episode 21

7.3K 413 2
                                    

ငြိုး.....(episode 21)
-------------------

အိပ်​မက်​နှင့်​သာ အ​ဖော်​ပြု​နေရသည့်
အထီးကျန်​ဒီလူသားအတွက်
ဘယ်​ အဘဘုရား၏ ​ကောင်းချီးမင်္ဂလာ​တွေကများ
ဧရင်​ကျူး​ပေးနိုင်​မည်​နည်း။
-----------------

တစ်​​နေ့က သက်​ပိုင်​တို့အိမ်​၏မျက်​​စောင်းထိုးမှ တိုက်​ပု​လေးသို့ ကို​ကျော်​စွာ​ပြောင်းလာသည်​။

"အကူအညီလိုရင်​ ​ပြောပါ"ဟု​တော့ ကို​ကျော်​စွာက​ပြောသည်​။ သို့ရာတွင်​ သူလိုချင်​​သောအကူအညီကိုဘယ်​သူက​ပေးနိုင်​ပါမည်​နည်း။ တမလွန်​က ကိုဥက္ကာကို ပြန်​​ခေါ်​ပေးပါဟု​အကူအညီ​တောင်းလိုက်​ရ မခက်​ပါသလား။
ကို​ကျော်​စွာနှင့်​ဆုံတိုင်း ဒီစကားမျိုး ကို​ကျော်​စွာက​ပြော​ပြောတတ်​​သော်​လည်း သက်​ပိုင်​ခင်​မျာ စိတ်​မလုံမလဲဖြင့်​​ရှောင်​ထွက်​သွားရသည်​သာများသည်​။ ကိုဥက္ကာ​သေဆုံးမှုအ​ပေါ်တွင်​ သူ့ပ​ရောဂမကင်းသည့်​ အရိပ်​မည်းကြီးက အမြဲလိုလို​ခြောက်​လှန့်​​နေသည်​။ ​ခြောက်​လှန့်​​နေသည့်​အတွက်​လည်း ကိုဥက္ကာနှင့်​သက်​ဆိုင်​ခြင်းရှိသည့်​သူများကို ​ရှောင်​ရှား၍သာသွားလာတတ်​သည်​။ တစ်​ခြားသူများကို ​ရှောင်​ရှား၍ သွားလာနိုင်​​သော်​လည်း ကို​ကျော်​စွာကို​တော့မ​ရှောင်​ရှားနိုင်​။

တစ်​ရက်​တစ်​ကြိမ်​ နှစ်​ကြိမ်​​လောက်​ကအမြဲဆုံသည်​။ ပျင်းပျင်းနှင့်​မုန့်​ထွက်​စားသည့်​ အ​ကြော်​ဆိုင်​မှာကအစဆုံသည်​။ ဆုံတိုင်းလည်း မျက်​နှာပူရသည်​။ မျက်​နှာပူရသည့်​အထဲ ခု​တော့ အိမ်​နားကိုပါ ​ပြောင်းလာပြန်​ပြီ။ ဘယ်​လိုမျက်​နှာ ဘယ်​လိုစကားများနှင့်​ ကို​ကျော်​စွာကိုဆက်​​ဆံရမလဲမ​တွေးတတ်​​တော့။

ခံသာသည်​တစ်​ခုက ကို​ကျော်​စွာက ကိုဥက္ကာအ​ကြောင်းဘယ်​တုန်းကမှမဟခဲ့ခြင်းဖြစ်​သည်​။ ကိုဥက္ကာနှင့်​ပတ်​သက်​သည့်​ကိစ္စများသာ ​ပြောခဲ့ပါလျှင်​လည်း သက်​ပိုင်​ဘယ်​လိုမှသည်းခံနိုင်​မည်​မဟုတ်​။

ကိုဥက္ကာမရှိ​တော့သည့်​​နောက်​ပိုင်း ကို​ကျော်​စွာနှင့်​ ခဏခဏဆုံ​နေခဲ့​သော်​လည်း ထို​နေ့​​ကျမှ ကို​ကျော်​စွာကိုမြင်​သည့်​အခါ အလျင်ထက်​​ဥက္ကာကို တမ်းတမ်းတတ​လေးလွမ်းမိပြန်​သည်​။ မကြည့်​ရဲခဲသည့်​ ပြက္ကဒိန်​ကို ပြန်​ကြည့်​မိကာ လက်​ချိုး​ရေတွက်​ကြည့်​​တော့ ကိုဥက္ကာ သူ့ကိုထားခဲ့သည်​မှာ တစ်​လတင်းတင်းပြည့်​ခဲ့ပါပြီ။ ဘယ်​ဆီဘယ်​ဝယ်​​တွေများ လွင့်​​ပျောက်​ကွယ်​​နေပြီလဲ ကိုဥက္ကာရယ်​။

~ငြိုး.....~Where stories live. Discover now