episode 6 unicode

4.9K 300 2
                                    

ငြိုး.....(episode 6)
-----------------
မတွေ့ရမနေနိုင်သော မျက်စောင်းလေးတစ်ခု
-------------------------------------

'သူနှင့်ဝေးသော်အစချီ၍ ဥမ္မာဒန္တီပျို့ကို ငြီးရန်အတွက်က သက်ပိုင်နှင့်သူသည် ဝေးလျက်မရှိ။ အချိန်တိုင်းမတွေ့ရသော်လည်း နေ့တိုင်းမြင်တွေ့နေရသည်။ မြင်ရ၊ တွေ့ရ၊ နီးစပ်ရ ရှိသော်လည်း လွမ်းရေးက ဝမ်းရေးထက်ပိုခက်နေသည်က ခက်သားလား။ အော် ခက်ပေသားပဲလား....။

ကျောင်းပြန်ဖွင့်သည့်မနက် ဥက္ကာကဲင်တင်းကို စောစောလျင်လျင်ရောက်ရှိနေသော်လည်း သက်ပိုင်တို့၏အရိပ်အယောင်ကမပေါ်လာသေး။ အလျင်ကဆို စောင့်ဆိုင်းရခြင်းအလုပ်သည် ဥက္ကာစိတ်နှင့် အံဝင်ခွင်က် မဖြစ်သော်လည်း ယခုတော့ ခပ်ဝေးဝေးက သက်ပိုင်လာမည်ကို လည်တိုင်ရှည်လုမတတ် မျှော်တလင့်လင့်မျှော်ရသည့်အဖြစ်အား မက်မက်မောမောခုံမင်တတ်ခဲ့ပြီ။ ဒီနေ့သူဘယ်လိုပုံစံဝတ်လာမလဲ၊ ဘယ်လိုပုံစံဆက်ဆံမလဲ၊ မျက်စောင်းပဲခဲလေမလား၊ အောက်နှုတ်ခမ်းလေးပဲကိုက်လေမလား စသည်တို့ကို တစ်မြေ့မြေ့တွေးရသည်ကလည်း အလွန် နှစ်ခြိုက်ဖို့ကောင်းသည်။

"မင်းက တစ်နေ့ထက်တစ်နေ့ အနာတရတွေတိုးလာတယ်နော် ဥက္ကာ...."

မျှော်သူမပေါ် မမျှော်သူတွေကပေါ်လာချေပြီ။ အောင်အောင်သည် ဆိုင်ထဲဝင်လာသည်နှင့် ငြူငြူစူစူစကားကိုဆိုသည်။ ပြီးလျှင် သက်ပိုင်နှင့်ပတ်သက်၍ မချိတင်ကဲစကားများကိုလည်း ကြားရဖန်ဦးမည်။

"ချစ်သူပေးတဲ့ဝေဒနာလေ....ဒါပေမဲ့ငါက မနောလိုအရက်နဲ့မဖြေဘူး၊ ဒီရင်ဘက်ထဲသိမ်းထားမွာ....."

"အောင်မာ စကားတွေတယ်တတ်လာပဲလား၊ ဆိုစမ်းပါဦး ဘာလို့ပေါင်ကြီးစိပြီးထိုင်နေတာလဲ...."

နေမျိုးအမေးကို ဥက္ကာကချက်ချင်းမဖြေ အောင်အောင်ကိုတစ်ချက်အကဲခတ်၏။ သက်ပိုင်နှင့်သူ၏ အဆင့်တက်လာသော ဆက်ဆံရေးကို ကြွားချင်သော်လည်း အောင်အောင်၏ မျက်နှာရိပ်မျက်နှာကဲကိုလည်း သတိထားရသေးသည်။ ဒီနေ့တော့ အောင်အောင်က စိတ်ကြည်လင်နေသလိုပါပဲ။

"မင်းတို့ ငါပြောရင်ယုံမလား၊ သက်ပိုင်ငါ့ကို အရင်ကလောက်ခါးခါးသီးသီးမရှိတော့ဘူး၊ ပြီးတော့ သူနဲ့ငါ တစ်ခန်းထဲလည်း အိပ်ပြီးပြီ၊ သူ့ရဲ့ပြုစုမှုကိုလည်း ငါခံဖူးပြီ၊ ငါ့ရဲ့မဖွယ်မရာ ကိုလည်းသူကိုင်ဖူးသွားပြီ...."

~ၿငိဳး.....~Where stories live. Discover now