episode 2 unicode

6.4K 399 3
                                    

ငြိုး.....(episode 2)
-----------------

ဆိုင်ကယ်စတန်းတွင် ဆိုင်ကယ်ရပ်ပြီးနောက် သက်ပိုင်နှင့် နွေးနွေးတို့နှစ်ယောက်သည် ကြည်သာရွှင်ပြစွာ စကားတပြောပြောဖြင့် မနက်စာစားရန် ကဲင်တင်းဘက်ထွက်လာခဲ့ကြသည်။ ဆိုင်ကယ်စတန်းနှင့်ကဲင်တင်းကသိပ်မဝေးပေ။ ကားလှမ်းဟိုဘက်ဒီဘက်။ သက်ပိုင်တို့နှစ်ယောက် ဆိုင်ကယ်စတန်းမှအထွက် ကားလမ်းဟိုဘက်ကို ကူးမည်အပြု ဥက္ကာသည် သူ၏ ရာမဟာဆိုင်ကယ်ကြီးကို တဗြူးဗြူးတဗြင်းဗြင်းမြည်အောင်ထိ လီဗာကုန်ဆွဲရင်း ဆိုင်ကယ်စတန်းဘက်ချိုးကွေ့ကာဝင်လာ၏။

လမ်းကအကျယ်ကြီးဖြစ်သော်လည်း မိုးရွာထား၍ အိုင်ထွန်းနေသော ရေအိုင်အတွင်း ဥက္ကာကတမင်တကာဖြတ်မောင်းလိုက်သောကြောင့် စင်တက်သြားသော ဗွက်ရေများသည် သက်ပိုင်၏အကျႌအနှံ့ပေရေကုန်သည်။

"တောက်...."

တက်ပြင်းပြင်းတစ်ချက်ခေါက်ရင်း ကျော်သြားသော ဥက္ကာ၏ဆိုင်ကယ်ကို သက်ပိုင်ကနောက်လှည့်ကာကြည့်လိုက်သည်။ ခုလိုတမင်တကာပြုလုပ်ခဲ့သော်လည်း ဥက္ကာကအရေးမထားသလိုပင် ဆိုင်ကယ်ရပ်ပြီးသည်နှင့် ဆိုင်ကယ်သော့ကိုလက်ညိုးတွင်လှည့်ကာ လေလေးတစ်ချွန်ချွန်ဖြင့် တစ်ဖက်အပေါက်မှထွက်၍ ကဲင်တင်းဘက်သို့ကူးသွားလေသည်။

"ဒါသူတမင်လုပ်တာ မမနွေး....."

"လာပါကလေးရယ်၊ ရန်ကိုရန်ခြင်းမတုန့်ပြန်ပါနဲ့၊ ကလေးဝတ်ထားတာအမဲပဲဟာ၊ ဆိုင်ရောက်ရင်မမနွေးသုတ်ပေးမယ်နော် စိတ်လျော့....."

နွေးနွေးကတားနေသော်လည်း သက်ပိုင်ကမကျေနပ်။ တွေ့ကြသေးတာပေါ့ ကိုဥက္ကာစိုးမိုးရယ်။ စိတ်ထဲတေးမှတ်၍ ကဲင်တင်းဘက်သို့ကူးလာခဲ့လိုက်သည်။

---------------------

"ရောက်နေတာကြာပြီလား ဟေ့ယောင်တွေ...."

ဥက္ကာသည် သက်ပိုင်ကိုသင်ခန်းစာပေးလိုက်ရ၍ကျေနပ်စွာပင် ပြုံးတုံ့တုံ့လေးပြုံးကာ နေမျိုးနှင့်အောင်အောင်ကိုလှမ်းမေးရင်း စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပါသည်။

"မကြာသေးပါဘူး....."

"ငါ့အတွက်တစ္ခုခုမွာေပးဦး၊ ကျူတိုရီယယ်ရှိလို့စာခနကြည့်ဦးမယ်ကြာ၊ ဒါနဲ့ ခုနက အောင်အောင်ရဲ့အုကဲလေးကို ပညာပြလိုက်တယ်သိလား....."

~ၿငိဳး.....~Where stories live. Discover now