episode 9 unicode

4.3K 262 4
                                    

ငြိုး.....(episode 9)
-----------------
သူ့တစ်မျက်နှာ တစ်ကမ်ဘာ
---------------------

"ငါမကျေနပ်ဘူးသိလား....ဟဲ့...နွေးနွေး နင်တို့ဘက်က ကိုဥက္ကာမပါရင် ငါတို့နိုင်တယ်..."

နီလာသည် မနေ့က သူမတို့မေဂျာရှုံးပွဲကိုမကျေနပ်၍ ဗြစ်တောက်ဗြစ်တောက်ပြောရင်း မုန့်ဟင်းခါးတစ်ဇွန်းကိုခပ်၍စားသည်။ ခင်ရသည့်သူငယ်ချင်းအချင်းချင်းလည်း ဒီလိုကာလမျိုးရောက်ရင် မေဂျာစွဲ၊ ဌာနစြဲလေးများဖြင့် တည့်တိုးရော သွယ်ဝိုက်၍ရော ခွပ်တတ်ကြလေသည်။

နီလာက အားမရသေးသလိုဖြင့် နောက်တစ်ဇွန်းခပ်ရန်ပြင်နေသောလက်ကိုပြန်ချလိုက်သည်။

"ကိုနေမျိုးကြီးကလည်းလေ ကိုဥက္ကာသူငယ်ချင်းဆိုပြီး အားကိုးရမလားမှတ်တယ်၊ ဘောလုံးကိုရှောင်ပြေးနေသလား အောက်မေ့ရတယ်၊ အကုန် ကွင်းထဲမွာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေကစားနေကြတာ...ဘော်လီဘောပုတ်နေကြတာမဟုတ်ဘူး...ငါမကျေနပ်ဘူးဟာ...."

အားလုံးက နီလာ၏ ကြိတ်မနိုင်ခဲမရဖြစ်နေပုံကိုကြည့်ပြီး ငိုအားထက်ရယ်အားသန်နေကြသည်။

"ပြီးတဲ့ဟာလည်း ပြီးပါပြီဟယ်၊ နင့်မလဲ....ဘာတွေဖြစ်နေတာတုန်း၊ ခုက ပတ်လည် ကစားတာမို့လား နောက်ပြဲတွေနိုင်အောင်ဆော့ပေါ့...."

"နောက်မကျေနပ်တာ တစ်ခုရှိသေးတယ်....၊ ငါ့ကလေးကို တမင်စွဲသုံးပစ်တာ....."

နီလာ၏မြှားဦးသည် သက်ပိုင်ဘက်လှည့်လာ၏။

"ဟင်...ကျွန်တော်နဲ့ဘာဆိုင်လို့တုန်း....."

"ဆိုင်တာပေါ့....သူ့ဟာလေးက ဘေးကအားပေးနေတော့ သူပိုအားရှိတာပေါ့၊ ရိုက်ချက်တွေများ..ကြောက်စရာကြီး..၊ ကိုနေမျိုးကြီးဆို ကိုဥက္ကာတစ်ချက်ရိုက်တာနဲ့ တက်မကာဘူး မျက်နှာကြီးကို လက်နဲ့အုပ်ထားတယ်....ဟဲ့မျိုး....နင်တို့မေဂျာနဲ့တွေ့ရင် ဘာမှမလုပ်နဲ့ သက်ပိုင်ကိုပြန်ပေးဆွဲပြီးဖွက်ထား...သိလား အဲ့ဒါဆိုနိုင်မွာသေချာတယ်....."

နီလာက မျိုးဝတ်မှုံ၏ ပေါင်ကိုပါပုတ်၍ မကျေနပ်ချက်မ်ားကို ရှေ့မကြည့်နောက်မကြည့် ဖွင့်ဟနေ၏။

~ၿငိဳး.....~Where stories live. Discover now