~ၿငိဳး.....~

By AYaungMae

489K 23.1K 636

Seme က Uke ကို ဘယ်​​လောက်​ချစ်​သလဲ? ငုံထားမတတ်​ချစ်​ပါတယ်​။ 😁😁😁 ကိုယ့်​အကြိုက်​ angst ​တွေ drama ​တွေ​ရေြး... More

introduction
episode 1
episode 2
episode 3
episode 4
episode 5
episode 6
episode 7
episode 8
episode 9
episode 11
episode 10
episode 13
episode 14
episode 12
episode 15
episode 16
episode 17
episode 18
episode 19
episode 20
episode 21
episode 22
episode 23 final
special episode
sequel 1
introduction unicode
episode 1 unicode
episode 2 unicode
episode 3 unicode
episode 4 unicode
episode 5 unicode
episode 6 unicode
episode 7 unicode
episode 8 unicode
episode 9 unicode
episode 11 unicode
episode 12 unicode
episode 13 unicode
episode 14 unicode
episode 15 unicode
episode 16 unicode
episode 17 unicodr
episode 18 unicode
episode 19 unicode
episode 20 unicode
episode 21 unicode
episode 22 unicode
episode 23 unicode end up

episode 10 unicode

5.2K 258 6
By AYaungMae

ငြိုး.....(episode 10)
------------------
သူမရှိသော အခါဝယ်
------------------

ဘော်လီဘောပြိုင်ပွဲတွင် ဥက္ကာတို့မေဂျာ ဗိုလ္လုပြဲသို့တက်ရသည်။ ဗိုလ်လုပွဲတွင် အောင်အောင်တို့မေဂျာနှင့်ဆုံ၏။

ပြဲစခါနီးထိ သက်ပိုင်ပေါ်မလာသေး။ ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းလည်း ဥက္ကာမသိ။ မနက်ထဲက မဆုံရသေးသည်ဖြစ်၍ ဥက္ကာရင်ထဲ စိုးတစ်ထိတ်ထိတ်ဖြင့် လွန့်လွန့်လူးနေပါသည်။
နွေးနွေးဆီဖုန်းဆက်ကြည့်တော့လည်း အတူမရှိဟုသာသိရသည်။ ဘယ်ဆီတွေရောက်နေမှန်း ရေရေရာရာအဖြေကိုမကြားရ။ ဖုန်းခေါ်တော့လည်း စက်ပိတ်ထားသည်။

အတန်ကြာ စိတ်တွေရောက်ရက်ခက်နေရာမှ မလှမ်းမကမ်းက ကတိုက်ကရိုက်ပြေးလာသော သက်ပိုင်ကိုမြင်မွ ဥက္ကာသက်ပြင်းကိုဒုန်းဒုန်းခ်မိတော့သည်။ သက်ပိုင်သည် အလျင်တစ်ခါ ဥက္ကာပေးထားသော ဂ်ာစီလေးကိုဝတ်ရင်း သုတ်သုတ်ပြေးလာ၏။

"သက်ပိုင်ရယ်....ဘယ်တွေပျောက်နေတာလဲ၊ ကိုယ်စိတ်ပူလို့ရူးတော့မယ် သိလား......"

"ဆိုင်ကယ် ဘီးပေါက်နေလို့ သြားဖာတာ....၊ ဆောရီး ကိုဥက္ကာရယ်...."

"ရော့ရော့ ဂျာစီမြန်မြန်လဲ....."

ဥက္ကာသည် ပြောပြောဆိုဆိုဖြင့် လက်ထဲကိုင်ထားသော ဂျာစီတစ်ထည်ကို သက်ပိုင်အားထိုးပေးလိုက်သည်။ နောက်တစ်ထည်ကိုတော့ သူဝတ်ဖို့အတွက်အိတ်ထဲမွ ထုတ်လိုက်သည်။ အလျင်ဂျာစီမဟုတ်။ ဒီတစ်ခါက အဖြူရောင် ဂျာစီစွတ်ကျယ်ချိုင်းပြတ်ဖြစ်သည်။ တအံ့တသြဖြင့် ဘေးနားက သူတွေကိုကြည့်လိုက်တော့ အနက်ရောင်ဂျာစီနဲ့။

"ဘာလို့လဲ..."

"အာ ဖိုင်နယ်လ်အတွက်က သီးသန့်လေ...လုပ်လုပ်မြန်မြန်လဲ၊ ဒီမွာပဲ လဲမလား....."

ပြောပြောဆိုဆိုဖြင့် ဥက္ကာသည် ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။ လူအတော်များများကြား သက်ပိုင် အကျႌချွတ်လဲ၍မဖြစ်။

"မဖြစ်သေးပါဘူး....သြားသြား...ဒီမှာမလဲနဲ့ တစ်ခြားနေရာသွားလဲ...."

ကိုင်ထားသော ဂျာစီကိုထုတ်၍ ဖြန့်ကြည့်လိုက်သည့်အခါ သက်ပို်င် မျက်လုံးပြူးသွားရသည်။ ဘော်လီဘောဂျာစီတဲ့။ ဒါဘော်လီဘောဂျာစီမှ မဟုတ်တာ။ အဖြူရောင် စွတ်ကျယ်ချိုင်းပြတ်၏ ရှေ့တွင် ဥက္ကာက သူ့ရင်ဘက်တွင် ထိုးထားသော တက်တူးကို ဓာတ်ပုံရိုက်၍ လေးထောင့်က်က် ဓာတ်ပုံစတစ်ကာလေးကပ်ထားခြင်းဖြစ်သည်။ သက်ပိုင်လက်ထဲကိုင်ထားသည့် ဂ်ာစီပေါ်တွင်က ဥက္ကာ၏ညာရင်အုံပေါ်တွင်ထိုးထားသော အို ကေ အက်စ် အမ် ဆိုသည့် စာလုံးလေးဖြစ်သည်။

ဖြတ်ခနဲဆို ဥက္ကာလက်ထဲရှိ ဂ်ာစီကို သက်ပိုင်ကလှန်ကြည့်လိုက်သည်။ ဥက္ကာဝတ်မည့် ဂ်ာစီပေါ်တွင်က ဘယ်ဘက်ရင်အုံပေါ်ရှိ တီ ပီ အယ်လ် ဆိုသည့် ဓာတ်ပုံစတစ်ကာလေးဖြစ်သည်။ ဒီလူ ဘာတွေ လျှောက်လုပ်ခဲ့ပြန်ပါလိမ့်....။

"ကိုဥက္ကာ ဒါက ဂျာစီမှမဟုတ်တာ ဘာကြီးလဲ....."

ဥက္ကာက ဂျာစီကိုအလျင်အမြန်ဝတ်ရင်း စပ်ဖြီးဖြီးလေး ပြုံးကာပြန်ပြောသည်။

"အားဆေးလေ....လုပ်ပါ မြန်မြန်သြားလဲချည်...."

"ဒီဂ်ာစီပဲဝတ်မယ်လေ ကိုဥက္ကာရယ်၊ ဒါကြီးမဝတ်ရဲဘူး....."

"အာ...သက်ပိုင်ကလည်းကြာ...ဝတ်ပေးပါနော်...ဒီတစ်ရက်ထဲဝတ်ရတာကို..သြားသြား မြန်မြန်သွားလဲလိုက်...ပြီးရင်ပြန်လာနော်...ရေခဲပုံးကို ဒီမှာထားခဲ့မယ်....."

ဥက္ကာသည် ဘော်လီဘောကွင်းထဲပြေးဝင်သြား၏။ သက်ပိုင်လည်း အတွေးတွေဝေဝေဝါးဝါးဖြင့် အဝတ်လဲ၍ရမည့် အိမ်သာဘက်သို့ထွက်လာခဲ့လိုက်သည်။ သို့ရာတွင် သူ့စိတ်ကမပြတ်သား။ ဥက္ကာ ဘယ်လိုပင်တောင်းဆိုဆို၊ ဒီနေ့ဟာ ဘယ်လိုပင် ဖိုင်နယ်လ်ပြဲ ဖြစ်နေပါစေ ဒီပုံစံကြီးဝတ်ပြီး လူကြားထဲဝင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါ။ သူရှက်လှသည်။

ဗိုလ်လုပွဲဖြစ်၍ ငါးပွဲပုတ်ရမည်ဖြစ်သည်။ ပထမပွဲစသည်နှင့် ဥက္ကာတို့ဘက်မွ ငါးမှတ်ဖြင့် ဦးဆောင်နေသည်။ ဥက္ကာသည် ကစားလည်းကစားရင်း သက်ပိုင်ပြန်အရောက်ကိုအကဲခတ်၍လည်းကြည့်သည်။ ရေခဲပုံးက ထားရာနေရာတွင် ဒီအတိုင်းသာရှိနေသည်။ အားပေးသူများထဲလည်း သက်ပိုင်ကိုမမြင်။ အသံကိုလည်း တစ်စွန်းတစ်စမျှမကြားရပေ။ ကစားနေရင်းမွ ဥက္ကာစိတ်မ်ား နွမ်းလာသည်။ ခေတ္တဘရိတ်ပေးချိန်တွင် တစ်ဖက် ဆယ်မှတ်စီဖြင့် အမှတ်ညီနေပါသည်။

ကွင်းပတ်ပတ်လည်တွင် သက်ပိုင်ကို ဥက္ကာရှာကြည့်သည်။ မတွေ့။ ဘယ်တွေများ ရောက်နေပြန်ပြီလည်းကွယ်။

ထိုအချိန်တွင်...နွေးနွေးက ဥက္ကာအနားရောက်လာသည်။

"ကိုဥက္ကာ ရိုက်ချက်တွေပျော့နေသလိုပဲ၊ သက်ပိုင်ရော...."

"မသိဘူး....သူ့ကိုရှာပေးပါဦးကွာ၊ ဂျာစီလဲမယ်ဆိုပြီးထွက်သြားတာ ပြန်မလာသေးဘူး....."

ပြောပြီးသည်နှင့် ပွဲပြန်စ၍ ဥက္ကာလည်း ကွင်းထဲပြန်ဝင်လာသည်။ သို့ရာတွင် သက်ပိုင်က မရောက်လာသေး။ ကစားရသည်ကို ဥက္ကာစိတ်မပါသလိုဖြစ်လာသည်။ နုန်းချိလာသလိုခံစားရသည်။ ရင်တွင်း၌ အပူမီးတွေကလည်း တစ်ဖြည်းဖြည်းတောက်လောင်နေပါပြီ။

ပထမဆုံးပွဲတွင် ၂၅မှတ် ၁၅မှတ်ဖြင့် ဥက္ကာတို့ဘက်မှရှုံးသည်။

"ဥက္ကာ ဒီနေ့ဘယ်လိုဖြစ်နေတာလဲ...."

အသင်းသားတစ်ယောက်က မေးခြင်းကိုပင် စောင်းစောင်းငဲ့ငဲ့တစ်ချက်ကြည့်ပြီးနောက် ဘာမှပြန်မဖြေပဲ ရေခဲပုံးရှိရာသို့ ဥက္ကာလျှောက်လာခဲ့သည်။ ဒီနေ့မှ ယခင်အခါများထက် ပိုမောနေသလိုပင်။ ရင်တစ်ခုလုံးလည်း ဟက်၍နေသည်။ ရေခဲပုံးကိုဖွင့်၍ ရေဘူးကိုလှမ်းယူမည်အပြု ဥက္ကာအတွေးထဲ သက်ပိုင်ကိုမြင်မိသည်။ မျက်လုံးလေးကလယ်ကလယ်ဖြင့် ကမ်းပေးမည့် အအေးဘူးကိုသာ သောက်ချင်နေမိသည်။ ဘယ်ဆီတွေလျှောက်သြားနေပြန်ပြီလဲ ကောင်ဆိုးလေးရယ်။ ကိုယ့်ရင်တွေပူလိုက်တာ။

ရေဘူးကိုယူရန် ရွယ်ထားသောလက်ကိုပြန်ရုတ်လိုက်သည်။

ဗြုန်းခနဲဆို ရေခဲပုံးကိုပြန်ပိတ်လိုက်၏။

"ကိုဥက္ကာ သက်ပိုင်ကိုရှာမတွေ့ဘူး...၊ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်တဲ့..."

နွေးနွေးသည် အမောတကော ပြာရိပြာရာဖြင့် ဥက္ကာအနားပြန်ရောက်လာသည်။

ဥက္ကာမျက်နှာပေါ်တွင် အဆွေးရိပ်မ်ား ပ်ံဝဲနေပြီး ငိုသံသဲ့သဲ့ဖြင့် ငြီးငြီးငြူငြူလေးပြောရှာသည်။

"သူမရှိရင် မဖြစ်ဘူးဆိုတာ သိသိကြီးနဲ့ကွာ...."

နွေးနွေးလည်း ဘာလုပ်ရမှန်းမသိပဲ ဘယ်ဆီရှာရမှန်း စဉ်းစားနေစဉ် တစ်ခုကိုသတိရမိသည်။ နီလာ မျိုးကို မြှောက်ပေးလိုက်သောစကား။ ဒီနေ့ကစားသည်က မျိုးတို့မေဂျာနှင့်ပင်။ ဒီတစ်ချက်ကို စဉ်းစားဖို့ သူမ မေ့သွားသည်။

"မျိုး...."

ခပ်ယောင်ယောင်လေးရေရွတ်ရင်း တစ်ဖက်အသင်းအနားယူသည့်နေရာမှ မျိုးဝတ်မှုံကိုရှာသည်။ တွေ့သည်နှင့် အလောတကြီးဖြင့် မာန်မဲပစ်လိုက်သည်။

"ဟဲ့မျိုး....နင်မညစ်ပတ်နဲ့နော်...ကလေးဘယ်မွာလဲ...."

မျိုးသည် ကြောင်လည်လည်ဖြင့် နွေးနွေးကိုသာကြည့်နေသည်။ နွေးနွေးပြောသည့် စကားကို သူမသဘောမပေါက်။

"ဘာတွေကြောင်ကြည့်နေတာလဲ....နင်ကလေးကိုဖွက်ထားတယ် မို့လား......"

"ဟမ်...ဟဲ့နွေးနွေး ဘာတွေလာပြောနေတာလဲ၊ ငါမသိဘူးလေ၊ ဒီနေ့တစ်နေ့လုံး ကလေးနဲ့တောင်မဆုံဖြစ်တာကို...."

"နင်မလိမ်နဲ့ဟာ......"

"တကယ်ပြောတာ....."

နွေးနွေးလည်း စိတ်ပျက်စွာဖြင့် အနီးအနားက အဆောင်တွေဘက် ထွက်လာခဲ့လိုက်သည်။

ဒုတိယပွဲစသည်အထိ သက်ပိုင်သည်ရောက်မလာသေးပါ။ ဒုတိယပွဲတွင်လည်း ဥက္ကာတို့ဘက်မှရှုံးသည်။ ဒီတစ်ခါတော့ နှစ်ဆယ့်ငါးမှတ်၊ ရှစ်မှတ်ဖြင့် အပြတ်အသတ်ကိုပင်ရှူးလေသည်။ ဥက္ကာ၏ ရိုက်ချက်များသည်လည်း ပိုက်သာတိုးနေ၍ ထိန်းသော ဘောများသည်လည်း ချော၍သာထွက်နေသည်။ ဥက္ကာ စိတ်နှင့်လူ မကပ်တော့။

ဥက္ကာသည် ကွင်းအပြင်တွင် တစ်ယောက်တည်း ဒူးကိုထောင်လျက် လက်တင်ပြီး စိတ်ပျက်လက်ပျက်ထိုင်နေမိသည်။ ဥက္ကာ၏အသားများသည် တစ်ဆတ်ဆတ်တုန်ရင်နေသည်အထိ မောဟိုက်နေသည်။ သို့ရာတွင် ရေသောက်ချင်စိတ်လည်းမရှိ။

ထိုအချိန်တွင် ရှေ့သို့ရေသန့်ဘူးတစ်ဘူးဖြတ်ခနဲရောက်လာသည်ကို ဥက္ကာ သတိပြုမိသည်။ ဥက္ကာသည် တစ်ချက်ဝမ်းသာသွားပြီး သက်ပိုင်မ်ားဖြစ်နေမလားဟု အားတက်သရော မော့ကြည့်လိုက်သည်။

"ကိုဥက္ကာ မောနေပြီ၊ ရေသောက်ဦး....ညီမလည်းတော်တော်ရှာတာနှံ့နေပြီ၊ မတွေ့ဘူး...."

ထင်သလိုဖြစ်မလာသည့်အတွက် ဥက္ကာသည် စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းရှည်ရှည်တစ်ချက်ခ်ကာ နွေးနွေး၏လက်ထဲမွ ရေဘူးကိုဆွဲယူပြီး အဝေးသို့လွှင့်ပစ်လိုက်၏။

"မသောက်ချင်ဘူး....."

ဥက္ကာကိုမမှီပေမဲ့ နွေးနွေးလည်း စိတ်မောနေရသည်။

"စိတ်ညစ်တယ် တကယ်ပဲ၊ ဒီလောက်ပြောထားတာကို သက်ပိုင်ကလည်း လုပ်ချလိုက်ပြန်ပြီ၊ ဒီတစ်ပြဲ ဆက်ရှုံးရင်တော့ သွားပြီပဲ၊ ကိုဥက္ကာရယ် ညီမ တွေ့အောင်ရှာပေးမယ်နော်၊ စိတ်ပါလက်ပါကစားပါ...."

ဥက္ကာသည် မောဟိုက်မှုကြောင့် စို့တက်လာသော လည်ချောင်းထဲက သလိပ်မ်ားကို ခပ်ပြင်းပြင်းလေးထွေးထုတ်လိုက်သည်။

"ကစားချင်စိတ်ကိုမရှိတော့တာ...."

"ခနနော်...ညီမအိမ်သာတွေဘက်မရှာရသေးဘူး၊ သွားရှာလိုက်ဦးမယ်....."

ကွင်းနှင့်အနီးဆုံး ယောက််ားလေးအိမ်သာဘက်သို့ နွေးနွေးထွက်လာခဲ့လိုက်သည်။ ယောက််ားလေးအိမ်သာဖြစ်နေ၍ အထဲသို့မဝင်ရဲ။ အပေါက်ဝတွင်သာ ရပ်၍ တစ်ကြော်ကြော်နဲ့လှမ်းခေါ်သည်။

"ကလေး...သက်ပိုင်....အထဲမှာရှိလားဟင်...မမနွေးပါ......"

"........"

"ကလေး....."

"......."

အတွင်းမှအသံမပြု၍ တစ်ခြားအိမ်သာတွေဘက် ထပ်ရှာရန် နွေးနွေးက သွားမည်အပြု အတွင်းမွ သက်ပိုင်၏ ခပ်သဲ့သဲ့အသံကို ကြားလိုက်ရသည်။

"မမနွေး...."

"ကလေး....အမလေး ကလေးရှိနေတာလား၊ ထွက်လာခဲ့ပါဦး...ဟိုမွာ ရှုံးတော့မယ်သိလား....."

သက်ပိုင်သည် ခေါင်းကိုငုံ့လျက် အေးတိအေးစက်ခြေလှမ်းများဖြင့်
ဖြည်းဖြည်းညှင်းညှင်း ထွက်လာ၏။

အိမ်သာအတွင်းမှထွက်လာသော သက်ပိုင်၏အနားသို့နွေးနွေးကတိုးကပ်သည်။

"ကလေးရယ်...ဘာလို့ ဒီထဲမွာလာနေနေတာလဲ...."

သက်ပိုင်က မဝံမရဲလေး ပြန်ပြောသည်။

"ကျွန်တော်....ကျွန်တော်မလာရဲလို့....."

"ဘာလို့လဲ...."

"ဒီမှာကြည့်ဦးလေ...ကိုဥက္ကာပေးတဲ့ဂျာစီကို...."

သက်ပိုင်သည် ဝတ်ထားသော ဂ်ာစီ၏ အောက်အနားကိုကိုင်လျက် ဆွဲဆန့်ပြလေ၏။

"ဟောတော်....ကလေးရယ်၊ ကလေးနဲ့ ကိုဥက္ကာအကြောင်းကို တစ်ကျောင်းလုံးသိနေတာပဲ အစမ်းလုပ်လို့၊ ဘယ်သူဘာပြောလို့လဲ၊ စိတ်ခ် ကလေးကိုချစ်တဲ့သူဟာ ကိုဥက္ကာဖြစ်နေလို့ ဘယ်သူမွဘာမွမပြောရဲဘူး၊ ပတ်ဝန်းကျင်ကိုဂရုစိုက်မနေနဲ့၊ ဘဝမှာကိုယ်ပျော်ဖို့ပဲအရေးကြီးတယ်၊ ဘယ်သူ့မှထိခိုက်အောင်မလုပ်ရင် ပြီးတာပဲဟာ......"

"ဒါပေမဲ့ သူနဲ့ကျွန်တော်က ဘာမှမဟုတ်တာကို...."

"နောက်ဟုတ်လာမွာပဲ၊ ကလေးသူ့ကိုစဉ်းစားပေးနေတာမဟုတ်လား...."

"အာ ဘယ်သူပြောတုန်း၊ သူကျွန်တော့်ကို ဘယ်နခါမ်ား ကောင်းကောင်းမွန်မွန် ချစ်တယ်ပြောဖူးလို့လဲ၊ သူလုပ်ချင်တာတွေလျှောက်လုပ်နေတာ မသိရင် သူနဲ့ကျွန်တော်က ချစ်သူတွေကြနေရော"

"အမလေး နောက်ဖြစ်လာမွာ စိတ်ခ်...၊ သူ့ကိုမမနွေးပြောလိုက်မယ်၊ ကောင်းကောင်းမွန်မွန်နဲ့ပရိုပိုစ့်လုပ်လို့၊ ခုတော့ ခဏလိုက်ခဲ့ပေးနော်....."

"မလိုက်ချင်ဘူး....."

သက်ပိုင်သည် နွေးနွေးကိုမျက်နှာမူနေရာမှ ကိုယ်ကိုတစ်စောင်းလှည့်လိုက်သည်။ နွေးနွေးက ပြာရိပြာရာဖြင့်....

"လိုက်ခဲ့ပေးပါ...၊ ဟိုမွာ ပွဲတိုင်းရှုံးနေတာ၊ ခုတစ်ပွဲထပ်ရံှုးရင် ရှုံးပြီပဲ..."

"သူတို့ဘာသာ ညံ့လို့ဖြစ်မွာပေါ့...."

"ဘာညံ့ရမှာတုန်း ကိုဥက္ကာက ကလေးမရှိလို့ ကွင်းထဲမွာ ကြောင်စီစီကြီးရပ်နေတယ်၊ လာ...လိုက်ခဲ့ပါဆို၊ မမနွေးရှိတယ် မကြောက်နဲ့နော်......"

သက်ပိုင်သည် နွေးနွေးဘက်ပြန်လှည့်လာ၏။ ပြီးနောက် မျက်ဝန်းလေးကိုပင့်ကာကြည့်သည်။

"မမနွေးကြောင့်နော်..."

"အဲ့လိုလုပ်ပါကလေးရယ်၊ မမနွေးဘေးနားနေပေးမယ်၊ ကိုဥက္ကာကိုလည်း ကောင်းကောင်းမွန်မွန် ပရိုပိုစ့်လုပ်ဖို့ပြောပေးမယ်.....ဟုတ်ပြီလား...."

နောက်ဆုံးတော့ နွေးနွေးဖြောင်းဖြရာနောက်သို့ သက်ပိုင်ပြန်လိုက်ခဲ့ရသည်။

တစ်ထီးတည်းကျန်နေခဲ့သည့် ဥက္ကာကတော့ အပျက်ပျက်ဖြင့် နှာခေါင်းသွေးထွက်နေရပြီ။ ဆယ့်ငါးမှတ် ရှစ်မှတ်ဖြင့် တတိယတစ်ပွဲလည်း အောင်အောင်တို့ဘက်မွသာ ဦးဆောင်၍နေသည်။

ဥက္ကာသည် မောပန်းနွမ်းနယ်စွာဖြင့် တစ်ကိုယ်လုံးဟက်နေကာ မျက်လုံးများပင် ပြာဝေ၍နေသည်။ ခြေလက်များကိုပင် သယ်ချင်စိတ်မရှိ။ အတွေးများက သက်ပိုင်ဆီသို့သာ ပျံ့လွင့်နေပြီး အယောင်ယောင်အမွားမွားသာ ဆက်ကစားနေမိသည်။

သက်ပိုင်ဘာကြောင့် မလာရသည်ကို ဥက္ကာစဉ်းစားမရရှိနေသည်။ သက်ပိုင်အားပေးမှုလေးကိုမှ လိုချင်ခဲ့တာ၊ သက်ပိုင်အသံလေးကိုမှ ကြားချင်ခဲ့တာ၊ သက်ပိုင်ကမ်းပေးတဲ့ရေဘူးကိုမှ သောက်ချင်မိခဲ့တာ လွန်များလွန်နေပြီလားကွယ်။ မင်းပေါက်မွ မြောက်မဲ့ လူတစ်ယောက်ရဲ့ အားနည်းချက်ကို မင်းနည်းနည်းမွ မငဲ့ကွက်ဘူးလားဟင်။

ဝီစီသံတစ်ချက်ထွက်လာသည်။ အောင်အောင်တို့ဘက်မွ ဆယ့်ခြောက်မှတ် ဖြစ်သြား၏။

"ဥက္ကာ မင်းဘယ်လိုကစားနေတာလဲ..."

အသင်းသားများကလည်း ဥက္ကာကိုမကျေမလည်ဖြစ်လာကြသည်။

"ငါမကစားချင်တော့ဘူးကွာ...."

"ဟာ ဘယ်ဖြစ်မလဲ၊ မင်းထွက်ရင် ဒီထပ်ပိုဆိုးမွာပေါ့၊ ငါတို့မှာ ဖိုက်တာမှမရှိတာ...."

ထိုအချိန်တွင် ကွင်းပြင်တစ်နေရာမှ ခေါ်သံသဲ့သဲ့ကို ဥက္ကာကြားရလေ၏။ ကြားဖူးနားဝရှိသော်လည်း အမြဲတမ်းနားစိုက်ထောင်ချင်နေသည့် စူးစူးရှရှအသံလေးဖြစ်သည်။

"ကိုဥက္ကာ...."

ဥက္ကာသည် ဝင်းလက်တောက်ပသြားသောမျက်ဝန်းများဖြင့် ကြည့်သည်။ ပေးထားသော ဂ်ာစီလေးကို သေသေသပ်သပ်ဝတ်ထားသော သက်ပိုင်က ရေဘူးကို လက်နှစ်ဖက်ဖြစ်ဆုပ်ကိုင်ရင်း သူ့အား ဝေမှုန်မှုန်ကြည့်နေပါသည်။

အလျင်စလိုပင် ဥက္ကာသည် ခဏဘရိတ်တောင်း၏။ ပြီးနောက် အပြေးတစ်ပိုင်းဖြင့် ကွင်းပြင်သို့ပြေးထွက်ပြီး သက်ပိုင်အနားရောက်သွားသည်။

ဥက္ကာသည် ကြည်နူးဝမ်းသာသောမျက်ဝန်းများဖြင့် သက်ပိုင်ကိုစိုက်ကြည့်ရင်း ခပ်တုံ့တုံ့လေးပြုံးသည်။ ဖုံးကွယ်နေသော အဆွေးရိပ်မ်ားပျောက်ကွယ်သြားကာ ဥက္ကာ၏မျက်နှာသည် တိမ်ကင်းစင်သည့် ကောင်းကင်ကြီးလိုကြည်လင်သြားတော့၏။

"ညီရယ်...ဘယ်တွေသွားနေတာလဲ၊ ကိုယ် ညီ့ကိုဘယ်လောက်ထိမျှော်နေလဲဆိုတာ ညီသိရဲ့လား...."

ဥက္ကာက ခပ်ဆွေးဆွေးလေးပြောလာသည်ကို သက်ပိုင်က ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ပြရင်းမွ စကားပြန်သည်။

"ညီသိပါတယ်၊ ညီသိပါတယ်လေ၊ တောင်းပန်ပါတယ်နော်...၊ ရော့ရေသောက်လိုက်ဦး...."

သက်ပိုင်ကမ်းပေးသော ရေဘူးကို လှမ်းယူကာ အားရပါးရ သူမော့သောက်ပစ်လိုက်သည်။ ရင်ထဲအေးချမ်းသြားရသလို၊ နွမ်းနယ်မှုများလည်းပျောက်ရှသွား၏။

"နိုင်အောင်ကစားနော်...."

"ဟုတ်......"

ဥက္ကာသည် သက်ပိုင်၏ခေါင်းလေးကို ခပ်ပေါ့ပေါ့လေးတစ်ချက်ဖိလိုက်တော့ သက်ပိုင်လည်တိုင်လေးတိုဝင်သြားရ၏။

"သွားမယ်နော်......"

ထို့နောက် ဥက္ကာသည် ဝတ်ထားသော ဂ်ာစီပေါ်ရှိ တီ ပီ အယ်လ် ဟူသည့် ဓာတ်ပုံစတစ်ကာလေးကို ဆြဲမ နမ်းရှိုက်ကာ ကွင်းထဲပြန်ဝင်သြားတော့သည်။

အလျင်လိုမဟုတ်တော့သော ဥက္ကာသည် ပေါ့ပါးသွက်လက်စြာ စတင်ကစား၏။ ရိုက်ချက်များပြင်းလာသည်။ အထိန်းဘောများလည်း မချော်တော့။ တစ်လုံးရိုက်လျှင် တစ်မှတ်ရသည်။ ပွဲကြည့်သူများထံမှ ဥက္ကာအားချီးကျူးသံများပြန်လွှမ်း၍လာသည်။ ဥက္ကာက ရိုက်၍ဝင်တိုင်း သူ၏ဂျာစီကိုတစ်ခါနမ်းသည်။ နမ်းပြီးသည်နှင့် သက်ပိုင်အား ကြည်ကြည်နူးနူးပြုံးပြလေသည်။ ထိုအပြုံးဒဏ်ကို သက်ပိုင်မခံနိုင်။

နောက်ဆုံးတွင်တော့ ဥက္ကာတို့ဘက်မွ သုံးပွဲဆက်တိုက်နိုင်ပြီး ပထမဆုဒိုင်းကြီးကိုရရှိခဲ့လေသည်။

အောင်ပွဲခံသည့်အခါတွင်လည်း အသင်းသားမ်ားက ဥက္ကာအား ဖက်လှဲတကင်း ဂုဏ်ပြုရန် အားစိုက်ကြသော်လည်း ဥက္ကာကရှောင်ထွက်ကာ သက်ပိုင်ဆီသို့သာပြေးသည်။ ရောက်သည်နှင့် ခါးနှစ်ဖက်ကိုဆုပ်ကိုင်ကာ အားရဝမ်းသာ လေပေါ်သို့ပစ်တင်မြှောက်ပင့်လေသည်။ ဥက္ကာသည်ပျော်ရွှင်ကြည်နူး၍မဆုံးနိုင်ပဲရှိနေတော့သည်။

ထိုနေ့က သူတို့နှစ်ေယာက်ပထမဆုံးအမှတ်တရဓာတ်ပုံရိုက်ဖြစ်ကြသည်။ ဥက္ကာကမတ်တပ်ရပ်လျက် သူ့ညာဘက်ပုခုံးပေါ်တွင် သက်ပိုင်အား ထိုင်စေပြီး ဒိုင်းကိုကိုင်ခိုင်းကာ ပီတိပြုံးတဝေဝေဖြင့် ဓာတ်ပုံရိုက်ဖြစ်ကြခြင်းဖြစ်သည်။

-------------------------------

အဲ့ဒီနေ့ညက ဗိုလ်ဆွဲသည့်အထိမ်းအမှတ်ဖြင့် ဥက္ကာက သူ့ဟိုတယ်တွင် ညစာစားပွဲလုပ်ပေးသည်။ သို့ရာတွင် ဘော်လီဘေယအသင်းသားမ်ားမပါ။ သက်ပိုင်၊ အောင်အောင်၊ နေမျိုးနှင့် နွေးနွေးတို့ငါးယောက်သာပါသည်။ ထူးဆန်းစရာကောင်းသည့် ဂုဏ်ပြုညစာစားပွဲပင်။

စားပွဲရှည်ကြီးတစ်လုံး၏ထိပ်တွင် ဥက္ကာနှင့်သက်ပိုင်က ယှဉ်လျက်ထိုင်သည်။ စားပွဲ၏တစ်ဖက်တစ်ချက်တွင်တော့ မိန်းကလေးငါးယောက်နှင့် ယောက််ားလေးနှစ်ယောက်က တစ်ဖက်စီနေရာယူထားသည်။

"ညစာစားပြဲဆိုပေမဲ့လေ....ရုတ်တရတ်ကြီးစီစဉ်လိုက်ရလို့ လိုအပ်တာတွေရှိခဲ့ရင် ကြိုတောင်းပန်ပါရစေနော်၊ အားလုံးမစားကြခင် စကားလေးပြောစရာရှိလို့ရယ်...."

ဥက္ကာသည် သူ၏ရင်ခုန်သံများကိုထိန်းကာစကားဆိုနေရပေသည်။ ကျန်သူအားလုံးကတော့ မယောင်မလည်ဖြစ်သာ သူ့အားငေးနေကြသည်။

"ဒီပြဲကလေ....၊ ဒိုင်းရတာကို အမည်ခံပြီး သက်ပိုင်အတွက်စီစဉ်ဖြစ်တာပါ၊ အမှန်အတိုင်းပြောလိုက်ရင် သက်ပိုင်မလာမွာ စိုးလို့ရယ်"

ပြောပြောဆိုဆိုဖြင့် ဥက္ကာသည် သက်ပိုင်အား ရီဝေဝေလေးကြည့်ပြီး ပြုံးတုံ့တုံ့လေးပြုံး၏။ သက်ပိုင်ကတော့ ဘာများလည်းဟု တစ်စိမ့်စိမ့်တွေးရင်း စိတ်လှုပ်ရှားနေမိသည်။

"အဲ့ဒီအတွက် ကိုယ့်ကိုခွင့်လွှတ်တယ်မို့လားဟင်...."

သက်ပိုင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းကိုတစ်ချက်ညိတ်ပြသည်။

ဥက္ကာက ဘောင်းဘီအိတ်ကပ်ထဲမွ ဘူးလေးတစ်ဘူးကိုထုတ်ကာ သက်ပိုင်ရှေ့တွင်ထားလိုက်သည်။ ပြီးနောက်....

"ညနေက နွေးနွေးပြောပြလို့ ကိုယ်လည်း အသိဝင်မိတာလေးပါ၊
သက်ပိုင်ကို ချစ်တယ်လို့သာ ပြောနေတာ တစ်ခါမွ သေသေချာချာ ပရိုပိုစ့်မလုပ်ဖြစ်ခဲ့မိဘူး၊ အဲ့ဒီအတွက် စိတ်မကောင်းသလို၊ ဝမ်းနည်းသလိုဖြစ်ပြီး အလျင်အမြန် ဒီပြဲလေးကိုစီစဉ်လိုက်ရတာပါ..."

အို....သက်ပိုင်ရင်ခုန်စိတ်လှုပ်ရှားမှုကအတိုင်းအဆမဲ့နေသည်။ သူ့နှလုံးသား၏ ဆာလောင်တောင့်တနေမှုကို ဦးနှောက်ကလည်းမထိန်းနိုင်တော့။

ဥက္ကာသည် သက်ပိုင်ဘက်သို့လှည့်ကာ လက်ကိုတင်းတင်းဆုပ်ကိုင်၍ တည်ကြည်သောအကြည့်များဖြင့် ကြည့်သည်။ ပြီးနောက် လေးနက်စွာစကားဆိုသည်။

"ကိုယ်မင်းကို အရမ်းချစ်တယ်သက်ပိုင်...."

သက်ပိုင်ရှက်လည်းရှက်မိသလို ဝမ်းလည်းသာမိသည်။ ရှက်သည်ဆိုခြင်းက သူတို့ဘေးပတ်ပတ်လည်တွင် စတပ်ဖ်တွေ ဝိုင်းဝိုင်းလည်နေသောကြောင့်ဖြစ်သည်။ ကိုဥက္ကာဟာ ဘာကြောင့်အရမ်းပွင့်လင်းလွန်းရသနည်း။

"ကိုဥက္ကာ..ဘေးမှာဝန်ထမ်းတွေနဲ့ ...."

"ဘာဖြစ်တုန်း...ကိုယ်က သူတို့ရဲ့ဘောစ့်လေ....ရှက်နေရမှာလား၊ ကြောက်နေရမှာလား၊ သူတို့အပေါ်မှာ ကိုယ်ဘာမတရားတာလုပ်လို့ ကြောက်နေရမှာလဲ...."

သက်ပိုင်ဘာထပ်ပြောရမှန်းမသိတော့။ အားလုံးကလည်းတိတ်ဆိတ်စွာပင် ဥက္ကာ၏စကားကိုသာ နားစွင့်နေကြသည်။

"ကိုယ်ပြောတာနားထောင်...."

ဥက္ကာက သက်ပိုင်ရှေ့ကဘူးလေးကိုဖွင့်သည်။ လက်စွပ်လေးတစ်ကွင်းပါ။ ရွှေတော့မဟုတ်။

"သက်ပိုင် ကိုယ့်အချစ်ကိုလက်ခံပြီး စဉ်းစားပေးမယ်ဆို ဒီလက်စွပ်ကို ကိုယ်တိုင်ဝတ်လိုက်ပါ...တကယ်လို့ ကိုယ့်အချစ်ကိုမစဉ်းစားပေးဘူးဆိုရင် အဖုံးပြန်ပိတ်လိုက်ပါ...."

သက်ပိုင် မဝံ့မရဲဖြစ်သွားသည်။

"အိုဆောရီး...ကိုအလောကြီးသွားတယ်၊ ဒီလက်စွပ်က တန်ဖိုးမကြီးဘူး၊ နိုင်းတူးဖိုက်လေးပါ၊ ဒီလက်စြပ္ကို ကိုယ့်နှလုံးသားနဲ့ပဲ တန်ဖိုးဖြတ်ထားတယ်......"

အားလုံး၏ အကြည့်က သက်ပိုင်ဆီရောက်သြားသလို ဥက္ကာရင်ထဲလည်း ဗြာပါဒဝေနေမိသည်။ သက်ပိုင်က မထင်ရင်မထင်သလို နာကျင်အောင် လုပ်တတ်သည့်အတွက် အဖုံးပြန်ပိတ်လိုက်မည်ကို စိုးထိတ်နေမိသည်။

သက်ပိုင်က လက်စွက်လေးကိုကြည့်နေရင်းမွ ဥက္ကာအား လွပစွာပြုံးပြသည်။ အလှဆုံးအပြုံးဟု ထင်ရသည်။

ထို့နောက် သက်ပိုင်သည် လက်စွပ်ကို လှမ်းယူကာ သူ၏ဘယ်ဘက် လက်သူကြွယ်တွင်စွတ်လိုက်ပါသည်။ ထိုမွသာ ဥက္ကာလည်း စိတ်ဒုန်းဒုန်းချပြီး သက်ပြင်းရှည်ရှည်တစ်ချက်ကို ချနိုင်တော့၏။

"ဟေး....."

ကျန်သူမ်ားက လက်ခုပ်တီးအားပေးကြသော်လည်း အားမပေးနိုင်သူက အောင်အောင်။

"ဥက္ကာ မင်းကိုငါမကျေနပ်ဘူးနော်...."

အောင်အောင်က စသလိုနောက်သလိုဖြင့် ပြောကာ နောက်ဆုံးမှလက်ခုပ်ကိုတီး၏။

သက်ပိုင်သည် ဝတ်ထားသောလက်စွပ်လေးကို တယုတယပွတ်သပ်ရင်း ဥက္ကာအားစကားဆိုသည်။

"နောက်တစ်ပတ်နေရင် အဖြေပြန်ပေးမယ်နော်..."

ဥက္ကာသည် နှုတ်ခမ်းလေးကို ငြူစူစူတစ်ချက်လုပ်သည်။

"တစ်ပတ်တောင်စောင့်ရဦးမွာလားကြာ...."

"အိုစောင့်ရမွာပေါ့....ခုရေတွင်းတူး ခုရေကြည်သောက်လို့ရမလား...."

သာသာယာယာရှိနေသော သက်ပိုင်၏အသံသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲကာ ထန်သွားသည်။ အသည်းအသက်တောင်ပိုင်တဲ့ မောင့်သက်ပိုင်ရယ် သည်မောင်ကို ဆူဖို့ဆို အချိန်ကာလ နေရာဒေသမရွေးဘူးနော်။ အပြောင်းအလဲမြန်လိုက်ပါဘိ။

ဥက္ကာသည် စိတ်အလိုမက်သော်လည်း သက်ပိုင်ကိုပြန်မလှန်ရဲ။
ခေါင်းကိုငုံ့၍ ငြိမ်ကုတ်သွားသည်။

နွေးနွေးက ကြားဝင်ကာညှိနှိုင်းပေး၏။

"ကဲကဲ ကြားထဲကညီမပဲပွဲစားလုပ်ပေးတော့မယ်၊ နှစ်ယောက်လုံးအဆင်ပြေအောင်၊ ဒီမွာကလေး ငါးရက်တော့လျော့ပေးလိုက် ဟုတ်ပြီလား....."

"မမနွေးကလည်း...."

"မမနွေးကလည်း လုပ်မနေနဲ့၊ ငါးရက်နေရင်အဖြေပြန်ပေးလိုက်၊ တကတည်း၊ နင်က သူ့ကိုမကြောက်ရပေမဲ့ တို့က သူ့ကိုကြောက်ရတယ်ဟဲ့၊ ဘေးကဝိုင်းမပြောပေးဘူးလားဆိုပြီး ညစာမကျွေးပဲပြန်ခိုင်းေနမွ ဟုတ်ေပ့နေမယ်၊ ဒီမွာ ဗိုက်ဆာနေပြီ.....၊ ညနေကလည်း ရေဘူးနဲ့ကောက်ပေါက်မခံရတာ ကံကောင်း..."

"ကဲ ဟုတ်ပါပြီ၊ ငါးရက်နေရင်အဖြေပြန်ပေးမယ်....."

နွမ်းချင်ချင် ဖြစ်နေသော ဥက္ကာ၏မျက်နှာက ပြန်လန်း၍လာပေသည်။

"ငါးရက်ဆိုလည်း ငါးရက်ပေါ့၊ ကဲကဲ စားကြရအောင်..."

ဥက္ကာကပြောပြောဆိုဆိုဖြင့် သူ့ရှေ့ရှိ ကလပ်ခွက်ကို ဇွန်းဖြစ်ခေါက်လိုက်သောအခါ စတပ်ဖ်မ်ားက စားသောက်ဖွယ်ရာ အသီးသီးကိုခင်းကျင်းကာ အဖျော်ယမကာ များကိုငှဲ့ပေး၏။

စားလိုက်သောက်လိုက် စကားပြောလိုက်ဖြင့် ထိုညစာစားပြဲလေးသည် သိုက်သိုက်ဝန်းဝန်းလေးရှိခဲ့ပါသည်။

ညစာစားပြီး၍ ညကိုးနာရီလောက်က် အားလုံးကိုယ်စီပြန်သွားကြသော်လည်း သက်ပိုင်ကျန်နေခဲ့သည်။ ဥက္ကာက အခန်းတစ်ခန်းစီစဉ်ပေးမည်။ စကားတွေအများကြီးပြောချင်သောကြောင့် ညအိပ်ရန်ခွင့်တောင်းသောအခါ သက်ပိုင်လက်ခံဖြစ်ခဲ့ပါသည်။

ညသည် အေးမြနေ၏။ အနောက်ဘက်မှတက်လာသောမိုးသားတိမ်လိပ်မ်ားကြောင့် ကြယ်ရောင်မ်ားက ကွယ်ပျောက်ေနသည်။ မိုးနှောင်းလာပြီမို့ ကြုံတောင့်ကြုံခဲမိုးရေများစက်များနှင့် သက်ပိုင်ထိတွေ့ချင်လာသည်။

ပေါ်တီဂိုရှေ့ရှိမြက်ခင်းစိမ်းပေါ်တွင် ပက်လက်ကုလားထိုင်တစ်လဲုးစီချခင်းလျက် မြစ်ပြင်ပေါ်မှဖြတ်သန်းလာသော အေးစိမ့်စိမ့်လေလေးကို နှစ်ယောက်သားခံစားရှူရိုက်နေကြသည်။

"သက်ပိုင်ရေ မိုးရွာတော့မလားမသိဘူး....အခန်းထဲသွားကြရအောင်၊ ကိုယ့်အခန်းက ရေဗာဗျူးပါ အဲ့ကကြည့်လည်း ဒီမြင်ကွင်းကိုမြင်ရတယ်...."

"ဒီလိုသဘာဝလေကို ဘယ်လိုခံစားရမလဲ ကိုဥက္ကာရဲ့...."

"ပြတင်းတံခါးဖွင့်လိုက်မွာပေါ့...."

"အို....ခဏလေး...ရင်ထဲကအပူတွေကိုဖြေဖျောက်နေတာ...."

ဥက္ကာသည် နောက်မွီလွဲနေရာမှ ခါးကိုဆန့်ကာထိုင်လိုက်သည်။

"ညီက ဘာတွေပူနေတာလဲဟင်..."

"ဒီလိုပါပဲ...."

သက်ပိုင်ပြောသည့် ဒီလိုပါပဲဟူသော ဝေါဟာရအတွင်း အဓိပ္ပါယ်များစွာပါဝင်နေသည်ကို ဥက္ကာသိပါသည်။ သို့မဟုတ်....ရိပ်မိပါသည်။

"ဒါနဲ့ ဆိုင်ခီရော....ဆိုင်ခီဘယ်ပျောက်နေတာလဲ..."

ကြည်ကြည်နူးနူးစကားများပြောဆိုဖို့တွေးထားသော်လည်း ခွေးကိုကြားဖြတ်သတိမူနေသည့် သက်ပိုင်ကြောင့် ဥက္ကာနှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

"လူတွေကြည်နူးမဲ့ကြားထဲ ခွေးကရှုပ်နေမှာဆိုးလို့ မန်နေဂျာအိမ်ခဏပို့ထားတယ်....."

အမှန်တော့ သက်ပိုင်နဲ့ပွတ်သီးပွတ်သပ်ကျီစယ်နေကြမည်ကို မမြင်ချင်၍ မန်နေဂျာအိမ်ပို့ထားခြင်းဆိုပိုမှန်လိမ့်မည်။

"ဘာခွေးလဲ၊ အဲ့ဒါကလေး..."

သက်ပိုင်သည် မျက်မှောင်ကြီးကြုတ်လျက် ခပ်ထန်ထန်လေးမာန်မဲ၏။

သူလေးက မာန်မဲတော့ လွန်သွားသည်ထင်ရသော သူ့စကားကိုပြန်လည်ကာလျော့ရပြန်သည်။

"အော် ကလေးဆိုလည်း ကလေးပေါ့...၊ မိဘတွေကြားထဲ ကလေးတွေ ဝင်ရှုပ်မှာဆိုးလို့......"

"ဘာရယ်....."

ဥက္ကာရယ်ကျဲကျဲလေးဖြစ်သွားသည်။

"ဟုတ်တယ်လေ....ဆိုင်ခီက ကလေးဆို၊ ကိုယ်တို့က သူ့မိဘလေ၊ ကိုယ်က သူ့အဖေ၊ သက်ပိုင်က သူ့အမေ...."

သက်ပိုင်က ကျေနပ်သည့်နှယ် ခပ်စစလေးပြုံးရယ်ရင်း....

"ဟော...မိုးရွာလာပြီ..."

ပြောပြောဆိုဆိုဖြင့် ခါးကိုမက်ကာ လက်ဝါးဖြန့်လျက် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ မဲမှောင်နေသော်လည်း မိုးသားတိမ်ဆိုင်မ်ားက အထင်းသား။

သက်ပိုင်သည် နေရာမှထရပ်လိုက်၏။ သက်ပိုင်ရပ်သလို ဥက္ကာကလည်းရပ်သည်။

"လာကိုဥက္ကာ မြစ်ဘက်က ပလက်ဖောင်းပေါ် လမ်းလျှောက်ကြမယ်..."

"မိုးရွာတော့မှာကို ညီကလည်း၊ ဖျားလိမ့်မယ်..."

"မရဘူးကြာ....လာ ဟိုဘက်ကို လမ်းဆက်လျှောက်ကြမယ်၊ မိုးရွာရင်ပြေးမယ်၊ ကျွန်တော့်လက်ကိုတော့ကိုင်ထားပေး၊ မိုးရွာရင် မျက်မှန် နဲ့အဆင်မပြေလို့ ချွတ်ထားရမွာ ဘာမွကောင်းကောင်းမမြင်ဘူး...."

သက်ပိုင်က တစ်မျိုးမူနေတော့ ဥက္ကာလည်းမနေသာ ကူရပြန်သည်။ တစ်ပေါက်ခြင်းက်နေသော မိုးသီးမိုးပေါက်များသည် တစ်ဖြည်းဖြည်းအရှိန်ပြင်းစွာခုန်ဆင်းရင်း မိုးရေအဖြစ်ရောက်သည့်အခါ သက်ပိုင်ကမျက်မှန်ချွတ်၍ ဥက္ကာ၏ လက်ကိုကိုင်လျက် လမ်းတစ်ဖက်ရှိ ပလက်ဖောင်းပေါ်သို့ ပြေးတက်သည်။ သက်ပိုင် ပြေးသလို ဥက္ကာလည်းပြေးရ၏။

မိုးရေများသည် နှစ်ဦးသားလုံးအပေါ် စိုစိုရွှဲ၍လာသည်။
သက်ပိုင်က ကလေးတစ်ယောက်လို မြူးတူးခုန်ပေါက်စွာဖြင့် တစ်ခါတစ်ရံခြေတစ်ပေါင်ကျိုးလေးပြေးသည်၊ တစ်ခါတစ်ရံ ကတိုက်ကရိုက်၊ နောက် ကမျောသောပါး စသည့် ပြေးနည်းပေါင်းစုံဖြင့် ပြေးကာဆော့ကစားလေ၏။ ဆော့ကစား၍ဝတော့မှ ဟိုတယ်သို့ပြန်လာခဲ့ကြသည်။

"သက်ပိုင်ကလေ တစ်ခါတစ်လေလည်း ကလေးကျနေရောပဲ၊ ဆော့လို့မဝသေးဘူးလား....."

စိုစိုရွှဲနေသော သက်ပိုင်၏ ကိုယ်လုံးလေးကို အနောက်ဘက်မွ ရေသုတ်ပေးရင်း ဥက္ကာကမေးလာသည်။ သက်ပိုင်၏ကိုယ်ပေါ်တွင်အဝတ်အစားမရှိ သဘက်တစ်ထည်ကိုသာခါးတွင်ပက်ထားသည်။

သက်ပိုင်က ပြတင်းမှန်မှတစ်ဆင့် မိုးစက်များတစ်ဖွဲဖွဲကျဆင်းနေသော အပြင်ဘက်ကိုငေးနေ၏။ ငေးနေ၍လည်း ဥက္ကာကမေးလိုက်ခြင်းဖြစ်မည်။

"ကိုကို့ကို သတိရလာလို့၊ ဒီလိုမိုးရွာတဲ့ညမှာပဲ ကိုကိုက ညီတို့ကိုထားသွားခဲ့တာ....သိလား...."

"ညီရယ်...စိတ်မကောင်းစရာတွေမတွေးပါနဲ့လားဟင်၊ ကိုယ်နဲ့အတူရှိတဲ့အချိန် ညီ့ကို ကိုယ်က ပျော်ပဲပျော်စေချင်တာ...."

"အို...မတွေးလို့ရမလား....ဒီညီအစ်ကိုနှစ်ယောက်ပဲရှိတာကို..."

ပြောပြောဆိုဆိုဖြင့် သက်ပိုင်သည် ပြတင်းမွခြာ၍ ကုတင်ပေါ်တွင်ထိုင်လိုက်သည်။ ကိုကိုနှင့်ပတ်သက်၍ သူ့ရင်ထဲဘယ်လိုခံစားချက်ရှိသည်ကို သူကလွဲပြီး မည်သူမှမသိနိုင်။ ဥက္ကာလည်းမသိနိုင်ပါ။

"အစ်ကိုတစ်ယောက်အနေနဲ့ပါအချစ်တွေထပ်ပေါင်းပြီး သက်ပိုင်ကိုချစ်ပေးမယ်နော်...."

သက်ပိုင်က ခနဲ့သဲ့သဲ့တစ်ချက်ရယ်သည်။

"ကိုယ့်အဝတ်အစားဝတ်မလားဟင်၊ ဒီအတိုင်းဆိုအအေးပတ်နေမယ်...."

"ရပါတယ် ညအိပ်ဝတ်စုံပဲဝတ်တော့မယ်၊ ညီ့ကိုပဲဂရုမစိုက်နေနဲ့ ကိုယ့်ကိုယ်ကို ရေသုတ်ဦး....."

"ကိုယ်ရေပူခဏစိမ်ဦးမွာ၊ ဒီမွာနေဦးနော်....."

ဥက္ကာက သူ့အဝတ်အစားများကိုတစ်လွှာချင်းချွတ်၏။ ထိုသည်ကို သက်ပိုင်ကလည်း မမှိတ်မသုန် ကြည့်နေမိသည်။ ဗလာကျင်းလင်းကာ အတွင်းခံတစ်ထည်သာကျန်သည့်အချိန်တွင် သက်ပိုင်ရင်ထဲ မောဟိုက်သွားသလိုခံစားလိုက်ရသည်။ ချပ်ချပ်ရပ်ရပ်ဖြစ်နေသော အတွင်းခံအရှေ့ပိုင်းတစ်နေရာသည် ဖောင်းတင်းတင်းဖြစ်နေပြီး အနောက်ပိုင်းက လုံးဝန်းနေသည်။ ဖုသင့်သည့်နေရာဖု ဖောင်းသင့်သည့်နေရာဖောင်းနေသည်ကား အချိုးအစားပြေပြစ်လှသည်။ ဖွံ့ထွား၍ လွပစိုပြေသော ဥက္ကာ၏ခန္ဓာကိုယ်သည် အတော်ပင်ကြည့်လို့ကောင်းပါသည်။ ဥက္ကာက သဘက်တစ်ထည်ကို ခါးတွင်ပတ်လျက် ရေချိုးခန်းအတွင်း ဝင်ရန်ဟန်ပြင်လိုက်သည်။

"ကိုဥက္ကာ...."

ခပ်ပြတ်ပြတ်ခေါ်သံကြောင့် ဥက္ကာခြေလှမ်းမ်ား တုပ်ဆိုင်းသွားသည်။

"ညီ ကိုဥက္ကာကို မချစ်သင့်ဘူးဆိုတာ ကိုဥက္ကာသိလားဟင်...."

ဥက္ကာရင်ထဲ ထိတ်ထိတ်ပြာပြာသွား၏။

"ဒါပေမဲ့ ကိုဥက္ကာကိုပေးမဲ့အဖြေကတော့ ညီသေသေချာချာစဉ်းစားမွာပါ...."

ဥက္ကာသည် ခြေလှမ်းမ်ားကိုနောက်ပြန်လှည့်ကာ သက်ပိုင်၏ဘေးတွင် ဝင်လိုက်ပြီး ရင်ခွင်ထဲဆြဲပွေ့လိုက်သည်။

"သက်ပိုင် ဘာတွေဖြစ်နေတာလဲဟင်...."

"ညီကိုယ်တိုင် ဘာတွေဖြစ်နေမှန်းမသိတော့ပါဘူး ကိုဥက္ကာရယ်......."

ဥက္ကာသည် ရင်ခွင်အတွင်းမွ သက်ပိုင်၏မေးဖျားလေးကိုကိုင်ကာ ခေါင်းကိုမော့စေသည်။ ပြီးနောက် ရီရီဝေဝေကြည့်သည်။ သက်ပိုင်က ဝေမှိုင်းမှိုင်းလေးပြန်ကြည့်၏။ နှစ်ယောက်လုံး၏ ရင်ခုန်သံမ်ားကတော့ ဆူဆူဝေနေပါသည်။

"သက်ပိုင် ကိုယ့်ကို ရှင်လျက်နဲ့သေအောင်မလုပ်ဘူးမို့လားဟင်...."

သက်ပိုင်ဘာမှပြန်မဖြေ။ ဥက္ကာ၏ နှုတ်ခမ်းပါးလေးကို လက်ဖျားဖြင့် တို့ထိကစားလိုက်သည်။

"ကိုဥက္ကာ ညီ့ကိုမနမ်းချင်ဘူးလား....၊ အခုညကို ကိုဥက္ကာအတွက်ဖြစ်ချင်တယ်...."

သွေးသားဆန္ဒတွေထကြွအောင် တမင်ပြောလိုက်လေသလားကွယ်။

ဥက္ကာသည် သူ၏လ်ွာဖ်ားလေးဖြင့် ခြောက်ေသြ့လာသောနှုတ်ခမ်းကိုတစ်ချက်သပ်လိုက်သည်။

"ဘယ်လိုပြောလိုက်တာလဲ သက်ပိုင်ရယ်၊ ကိုယ့်ကိုရူးအောင်မလုပ်ပါနဲ့၊ ဒီတိုင်းတောင်....ညီ့ကြောင့် ကိုယ်အရူးတစ်ပိုင်းဖြစ်နေတာ၊ ညီနဲ့ကိုယ်သာ အဲ့လိုပုံစံနေပြီးသွားရင် ကိုယ်တစ်ကယ်ရူးသွားလိမ့်မယ်...."

"ကိုဥက္ကာ ကျွန်ေတာ့်ေကြာင့် မရူးရဲဘူးလား...."

ဥက္ကာ၏နှုတ်ခမ်းမ်ားသာမက အာခေါင်မ်ားပါခြောက်ကပ်လာပြီး တံတွေးကိုအနိုင်နိုင်မိျုချနေရသည်။ သက်ပိုင်၏ ညို့ဓာတ်ပြင်းသော အကြည့်တွေကြားထဲ ပြာကျသွားမည်ကိုပင် ဥက္ကာစိုးရိမ်နေရသည်။ သက်ပိုင်...သက်ပိုင်...မောင့်အသည်းအသက်ကို ပိုင်တဲ့...မောင့်သည်းသက်ပိုင်။ ဥက္ကာ နှလုံးသားထဲ အကြိမ်ကြိမ်ရေရွတ်နေမိ၏။

သက်ပိုင်က ရူးစေချင်ရင် သူမရူးရဲစရာ ဘာအကြောင်းများရှိသေးသနည်း။

"အို....ရူးရဲတာပေါ့...မင်းသာရူးစေချင်ရင်...ကိုယ်ရူးရဲတာပေါ့..."

သက်ပိုင်သည် ဘာမှဆက်ပြောမနေတော့ပဲ ဥက္ကာ၏နှုတ်ခမ်းလွှာကို ဆာလောင်မွတ်သိပ်စြာ နမ်းရှိုက်လိုက်သည်။ ပြီးနောက် မွေ့ရာပေါ်သို့လှဲချကာ ဥက္ကာအပေါ်မှမှောက်လျက်လှဲလိုက်ပါသည်။

ဥက္ကာက ဆန္ဒပြင်းပြနေသော သက်ပိုင်၏အနမ်းနှင့်တစ်ချက်ခွာလိုက်သည်။

"ခဏလေးသက်ပိုင်....၊ ကိုယ်တို့ဘာမှမဖြစ်ခင် သက်ပိုင်သိအောင် ပြောထားပါရစေ၊ ကိုယ်တို့ဒီလိုဖြစ်သွားလို့ သက်ပိုင်ကိုကိုယ် ဘယ်တော့မှအထင်သေးမှာမဟုတ်သလို၊ ကိုယ့်ကိုလည်း တဏွာကောင်ဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ ကိုယ်....သက်ပိုင်ကိုချစ်တဲ့အချစ်ထဲမွာ တဏှာဆိုတဲ့အစိတ်အပိုင်းဟာ တော်တော်သေးငယ်ပါတယ်၊ ပြီးတော့ သက်ပိုင်ကို ကိုယ်အဖြူစင်ဆုံးပဲချစ်ချင်တယ်၊ ကိုယ့်အချစ်ဟာ မဖြူစင်ဘူးလို့လည်း မသတ်မှတ်လိုက်ပါနဲ့၊ ကိုယ်တောင်းဆိုတာပါ၊ ကိုယ် သက်ပိုင်ကိုချစ်လို့ ဒီလိုဖြစ်သွားတာလို့ မှတ်ပေးပါ..."

ဥက္ကာစကားရပ်သွားသည်နှင့် သက်ပိုင်သည် အပေါ်မှခွ၍ထိုင်လိုက်ပြီး ခါးတွင်ပက်ထားသော သဘက်ဖြူကိုဆွဲဖြုတ်လိုက်သည်။ သက်ပိုင်၏ ကိုယ်လေးသည် ဖြူစွတ်ဝင်းပ၍နေပါသည်။

လျှပ်ရောင်တစ်ဝင်းဝင်းကို မှန်ပြတင်းမှတစ်ဆင့် တစ်လက်လက်မြင်တွေ့နေရသည်။ မိုးတော့ရွာနေသည်။ မိုးခြိမ်းနေသည်လောကိုမူ မသိ။ ဘာကိုမွ မသိ။ သူ့ရင်ထဲ တင်စည်းထားခဲ့ဖူးသော အမုန်းများကိုလည်း သက်ပိုင်မသိ။ မသိပါ...။

အရောင်မဲ့
ဆက်ရန်

Continue Reading

You'll Also Like

439K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
279K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
7.7K 535 5
Lay,Suho,Kris Yaoi Myanmar