episode 8 unicode

4.6K 273 4
                                    

ငြိုး....(episode 8)
-----------------

နောက်တစ်နေ့ နေ့လည်ပိုင်းတွင် သက်ပိုင်သည် ပျင်းပျင်းရှိသည်နှင့် ဧည့်ခန်းလေးအတွင်း အခေါက်ခေါက်အခါခါ ဖတ်ဖူးနေသော မစန္ဒာ၏ 'ငြိုးမာန်ဖွဲ့သူရယ်ဝတ္တုကို ပြန်လည်ကာ ဖတ်နေမိသည်။ ဖတ်ဖူးနေကြဖြစ်သော်လည်း အခေါက်ခေါက်အခါခါပြန်ဖတ်သည်။ ပြန်ဖတ်တိုင်းလည်း မရေမလည် အတွေးများကို ပြန်လည်ကာတွေးတောဖြစ်၏။ အဆုံးတွင် နန္ဒာဟာ ထွန်းမင်းကိုချစ်မိသြားသလား။ ဆရာမက မသဲမကြဲရေးပြထားသော်လည်း ချစ်မိသွားသည်ဟုသာထင်သည်။ နန္ဒာဟာ တကယ်ကိုပင် သူ့အစ်ကိုကို သတ်ခဲ့သည်ဟု ယုံမှားသံသယဖြစ်နေသည့် ထွန်းမင်းကိုချစ်မိသြားခဲ့၏လော။

မရေမလည် အတွေးများကို အိမ်ရှေ့မှ ကားဟွန်းသံကဖျောက်ဖျက်ပစ်လိုက်သည်။ ထိုင်နေရာမှ ထကာ ကြည့်မိတော့...ကိုဥက္ကာ၏ ကာဒီနားကားအနက်ရောင်လေးက အိမ်ရှေ့တွင်ထိုးရပ်ထားသည်။ အလျင်ဆို ဆိုင်ကယ်နှင့်လာနေကြပါ။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး ကားကြီးနှင့်လာရသနည်း။

သက်ပိုင် အိမ်ကပြင်ကိုရောက်သည်နှင့် ကား ရှေ့တံခါးမှန်ကပွင့်လာကာ လေးထောင့်ကျကျမျက်မှန်အနက်အား တပ်ဆင်ထားသော ဥက္ကာသည် မျက်မှန်နှာထောင့်ကို လက်ညိုးဖြင့် တစ်ချက်ထောက်၍ ကြည်သာရွှင်ပြစွာပြုံးရယ်ပြလာ၏။

"ကိုဥက္ကာ......"

အုတ်လှေကားထက်မွ သက်ပိုင် ဆင်းလာသောအခါ အနောက်မှန်ကပွင့်လာပြန်သည်။ ထိုသို့ပွင့်လာသည်နှင့် ပြူထွက်လာသော အလက်စ်ကန် ခေါင်းကြီးကြောင့် သက်ပိုင်သည် အံ့သြမှင်သက် ဝမ်းသာ၍သြားတော့သည်။

အကြီးကြီးဆိိုမှ တကယ့်အကြီးကြီး။ ကားနောက်ခန်းတစ်ခုလုံးပြည့်နေပြီး ခုနကမှန်ပိတ်ထားသောကြောင့် မွန်းကျပ်နေ၍ထင်သည်။ အလက်စ်ကန်ကြီးက ခေါင်းကြီးကိုမော့ထုတ်လျက် လ်ွာလေးတစ်လစ်ဖြင့် တစ်ကိုယ်လုံးတုန်ခါနေအောင် အသက်ပြင်းပြင်းရှူနေလေသည်။

"ဟောတော် ချစ်စရာကြီး...."

မြူးတူးခုန်ပေါက်ရင်း သက်ပိုင်သည် အပြေးတစ်ပိုင်းဖြင့် ကားဆီသို့သွားသည်။ သက်ပိုင်ပျော်တော့ ဥက္ကာကလည်း ရွှင်ရသည်။

~ၿငိဳး.....~Where stories live. Discover now