episode 1

34.9K 1K 33
                                    

ငြိုး....(episode 1)
-----------------
အငြိုး ရန်​ပျိုး
-----------

ယ​နေ့​နေသာသည်​။ ​ကောင်းကင်​ပြာပြာကြီးကိုအထင်းသား​မြင်​​နေရပြီး တိမ်​​ဖြူဖြူ အဆုပ်​လိုက်​က ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​ဖြင့်​ ​နေ​ရောင်​ကို ကာဆီးထားခြင်းရှိမ​နေပါ။ မ​နက်​ခင်း​နေ​ရောင်​ခြည်​သည်​ ​နွေး​နွေး​ထွေး​ထွေး​လေးဖြင့်​ သိုင်းခြုံကာကျဆင်း​နေ​လေ၏။

ကံ့​ကော်​ပင်​တန်း တစ်​ဖက်​တစ်​ချက်​စီ​ပေါက်​​ရောက်​​နေ​သောလမ်း​လေးအတိုင်း သက်​ပိုင်​သည်​ တစ်​​ရွေ့​ရွေ့​လျှောက်​လှမ်းလာရင်း ကန်​တင်းဘက်​သို့ ချိုး​ကွေ့လိုက်​စဉ်​မှာပဲ....

"ဘုတ်​...."

"အ......"

ကိုယ့်​အ​တွေးနှင့်​ကိုယ်​ ​လျှောက်​လာခဲ့မိ​သော​ကြောင့်​ တစ်​ဖက်​လမ်းကထွက်​လာ​သော လူတစ်​​ယောက်​ကိုမမြင်​မိပဲ တိုက်​မိသည့်​အပြင်​ တံ​တောင်​နှင့်​ပါတွတ်​မိသွားသည်​။ ချက်​​ကောင်းကိုထိမှန်​သွား၍လားမသိ ထိုသူ၏မျက်​နှာသည်​ နီရဲသွားပြီးရှုံ့မဲ့ကာလာသည်​။ အစက​တော့ သက်​ပိုင်​က ထိုသူကို​တောင်းပန်​မို့စိတ်​ကူးရ​သေးသည်​။ သို့ရာတွင်​ ဝင်​တိုက်​မိသူမှာ တတိယနှစ်​က ဥပ​ဒေကင်း ဥက္ကာစိုးမိုးဖြစ်​​နေ၍ ဖာသိဖာသာ ​ရှောင်​၍ထွက်​လာခဲ့လိုက်​သည်​။

"​ဟေ့...."

ခေါ်သံသဲ့သဲ့ကို​တော့ သက်​ပိုင်​ကြားလိုက်​သည်​။ သို့ရာတွင်​​နောက်​လှည့်​မကြည့်​ဖြစ်​။

"မင်းကို ငါ​ခေါ်​နေတာမကြားဘူးလား........"

ဇောက်​ခနဲ ပုခုံးကိုကိုင်​ကာဆွဲလှည့်​ခြင်းကိုခံလိုက်​ရသည့်​အခါ သက်​ပိုင်​လင်းသည်​ သူ၏မျက်​နှာထားကိုအနည်းငယ်​တင်းမာလိုက်​သည်​။ ခပ်​ဝိုင်းဝိုင်းမျက်​မှန်​​လေး​အောက်​မှ မျက်​​မှောင်​ကျုံ့ကာ ဥက္ကာစိုးမိုးကို ​မော်​ကြည့်​လိုက်​သည်​။

"ဘာလဲ....."

ဥက္ကာ တစ်​ချက်​ဖြုံသွားရသည်​။ ဘယ်သူမှ သူ့ကိုခုလိုအသံမာမာဖြင့်​​မေးခွန်းမထုတ်​ဖူးပါ။

~ငြိုး.....~Where stories live. Discover now