလေးက ရှောင်းကျန့် လက်ကို လက်ညှိုးထိုးပြတယ် ။

"အဲ့ကြိုးနီလေးကို ဖြုတ်လိုက်"

ကလေးမ စကားကြောင့် ရှောင်းကျန့်က သူ့လက်ကိုသူငုံ့ကြည့်လိုက်တယ် ။

ဟုတ်သားပဲ ။ သူ ဘာလို့မစဉ်းစားခဲ့မိပါလိမ့်!

ရှောင်းကျန့်က သူ့လက်ကကြိုးနီကို ပါးစပ်နဲ့ကိုက်ဖြုတ်လိုက်တော့ သူ့ခန္ဓာကိုယ်က ဝိညာဉ်လို မှိန်ပြပြသာဖြစ်သွားပြီး သူ့ကိုချည်ထားတဲ့ကြိုးကနေ ဖောက်ထွက်လို့ရသွားတယ် ။

ရှောင်းကျန့် ကြိုးနီလေးကိုပြန်ချည်ရင်း ကလေးမလေးကို ကျေးဇူးတင်စကားပြောလိုက်တယ် ။ မြို့အပြင်ဘက်ရောက်နေတဲ့အပြင် ဖုန်းကဘယ်နားကျကျန်ခဲ့မှန်း သူမသိတာဖြစ်လို့ ဆက်သွယ်ပြီး အကူအညီတောင်းဖို့ကလည်း မဖြစ်နိုင်ဘူး ။

"ဦးဦး ဒီကနေလွတ်သွားရင် သမီးအတွက်ကောင်းမှုတစ်ခုလုပ်ပေးပါနော်"

ရှောင်းကျန့်က ကလေးမလေးကို ပြုံးကြည့်လိုက်တယ် ။

"အင်း စိတ်ချပါ ။ ပြီးတော့ ကျေးဇူးပါ ။ ကလေးလေး "

ကလေးမလေးက ရှောင်းကျန့် အရှေ့ကနေ ပျောက်သွားတယ် ။

"ရှောင်းကျန့်...!!"

"ကျိယွမ် "

"ခင်ဗျား...ဘယ်လိုလွတ်လာတာလဲ!"

"နည်းလမ်းရှိတယ်လေ"

ဝူးကနဲ အသံနဲ့အတူ ရိပေါ် ဆိုင်ကယ်ပေါ်ကနေ ပြေးဆင်းလာတယ် ။ သူ့အနောက်က ကားနဲ့လိုက်လာတာက အန်းယွမ်လု ။

"ကျန့်ကော...!!!"

"ရိပေါ်...!!!"

ရှောင်းကျန့်က ရိပေါ်ဆီ ပြေးသွားခါနီးမှာ ကျိယွမ်က ရှောင်းကျန့်ကို သေနတ်နဲ့ ချိန်ရင်း လှမ်းအော်လိုက်တယ် ။

"မလှုပ်ကြနဲ့...!!"

ရှောင်းကျန့်က ကျိယွမ်ကို တည့်တည့်ကြည့်ရင်းဆိုတယ် ။

"ကျိယွမ် မင်း ဒီအချိန်ရပ်လိုက်ရင် ရသေးတယ်"

"ကျွန်တော် Sean X ကိုပိုင်ဆိုင်တော့မှာ ခင်ဗျား သိလား ။ ခင်ဗျားသာ ပြန်မပေါ်လာခဲ့ရင် အဲ့တာတွေအကုန်လုံး ကျွန်တော့်အပိုင်ဖြစ်လာတော့မှာ"

"ငါ အကုန်သိတယ် "

"ဘာ..!"

"မင်း ငါ့ကို မျိူးစုံလုပ်ကြံခဲ့တာတွေ ၊ ငါ အကုန်သိတယ် ။ မင်း ပြင်ဆင်မလားဆိုတဲ့ အတွေးနဲ့ မသိချင်ယောင်ဆောင်ပေးထားတာ ။ သက်သေတွေ အကုန်လုံးလည်း ငါ့ဆီမှာ ရှိတယ်"

"ဒီလိုဆိုမှတော့ ဘာများရွေးချယ်စရာရှိသေးလို့လဲ "

"ကျိယွမ်..မလုပ်နဲ့!!!"

"ကျန့်ကော...!!"

"ဒိုင်း...!!!"

ရိပေါ် ရဲ့ စိုးရိမ်တကြီး အော်သံ ၊ အန်းယွမ်လု ရဲ့ ကျယ်လောင်စွာ တားမြစ်သံတွေအကြား သေနတ်သံကကျယ်လောင်စွာ ထွက်လာခဲ့လေရဲ့ ။

🌻🌻🌻

အစကတော့ final အထိရေးပြီးမှတင်ပေးမလို့ပဲ ။
ရေးနေတာ ပြီးကိုမပြီးနိုင်ဘူး :-)

...............................................

Continue Reading

You'll Also Like

18.7K 1.5K 10
Tag - ZSWW, multi-type, oneshot Please, enjoy <3
10.8K 502 16
YiZhan fan fic လေးပါနော် စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပြီး AOB world ပုံစံလေးပါရှင့်
126K 8.3K 41
႐ွန္႔ငယ္က ဟန္တုိင္းျပည္ ​ေရေျမ့သခင္ရဲ႕ အသည္းအသက္ အ႐ွင္ အ႐ွင့္က အလုိ...
428K 88.9K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...