episode 19

8.1K 443 7
                                    

ငြိုး.....(episode 19)
-------------------

အရာအားလုံးကို မျက်​ကွယ်​ပြုပြီး မိုက်​မိုက်​မဲမဲတိုးဝင်​မိခဲ့​သော သူ့ကိုယ်​သူ  ပိုးဖလံဟု သက်​ပိုင်​ မသတ်​မှတ်​ဖြစ်ခဲ့သည်မှာ ​​တော်​​တော်​ကြာ​ညောင်း​နေခဲ့ပြီ။ သူဟာပိုးဖလံမဟုတ်​သလို ကိုဥက္ကာကလည်း မီးမဟုတ်​ပါ။ မီးဟုထင်​မှတ်​ရသည့်​ ​ရောင်​ဝါ​လေးတစ်​ခုသာ။ သို့​သော်​ မီးကဲ့သို့မပူ​လောင်​။ ရဲရဲဝံ့ဝံ့တိုးကပ်​လိုက်​သည့်​အခါမှ သူ​ပေးသည့်​​နွေး​ထွေးမှုကို သိသိသာသာခံစားမိ​တော့၏။ သူ့ရဲ့အတ္တ၊ သူ့ရဲ့မာန နှင့်​ သူ့အချစ်​​တွေက တစ်​ခါမှ သက်​ပိုင်​အတွက်​ အဆိပ်​အ​တောက်​မဖြစ်​​စေခဲ့ဘူးဟူသည်​ကို ​တစ်​​နေ့တစ်​ခြားပိုမိုသိလာရ​ပေသည်​။

တစ်​ခါက မုန်းတီးခဲ့ဖူး​သော လူမိုက်​ကြီး၏ အချစ်​သည်​ သူ့တစ်​ကိုယ်​လုံး ​နွေး​ထွေးလုံခြုံ​အောင်​ လွှမ်းခြုံ​ပေးနိုင်​လိမ့်​မည်​ဟု သက်​ပိုင်​ဘယ်​တုန်းကမှ ထင်​မှတ်​မထားခဲ့မိ​ပေ။ ထိုအချစ်​ကို လွန်​ဆန်​ဖို့ ကြိုးစား​နေရင်းမှ ရုန်း​လေနစ်​​လေ နစ်​​လေရုန်း​လေနှင့်​ ဆုံးဆုံးမြုပ်​ခဲ့ရသည့်​အဖြစ်​ရယ်​ပါ။

သက်​ပိုင်​သည်​ ​ကျောင်းသွားရန်​ ဖြီးလိမ်းပြင်​ဆင်​ပြီးသည်​နှင့်​ ပြတင်းတံခါးများကိုလိုက်​ပိတ်​သည်​။ အိမ်​​နောက်​​ဖေးတံခါး ပိတ်​မပိတ်​​သေချာပြန်​စစ်​ပြီး​နောက်​ အိမ်​ပြင်​သို့ထွက်​ပြီး တံခါးမကြီးကို​သော့ခတ်​၏။ အိမ်​ကပြင်​မှ​နေ၍ ​အောက်​သို့ဆင်းမည်​အပြု ဥက္ကာ၏ ကားက ခြံဝတွင်​ လာရပ်​သည်​။

ကျောင်းသွားဖို့ လာပြန်​မကြိုခိုင်းထားပါပဲနှင့်​ သူကဘာလာလုပ်​ရပြန်​သနည်း။

ဥက္ကာက ကား​ပေါ်မှ​နေ၍ လက်​​ကေ့ကြီးတစ်​လုံးကိုဆွဲကာဆင်းလာသည်​။ ပြီး​နောက်​ ကားကိုပြန်​လွှတ်​လိုက်​၏။ ဥက္ကာအပြုအမူ​တွေကို သက်​ပိုင်​နားမလည်​ပဲရှိ​နေသည်​။

"ယူ​ရေ...ကားကဘာလို့ပြန်​လွှတ်​လိုက်​တာလဲ...တို့နဲ့တူတူ ​ကျောင်းသွားမို့လား..."

ဥက္ကာသည်​ လက့်​​ကေ့ကိုချကာ ခွထိုင်​လိုက်​ပြီး လက်​ပိုက်​လျက်​ သက်​ပိုင်​အား​စေ့​စေ့ကြည့်​သည်​။

~ငြိုး.....~Where stories live. Discover now