episode 16

8K 543 16
                                    

ငြိုး.....(episode 16)
-------------------

"ကိုဥက္ကာ ကလပ်​​တွေတက်​ဖူးလားဟင်​....."

အဆုံးမရှိအစမရှိ ​မေးလိုက်​​သော သက်​ပိုင်​စကား​ကြောင့်​ ဥက္ကာ ​သောက်​​နေ​သော ​ကာဖီပင်​သီးမလိုဖြစ်​သွားသည်​။

အ​ခြေအ​နေကို ရိပ်​မိ​နေသည့်​ ​နွေး​နွေးက​ချောင်းဟန့်​ကာဆိုးလိုက်​​တော့ ကျန်​သူများအားလုံး၏အကြည့်​က သူတို့သုံး​ယောက်​ထံသို့ တစ်​​ယောက်​တစ်​လှည့်​ဆီ​ရောက်​လာကြသည်​။

"ဘာလို့လဲ...တက်​​တော့တက်​ဖူးပါတယ်​၊ အမြဲ​တော့မဟုတ်​ဘူး...ဆူဆူညံညံရှုပ်ရှပ်​ခတ်​​နေတာ​တွေ သ​ဘောမကျလို့...."

"​သြော်​...ညီလဲ ​ရောက်​ဖူးတယ်​ရှိ​အောင်​ ​တစ်​ခါ​လောက်​သွားချင်​လို့ လိုက်​ပို့ပါလား..."

သက်​ပိုင်​က မျက်​နှာချို​သွေးကာ ​ပြောလိုက်​​သော်​လည်း ဥက္ကာက ခါးခါးသီးသီးငြင်းဆန်​သည်​။

"လိုက်​မပို့ပါဘူး....ငမူးငရူး​တွေနဲ့ မင်းနဲ့ ငါ့​ဒေါသနဲ့ အဆင်​​ပြေမှာမဟုတ်​ဘူး၊ လူ​တွေသတ်​မိကုန်​မယ်​..."

ဥက္ကာစကား​ကြောင့်​ သက်​ပိုင်​ကမှိုင်​သွား​သော်​လည်း ​နွေး​နွေးကခစ်​ခနဲရယ်​၏။ သို့ရာတွင်​ သက်​ပိုင်​က လက်​မ​လျော့ မျက်​နှာကို ချိုမြ​နေ​အောင်​ အတတ်​နိုင်​ဆုံး ပြုံး၍ လက်​ညိုးတစ်​​ချောင်း​ထောင်​ပြလျက်​...ထပ်​​တောင်းဆိုပြန်​သည်​။

"တစ်​ခါပဲ​လေ....တစ်​ခါထဲ ​ရောက်​ဖူးတယ်​ရှိ​အောင်​လို့ပါ...ညီ မကဘူး၊ အရက်​မ​သောက်​ဘူး၊ ဘယ်​လို ပုံစံလည်း ဆိုတာ ကြည့်​ယုံပဲ...လိုက်​ပို့မယ်​ မို့လား...."

"ဟင့်​အင်း...လိုက်​မပို့ဘူး...."

ဘယ်​လိုမှ မျက်​နှာချို​သွေးမရသည့်​အဆုံး သက်​ပိုင်​ ဘီလူးသရဲဝင်​စီး​တော့၏။

"အဲ့ဒါဆို...တစ်​​ယောက်​တည်း သွားမှာ​ပေါ့ ဘာဖြစ်​လဲ...."

"ဟဲ့က​လေး...တစ်​ခါမှ အဲ့လို​နေရာ​တွေ မသွားဖူးပဲ ခုမှဘာထဖြစ်​​နေတာလဲ....."

စိတ်​ပူတတ်​လွန်း​သော နီလာက ကြားက​နေဝင်​​ရောက်​ကန့်​ကွက်​ဟန်​ပြု​နေခြင်းဖြစ်​သည်​။

~ငြိုး.....~Where stories live. Discover now