The Ghost & Me [ Completed ]

By _AgathaChan

285K 36.6K 1.1K

[ ZHANYI ] သရဲကေရာ ခ်စ္သူျဖစ္လာႏိုင္ပါသလား ? သရဲကရော ချစ်သူဖြစ်လာနိုင်ပါသလား ? Everything here is just a fan... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
FINAL
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5
Extra - 6
Extra - 7

Chapter (4)

9.7K 1.4K 87
By _AgathaChan

ရိေပၚ က ကိုယ္တိုင္ကားေမာင္းေလ့ မ႐ွိဘူး ။ ဆိုင္ကယ္ ေတာင္ ဝါသနာအရမလို႔သာ စီးေနတာ ။ ဒါေတာင္ ညပိုင္းေတြမွာ ဆိုင္ကယ္ မေမာင္းဘူး ။ ဘာလို႔လဲဆိုေတာ့ သရဲေတြက လမ္းၾကံဳစီးခ်င္တယ္ဆိုၿပီး တားၾကလို႔ေလ!

ဒီအေၾကာင္းေတြကို က်န္႔ေကာ ကို ေျပာျပျဖစ္ေတာ့ ေအာ္ရယ္ေနလိုက္တာမ်ား ေသၿပီးသားမလို႔ေပါ့ မဟုတ္ရင္ အရယ္လြန္ၿပီး ေသတဲ့မသာ ျဖစ္ေနမွာ!!

သရဲနဲ႔ၿပိဳင္ၿပီး ရန္ျဖစ္ေနရတဲ့ ဘဝေလးက သာယာမေနပါဘူးဟူး...!

ဒီေတာ့ တစ္ညအိပ္သြားရမယ့္ ခရီးမွာ ကားငွါးၿပီးေတာ့သာ သြားလိုက္ရတယ္ ။

ရိေပၚ ရဲ႕ အဘိုးအိမ္က အရမ္းေ႐ွးဆန္တယ္ ။ အိမ္ရဲ႕ပတ္လည္မွာ ဝါးပင္ေတြနဲ႔ ဝန္းရံထားၿပီး အထဲမွာေတာ့ ေရကန္ေသးေသးေလး ရဲ႕အလယ္မွာမွ အိမ္ကိုေဆာက္ထားတာျဖစ္တယ္ ။

ရိေပၚ ကေတာ့ အေ႐ွ႕ကေန အိတ္ေတြဆြဲလို႔ ေဘာက္ဆက္ဆက္ နဲ႔ ဝင္သြားတယ္ ။ ေ႐ွာင္းက်န္႔ က ဝင္လို႔မရဘူး ။ သူ႔ကို တားထားတဲ့ အရံအတား တစ္ခုေၾကာင့္ အျပင္မွာ ရပ္ေနရတယ္ ။

ရိေပၚက လမ္းတစ္ဝက္အေရာက္မွာ ေဘးဘီကိုေဝ့ၾကည့္တယ္ ။ ေ႐ွာင္းက်န္႔ ကို မေတြ႔ရေတာ့ အထုတ္ေတြကို ေနရာမွာတင္ပစ္ခ်ၿပီး အေပါက္ဝကို ျပန္သြားရေသးတယ္ ။

"က်န္႔ေကာ... လာေလ"

"ငါ...ဝင္လို႔မရဘူး ရိေပၚ "

"ဗ်ာ!!"

ရိေပၚ က ခဏစဥ္းစားသလို လုပ္ၿပီးမွ အျပင္ကုိျပန္ထြက္လာၿပီး ဝါးပင္ေတြၾကားထဲကို ကုန္းကုန္းကြကြနဲ႔ ဝင္သြားတယ္ ။ ခဏအၾကာမွာ ဘာအရံအတားမွ မ႐ွိေတာ့ပဲ ေ႐ွာင္းက်န္႔ အထဲကို ဝင္လို႔ရသြားတယ္ ။

"ဘယ္လိုလုပ္လုိက္တာလဲ "

"အာ...ဝါးပင္ေတြရဲ႕ လ်ိွဴ႕ဝွက္ခ်က္ ။ အိမ္ရဲ႕ပတ္လည္မွာ ဝါးပင္ေတြ အလကားစို္က္ထားတာမဟုတ္ဘူးေလ အတားအဆီးတစ္ခုပဲ"

ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ေဘာင္းဘီ အိတ္ကပ္ႏွစ္ဖက္ထဲ လက္ထည့္လို႔ အထဲကို ေအးေအးလူလူ ဝင္သြားတဲ့ သရဲက သူ႔အိမ္သူ႔ယာလို ။

ဘာလဲ!...ငါလုပ္ေပးလို႔ဝင္ခြင့္ရတာကို ေက်းဇူးတင္စကားေတာင္ မေျပာဘူး!!!

အိမ္ထဲေရာက္ေတာ့ ထမင္းစားပြဲမွာ ထိုင္ေနတဲ့ အဘိုးက ရိေပၚ လာမွာကို သိေနသလိုပဲ ရိေပၚ အႀကိဳက္ေတြခ်ည္းေရြးခ်က္ေပးထားတာ ။

"ထိုင္ေလ"

ရိေပၚ ျပံဳးၿပီး ထုိင္လိုက္ေပမယ့္ စားပြဲေပၚက ထမင္းပန္းကန္အေရအတြက္ကုိ ျမင္တဲ့အခါမွာ ရိေပၚရဲ႕ အျပံဳးကေလ်ာ့တိေလ်ာ့ရဲ ျဖစ္သြားတယ္ ။

ဘာလို႔လဲ ဆိုေတာ့ ထမင္းပန္းကန္က သံုးပန္းကန္ျဖစ္ေနတဲ့ အတြက္ေၾကာင့္ျဖစ္တယ္ ။ ထမင္းပန္းကန္ရဲ႕ အေရအတြက္အရ အဘိုးဟာ ရိေပၚတင္မဟုတ္ပဲ ေနာက္တစ္ေယာက္ပါ ပါလာမယ္ဆိုတာကို ႀကိဳသိေနတဲ့ သေဘာပဲမလား ။

"အဘိုးေနာ္"

"ဟိုလူေလးကိုလည္း ေခၚလိုက္ပါဦး"

"ဘယ္ကလူလဲ!...သရဲဗ်...သရဲ"

"လ်ွာမ႐ွည္နဲ႔ ေခၚလိုက္"

"ထမင္းေကြၽးမလို႔လား သူကဘယ္လိုစားမွာလဲ! ။ သား ကိုသာ ေကြၽးစမ္းပါ အဘိုးရယ္"

"ဝမ္ရိေပၚ.... !!!"

အိ...ေလသံေတြမာလာၿပီ ။

ေနာက္ဆံုးေတာ့ မေက်မနပ္ျဖစ္မိေပမယ့္ ထမင္းဝိုင္းေလးက သံုးေယာက္ျဖစ္သြားပါတယ္ ။ ရိေပၚ က မေက်နပ္ဘူး ။ သရဲက ထမင္းဘယ္လိုစားမလဲ ။ ခါတိုင္း သရဲဆိုရင္ ေမာင္းထုတ္ေနတဲ့ အဘိုးကေရာ ဘာလို႔ သူ႔ကုိမွ အေရးေပးေနရသလဲ ။

ရိေပၚ ရဲ႕ မေက်နပ္ခ်က္ေလးေတြၾကား ၿပီးသြားတဲ့ ထမင္းစားဝိုင္းေလးကေတာ့ တိတ္တဆိတ္ ပါပဲ ။ ထမင္းသံုးပန္းကန္မွာ တစ္ပန္းကန္ကေတာ့ ထမင္းေတြအရာေတာင္ မယြင္းခဲ့ဘူး ။

ဖေယာင္းတို္င္မီးေလး သံုးေခ်ာင္းသာ ထြန္းထားတဲ့ အခန္းငယ္ေလးထဲမွာ ရိေပၚ ရယ္ ၊ ရိေပၚ အဘိုးရယ္ ၊ ေ႐ွာင္းက်န္႔ ရယ္ သံုးေယာက္သာ႐ွိတယ္ ။

ရိေပၚ ရဲ႕ အဘိုးက အေ႐ွ႕မွာထိုင္ေနၿပီး ရိေပၚနဲ႔ ေ႐ွာင္းက်န္႔ ကေတာ့ အဘိုးကို မ်က္ႏွာမူၿပီး ႏွစ္ေယာက္သား ေဘးခ်င္းယွဥ္ထို္င္ေနၾကတယ္ ။

"မေၾကာက္ပါနဲ႔ ။ တကယ္ေတာ့ မင္းတုိ႔ႏွစ္ေယာက္ရဲ႕ ေရစက္ေၾကာင့္ လာေတြ႔ရတာပဲ အေတြ႔ေနာက္က်ေပမယ့္ အခါမေႏွာင္းေသးပါဘူး"

အူတူတူ မ်က္ႏွာေပးေလးနဲ႔ ရိေပၚက အဘိုးကို ေမးခြန္းထုတ္တယ္။

"အဘိုးေျပာတာကို နားမလည္ဘူး "

"ငါေျပာတာက မင္းတို႔ႏွစ္ေယာက္က ဖူးစာပါတယ္လို႔!! ။ မင္းကလည္း သူ႔အတြက္ အေရးႀကီးတဲ့ အစိတ္အပိုင္း တစ္ခုျဖစ္သလို ၊ သူကလည္း မင္းအတြက္ အဲ့လိုပဲ "

"အဘုိးလာေနာက္ေနတာလား ။ ကြၽန္ေတာ္က အေျဖာင့္ဗ် ။ ေျဖာင့္တာမွ အဘိုးစိုက္ထားတဲ့ ဝါးပင္ထက္ေတာင္ ေျဖာင့္တယ္"

"မင္းက ဝါးပင္ဆို သူက မင္းကို မီးအပူေပးၿပီး ေကြးေအာင္လုပ္မယ့္သူပဲ!"

"အဘိုးရာ..."

"တိတ္စမ္း!!! ငါ စကားဆက္ေျပာဦးမယ္"

ရိေပၚ က ဟြန္႔ကနဲ လုပ္လို႔ စူပုပ္ပုပ္လုပ္တယ္ ။

အဘုိးဟာ သူ႔ရဲ႕ ေရႊထက္တန္ဖိုး႐ွိလွတဲ့ ေျမးေလးကုိ သရဲနဲ႔ ေပးစားေနတယ္ဆိုတာ မသိေလေရာ့သလား ။ သရဲေတာင္ အထီးႀကီးေလ ။

"မင္း...နာမည္ဘယ္လိုေခၚလဲ "

"ဗ်ာ....ေ႐ွာင္းက်န္႔ ပါ"

"မင္း က ေပ်ာက္ဆံုးေနတဲ့ မင္း ဘဝကို ျပန္႐ွာေတြ႔မွ ဒီဘဝကေန လြတ္ေျမာက္မွာ ။ ဒီၾကားထဲမွာ ရိေပၚ က မင္းကုိ ကူညီေပးလိမ့္မယ္ "

"ဟုတ္ကဲ့... ေက်းဇူးတင္ပါတယ္ "

"ေနာက္တစ္ခု ႐ွိေသးတယ္ "

"........"

"မင္း အတြက္ ခႏၶာကိုယ္ အသစ္တစ္ခုလိုခ်င္ရင္ ၾကယ္ကိုးလံုးစံုတဲ့ နကၡတ္ မွာ ေမြးတဲ့ 18 ႏွစ္အရြယ္ လူပ်ိဴစစ္စစ္ ေယာက္်ားေလး တစ္ေယာက္နဲ႔ အတူေနဖို႔လိုတယ္ ။ ငါ ေျပာတာ သေဘာေပါက္လား"

"ဟုတ္"

"ၿပီးေတာ့ အဲ့ေယာက္်ားေလးက မင္းေဘးမွာ "

"ဗ်ာ....!!!"

"ဟမ္...!!!!"

"အဘုိးေျပာတာက ကြၽန္ေတာ္က ဒီသရဲနဲ႔ ဟိုဒင္း အဟမ္း ဟိုလို ေနရမယ္လို႔ေျပာတာလား"

"မင္းတို႔က တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္အက်ိဴးျပဳဖို႔ေမြးဖြားလာတာလို႔ ငါေျပာၿပီးသားပဲ ။ ေ႐ွာင္းက်န္႔ က သူ႔ရဲ႕ ဘဝကို သူကိုယ္တိုင္ ႐ွာေဖြရလိမ့္မယ္ ။ မင္းကေတာ့ သူ႔ကို ပါရမီ ျဖည့္ေပးဖုိ႔ပဲ ။ အကယ္၍ သေဘာတူရင္ ဒီလ လျပည့္ည မွာ အေကာင္အထည္ေဖာ္ေပါ့ ။ ငါ သြားၿပီ"

"မဟုတ္ဘူးေလ... အဘိုး...ကြၽန္ေတာ္ သေဘာမတူဘူးေနာ္!!! ။ ကြၽန္ေတာ္ က မိန္းမယူမွာဗ်...!!! ။ အဘိုးေရ...အဘိုး!!"

"ဪ...ေမ့လို႔ ေ႐ွာင္းက်န္႔ မင္းအတြက္ ၿပီးျပည့္စံုတဲ့ ခႏၶာသစ္တစ္ခုရဖို႔က ရိေပၚပဲ စြမ္းေဆာင္ေပးႏိုင္တယ္"

အစကေန အဆံုးထိ အဘိုးဟာ တစ္စက္ကေလးမွ ရိေပၚ ကို အဖက္မလုပ္သြားဘူး ။

ရိေပၚ မေက်နပ္ဘူး ။

ငါ့မွာ သရဲကိုလည္း ကူညီရဦးမယ္!!!
ငါ့ရဲ႕ လူပ်ိဴဘဝေလးကုိလည္း သရဲကိုေပးရဦးမယ္!
ဘယ္ေလာက္ေတာင္ နစ္နာလိုက္သလဲဟမ္...!!!

ေ႐ွာင္းက်န္႔ ကေတာ့ ၿငိမ္ေနမိဆဲ ။

သူ႔ကို ကူညီဖို႔အတြက္ ရိေပၚ ကို မထိခိုက္ေစခ်င္ဘူး ။ ဒီေလာက္အထိ လိုက္ကူညီေပးတာပဲ ေက်းဇူးတင္ေနၿပီ ။

"ရိေပၚ... "

"ခင္ဗ်ားလည္း စကားလာမေျပာနဲ႔... !!!"

ေအာ္ၿပီး ေဘာက္ဆက္ဆက္ နဲ႔ ထြက္သြားတဲ့ ရိေပၚ အေနာက္ကို ေ႐ွာင္းက်န္႔ လိုက္မသြားမိဘူး ။

ရိေပၚ  အတြက္ အခ်ိန္ေတြအမ်ားႀကီးလိုဦးမယ္ဆိုတာ သူသိေနတာမလို႔!

မင္း...ၾကည္ျဖဴရင္ေတာင္...ငါ..ေ႐ွ႕ဆက္တိုးသင့္ပါ့မလား ရိေပၚ ငါ့ အတြက္နဲ႔ေလ...။

🌻🌻🌻

ရိေပၚေလးနဲ႔ ေ႐ွာင္းက်န္႔ လျပည့္ည မွာ papapa ရင္ ေ႐ွာင္းက်န္႔ အတြက္ ခႏၶာကိုယ္တစ္ခုရပါမယ္တဲ့ ။

ေရးတဲ့သူက ေတာ္လြန္းေတာ့ ဖတ္ရတာ မ႐ွင္းၾကမွာစိုးလို႔  😂




UNICODE


ရိပေါ် က ကိုယ်တိုင်ကားမောင်းလေ့ မရှိဘူး ။ ဆိုင်ကယ် တောင် ဝါသနာအရမလို့သာ စီးနေတာ ။ ဒါတောင် ညပိုင်းတွေမှာ ဆိုင်ကယ် မမောင်းဘူး ။ ဘာလို့လဲဆိုတော့ သရဲတွေက လမ်းကြုံစီးချင်တယ်ဆိုပြီး တားကြလို့လေ!

ဒီအကြောင်းတွေကို ကျန့်ကော ကို ပြောပြဖြစ်တော့ အော်ရယ်နေလိုက်တာများ သေပြီးသားမလို့ပေါ့ မဟုတ်ရင် အရယ်လွန်ပြီး သေတဲ့မသာ ဖြစ်နေမှာ!!

သရဲနဲ့ပြိုင်ပြီး ရန်ဖြစ်နေရတဲ့ ဘဝလေးက သာယာမနေပါဘူးဟူး...!

ဒီတော့ တစ်ညအိပ်သွားရမယ့် ခရီးမှာ ကားငှါးပြီးတော့သာ သွားလိုက်ရတယ် ။

ရိပေါ် ရဲ့ အဘိုးအိမ်က အရမ်းရှေးဆန်တယ် ။ အိမ်ရဲ့ပတ်လည်မှာ ဝါးပင်တွေနဲ့ ဝန်းရံထားပြီး အထဲမှာတော့ ရေကန်သေးသေးလေး ရဲ့အလယ်မှာမှ အိမ်ကိုဆောက်ထားတာဖြစ်တယ် ။

ရိပေါ် ကတော့ အရှေ့ကနေ အိတ်တွေဆွဲလို့ ဘောက်ဆက်ဆက် နဲ့ ဝင်သွားတယ် ။ ရှောင်းကျန့် က ဝင်လို့မရဘူး ။ သူ့ကို တားထားတဲ့ အရံအတား တစ်ခုကြောင့် အပြင်မှာ ရပ်နေရတယ် ။

ရိပေါ်က လမ်းတစ်ဝက်အရောက်မှာ ဘေးဘီကိုဝေ့ကြည့်တယ် ။ ရှောင်းကျန့် ကို မတွေ့ရတော့ အထုတ်တွေကို နေရာမှာတင်ပစ်ချပြီး အပေါက်ဝကို ပြန်သွားရသေးတယ် ။

"ကျန့်ကော... လာလေ"

"ငါ...ဝင်လို့မရဘူး ရိပေါ် "

"ဗျာ!!"

ရိပေါ် က ခဏစဉ်းစားသလို လုပ်ပြီးမှ အပြင်ကိုပြန်ထွက်လာပြီး ဝါးပင်တွေကြားထဲကို ကုန်းကုန်းကွကွနဲ့ ဝင်သွားတယ် ။ ခဏအကြာမှာ ဘာအရံအတားမှ မရှိတော့ပဲ ရှောင်းကျန့် အထဲကို ဝင်လို့ရသွားတယ် ။

"ဘယ်လိုလုပ်လိုက်တာလဲ "

"အာ...ဝါးပင်တွေရဲ့ လျှိူ့ဝှက်ချက် ။ အိမ်ရဲ့ပတ်လည်မှာ ဝါးပင်တွေ အလကားစို်က်ထားတာမဟုတ်ဘူးလေ အတားအဆီးတစ်ခုပဲ"

ခေါင်းတငြိမ့်ငြိမ့်နဲ့ ဘောင်းဘီ အိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်လို့ အထဲကို အေးအေးလူလူ ဝင်သွားတဲ့ သရဲက သူ့အိမ်သူ့ယာလို ။

ဘာလဲ!...ငါလုပ်ပေးလို့ဝင်ခွင့်ရတာကို ကျေးဇူးတင်စကားတောင် မပြောဘူး!!!

အိမ်ထဲရောက်တော့ ထမင်းစားပွဲမှာ ထိုင်နေတဲ့ အဘိုးက ရိပေါ် လာမှာကို သိနေသလိုပဲ ရိပေါ် အကြိုက်တွေချည်းရွေးချက်ပေးထားတာ ။

"ထိုင်လေ"

ရိပေါ် ပြုံးပြီး ထိုင်လိုက်ပေမယ့် စားပွဲပေါ်က ထမင်းပန်းကန်အရေအတွက်ကို မြင်တဲ့အခါမှာ ရိပေါ်ရဲ့ အပြုံးကလျော့တိလျော့ရဲ ဖြစ်သွားတယ် ။

ဘာလို့လဲ ဆိုတော့ ထမင်းပန်းကန်က သုံးပန်းကန်ဖြစ်နေတဲ့ အတွက်ကြောင့်ဖြစ်တယ် ။ ထမင်းပန်းကန်ရဲ့ အရေအတွက်အရ အဘိုးဟာ ရိပေါ်တင်မဟုတ်ပဲ နောက်တစ်ယောက်ပါ ပါလာမယ်ဆိုတာကို ကြိုသိနေတဲ့ သဘောပဲမလား ။

"အဘိုးနော်"

"ဟိုလူလေးကိုလည်း ခေါ်လိုက်ပါဦး"

"ဘယ်ကလူလဲ!...သရဲဗျ...သရဲ"

"လျှာမရှည်နဲ့ ခေါ်လိုက်"

"ထမင်းကျွေးမလို့လား သူကဘယ်လိုစားမှာလဲ! ။ သား ကိုသာ ကျွေးစမ်းပါ အဘိုးရယ်"

"ဝမ်ရိပေါ်.... !!!"

အိ...လေသံတွေမာလာပြီ ။

နောက်ဆုံးတော့ မကျေမနပ်ဖြစ်မိပေမယ့် ထမင်းဝိုင်းလေးက သုံးယောက်ဖြစ်သွားပါတယ် ။ ရိပေါ် က မကျေနပ်ဘူး ။ သရဲက ထမင်းဘယ်လိုစားမလဲ ။ ခါတိုင်း သရဲဆိုရင် မောင်းထုတ်နေတဲ့ အဘိုးကရော ဘာလို့ သူ့ကိုမှ အရေးပေးနေရသလဲ ။

ရိပေါ် ရဲ့ မကျေနပ်ချက်လေးတွေကြား ပြီးသွားတဲ့ ထမင်းစားဝိုင်းလေးကတော့ တိတ်တဆိတ် ပါပဲ ။ ထမင်းသုံးပန်းကန်မှာ တစ်ပန်းကန်ကတော့ ထမင်းတွေအရာတောင် မယွင်းခဲ့ဘူး ။

ဖယောင်းတို်င်မီးလေး သုံးချောင်းသာ ထွန်းထားတဲ့ အခန်းငယ်လေးထဲမှာ ရိပေါ် ရယ် ၊ ရိပေါ် အဘိုးရယ် ၊ ရှောင်းကျန့် ရယ် သုံးယောက်သာရှိတယ် ။

ရိပေါ် ရဲ့ အဘိုးက အရှေ့မှာထိုင်နေပြီး ရိပေါ်နဲ့ ရှောင်းကျန့် ကတော့ အဘိုးကို မျက်နှာမူပြီး နှစ်ယောက်သား ဘေးချင်းယှဉ်ထို်င်နေကြတယ် ။

"မကြောက်ပါနဲ့ ။ တကယ်တော့ မင်းတို့နှစ်ယောက်ရဲ့ ရေစက်ကြောင့် လာတွေ့ရတာပဲ အတွေ့နောက်ကျပေမယ့် အခါမနှောင်းသေးပါဘူး"

အူတူတူ မျက်နှာပေးလေးနဲ့ ရိပေါ်က အဘိုးကို မေးခွန်းထုတ်တယ်။

"အဘိုးပြောတာကို နားမလည်ဘူး "

"ငါပြောတာက မင်းတို့နှစ်ယောက်က ဖူးစာပါတယ်လို့!! ။ မင်းကလည်း သူ့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သလို ၊ သူကလည်း မင်းအတွက် အဲ့လိုပဲ "

"အဘိုးလာနောက်နေတာလား ။ ကျွန်တော်က အဖြောင့်ဗျ ။ ဖြောင့်တာမှ အဘိုးစိုက်ထားတဲ့ ဝါးပင်ထက်တောင် ဖြောင့်တယ်"

"မင်းက ဝါးပင်ဆို သူက မင်းကို မီးအပူပေးပြီး ကွေးအောင်လုပ်မယ့်သူပဲ!"

"အဘိုးရာ..."

"တိတ်စမ်း!!! ငါ စကားဆက်ပြောဦးမယ်"

ရိပေါ် က ဟွန့်ကနဲ လုပ်လို့ စူပုပ်ပုပ်လုပ်တယ် ။

အဘိုးဟာ သူ့ရဲ့ ရွှေထက်တန်ဖိုးရှိလှတဲ့ မြေးလေးကို သရဲနဲ့ ပေးစားနေတယ်ဆိုတာ မသိလေရော့သလား ။ သရဲတောင် အထီးကြီးလေ ။

"မင်း...နာမည်ဘယ်လိုခေါ်လဲ "

"ဗျာ....ရှောင်းကျန့် ပါ"

"မင်း က ပျောက်ဆုံးနေတဲ့ မင်း ဘဝကို ပြန်ရှာတွေ့မှ ဒီဘဝကနေ လွတ်မြောက်မှာ ။ ဒီကြားထဲမှာ ရိပေါ် က မင်းကို ကူညီပေးလိမ့်မယ် "

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် "

"နောက်တစ်ခု ရှိသေးတယ် "

"........"

"မင်း အတွက် ခန္ဓာကိုယ် အသစ်တစ်ခုလိုချင်ရင် ကြယ်ကိုးလုံးစုံတဲ့ နက္ခတ် မှာ မွေးတဲ့ 18 နှစ်အရွယ် လူပျိူစစ်စစ် ယောက်ျားလေး တစ်ယောက်နဲ့ အတူနေဖို့လိုတယ် ။ ငါ ပြောတာ သဘောပေါက်လား"

"ဟုတ်"

"ပြီးတော့ အဲ့ယောက်ျားလေးက မင်းဘေးမှာ "

"ဗျာ....!!!"

"ဟမ်...!!!!"

"အဘိုးပြောတာက ကျွန်တော်က ဒီသရဲနဲ့ ဟိုဒင်း အဟမ်း ဟိုလို နေရမယ်လို့ပြောတာလား"

"မင်းတို့က တစ်ယောက်ကို တစ်ယောက် အပြန်အလှန်အကျိူးပြုဖို့မွေးဖွားလာတာလို့ ငါပြောပြီးသားပဲ ။ ရှောင်းကျန့် က သူ့ရဲ့ ဘဝကို သူကိုယ်တိုင် ရှာဖွေရလိမ့်မယ် ။ မင်းကတော့ သူ့ကို ပါရမီ ဖြည့်ပေးဖို့ပဲ ။ အကယ်၍ သဘောတူရင် ဒီလ လပြည့်ည မှာ အကောင်အထည်ဖော်ပေါ့ ။ ငါ သွားပြီ"

"မဟုတ်ဘူးလေ... အဘိုး...ကျွန်တော် သဘောမတူဘူးနော်!!! ။ ကျွန်တော် က မိန်းမယူမှာဗျ...!!! ။ အဘိုးရေ...အဘိုး!!"

"ဪ...မေ့လို့ ရှောင်းကျန့် မင်းအတွက် ပြီးပြည့်စုံတဲ့ ခန္ဓာသစ်တစ်ခုရဖို့က ရိပေါ်ပဲ စွမ်းဆောင်ပေးနိုင်တယ်"

အစကနေ အဆုံးထိ အဘိုးဟာ တစ်စက်ကလေးမှ ရိပေါ် ကို အဖက်မလုပ်သွားဘူး ။

ရိပေါ် မကျေနပ်ဘူး ။

ငါ့မှာ သရဲကိုလည်း ကူညီရဦးမယ်!!!
ငါ့ရဲ့ လူပျိူဘဝလေးကိုလည်း သရဲကိုပေးရဦးမယ်!
ဘယ်လောက်တောင် နစ်နာလိုက်သလဲဟမ်...!!!

ရှောင်းကျန့် ကတော့ ငြိမ်နေမိဆဲ ။

သူ့ကို ကူညီဖို့အတွက် ရိပေါ် ကို မထိခိုက်စေချင်ဘူး ။ ဒီလောက်အထိ လိုက်ကူညီပေးတာပဲ ကျေးဇူးတင်နေပြီ ။

"ရိပေါ်... "

"ခင်ဗျားလည်း စကားလာမပြောနဲ့... !!!"

အော်ပြီး ဘောက်ဆက်ဆက် နဲ့ ထွက်သွားတဲ့ ရိပေါ် အနောက်ကို ရှောင်းကျန့် လိုက်မသွားမိဘူး ။

ရိပေါ်  အတွက် အချိန်တွေအများကြီးလိုဦးမယ်ဆိုတာ သူသိနေတာမလို့!

မင်း...ကြည်ဖြူရင်တောင်...ငါ..ရှေ့ဆက်တိုးသင့်ပါ့မလား ရိပေါ် ငါ့ အတွက်နဲ့လေ...။

🌻🌻🌻

ရိပေါ်လေးနဲ့ ရှောင်းကျန့် လပြည့်ည မှာ papapa ရင် ရှောင်းကျန့် အတွက် ခန္ဓာကိုယ်တစ်ခုရပါမယ်တဲ့ ။

ရေးတဲ့သူက တော်လွန်းတော့ ဖတ်ရတာ မရှင်းကြမှာစိုးလို့  😂

Continue Reading

You'll Also Like

84.7K 11.4K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
68.5K 4.5K 21
Only youကSeason1ပြီးသွားပါပြီ Saeson2မှာMDZSထဲကဇာတ်ကောင်တွေပါဝင်ပါမယ် ဇာတ်လမ်းဇာတ်ကွက်မတူဘဲ ကိုယ့်ဘာသာစိတ်ကူးယဥ်ဆန်ဆန်ရေးမှာမို့မူရင်းဝတ္ထုထဲကလိုတော့...
574K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...