episode 22 unicode

4.2K 184 1
                                    

ငြိုး.....(episode 22)
-------------------

"ကိုကို့ကို သတိရလာလို့၊ ဒီလိုမိုးရွာတဲ့ညမှာပဲ ကိုကိုက ညီတို့ကိုထားသွားခဲ့တာ....သိလား...."

ကိုယ့်ရင်ခုန်သံကို မညာချင်တော့သည့်အဆုံးတွင် ကိုကို့ကို ပြင်းပြင်းထန်ထန်အားနာနေမိတော့သည်။ အားနာရင်းသတိရလာမိသည်။ ကိုကို့အတွက် တရားမ်ွတစေရမည်ဟု ကျုံးဝါးပြီးမှ အမုန်းတွေအားလုံးသင်ပုန်းချေပစ်မည့်နေ့ရောက်လာခဲ့မယ်လို့ ကျွန်တော်ဘယ်လိုထင်ထားရက်ပါ့မလဲ။ ကျွန်တော့်နှလုံးသားအလိုကို ကိုကိုနားလည်ပေးနိုင်စွမ်းရှိမယ်လို့ယုံကြည်ပါသည်။

"ညီ ကိုဥက္ကာကို မချစ်သင့်ဘူးဆိုတာ ကိုဥက္ကာသိလားဟင်...."

ကျွန်တော်ကမေးလိုက်သော်လည်း ကိုဥက္ကာဟာ ကလည်အူကြောင်နှင့်သာ ကျွန်တော့်ကိုကြည့်နေပါသည်။ ကျွန်တော့်မျက်လုံးထဲ အဲ့ဒီအချိန်တုန်းက သူ့အကြည့်တွေထဲအပြစ်ကင်းစင်နေမှုကိုမြင်တွေ့ခဲ့ရသည်။ ကျွန်တော် သူ့ကိုဘယ်လိုမှလက်စားမချေရက်မှန်း ပို၍သေချာလာပါ၏။

"သက်ပိုင်ကို ကိုယ်အဖြူစင်ဆုံးပဲချစ်ချင်တယ်၊ ကိုယ့်အချစ်ဟာ မဖြူစင်ဘူးလို့လည်း မသတ်မှတ်လိုက်ပါနဲ့၊ ကိုယ်တောင်းဆိုတာပါ၊ ကိုယ် သက်ပိုင်ကိုချစ်လို့ ဒီလိုဖြစ်သွားတာလို့ မှတ်ပေးပါ..."

ထိုအခါမွ ကျွန်တော့်အတွက် သူထားရှိတဲ့အချစ်ဟာ ဘယ်လောက်ထိသန့်စင်မွန်မြတ်ကြောင်းကို သိခွင့်ရခဲ့သည်။ ဆာလောင်မှုများကို တစ်ဆာဆာတောင်းခံနေသည့်ကျွန်တော့်ကို အထင်သေးခြင်းမရှိပဲ သူ့ကြောင့်မှဲ့တစ်ပေါက်စွန်းမည်ကို စိုးရွံ့နေသည်ထင်ပါရဲ့။

သူဟာ ကျွန်တော့်အပေါ် အရမ်းဖြူစင်ချင်နေသည်။

-----------------------

"ပေါင်မုန့်မီးကင်၊ ကြက်ဥဟက်ဖ်ဖရိုက်၊ နွားနို့၊ ကြက်အူချောင်း၊ စားပြီးရင် အော်ရာမင်း-ဂျီ သောက်ရမယ်နော်...."

ဘာအရောင်မှမပါသည့် သူ့ဂရုစိုက်မှုတွေကြားပျော်ဝင်နေမိသည်။
အသေးအဖွဲလေးတွေကအစ ကျွန်တော့်အပေါ်ဂရုတစိုက်ချစ်ပေးနိုင်မဲ့သူကို လက်လွှတ်မခံနိုင်ခဲ့တာ အတ္တကြီးတယ်လို့မဆိုနိုင်ပါဘူးနော်။ ဟုတ်တယ်မို့လား...ကိုကို။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ချစ်ကြတယ်ဆိုပေမဲ့ သူက သူ့ကိုယ်ထက် ကျွန်ေတာ့်ကိုပိုချစ်တယ် ကိုကို။ ကိုကိုတမလွန်ကနေ ကြည်ဖြူပေးပါ။

~ၿငိဳး.....~Where stories live. Discover now