episode 12

9.1K 507 2
                                    

ငြိုး......(episode 12)
-------------------

ဥက္ကာ​မျှော်​​နေသည့်​ ငါးရက်​​မြောက်​​သော ​နေ့​လေးသည်​ ငါးကပ်​ ငါးကမ္ဘာမျှ ကြာ​ညောင်းသွားသည်​ဟု ထင်​ရ​လောက်​​အောင်​ထိ ​စောင့်​ဆိုင်းပြီးခါမှ စိုက်​စိုက်​မြိုက်​မြိုက်​​ရောက်​လာခဲ့ပါသည်​။

ထို​နေ့က စ​နေ​နေ့ဖြစ်​​သော​ကြောင့်​ ​ကျောင်းတွင်​မဆုံဖြစ်​။ သက်​ပိုင်​က ​နွေး​နွေးတို့နှင့်​ဥက္ကာတို့ကို အပြင်​ကဆိုင်​တစ်​ဆိုင်​တွင်​သာချိန်းလိုက်​သည်​။

ထို​နေ့က ဥက္ကာသည်​ ကြည်​သာရွှင်​ပျလျက်​ စိတ်​လှုပ်​ရှားစွာဖြင့်​ ထိုဆိုင်​​လေးသို့အ​စောဆုံး​ရောက်​ရှိ​နေခဲ့သည်​။ သက်​ပိုင်​မျက်​လုံးထဲ အစွမ်းကုန်​ကြည့်​​ကောင်း​နေ​စေရန်​အတွက်​ အဝတ်​အစားများကို ​သေသပ်​ကျန လိုက်​ဖက်​​အောင်​ ဝတ်​ဆင်​ထားပြီး ဆံပင်​၊ နှုတ်​ခမ်း​မွှေး နှင့်​ ပါးသိုင်း​မွှေးများကိုလည်း ဆိုင်​တွင်​ ပုံသွင်းဖြစ်​ခဲ့​သေးသည်​။

ရင်​ထဲမှာလည်း ဟာ​နေသလို ပြည့်​အင့်​​နေသလိုဖြင့်​ ​နေမထိထိုင်​မသာဖြစ်​​နေရသည်​။ သက်​ပိုင်​က ​ပျော်​ရမှာ ​သေချာပါသည်​ဟု ဆိုခဲ့ဖူး​သော်​လည်း အ​တွေးများက ​ရောက်​ရက်​ခဲ့​နေဆဲပင်​။ သူ့ဘဝ၏ အစွန်းနှစ်​ဖက်​သည်​ သက်​ပိုင်​၏ အ​ဖြေစကားတစ်​ခွန်းအ​ပေါ်မူတည်​​နေပါသည်​။ တစ်​ဖက်​က ကမ္ဘာ​ပေါ်တွင်​ အ​ပျော်​ဆုံးလူသားတစ်​ဦးအဖြစ်​ ​ရောက်​ရှိ​စေနိုင်​ပြီး ကျန်​တစ်​ဖက်​က​တော့  ရှင်​လျက်​နှင့်​​သေသွားနိုင်​သည်​။

လူ​တွေအားလုံးစုံ​နေခဲ့​သော်​လည်း သက်​ပိုင်​က​ပေါ်မလာ​သေး။
ဥက္ကာက ​ရေကိုသာအကြိမ်​ကြိမ်​​သောက်​ရင်း ဗ​လောင်​ဆူ​ဝေမှုများကို ​ဖြေ​ဖျောက်​​နေရသည်​။

ဘေးကကြည့်​​နေ​သော ​နွေး​နွေးတို့လည်း မ​နေနိုင်​​တော့ ဥက္ကာအား နှစ်​သိမ့်​​ပေးရသည်​။

"ကိုဥက္ကာ....စိတ်​​အေး​အေးထားပါ...၊ ဟိုကလက်​ခံမှာ​သေချာတယ်​ သိလား၊ ​ရှေ့ဆက်​ဘယ်​လိုလက်​တွဲမလဲ ဆိုတာပဲ ​တွေးစမ်းပါ...."

~ငြိုး.....~Where stories live. Discover now