episode 3

13.6K 845 23
                                    

ငြိုး.....(episode 3)
------------------
အချစ်​ကို မနမ်းမိခြင်း
------------------

ည​နေဘက်​ပျင်းပျင်းရှိလှသည်​နှင့်​ သက်​ပိုင်​သည်​ ​နွေး​နွေးနှင့်​အတူ ကမ်းနားလမ်းဘက်​သို့ထွက်​ခဲ့ခြင်းဖြစ်​သည်​။ ကမ်းနားလမ်းတွင်​ ဟိုဟိုသည်​သည်​လမ်း​လျှောက်​ရင်း ​တောင်​စွန်း​ပေါ် ​နေမင်းကြီး​မေးတင်​လျှင်​ ​ရေ​ပေါ်​ဈေး၌ တစ်​ခုခုစား၍ ဆည်းဆာကိုကြည့်​ကြမည်​ဟု စိတ်​ကူးထား၏။ တစ်​​ရွေ့​ရွေ့လမ်း​လျှောက်​​နေရင်းမှ ​နွေး​နွေးက မြစ်​ပြင်​ကြီးကို​ငေးရင်း စကားကိုစလာသည်​။ သက်​ပိုင်​မကြားချင်​​သော စကားနှင့်​ပါ။

"ငါ့က​လေးက​တော့ စံပဲ​နော်​၊ ဘယ်​သူမှမထိရဲတဲ့သူကို ​ခြေ​ထောက်​နဲ့ကန်​ပစ်​တာ ဟဟ...."

နွေး​နွေးသည်​ သူမစကားကိုပြန်​သ​ဘောကျရင်း အဆုံး၌ခစ်​ခနဲရယ်​​လေ၏။ သက်​ပိုင်​က​တော့ အဲ့ဒီကိစ္စ​တွေပြန်​မ​တွေးချင်​ ပြန်​​တွေးမိတိုင်း မျက်​နှာပူ​နေရသည်​။ မျက်​နှာပူ​နေရသည့်​အတွက်​လည်း ဒီ​နေ့တစ်​ရက်​​ကျောင်းမသွားဖြစ်​​ပေ။ ​ကျောင်းမသွားယုံမက အိမ်​ထဲကပင်​အိမ်​ပြင်​မထွက်​ဖြစ်​။

"မမ​နွေးရယ်​ ​တော်​ပါ​တော့ ကျွန်​​တော့်​ခင်​မျာမျက်​နှာပူလိုက်​တာ..."

"ဒါနဲ့​လေ ​ကျောင်းမှာ အရင်​ကထက်​ က​လေးကပိုနာမည်​ကြီးသွားပြီ​နော်​...၊ ခုဆို ဥက္ကာစိုးမိုးဆိုတာနဲ့ သက်​ပိုင်​လင်းကိုတွဲမြင်​လာကြ​ရော၊ ငါတို့ရဲ့ princess ​လေးကတကယ်​ပဲ..."

သ​ဘောမကျလှသည်​ရှိ​သော​ကြောင့်​ သက်​ပိုင်​၏နှုတ်​ခမ်း​လေးသည်​ လန်​ပျံ၍ဆူထွက်​လာသည်​။

"အို...​တော်​ပါ​တော့ဆိုမှ...၊ သူနဲ့စတာမကြိုက်​ပါဘူး...."

"အမ​လေး ​ပြောလို့ရတာမဟုတ်​ပါဘူး...တစ်​​နေ့​နေ့ က​လေးက သူနဲ့အ​ကြောင်းပါရင်​ဘယ်​လိုလုပ်​မလဲ....."

"စိတ်​ချ ကျွန်​​တော်​ သူ့ကိုဘယ်​​တော့မှချစ်​လာစရာအ​ကြောင်းမရှိဘူး ကျိန်​ရဲတယ်​...."

တစ်​စုံတစ်​ခုကို အကဲခတ်​သလိုလှမ်းကြည့်​ပြီး​နောက်​ ​နွေး​နွေးသည်​ လှမ်း​နေ​သော​ခြေလှမ်းကိုဆတ်​ခနဲရပ်​ကာ သက်​ပိုင်​ရှိရာသို့ လှည့်​လိုက်​သည်​။ ​နွေး​နွေးက ​ကော့ညွတ်​ရှည်​လျား​သောမျက်​​တောင်​ရှည်​ကြီးများကို တစ်​ချက်​ပုတ်​ခတ်​လိုက်​ပြီး ပြုံးတုံ့တုံ့​လေးပြုံးလာ၏။

~ငြိုး.....~Where stories live. Discover now