မိုးသောက် နိုးလာတဲ့အခါ ခေါင်းတွေကိုက်လွန်းလို့ သူ့နားထင်ကိုသူဖိရင်း ရေချိုးခန်းထဲဝင်လာသည် ။ သူ့အောက်ပိုင်းတစ်နေရာရာကနာကျင်နေသလိုလို သူခံစားနေရသည် ။ သူဘာမှမတွေးတော့ဘဲရေ
ပန်းကရေတွေဖွင့်ချပြီး ရေပန်းအောက်မှာသူဝင်ရပ်လိုက်သည် ။
ရုတ်တရက် သူ့ခေါင်းထဲကိုမြင်ကွင်းတစ်ချို့အဖြစ်အပျက်တစ်ချို့ဝင်
ရောက်လာသည် ။
"Shit ! သေပြီ"
သူအဝတ်အစားတွေမြန်မြန်လဲဝတ်ပြီး ခွန်းရဲ့အခန်းရှေ့ကိုရောက်
လာသည် ။
Knock Knock .....
အချိန်အတော်ကြာသူတံခါးခေါက်နေသော်လည်း တုံ့ပြန်သံမရ ။
"ခွန်း ..... ခွန်း ..... ကိုယ်နဲ့စကားနည်းနည်းပြောရအောင် ၊ တံခါးဖွင့်ပါဦး ၊ အထဲမှာရှိနေတာသိပါတယ် ၊ စကားနည်းနည်းလောက်ပြောချင်လို့တံခါးဖွင့်ပါဦး"
ခွန်းကသူ့နားနှစ်ဖက်စလုံးကိုလက်နှစ်ဖက်နဲ့ပိတ်ထားရင်း ရေချိုးခန်းထဲမှာငုတ်တုပ်လေးထိုင်နေသည် ။ ခဏနေ မိုးသောက်ရဲ့အသံမကြားရတော့ပါ ။ သူရေချိုးခန်းထဲကနေပြန်ထွက်လာသည် ။ သူတံခါးခေါက်သံကိုထပ်၍ကြားရပြန်သည် ။ သူမဖွင့်ဘူးလို့ဆုံးဖြတ်လိုက်ချိန်မှာ .....
"ခွန်း ...... ငါတို့ရေသွားကူးရအောင်လေ ၊ မနက်စာစားပြီးရေသွား
ကူးကြမယ်"
ဘရဏီ့အသံကိုကြားလိုက်ရတာကြောင့် ခွန်းတံခါးဖွင့်လိုက်သည် ။
ခွန်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ ရုတ်တရက် ဝုန်းခနဲ မိုးသောက်ကဝင်
လာပြီး အခန်းတံခါးကိုပိတ်ကာ လော့ခ်ချလိုက်သည် ။
"ခင်ဗျား ! အခုချက်ချင်းထွက်သွား !"
ခွန်း မိုးသောက်နဲ့ရင်မဆိုင်ရဲလို့ အကြောက်အကန်နဲ့အတင်းနှင်လွှတ်နေသည် ။
"ခဏလေးပါ ငါမင်းကိုစကားလေးနည်းနည်းလောက်ပြောချင်လို့ပါ"
"ကျွန်တော့်မှာပြောစရာမရှိဘူး ၊ ခင်ဗျားထွက်သွား!"
"မထွက်ဘူး ၊ ငါညတုန်းကမူးပြီးမင်းအပေါ်အမှားလုပ်ခဲ့မိတာ ငါတောင်းပန်ပါတယ် ၊ ငါမူးနေလို့ပါ ၊ မင်းအပေါ်မှာငါဘာစိတ်မှမရှိပါဘူး"
ခွန်း မျက်ရည်တွေဝဲကာ ဟက်ခနဲရယ်လိုက်မိသည် ။
"အမှား ... တောင်းပန်တယ် ... ဘာစိတ်မှမရှိဘူး ဟုတ်လား"
"ငါတောင်းပန်ပါတယ် ၊ နောက်ဘယ်တော့မှမဖြစ်စေရပါဘူး"
"ထွက်သွား ! ခင်ဗျားထွက်သွား !"
ခွန်း သူ့လက်ကိုဆွဲပြီး သူ့ကိုအခန်းပြင်တွန်းထုတ်ကာ အခန်းတံခါးပိတ်ပစ်လိုက်သည် ။ အပြင်မှာရပ်နေတဲ့ ဘရဏီကလည်း သူ့ကိုဒေါသတွေနဲ့ကြည့်ပြီးမျက်စောင်းထိုးကာ ခွန်းရဲ့အခန်းတံခါးကိုခေါက်လိုက်သည် ။
"ခွန်း ငါပါ တံခါးဖွင့်"
ခွန်းကဘရဏီ့ကိုတော့တံခါးဖွင့်ပေးသည် ။ မျက်နှာတစ်ခုလုံးနီရဲနေတဲ့ ကောင်လေးကိုသူမြင်လိုက်ရပါသေးသည် ။ ဘရဏီပြောသွားတဲ့
စကားကိုလည်း သူ့နားနဲ့ဆက်ဆက်ကြားလိုက်ပါသေးသည် ။
"မုန်းဖို့ကောင်းလိုက်တာ"
ဘရဏီကသူ့မောင်လေးကို သူအခုလိုလုပ်မိလို့သူ့ကိုစိတ်ဆိုးသွားတာ
လား ။ သူဒီလောက်တောင်းပန်နေတာကို ဘာလို့လက်မခံတာလဲ ။
"မမ !"
"မငိုပါနဲ့ဟာ ၊ နင်ငိုတော့ငါလည်းငိုချင်တယ်ဟ"
"အမှားတဲ့ တောင်းပန်ပါတယ်တဲ့ သူ့မှာဘာစိတ်မှမရှိပါဘူးတဲ့ ၊ အခု
ခွန်းကအငြင်းခံလိုက်ရတာလား ၊ ခွန်းကတစ်ဖက်သတ်ပဲလား"
ဘရဏီစိတ်ထဲဘယ်လိုမှမကောင်း ။ ခွန်း ခံစားနေရတာတွေများပြီ ။
"နင်မှန်မှန်ပြောစမ်း ၊ နင်သူ့ကိုကြိုက်နေပြီမလား"
ခွန်းရဲ့နေ့စဥ်မှတ်တမ်းစာအုပ်ကလေးကိုခိုးဖတ်မိတဲ့ဘရဏီက ခွန်း
မိုးသောက်အပေါ်ထားတဲ့ခံစားချက်တွေကိုသိသွားခဲ့သည် ။ ခွန်းရဲ့
ဒိုင်ယာရီထဲမှာ မိုးသောက်အကြောင်းကမပါမဖြစ်ပါသည် ။
"မမဘယ်သူ့မှလျှောက်မပြောနဲ့နော် ၊ သူက ရာရာ့ကိုကြိုက်နေတာလေ ၊ ခွန်းကဝင်ရှုပ်လို့ဘယ်ဖြစ်ပါ့မလဲ"
"ကောင်ဆိုးလေး ငါသိသားပဲ ၊ နင်သူ့အပေါ်ကြည့်တဲ့အကြည့်တွေကရိုးမှမရိုးသားတာ ၊ ဟားဟား ငါကတော့နောက်တစ်တွဲSupportရဦးမယ်နဲ့တူပါတယ်"
"မမရာ ငြိမ်ငြိမ်နေပါ ၊ ဒီအတိုင်းလေးပဲ ငြိမ်ငြိမ်နေပေးပါ ၊ မမစားချင်တာတွေခွန်းဝယ်ကျွေးမယ် ၊ ပါးစပ်ကိုပိတ်ပြီးငြိမ်ငြိမ်လေးနေပေး"
"ဟက် တကယ်နော် ငါစားချင်တာဝယ်ကျွေးမှာနော်"
"အေး ကျွေးမယ်"
ရာရာ့ကိုမိုးသောက်ကတယုတယစကားတွေပြောပြီးဂရုစိုက်နေတိုင်း
ခွန်းကအမြဲအကြည့်လွှဲထားတတ်သည် ။ ရွှန်းလဲ့နဲ့ဘရဏီ ဝိုင်းစနောက်ကြတဲ့အခါ အပြင်ပန်းမှာသာအတင်းငြင်းနေပေမဲ့ စိတ်ထဲမှာ
တော့ ကြည်နူးနေမိသည် ။ တစ်ဖက်သတ်အချစ်ကသိပ်ကိုပူလောင်ရ
ပါလား ။ အခုတော့ မနေ့ညကဖြစ်ရပ်တွေကအရမ်းကိုမြန်ဆန်လွန်း
ပြီး ခွန်းကြောက်လန့်မိတာတော့အမှန်ပါ ။ သူကြောက်လန့်ခဲ့ရပေမဲ့ မိုးသောက်အပေါ်ထားတဲ့ခံစားချက်ကတော့မပြောင်းလဲခဲ့ပါဘူး ။ ဒါပေမဲ့ မိုးသောက်ပြောလာတဲ့စကားတွေကြောင့် သူနာကျင်ရသည် ။
သူ့နှလုံးသားကတဆစ်ဆစ်နဲ့နာကျင်ရသည် ။ သူ့နှလုံးသားကတဆစ်ဆစ်နဲ့ကိုက်ခဲလာသည် ။
"မငိုပါနဲ့တော့ဟာ"
"နာတယ် အရမ်းနာတယ် ၊ မမ ခွန်းအိမ်ပြန်ချင်တယ် ၊ ဒီမှာမနေချင်
တော့ဘူး"
"အေးပါ ငါတို့ပြန်ကြတာပေါ့ ၊ မငိုနဲ့တော့နော်"
သူမ မောင်လေးရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုဖယ်ရှားပေးပြီး သူမ
မောင်လေးအရှေ့မှာ သူမ အတတ်နိုင်ဆုံးပြုံးပြလိုက်သည် ။
"ဟင့် ကိုကို ရာရာ ခေါင်းကိုက်တယ် ဟင့်"
အမူးသမားလေးအခုတော့နိုးလာပြီး ဂျီကျနေပြီ ။ ကိုက်မှာပေါ့ သောက်လိုက်တာကနည်းတာမှမဟုတ်တာ ။ ကလေးငယ်ကိုခေါင်း
ကိုက်သက်သာအောင်ဆေးတိုက်ရသည် ။
"နောက်တစ်ခါမသောက်တော့ဘူး ၊ ခေါင်းအရမ်းကိုက်တယ်"
"မှတ်ပြီလားကလေးလေး ၊ အဲ့တာကြောင့်မသောက်ပါနဲ့လို့ဒီလောက်
တားနေတာပေါ့ဘေဘီပုချိလေးရဲ့"
"ဟွန့် အဲ့တာဆိုလည်းရာရာလှမ်းယူလိုက်တဲ့ခွက်ကိုဆွဲယူလိုက်ပါလား ၊ ကိုကိုမှမဆွဲတာ အဲ့တာကိုကို့အပြစ် ရာရာ့အပြစ်မဟုတ်ဘူး"
ရင်ခွင်ထဲက ကလေးငယ်က နှုတ်ခမ်းလေးဆူဆူပြီး ပြောနေတဲ့ကလေးလေးကိုအသည်းယားလို့ အားနဲ့အတင်းဖက်ပစ်လိုက်သည် ။
"လူလည်လေး ထတော့ ၊ မနက်စာစားဖို့သူငယ်ချင်းတွေစောင့်နေ
လောက်ပြီ"
ရာရာတို့အခန်းထဲကနေထွက်လာတော့ အထုပ်အပိုးတွေနဲ့ပြန်ဖို့ပြင်
နေတဲ့ဘရဏီတို့မောင်နှမကိုတွေ့ရသည် ။
"ဟင် ဘာတွေလုပ်နေကြတာလဲ"
ရာရာလေး နားမလည်လို့ဘရဏီ့အနားသွားပြီးမေးလိုက်သည် ။ ဘရဏီက မျက်နှာသိပ်မကောင်း ။
"ငါတို့ မိသားစုကိစ္စလေးရှိလို့ပြန်မှဖြစ်မယ် ၊ နင်တို့အေးအေးဆေးဆေးနေခဲ့ကြ ငါတို့Expressနဲ့ပြန်မှာ"
"အာ မရပါဘူး ၊ အတူတူပြန်မှာပေါ့ ၊ ကိုကို နော် ရာရာတို့လည်းပြန်ကြမယ်လေ ၊ မနေ့ကတစ်နေ့လုံးနေပြီးပြီပဲ နော်"
"အင်း ကလေးသဘော"
"ဟုတ်တယ် ဟုတ်တယ် ၊ ပြန်ကြမယ်"
သျှင်းတို့စကားဝိုင်းထဲကိုမိုးသောက်ဝင်ပြောလာသည် ။ မိုးသောက်
မျက်နှာကိုသျှင်းသေချာကြည့်လိုက်တော့ မိုးသောက်မျက်နှာသိပ်မ
ကောင်းတာကိုသတိထားမိလိုက်သည် ။ ခွန်းကလည်းမျက်နှာမကောင်းဖြစ်နေတော့ သျှင်း သံသယတွေဝင်လာသည် ။ မပြန်ခင်မှာ
သျှင်းမိုးသောက်ကို ဂုတ်ကနေဆွဲခေါ်လာသည် ။
"မင်းတို့ဘာတွေဖြစ်ထားကြတာလဲ"
"ဘာ ....ဘာ ... ဘာမှမဖြစ်ပါဘူး"
"မင်းမျက်နှာမှာအကုန်ပေါ်နေတယ်ကွ ၊ ပြော ဘာဖြစ်ကြတာလဲ"
"အား ငါသေချင်တယ်ကွာ ၊ ငါ မနေ့ညကမူးပြီးတော့ ခွန်းကို ....."
"ဘာ ! မင်း !"
"ဘာမှတော့မဖြစ်ခဲ့ပါဘူး ၊ ဒါပေမဲ့ကွာ ခွန်းကငါ့ကိုစိတ်ဆိုးနေတုန်းပဲ ၊ ဘရဏီကလည်းငါ့ကိုဒေါသထွက်နေတယ် ၊ ငါသေချင်တယ် သေချင်တယ်"
"သေလိုက်ပါလား ၊ မင်းသေချင်ရင် ရေအသင့်ကြာအသင့်ပဲ ၊ သွား ရေထဲဆင်းသေ"
"မင်းကလည်းကွာ ဒီမှာစိတ်ညစ်နေရတဲ့ကြားထဲ"
"အေးပါ အေးပါ ဆောရီး ၊ မင်းသူစိတ်မပြေမချင်းတောင်းပန်ပေ
တော့"
ခွန်းကမိုးသောက်နဲ့အတူတူထိုင်တောင်မထိုင်တော့ပါ ။ ဘရဏီနဲ့သာ
အတူတူထိုင်သည် ။ မိုးသောက်ကတော့တစ်ချိန်လုံးခွန်းကိုပဲကြည့်နေရှာသည် ။ ခွန်း စိတ်ဆိုးနေတော့ သူတစ်မျိုးကြီးခံစားရသည် ။
သူ့ရင်ထဲမှာတစ်ခုခုလစ်ဟာသွားသလို ၊ တန်ဖိုးရှိတဲ့အရာတစ်ခုခုဆုံး
ရှုံးလိုက်ရသလိုလို ၊ အရင်ကသူနဲ့မတည့်တဲ့ခွန်းကိုသူပြန်လိုချင်မိ
သည် ။ အခုလိုအေးတိအေးစက်နဲ့ခွန်းကိုသူမလိုချင်ပါ ။
"ကိုကို ခွန်းကနေမကောင်းဘူးလားမသိဘူး"
"ရှူး ကိုကို့ကလေးလေးကတိတ်တိတ်နေ ၊ စားစား မုန့်စား ၊ ဒါမှဝက်
ကလေးဖြစ်လာမှာ"
"အာ ဝက်မဟုတ်ဘူး ၊ ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတယ်လို့ပြော"
"ဝက်ကလေးပါ ဝက်ကလေးပဲ ၊ ကိုကို့ရဲ့ဝက်ကလေး"
"ကိုကိုအဲ့လောက်တောင်ဝက်ကြိုက်နေရင် ဝက်ပဲယူပါလား ၊ ရာရာ့ကိုမယူနဲ့"
ဟော ဝက်ကလေးစိတ်ကောက်သွားပြီ ။ နှုတ်ခမ်းလေးဆူပြီး သူ့ကိုမကြည့်တော့ဘဲ အပြင်ဘက်ကိုသာကြည့်နေတော့သည် ။ အဲ့ဒီ့ဆူနေတဲ့နှုတ်ခမ်းလေးကို ကလေးငယ်အလစ် ရအောင်နမ်းပစ်လိုက်သည် ။
"ကိုကို !"
"ရှူး တိုးတိုးကလေးရဲ့"
"ဟီးဟီး ဟုတ်သား ဆောရီး ဆောရီး"
မိုးသောက်ကိုထိုနေ့ကစပြီးခွန်းကအဆက်အသွယ်မလုပ်တာ တစ်ပတ်ကျော်သွားပါပြီ ။ အိမ်ကိုနေ့တိုင်းလာပေမဲ့ ခွန်းကအတွေ့မခံ ။ မိုးသောက်ခံရခက်လှသည် ။ ဒီလိုလုပ်နေမယ့်အစား ခွန်းကသူ့အပေါ်ပေါက်ကွဲပြီးသူ့ကိုထိုးလိုက်ရင်တောင် သူ့အတွက်သက်သာဦးမည် ။
"ခွန်း ..... ခွန်း !"
တစ်ရက် ခွန်းအပြင်ထွက်လာတဲ့တစ်ရက် ခွန်းအနောက်ကနေမိုးသောက် တကောက်ကောက်လိုက်ပြီး ခေါ်နေမိသည် ။ ခွန်းကတော့
သူ့ကိုလှည့်တောင်မကြည့် ။ ခွန်းကလမ်းတစ်ဖတ်ကိုကူးသွားသည် ။
ခွန်းအနောက်ကိုအသည်းအသန်လိုက်ရင်း ဘက်စ်ကားအနောက်မှ
ကျော်တက်လာသည့်ဆိုင်ကယ်ကိုမမြင်ဘဲ လမ်းကိုဖြတ်ကူးမိသည် ။
ဆိုင်ကယ်ကသူ့ကိုဝင်တိုက်သွားတော့ သူတစ်ပတ်လည်ပြီး တစ်ဖက်လမ်းက ကားအရှေ့တည့်တည့်ကိုရောက်သွားသည် ။ ကားဟွန်းတီးသံအကျယ်ကြီးကြောင့် ပတ်ဝန်းကျင်ကလူတွေအကုန်လှည့်ကြည့်
လာကြသည် ။
"အစ်ကို !"
မိုးသောက်လဲကျသွားတာကို ခွန်း ဖျက်ခနဲမြင်လိုက်သည် ။ ခွန်း မိုးသောက်ဆီကိုအပြေးရောက်လာသည် ။ လူအုပ်ကြီးကြားထဲကနေအတင်းဖြတ်ပြီး အပြေးရောက်လာသည် ။ ကားအရှေ့မှာလဲကျနေ
တဲ့မိုးသောက်ကိုတွေ့တော့ ခွန်းထိတ်လန့်သွားသည် ။
"အစ်ကို ..... အစ်ကို !!! ထပါဦး ၊ ကျွန်တော်စိတ်မဆိုးတော့ပါဘူး ၊ အစ်ကို ထဦးလို့ !!! ဟင့် ကျွန်တော်အစ်ကို့ကိုစကားကောင်းကောင်းပြောပါ့မယ်"
"တကယ်လား"
ရုတ်တရက်ကြီးမျက်လုံးပွင့်လာကာ ပြုံးဖြီးပြီးမေးနေတဲ့မိုးသောက်
ကို ခွန်းပိုစိတ်ဆိုးသွားသည် ။ သူ့မှာတော့ တစ်ခုခုဖြစ်သွားပြီထင်ပြီး
အထိတ်တလန့်နဲ့စိတ်ပူရတာ အစ်ကိုကတော့စနောက်နိုင်သေးတယ်။
လူတွေကလည်းဝိုင်းကြည့်နေတော့ ခွန်းရှက်လာပြီး မိုးသောက်ကို
ရင်ခွင်ထဲမှာပွေ့ထားတာပစ်ချပစ်လိုက်သည် ။
"ခင်ဗျား အဲ့မှာဆက်သေနေလိုက်"
"ဟာ ခွန်း ! ခွန်း !"
ခွန်းအနောက်ကိုပြေးလိုက်ရပြန်သည် ။ ခြေထောက်ခေါက်သွားသည်ကနာနေပေမဲ့ ခွန်းနဲ့သူအရင်လိုပြန်အဆင်ပြေချင်သည် ။ သူ့ကိုအမြဲတမ်း အော်ဟစ်ကြိမ်းမောင်းနေတဲ့ခွန်းကိုသူပြန်လိုချင်သည်။
သူခြေထောက်အရမ်းနာကျင်လာပြီး ဆက်မလိုက်နိုင်တော့ဘဲ လဲကျသွားသည် ။
"ခွန်း !!! ကိုယ်ခြေထောက်အရမ်းနာနေပြီ"
"ခွန်း !!!"
ခွန်း လှည့်ကြည့်လာသည် ။ ပလပ်ဖောင်းပေါ်မှာထိုင်နေတဲ့မိုးသောက်ကိုမြင်တော့ လှမ်းကြည့်နေသေးသည် ။ တကယ်ပဲခြေထောက်ထိသွားတာလား ။ ခုဏကထိခိုက်မိသွားတာလား ။ ခွန်း မိုးသောက်အနားကိုရောက်လာသည် ။
"ခြေထောက်အရမ်းနာနေတာလား"
"အင်း အရမ်းနာတယ် ၊ ဒါပေမဲ့ ခွန်းသာစိတ်ဆိုးပြေမယ်ဆို အကုန်ယူပစ်သလိုပျောက်သွားမှာ"
"အပိုစကားတွေမပြောနဲ့ ၊ ထကြည့် ထနိုင်လား ၊ ဆေးရုံသွားမယ်"
ခွန်း မိုးသောက်ကိုကူတွဲပေးပြီး ဆေးရုံကိုခေါ်လာခဲ့သည် ။ ခြေထောက်အဆစ်လွဲသွားလို့ ပတ်တီးစည်းထားလိုက်ရသည် ။
"ခြေထောက်ကိုအရမ်းအသုံးမပြုပါနဲ့ဦး ၊ တစ်ယောက်တည်းသွားတာလာတာတွေမလုပ်ပါနဲ့"
ဆရာဝန်ပြောလိုက်တဲ့စကားတွေကို ခွန်းကသေချာနားထောင်ပေးပြီး
ဆေးတွေလည်းသေချာယူပေးသည် ။ သူ့ကိုတော့စကားမပြောပေမဲ့
သူ့အပေါ်ကိုတော့ ကောင်းရှာသည် ။
"ခင်ဗျားကြီးကတစ်ယောက်တည်းနေတာလား"
ခွန်း သူ့ကိုစကားပြန်ပြောလာသည် ။ ကောင်လေးသူ့ကိုစကားပြောလာတာကိုသူအရမ်းပျော်နေသည် ။
"ဒီမှာထိုင်နေ ၊ ခင်ဗျားကြီးတစ်ယောက်တည်းနေလို့မဖြစ်ဘူးတဲ့ ၊ လူဌားလိုက် ကျွန်တော်ပြန်တော့မယ်"
ခွန်းရဲ့လက်ကိုသူဆွဲထားလိုက်သည် ။
"စိတ်ဆိုးမပြေသေးဘူးလား ၊ မင်းငါ့ဘေးမှာရှိနေပေးလို့မရဘူးလား ၊ မင်းစိတ်ဆိုးပြေအောင်ဒူးထောက်ဆိုလည်းထောက်ပါ့မယ် ၊ ငါ့ဘေးနားမှာနေပေးပါ"
သူ ခွန်းကိုဘာလို့အခုလောက်ထိအသည်းအသန်တောင်းပန်နေမိမှန်းသူကိုယ်တိုင်မသိ ။ ခွန်းကိုအရင်ကအတိုင်းသူပြန်လိုချင်သည် ။
သူနဲ့အတိုက်အခံအမြဲလုပ်တဲ့ခွန်းကိုသူပြန်လိုချင်သည် ။
"ငါတောင်းပန်ပါတယ် ၊ မင်းနဲ့အရင်ကလိုပြန်အဆင်ပြေချင်တယ်"
ခွန်း ငိုချင်လာသည် ။ သူလည်းအဆင်ပြေချင်ပေမဲ့ အစ်ကို့အနားမှာနေချင်ပေမဲ့ သူနာကျင်ရလို့ အကြောက်အကန်ငြင်းနေမိသည် ။ သူ
မိုးသောက်လက်ကိုလွှတ်ချခဲ့ပြီး မိုးသောက်ရဲ့ကွန်ဒိုကနေထွက်လာခဲ့လိုက်သည် ။ သူ ခွန်းနဲ့ပြန်အဆင်ပြေဖို့ကြိုစားတာတွေအရာမထင်ခဲ့ပါလား ။ ခွန်းကဘယ်တော့မှစိတ်ဆိုးပြေမှာလဲ ။
"ကိုကိုရေ ကိုကို !!! အားးးးဒါကဘာကြီးလဲ !!!"
အိပ်မယ်လုပ်ပြီး ကုတင်ပေါ်တက်လိုက်တော့မှ မြွေအရုပ်ကြီးကိုလန့်ပြီး ကိုကိုရှိရာရေချိုးခန်းထဲကိုပြေးဝင်လာသည် ။ ကိုကိုကတော့တဟားဟားနဲ့ရယ်နေသည် ။ ဒါဆိုကိုကို့လက်ချက်ပေါ့ ။ ကိုကိုလုပ်ထားတာပေါ့ ။
"ကိုကို အကျင့်ယုတ်လိုက်တာဗျာ ၊ တကယ့်မြွေကြီးထင်လို့သေတော့မှာပဲ"
ရာရာလေးကသူ့ကိုရိုက်နှက်တော့သည် ။ သူ ကလေးကိုစနေရတာကို
သူသဘောကျသည် ။ ကလေးငယ်လန့်နေတဲ့ပုံစံလေးကိုလည်းသူ
သဘောကျသည် ။
Ting !!!!
မိုးသောက် ဘဲလ်သံကြားလို့ ထော့နဲ့ ထော့နဲ့နဲ့လမ်းလျှောက်ကာတံခါးဖွင့်ကြည့်လိုက်သည် ။ မိုးသောက်အရမ်းအံ့သြသွားသည် ။ ခွန်းကသူ့အိမ်ရှေ့ကိုရောက်နေသည် ။ အဲ့တာကလည်းခရီးဆောင်အိတ်ကြီးနဲ့ ။ ခွန်းကသူ့ဆီကိုလာတာလား ။
"ခွန်း !!!"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဒီအပိုင်းက ခွန်းနဲ့မိုးသောက်အကြောင်းမို့လို့သဘောကျကြရဲ့လားမသိဘူး ။
___________________________________________________
Zawgyi
မိုးေသာက္ နိုးလာတဲ့အခါ ေခါင္းေတြကိုက္လြန္းလို႔ သူ႕နားထင္ကိုသူဖိရင္း ေရခ်ိဳးခန္းထဲဝင္လာသည္ ။ သူ႕ေအာက္ပိုင္းတစ္ေနရာရာကနာက်င္ေနသလိုလို သူခံစားေနရသည္ ။ သူဘာမွမေတြးေတာ့ဘဲေရ
ပန္းကေရေတြဖြင့္ခ်ၿပီး ေရပန္းေအာက္မွာသူဝင္ရပ္လိုက္သည္ ။
႐ုတ္တရက္ သူ႕ေခါင္းထဲကိုျမင္ကြင္းတစ္ခ်ိဳ႕အျဖစ္အပ်က္တစ္ခ်ိဳ႕ဝင္
ေရာက္လာသည္ ။
"Shit ! ေသၿပီ"
သူအဝတ္အစားေတြျမန္ျမန္လဲဝတ္ၿပီး ခြန္းရဲ႕အခန္းေရွ႕ကိုေရာက္
လာသည္ ။
Knock Knock .....
အခ်ိန္အေတာ္ၾကာသူတံခါးေခါက္ေနေသာ္လည္း တုံ႕ျပန္သံမရ ။
"ခြန္း ..... ခြန္း ..... ကိုယ္နဲ႕စကားနည္းနည္းေျပာရေအာင္ ၊ တံခါးဖြင့္ပါဦး ၊ အထဲမွာရွိေနတာသိပါတယ္ ၊ စကားနည္းနည္းေလာက္ေျပာခ်င္လို႔တံခါးဖြင့္ပါဦး"
ခြန္းကသူ႕နားႏွစ္ဖက္စလုံးကိုလက္ႏွစ္ဖက္နဲ႕ပိတ္ထားရင္း ေရခ်ိဳးခန္းထဲမွာငုတ္တုပ္ေလးထိုင္ေနသည္ ။ ခဏေန မိုးေသာက္ရဲ႕အသံမၾကားရေတာ့ပါ ။ သူေရခ်ိဳးခန္းထဲကေနျပန္ထြက္လာသည္ ။ သူတံခါးေခါက္သံကိုထပ္၍ၾကားရျပန္သည္ ။ သူမဖြင့္ဘူးလို႔ဆုံးျဖတ္လိုက္ခ်ိန္မွာ .....
"ခြန္း ...... ငါတို႔ေရသြားကူးရေအာင္ေလ ၊ မနက္စာစားၿပီးေရသြား
ကူးၾကမယ္"
ဘရဏီ့အသံကိုၾကားလိုက္ရတာေၾကာင့္ ခြန္းတံခါးဖြင့္လိုက္သည္ ။
ခြန္းတံခါးဖြင့္လိုက္တဲ့အခ်ိန္မွာ ႐ုတ္တရက္ ဝုန္းခနဲ မိုးေသာက္ကဝင္
လာၿပီး အခန္းတံခါးကိုပိတ္ကာ ေလာ့ခ္ခ်လိဳက္သည္ ။
"ခင္ဗ်ား ! အခုခ်က္ခ်င္းထြက္သြား !"
ခြန္း မိုးေသာက္နဲ႕ရင္မဆိုင္ရဲလို႔ အေၾကာက္အကန္နဲ႕အတင္းႏွင္လႊတ္ေနသည္ ။
"ခဏေလးပါ ငါမင္းကိုစကားေလးနည္းနည္းေလာက္ေျပာခ်င္လို႔ပါ"
"ကြၽန္ေတာ့္မွာေျပာစရာမရွိဘူး ၊ ခင္ဗ်ားထြက္သြား!"
"မထြက္ဘူး ၊ ငါညတုန္းကမူးၿပီးမင္းအေပၚအမွားလုပ္ခဲ့မိတာ ငါေတာင္းပန္ပါတယ္ ၊ ငါမူးေနလို႔ပါ ၊ မင္းအေပၚမွာငါဘာစိတ္မွမရွိပါဘူး"
ခြန္း မ်က္ရည္ေတြဝဲကာ ဟက္ခနဲရယ္လိုက္မိသည္ ။
"အမွား ... ေတာင္းပန္တယ္ ... ဘာစိတ္မွမရွိဘူး ဟုတ္လား"
"ငါေတာင္းပန္ပါတယ္ ၊ ေနာက္ဘယ္ေတာ့မွမျဖစ္ေစရပါဘူး"
"ထြက္သြား ! ခင္ဗ်ားထြက္သြား !"
ခြန္း သူ႕လက္ကိုဆြဲၿပီး သူ႕ကိုအခန္းျပင္တြန္းထုတ္ကာ အခန္းတံခါးပိတ္ပစ္လိုက္သည္ ။ အျပင္မွာရပ္ေနတဲ့ ဘရဏီကလည္း သူ႕ကိုေဒါသေတြနဲ႕ၾကည့္ၿပီးမ်က္ေစာင္းထိုးကာ ခြန္းရဲ႕အခန္းတံခါးကိုေခါက္လိုက္သည္ ။
"ခြန္း ငါပါ တံခါးဖြင့္"
ခြန္းကဘရဏီ့ကိုေတာ့တံခါးဖြင့္ေပးသည္ ။ မ်က္ႏွာတစ္ခုလုံးနီရဲေနတဲ့ ေကာင္ေလးကိုသူျမင္လိုက္ရပါေသးသည္ ။ ဘရဏီေျပာသြားတဲ့
စကားကိုလည္း သူ႕နားနဲ႕ဆက္ဆက္ၾကားလိုက္ပါေသးသည္ ။
"မုန္းဖို႔ေကာင္းလိုက္တာ"
ဘရဏီကသူ႕ေမာင္ေလးကို သူအခုလိုလုပ္မိလို႔သူ႕ကိုစိတ္ဆိုးသြားတာ
လား ။ သူဒီေလာက္ေတာင္းပန္ေနတာကို ဘာလို႔လက္မခံတာလဲ ။
"မမ !"
"မငိုပါနဲ႕ဟာ ၊ နင္ငိုေတာ့ငါလည္းငိုခ်င္တယ္ဟ"
"အမွားတဲ့ ေတာင္းပန္ပါတယ္တဲ့ သူ႕မွာဘာစိတ္မွမရွိပါဘူးတဲ့ ၊ အခု
ခြန္းကအျငင္းခံလိုက္ရတာလား ၊ ခြန္းကတစ္ဖက္သတ္ပဲလား"
ဘရဏီစိတ္ထဲဘယ္လိုမွမေကာင္း ။ ခြန္း ခံစားေနရတာေတြမ်ားၿပီ ။
"နင္မွန္မွန္ေျပာစမ္း ၊ နင္သူ႕ကိုႀကိဳက္ေနၿပီမလား"
ခြန္းရဲ႕ေန႕စဥ္မွတ္တမ္းစာအုပ္ကေလးကိုခိုးဖတ္မိတဲ့ဘရဏီက ခြန္း
မိုးေသာက္အေပၚထားတဲ့ခံစားခ်က္ေတြကိုသိသြားခဲ့သည္ ။ ခြန္းရဲ႕
ဒိုင္ယာရီထဲမွာ မိုးေသာက္အေၾကာင္းကမပါမျဖစ္ပါသည္ ။
"မမဘယ္သူ႕မွေလွ်ာက္မေျပာနဲ႕ေနာ္ ၊ သူက ရာရာ့ကိုႀကိဳက္ေနတာေလ ၊ ခြန္းကဝင္ရႈပ္လို႔ဘယ္ျဖစ္ပါ့မလဲ"
"ေကာင္ဆိုးေလး ငါသိသားပဲ ၊ နင္သူ႕အေပၚၾကည့္တဲ့အၾကည့္ေတြကရိုးမွမရိုးသားတာ ၊ ဟားဟား ငါကေတာ့ေနာက္တစ္တြဲSupportရဦးမယ္နဲ႕တူပါတယ္"
"မမရာ ၿငိမ္ၿငိမ္ေနပါ ၊ ဒီအတိုင္းေလးပဲ ၿငိမ္ၿငိမ္ေနေပးပါ ၊ မမစားခ်င္တာေတြခြန္းဝယ္ေကြၽးမယ္ ၊ ပါးစပ္ကိုပိတ္ၿပီးၿငိမ္ၿငိမ္ေလးေနေပး"
"ဟက္ တကယ္ေနာ္ ငါစားခ်င္တာဝယ္ေကြၽးမွာေနာ္"
"ေအး ေကြၽးမယ္"
ရာရာ့ကိုမိုးေသာက္ကတယုတယစကားေတြေျပာၿပီးဂ႐ုစိုက္ေနတိုင္း
ခြန္းကအၿမဲအၾကည့္လႊဲထားတတ္သည္ ။ ႐ႊန္းလဲ့နဲ႕ဘရဏီ ဝိုင္းစေနာက္ၾကတဲ့အခါ အျပင္ပန္းမွာသာအတင္းျငင္းေနေပမဲ့ စိတ္ထဲမွာ
ေတာ့ ၾကည္ႏူးေနမိသည္ ။ တစ္ဖက္သတ္အခ်စ္ကသိပ္ကိုပူေလာင္ရ
ပါလား ။ အခုေတာ့ မေန႕ညကျဖစ္ရပ္ေတြကအရမ္းကိုျမန္ဆန္လြန္း
ၿပီး ခြန္းေၾကာက္လန့္မိတာေတာ့အမွန္ပါ ။ သူေၾကာက္လန့္ခဲ့ရေပမဲ့ မိုးေသာက္အေပၚထားတဲ့ခံစားခ်က္ကေတာ့မေျပာင္းလဲခဲ့ပါဘူး ။ ဒါေပမဲ့ မိုးေသာက္ေျပာလာတဲ့စကားေတြေၾကာင့္ သူနာက်င္ရသည္ ။
သူ႕ႏွလုံးသားကတဆစ္ဆစ္နဲ႕နာက်င္ရသည္ ။ သူ႕ႏွလုံးသားကတဆစ္ဆစ္နဲ႕ကိုက္ခဲလာသည္ ။
"မငိုပါနဲ႕ေတာ့ဟာ"
"နာတယ္ အရမ္းနာတယ္ ၊ မမ ခြန္းအိမ္ျပန္ခ်င္တယ္ ၊ ဒီမွာမေနခ်င္
ေတာ့ဘူး"
"ေအးပါ ငါတို႔ျပန္ၾကတာေပါ့ ၊ မငိုနဲ႕ေတာ့ေနာ္"
သူမ ေမာင္ေလးရဲ႕မ်က္ႏွာေပၚကမ်က္ရည္ေတြကိုဖယ္ရွားေပးၿပီး သူမ
ေမာင္ေလးအေရွ႕မွာ သူမ အတတ္နိုင္ဆုံးၿပဳံးျပလိုက္သည္ ။
"ဟင့္ ကိုကို ရာရာ ေခါင္းကိုက္တယ္ ဟင့္"
အမူးသမားေလးအခုေတာ့နိုးလာၿပီး ဂ်ီက်ေနၿပီ ။ ကိုက္မွာေပါ့ ေသာက္လိုက္တာကနည္းတာမွမဟုတ္တာ ။ ကေလးငယ္ကိုေခါင္း
ကိုက္သက္သာေအာင္ေဆးတိုက္ရသည္ ။
"ေနာက္တစ္ခါမေသာက္ေတာ့ဘူး ၊ ေခါင္းအရမ္းကိုက္တယ္"
"မွတ္ၿပီလားကေလးေလး ၊ အဲ့တာေၾကာင့္မေသာက္ပါနဲ႕လို႔ဒီေလာက္
တားေနတာေပါ့ေဘဘီပုခ်ိေလးရဲ႕"
"ဟြန့္ အဲ့တာဆိုလည္းရာရာလွမ္းယူလိုက္တဲ့ခြက္ကိုဆြဲယူလိုက္ပါလား ၊ ကိုကိုမွမဆြဲတာ အဲ့တာကိုကို႔အျပစ္ ရာရာ့အျပစ္မဟုတ္ဘူး"
ရင္ခြင္ထဲက ကေလးငယ္က ႏႈတ္ခမ္းေလးဆူဆူၿပီး ေျပာေနတဲ့ကေလးေလးကိုအသည္းယားလို႔ အားနဲ႕အတင္းဖက္ပစ္လိုက္သည္ ။
"လူလည္ေလး ထေတာ့ ၊ မနက္စာစားဖို႔သူငယ္ခ်င္းေတြေစာင့္ေန
ေလာက္ၿပီ"
ရာရာတို႔အခန္းထဲကေနထြက္လာေတာ့ အထုပ္အပိုးေတြနဲ႕ျပန္ဖို႔ျပင္
ေနတဲ့ဘရဏီတို႔ေမာင္ႏွမကိုေတြ႕ရသည္ ။
"ဟင္ ဘာေတြလုပ္ေနၾကတာလဲ"
ရာရာေလး နားမလည္လို႔ဘရဏီ့အနားသြားၿပီးေမးလိုက္သည္ ။ ဘရဏီက မ်က္ႏွာသိပ္မေကာင္း ။
"ငါတို႔ မိသားစုကိစၥေလးရွိလို႔ျပန္မွျဖစ္မယ္ ၊ နင္တို႔ေအးေအးေဆးေဆးေနခဲ့ၾက ငါတို႔Expressနဲ႕ျပန္မွာ"
"အာ မရပါဘူး ၊ အတူတူျပန္မွာေပါ့ ၊ ကိုကို ေနာ္ ရာရာတို႔လည္းျပန္ၾကမယ္ေလ ၊ မေန႕ကတစ္ေန႕လုံးေနၿပီးၿပီပဲ ေနာ္"
"အင္း ကေလးသေဘာ"
"ဟုတ္တယ္ ဟုတ္တယ္ ၊ ျပန္ၾကမယ္"
သွ်င္းတို႔စကားဝိုင္းထဲကိုမိုးေသာက္ဝင္ေျပာလာသည္ ။ မိုးေသာက္
မ်က္ႏွာကိုသွ်င္းေသခ်ာၾကည့္လိုက္ေတာ့ မိုးေသာက္မ်က္ႏွာသိပ္မ
ေကာင္းတာကိုသတိထားမိလိုက္သည္ ။ ခြန္းကလည္းမ်က္ႏွာမေကာင္းျဖစ္ေနေတာ့ သွ်င္း သံသယေတြဝင္လာသည္ ။ မျပန္ခင္မွာ
သွ်င္းမိုးေသာက္ကို ဂုတ္ကေနဆြဲေခၚလာသည္ ။
"မင္းတို႔ဘာေတြျဖစ္ထားၾကတာလဲ"
"ဘာ ....ဘာ ... ဘာမွမျဖစ္ပါဘူး"
"မင္းမ်က္ႏွာမွာအကုန္ေပၚေနတယ္ကြ ၊ ေျပာ ဘာျဖစ္ၾကတာလဲ"
"အား ငါေသခ်င္တယ္ကြာ ၊ ငါ မေန႕ညကမူးၿပီးေတာ့ ခြန္းကို ....."
"ဘာ ! မင္း !"
"ဘာမွေတာ့မျဖစ္ခဲ့ပါဘူး ၊ ဒါေပမဲ့ကြာ ခြန္းကငါ့ကိုစိတ္ဆိုးေနတုန္းပဲ ၊ ဘရဏီကလည္းငါ့ကိုေဒါသထြက္ေနတယ္ ၊ ငါေသခ်င္တယ္ ေသခ်င္တယ္"
"ေသလိုက္ပါလား ၊ မင္းေသခ်င္ရင္ ေရအသင့္ၾကာအသင့္ပဲ ၊ သြား ေရထဲဆင္းေသ"
"မင္းကလည္းကြာ ဒီမွာစိတ္ညစ္ေနရတဲ့ၾကားထဲ"
"ေအးပါ ေအးပါ ေဆာရီး ၊ မင္းသူစိတ္မေျပမခ်င္းေတာင္းပန္ေပ
ေတာ့"
ခြန္းကမိုးေသာက္နဲ႕အတူတူထိုင္ေတာင္မထိုင္ေတာ့ပါ ။ ဘရဏီနဲ႕သာ
အတူတူထိုင္သည္ ။ မိုးေသာက္ကေတာ့တစ္ခ်ိန္လုံးခြန္းကိုပဲၾကည့္ေနရွာသည္ ။ ခြန္း စိတ္ဆိုးေနေတာ့ သူတစ္မ်ိဳးႀကီးခံစားရသည္ ။
သူ႕ရင္ထဲမွာတစ္ခုခုလစ္ဟာသြားသလို ၊ တန္ဖိုးရွိတဲ့အရာတစ္ခုခုဆုံး
ရႈံးလိုက္ရသလိုလို ၊ အရင္ကသူနဲ႕မတည့္တဲ့ခြန္းကိုသူျပန္လိုခ်င္မိ
သည္ ။ အခုလိုေအးတိေအးစက္နဲ႕ခြန္းကိုသူမလိုခ်င္ပါ ။
"ကိုကို ခြန္းကေနမေကာင္းဘူးလားမသိဘူး"
"ရႉး ကိုကို႔ကေလးေလးကတိတ္တိတ္ေန ၊ စားစား မုန့္စား ၊ ဒါမွဝက္
ကေလးျဖစ္လာမွာ"
"အာ ဝက္မဟုတ္ဘူး ၊ ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးျဖစ္လာတယ္လို႔ေျပာ"
"ဝက္ကေလးပါ ဝက္ကေလးပဲ ၊ ကိုကို႔ရဲ႕ဝက္ကေလး"
"ကိုကိုအဲ့ေလာက္ေတာင္ဝက္ႀကိဳက္ေနရင္ ဝက္ပဲယူပါလား ၊ ရာရာ့ကိုမယူနဲ႕"
ေဟာ ဝက္ကေလးစိတ္ေကာက္သြားၿပီ ။ ႏႈတ္ခမ္းေလးဆူၿပီး သူ႕ကိုမၾကည့္ေတာ့ဘဲ အျပင္ဘက္ကိုသာၾကည့္ေနေတာ့သည္ ။ အဲ့ဒီ့ဆူေနတဲ့ႏႈတ္ခမ္းေလးကို ကေလးငယ္အလစ္ ရေအာင္နမ္းပစ္လိုက္သည္ ။
"ကိုကို !"
"ရႉး တိုးတိုးကေလးရဲ႕"
"ဟီးဟီး ဟုတ္သား ေဆာရီး ေဆာရီး"
မိုးေသာက္ကိုထိုေန႕ကစၿပီးခြန္းကအဆက္အသြယ္မလုပ္တာ တစ္ပတ္ေက်ာ္သြားပါၿပီ ။ အိမ္ကိုေန႕တိုင္းလာေပမဲ့ ခြန္းကအေတြ႕မခံ ။ မိုးေသာက္ခံရခက္လွသည္ ။ ဒီလိုလုပ္ေနမယ့္အစား ခြန္းကသူ႕အေပၚေပါက္ကြဲၿပီးသူ႕ကိုထိုးလိုက္ရင္ေတာင္ သူ႕အတြက္သက္သာဦးမည္ ။
"ခြန္း ..... ခြန္း !"
တစ္ရက္ ခြန္းအျပင္ထြက္လာတဲ့တစ္ရက္ ခြန္းအေနာက္ကေနမိုးေသာက္ တေကာက္ေကာက္လိုက္ၿပီး ေခၚေနမိသည္ ။ ခြန္းကေတာ့
သူ႕ကိုလွည့္ေတာင္မၾကည့္ ။ ခြန္းကလမ္းတစ္ဖတ္ကိုကူးသြားသည္ ။
ခြန္းအေနာက္ကိုအသည္းအသန္လိုက္ရင္း ဘက္စ္ကားအေနာက္မွ
ေက်ာ္တက္လာသည့္ဆိုင္ကယ္ကိုမျမင္ဘဲ လမ္းကိုျဖတ္ကူးမိသည္ ။
ဆိုင္ကယ္ကသူ႕ကိုဝင္တိုက္သြားေတာ့ သူတစ္ပတ္လည္ၿပီး တစ္ဖက္လမ္းက ကားအေရွ႕တည့္တည့္ကိုေရာက္သြားသည္ ။ ကားဟြန္းတီးသံအက်ယ္ႀကီးေၾကာင့္ ပတ္ဝန္းက်င္ကလူေတြအကုန္လွည့္ၾကည့္
လာၾကသည္ ။
"အစ္ကို !"
မိုးေသာက္လဲက်သြားတာကို ခြန္း ဖ်က္ခနဲျမင္လိုက္သည္ ။ ခြန္း မိုးေသာက္ဆီကိုအေျပးေရာက္လာသည္ ။ လူအုပ္ႀကီးၾကားထဲကေနအတင္းျဖတ္ၿပီး အေျပးေရာက္လာသည္ ။ ကားအေရွ႕မွာလဲက်ေန
တဲ့မိုးေသာက္ကိုေတြ႕ေတာ့ ခြန္းထိတ္လန့္သြားသည္ ။
"အစ္ကို ..... အစ္ကို !!! ထပါဦး ၊ ကြၽန္ေတာ္စိတ္မဆိုးေတာ့ပါဘူး ၊ အစ္ကို ထဦးလို႔ !!! ဟင့္ ကြၽန္ေတာ္အစ္ကို႔ကိုစကားေကာင္းေကာင္းေျပာပါ့မယ္"
"တကယ္လား"
႐ုတ္တရက္ႀကီးမ်က္လုံးပြင့္လာကာ ၿပဳံးၿဖီးၿပီးေမးေနတဲ့မိုးေသာက္
ကို ခြန္းပိုစိတ္ဆိုးသြားသည္ ။ သူ႕မွာေတာ့ တစ္ခုခုျဖစ္သြားၿပီထင္ၿပီး
အထိတ္တလန့္နဲ႕စိတ္ပူရတာ အစ္ကိုကေတာ့စေနာက္နိုင္ေသးတယ္။
လူေတြကလည္းဝိုင္းၾကည့္ေနေတာ့ ခြန္းရွက္လာၿပီး မိုးေသာက္ကို
ရင္ခြင္ထဲမွာေပြ႕ထားတာပစ္ခ်ပစ္လိုက္သည္ ။
"ခင္ဗ်ား အဲ့မွာဆက္ေသေနလိုက္"
"ဟာ ခြန္း ! ခြန္း !"
ခြန္းအေနာက္ကိုေျပးလိုက္ရျပန္သည္ ။ ေျခေထာက္ေခါက္သြားသည္ကနာေနေပမဲ့ ခြန္းနဲ႕သူအရင္လိုျပန္အဆင္ေျပခ်င္သည္ ။ သူ႕ကိုအၿမဲတမ္း ေအာ္ဟစ္ႀကိမ္းေမာင္းေနတဲ့ခြန္းကိုသူျပန္လိုခ်င္သည္။
သူေျခေထာက္အရမ္းနာက်င္လာၿပီး ဆက္မလိုက္နိုင္ေတာ့ဘဲ လဲက်သြားသည္ ။
"ခြန္း !!! ကိုယ္ေျခေထာက္အရမ္းနာေနၿပီ"
"ခြန္း !!!"
ခြန္း လွည့္ၾကည့္လာသည္ ။ ပလပ္ေဖာင္းေပၚမွာထိုင္ေနတဲ့မိုးေသာက္ကိုျမင္ေတာ့ လွမ္းၾကည့္ေနေသးသည္ ။ တကယ္ပဲေျခေထာက္ထိသြားတာလား ။ ခုဏကထိခိုက္မိသြားတာလား ။ ခြန္း မိုးေသာက္အနားကိုေရာက္လာသည္ ။
"ေျခေထာက္အရမ္းနာေနတာလား"
"အင္း အရမ္းနာတယ္ ၊ ဒါေပမဲ့ ခြန္းသာစိတ္ဆိုးေျပမယ္ဆို အကုန္ယူပစ္သလိုေပ်ာက္သြားမွာ"
"အပိုစကားေတြမေျပာနဲ႕ ၊ ထၾကည့္ ထနိုင္လား ၊ ေဆး႐ုံသြားမယ္"
ခြန္း မိုးေသာက္ကိုကူတြဲေပးၿပီး ေဆး႐ုံကိုေခၚလာခဲ့သည္ ။ ေျခေထာက္အဆစ္လြဲသြားလို႔ ပတ္တီးစည္းထားလိုက္ရသည္ ။
"ေျခေထာက္ကိုအရမ္းအသုံးမျပဳပါနဲ႕ဦး ၊ တစ္ေယာက္တည္းသြားတာလာတာေတြမလုပ္ပါနဲ႕"
ဆရာဝန္ေျပာလိုက္တဲ့စကားေတြကို ခြန္းကေသခ်ာနားေထာင္ေပးၿပီး
ေဆးေတြလည္းေသခ်ာယူေပးသည္ ။ သူ႕ကိုေတာ့စကားမေျပာေပမဲ့
သူ႕အေပၚကိုေတာ့ ေကာင္းရွာသည္ ။
"ခင္ဗ်ားႀကီးကတစ္ေယာက္တည္းေနတာလား"
ခြန္း သူ႕ကိုစကားျပန္ေျပာလာသည္ ။ ေကာင္ေလးသူ႕ကိုစကားေျပာလာတာကိုသူအရမ္းေပ်ာ္ေနသည္ ။
"ဒီမွာထိုင္ေန ၊ ခင္ဗ်ားႀကီးတစ္ေယာက္တည္းေနလို႔မျဖစ္ဘူးတဲ့ ၊ လူဌားလိုက္ ကြၽန္ေတာ္ျပန္ေတာ့မယ္"
ခြန္းရဲ႕လက္ကိုသူဆြဲထားလိုက္သည္ ။
"စိတ္ဆိုးမေျပေသးဘူးလား ၊ မင္းငါ့ေဘးမွာရွိေနေပးလို႔မရဘူးလား ၊ မင္းစိတ္ဆိုးေျပေအာင္ဒူးေထာက္ဆိုလည္းေထာက္ပါ့မယ္ ၊ ငါ့ေဘးနားမွာေနေပးပါ"
သူ ခြန္းကိုဘာလို႔အခုေလာက္ထိအသည္းအသန္ေတာင္းပန္ေနမိမွန္းသူကိုယ္တိုင္မသိ ။ ခြန္းကိုအရင္ကအတိုင္းသူျပန္လိုခ်င္သည္ ။
သူနဲ႕အတိုက္အခံအၿမဲလုပ္တဲ့ခြန္းကိုသူျပန္လိုခ်င္သည္ ။
"ငါေတာင္းပန္ပါတယ္ ၊ မင္းနဲ႕အရင္ကလိုျပန္အဆင္ေျပခ်င္တယ္"
ခြန္း ငိုခ်င္လာသည္ ။ သူလည္းအဆင္ေျပခ်င္ေပမဲ့ အစ္ကို႔အနားမွာေနခ်င္ေပမဲ့ သူနာက်င္ရလို႔ အေၾကာက္အကန္ျငင္းေနမိသည္ ။ သူ
မိုးေသာက္လက္ကိုလႊတ္ခ်ခဲ့ၿပီး မိုးေသာက္ရဲ႕ကြန္ဒိုကေနထြက္လာခဲ့လိုက္သည္ ။ သူ ခြန္းနဲ႕ျပန္အဆင္ေျပဖို႔ႀကိဳစားတာေတြအရာမထင္ခဲ့ပါလား ။ ခြန္းကဘယ္ေတာ့မွစိတ္ဆိုးေျပမွာလဲ ။
"ကိုကိုေရ ကိုကို !!! အားးးးဒါကဘာႀကီးလဲ !!!"
အိပ္မယ္လုပ္ၿပီး ကုတင္ေပၚတက္လိုက္ေတာ့မွ ေႁမြအ႐ုပ္ႀကီးကိုလန့္ၿပီး ကိုကိုရွိရာေရခ်ိဳးခန္းထဲကိုေျပးဝင္လာသည္ ။ ကိုကိုကေတာ့တဟားဟားနဲ႕ရယ္ေနသည္ ။ ဒါဆိုကိုကို႔လက္ခ်က္ေပါ့ ။ ကိုကိုလုပ္ထားတာေပါ့ ။
"ကိုကို အက်င့္ယုတ္လိုက္တာဗ်ာ ၊ တကယ့္ေႁမြႀကီးထင္လို႔ေသေတာ့မွာပဲ"
ရာရာေလးကသူ႕ကိုရိုက္ႏွက္ေတာ့သည္ ။ သူ ကေလးကိုစေနရတာကို
သူသေဘာက်သည္ ။ ကေလးငယ္လန့္ေနတဲ့ပုံစံေလးကိုလည္းသူ
သေဘာက်သည္ ။
Ting !!!!
မိုးေသာက္ ဘဲလ္သံၾကားလို႔ ေထာ့နဲ႕ ေထာ့နဲ႕နဲ႕လမ္းေလွ်ာက္ကာတံခါးဖြင့္ၾကည့္လိုက္သည္ ။ မိုးေသာက္အရမ္းအံ့ၾသသြားသည္ ။ ခြန္းကသူ႕အိမ္ေရွ႕ကိုေရာက္ေနသည္ ။ အဲ့တာကလည္းခရီးေဆာင္အိတ္ႀကီးနဲ႕ ။ ခြန္းကသူ႕ဆီကိုလာတာလား ။
"ခြန္း !!!"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဒီအပိုင္းက ခြန္းနဲ႕မိုးေသာက္အေၾကာင္းမို႔လို႔သေဘာက်ၾကရဲ႕လားမသိဘူး ။
___________________________________________________