episode 14 unicode

3.9K 206 1
                                    

ငြိုး.....(episode 14)
-------------------

ဒုတိယအကြိမ် သူ့ရင်ခွင်ထဲပြန်ဝင်လာသော သက်ပိုင်သည်အမူအကျင့်များကလည်း ပြောင်းလဲကုန်၏။ အမူအကျင့်အဟောင်းအပေါ် အမူအကျင့် အသစ်တစ်ခုကို တိုး၍ဒွန်တြဲကာ ဆက်ဆံလာသည်။

အလျင်လို စူးရဲရဲမျက်စောင်းလေး ခဲနေရင်း ညုတုတုလေး မျက်စပစ်သလို လုပ်တတ်လာသည်။ ခပ်ထန်ထန်ခနဲ့ပြောပြောရင်း ခပ်ချွဲချွဲ လေသံကိုလည်း ပြောင်းလဲတတ်လာသည်။ စိတ်အလိုမက်စြာ တစ်ဖျတ်ဖျတ်လက်ဝါးဖြင့်ရိုက်နေရာမှ လက်သီးကိုဆုပ်ကာ ခပ်နွဲ့နွဲ့လေး ထုရိုက်တတ်လာသည်။ အလျင်က ဥက္ကာ၏ပါးကို ရိုက်ဖို့သာအသုံးပြုတတ်သော်လည်း ယခုမူ ပါးသိုင်းမွှေးများကို ခပ်ဖွဖွပွတ်သပ်လာသည်။ 'ပိုလုံး 'ချွဲလုံး 'ကဲလုံးများကိုလည်း မလိုသည့်အခါရော လိုသည့်အခါရော ရက်ရက်ရောရောအသုံးပြုလာသည်။ မာယာသွေးခပ်ကြွယ်ကြွယ်ဖြင့် မာယာမျိုးအနွယ်နွယ်ကို သေချာပိုင်နိုင်စြာ အသုံးချတတ်လာသည်။

သို့ရာတွင် သက်ပိုင်၏ ထိုအပြုအမူများကို ဥက္ကာ တစ်မျိုးမထင်မိ။ ထိုအပြုအမူများကြောင့် ချစ်ခင်စုံမက်မှု၏ နောက်တွင် တပ်မက်စွဲလန်းမှုတွေပါရောယှက်လာရသည်။ အစပထမကတည်းက ရူးနှမ်းနှမ်းဖြစ်နေသောဥက္ကာသည် သက်ပိုင်၏ မာယာကြောထဲ သွက်သွက်ခါသည့် အဆင့်ထိဖြစ်လာ၏။

အလျင်က အချစ်အကြောင်းထက် မာန်မဲရန်သာ အလေးသာနေသော သက်ပိုင်သည် ယခုမူ ဥက္ကာအားအချစ်အကြောင်းတွေမေးတတ်လာသည်။ ထိုသို့မေးသည့်အခါမျိုးဆို ဥက္ကာဖြေရကျပ်လှသည်။

သက်ပိုင်က စိတ်ကူးယဉ်ဆန်ဆန်ကြားချင်သော်လည်း ဥက္ကာကမူထိုသို့မဖြေတတ်။ ခုချိန်ထိ သက်ပိုင်ကို ဘာကြောင့်ချစ်တာလဲဟုမေးလျှင် သူရေရေရာရာမဖြေတတ်သေး။ သူမဖြေတတ်သည့် ထိုမေးခွန်းကိုလည်း သက်ပိုင်က ခဏခဏမေးမေးလာတတ်သည်။ မေးတိုင်းလည်း 'ချစ်ချင်လို့ချစ်တာ ဟူ၍သာဖြေဖြစ်သည်။ သူ့အဖြေကို သက်ပိုင်ကမနှစ်သက်သော်လည်း ဥက္ကာကမူ တစ်ခြားဖြေစရာမရှိ။

ဝတ္တုရေးဆရာ၊ ကဗ်ာဆရာမ်ားကတော့ အချစ်ကိုပမာအမျိုးမျိုးဖြင့် ခိုင်းနှိုင်းကြသည်။ တစ်ခါတစ်လေ အချစ်ဟာ စွယ်တော်ရွက်ဖြစ်သွားတတ်သည်။ တစ်ခါတစ်လေကြတော့ အချစ်ဟာ ကြယ်လေးတစ်ပွင့်တဲ့၊ တစ်ခါတစ်လေကြပြန်တော့ အချစ်ဟာနှလုံးသားထဲမှာရှိပြီး သမုဒ္ဒရာလောက်ကျယ်ပြန့်နေပြန်ရော။ နှလုံးသားနှင့် သမုဒ္ဒရာက ဘယ်လိုများအပ်စပ်သွားရပြန်သနည်း။ သမုဒ္ဒရာလောက်ကျယ်သည့်အချစ်ကို လက်တစ်ဆုပ်စာလောက်သာရှိသည့်နှလုံးသားထဲ ဘယ်လိုများသွပ်ထည့်ထားနိုင်ရသနည်း။

~ၿငိဳး.....~Where stories live. Discover now