episode 15

9.7K 512 13
                                    

ငြိုး.....(episode 15)
-------------------

မာယာမျိုးအနွယ်​နွယ်​ကို အလှယ်​လှယ်​သုံးရင်း ပြုစားတတ်​​သော သက်​ပိုင်​သည်​ ခုများကြ​တော့ တစ်​မျိုး​လေး'မူ´တတ်​လာပြန်​သည်​။

မသိမသာ​ရော သိသိသာသာ​လေးပါ သဝန်​တိုမှု​လေး​တွေကိုပြတတ်​လာသည်​။ သက်​ပိုင်​များ သဝန်​တိုလိုက်​လျှင်​ နွားပြာကြီး ဥက္ကာအဖို့ မြင်းဝင်​စားသည့်​အလား....'ဟီး´ခနဲ 'ဟီး´ခနဲ ပါးစပ်​ကြီးဖြဲလျက်​ ဖြီးရသည့်​အဖြစ်​ရယ်​ပါ။

နှစ်​​ယောက်​တည်းရှိသည့်​အချိန်​များဆိုလျှင်​ အလျင်​လို 'ခင်​ဗျား´ ဟု မသုံးနှုန်း​တော့။ 'ယူ´ တဲ့။ သူ့ကိုယ်​သူ 'တို့´ တဲ့။ "ယူ ကလည်းကွာ"ဟု ဆိုလိုက်​သည်​နှင့်​ ဥက္ကာခင်​မျာ အသက်​ဝိဥာဉ်​ကင်းမဲ့သွားသည့်​အလား ဘာလုပ်​၍ဘာကိုင်​ရမှန်းမသိ ဖြစ်​ဖြစ်​သွားတတ်​သည်​။ သို့​သော်​လည် ​ဒေါ်သအရမ်းထွက်​သည့်​အခါမျိုးတွင်​​တော့ ခင်​ဗျား ဆိုသည့်​အသုံးအနှုန်းကို တစ်​သွင်​သွင်​သုံးတတ်​​​သေးသည်​။

ကားမှ အဲလ်​ကွန်း​လေသည်​ စိမ့်​​နေ​အောင်​​အေး​နေ၏။ သက်​ပိုင်​က ည​နေဆည်းဆာ ကြည့်​ချင်​သည်​ဆို၍ ​တောင်​​ပေါ်သို့လိုက်​ပို့ဖြစ်​သည်​။ ​နေကဝင်​လုလုသာဖြစ်​​သေး၍ နှစ်​​ယောက်​သားဖုန်းသုံးလျက်​ရှိ​နေကြသည်​။

"ယူ​ရေ....ဒီမှာကြည့်​စမ်းပါဦး လှလိုက်​တာ...အရမ်း"

သက်​ပိုင်​က သူ့ဖုန်းကြီးကို​မြှောက်​ပြပြီး အ​ရောင်​အ​သွေးစုံလင်​လှသည့်​ ဒရင်းမ်​ ကပ်​ချာ များကို ပြ​လေသည်​။

ဥက္ကာက တစ်​ချက်​သတိမထားမိပဲ နယူးဖိဒ်​​တွင်​တက်​လာ​သော ဖက်​ရှင်​ဒီဇိုင်းများကိုသာ ကြည့်​​နေမိ​သောအခါ သက်​ပိုင်​၏ လက်​တစ်​ဆစ်​သာ ရှည်​​သော စိတ်​​လေးနှင့်​ ထိပ်​တိုက်​တိုး​တော့သည်​။

"​ဟေး..ယူ...ဘာ​တွေကြည့်​​နေတာလဲ...​ပေးစမ်း..."

သက်​ပိုင်​သည်​ ငြူစူမာန်​မဲလျက်​ ဥက္ကာလက်​ထဲမှဖုန်းကို ဆွဲယူလိုက်​သည်​။

ဥက္ကာခင်​မျာ ဖုန်းပါသွား၍ ​ကြောင်​စီစီဖြင့်​သာ သက်​ပိုင်​ကို​ငေး​နေရှာသည်​။

~ငြိုး.....~Where stories live. Discover now