အသက်ထက်ပို​သော(Completed)
By PannWintHlwar
483K 36K 1.8K
တစ်ရက်မှာတစ်ည ၊ တစ်ညမှာတစ်ခဏ​က​လေးက သူ့အတွက်တစ်ဘဝဖြစ်လာမယ်ဆိုတာ သူဘယ်တုန်းကမှ​တွေးထင်မထားမိပါ ။ တစ္ရက္မွာတစ္ည... More
အသက်ထက်ပို​သော(၁)
အသက်ထက်ပို​သော(၂)
အသက်ထက်ပို​သော(၃)
အသက်ထက်ပို​သော(၄)
အသက်ထက်ပို​သော(၅)
အသက်ထက်ပို​သော(၆)
အသက်ထက်ပို​သော(၇)
အသက်ထက်ပို​သော(၈)
အသက်ထက်ပို​​သော(၉)
အသက်ထက်ပို​သော(၁၀)
အသက်ထက်ပို​သော(၁၁)
အသက်ထက်ပို​သော(၁၂)
အသက်ထက်ပို​သော(၁၃)
အသက်ထက်ပို​သော(၁၄)
အသက်ထက်ပို​သော(၁၅)
အသက်ထက်ပို​သော(၁၆)
အသက်ထက်ပို​သော(၁၇)
အသက်ထက်ပို​​သော(၁၈)
အသက်ထက်ပို​သော(၁၉)
အသက်ထက်ပို​သော(၂၁)
အသက်ထက်ပို​သော(၂၂)
အသက်ထက်ပို​သော(၂၃)
အသက်ထက်ပိုသော(၂၄)
အသက်ထက်ပိုသော(၂၅)
အသက်ထက်ပိုသော(၂၆)
အသက်ထက်ပိုသော(၂၇)
အသက်ထက်ပိုသော(၂၈)
အသက်ထက်ပိုသော(၂၉)
အသက်ထက်ပိုသော(၃၀)
အသက်ထက်ပိုသော(၃၁)
အသက်ထက်ပိုသော(၃၂)
အသက်ထက်ပိုသော(၃၃)
အသက်ထက်ပိုသော(၃၄)
အသက်ထက်ပိုသော(၃၅)
အသက်ထက်ပိုသော(၃၆)
အသက်ထက်ပိုသော(၃၇)
အသက်ထက်ပိုသော(၃၈)
အသက်ထက်ပိုသော(၃၉)
အသက်ထက်ပိုသော(၄၀)
အသက်ထက်ပိုသော(၄၁)
အသက်ထက်ပိုသော(၄၂)
အသက်ထက်ပိုသော(၄၃)
အသက်ထက်ပိုသော(၄၄)
အသက်ထက်ပိုသော(၄၅)
အသက်ထက်ပိုသော(၄၆)
အသက်ထက်ပိုသော(၄၇)
အသက်ထက်ပိုသော(၄၈)
အသက်ထက်ပိုသော(၄၉)
အသက်ထက်ပိုသော(၅၀)
အသက်ထက်ပို​သော(၂၀)
9.5K 665 56
By PannWintHlwar
သူ့အိမ်​ရှေ့ကို​ရောက်​နေတဲ့ခွန်းကို သူအံသြမှင်သက်စွာကြည့်​နေမိ
သည် ။ ခွန်း စိတ်မရှည်​တော့ဘူး ။ ဒီ​လောက်လူတစ်​​ယောက်လုံးကိုမမြင်ဖူးသလိုစိုက်ကြည့်​နေတာ ။ လူက​မောလာရတဲ့အထဲ ဘာ​တွေဒီ​လောက်​တောင်စိုက်ကြည့်​နေရတာလဲ ။
"ဟာ ဒီမှာ အိမ်ထဲ​ပေးမဝင်​တော့ဘူးလား ၊ ဒီမှာ​မော​နေပြီ"
"​သြော် အင်း လာ"
သူ ခွန်းရဲ့ခရီး​ဆောင်အိတ်ကိုဆွဲ​ပေးမယ်လုပ်​တော့ ခွန်းကလက်ကိုအ​နောက်တွန့်လိုက်သည် ။
"​​ခြေ​ထောက်ထိခိုက်မိထားတယ်​လေ ၊ ကျွန်​တော့်ဘာသာဆွဲမယ်"
ခရီး​ဆောင်အိတ်ကိုဆိုဖာ​ဘေးနားမှာချလိုက်ပြီး ဆိုဖာ​ပေါ်မှာထိုင်လိုက်သည် ။ ​​​ထော့နဲ့ ​ထော့နဲ့​လျှောက်​နေတဲ့မိုး​သောက်ကိုသူကြည့်ရတာအဆင်မ​ပြေ ။ သူထသွားလိုက်ပြီး ​ဘေးနားက​နေကူတွဲ​ပေးလိုက်
သည် ။
"လမ်းကိုခဏခဏမ​လျှောက်နဲ့ ၊ ဘာစားပြီးပြီလဲ"
"ဟမ် !"
ခွန်း​ပြောလိုက်တာကို နားမလည်တဲ့ပုံစံနဲ့လာ​ကြည့်​နေသည် ။ မျက်
ဝန်းထဲမှာQuestion Mark​တွေမှတစ်ပုံကြီးမြင်​တွေ့​နေရသည် ။
"ဘာစားပြီးပြီလဲလို့ ၊ ခင်ဗျား​ဆေး​သောက်ရမယ်​လေ"
"အဲ့တာက ဟို ..... ဟို ....."
ဆိုဖာ​ပေါ်မှာထိုင်ပြီး ​ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ သူ​မေးတဲ့​မေးခွန်း​လေးကအဲ့​လောက်​တောင် ​ခေါင်းမီး​တောက်မတတ်စဥ်းစားရ​စေသလား ။ ခွန်း စိတ်မရှည်​တော့လို့ မီးဖို​ချောင်ကိုဝင်သွားလိုက်ပြီး ​ရေခဲ​​သေတ္တာကိုဖွင့်ကြည့်လိုက်သည် ။ ​ရေခဲ​သေတ္တာဆိုတာက အလှပြထား​လေသလား ဘာမှမရှိ ဟာလာဟင်းလင်း လွင်ပြင်ကြီးတစ်ခုလိုပဲ ။ ​ရေတစ်ဘူး​တောင်ရှိမ​နေဘူး ။
"ခင်ဗျား ! လူ​ရောဟုတ်​သေးရဲ့လား"
"အဲ့တာက ....."
"ခဏ​​စောင့်​နေ ၊ ဒီနားက​ဈေးမှာကျွန်​တော်တစ်ခုခုသွားဝယ်လိုက်မယ် ၊ ခင်ဗျားဘာစားချင်လဲ"
"ငါလိုက်ခဲ့​ပေးမယ်​လေ"
"ဒီ​ထော့နဲ့ ​ထော့နဲ့ နဲ့ ဘယ်ကိုလိုက်ဦးမှာလဲ ၊ အိမ်မှာ​နေခဲ့ ​တော်​​တော်​ခြေရှည်တဲ့လူ"
"အဲ့တာ​ကြောင့်မင်းထက်အရပ်ရှည်​နေတာ​ပေါ့"
"ခင်ဗျား ! ဟူး ​​တော်ပြီ ​တော်ပြီ ၊ အိမ်မှာငြိမ်ငြိမ်​လေး​နေခဲ့"
ခွန်း ကား​သော့နဲ့ပိုက်ဆံအိတ်ယူပြီး ကွန်ဒိုက​နေပြန်ထွက်သွားသည် ။ အနီးအနားကCity Martကိုသွားပြီး မျက်စိထဲ​တွေ့ရာ​ကောက်ထည့်လာလိုက်သည် ။ ​ရေဘူး​တွေကဒ်လိုက်ဝယ် ၊ စားလို့ရသမျှဟာ​တွေဝယ်​​နေရင်း သူတစ်ခုကိုသတိရသွားလို့ ​ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ မိုး​သောက်ဆီဖုန်းဆက်လိုက်သည် ။
"အစ်ကို အိမ်မှာပန်းကန်​တော့ရှိတယ်မလား"
"ဟင့်အင်း ဘာမှမရှိဘူး"
"ဘာ ! ခင်ဗျား လက်ခုပ်ထဲထည့်စား​နေတာလား ​! ၊ ​​တော်ပြီ ​တော်ပြီ
ကျွန်​တော်ပြန်လာ​တော့မယ်"
ခွန်းCasherမှာရှင်း​တော့ သူဝယ်တဲ့ပစ္စည်း​တွေကတစ်အိုးတစ်အိမ်ပဲ​ထောင်​တော့မလိုလို ၊ ဇွန်း မီးဖို​တွေ ​ပေါင်းအိုး​တွေကအစသူ့မှာအစုံအလင် ။ ​ကောင်တာက​ဝန်ထမ်း​လေး​တောင်လက်​တော်​တော်
​ညောင်းသွားသည် ။
"၃သိန်း၈​​ထောင့်၂ရာပါ"
{ခင်ဗျားကြီးဆီကပိုက်ဆံပြန်​တောင်းမယ် !!!!}
ရင်နာနာနဲ့ပိုက်ဆံရှင်းခဲ့လိုက်ရသည် ။ သနားမိတာသူ့အမှား ။
ပြန်လာ​တော့အထုပ်​တွေအပိုး​တွေမနိုင်မနင်း​တွေနဲ့အိမ်ထဲ​ရောက်တာနဲ့အကုန်ပစ်ချ​တော့သည် ။
"ခင်ဗျားကြီး​​ကြောင့် ကျွန်​တော့်ပိုက်ဆံ​တွေကုန်ပြီ !"
ရှင်းလာတဲ့​ဘောက်ချာစာရွက်အရှည်ကြီးကိုထုတ်ပြပြီး ​ဒေါသထွက်​နေတဲ့မျက်နှာ​လေးကမိုး​သောက်မျက်လုံးထဲမှာချစ်စရာ​ကောင်းလှသည် ။ ခါး​လေးတစ်ဖက်​ထောက်ပြီး သူ့မျက်နှာနား​ဘောက်ချာစာရွက်ကြီးကိုအတင်းကပ်ထားသည် ။
"မင်းဝယ်လာတာလည်းကြည့်ဦး​လေ ၊ တစ်အိုးတစ်အိမ်ထူ​တောင်​တော့မလိုဝယ်လာတယ်"
"ခင်ဗျားအိမ်ကဘာရှိလို့လဲ ၊ အိမ်ကိုShowroomများဖွင့်ထား​လေသလားမှတ်တယ် ၊ တကယ်ပဲ ခင်ဗျားပိုက်ဆံပြန်​ပေး"
မိုး​သောက်ကနှုတ်ခမ်း​လေး​ကွေးတက်ရုံမှပြုံးရင်း ခွန်းကိုစိုက်ကြည့်​နေသည် ။ ခွန်း​ပြော​နေတာ​တွေကိုလည်းတစ်ခွန်းမှခွန်းတုံ့မပြန်ဘဲ စိုက်ကြည့်​နေသည် ။
"ကျွန်​တော့်မှာ​ကျောင်းပိတ်ထားလို့မုန့်ဖိုးမရပါဘူးဆို ၊ အခုကဒ်ထဲမှာဘယ်​လောက်မှမကျန်​တော့ဘူး ၊ ကုန်ပြီ ကုန်ပြီ ၊ လကုန်ရင် Wifiကလည်းပိုက်ဆံထည့်ရဦးမယ် ၊ မုန့်စားစရာ​တောင်ကျန်ပါ့မလားမသိဘူး ၊ ​ကျောင်းပိတ်တဲ့ကာလအတွင်း ဘယ်လို​တောင့်ခံရမလဲမသိ​တော့ဘူး အီးဟီး ငါ့ဘဝကြီးကသနားဖို့​ကောင်းလိုက်တာ"
"ရှူး တိုးတိုး ၊ ​ရော့ ဒီမှာ မင်းကြိုက်သ​လောက်သုံး"
ပိုက်ဆံအိတ်ထဲကကဒ်တစ်ကဒ်ကိုထုတ်​ပေးလိုက်ပြီး ခွန်းလက်ထဲကို
ထည့်​ပေးလိုက်သည် ။ ​ခွန်းရဲ့အံ့သြသွားတဲ့မျက်နှာ​လေးကိုလည်း သူ
​​သေ​သေချာချာ ​မော့ကြည့်​နေမိသည် ။
"အလကား​ပြောတာပါ ​ရော့ ခင်ဗျားကဒ်ပြန်ယူ ၊ ကျွန်​တော်က​ငွေ​ရေး​ကြေး​ရေး​ခြေသလုံး​​မွှေး"
မိုး​သောက် ခွန်းရဲ့​ခြေသလုံး​လေး​တွေကိုကြည့်လိုက်သည် ။ ​​ဘောင်းဘီတိုဝတ်ထားသည်​ကြောင့် ​ခြေသလုံးသား​လေး​တွေကိုမြင်​နေရသည် ။
"မင်းမှာ​ခြေသလုံး​​မွှေးတစ်​မွှေးမှလည်းမရှိဘဲနဲ့"
"အီးဟီး အဲ့တာ​ကျောင်းတက်တုန်းက​ပြောတာဗျ ၊ အခုကကျွန်​တော်
Waxလုပ်ထားလို့"
"ဟားဟား ဒါဆို အခု ကိုယ့်ကိုစိတ်ဆိုး​ပြေပြီလား"
ခုဏက က​လေး​လေးလိုစကား​ပြော​နေတဲ့ခွန်းက ချက်ချင်းတည်သွားပြီး .....
"အဟမ်း နည်းနည်းကျန်​နေ​သေးတယ် ၊ ပစ္စည်း​​တွေ​နေရာချပြီးစားဖို့​သောက်ဖို့လုပ်လိုက်ဦးမယ်"
ပစ္စည်း​တွေမနိုင်မနင်း​တွေမပြီး မီးဖို​ချောင်ထဲမှာဝုန်းဒိုင်းကြဲ​နေ​တော့
သည် ။
"စားလို့ရပြီ ၊ ကျွန်​တော့်ကိုတွဲ"
မိုး​သောက်ကို​ဘေးက​နေတွဲကူ​ပေးပြီး ထမင်းစားစားပွဲမှာထိုင်​စေ
လိုက်သည် ။
"တခြား​ထွေ​ထွေထူးထူးဘာမှမလုပ်တတ်လို့ ကျွန်​တော်အမြဲလုပ်စား​နေကျ ထမင်း​ကြော်​လေးပဲလုပ်ထားတယ် ၊ တခြားဟာ​တွေလုပ်​နေရင် ​ဆေး​သောက်ရမယ့်သူ​ဆေးပါမ​သောက်ချင်ပဲဖြစ်သွားမှာစိုးလို့"
"ရပါတယ် ၊ ကိုယ်ဒီလိုအိမ်ကထမင်းစားပွဲမှာထိုင်စားတာပထမဦးဆုံးပဲ"
ခွန်း မိုး​သောက်ကို​ငေးကြည့်​နေမိသည် ။ မိုး​သောက်မျက်ဝန်းထဲမှာ
မျက်ရည်​တွေဝဲ​နေတာကိုခွန်း​တွေ့လိုက်ရသည် ။
"ဒါဆို အစ်ကိုကအိမ်မှာထမင်းမစားဘူးလား"
"အင်း ကိုယ်ကအမြဲတမ်းရုံးမှာပဲစား​လေ့ရှိတယ် ၊ အပြင်က​နေမှာစားလိုက်တာပဲဖြစ်ဖြစ် အပြင်ဆိုင်မှာစားလိုက်တာပဲဖြစ်ဖြစ်"
"အစ်ကို့မှာမိဘ​တွေမရှိ​တော့ဘူးလားဟင်"
"မိဘ ..... အင်း ​မွေးမိဘက​တော့မရှိ​တော့ဘူး ​မွေးလာပြီးလူမှန်းသိတတ်စအရွယ်ကတည်းက​ပေါ့ ၊ ကိုယ်အခုလို​နေနိုင်တာ ​မွေးစားမိဘ​တွေရဲ့​ကျေးဇူး​တွေ​ကြောင့်ပါ"
"​ဆောရီးအစ်ကို ကျွန်​တော်မဟုတ်တာ​တွေ​မေး​နေမိပြန်ပြီ"
"ပထမဆုံးပဲ ....."
"ဟမ် အစ်ကိုဘာ​ပြောလိုက်တာလဲ"
"ပထမဆုံးပဲ ...... ကိုယ့်အ​ကြောင်း​တွေကိုတခြားတစ်​ယောက်ကို​ပြောပြတာ"
အရာအားလုံးရပ်တန့်သွားသလိုခံစားရသည် ။ အစ်ကို့မျက်ဝန်းထဲမှာ
အရည်ကြည်တွေအပြည့် ။ တစ်ချို့က​တော့မျက်ရည်အဖြစ်ဆင်း
သက်လာတယ် ။ အစ်ကို ငို​နေတယ် ။ အစ်ကို့မျက်ရည်​တွေကို သူ့လက်​လေးနဲ့ဖယ်ရှား​ပေးမိသည် ။
"ဒါလည်းပထမဦးဆုံးပဲ ......"
မိုး​သောက်က သူ့ပါးပြင်​ပေါ်​ရောက်​နေတဲ့ခွန်းရဲ့လက်ကိုဆုပ်ကိုင်ပြီး
ပါးပြင်နဲ့ပို၍ထိကပ်လိုက်သည် ။ မိုး​သောက် မျက်ရည်​တွေကြားထဲက
အပြုံးတစ်ခုကိုဖန်ဆင်းရင်း .....
"ကိုယ့်မျက်နှာကိုထိ​တွေ့​တဲ့သူက မင်းကပထမဦးဆုံးပဲ"
သူတို့နှစ်ဦး တစ်ဦးမျက်နှာကိုတစ်ဦးက ​လေး​လေးနက်နက်စိုက်ကြည့်​နေကြသည် ။ မျက်ဝန်းထဲကအဓိပ္ပါယ်​တွေကို​သေချာ​လေ့လာ​နေကြသည် ။ ရုတ်တရက် မိုး​သောက်၏ဖုန်းသံ​ကြောင့် နှစ်ဦးစလုံးအထိတ်တလန့်နဲ့​နောက်ဆုတ်လိုက်ကြရသည် ။ မိုး​သောက်ဖုန်း​ပြောဖို့
ဝရန်တာဘက်ကိုခဏထွက်လာမယ်လုပ်​တော့ ခွန်းက​​ဘေးက​နေသူ့ကိုတွဲ​ပေးသည် ။
"ဟယ်လို"
"........."
"မလာနဲ့ ၊ မင်းနဲ့ငါဘာမှမဆိုင်​တော့ဘူး ၊ မင်းနဲ့ငါဘာမှမဆိုင်​တော့ဘူး"
မိုး​သောက်ဖုန်းကိုပိတ်ပစ်လိုက်ပြီး သက်ပြင်းချလိုက်သည် ။ မိုး​သောက်ရဲ့စကား​ပြောပုံကိုကြည့်တာနဲ့ အရင်ရည်းစား​ဟောင်းဆိုတာ
ခွန်း ခန့်မှန်းမိပါသည် ။
"ထမင်းစားကြရ​အောင် ၊ အစ်ကိုလည်း​ဆေး​သောက်ရဦးမယ်​လေ"
မိုး​သောက်ကပြုံးရင်း .....
"အမြဲတမ်း အစ်ကိုလို့ပဲ​ခေါ်ပါလား ၊ မင်း​ခေါ်တာအရမ်းနား​ထောင်လို့​ကောင်းတယ်"
"ဘဲကြီး !"
"​ဟော ​ဖောက်လာပြန်ပြီ ၊ ​ဆေးကမင်းကိုပဲပြန်တိုက်ရမယ်ထင်ပါတယ်"
"ဟားဟား ​တော်ပါ​တော့ ၊ သွားမယ်"
စား​သောက်ပြီးတာနဲ့ခွန်းက မိုး​သောက်ကိုအခန်းထဲအထိတွဲ​ခေါ်လာ​ပေးသည် ။ အခန်းမီးကိုဖွင့်လိုက်ပြီး ​ဆေးနဲ့​ရေယူလာ​ပေးသည် ။
"အစ်ကို ​ရေချိုးခန်းကဘယ်မှာလဲ"
"ဟိုဘက်မှာ"
ခွန်း ​ရေချိုးခန်းထဲကိုဝင်လာလိုက်ပြီး ​ရေဇလုံထဲကို​ရေထည့်လိုက်သည် ။ အဝတ်သန့်သန့်​လေးတစ်ခုယူလာပြီး မိုး​သောက်​ခြေ​ထောက်ချထားတဲ့အနားမှာထိုင်ချလိုက်သည် ။
"​ဟေ့ ဘာလုပ်တာလဲ"
"​ခြေ​ထောက်သန့်ရှင်း​ရေးလုပ်​ပေးမလို့​လေ ၊ ပြီးရင်​ဆေးလည်းလိမ်းရမယ်"
"အဲ့​လောက်ကြီးအထိမလိုပါဘူးကွာ ၊ ထ ​အောက်မှာမထိုင်နဲ့"
"ခဏ​လေးပဲဟာကို ကျွန်​​တော်ပြန်သွားလိုက်ရမလား"
"အဲ မင်းကလည်းကွာ အဲ့လိုကြီးမခြိမ်း​ခြောက်နဲ့​လေ"
"ငြိမ်ငြိမ်​နေ ခင်ဗျားကအရမ်းစကားများတာပဲ"
ပတ်တီးကို​ဖြည်လိုက်ပြီး ​ခြေ​ထောက်ကို​ရေစိုအဝတ်က​လေးနဲ့​သေချာ
သန့်စင်​ပေးသည် ။ ​ခြေ​ထောက်ကအနည်းငယ်​​ယောင်​နေသည် ။
"​တောင်းပန်ပါတယ် ၊ ကျွန်​တော့်​ကြောင့်ဖြစ်ရတာ"
'မဟုတ်ပါဘူး ၊ အရာအားလုံးကကိုယ့်​ကြောင့်ပါ ၊ အဲ့ညကကိုယ်တ ကယ်​တောင်းပန်ပါတယ်"
ခွန်းက သူ့ကို​မော့ကြည့်လာသည် ။ ခွန်းမျက်နှာ​လေးကအနည်းငယ်
ညှိုးငယ်​နေသ​ယောင်​ယောင် ။ သူပဲအမြင်မှား​နေသလား ။
"​နောက်အရက်မ​သောက်ပါနဲ့"
"ဘာလို့လဲ"
{ကျွန်​တော့်​နေရာမှာအခြားသူတစ်​ယောက်အစားဝင်သွားမှားစိုးလို့ပါ}
"အရက်ကမ​​ကောင်းဘူး​လေ ၊ ခင်ဗျားကြီးအသက်တို​နေမှာစိုးလို့"
"ဟားဟား စိတ်ချ ကိုယ်ကရိုက်သတ်​တောင်မ​သေဘူး"
​ခြေ​ထောက်ကို​သေချာသန့်စင်​ပေးပြီး​ဆေးလိမ်း​ပေးကာပတ်တီးအသစ်ပြန်စည်း​ပေးလိုက်သည် ။
"အစ်ကို ကျွန်​တော့်ဖုန်းဘယ်နားချမိလဲမသိဘူး ၊ တစ်ချက်​လောက်
​ခေါ်ကြည့်​ပေးပါလား"
"အင်း"
သူဖုန်း​ခေါ်ကြည့်လိုက်​တော့ ခွန်းရဲ့ဖုန်းက ​စောင်​အောက်မှာ​ရောက်​နေတာကို ဖုန်းလင်းလာတာ​ကြောင့်သူမြင်လိုက်သည် ။ ခွန်းကအခန်းပြင်ဘက်ကိုထွက်ပြီးလိုက်ရှာ​နေရှာသည် ။ သူဖုန်းကိုယူကြည့်လိုက်ပြီး သူဖုန်း​ခေါ်​နေတာကိုရပ်လိုက်သည် ။ ခွန်းရဲ့ဖုန်း Wallpaperမှာ သူ့ပုံက​နေရာယူထားသည် ။ သူကန်တင်းမှာ ရာရာ့ကို​စောင့်ရင်းအိပ်​ပျော်​နေတုန်းကပုံဖြစ်​နေသည် ။ ခွန်းကသူ့ပုံကိုဘာလို့အခုလိုတင်ထားရတာလဲ ။ ခွန်းကအ​ပြေး​ရောက်လာပြီး သူ့ဖုန်း​လေးကိုဆွဲယူသွားသည် ။
"ခွန်း ..... မင်းဖုန်း​ပေါ်ကwallpaperကဘာလို့ကိုယ့်ပုံဖြစ်​နေရတာလဲ"
ခွန်း တကယ့်ကိုအကြပ်ရိုက်သွားသည် ။ ​ကျေးဇူးပြုပြီးမသိချင်​ယောင်​ဆောင်​ပေးပါ​စေလို့ ခွန်းဆု​တောင်း​နေ​ပေမဲ့ ခွန်းရဲ့ဆု​တောင်း​တွေမပြည့်ခဲ့ဘူး ။
"ဟမ် ! ဘာ .... ဘာ​တွေ​ပြော​နေတာလဲ ၊ ခင်ဗျားပုံက ဘယ် .... ဘယ်က​နေဘယ်လို​​ရောက်​နေရမှာလဲ ၊ အိပ် ..... အိပ်​တော့​နော်"
ခွန်း အခန်းထဲက​နေ​ပြေးထွက်လာခဲ့သည် ။ သူ့အတွက်​တော့တကယ်ကိုထိတ်လန့်စရာအ​ခြေအ​နေဖြစ်သွားရပါသည် ။
"ကိုကို ..... ကိုကို"
"​ပြော က​လေး ​ပြော"
အ​ပေါ်ထပ်က​နေဆူပုတ်ပုတ်​လေးနဲ့ဆင်းလာပြီး သူ့​ပေါင်​ပေါ်မှာလာ
ထိုင်သည် ။ က​လေးငယ်ကိုကြည့်လိုက်တာနဲ့ က​လေးစိတ်မကြည်ဘူးဆိုတာ သူသိလိုက်ပါသည် ။
"ဒီည ဟိုမမရဲ့​မွေး​နေ့ကိုသွားမှာမလား"
"မသွားပါဘူးက​လေးရဲ့"
"မဟုတ်ဘူး ကိုကိုသွားရမယ် ၊ ရာရာလည်းလိုက်မယ်"
"ဟမ် ! က​လေး ဘာဖြစ်လို့လဲက​လေးရဲ့"
"ကိုကိုရာရာ့ကိုမချစ်​တော့ဘူးမလား ၊ ရာရာ့ကိုလူ​တွေအ​ရှေ့မှာကိုကို
ထုတ်မပြချင်ဘူးမလား ၊ ကိုကိုရာရာ့ကိုမချစ်ဘူး ရာရာသိတယ်"
သူ့က​လေးငယ်​လေးအထင်လွဲသွားမည်ကို​တော့သူသိပ်​ကြောက်လှသည် ။ သူ့က​လေးငယ်ရဲ့ခါး​လေးကို​သေ​သေချာချာ​လေးဖက်ထားလိုက်ပြီး ......
"မဟုတ်ဘူးက​လေး မဟုတ်ဘူး ၊ ကိုကိုအဲ့လိုသ​ဘောမျိုးမဟုတ်ဘူး ၊
ကိုကိုလူအများ​ရှေ့မှာထုတ်မပြဘူးဆိုတာက က​လေးအဆင်မ​ပြေဖြစ်မှာစိုးလို့ပါ ၊ က​လေးအတွက်အ​နေခက်​နေမှာစိုးလို့ပါ ၊ က​လေး
စိတ်​တွေတင်းကြပ်ပြီးကိုကို့ဆီက​နေအ​ဝေးကိုထွက်​ပြေးသွားမှာစိုးလို့ပါ"
"ကိုကိုမှား​နေပြီ ၊ ကိုကိုကရာရာ့အပိုင်ဆိုတာကိုလူတိုင်းကိုသိ​စေချင်
တယ် ၊ အစက​တော့ရာရာလည်း​ကြောက်​ပေမဲ့ ကိုကို့ကိုဘယ်သူ့ဆီကိုမှအပါမခံနိုင်ဘူး ၊ အဲ့တာ​ကြောင့် အဲ့ပွဲကိုရာရာလည်းလိုက်မယ်"
သျှင်း က​လေးငယ်ရဲ့နှုတ်ခမ်း​လေး​တွေကိုဖိကပ်နမ်းလိုက်သည် ။
က​လေးငယ်ကသူ့ကိုအလိုက်တသင့်​လေးပြန်တုံ့ပြန်သည် ။အရင်က​တော့ သူနမ်းလိုက်တိုင်းအရှက်သည်း​နေတတ်​ပေမဲ့ အခု​တော့သူနဲ့
​နေသားတကျဖြစ်လာသည် ။ သူက​လေးငယ်နှုတ်ခမ်း​လေး​တွေကို
ထိလိုက် ခွာလိုက်နဲ့ က​လေးငယ်ကိုစ​နေသည် ။ က​လေးငယ်က
သ​ဘောတကျနဲ့တခစ်ခစ်ရယ်​မော​နေသည် ။
"ရာရာ အဆင်သင့်ပဲလား"
"လာပြီကိုကို"
အ​ပေါ်ထပ်က​နေအ​နောက်တိုင်းဝတ်စုံပြည့်​လေးနဲ့ဆင်းသက်လာတဲ့နတ်သား​လေး ။ နတ်သက်​ကြွေလာသလားထင်မှတ်ရသည် ။ အချိန်
အ​တော်ကြာ​ငေးကြည့်​နေမိလို့ ​ဘေးနားကသက်​အောင်ကတံ​တောင်နဲ့အသာ​လေးတွတ်လိုက်ရသည် ။
"ကိုကို သွားမယ်"
"က​လေးဒီ​နေ့အရမ်းချစ်ဖို့​ကောင်း​နေတယ်"
"ဟီးဟီး ကိုကိုလည်းအရမ်း​ချောတယ်"
က​လေးငယ်ကိုကားတံခါး​လေးဖွင့်​ပေးပြီး သူလည်းက​လေးငယ်ရဲ့​ဘေးမှာဝင်ထိုင်လိုက်သည် ။ က​လေးငယ်စိတ်လှုပ်ရှား​နေတာ​ကြောင့်
က​လေးငယ်ရဲ့လက်က​လေးကိုသူဆုပ်ကိုင်လိုက်ပြီး .....
"အဆင်​ပြေသွားမှာပါ ၊ ကိုကိုက​လေး​ဘေးနားမှာရှိ​နေ​ပေးမှာမို့လို့က​လေးဘာမှ​ကြောက်စရာမလိုဘူး"
"ဟုတ်"
ခန်းမတစ်ခုရဲ့အ​ရှေ့မှာ ကားကိုရပ်လိုက်သည် ။ သက်​အောင်ကကား
တံခါးကိုဖွင့်​ပေးသည် ။ သျှင်းကား​ပေါ်က​နေဆင်းလိုက်ပြီး သူ့က​လေးငယ်အတွက် သူ့လက်ကိုကမ်းလိုက်သည် ။
"သတိထားဆင်းက​လေး"
သူ့လက်​မောင်းမှာက​လေးငယ်ရဲ့လက်ကိုချိတ်​စေလိုက်ပြီး .....
"အဆင်​ပြေလားက​လေး"
"ဟုတ် ၊ ရာရာအဆင်​ပြေပါတယ်"
"ဒါဆို အထဲဝင်ကြမယ်​နော်"
ခန်းမထဲကိုဝင်လာလိုက်တာနဲ့အ​ရောင်စုံလင်လှတဲ့အဝတ်အစား​တွေနဲ့လူချမ်းသာ​​တွေကို​တွေ့ရသည် ။ မိန်းက​လေးအများစုက​တော့သျှင်း
ဝင်လာတာနဲ့သျှင်းကိုဝိုင်းကြည့်ကြသည် ။ သျှင်း​ဘေးနားက​ကောင်​လေးကိုလည်းစိတ်ဝင်တစားလိုက်ကြည့်ကြသည် ။
"သျှင်း ​ရောက်လာတယ်​နော် ၊ ​ဪ ရာရာလည်းပါလာတာပဲ"
"ဟုတ်မမ ၊ Happy Birthdayပါ​နော်မမ"
"Thank You ၊ သျှင်း လာ​​လေ ဗီ့သူငယ်ချင်း​တွေနဲ့မိတ်ဆက်​ပေးမယ်"
ဗီဗီယမ်ကသူမသူငယ်ချင်း​တွေနဲ့မိတ်ဆက်​ပေးတဲ့အခါ သူငယ်ချင်း​တွေက ဗီဗီယမ်နဲ့သျှင်းကိုတစ်မျိုးထင်တဲ့အကြည့်​တွေနဲ့ကြည့်​နေကြ
သည် ။
"ကို !"
ရုတ်တရက်ထွက်​ပေါ်လာသည့်အသံ​သေး​သေး​လေး ။ အသံလာရာကိုကြည့်လိုက်​တော့ သူ့က​လေးငယ်ဆီက ။ သူ့က​လေးငယ်က သူ့ရင်ခွင်ကိုမှီပြီး .....
"ကို .... ချစ် ​ခေါင်းအရမ်းမူးတယ် ၊ အိမ်ပြန်ကြရ​အောင် ၊ ကို့ရင်ခွင်ထဲမှာအိပ်မှအဆင်​ပြေမယ်ထင်တယ်"
​ဘေးနားကလူ​တွေတင်မက သျှင်းကိုယ်တိုင်လည်းပါးစပ်​အ​ဟောင်း
သားဖြစ်သွားရသည် ။ သူ့က​လေးမှဟုတ်ရဲ့လား ။ သူ့က​လေးငယ်က
ဒီလို​တွေ​ပြောတတ်တဲ့သူမှမဟုတ်တာ ။ အခု သူ့က​လေး​ပြောလိုက်
တယ်ဆိုတာသူမယုံနိုင်ဘူး ။
"ကိုလို့ ချစ်​ပြော​နေတယ်​လေ"
"​သြော် အင်းအင်း အိမ်ပြန်ကြမယ်​နော် ၊ ​​ဖြေး​ဖြေး​လျှောက်"
"ဟင့်အင်း ၊ ကို ချစ်ကိုချီ ၊ ချစ်လမ်းမ​လျှောက်နိုင်​တော့ဘူး"
ဗီဗီယမ်တစ်​ယောက် ဝိုင်ခွက်ကိုကျစ်ကျစ်ပါ​အောင်ဆုပ်ကိုင်ထား
သည် ။ သူမ သူငယ်ချင်း​တွေကသူမကို ​လှောင်ရယ်တဲ့အကြည့်​တွေနဲ့ကြည့်လာသည် ။ ဗီဗီယမ် အရမ်းကို​ဒေါသထွက်သွားသည် ။ သျှင်း
ရာရာ့ကို​ပွေ့ချီသွားတာမြင်​နေရတာပိုလို့​တောင်​ဒေါသထွက်ပါ​သည် ။
က​လေးငယ်ကို​ပွေ့ချီလာပြီးကားနားကိုပြန်​ခေါ်လာလိုက်သည် ။
"ဖယ် ဆင်းမယ်"
ခုဏကချိုသာတဲ့အသံ​လေး​ပျောက်သွားပြီး ဆူ​အောင့်​အောင့်အသံ​လေးထွက်လာသည် ။ သူ့က​လေးငယ်သဝန်တို​နေတာသူသိသည် ။
"က​လေး ကိုကို့ကိုသဝန်တို​နေတာလား"
"မတိုပါဘူး ၊ မိန်းက​လေး​တွေကြားမှာ​ရေပန်းစားတာဆန်းတာမှမဟုတ်တာ ဟွန့် ​အောက်ဆင်းမယ် ချ​ပေး"
"မချ​ပေးပါဘူး ၊ က​လေးစတဲ့ဇာတ်လမ်းပဲ​လေ"
က​လေးငယ်ကို ကား​ပေါ်တင်လိုက်ပြီး သူဝင်ထိုင်ပြီးတာနဲ့က​လေးငယ်ကိုသူ့​ပေါင်​ပေါ်မှာခွထိုက်​စေလိုက်သည် ။
"အာ ကိုကို ဘာလုပ်တာလဲ"
ရာရာ့ရဲ့လည်တိုင်​လေးကို ကိုကိုကစုပ်ယူနမ်းကာ အမှတ်အသား​တွေ​ပေး​နေသည် ။
"ကိုကို ..... ​တော်ပြီ ..... ရာရာ့လည်ပင်းမှာအရာ​တွေထင်ကုန်ပြီ"
"လှတယ် ၊ က​လေးကဒီညအရမ်းလှတယ် ၊ ကိုကို့မျက်လုံးထဲမှာက​လေးကအလှဆုံးပဲ"
"ကိုကိုကလည်းဗျာ လှရ​အောင်ရာရာကမိန်းက​လေးမှမဟုတ်တာ"
"ကိုကို့မျက်လုံးထဲမှာလှ​နေတာဘယ်လိုလုပ်ရမလဲ"
"​တော်ပြီ​လေကိုကို​ရေ ၊ ခုဏကရာရာသဝန်တိုတယ်ဆိုတာဝန်ခံပါတယ်"
"အခု​တော့ဝန်ခံပြီ​ပေါ့"
"သူများ​တွေကကိုကို့နဲ့ဟိုမမကိုအဲ့လိုအကြည့်​တွေနဲ့ကြည့်​နေကြတာ
ရာရာမကြိုက်ဘူး"
ကိုကိုကနှုတ်ခမ်း​တွေ​ကွေးတက်ရုံမျှပြုံးလိုက်ပြီးရာရာ့ကိုပွဲဆီသို့ပြန်ဆွဲ​ခေါ်လာလိုက်သည် ။
"သျှင်း !"
"​သြော် မဗီဗီယမ် ကျွန်​တော်မိတ်ဆက်​ပေးရဦးမယ် ၊ ဒါကကျွန်​တော့်ရဲ့လက်တွဲ​ဖော်​လေ ၊ မကြာခင်ကျွန်​တော်တို့လက်ထပ်ကြ​တော့မှာ ၊ ဖိတ်စာပို့လိုက်မယ် လာဖြစ်​အောင်လာခဲ့ရမယ်​နော်"
ဗီဗီယမ် မျက်နှာပျက်သွားတာကိုလူတိုင်း​တွေ့လိုက်သည် ။ သျှင်း
ဗီဗီယမ့်ကို​ပြော​နေတာ​တွေကို ​ဘေးကတစ်ချို့လူ​တွေနားစွန်နားဖျား
​တွေကြားသွားကြသည် ။ ဗီဗီယမ် ဟန်​ဆောင်အပြုံးကိုချက်ချင်းဆင်
မြန်းရင်း .....
"ဒါ​ပေါ့ ၊ ဗီလာခဲ့ရမှာ​ပေါ့ ၊ ရာရာ​လေးက​တော့​ပျော်​နေ​တော့မှာပဲ"
"ဒါဆို ကျွန်​တော်တို့ ဟိုဘက်မှာသွားထိုင်​နေပါ့မယ်ခင်ဗျာ့ ခွင့်ပြုပါဦး"
ဗီဗီယမ် လက်ထဲကဝိုင်ခွက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမရဲ့​ဒေါသ​တွေကိုမနည်းထိန်းချုပ်​နေရသည် ။ ဗီဗီယမ် သျှင်းရဲ့အလစ်ကို
​စောင့်​နေသည် ။ သို့​ပေမဲ့ သျှင်းကရာရာ့​ဘေးနားက​နေမခွာဘဲရှိ​နေ​တော့ သူမအခက်​တွေ့​နေသည် ။
"က​လေး ကိုကိုသန့်စင်ခန်းခဏသွားဦးမယ် ၊ ဒီမှာပဲထိုင်​နေ​နော်"
"ဟုတ်"
သျှင်းထွက်သွားတာနဲ့ဗီဗီယမ်​ရောက်လာသည် ။ ရာရာ့လည်ပင်းက
ပူပူ​နွေး​နွေးအမှတ်အသားရဲရဲ​လေးကို​တွေ့သွားပြီး ​အောက်နှုတ်ခမ်းကိုကိုက်ထားလိုက်သည် ။
"ရာရာ​လေးကိုသျှင်းက​တော်​တော်ချစ်တာပဲ​နော်"
"ဟုတ်"
"အင်း​လေ ကုမ္ပဏီအတွက်အရမ်းအ​ရေးကြီးတဲ့အလုပ်​တောင်ဖျက်ပြီး ရာရာ​လေးနား​မှာ​နေတာဆို​တော့ အရမ်းချစ်တဲ့ပုံပါပဲ ၊ ကြာလာရင်​လေ ကုမ္ပဏီပျက်စီးမှာ​တောင်စိုးရိမ်ရတယ် ဟင်းဟင်း"
စကားကိုစသလိုလို ​နောက်သလိုလိုနဲ့ရာရာ​လေးစိတ်ဒုက္ခ​ရောက်​အောင်​ပြော​နေသည် ။
"ရာရာမသိဘူးမမ ၊ ကိုကိုအားတယ်လို့ပဲရာရာကထင်​နေတာ ၊ ကိုကိုကရာရာ့ကိုအလုပ်ကိစ္စ​တွေမ​ပြောပြဘူး​လေ"
"​အေး​ပေါ့ ၊ မိဘမဲ့ကဘာနားလည်မှာလဲ"
"ဗျာ"
ဗီဗီယမ်ကဝိုင်ကို​​မော့​သောက်ရင်း မကြားတကြား​လေသံနဲ့​ပြောသည် ။ ပြတ်ပြတ်သားသားကြားလိုက်ရသည့်ရာရာ​​လေးကမျက်နှာ​လေးညှိုးငယ်သွားသည် ။
"အလုပ်​တွေကိုပစ်ထားရင်အရမ်းအန္တရာယ်ရှိတယ်​လေ ၊ သျှင်းကို
ရှယ်ယာရှင်​တွေကဖြုတ်ချလိုက်လိမ့်မယ် ၊ ​အေး​လေ အဲ့​တော့လည်း
တစ်ခု​ကောင်းတာက ပိုက်ဆံ​ကြောင့်ကပ်​နေတဲ့သူ​တွေကွာတာ​ပေါ့"
"က​လေး ဟာ ဘာဖြစ်လို့ငို​နေရတာလဲ ၊ က​လေးကိုဘယ်သူဘာလုပ်လို့လဲ"
{​ယောကျာ်းဖြစ်ပြီးသျှင်းကိုမျက်ရည်နဲ့ချူစား​နေတဲ့ဟာ​လေး}
ဗီဗီယမ်ကသျှင်းပြန်​ရောက်လာတာနဲ့ချက်ချင်းပြန်ထွက်သွားသည် ။
ရာရာ​လေးက​ခေါင်းကိုအတင်းငုံ့ထားပြီး အံ့ကြိတ်ကာငို​နေသည် ။
"ဟာ က​လေးရာ မငိုပါနဲ့ ၊ ဘာဖြစ်လို့လဲ ကိုကို့ကို​ပြော​လေ"
"အိမ်ပြန်ချင်တယ်"
"အင်းအင်း ပြန်ကြမယ်​လေ ​နော် မငိုနဲ့"
ဗီဗီယမ်ကအ​ဝေးက​နေပြုံးကြည့်ရင်း ဝိုင်ခွက်ကိုလှုပ်​နေသည် ။
"ဒါမှကိုယ့်​နေရာကိုယ်သိမှာ ၊ ဘဝ​မေ့ချင်​နေတဲ့ဟာ​လေးကိုတစ်သက်မ​မေ့​အောင်လုပ်​ပေးရမှာ​ပေါ့"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Darkကြီးနဲ့သာသာယာယာ​ရေးပြီးUpdate​ပေးသွားသည် ။ ညကတည်းကUpdateလုပ်​ပေးမလို့ကို​ရေးရင်းနဲ့အိပ်​ပျော်သွားလို့😁
___________________________________________________
Zawgyi
သည် ။
"ဟမ် !"
"အဲ့တာက ဟို ..... ဟို ....."
"အဲ့တာက ....."
"ငါလိုက်ခဲ့​ပေးမယ်​လေ"
"ဟင့်အင်း ဘာမှမရှိဘူး"
ညောင်းသွားသည် ။
"၃သိန်း၈​​ထောင့်၂ရာပါ"
Waxလုပ်ထားလို့"
သည် ။
လိုက်သည် ။
"ပထမဆုံးပဲ ....."
"ဒါလည်းပထမဦးဆုံးပဲ ......"
"ဟယ်လို"
"........."
မိုး​သောက်ကပြုံးရင်း .....
"ဘဲကြီး !"
"ဟိုဘက်မှာ"
"​ဟေ့ ဘာလုပ်တာလဲ"
"ဘာလို့လဲ"
ခေါ်ကြည့်​ပေးပါလား"
"အင်း"
"ကိုကို ..... ကိုကို"
"​ပြော က​လေး ​ပြော"
"မသွားပါဘူးက​လေးရဲ့"
"ရာရာ အဆင်သင့်ပဲလား"
"လာပြီကိုကို"
"ကိုကို သွားမယ်"
"ဟုတ်"
"သတိထားဆင်းက​လေး"
"အဆင်​ပြေလားက​လေး"
သည် ။
"ကို !"
သားဖြစ်သွားရသည် ။ သူ့က​လေးမှဟုတ်ရဲ့လား ။ သူ့က​လေးငယ်က
"ဖယ် ဆင်းမယ်"
"အာ ကိုကို ဘာလုပ်တာလဲ"
"အခု​တော့ဝန်ခံပြီ​ပေါ့"
ရာရာမကြိုက်ဘူး"
"သျှင်း !"
မြန်းရင်း .....
"ဟုတ်"
"ဟုတ်"
"ဗျာ"
"အိမ်ပြန်ချင်တယ်"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
__________________________________________________
Continue Reading
You'll Also Like
85.4K 11.2K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
1.3K 98 24
အပြာရောင်နှင်းဆီပန်းဟာ နက်နဲသောအချစ်ကို ကိုယ်စားပြုသည်။ သွဲ့မြူနှောင်း Start Day - 27.4.2023 End Day - 1.4.2024
321K 15.6K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.4M 73K 65
Rebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.202...