episode 18

7.7K 463 2
                                    

ငြိုး.....(episode 18)
-------------------

ညသည်​​မှောင်​မိုက်​၍​နေ၏။ ပတ်​ဝန်းကျင်​တစ်​ခုလုံးနှင့်​ သူ​ရောက်​ရှိ​နေရာ အ​ဆောင်​အတွင်းတွင်​လည်း​မှောင်​မိုက်​၍​နေသည်​။ ဖုန်းမီး​ရောင်​ တစ်​စွန်းတစ်​စကို​တော့ သူ့အနီးပတ်​ပတ်​လည်​တွင်​ မြင်​​တွေ့​နေရသည်​။ အ​ဆောင်​​ဟောင်းကြီးဖြစ်​၍ ညှီစို့စို့အနံ့များက ​ဟောင်​​နေသည်​။ တိတ်​ဆိတ်​​နေသည့်​အ​ဆောင်​အတွင်း ဟိုသည်​​လျှောက်​လှမ်း​နေ​သော​​ခြေသံများနှင့်​ တစ်​ချက်​ချက်​ ထထပျံ​သော လင်းနို့​တောင်​ပံခတ်​သံများကို အထိတ်​တလန့်​ကြား​နေရသည်​။

သက်​ပိုင်​သည်​ ကုလားထိုင်​အပျက်​​ပေါ်တွင်​ ထိုင်​ချက်​ရှိ​နေပြီး လက်​ကိုလည်း အ​နွေးအင်္ကျီတစ်​ထည်​ဖြင့်​ ​နောက်​ပြန်​ချည်​​နှောင်​ခြင်းခံထားရသည်​။ ပွဲ​ဈေးအတွင်း ကိုဥက္ကာ​မရှိ​တော့သည့်​အခါ လူငါး​ယောက်​က သူ့အနားတိုးကပ်​လာ​၍ ဖမ်း​ခေါ်ခံရမှုကို ရင်​တ​လေး​လေးဖြင့်​ ပြန်​​တွေး​နေမိသည်​။

ထွဋ်​​ခေါ်ဟု ထင်​မှတ်​ရသည့်​လူက သက်​ပိုင်​ရှိရာသို့ ရှပ်​တိုက်​​လျှောက်​တိုးလာသည့်​​ခြေ​သံကို အသည်းတယားယားကြား​နေရသည်​။ ဖျတ်​ခနဲ​ပေါ်ထွက်​လာ​သော မီးခြစ်​ဆီမှ အလင်း​ရောင်​ခပ်​သဲ့သဲ့​အောက်​တွင်​ အဆီတဝင်းဝင်းနှင့်​ ထွဋ်​​ခေါင်​၏မျက်​နှာကို သက်​ပိုင်​ ဝိုးတဝါးမြင်​​တွေ့လိုက်​ရသည်​နှင့်​ ​ကြောက်​စိတ်​များက တစ်​ကိုယ်​လုံးလွှမ်းခြုံသွား​တော့သည်​။

သက်​ပိုင်​သည်​ ​ကြောက်​အားလန့်​အားဖြင့်​ ​ခေါင်းကို အ​နောက်​သို့တွန့်​ဆုတ်​လိုက်​ပါသည်​။ စိတ်​က ဒီ​နေရာမှ အလျင်​အမြန်​လွတ်​​မြောက်​ချင်​​နေသည်​။ သို့ရာတွင်​ ဥက္ကာလာမည်​ကိုလည်း စိုးရိမ်​​နေမိသည်​။ ငါး​ယောက်​နှင့်​တစ်​​ယောက်​ အင်​အားခြင်းမမျှ​ပေ။

ရတက်​မ​အေး အပူတစ်​​လေး​လေးဖြင့်​ သက်​ပိုင်​သည်​ ​ကြောက်​စိတ်​များကို အားစိုက်​မျိုချ​နေရ​ပေသည်​။

ထွဋ်​​ခေါင်​သည်​ သက်​ပိုင်​၏​မေး​ဖျော့​လေးကို လက်​ဖြင့်​ဆုပ်​ကိုင်​ကာ ​မော့​စေ၍ မီးခြစ်​မှအလင်း​ရောင်​ဖြင့်​ အရသာခံကာကြည့်​​လေသည်​။

~ငြိုး.....~Where stories live. Discover now