ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part...

By PhyoeThuWin

300K 34K 195

(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွာ... More

Chapter 200
Chapter 201
Chapter 202
Chapter 203
Chapter 204
Chapter 205
Chapter 206
Chapter 207
Chapter 208
Chapter 209
Chapter 210
Chapter 211
Chapter 212
Chapter 213
Chapter 214
Chapter 215
Chapter 216
Chapter 217
Chapter 218
Chapter 219
Chapter 220
Chapter 221
Chapter 222
Chapter 223
Chapter 224
Chapter 225
Chapter 226
Chapter 227
Chapter 228
Chapter 229
Chapter 230
Chapter 231
Chapter 232
Chapter 233
Chapter 234
Chapter 235
Chapter 236
Chapter 237
Chapter 238
Chapter 239
Chapter 240
Chapter 241
Chapter 242
Chapter 243
Chapter 244
Chapter 245
Chapter 246
Chapter 247
Chapter 248
Chapter 249
Chapter 250
Chapter 251
Chapter 252
Chapter 253
Chapter 254
Chapter 255
Chapter 256
Chapter 257
Chapter 258
Chapter 259
Chapter 260
Chapter 261
Chapter 262
Chapter 263
Chapter 264
Chapter 265
Chapter 266
Chapter 267
Chapter 268
Chapter 269
Chapter 270
Chapter 271
Chapter 272
Chapter 273
Chapter 274
Chapter 275
Chapter 276
Chapter 277
Chapter 278
Chapter 279
Chapter 280
Chapter 281
Chapter 282
Chapter 283
Chapter 284
Chapter 285
Chapter 286
Chapter 287
Chapter 288
Chapter 289
Chapter 290
Chapter 291
Chapter 292
Chapter 293
Chapter 294
Chapter 295
Chapter 296
Chapter 297
Chapter 298
Chapter 299
Chapter 300
Chapter 301
Chapter 302
Chapter 303
Chapter 304
Chapter 305
Chapter 306
Chapter 307
Chapter 308
Chapter 309
Chapter 310
Chapter 311
Chapter 312
Chapter 313
Chapter 314
Chapter 315
Chapter 316
Chapter 317
Chapter 318
Chapter 319
Chapter 320
Chapter 321
Chapter 322
Chapter 323
Chapter 324
Chapter 325
Chapter 326
Chapter 327
Chapter 328
Chapter 329
Chapter 330
Chapter 331
Chapter 332
Chapter 333
Chapter 334
Chapter 335
Chapter 336
Chapter 337
Chapter 338
Chapter 339
Chapter 340
Chapter 341
Chapter 342
Chapter 343
Chapter 344
Chapter 345
Chapter 346
Chapter 347
Chapter 348
Chapter 349
Chapter 350
Chapter 351
Chapter 352
Chapter 353
Chapter 354
Chapter 355
Chapter 356
Chapter 357
Chapter 358
Chapter 359
Chapter 360
Chapter 361
Chapter 362
Chapter 363
Chapter 364
Chapter 365
Chapter 366
Chapter 367
Chapter 368
Chapter 369
Chapter 370
Chapter 371
Chapter 372
Chapter 373
Chapter 374
Chapter 375
Chapter 376
Chapter 377
Chapter 378
Chapter 380
Chapter 381
Chapter 382
Chapter 383
Chapter 384
Chapter 385
Chapter 386
Chapter 387
Chapter 388
Chapter 389
Chapter 390
Chapter 391
Chapter 392
Chapter 393
Chapter 394
Chapter 395
Chapter 396
Chapter 397
Chapter 398
Chapter 399

Chapter 379

1.2K 146 0
By PhyoeThuWin

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter4

(ရှောင်မိသားစု၏ ဧည့်အကျိုးဆောင်)

"ဟား.. တကယ်တော့ ကျွန်တော်က ဒီတစ်ကြိမ်မတိုင်ခင် ဖော်စပ်ခဲ့ဖူးပါတယ်… အဲဒီဟာက ရိုးရှင်းတဲ့

ဆေးလုံးတစ်လုံးပါ….." ယီယွမ်က ဖုံးကွယ်ထားမည့်ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။

ယီယွမ်အတွက် ဤကျောက်စိမ်းနဂါး နှလုံးငြိမ်ဆေးလုံးက အမှန်တယ်ပင် ရိုးရှင်းလှ၏။ ကောင်းကင်၏အလိုကို ဆန့်ကျင်နေသော စစ်မှန်သည့် ခက်ခဲမှုနယ်ပယ် အဆင့်(3) ဆေးလုံးများက ဤဆေးလုံးထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပေသည်။

သို့သော် ရှောင်ရူယန်က ထိုစကားများကိုကြားသော် ချောင်းတဟွတ်ဟွတ်ဆိုးပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။

"ဆရာဂျိ… ရှင်က ဘယ်သူ့ဆီမှာ ပညာသင်ကြားခဲ့တာလဲဆိုတာ ရူယန်ကို

ပြောပြပေးနိုင်မလား.…." ရှောင်ရူယန်က စိတ်ဓာတ်ကျစွာဖြင့် မေးမြန်းလိုက်သည်။

"ဟီးဟီး… ကျွန်တော့်ရဲ့ဆရာက ကျေးလက်တောရွာက လူတစ်ယောက်ပါ… မိန်းကလေးရူယန်က ဒီနာမည်ကို အရင်ကမကြားဖူးဘူးဆိုတာ

သေချာပါတယ်…ပြီးတော့ ကျွန်တော်ထွက်လာတဲ့

အချိန်မှာ ဆရာက သူ့နာမည်ကို အသုံးမပြုဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်လို့ပါ….."

ယီယွမ်က နောက်ထပ်ဆရာတစ်ယောက် ထပ်ထည့်လိုက်ရပေ၏။ ဤအကွက်က အကောင်းဆုံးဖြစ်သည်။ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက အလွန်ကြီးမား၏။ ရှောင်ရူယန်က သူ၏ဆရာကို မည်သို့ရှာဖွေနိုင်မည်နည်း။

သို့သော် ရှောင်ရူယန်က အလွယ်တကူ လှည့်စား၍ရသော လူတစ်ယောက်မဟုတ်ပေ။ သူမက နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းလိုက်သည်။ "ရှင်က မပြောချင်ဘူးဆိုမှတော့ ကျွန်မကရှင့်ကို အတင်းအကြပ် ဖိအားမပေးတော့ပါဘူး… ဒါပေမဲ့ ရှင်က ထုံမိသားစုကနေ စေလွှတ်လိုက်တဲ့

လူတစ်ယောက်

မဟုတ်ဘူးဆိုတာကို ကျွန်မယုံကြည်အောင် ဘယ်လိုသက်သေပြမလဲ….."

"ဒီဟာက… ငါ့မှာတကယ်ပဲ သက်သေပြစရာ နည်းလမ်းမရှိပါဘူး….." ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုခဲ့၏။

"အဲဒါဆိုရင် ဒီနေရာဆီကို ထုံမိသားစုက ရှင့်ကို လွှတ်လိုက်တာက ဖြစ်နိုင်တယ်ပေါ့….." ရှောင်ရူယန်က ယီယွမ်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး သူကလိမ်လည်နေခြင်း ရှိမရှိကို သိချင်နေခဲ့ပေသည်။

ယီယွမ်က တည်ငြိမ်သောအကြည့်နှင့် ပြုံး၍ပြောလိုက်၏။ "တကယ်လို့ ထုံမိသားစုက တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျွန်တော်လို ထူးချွန်သူတစ်ယောက်ကို စေလွှတ်လိုက်တဲ့အထိ မိုက်မဲကြလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်… စောစောလေးက ခင်ဗျားတို့ စုဆောင်းလိုက်တဲ့ လူသစ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့က ခင်ဗျားတို့ကို အနိုင်ယူဖို့ဆိုတာ သူတို့ရဲ့လက်ကို မှောက်လိုက်သလိုပဲ လွယ်ကူတယ်မဟုတ်လား….."

"အာ….." ရှောင်ရူယန်က ပြောစရာစကားမရှိတော့သလို ဖြစ်သွားခဲ့သည်။

ဟုတ်ပေ၏။ ထုံမိသားစုက ယခုအချိန်တွင် မည်သည့်အရာမှ ပြုလုပ်ရန်မလိုအပ်ဘဲ မဟာဆေးလုံးအစည်းအဝေး၌ အနိုင်ယူနိုင်မည်မှာ သေချာနေခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် ယီယွမ်ကို သူလျှိုတစ်ယောက်အဖြစ် စေလွှတ်ခြင်းမှာ မလိုလားအပ်သော အရာတစ်ခုသာ ဖြစ်ပေ၏။

ကျောက်စိမ်းနဂါး နှလုံးငြိမ်ဆေးလုံးကို အလွန်လွယ်ကူစွာ ဖော်စပ်နိုင်သော မှော်ဆေးပညာရှင် တစ်ယောက်က သာမန် မှော်ဆေးပညာရှင်ကောင်း အချို့နှင့် တူညီခြင်းမရှိပေ။

ဤအချိန်တွင် တာဝန်ခံထုံက ရှောင်ရူယန်အနားသို့ ကပ်လာပြီး ပြောဆိုခဲ့သည်။ "ဒုတိယသခင်မလေး… အဲဒါက သဘာဝကျပါတယ်… ပြီးတော့ မဟာဆေးလုံးအစည်းအဝေး ကျင်းပဖို့က သုံးရက်ပဲ လိုတော့တယ်… ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး… တကယ်လို့ သူက သူလျှိုတစ်ယောက် ဖြစ်နေခဲ့ရင်တောင် ကျွန်တော်တို့က သူ့ကိုအသုံးပြုဖို့ပဲ တတ်နိုင်တော့မှာပါ….."

ရှောင်ရူယန်က သက်ပြင်းချပြီး ကြည်လင်ချိုသာစွာဖြင့် အရိုအသေပေးကာ ပြောလိုက်၏။ "ကောင်းပါပြီ ဆရာဂျိ… ဒီနေ့ကစပြီးတော့ ရှင်က ရှောင်မိသားစုရဲ့ ဧည့်အကျိုးဆောင် ဖြစ်သွားပါပြီ… ဒီပြိုင်ပွဲမှာ ကျွန်မတို့ရှောင်မိသားစု

အနိုင်ရရှိဖို့ ဆရာဂျိက အစွမ်းကုန်ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်… ဆရာဂျိက ပြိုင်ပွဲတစ်ပွဲ အနိုင်ရပြီဆိုတာနဲ့ ကျွန်မတို့ ရှောင်မိသားစုက ဘယ်လိုတန်ဖိုးမျိုးမဆို ပေးအပ်ဖို့ဆန္ဒရှိပါတယ်….."

"တကယ်ကြီးလား… ဘယ်လိုတန်ဖိုးမျိုးမဆို ဆိုတဲ့အထဲမှာ မိန်းကလေးရူယန်ကော ပါလားမသိဘူး….." ယီယွမ်၏ မျက်ခုံးများက မြင့်တက်သွားခဲ့သည်။

ထိုစကားများ ထွက်လာသည်နှင့် သတ်ဖြတ်လိုစိတ်နှစ်ခုက ချက်ချင်းပင် ယီယွမ်အပေါ်သို့ ကျရောက်လာခဲ့၏။

ယီယွမ်က အလျင်အမြန်ပင် ပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်သည်။ "ဟားဟားဟား… ဟာသလုပ်လိုက်တာပါ… ဟာသလုပ်လိုက်ရုံလေးပါ… ဒီကိစ္စကို စိတ်ထဲထည့်မထားပါနဲ့ မိန်းကလေးရူယန်….."

"ဟွန့်… ဒီလိုဟာသမျိုးကို မင်းရဲ့အသက်လေး မဆုံးရှုံးချင်ရင် နောက်တစ်ခါ မပြောတာ ပိုကောင်းမယ်နော်… ကျွန်မမှာ လုပ်စရာကိစ္စလေးတွေ ရှိနေလို့ ရှောင်မိသားစုကို အရင်ဆုံး ပြန်သွားလိုက်မယ်… ဆရာဂျိရဲ့ ကိစ္စတွေကိုတော့ တာဝန်ခံထုံက စီစဉ်ပေးလိုက်ပါ….." ထို့နောက် ရှောင်ရူယန်က နောက်သို့တစ်ချက်မှ လှည့်မကြည့်ခဲ့ဘဲ ထွက်ခွာသွားခဲ့၏။

ယီယွမ်က အလိုအလျောက်ပင် သူ၏လျှာကို ကိုက်လိုက်မိခဲ့သည်။ ဤသို့သောဟာသမျိုးကို အမျိုးသမီးများနှင့် ပြောဆိုခြင်းက အမှန်တကယ်ပင် ဆိုးဝါးသောအခြေအနေ တစ်ခုသို့ ရောက်ရှိသွားစေ၏။

တာဝန်ခံထုံက အခြေအနေကိုမြင်ပြီးနောက် ယီယွမ်ကို လက်ညိုးထိုး၍ ပြောဆိုလိုက်သည်။ "ဝိုး… မင်းကဘယ်လိုဟာသမျိုး လုပ်ဆောင်လိုက်တာလဲ… မင်းကဘာလို့ ဒုတိယသခင်မလေးကို

ဟာသလုပ်လိုက်တာတုန်း… သူမက မင်းကိုနေရာမှာတင် မသတ်ပစ်ခဲ့တာက ကံကောင်းတယ်လို့ သတ်မှတ်ရလိမ့်မယ်….."

ယီယွမ်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးလိုက်မိပြီး သိချင်စိတ်အပြည့်ဖြင့် မေးမြန်းခဲ့၏။ "အို... ဟုတ်သားပဲ… မိန်းကလေး ရှောင်ရူယန်က ကြင်ယာတော်ရှာဖွေဖို့ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပတာ မဟုတ်ဘူးလား… အဲဒါက ဘယ်လို

အကြောင်းကြောင့်လဲ….."

တာဝန်ခံထုံက သက်ပြင်းကိုလေးပင်စွာချ၍ ပြောလိုက်သည်။ "ဟူး… ဒုတိယသခင်မလေး… သူမက ခါးသီးတဲ့ဘဝကို ပိုင်ဆိုင်ထားရတယ်… ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကလည်း ရှောင်မိသားစုက ကူရာကယ်ရာမဲ့နေတဲ့ အခြေအနေကြောင့် ကျင်းပရတာပါ… အမှန်တကယ်တော့ ဒီမြို့တော်အတွင်းမှာ ဟောင်မိသားစုနဲ့ ထုံမိသားစုတို့ နှစ်ခုတည်းကပဲ ဒုတိယသခင်မလေးရဲ့ အလှအပကို ငမ်းငမ်းတက်လိုချင်နေကြတာ မဟုတ်ဘူး….."

ယီယွမ်က ရှောင်မိသားစု၏ ဧည့်အကျိုးဆောင်ဖြစ်လာခဲ့၍ တာဝန်ခံထုံက သူ့ကို ဖုံးကွယ်ထားစရာ အများကြီးမရှိခဲ့ပေ။ သူက ရှောင်မိသားစု၏ ကိစ္စများကို ယီယွမ်အား အတိုချုပ်ရှင်းပြခဲ့၏။

ယီယွမ်က ထိုအကြောင်းများကို ကြားလိုက်ရချိန်တွင် စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။

ဒုတိယတန်းစား မိသားစုများဖြစ်ကြ၍ ရှောင်မိသားစုနှင့် ထုံမိသားစု၏ အင်အားများက အမြဲတမ်း တူညီနေခဲ့၏။ ထိုမျှများပြားသော နှစ်များစွာအတွင်း ကျင်းပခဲ့သော မဟာဆေးလုံးအစည်းအဝေး များစွာ၌ နှစ်ဖက်စလုံးက အနိုင်အရှုံးများ ရှိခဲ့ကြပေသည်။

သို့သော် ဤမျှတနေသော အခြေအနေက လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်တွင် လုံးဝပျက်စီးသွားခဲ့ရ၏။

လွန်ခဲ့သောနှစ်ပေါင်း၃၀က ထုံမိသားစု၏ မှော်ဆေးပညာလမ်း အင်အားက ရုတ်တရက်ကြီး မြင့်တက်သွားခဲ့သည်။ ဂျူနီယာမျိုးဆက်များအပြင် ၎င်းတို့၏ ဆက်ခံသူများအထိပါ ထိပ်တန်းဂျီးနီးယပ်များ အများအပြား ထွက်ပေါ်လာခဲ့ပြီး မဟာဆေးလုံးအစည်းအဝေး များကိုတစ်ဆက်တည်း အနိုင်ရသွားခဲ့၏။

စီမံခန့်ခွဲမှုအရ ရှောင်မိသားစုက ရှုံးနိမ့်ခဲ့ပြီးနောက် ဆေးလုံးဈေးကွက် ဝေစု ၅၀ရာခိုင်နှုန်းကျော်ကို လက်လွှဲပေးအပ်လိုက်ရသည်။

ဤမဟာဆေးလုံး

အစည်းအဝေးက ဆေးလုံးဈေးကွက်တွင် ထုံမိသားစုနှင့် ရှောင်မိသားစုတို့က ဝေစုမည်မျှရရှိမည်ကို ခွဲခြမ်းရယူသော နေရာဖြစ်၏။ အနိုင်ရရှိသူက ဆေးလုံးဈေးကွက်၏ ဝေစု ၇၀ရာခိုင်နှုန်းကို ရရှိကြပြီး ရှုံးနိမ့်သူက ဝေစု၂၀ရာခိုင်နှုန်းသာ ရရှိပေသည်။ ကျန်ဝေစု၁၀ရာခိုင်နှုန်းမူကား အခြားသေးငယ်သော အင်အားစုများကို ခွဲဝေပေးကြပေ၏။

ဤနှစ်ပေါင်းများစွာအတွင်း မိသားစုနှစ်ခုက အင်အားအမြဲတူညီနေလေ့ ရှိပေသည်။ တစ်ဖက်က ရှုံးနိမ့်သွားချိန်တွင် သူတို့က ပြန်လည်အနိုင်ယူရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို တွေးတောနိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ဆယ်နှစ်တိုင်း ဆယ်နှစ်တိုင်းတွင် ပထမနေရာက တစ်လှည့်စီ

ပြောင်းလဲနေခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်ကစ၍ ရှောင်မိသားစုက တစ်ပွဲမှ အနိုင်ရရှိခြင်း မရှိတော့ဘဲ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရ၏။

ဤနှစ်ပြိုင်ပွဲက စတုတ္ထအကြိမ်မြောက် ဖြစ်သည်။ အကယ်၍ ရှောင်မိသားစုက နောက်တစ်ကြိမ် ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင် သူတို့က ပုံမှန်အားဖြင့် ဆေးလုံးဈေးကွက်မှ ဆုတ်ခွာခြင်းကို စီမံရတော့မည် ဖြစ်၏။

ရှောင်မိသားစုက ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်ကို လက်ခံနိုင်သည်မှာ သိသာလှပေသည်။ ဤဆယ်နှစ်တာ ကာလအတွင်း သူတို့က အရင်းအမြစ်အားလုံးကို ရှောင်ရူဖုန်းနှင့် ရှောင်ရူယန်တို့အပေါ် စုပြုံအသုံးပြုခဲ့ကြ၏။

ဤလူနှစ်ယောက်က သူတို့ကို စိတ်မပျက်စေခဲ့ပေ။ အထူးသဖြင့် ရှောင်ရူယန်က အသက်ငယ်ငယ်လေးဖြင့် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပေသည်။

သို့သော် သဘာဝတရားကြီး၌ မမြင်တွေ့နိုင်သောမုန်တိုင်းများ ရှိနေတတ်၏။ မကြာသေးမီအချိန်တွင် ရှောင်ရူဖုန်းက တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်သွားခဲ့ပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အဆင့်သို့ တက်ရောက်ပြီး မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်သို့ ရောက်ရှိစေရန် ကြိုးစားခဲ့ရာ၌ သူ၏အဆင့်တက်ရောက်ရန် ကြိုးစားမှုက ကျရှုံးသွားခဲ့ပြီး သူကတန်ပြန်ဒဏ်တစ်ခု ခံစားခဲ့ရသည်။

ယခု ရှောင်ရူဖုန်းက ပြင်းထန်သောဒဏ်ရာများဖြင့် အိပ်ရာထဲလဲနေခဲ့ပြီး နောက်သုံးရက်အကြာတွင် ကျင်းပမည့် မဟာဆေးလုံးအစည်းအဝေး အတွက် ပြန်လည်ကျန်းမာလာခြင်း မရှိခဲ့ပေ။

ထိုပါရမီရှင်တို့၏ ဆန္ဒကိုဆန့်ကျင်ပြီး ရှောင်မိသားစုက ချိုးကျစ်နှင့် အခြားလူများကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့ပေ၏။

မဟာဆေးလုံးအစည်းအဝေး၌ ဖော်စပ်ရသည့်ဆေးလုံးများမှာ ပုံမှန်အားဖြင့် ကျောက်စိမ်းနဂါး နှလုံးငြိမ်ဆေးလုံး၏ ခက်ခဲမှုအဆင့်၌သာ ရှိနေကြသည်။ ချိုးကျစ်နှင့် အခြားသူများက ပြင်ဆင်ပေးထားသော ဆေးလုံးကနဦးအဆင့်များဖြင့် ဖော်စပ်ရသည့်တိုင် မအောင်မြင်ခဲ့ပေ။ မဟာဆေးလုံးအစည်းအဝေး၌ သူတို့ကို မရှိသုံးအဖြစ်သာ အသုံးပြုရပေလိမ့်မည်။

စောစောလေးကအချိန်တွင်

ရှောင်ရူယန်ကလည်း ကန့်လန့်ကာ၏နောက်ကွယ်မှ မျှော်လင့်ချက်ကုန်ဆုံးနေခဲ့၏။ ယီယွမ် ပေါ်ပေါက်လာမှုက သူမ၏မျက်လုံးများကို ဝင်းလက်သွားစေမည်ဟု မည်သူက မျှော်လင့်ထားခဲ့မည်နည်း။

ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲအတွက်မူ ထိုအရာကလည်း ရှောင်မိသားစု၏ အင်အားက နိမ့်ကျနေသောကြောင့် ဖြစ်သည်။ ရှောင်မိသားစုက လက်ထပ်ပေါင်းစည်းခြင်းဖြင့် သူတို့၏အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ပေ၏။

အကယ်၍ ရှောင်မိသားစုက မဟာဆေးလုံးအစည်းအဝေး၌ အမှန်တကယ် ရှုံးနိမ့်ခဲ့မည်ဆိုလျှင်ပင် သူတို့ကိုယ်တိုင် ပြန်လည်တိုးတက်ရန်အတွက် နည်းလမ်းရှာဖွေကြမည်သာ

ဖြစ်သည်။

သို့သော်လည်း ရှောင်မိသားစုက ဟောင်မိသားစုနှင့် ရွှယ်မိသားစုတို့ထဲမှ မိသားစုတစ်ခုခုကို ဆန့်ကျင်ခြင်းမပြုရဲပေ။ ထို့ကြောင့် သူတို့က ဤသို့ ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကျင်းပသည့် နည်းလမ်းဖြင့် ရှောင်ရူယန်က မည်သူနှင့်သက်ဆိုင်သည်ကို ဆုံးဖြတ်ရန်အတွက် အသုံးပြုလိုက်ရန်သာ တတ်နိုင်ခဲ့ပေ၏။

ထို့ကြောင့် ပြောရမည်ဆိုလျှင် ရှောင်ရူယန်က သနားစရာကောင်းသည့် လူတစ်ယောက်ဖြစ်သည်။

ယီယွမ်ကလည်း ရှောင်မိသားစု၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် သက်ပြင်းများ အခါခါချနေခဲ့၏။

"ဒါကြောင့် ဆရာဂျိက ဘယ်နေရာကနေ ရောက်လာခဲ့တာပဲဖြစ်နေပါစေ ကျေးဇူးပြုပြီးတော့ အစွမ်းကုန်ထုတ်ကြိုးစားပြီး ရှောင်မိသားစုကို ပြိုင်ပွဲမှာအနိုင်ရဖို့ ကူညီပေးပါနော်… ဒီအဖိုးကြီးက အမြဲတမ်း ကျေးဇူးတင်နေမှာပါ….." တာဝန်ခံထုံက ယီယွမ်ကို ရိုသေစွာဖြင့် ဂါရဝပြုရင်း ပြောဆိုလိုက်သည်။

ယီယွမ်က အလျင်အမြန်ပင် သူ့အားတွဲ၍ ထူမလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ "အဲဒါက မဟာဆေးလုံးအစည်းအဝေး တစ်ခု မဟုတ်လား… ကိတ်ခွဲသလိုပါပဲ… ပြိုင်ပွဲတစ်ပွဲကို အသားထားလိုက်ဦး… သုံးပွဲဆိုရင်တောင် ပြဿနာမရှိဘူး… အာ...ဟုတ်သားပဲ… ကျွန်တော်က တစ်ယောက်တည်းနဲ့ ပြိုင်ပွဲသုံးခု ဆင်နွှဲလို့ရလား… ဒီနည်းနဲ့ဆိုရင် ထုံမိသားစုက သေချာပေါက် ရှုံးနိမ့်သွားမှာပဲ….."

တာဝန်ခံထုံက ကပျာကယာ ပြောခဲ့သည်။ "အဲဒီလိုကိစ္စမျိုး ခွင့်မပြုထားဘူး… ဒီမဟာဆေးလုံးအစည်းအဝေး ကျင်းပတဲ့ရည်ရွယ်ချက်က မိသားစုနှစ်ခုရဲ့ ဂျူနီယာတွေ စွမ်းအားချင်း ပြိုင်ဆိုင်ကြတာပဲ… လူတစ်ယောက်တည်းနဲ့ သုံးယောက်ကို ပြိုင်ဆိုင်တာ သူတို့က ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးမှာလဲ….."

"အဲဒီလိုမျိုးလား… ဒါဆိုရင်တော့ တော်တော်ဆိုးရွားသွားပြီ… သူတို့က ကံကောင်းသွားခဲ့တယ်လို့ ယူဆရမှာပဲ….." ယီယွမ်က နောင်တတရားများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောဆိုလိုက်၏။

မှော်ဆေးပညာအကြောင်း ပြောရမည်ဆိုလျှင် ယီယွမ်က အမြဲတမ်း ပျော်ရွှင်နေခဲ့သည်။ ပြိုင်ပွဲသုံးပွဲကို အသာထား၍ ပြိင်ပွဲပေါင်း ၃၀ဆိုလျှင်ပင် သူ၏စိတ်က ပြဿနာမရှိပေ။

Chapter 5 is coming…..

Continue Reading

You'll Also Like

19K 3.1K 42
ဘာသာပြန်သူ - စွဲညို့အသင်း
171K 20.3K 64
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
609K 84.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ