episode 3 unicode

5.9K 359 9
                                    

ငြိုး.....(episode 3)
------------------
အချစ်ကို မနမ်းမိခြင်း
------------------

ညနေဘက်ပျင်းပျင်းရှိလှသည်နှင့် သက်ပိုင်သည် နွေးနွေးနှင့်အတူ ကမ်းနားလမ်းဘက်သို့ထွက်ခဲ့ခြင်းဖြစ်သည်။ ကမ်းနားလမ်းတွင် ဟိုဟိုသည်သည်လမ်းလျှောက်ရင်း တောင်စွန်းပေါ် နေမင်းကြီးမေးတင်လျှင် ရေပေါ်ဈေး၌ တစ်ခုခုစား၍ ဆည်းဆာကိုကြည့်ကြမည်ဟု စိတ်ကူးထား၏။ တစ်ရွေ့ရွေ့လမ်းလျှောက်နေရင်းမွ နွေးနွေးက မြစ်ပြင်ကြီးကိုငေးရင်း စကားကိုစလာသည်။ သက်ပိုင်မကြားချင်သော စကားနှင့်ပါ။

"ငါ့ကလေးကတော့ စံပဲနော်၊ ဘယ်သူမွမထိရဲတဲ့သူကို ခြေထောက်နဲ့ကန်ပစ်တာ ဟဟ...."

နွေးနွေးသည် သူမစကားကိုပြန်သဘောကျရင်း အဆုံး၌ခစ်ခနဲရယ်လေ၏။ သက်ပိုင်ကတော့ အဲ့ဒီကိစ္စတွေပြန်မတွေးချင် ပြန်တွေးမိတိုင်း မျက်နှာပူနေရသည်။ မျက်နှာပူနေရသည့်အတွက်လည်း ဒီနေ့တစ်ရက်ကျောင်းမသွားဖြစ်ပေ။ ကျောင်းမသွားယုံမက အိမ်ထဲကပင်အိမ်ပြင်မထွက်ဖြစ်။

"မမနွေးရယ် တော်ပါတော့ ကျွန်တော့်ခင်မျာမျက်နှာပူလိုက်တာ..."

"ဒါနဲ့လေ ကျောင်းမွာ အရင်ကထက် ကလေးကပိုနာမည်ကြီးသွားပြီနော်...၊ ခုဆို ဥက္ကာစိုးမိုးဆိုတာနဲ့ သက်ပိုင်လင်းကိုတွဲမြင်လာကြရော၊ ငါတို့ရဲ့ princess လေးကတကယ်ပဲ..."

သဘောမကျလှသည်ရှိသောကြောင့် သက်ပိုင်၏နှုတ်ခမ်းလေးသည် လန်ပျံ၍ဆူထွက်လာသည်။

"အို...တော်ပါတော့ဆိုမှ...၊ သူနဲ့စတာမကြိုက်ပါဘူး...."

"အမလေး ပြောလို့ရတာမဟုတ်ပါဘူး...တစ်နေ့နေ့ ကလေးက သူနဲ့အကြောင်းပါရင်ဘယ်လိုလုပ်မလဲ....."

"စိတ်ခ် ကျွန်တော် သူ့ကိုဘယ်တော့မှချစ်လာစရာအကြောင်းမရှိဘူး ကျိန်ရဲတယ်...."

တစ်စုံတစ်ခုကို အကဲခတ်သလိုလှမ်းကြည့်ပြီးနောက် နွေးနွေးသည် လှမ်းနေသောခြေလှမ်းကိုဆတ်ခနဲရပ်ကာ သက်ပိုင်ရှိရာသို့ လှည့်လိုက်သည်။ နွေးနွေးက ကော့ညွတ်ရှည်လ်ားသောမျက်တောင်ရှည်ကြီးများကို တစ်ချက်ပုတ်ခတ်လိုက်ပြီး ပြုံးတုံ့တုံ့လေးပြုံးလာ၏။

~ၿငိဳး.....~Where stories live. Discover now