episode 12 unicode

3.9K 219 0
                                    

ငြိုး......(episode 12)
-------------------

ဥက္ကာမျှော်နေသည့် ငါးရက်မြောက်သော နေ့လေးသည် ငါးကပ် ငါးကမ်ဘာမျှ ကြာညောင်းသွားသည်ဟု ထင်ရလောက်အောင်ထိ စောင့်ဆိုင်းပြီးခါမှ စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပါသည်။

ထိုနေ့က စနေနေ့ဖြစ်သောကြောင့် ကျောင်းတွင်မဆုံဖြစ်။ သက်ပိုင်က နွေးနွေးတို့နှင့်ဥက္ကာတို့ကို အပြင်ကဆိုင်တစ်ဆိုင်တွင်သာချိန်းလိုက်သည်။

ထိုနေ့က ဥက္ကာသည် ကြည်သာရွှင်ပျလျက် စိတ်လှုပ်ရှားစွာဖြင့် ထိုဆိုင်လေးသို့အစောဆုံးရောက်ရှိနေခဲ့သည်။ သက်ပိုင်မျက်လုံးထဲ အစွမ်းကုန်ကြည့်ကောင်းနေစေရန်အတွက် အဝတ်အစားမ်ားကို သေသပ်က်န လိုက်ဖက်အောင် ဝတ်ဆင်ထားပြီး ဆံပင်၊ နှုတ်ခမ်းမွှေး နှင့် ပါးသိုင်းမွှေးများကိုလည်း ဆိုင်တွင် ပုံသွင်းဖြစ်ခဲ့သေးသည်။

ရင်ထဲမှာလည်း ဟာနေသလို ပြည့်အင့်နေသလိုဖြင့် နေမထိထိုင်မသာဖြစ်နေရသည်။ သက်ပိုင်က ပျော်ရမွာ သေချာပါသည်ဟု ဆိုခဲ့ဖူးသော်လည်း အတွေးများက ရောက်ရက်ခဲ့နေဆဲပင်။ သူ့ဘဝ၏ အစွန်းနှစ်ဖက်သည် သက်ပိုင်၏ အဖြေစကားတစ်ခွန်းအပေါ်မူတည်နေပါသည်။ တစ်ဖက်က ကမ်ဘာပေါ်တွင် အပျော်ဆုံးလူသားတစ်ဦးအဖြစ် ရောက်ရှိစေနိုင်ပြီး ကျန်တစ်ဖက်ကတော့ ရှင်လျက်နှင့်သေသွားနိုင်သည်။

လူတွေအားလုံးစုံနေခဲ့သော်လည်း သက်ပိုင်ကပေါ်မလာသေး။
ဥက္ကာက ရေကိုသာအကြိမ်ကြိမ်သောက်ရင်း ဗလောင်ဆူဝေမှုများကို ဖြေဖျောက်နေရသည်။

ဘေးကကြည့်နေသော နွေးနွေးတို့လည်း မနေနိုင်တော့ ဥက္ကာအား နှစ်သိမ့်ပေးရသည်။

"ကိုဥက္ကာ....စိတ်အေးအေးထားပါ...၊ ဟိုကလက်ခံမွာသေချာတယ် သိလား၊ ရှေ့ဆက်ဘယ်လိုလက်တြဲမလဲ ဆိုတာပဲ တွေးစမ်းပါ...."

ဘေးကနှစ်သိမ့်ပေးသည်နှင့် ဖြေသိမ့်လို့ရလျှင်ဘယ်လောက်ကောင်းမလဲ။ သို့ရာတွင် ဥက္ကာစိတ်မအေးနိုင်ပဲ ဆိုင်အပြင်လှေကားကိုသာ ငေးနေမိသည်။

"ဟော...ဟော...လာပါပြီဗျာ...."

အပြင်လှေကားဆီမှ ကြွကြွရွရွနင်းတက်ရင်း တစ်လှမ်းခြင်းဆိုင်အတွင်းဝင်လာသော သက်ပိုင်ကိုမြင်ရသည်နှင့် ဥက္ကာစိတ်မ်ား ပိုလေးလံသွားမိသည်။ အရောင်နှင့်ပတ်သက်၍ အယူအသည်းသိပ်မရှိသော်လည်း ဒီတစ်ခါတော့ ဥက္ကာစိုးထိတ်မိသွားသည်။ ဒီနေ့ရက်ကို မင်္ဂလာရှိသောနေ့လေးဟု သတ်မှတ်၍ သူက အဖြူရောင်စပိုစ့်ရှပ်နှင့် အဖြူရောင်ဂျင်းပျော့ဘာင်းဘီကိုဝတ်ဆင်ထားသော်လည်း သက်ပိုင်ကမူ သူနှင့်ဆန့်ကျင်ဘက် အနက်ရောင် စပိုစ့်ရှပ်နှင့် အနက်ရောက် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။ ပြီးတော့ မျက်နှာကလည်း ကြည်လင်ခြင်းရှိမနေပဲ သုန်သုန်မှုန်မှုန်.....။ မနေ့ည ဖုန်းဆက်စဉ်ကပင် သက်ပိုင်အသံက ကြည်ကြည်လင်လင်ရှိခဲ့ပါသည်။ ရှေ့ရေးကို အနည်းငယ်စွတ်သော စကားမ်ား ပြောဖြစ်ခဲ့ကြသေးသည်။ ခုက်မွ ရွှေစိတ်တော်ညိုးဖို့ ဘာရယ်ကြောင့်ဟန်ပြင်နေရသနည်း

~ၿငိဳး.....~Where stories live. Discover now