ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၉ )
Chapter-11
(ကြွယ်ဝမှုကိုထုတ်ဖော်မပြနဲ့)
"ဒါဆိုရင်တော့ လေ့လာသင်ယူစရာတွေ အများကြီးရှိသေးတာပဲ….." ယီယွမ်က အရာများကို လေ့လာသင်ယူနေသလို မျက်နှာတစ်ခု ပေါ်နေခဲ့သည်။
"ဟားဟား… လူငယ်လေး… မင်းကအခုမှ လောကကြီးထဲကို ဝင်ရောက်လာခဲ့တာလေ… မင်းရဲ့ခွန်အားက ကောင်းမွန်သင့်သလောက် ကောင်းမွန်တယ်ဆိုပေမဲ့ လေ့လာစရာတွေ အများကြီးရှိသေးတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းက အခြားသူတွေရဲ့ အလွယ်တကူရရှိနိုင်တဲ့ ငွေတွင်းကြီးတစ်ခု ဖြစ်သွားလိမ့်မယ်….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
ယီယွမ်ကပြုံးလိုက်ပြီး လက်ခံခဲ့သည်။ သူက ထိုစကားကို အငြင်းပွားသင့်သည်ဟု မထင်ခဲ့ပေ။ သူက အလိုရှိနေသော သတင်းအားလုံးအပြင် မြို့တော်၏ ဂိုဏ်းကွဲမှု အခြေအနေကိုလည်း ကြိုတင်သိရှိခဲ့ရ၏။
ထိုသို့ဆိုလျှင် ပထမတန်းစား
မိသားစုများက မြို့တော်တွင် အဆင့်အမြင့်ဆုံး
အဓိကအင်အားစုများ ဖြစ်ကြပေမည်။ ရှောင်မိသားစုကဲ့သို့ မိသားစုများမှာ အဆင့်တစ်ဆင့် ပိုမိုနိမ့်ကျပေသည်။
ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကိုမူ ယီယွမ်က ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိပေ။ သူလုံးဝမသိသော အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူရန် ဆန္ဒမရှိပေ။
အကယ်၍ သူသွားရောက်မည်ဆိုလျှင် သူကပထမနေရာကို သေချာပေါက်ရရှိပေမည်။
ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရှိ
အသက်၃၀နှစ်အောက် သိုင်းပညာရှင်များမှာ အလွန်ဆုံးမှ အဆင့်(1) ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ်သာ ဖြစ်ကြ၏။ ယီယွမ်၏ လက်ရှိခွန်အားဖြင့် အဆင့်(1) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အနိုင်ယူရန် လိုအပ်သည်ထက် ပိုလျှံနေခဲ့ပြီဖြစ်သည်။
စားသောက်ဆိုင်မှ
ထွက်လာပြီးနောက် ယီယွမ်က လေထုမြင့်တက်ခြင်းမြို့၌ ဆက်လက်နေထိုင်ရန် အစီအစဉ်မရှိတော့ဘဲ မြို့တော်ဆီသို့ သွားရောက်ရန် မြို့ပြင်သို့ ချက်ချင်း ဦးတည်လိုက်၏။
သို့သော် အချိန်အကြာကြီး မသွားလိုက်ရဘဲ ယီယွမ်၏လမ်းကို သိုင်းပညာရှင်သုံးယောက်က ပိတ်ဆို့ထားခဲ့သည်ကို တွေ့ခဲ့ရသည်။
"ဟီးဟီး… ကောင်လေး… ငါတို့က မကြာခင်အချိန်အတွင်း နောက်တစ်ကြိမ်
ပြန်ဆုံရမယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား….." ထိုသူမှာယီယွမ်၏ အလယ်အလတ်အဆင့် သဘာဝသလင်းတုံးကို ရရှိခဲ့သည့် လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ဖြစ်ပေ၏။
ထိုသုံးယောက်စလုံးက ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် ယီယွမ်က တစ်ယောက်တည်း ဖြစ်နေသည်ကိုမြင်သော် ကောက်ကျစ်သော စိတ်ဓာတ်များ ကြီးမားလာခဲ့၏။
ထိုလူသုံးယောက်ကို မြင်သော်လည်း ယီယွမ်က စိတ်ထဲထည့်ထားခြင်း မရှိခဲ့ပေ။ သူက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်… အစ်ကိုကြီးက ကျွန်တော့်ကို ဒီနေရာမှာ တားဆီးခဲ့တာက ဝိုင်သောက်ဖို့ ဖိတ်ခေါ်မလို့များ စဉ်းစားနေတာလား… ဟုတ်လား….."
"ဟားဟားဟား… သူဘာပြောလိုက်တာလဲ… ငါက သူ့ကို ဝိုင်သောက်ဖို့ ခေါ်မယ်လို့များ သူပြောလိုက်တာလား… ကောင်လေး… မင်းကတကယ် ညံ့ဖျင်းတာလား… ဒါမှမဟုတ် လူညံ့တစ်ယောက်လို ဟန်ဆောင်နေတာလား… မင်းရဲ့ကိုယ်ပေါ်မှာရှိတဲ့ ရတနာတွေနဲ့ သဘာဝသလင်းတုံးတွေ အားလုံးကို ထုတ်ပေးမယ်ဆိုရင် ငါကမင်းကို အကောင်းအတိုင်းရှိနေတဲ့ အလောင်းကောင်အဖြစ် ထွက်သွားခွင့်ပေးမယ်….." ထိုလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့၏။
ယီယွမ်က ပြုံး၍ပြောလိုက်သည်။ "ကျွန်တော်ကအဲဒီအရာတွေ ထုတ်ပေးသည်ဖြစ်စေ မထုတ်ပေးဘူးဖြစ်စေ ခင်ဗျားက ကျွန်တော့်ကို သတ်မှာပဲလေ… ကျွန်တော်က ဘာလို့အဲဒီအရာတွေကို ခင်ဗျားဆီ ပေးရမှာလဲ….."
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က အံ့အားသင့်သွားခဲ့ပြီး ထိုစကားက အမှန်ဖြစ်ကြောင်း တွေးမိသွားခဲ့၏။ ဤသို့ခြိမ်းခြောက်မှု စကားများက အခြားသူများအမြင်တွင် အလွန်ညံ့ဖျင်းနေပေမည်။
"ဟီးဟီး…. ဒါဆိုရင်လည်း ကောင်းပြီလေ… ဒီနေ့ မင်းရဲ့အဖိုးဟောက်က သနားညှာတာပြီး မင်းကိုထွက်သွားခွင့်ပြုမယ်… မင်းရဲ့ သဘာဝသလင်းတုံးတွေကို မြန်မြန်ထုတ်ပေးစမ်း….."
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က
ထိုသို့ပြောရင်း သူ၏လက်ကို ရှေ့ထုတ်၍ ယီယွမ်ထံမှ တောင်းခံလိုက်သည်။
"ဟားဟား… အဲဒီလိုမျိုးက ပိုပြီးနှစ်သက်စရာ ကောင်းတယ်….." ယီယွမ်က ထိုသို့ပြောနေရင်းဖြင့် သူ၏သိုလှောင်လက်စွပ်ကို ကိုင်လိုက်ကာ သူတို့ကို ပေးအပ်တော့မည့်ဟန် ပြုလုပ်ခဲ့၏။
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ကျေနပ်သွားသည့် အကြည့်ဖြင့် ပြောလိုက်သည်။ "ကောင်လေး… နောက်တစ်ကြိမ် မင်းအပြင်ထွက်လာရင် မင်းရဲ့ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်မပြရဘူးဆိုတဲ့ စည်းကမ်းကို သတိရဦးနော်… နားလည်လား… မင်းမှာ လေ့လာသင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ စားသောက်ဆိုင်ထဲမှာ ငါမပြောခဲ့ဘူးလား….."
ယီယွမ်က ပြုံး၍ ပြောခဲ့၏။ "အစ်ကိုကြီးက ဟာသလုပ်နေတာပဲ ဖြစ်လိမ့်မယ်… တကယ်လို့ ကျွန်တော်က အစ်ကိုကြီးဆီကနေ လေ့လာသင်ယူရမယ်ဆိုရင် ကျွန်တော်က လေ့လာသင်ယူရင်း ပိုပြီးနုံအလာမှာ မဟုတ်ဘူးလား….."
"အမ်….."
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ဒေါသထွက်သွားချိန်တွင် မှုန်ဝါးဝါး လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ရုတ်တရက် ကြမ်းတမ်းသော ပုံစံနှင့်လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။ ထိုသူက လန်ဖုန်းပင် ဖြစ်ပေသည်။
လန်ဖုန်းက ထွက်ပေါ်လာခဲ့သည်ကို မြင်သော် လူသုံးယောက်၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့၏။
အဆင့်(1) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သုံးယောက်နှင့် အဆင့်(3) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် တစ်ယောက်၏ တိုက်ပွဲတွင် သူတို့က အနိုင်ရရန် မျှော်လင့်ချက် အနည်းငယ်မျှပင် မရှိခဲ့ပေ။
လက်ရှိအချိန်တွင် လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ မျက်နှာက ယင်နားလောက်သည်အထိ ချိုသာနေခဲ့ပြီဖြစ်သည်။ သူက မျက်ရည်ဝဲစွာဖြင့် ပြောဆိုလိုက်၏။ "ညီ… ညီငယ်လေး… ငါတို့မှာ မျက်လုံးတွေရှိပေမဲ့ တိုင်တောင်ကြီးကို(တိုင်တောင်ကြီးအကြောင်း အရင်အပိုင်းတွေမှာ မကြာမကြာ ရှင်းပြခဲ့ဖူးပါတယ်) မမှတ်မိခဲ့ဘူး… ငါတို့မှားသွားပါတယ်… ငါတို့က အခုချက်ချင်း ထွက်သွားပေးပါ့မယ်….."
လန်ဖုန်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး သူတို့၏ပြေးလမ်းကို ပိတ်ဆို့ထားခဲ့သည်။
ယီယွမ်က အသာအယာပင် ပြောဆိုလိုက်၏။ "မင်းတို့ကို ထွက်သွားဖို့ ဘယ်သူက ခွင့်ပြုလို့လဲ… မင်းတို့အားလုံး ညံ့ဖျင်းကြသလို ငါကလည်း မင်းတို့လိုမျိုး တုံးအလိမ့်မယ်လို့ မထင်နဲ့… မင်းတို့အားလုံး ထွက်သွားပြီး ငါ့မှာ နယ်မြေ
ဝိညာဉ်မှော်ရတနာတစ်ခု ရှိနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ကြမယ်ဆိုရင် ငါက ဒီကမ္ဘာကြီးမှာ လူတိုင်းရဲ့ ပစ်မှတ်ထားတာကို ခံရတော့မှာ မဟုတ်ဘူးလား….."
"မင်း… မင်းဘာလိုချင်လို့လဲ….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောခဲ့သည်။
ယီယွမ်က ပြုံး၍ ပြောလိုက်၏။ "အများကြီး မဟုတ်ဘူး… ဒီလို လူအများကြီးဆီက လုယက်ပြီး သတ်ဖြတ်တဲ့ ကိစ္စမျိုးကို မင်းတို့က အကြိမ်ရေ အများကြီး လုပ်ဆောင်ခဲ့မှာ သေချာတယ်… ဟုတ်တယ်မလား… ဒီနေ့ အလျှော့ပေးပြီး သူများလက်အောက်ခံအဖြစ် နေပေးလိုက်ရုံပဲ….."
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ထံတွင် ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး ပြောဆိုခဲ့သည်။ "ဟမ့်… သူက ငါတို့သုံးယောက်စလုံးကို တစ်ယောက်တည်းနဲ့ ရပ်တန့်နိုင်မယ်လို့ ငါမယုံကြည်ဘူး… ညီအစ်ကိုတို့ နေရာခွဲပြီး ပြေးကြမယ်… အဲဒီလိုဆိုရင် ငါတို့ထဲက တစ်ယောက်ယောက်က လွတ်မြောက်သွားနိုင်တယ်… တကယ်လို့ ငါသေသွားမယ်ဆိုရင် မြို့တော်ကိုသွားပြီး ငါ့အတွက်လက်စားချေဖို့ ငါ့အစ်ကိုကို
သွားရှာလိုက်ပါ….."
စကားအဆုံးတွင် လူသုံးယောက်က အမှန်တကယ်ပင် လူစုခွဲပြီး ထွက်ပြေးသွားခဲ့၏။ သို့သော် လန်ဖုန်း၏ လှုပ်ရှားမှုများက သူတို့ထက် အများကြီး ပိုမိုလျင်မြန်ပေသည်။ သူက စတင်လှုပ်ရှားသည့် အချိန်ခဏလေးအတွင်း အခြားနှစ်ယောက်ကို ပြန်လည်ခေါ်ဆောင်လာခဲ့၏။ ထိုလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်သာ လွတ်မြောက်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ထိုအခြေအနေကိုမြင်သော် ကူရာကယ်ရာမဲ့စွာဖြင့် အပျော်လွန်သွားခဲ့ပြီး လွတ်မြောက်ရန်အတွက် သူ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။
သို့သော် ဤအချိန်တွင် သတိပေးသံများ ရုတ်တရက် ဆူညံသွားခဲ့သည်။
သူ၏မျက်လုံးများ ရှေ့တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ယီယွမ်က အမှန်တကယ်ပင် သူ၏ရှေ့သို့ မည်သည့်အချိန်တွင် ရောက်ရှိလာခဲ့သည်ကို ဘုရားမှပင် သိနိုင်ပေလိမ့်မည်။
"မင်း… မင်း… မင်း… မင်းကဘယ်လိုလုပ်ပြီး အမီလိုက်လာခဲ့တာလဲ….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင် သူရဲသဘက်ကို တွေ့လိုက်ရသလို အမူအရာမျိုး ရှိနေခဲ့ပေသည်။
အဆင့်(2) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်၏ အမြန်နှုန်းက မည်သည့်အတွက် ထိုမျှအထိ မြန်ဆန်နေခဲ့ရသနည်း။
"ဒီအတိုင်း လိုက်မီလာတာပဲလေ….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က အံကိုတင်းတင်းကြိတ်၍ ပြောခဲ့သည်။ "သေချင်နေတာပဲ…..
သွားသေလိုက်တော့….."
စကားအဆုံးတွင် လက်ဝါးတစ်ချက်က ယီယွမ်ဆီသို့ စလွယ်သိုင်း ခုတ်ချလာခဲ့၏။
သို့ရာတွင် ယီယွမ်က သူ၏အရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
"ပြင်းထန်သောမီးတောက် လေဓာတ်မီးဓာတ် နဂါးအသွင်ပြောင်းခြင်း….."
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က သူ၏နောက်မှ အော်သံတစ်ချက်ကိုသာ ကြားလိုက်ရ၏။ ထို့နောက် သူက သတိလစ်သွားခဲ့သည်။
ယီယွမ်က အကန့်အသတ်ကို ကောင်းစွာထိန်းချုပ်ပြီး ထိုလူကို မသတ်ခဲ့တော့ပေ။
သူက လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ ရှေ့သို့ ရောက်လာခဲ့ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ပြီး တစ်ဖက်လူ၏ အသိစိတ်ပင်လယ်အတွင်းသို့ အတင်းအကြပ် ထည့်သွင်းလိုက်၏။
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ထံမှ ဗလုံးဗထွေးအော်သံတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း သူ၏စိတ်ဝိညာဉ်ကို ယီယွမ်က အခုအခံမရှိ ရှာဖွေခဲ့ပေသည်။
စိတ်ဝိညာဉ်ရှာဖွေခြင်းက ကျေးကျွန်တံဆိပ်တော်များထက် ပို၍ရက်စက်သော နည်းလမ်းတစ်ခုဖြစ်၏။ စိတ်ဝိညာဉ်ကို ရှာဖွေပြီးနောက် သိုင်းပညာရှင်၏ နတ်ဘုရားစိတ်ဝိညာဉ်က အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့ပြီး အရူးတစ်ယောက် ဖြစ်သွားပေမည်။
သို့သော် ယီယွမ်က ကိစ္စများကို လွယ်ကူသွားစေမည့် ရည်ရွယ်ချက်လုံးဝမရှိခဲ့ပေ။ ဤလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ အမူအရာကိုကြည့်သည်နှင့် သူက လုယက်မှုများစွာကို ပြုလုပ်ထားခဲ့ပြီး ဖြစ်ပုံရသည်။ အကယ်၍ သူသေမည်ဆိုလျှင် သေခွင့်ပေးလိုက်သင့်၏ သနားစရာ လုံးဝမရှိပေ။
အမှန်တကယ်ပင် ယီယွမ်က သူ၏မှတ်ဉာဏ်များမှ တစ်ဆင့် ဆိုးရွားသော ကိစ္စအများအပြားကို ပြုလုပ်ခဲ့ကြောင်း မြင်တွေ့ခဲ့ရ၏။ ထိုအရာကြောင့် သူက ဆယ်ခါပြန်သေရန်ပင် လုံလောက်နေခဲ့ပေသည်။
"အမ်… သူ့ရဲ့အစ်ကိုက မှော်ဆေးပညာရှင်တွေ ရှာဖွေဖို့ လာခဲ့တာပဲ… ရှောင်မိသားစုက မှော်ဆေးပညာရှင်တွေကို အသည်းအသန် ရှာဖွေနေကြတာလား… အင်း… ဒါကငါ့ရဲ့ အလုပ်ဟောင်းပဲ… ငါကအဲဒါကို လုပ်ပေးနိုင်တယ်… ဒီငနဲက ငါ့ရဲ့လမ်းကို သူ့ကိုယ်သူ လာရောက်ပေးအပ်တာက ငါ့ကိုဒုက္ခအနည်းငယ် သက်သာသွားစေတယ်….." ယီယွမ်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။
လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ မှတ်ဉာဏ်များမှတစ်ဆင့် ယီယွမ်က ဗဟိုမြို့တော်မှ အင်အားစုများ တည်ရှိနေပုံကို အကြမ်းအားဖြင့် နားလည်သွားခဲ့သည်။ သို့သော်လည်း ဤလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်၏ အဆင့်အတန်းဖြင့် သူက ထိုအရာများကို အသေးစိတ်ကျစွာ သိရှိနိုင်ခြင်း မရှိခဲ့၍ ထိုအချက်က ယီယွမ်၏စိတ်ထဲတွင် အနည်းနှင့်အများ စိတ်ထင့်မှုအချို့ ရှိသွားစေခဲ့၏။
ဗဟိုမြို့တော်၏ အင်အားစုများက အလှည့်အပြောင်းများပြီး ရှုပ်ထွေးပေသည်။ သို့သော် ခြုံငုံကြည့်လိုက်မည်ဆိုလျှင် သူတို့ကို ပထမတန်းစားမိသားစုများ၊ ဒုတိယတန်းစားမိသားစုများ၊ တတိယတန်းစားမိသားစုများ အဖြစ်ခွဲခြားထားပြီး မိသားစုငယ်လေးအချို့ကိုမူ အဆင့်အတန်း သတ်မှတ်ထားခြင်း မရှိပေ။
ဤအဖွဲ့များအပြင် ပထမတန်းစားမိသားစုများ အင်အားအောက် နိမ့်ကျခြင်းမရှိသော အဖွဲ့ကြီးအချို့ ဖြစ်၏။ ဥပမာအားဖြင့် ရတနာစုဆောင်းခြင်း
မျှော်စင်ကဲ့သို့သော အဓိကကုန်သည်အဖွဲ့ တစ်ခုဖြစ်ပေသည်။
အမှန်တကယ်တွင် ရန်စစော်ကား၍မရသော အင်အားစုကြီးများ
အားလုံးက စစ်တပ်အင်အားစုများ ဖြစ်ကြ၏။
လေအင်ပါယာတွင် အဓိက သံမဏိအစောင့်တပ်ဖွဲ့ သုံးဖွဲ့ရှိသည်။ ပထမအဖွဲ့က လေမြန်အစောင့်တပ်ဖွဲ့ ဖြစ်၏။ ဒုတိယအဖွဲ့မှာ လေအရိပ်အစောင့်တပ်ဖွဲ့ ဖြစ်သည်။ တတိယအဖွဲ့မှာမူ အလျှို့ဝှက်ဆုံး လေနက်အစောင့်တပ်ဖွဲ့ပင် ဖြစ်ပေ၏။
သို့သော် အဓိကသံမဏိအစောင့် တပ်ဖွဲ့သုံးဖွဲ့က ပုံမှန်အားဖြင့် မြို့တော်၏ အရေးကိစ္စများတွင် ပါဝင်စွက်ဖက်ခြင်း မရှိကြပေ။ သူတို့က အများအားဖြင့် ကျင့်ကြံနေကြလေ့ရှိသည်။
ထိုသို့သော ဧရာမဖွဲ့စည်းမှုကြီးတစ်ခုက အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်လှပေ၏။
ယီယွမ်က ကူရာကယ်ရာ ကင်းမဲ့စွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ လေပြင်းမုန်တိုင်းကမ္ဘာကြီး၏ တပ်ဖွဲ့ကြီးက အဆုံးမဲ့ကမ္ဘာကြီးသို့ ခြေချလိုက်ကြပြီဆိုလျှင် အဆုံးမဲ့ကမ္ဘာကြီးက သူတို့ကို မည်သို့ ခုခံနိုင်တော့မည်နည်း။
အမှန်တကယ်တွင် အဆုံးမဲ့ကမ္ဘာကြီးအပေါ် ယီယွမ်၏နားလည်မှုက နက်ရှိုင်းခြင်းမရှိသေးပေ။ မြောက်ပိုင်းကုန်းမြေက အလွန်အစွမ်းထက်သော အင်အားစုများ ရှိကောင်းရှိနေနိုင်ပေ၏။
အကယ်၍ ကောင်းကင်ကြီး ပြိုကျလာမည်ဆိုလျှင် အရပ်ရှည်သောလူများက ထိုအရာကို ကျားပန်ပေးထားရမည် ဖြစ်သည်။ လက်ရှိအချိန်တွင် သူ၏အဖွဲ့မှ လူများကို ကယ်တင်ပြီး အဆုံးမဲ့ကမ္ဘာကြီးကို ပြန်ခေါ်သွားရန်သာ အရေးကြီးပေ၏။
အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စများအတွက်မူ အနာဂတ်တွင် ပြန်ပြောရပေလိမ့်မည်။
ယီယွမ်က လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ကို အဆုံးသတ်ပြီးချိန်တွင် လန်ဖုန်းက ထိုလူနှစ်ယောက်ကို ထွက်မပြေးစေရန်သာ ထိန်းသိမ်းထားခဲ့သည်။
ထိုလူနှစ်ယောက်ကိုလည်း အသက်ရှင်ရက် ထွက်သွားစေရန် ယီယွမ်ထံ၌ အစီအစဉ်မရှိခဲ့ပေ။ သူကချက်ချင်းပင် ထိုနှစ်ယောက်ကို သတ်လိုက်ပြီး ပြာမှုန်ပင် မကျန်တော့သည်အထိ လောင်ကျွမ်းသွားစေရန် သူ၏မီးလျှံဖြင့် ပြုလုပ်ခဲ့သည်။
နောက်တစ်ရက်
ကြာပြီးနောက် ယီယွမ်က နောက်ဆုံးတွင် ဗဟိုမြို့တော်သို့ ကိုယ်တိုင်ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေ၏။
Chapter 12 is coming…..