episode 4 unicode

5.5K 334 10
                                    

ငြိုး.....(episode 4)
------------------
'အချစ်က ပူသည်
----------------

အလျင်ကဆို ဥက္ကာသည် သူ၏ညနေပိုင်းအချိန်မ်ားကို Gym ကစား၍ဖြစ်ဖြစ် ဒါမှမဟုတ် bar တစ်ခုခုကို သွား၍ဖြစ်ဖြစ် ကုန်ဆုံးစေတတ်သည်။ သို့ရာတွင် ယခုတော့ ထိုကိစ္စရပ်မ်ားကို လုပ်ချင်စိတ်မ်ား အလျဉ်းရှိမနေ။ ကျောင်းကပြန်ရောက်သည်နှင့် အိပ်ရာထက်တွင် ခြေပစ်လက်ပစ် လှဲပစ်မည်။ ပြီးနောက် တစ်နေ့တာကြုံတွေ့ရသော သက်ပိုင်လင်းနှင့်အဖြစ်အပျက်မ်ားကို ပြန်တမ်းတမည်။ ခက်ထန်လွသော သက်ပိုင်လင်း၏ အကြည့်မ်ားကို မျက်စိမှိတ်၍တစ်ဖုံ မျက်စိဖွင့်၍တစ်သွယ် ပြန်လည်မြင်ယောင်ခံစားနေမည်။ နင့်သီးလွသော သက်ပိုင်၏စကားသံမ်ားကို နားထဲမှပြန်ထွက်မသြားအောင် လက်နှစ်ဖက်ဖြင့်ပိတ်ပြီး ပြန်ကြားယောင်နေမည်။ အသည်းယားစဖွယ် သက်ပိုင်၏မူဟန်မ်ားကို ပြန်မြင်ယောင်လာလျှင်တော့ ဖက်ခေါင်းအုန်းကို ကျစ်ကျစ်ပါအောင်ခွလျက် ထုရိုက်ပစ်မိနေပါမည်။

ဥက္ကာမထင်မှတ်ထားသော အချိန်တိုလေးအတွင်းမွာပဲ သက်ပိုင်က သူ့နှလုံးသားမှတစ်ဆင့် ဆံချည်မျှင်သွေးကြောများထိ နေရာအနှံ့ မောင်ပိုင်စီးမင်းမူနေခဲ့ပါပြီ။

"မချစ်ဖူးတဲ့ အချစ်ရူးလေးကတော့ ရူးရပြီထင်ပါရဲ့ အသက်ရေ..."

ခံစားသမ်ွကို သူတိုးတိုးလေးငြီးရင်း ခွထားသည့်ခေါင်းအုန်းကိုတဘုန်းဘုန်းထုရိုက်ပစ်လိုက်သည်။

"ခွေးကောင်....."

သူ့နောက်ကျောဘက်မွနေ၍ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော အောင်အောင်၏ ဆဲဆိုသံက သူ့အတွေးစအားလုံးကို အဝေးသို့ကန်ထုတ်ပစ်လိုက်သလိုပင်။ နေပါဦး အခန်းတံခါးကိုလော့ချဖို့ သူမေ့ခဲ့လေသလား။

"မင်းမ်ားနေပြီဥက္ကာ....၊ မင်းတကယ် ကတိမတည်ဘူး ငါမင်းကိုသတ်ချင်နေပြီ...."

ဥက္ကာသည် လွဲနေရာမှ ထ၍ထိုင်လိုက်သည်။

"ဘာလဲ မင်းငါ့ဆီလာတာ ဒီကိစ္စတွေပြောဖို့ပဲလား တစ်ခြားကိစ္စပြောဖို့မရှိတော့ဘူးလား၊ မင်းက သူများအခွင့်အရေးကို လာတားဆီးနေတာပဲ၊ မင်းမှာအဖြစ်ရှိရင် မင်းလည်း သက်ပိုင်ကိုလိုက်ခွင့်ရှိတာပဲ လိုက်ပါလား...."

~ၿငိဳး.....~Where stories live. Discover now