episode 20 unicode

3.7K 186 1
                                    

ငြိုး.....(episode 20)
-------------------

နေဝင်ရီတရော အချိန်တွင် သက်ပိုင်တို့အိမ်ရှေ့သို့ လိုက်ထရပ်ကားတစ်စီးက လာရောက်ထိုးဆိုက်သည်။ နောက်တွဲခန်းတွင် လူတွေကလည်း သုံးလေးငါးယောက်လောက်ပါ၏။

"ကိုကြီးငွေတို့ပါလား...."

မေမေသည် ရွာမှသူ့အစ်ကိုဘကြီးငွေတို့လာသည်ဖြစ်၍ အမောသောကောနှင့် အောက်သို့ခပ်သုတ်သုတ်ပြေးဆင်းသွားသည်။ ဘကြီးငွေတို့ ရောက်လာသောကြောင့် ရွာတွင်တစ်ခုခုဖြစ်မှန်း သက်ပိုင်သိလိုက်သည်။ သက်ပိုင်က မေမေ့လို အောက်သို့ဆင်းမသြား အိမ်ကပြင်တွင်သာရပ်လျက် ငေးနေမိသည်။

ခနအကြာ မေမေသည် သုတ်ချေသင်လျက် ပြန်တက်လာ၏။

"သားငယ်ရေ...ပစ္စည်းတွေသိမ်း...မနက်ဖြန် ရွာမှဘုရားပွဲရှိလို့တဲ့...."

"ဟင်...ဘကြီးငွေတို့ကလည်း ကြိုမပြောဘူး...."

"အလုပ်အကိုင်နဲ့မေ့နေတာနေမှာပေါ့....ဒီနေ့ကတည်းကစတာ....ဖုန်းမမိတာနဲ့ ကိုယ်တိုင်လာခေါ်တာတဲ့ မနက်ဖြန်အကျွေးအမွေးရှိတယ်....သွားသွားပစ္စည်းတွေမြန်မြန်သိမ်း"

သက်ပိုင် အလျင်အမြန်ပင် အိမ်ထဲဝင်ခဲ့လိုက်သည်။ မဆုံရတာ ကြာပြီဖြစ်သော အမျိုးတွေနှင့်တွေ့ရတော့မည်ဖြစ်၍လည်း ကျိတ်၍ပျော်နေမိသည်။

မေမေတို့ရွာလေးသည် သည်မြို့မှနေ၍ သုံးနာရီမျှသာကားမောင်းရသော မြစ်တစ်ဖက်ကမ်းကရွာလေးဖြစ်သည်။ မြို့နှင့်နီးသော်လည်း နည်းနည်းခေါင်သည်။ မီးကလည်း အချိန်ပိုင်းနှင့်သာရကာ မိုးတစ်ခါရွာလျှင် ဖုန်းလိုင်းကနှစ်ရက်လောက်ပြတ်တတ်သည်။ လေကြမ်းတာနှင့် ဖုန်းလိုင်းကအော်တိုပြတ်ပြီးသားပင်။

ရွာမှာဘုရားပွဲရှိလျှင် သက်ပိုင်တို့နှစ်တိုင်းသြားနေကြ။ အမျိုးအဆွေတွေနှင့် စုစုစည်းစည်းပြန်ဖြစ်၍ ပျော်စရာလည်း အတော်ကောင်းလှသည်။ နေ့လည်နေ့ခင်းက ရွာလုံးကျွတ်အိမ်တိုင်း၌ အကျွေးအမွေးရှိသည်။ သူ့အိမ်ကိုယ့်အိမ်လှည့်ပတ်စားသောက်ကာ အိမ်ပေါ်တက်ပြီး တစ်ခုခုမစားပဲပြန်ဆင်းလျှင် အိမ်ရှင်ကစိတ်လက်မကြည်မသာဖြင့် စိတ်ဆိုးမာန်ဆိုးတတ်သည့် ဓလေ့ထုံးစံလည်းရှိသေးပါသည်။ လှည့်လည်စားသောက် ပျော်ပါးကြပြီးလျှင် ညနေခင်း၌ပြဲဈေးတန်းလှည့်ကာ မိုးလင်းပေါက်ဆွေမျိုးတစ်သိုက်ပွဲကြည့်ကြ၏။

~ၿငိဳး.....~Where stories live. Discover now