ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၇ )
Unicode
Chapter-13
အမှန်တကယ်တွင် ယီယွမ်က လန်ပေနှင့်သူ့အဖွဲ့ ပေါ်ထွက်လာခဲ့ကတည်းက သူ၏ဦးနှောက်ကို အလုပ်ပေး၍ လွတ်မြောက်ရန်နည်းလမ်း စဉ်းစားနေခဲ့ပြီးဖြစ်သည်။
လန်ပေ၏ခွန်အားကို မြင်သော် လူတိုင်းကို ခေါ်ထုတ်သွားမည့်ကိစ္စက မဖြစ်နိုင်သော ကိစ္စတစ်ခုဖြစ်ကြောင်း ယီယွမ်က သိရှိသွားခဲ့၏။
ယီယွမ်က လူမိုက်တစ်ယောက် မဟုတ်ဘဲ ကိုယ့်အတိုင်းအတာကို သေချာသိရှိပေသည်။ အကယ်၍သူသာ ထိုသို့ကယ်ဆယ်ရန် ကြိုးစားပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထိုအရာက ရဲရင့်မှုမဟုတ်ဘဲ ဦးနှောက်မရှိမှုသာ ဖြစ်၏။
မိန်ကျန်းနှင့်အခြားသူများ အားလုံးနှင့် သူက အတူတူ သေဆုံးရန် ရွေးချယ်ခဲ့ပါက ထိုအရာမှာ ဦးနှောက်မရှိဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် သူ့အား
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရမည်ဆိုလျှင် ထိုအရာက အမှန်တကယ်ပင် မျှော်လင့်ချက် ကင်းမဲ့သွားခြင်း ဖြစ်သည်။
သူသာ မသေဆုံးသေးပါက လူတိုင်းကို ကယ်ဆယ်ရန် အခွင့်အရေးတစ်ခု အမြဲတမ်းရှိနေမည် ဖြစ်၏။
သို့ဖြစ်၍ ထိုအချိန်ကတည်းက တစ်ယောက်တည်း လွတ်မြောက်နိုင်ရန် ယီယွမ်က ပြင်ဆင်နေခဲ့ခြင်း ဖြစ်ပေသည်။
ယီယွမ်က ထိုဆုံးဖြတ်ချက်ကို အစောကြီးကတည်းက ချမှတ်ထားခဲ့၏။ အကယ်၍ မိန်ကျန်း၊ မိုယုထန်နှင့် အခြားသူများက ထိခိုက်မှုတစ်ခုခု ကြုံတွေ့ရမည်ဆိုလျှင် သူက တစ်နေ့နေ့တွင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးတစ်ခုလုံးကို သေချာပေါက် ဖျက်ဆီးပစ်မည် ဖြစ်သည်။
ဤကိစ္စက အခြားသူများအတွက် မိုးကောင်းကင်ကို တက်ရောက်ရသကဲ့သို့ ခက်ခဲမည်ဖြစ်သော်လည်း ယီယွမ်အတွက်မူ ခဲယဉ်းသော ကိစ္စတစ်ခု မဟုတ်ပေ။
ယီယွမ်က ထွက်ပြေးမလာခင် ခြိမ်းခြောက်စကား လုံးဝမပြောခဲ့ခြင်းမှာ ဤအချိန်တွင် သူက ခြိမ်းခြောက်ခြင်းမှာ အလွန်ရယ်စရာ ကောင်းနေမည့်အတွက်ပင် ဖြစ်၏။ ထိုစကားများက လန်ပေအား ဒေါသထွက်စေသည်မှလွဲ၍ အသုံးဝင်မည်မဟုတ်ပေ။
ယီယွမ်က တမင်တကာ ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအလွှာရှိ အခန်းအားလုံးနှင့် လမ်းကြောင်းများက သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့၏။
ဒုတိယအလွှာတွင် ဝင်ပေါက်တစ်ပေါက်တည်း ရှိနေခဲ့သည်။
ဒါဆိုရင် တတိယအလွှာရဲ့ ဝင်ပေါက်က ဘယ်နေရာမှာလဲ…..
တတိယအလွှာအတွက် မှန်ကန်သော လမ်းကြောင်းတစ်ခုသာ ရှိပေ၏။
အစကတည်းက ပထမအလွှာရှိ ဝင်ပေါက်မှတစ်ဆင့် ပြန်ထွက်သွားမည်ဟု ယီယွမ်က လုံးဝပင် တွေးမထားခဲ့ပေ။
လန်ပေတို့ ရောက်ရှိလာပြီးနောက် ယီယွမ်က ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်ကို တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။ သူက တတိယအလွှာ၏ ဝင်ပေါက်ကို ရှာဖွေလိုခဲ့၏။
သို့ဖြစ်၍ ဒုတိယအလွှာတွင် ရတနာရှာဖွေသည့် ဖြစ်ရပ်တစ်ရပ်လုံးကို ယီယွမ်က သေသေချာချာ ပြန်လည်တွေးကြည့်ခဲ့သည်။ နောက်ဆုံးတွင် သူက သဲလွန်စတစ်ခုကို တွေ့ရှိခဲ့ပေ၏။
ဒုတိယအလွှာတွင် အခန်းကြီးများနှင့် အခန်းသေးများ အများအပြား ရှိနေခဲ့သည်။ ပုံမှန်အားဖြင့် လမ်းကျယ်များနှင့် လမ်းကျဉ်းများလည်း ရှိကြပေ၏။
ယီယွမ်က သူလျှောက်လှမ်းခဲ့သော လမ်းအားလုံးကို သူ၏စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း နေရာချကြည့်သောအခါ အလိုအလျောက်ပင် ရုတ်တရက် နားလည်သွားခဲ့သည်။
ဒုတိယအလွှာကို ဝင်္ကပါတစ်ခုအား အခြေခံ၍ တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပေ၏။
ဤဝင်္ကပါက ထောင်ချောက်ဝင်္ကပါနှင့် သတ်ဖြတ်ခြင်းဝင်္ကပါ အချို့ကဲ့သို့ မဟုတ်သော်လည်း တတိယအလွှာ၏ ဝင်ပေါက်ကို ဖုံးကွယ်ရန်အတွက် တည်ဆောက်ထားခဲ့သော ဝင်္ကပါတစ်ခု ဖြစ်သည်။
ဝင်ပေါက်ကတည်းကစ၍ ဝင်္ကပါအကြောင်း မသိရှိခဲ့လျှင် ထိုသူက မည်သည့်နေရာသို့ လျှောက်လှမ်းနေပါစေ တတိယအလွှာ၏ ဝင်ပေါက်အား မည်သည့်အချိန်တွင်မှ ရှာတွေ့နိုင်မည်မဟုတ်ပေ။
တတိယအလွှာကို ဦးတည်နေတဲ့ ဝင်ပေါက်ကို ရှာဖွေချင်တာလား….. မှန်ကန်တဲ့လမ်းကြောင်းကို ရှာဖွေနိုင်ဖို့ဆိုရင်
တစ်ခုတည်းသော
နည်းလမ်းက ဒီဝင်္ကပါကို ဖျက်ဆီးပစ်လိုက်ဖို့ပဲ…..
ထိုသို့နှံ့နှံ့စပ်စပ် တွေးလိုက်ပြီးနောက် ယီယွမ်က ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းတစ်ချက်ချပြီး ဤထာဝရခမ်းနားခြင်း နန်းတော်အား ဖန်တီးတည်ဆောက်ခဲ့သော ပုဂ္ဂိုလ်၏ ကြံရည်ဖန်ရည် ကောင်းပုံကို ချီးကျူးလိုက်ရပေ၏။
ဤထာဝရခမ်းနားခြင်း နန်းတော်က လူလင်ဖုန်းချန်ထားရစ်သော အမွေအနှစ်တစ်ခု ဖြစ်သည်။ တတိယအလွှာ၏ ဝင်ပေါက်ကို ဖုံးကွယ်ရန်အတွက် ဤသို့သော နည်းလမ်းမျိုးကို အသုံးပြုခြင်းမှာ စိတ်ကူးနှင့်ကိုက်ညီနေပေ၏။
ဒုတိယအလွှာကို ဝင်ရောက်ပြီးနောက် မည်သူကမှ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းခြင်း မပြုခဲ့ကြပေ။ ဝင်္ကပါအတွင်းသို့ ဝင်ရောက်ကြသော လူတိုင်းက သူတို့ကိုယ်သူတို့ ကစားပွဲတစ်ခုအတွင်းသို့ နေရာချထားပေးသည်နှင့် တူနေခဲ့ပေသည်။
"နီးကပ်လွန်းလျှင် ရှင်းလင်းစွာမမြင်နိုင်" ဟူ၍ ပြောလေ့ရှိကြ၏။ ထိုစကားကို အပျော်သဘော ပြောခဲ့ခြင်းမဟုတ်ပေ။
ပဟေဋ္ဌိကို ထွင်းဖောက်မြင်နိုင်ရန်မှာ ကစားပွဲအတွင်းသို့ ရောက်ရှိနေသော လူတစ်ယောက်အတွက် အလွန့်အလွန် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်ပေသည်။
ယီယွမ်ကဲ့သို့ အဆင့်(9) ဝင်္ကပါပညာရှင် တစ်ယောက်ပင် ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်ကို ဖော်ထုတ်ခဲ့ခြင်းမရှိလျှင် သဲလွန်စရှာတွေ့ခဲ့မည် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ ထာဝရခမ်းနားခြင်းနန်းတော် တည်ဆောက်ဖန်တီးခဲ့သူမှာ လူလင်ဖုန်းကိုယ်တိုင် ဖြစ်ပေလိမ့်မည်။
ဤနေရာမှစ၍ ယီယွမ်က သူလွတ်မြောက်နိုင်မည့် အစီအစဉ်တစ်ခုကို စတင်ဖန်တီးခဲ့ခြင်းဖြစ်၏။
ယီယွမ်က အဝေးသို့ ချက်ချင်း ထွက်ပြေးသွားခြင်း မပြုခဲ့ပေ။ လန်ပေ၏ ခြေလှမ်းသိုင်းပညာရပ်က သူ့ထက်အများကြီး ပိုမိုမြန်ဆန်မည်မှာ အသေအချာပင်ဖြစ်သည်။
လင်းချောင်ကို ရန်စပြီး အခြားလူသုံးယောက်ကို တိုက်ခိုက်လာစေရန် သွေးဆောင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏အဓိက ရည်မှန်းချက်က သူ့ကို လန်ပေက လာရောက်ပြီး တိုက်ခိုက်ရန် ဖြစ်ပေ၏။
ဤအရာက ထွက်ပြေးလွတ်မြောက်ရန် လမ်းမရှိတော့၍ ယီယွမ်က အသက်ကိုရင်းကာ တိုက်ခိုက်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထိုအရာက ဖြေရှင်းချက်တစ်ခု မဟုတ်သည့် ဖြေရှင်းနည်းတစ်ခု ဖြစ်ပေ၏။
လန်ပေက တိုက်ခိုက်မည့် အချိန်တွင် ယီယွမ်က ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်၌ ရောက်ရှိနေဆဲဖြစ်၍ လန်ပေ၏လှုပ်ရှားမှုများကို အတိအကျ ထောက်လှမ်းသိရှိနေခဲ့သည်။
သို့ဖြစ်၍ သူက စတုရန်းဆေးအိုးကို ထုတ်ယူပြီး လန်ပေ၏တိုက်ခိုက်မှုကို ထိပ်တိုက်ခုခံခဲ့ကာ ထိုတိုက်ခိုက်မှုမှ ကန်အားကို ဆွဲယူ၍ အလွယ်တကူ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပေ၏။
စတုရန်းဆေးအိုးက သိမ်မွေ့နက်နဲခြင်းရတနာ တစ်ခုဖြစ်သည်။ အကယ်၍ လန်ပေ၏ တိုက်ခိုက်မှုက အစွမ်းထက်သည့်တိုင် စတုရန်းဆေးအိုးကို အနည်းငယ်မျှပင် တုန်ခါသွားစေခြင်း မရှိခဲ့ပေ။
ယီယွမ်က လွတ်မြောက်ရန် လမ်းကြောင်းကိုပင် အတော်ကြာကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်၏။ လန်ပေထံမှ ထိုတိုက်ခိုက်မှုက လမ်းကြောင်းလွဲသွားခြင်း မရှိဘဲ ယီယွမ်
စီစဉ်ထားသည့်အတိုင်း
တတိယအလွှာ၏ ဝင်ပေါက်ကို ဦးတည်နိုင်သည့် လမ်းကြောင်းကို တိတိကျကျပင် ပို့ပေးလိုက်သည်။
တန်ပြန်အင်အားကြောင့် လန်ပေ၏ လုပ်ဆောင်မှုအမြန်နှုန်းကို သေချာပေါက် နှောင့်နှေးသွားစေခဲ့၏။ ထို့ပြင် လန်ပေက ဝူကျောက်နှင့် ကျန်လူများ ချက်ချင်း အရှုံးပေးခြင်း မရှိမည်ကို စိုးရိမ်နေရပေသေးသည်။
ဤအရာများနှင့် ကိစ္စအားလုံးက ယီယွမ်၏ တွက်ချက်ထားမှုအတွင်း၌ ရှိနေခဲ့ပေ၏။
သူက အောင်မြင်ခဲ့သည်။
ယီယွမ်၏ လှုပ်ရှားမှုများက အလွန့်အလွန် မြန်ဆန်လှ၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သဘာဝစွမ်းအင် အကုန်လုံးကို ထုတ်သုံးလိုက်ပြီး အနည်းငယ်မျှပင် ချန်မထားခဲ့ပေ။ သူက လန်ပေနှင့် အခြားသူများ လိုက်လာမည်ကို စိုးရိမ်နေခဲ့သည်။
သူ၏လက်ရှိခွန်အားဖြင့် လန်ပေ၏ပြိုင်ဖက် လုံးဝမဟုတ်ပေ။
"ခဏလေး… ရောက်တော့မယ်… နည်းနည်းလေးပဲ ကျန်တော့တယ်….."
ယီယွမ်က သူ၏လည်ချောင်းထဲတွင် သံဓာတ်အရသာတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ရင်ဘတ်ထဲမှတစ်ဆင့် သွေးတစ်လုပ် အန်ထွက်လုနီးပါး ဖြစ်နေခဲ့သော်လည်း သူက အတင်းမျိုချလိုက်သည်။
လန်ပေ၏လက်ဝါးက ဟာသမဟုတ်ပေ။ ထိုလက်ဝါးချက်က လန်ပေ၏လက်ကိုပင်
ခေတ္တခဏခန့်
အာရုံခံစား၍ မရတော့သည်အထိ နာကျင်သွားစေခဲ့၏။ ထိုလက်ဝါး၏ အစွမ်းမည်မျှ ကြီးမားသည်ကို လူတိုင်း သိမြင်နိုင်ပေသည်။
စတုရန်းဆေးအိုးက ခုခံ
ကာကွယ်လိုက်ချိန်က အင်အားအများစုကို ချေဖျက်ပေးလိုက်သည့်တိုင် အနည်းငယ် ကြွင်းကျန်ရစ်သော အင်အားကပင် ယီယွမ်ကို ဒဏ်ရာပြင်းထန်စွာ ရသွားစေခဲ့၏။
အမှန်တကယ်တွင် ထိုလက်ဝါးချက် ထိမိသွားကတည်းက ယီယွမ်၏ အတွင်းအင်္ဂါများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီဖြစ်သည်။ သူ၏ကလီစာများက နေရာရွေ့သွားသကဲ့သို့ပင် မအီမသာ ခံစားနေခဲ့ရ၏။
သို့သော် ယီယွမ်တွင် နာကျင်နေရမည့် အချိန်မရှိပေ။ သူက ပထမဦးဆုံး လွတ်မြောက်သွားရန် လိုအပ်ပေသည်။ ထို့ကြောင့် သူက လက်ရှိအချိန်အထိ အတင်းကြိုးစားနေခြင်း ဖြစ်၏။
လက်ရှိအချိန်တွင် ယီယွမ်က သူ၏နောက်ဆုံး ကျန်ရစ်နေသော စိတ်စွမ်းအား အနည်းငယ်ကို အမှီပြု၍သာ အတင်း တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သဘာဝစွမ်းအင်များကို အစွမ်းကုန်ထုတ်သုံးခြင်းက ယီယွမ်၏ဒဏ်ရာများကို ပို၍ ဆိုးရွားသွားစေခဲ့၏။ သူ၏သတိတရားကလည်း မှုန်ဝါးသည်ထက် ပို၍မှုန်ဝါးလာခဲ့သည်။
ယီယွမ်က ဝင်္ကပါကို သူ၏စိတ်ထဲတွင် တွက်ချက်ခဲ့ပြီး လမ်းကြောင်းရှာတွေ့ခဲ့ပြီး ဖြစ်၏။ သို့သော် ဤတစ်ကြိမ် ထိုနေရာသို့ လျှောက်လှမ်းရသည်က အလွန်ဝေးကွာနေသည့် ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။
သူ့တွင် နောက်တစ်ကြိမ် ကြိုးစားရန် အခွင့်အရေးမရှိတော့ဘဲ မကြာခင်အချိန်အတွင်း သတိလစ်သွားပေတော့မည်။ သူက တတိယအလွှာသို့ ဝင်ရောက်ရန် ဝင်ပေါက်ကို သေချာပေါက် ရှာတွေ့ရန် လိုအပ်ပေ၏။
နောက်ဆုံးတွင် ယီယွမ်က ရှေ့တည့်တည့်၌ အလင်းကျောက်တိုင် တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက တတိယအလွှာ၏ ဝင်ပေါက် ဖြစ်ပေ၏။
သို့သော် လက်ရှိအချိန်တွင် ယီယွမ်က သူ၏အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီနေရာက ငါသွားရောက်နိုင်တာ အဆုံးသတ်ပဲလား….."
ယီယွမ်က အားတင်း၍ သူ၏ခြေထောက်ကို ဆက်လျှောက်ရန် ကြိုးစားခဲ့သော်လည်း ထိုခြေထောက်များက လေးလံသည်ထက် ပို၍လေးလံလာခဲ့၏။
ခြေလှမ်းဒါဇင်အနည်းငယ် အကွာအဝေးက အလွန်တိုတောင်းသော အကွာအဝေးတစ်ခု ဖြစ်သော်လည်း ယခု ဝင်ရိုးစွန်းနှစ်ခုကဲ့သို့ ကွာဝေးနေခဲ့ပြီဖြစ်သည်။
ဝေါ့…...
ယီယွမ်၏ဒဏ်ရာများက နောက်ဆုံးတွင် ထိန်းချုပ်၍မရတော့ဘဲ ပွင့်ထွက်လာခဲ့၏။
နီရဲသောသွေးများက သူ၏အင်္ကျီရင်ဘတ်ကို စိုရွှဲသွားစေခဲ့သည်။ ယီယွမ်၏ ရှေ့မှ နယ်မြေကလည်း ပို၍ပင် ဝေဝါးလာခဲ့၏။
သူကအားတင်း၍ အလင်းကျောက်တိုင်ရှိရာ ရှေ့တည့်တည့်သို့ ဆက်သွားရန် ကြိုးစားလိုက်သည်။ သို့သော် သူက အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပေ၏။
အိပ်မွေ့ချခံရသည့် အခြေအနေတစ်ခုကဲ့သို့ ပုံစံမျိုးတွင် ဟင်းလင်းပြင်ထဲမှ ရွှေယမင်း
ပန်းပုရုပ်လေးကဲ့သို့ လှပသော မိန်းမပျိုလေးတစ်ယောက် ထွက်လာခဲ့ပြီး ကြော့ရှင်းသည့် လက်တစ်စုံက သူ့အား တွဲထူပေးလိုက်သည်ကို မြင်လိုက်ရသည်။ သင်းပျံ့သောရနံ့တစ်ခုက သူ၏နှာခေါင်းဝသို့ တိုးဝှေ့လာခဲ့၏။
ထို့နောက် သူက သတိလစ်သွားခဲ့ပေသည်။
လီအာက သက်ပြင်းဖွဖွချ၍ ပြောလိုက်၏။ "ရှင်လုပ်ခဲ့တာတွေက လုံလောက်သွားခဲ့ပါပြီ….."
. . . . . .
တစ်နာရီကြာပြီးနောက် ဝူကျောက်နှင့် ကျန်လူအားလုံးက သူတို့၏ ဒန်တျန်များ ပိတ်ဆို့ခြင်းခံလိုက်ရပြီး သူတို့၏ သဘာဝစွမ်းအင်များကို ချုပ်ချယ်ခြင်း ခံလိုက်ရပေသည်။
ထိုအချိန်တွင် လူအများအပြားက မြေအောက်လမ်းကြောင်းမှ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။
ထိုလူများအားလုံးနီးပါးက စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။ လန်ပေက အဖွဲ့ကြီးရှစ်ဖွဲ့မှ အကျဉ်းသားများကို ထိုသူတို့ထံ ပေးအပ်လိုက်ပြီး ထိုအကျဉ်းသားများအား ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးထံသို့ ပို့ဆောင်ရန်အတွက် လန်ယွင်အား အစောင့်အကြပ်များကို ဦးဆောင်၍ သွားရောက်စေခဲ့၏။
လန်ယွင်ထွက်သွားသည်နှင့် လန်ပေက လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။ "လန်ဟူ… လန်ဖုန်း မင်းတို့နှစ်ယောက်က လူတွေကို ခေါ်ပြီး ဝင်ပေါက်ကို စောင့်ကြည့်ထား… တကယ်လို့ ယီယွမ်ထွက်လာရင် သူ့ကို နေရာမှာတင် သတ်ပစ်လိုက်….."
" ဟုတ်ကဲ့….." လန်ဟူနှင့် လန်ဖုန်းက အခြားသူများကို ခေါ်ဆောင်ပြီး ဝင်ပေါက်ကို လုံးဝပင် ပိတ်ဆို့လိုက်၏။
"လင်းချောင်… မင်းက အခြားလူတွေနဲ့အတူတူ ငါ့နောက်ကိုလိုက်ခဲ့… ဒီဒုတိယအလွှာကို လုံးဝမြေလှန်ရှာကြစမ်း… အဲဒီငချွတ်ကလေး ဘယ်နေရာမှာ ပုန်းအောင်းနိုင်မလဲဆိုတာ ငါမြင်ချင်တယ်….." လန်ပေက ပြောခဲ့သည်။
ယီယွမ်က ထွက်ပြေးသွားသော အချိန်မှစ၍ လန်ပေ၏စိတ်တွင် တစ်ချိန်လုံး ဒေါသများ ပြည့်နှက်နေခဲ့၏။ အကယ်၍ လမ်းကြောင်းကိစ္စက အရေးကြီးနေ၍သာ မဟုတ်ခဲ့လျှင် သူက လူများကိုခေါ်၍ ယီယွမ်ကို အစောကြီးကတည်းက ရှာဖွေနေခဲ့မည် ဖြစ်သည်။
ယခု အရာအားလုံးကို အစီအစဉ်တကျ လုပ်ဆောင်ခဲ့ပြီး ဖြစ်၏။ သူက ဖန်ပုလင်းထဲမှ လိပ်ပေါက်စလေး တစ်ကောင်ကို လိုက်လံဖမ်းဆီးတော့မည် ဖြစ်ပေသည်။
Chapter 14 is coming…
Zawgyi
ၿပိဳင္ဘက္ကင္းေဆးနတ္ဘုရား
ဘာသာျပန္သူ-ၿဖိဳးသူဝင္း
စာစဥ္ ( ၂၇ )
Chapter-13
အမွန္တကယ္တြင္ ယီယြမ္က လန္ေပႏွင့္သူ႕အဖြဲ႕ ေပၚထြက္လာခဲ့ကတည္းက သူ၏ဦးေႏွာက္ကို အလုပ္ေပး၍ လြတ္ေျမာက္ရန္နည္းလမ္း စဥ္းစားေနခဲ့ၿပီးျဖစ္သည္။
လန္ေပ၏ခြန္အားကို ျမင္ေသာ္ လူတိုင္းကို ေခၚထုတ္သြားမည့္ကိစၥက မျဖစ္နိုင္ေသာ ကိစၥတစ္ခုျဖစ္ေၾကာင္း ယီယြမ္က သိရွိသြားခဲ့၏။
ယီယြမ္က လူမိုက္တစ္ေယာက္ မဟုတ္ဘဲ ကိုယ့္အတိုင္းအတာကို ေသခ်ာသိရွိေပသည္။ အကယ္၍သူသာ ထိုသို႔ကယ္ဆယ္ရန္ ႀကိဳးစားပါက ေသခ်ာေပါက္ ေသဆုံးရေပလိမ့္မည္။
ထိုအရာက ရဲရင့္မႈမဟုတ္ဘဲ ဦးေႏွာက္မရွိမႈသာ ျဖစ္၏။
မိန္က်န္းႏွင့္အျခားသူမ်ား အားလုံးႏွင့္ သူက အတူတူ ေသဆုံးရန္ ေ႐ြးခ်ယ္ခဲ့ပါက ထိုအရာမွာ ဦးေႏွာက္မရွိဆုံး ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္သြားေပလိမ့္မည္။
ထို႔ျပင္ သူ႕အား
ဖမ္းဆီးေခၚေဆာင္ျခင္း ခံလိုက္ရမည္ဆိုလွ်င္ ထိုအရာက အမွန္တကယ္ပင္ ေမွ်ာ္လင့္ခ်က္ ကင္းမဲ့သြားျခင္း ျဖစ္သည္။
သူသာ မေသဆုံးေသးပါက လူတိုင္းကို ကယ္ဆယ္ရန္ အခြင့္အေရးတစ္ခု အၿမဲတမ္းရွိေနမည္ ျဖစ္၏။
သို႔ျဖစ္၍ ထိုအခ်ိန္ကတည္းက တစ္ေယာက္တည္း လြတ္ေျမာက္နိုင္ရန္ ယီယြမ္က ျပင္ဆင္ေနခဲ့ျခင္း ျဖစ္ေပသည္။
ယီယြမ္က ထိုဆုံးျဖတ္ခ်က္ကို အေစာႀကီးကတည္းက ခ်မွတ္ထားခဲ့၏။ အကယ္၍ မိန္က်န္း၊ မိုယုထန္ႏွင့္ အျခားသူမ်ားက ထိခိုက္မႈတစ္ခုခု ႀကဳံေတြ႕ရမည္ဆိုလွ်င္ သူက တစ္ေန႕ေန႕တြင္ ျပင္းထန္ေသာမုန္တိုင္း ကမာၻႀကီးတစ္ခုလုံးကို ေသခ်ာေပါက္ ဖ်က္ဆီးပစ္မည္ ျဖစ္သည္။
ဤကိစၥက အျခားသူမ်ားအတြက္ မိုးေကာင္းကင္ကို တက္ေရာက္ရသကဲ့သို႔ ခက္ခဲမည္ျဖစ္ေသာ္လည္း ယီယြမ္အတြက္မူ ခဲယဥ္းေသာ ကိစၥတစ္ခု မဟုတ္ေပ။
ယီယြမ္က ထြက္ေျပးမလာခင္ ၿခိမ္းေျခာက္စကား လုံးဝမေျပာခဲ့ျခင္းမွာ ဤအခ်ိန္တြင္ သူက ၿခိမ္းေျခာက္ျခင္းမွာ အလြန္ရယ္စရာ ေကာင္းေနမည့္အတြက္ပင္ ျဖစ္၏။ ထိုစကားမ်ားက လန္ေပအား ေဒါသထြက္ေစသည္မွလြဲ၍ အသုံးဝင္မည္မဟုတ္ေပ။
ယီယြမ္က တမင္တကာ ဟန္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ဒုတိယအလႊာရွိ အခန္းအားလုံးႏွင့္ လမ္းေၾကာင္းမ်ားက သူ၏စိတ္ထဲတြင္ ရွင္းလင္းစြာ ေပၚေပါက္လာခဲ့၏။
ဒုတိယအလႊာတြင္ ဝင္ေပါက္တစ္ေပါက္တည္း ရွိေနခဲ့သည္။
ဒါဆိုရင္ တတိယအလႊာရဲ႕ ဝင္ေပါက္က ဘယ္ေနရာမွာလဲ…..
တတိယအလႊာအတြက္ မွန္ကန္ေသာ လမ္းေၾကာင္းတစ္ခုသာ ရွိေပ၏။
အစကတည္းက ပထမအလႊာရွိ ဝင္ေပါက္မွတစ္ဆင့္ ျပန္ထြက္သြားမည္ဟု ယီယြမ္က လုံးဝပင္ ေတြးမထားခဲ့ေပ။
လန္ေပတို႔ ေရာက္ရွိလာၿပီးေနာက္ ယီယြမ္က ေရကဲ့သို႔တည္ၿငိမ္ေသာ ႏွလုံးသားအဆင့္ကို တိတ္တဆိတ္ ဝင္ေရာက္သြားခဲ့သည္။ သူက တတိယအလႊာ၏ ဝင္ေပါက္ကို ရွာေဖြလိုခဲ့၏။
သို႔ျဖစ္၍ ဒုတိယအလႊာတြင္ ရတနာရွာေဖြသည့္ ျဖစ္ရပ္တစ္ရပ္လုံးကို ယီယြမ္က ေသေသခ်ာခ်ာ ျပန္လည္ေတြးၾကည့္ခဲ့သည္။ ေနာက္ဆုံးတြင္ သူက သဲလြန္စတစ္ခုကို ေတြ႕ရွိခဲ့ေပ၏။
ဒုတိယအလႊာတြင္ အခန္းႀကီးမ်ားႏွင့္ အခန္းေသးမ်ား အမ်ားအျပား ရွိေနခဲ့သည္။ ပုံမွန္အားျဖင့္ လမ္းက်ယ္မ်ားႏွင့္ လမ္းက်ဥ္းမ်ားလည္း ရွိၾကေပ၏။
ယီယြမ္က သူေလွ်ာက္လွမ္းခဲ့ေသာ လမ္းအားလုံးကို သူ၏စိတ္ထဲ၌ ရွင္းရွင္းလင္းလင္း ေနရာခ်ၾကည့္ေသာအခါ အလိုအေလ်ာက္ပင္ ႐ုတ္တရက္ နားလည္သြားခဲ့သည္။
ဒုတိယအလႊာကို ဝကၤပါတစ္ခုအား အေျခခံ၍ တည္ေဆာက္ထားခဲ့ျခင္း ျဖစ္ေပ၏။
ဤဝကၤပါက ေထာင္ေခ်ာက္ဝကၤပါႏွင့္ သတ္ျဖတ္ျခင္းဝကၤပါ အခ်ိဳ႕ကဲ့သို႔ မဟုတ္ေသာ္လည္း တတိယအလႊာ၏ ဝင္ေပါက္ကို ဖုံးကြယ္ရန္အတြက္ တည္ေဆာက္ထားခဲ့ေသာ ဝကၤပါတစ္ခု ျဖစ္သည္။
ဝင္ေပါက္ကတည္းကစ၍ ဝကၤပါအေၾကာင္း မသိရွိခဲ့လွ်င္ ထိုသူက မည္သည့္ေနရာသို႔ ေလွ်ာက္လွမ္းေနပါေစ တတိယအလႊာ၏ ဝင္ေပါက္အား မည္သည့္အခ်ိန္တြင္မွ ရွာေတြ႕နိုင္မည္မဟုတ္ေပ။
တတိယအလႊာကို ဦးတည္ေနတဲ့ ဝင္ေပါက္ကို ရွာေဖြခ်င္တာလား….. မွန္ကန္တဲ့လမ္းေၾကာင္းကို ရွာေဖြနိုင္ဖို႔ဆိုရင္
တစ္ခုတည္းေသာ
နည္းလမ္းက ဒီဝကၤပါကို ဖ်က္ဆီးပစ္လိုက္ဖို႔ပဲ…..
ထိုသို႔ႏွံ႕ႏွံ႕စပ္စပ္ ေတြးလိုက္ၿပီးေနာက္ ယီယြမ္က ခံစားခ်က္ေပါင္းမ်ားစြာျဖင့္ သက္ျပင္းတစ္ခ်က္ခ်ၿပီး ဤထာဝရခမ္းနားျခင္း နန္းေတာ္အား ဖန္တီးတည္ေဆာက္ခဲ့ေသာ ပုဂၢိဳလ္၏ ႀကံရည္ဖန္ရည္ ေကာင္းပုံကို ခ်ီးက်ဴးလိုက္ရေပ၏။
ဤထာဝရခမ္းနားျခင္း နန္းေတာ္က လူလင္ဖုန္းခ်န္ထားရစ္ေသာ အေမြအႏွစ္တစ္ခု ျဖစ္သည္။ တတိယအလႊာ၏ ဝင္ေပါက္ကို ဖုံးကြယ္ရန္အတြက္ ဤသို႔ေသာ နည္းလမ္းမ်ိဳးကို အသုံးျပဳျခင္းမွာ စိတ္ကူးႏွင့္ကိုက္ညီေနေပ၏။
ဒုတိယအလႊာကို ဝင္ေရာက္ၿပီးေနာက္ မည္သူကမွ ပတ္ဝန္းက်င္ကို ေလ့လာစူးစမ္းျခင္း မျပဳခဲ့ၾကေပ။ ဝကၤပါအတြင္းသို႔ ဝင္ေရာက္ၾကေသာ လူတိုင္းက သူတို႔ကိုယ္သူတို႔ ကစားပြဲတစ္ခုအတြင္းသို႔ ေနရာခ်ထားေပးသည္ႏွင့္ တူေနခဲ့ေပသည္။
"နီးကပ္လြန္းလွ်င္ ရွင္းလင္းစြာမျမင္နိုင္" ဟူ၍ ေျပာေလ့ရွိၾက၏။ ထိုစကားကို အေပ်ာ္သေဘာ ေျပာခဲ့ျခင္းမဟုတ္ေပ။
ပေဟ႒ိကို ထြင္းေဖာက္ျမင္နိုင္ရန္မွာ ကစားပြဲအတြင္းသို႔ ေရာက္ရွိေနေသာ လူတစ္ေယာက္အတြက္ အလြန့္အလြန္ ခက္ခဲေသာ ကိစၥတစ္ရပ္ ျဖစ္ေပသည္။
ယီယြမ္ကဲ့သို႔ အဆင့္(9) ဝကၤပါပညာရွင္ တစ္ေယာက္ပင္ ေရကဲ့သို႔တည္ၿငိမ္ေသာ ႏွလုံးသားအဆင့္ကို ေဖာ္ထုတ္ခဲ့ျခင္းမရွိလွ်င္ သဲလြန္စရွာေတြ႕ခဲ့မည္ မဟုတ္ေပ။
ျဖစ္နိုင္သည္မွာ ထာဝရခမ္းနားျခင္းနန္းေတာ္ တည္ေဆာက္ဖန္တီးခဲ့သူမွာ လူလင္ဖုန္းကိုယ္တိုင္ ျဖစ္ေပလိမ့္မည္။
ဤေနရာမွစ၍ ယီယြမ္က သူလြတ္ေျမာက္နိုင္မည့္ အစီအစဥ္တစ္ခုကို စတင္ဖန္တီးခဲ့ျခင္းျဖစ္၏။
ယီယြမ္က အေဝးသို႔ ခ်က္ခ်င္း ထြက္ေျပးသြားျခင္း မျပဳခဲ့ေပ။ လန္ေပ၏ ေျခလွမ္းသိုင္းပညာရပ္က သူ႕ထက္အမ်ားႀကီး ပိုမိုျမန္ဆန္မည္မွာ အေသအခ်ာပင္ျဖစ္သည္။
လင္းေခ်ာင္ကို ရန္စၿပီး အျခားလူသုံးေယာက္ကို တိုက္ခိုက္လာေစရန္ ေသြးေဆာင္ခဲ့ျခင္း ျဖစ္ေသာ္လည္း သူ၏အဓိက ရည္မွန္းခ်က္က သူ႕ကို လန္ေပက လာေရာက္ၿပီး တိုက္ခိုက္ရန္ ျဖစ္ေပ၏။
ဤအရာက ထြက္ေျပးလြတ္ေျမာက္ရန္ လမ္းမရွိေတာ့၍ ယီယြမ္က အသက္ကိုရင္းကာ တိုက္ခိုက္သည့္ နည္းလမ္းတစ္ခုျဖစ္သည္။ ထိုအရာက ေျဖရွင္းခ်က္တစ္ခု မဟုတ္သည့္ ေျဖရွင္းနည္းတစ္ခု ျဖစ္ေပ၏။
လန္ေပက တိုက္ခိုက္မည့္ အခ်ိန္တြင္ ယီယြမ္က ေရကဲ့သို႔တည္ၿငိမ္ေသာ ႏွလုံးသားအဆင့္၌ ေရာက္ရွိေနဆဲျဖစ္၍ လန္ေပ၏လႈပ္ရွားမႈမ်ားကို အတိအက် ေထာက္လွမ္းသိရွိေနခဲ့သည္။
သို႔ျဖစ္၍ သူက စတုရန္းေဆးအိုးကို ထုတ္ယူၿပီး လန္ေပ၏တိုက္ခိုက္မႈကို ထိပ္တိုက္ခုခံခဲ့ကာ ထိုတိုက္ခိုက္မႈမွ ကန္အားကို ဆြဲယူ၍ အလြယ္တကူ လြတ္ေျမာက္သြားခဲ့ျခင္း ျဖစ္ေပ၏။
စတုရန္းေဆးအိုးက သိမ္ေမြ႕နက္နဲျခင္းရတနာ တစ္ခုျဖစ္သည္။ အကယ္၍ လန္ေပ၏ တိုက္ခိုက္မႈက အစြမ္းထက္သည့္တိုင္ စတုရန္းေဆးအိုးကို အနည္းငယ္မွ်ပင္ တုန္ခါသြားေစျခင္း မရွိခဲ့ေပ။
ယီယြမ္က လြတ္ေျမာက္ရန္ လမ္းေၾကာင္းကိုပင္ အေတာ္ၾကာကတည္းက စီစဥ္ထားခဲ့ျခင္း ျဖစ္၏။ လန္ေပထံမွ ထိုတိုက္ခိုက္မႈက လမ္းေၾကာင္းလြဲသြားျခင္း မရွိဘဲ ယီယြမ္
စီစဥ္ထားသည့္အတိုင္း
တတိယအလႊာ၏ ဝင္ေပါက္ကို ဦးတည္နိုင္သည့္ လမ္းေၾကာင္းကို တိတိက်က်ပင္ ပို႔ေပးလိုက္သည္။
တန္ျပန္အင္အားေၾကာင့္ လန္ေပ၏ လုပ္ေဆာင္မႈအျမန္ႏႈန္းကို ေသခ်ာေပါက္ ေႏွာင့္ေႏွးသြားေစခဲ့၏။ ထို႔ျပင္ လန္ေပက ဝူေက်ာက္ႏွင့္ က်န္လူမ်ား ခ်က္ခ်င္း အရႈံးေပးျခင္း မရွိမည္ကို စိုးရိမ္ေနရေပေသးသည္။
ဤအရာမ်ားႏွင့္ ကိစၥအားလုံးက ယီယြမ္၏ တြက္ခ်က္ထားမႈအတြင္း၌ ရွိေနခဲ့ေပ၏။
သူက ေအာင္ျမင္ခဲ့သည္။
ယီယြမ္၏ လႈပ္ရွားမႈမ်ားက အလြန့္အလြန္ ျမန္ဆန္လွ၏။ သူ၏ခႏၶာကိုယ္အတြင္းရွိ သဘာဝစြမ္းအင္ အကုန္လုံးကို ထုတ္သုံးလိုက္ၿပီး အနည္းငယ္မွ်ပင္ ခ်န္မထားခဲ့ေပ။ သူက လန္ေပႏွင့္ အျခားသူမ်ား လိုက္လာမည္ကို စိုးရိမ္ေနခဲ့သည္။
သူ၏လက္ရွိခြန္အားျဖင့္ လန္ေပ၏ၿပိဳင္ဖက္ လုံးဝမဟုတ္ေပ။
"ခဏေလး… ေရာက္ေတာ့မယ္… နည္းနည္းေလးပဲ က်န္ေတာ့တယ္….."
ယီယြမ္က သူ၏လည္ေခ်ာင္းထဲတြင္ သံဓာတ္အရသာတစ္ခုကို ခံစားလိုက္ရ၏။ သူ၏ရင္ဘတ္ထဲမွတစ္ဆင့္ ေသြးတစ္လုပ္ အန္ထြက္လုနီးပါး ျဖစ္ေနခဲ့ေသာ္လည္း သူက အတင္းမ်ိဳခ်လိဳက္သည္။
လန္ေပ၏လက္ဝါးက ဟာသမဟုတ္ေပ။ ထိုလက္ဝါးခ်က္က လန္ေပ၏လက္ကိုပင္
ေခတၱခဏခန့္
အာ႐ုံခံစား၍ မရေတာ့သည္အထိ နာက်င္သြားေစခဲ့၏။ ထိုလက္ဝါး၏ အစြမ္းမည္မွ် ႀကီးမားသည္ကို လူတိုင္း သိျမင္နိုင္ေပသည္။
စတုရန္းေဆးအိုးက ခုခံ
ကာကြယ္လိုက္ခ်ိန္က အင္အားအမ်ားစုကို ေခ်ဖ်က္ေပးလိုက္သည့္တိုင္ အနည္းငယ္ ႂကြင္းက်န္ရစ္ေသာ အင္အားကပင္ ယီယြမ္ကို ဒဏ္ရာျပင္းထန္စြာ ရသြားေစခဲ့၏။
အမွန္တကယ္တြင္ ထိုလက္ဝါးခ်က္ ထိမိသြားကတည္းက ယီယြမ္၏ အတြင္းအဂၤါမ်ားမွာ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့ၿပီျဖစ္သည္။ သူ၏ကလီစာမ်ားက ေနရာေ႐ြ႕သြားသကဲ့သို႔ပင္ မအီမသာ ခံစားေနခဲ့ရ၏။
သို႔ေသာ္ ယီယြမ္တြင္ နာက်င္ေနရမည့္ အခ်ိန္မရွိေပ။ သူက ပထမဦးဆုံး လြတ္ေျမာက္သြားရန္ လိုအပ္ေပသည္။ ထို႔ေၾကာင့္ သူက လက္ရွိအခ်ိန္အထိ အတင္းႀကိဳးစားေနျခင္း ျဖစ္၏။
လက္ရွိအခ်ိန္တြင္ ယီယြမ္က သူ၏ေနာက္ဆုံး က်န္ရစ္ေနေသာ စိတ္စြမ္းအား အနည္းငယ္ကို အမွီျပဳ၍သာ အတင္း ေတာင့္ခံထားနိုင္ခဲ့ျခင္း ျဖစ္သည္။
သို႔ရာတြင္ သဘာဝစြမ္းအင္မ်ားကို အစြမ္းကုန္ထုတ္သုံးျခင္းက ယီယြမ္၏ဒဏ္ရာမ်ားကို ပို၍ ဆိုး႐ြားသြားေစခဲ့၏။ သူ၏သတိတရားကလည္း မႈန္ဝါးသည္ထက္ ပို၍မႈန္ဝါးလာခဲ့သည္။
ယီယြမ္က ဝကၤပါကို သူ၏စိတ္ထဲတြင္ တြက္ခ်က္ခဲ့ၿပီး လမ္းေၾကာင္းရွာေတြ႕ခဲ့ၿပီး ျဖစ္၏။ သို႔ေသာ္ ဤတစ္ႀကိမ္ ထိုေနရာသို႔ ေလွ်ာက္လွမ္းရသည္က အလြန္ေဝးကြာေနသည့္ ခံစားခ်က္တစ္ခုကို ခံစားေနခဲ့ရသည္။
သူ႕တြင္ ေနာက္တစ္ႀကိမ္ ႀကိဳးစားရန္ အခြင့္အေရးမရွိေတာ့ဘဲ မၾကာခင္အခ်ိန္အတြင္း သတိလစ္သြားေပေတာ့မည္။ သူက တတိယအလႊာသို႔ ဝင္ေရာက္ရန္ ဝင္ေပါက္ကို ေသခ်ာေပါက္ ရွာေတြ႕ရန္ လိုအပ္ေပ၏။
ေနာက္ဆုံးတြင္ ယီယြမ္က ေရွ႕တည့္တည့္၌ အလင္းေက်ာက္တိုင္ တစ္ခုကို ျမင္လိုက္ရသည္။ ထိုအရာက တတိယအလႊာ၏ ဝင္ေပါက္ ျဖစ္ေပ၏။
သို႔ေသာ္ လက္ရွိအခ်ိန္တြင္ ယီယြမ္က သူ၏အကန့္အသတ္ကို ေရာက္ရွိသြားခဲ့ၿပီ ျဖစ္သည္။
"ဒီေနရာက ငါသြားေရာက္နိုင္တာ အဆုံးသတ္ပဲလား….."
ယီယြမ္က အားတင္း၍ သူ၏ေျခေထာက္ကို ဆက္ေလွ်ာက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ထိုေျခေထာက္မ်ားက ေလးလံသည္ထက္ ပို၍ေလးလံလာခဲ့၏။
ေျခလွမ္းဒါဇင္အနည္းငယ္ အကြာအေဝးက အလြန္တိုေတာင္းေသာ အကြာအေဝးတစ္ခု ျဖစ္ေသာ္လည္း ယခု ဝင္ရိုးစြန္းႏွစ္ခုကဲ့သို႔ ကြာေဝးေနခဲ့ၿပီျဖစ္သည္။
ေဝါ့…...
ယီယြမ္၏ဒဏ္ရာမ်ားက ေနာက္ဆုံးတြင္ ထိန္းခ်ဳပ္၍မရေတာ့ဘဲ ပြင့္ထြက္လာခဲ့၏။
နီရဲေသာေသြးမ်ားက သူ၏အကၤ်ီရင္ဘတ္ကို စို႐ႊဲသြားေစခဲ့သည္။ ယီယြမ္၏ ေရွ႕မွ နယ္ေျမကလည္း ပို၍ပင္ ေဝဝါးလာခဲ့၏။
သူကအားတင္း၍ အလင္းေက်ာက္တိုင္ရွိရာ ေရွ႕တည့္တည့္သို႔ ဆက္သြားရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ သူက အ႐ုပ္ႀကိဳးျပတ္ လဲက်သြားခဲ့ေပ၏။
အိပ္ေမြ႕ခ်ခံရသည့္ အေျခအေနတစ္ခုကဲ့သို႔ ပုံစံမ်ိဳးတြင္ ဟင္းလင္းျပင္ထဲမွ ေ႐ႊယမင္း
ပန္းပု႐ုပ္ေလးကဲ့သို႔ လွပေသာ မိန္းမပ်ိဳေလးတစ္ေယာက္ ထြက္လာခဲ့ၿပီး ေၾကာ့ရွင္းသည့္ လက္တစ္စုံက သူ႕အား တြဲထူေပးလိုက္သည္ကို ျမင္လိုက္ရသည္။ သင္းပ်ံ့ေသာရနံ႕တစ္ခုက သူ၏ႏွာေခါင္းဝသို႔ တိုးေဝွ႕လာခဲ့၏။
ထို႔ေနာက္ သူက သတိလစ္သြားခဲ့ေပသည္။
လီအာက သက္ျပင္းဖြဖြခ်၍ ေျပာလိုက္၏။ "ရွင္လုပ္ခဲ့တာေတြက လုံေလာက္သြားခဲ့ပါၿပီ….."
. . . . . .
တစ္နာရီၾကာၿပီးေနာက္ ဝူေက်ာက္ႏွင့္ က်န္လူအားလုံးက သူတို႔၏ ဒန္တ်န္မ်ား ပိတ္ဆို႔ျခင္းခံလိုက္ရၿပီး သူတို႔၏ သဘာဝစြမ္းအင္မ်ားကို ခ်ဳပ္ခ်ယ္ျခင္း ခံလိုက္ရေပသည္။
ထိုအခ်ိန္တြင္ လူအမ်ားအျပားက ေျမေအာက္လမ္းေၾကာင္းမွ ေနာက္တစ္ႀကိမ္ ထြက္ေပၚလာခဲ့၏။
ထိုလူမ်ားအားလုံးနီးပါးက စိတ္သလင္းျဖစ္တည္ျခင္း နယ္ပယ္ သိုင္းပညာရွင္မ်ား ျဖစ္ၾကသည္။ လန္ေပက အဖြဲ႕ႀကီးရွစ္ဖြဲ႕မွ အက်ဥ္းသားမ်ားကို ထိုသူတို႔ထံ ေပးအပ္လိုက္ၿပီး ထိုအက်ဥ္းသားမ်ားအား ျပင္းထန္ေသာမုန္တိုင္း ကမာၻႀကီးထံသို႔ ပို႔ေဆာင္ရန္အတြက္ လန္ယြင္အား အေစာင့္အၾကပ္မ်ားကို ဦးေဆာင္၍ သြားေရာက္ေစခဲ့၏။
လန္ယြင္ထြက္သြားသည္ႏွင့္ လန္ေပက ေလးနက္ေသာ အသံျဖင့္ ေျပာဆိုလိုက္သည္။ "လန္ဟူ… လန္ဖုန္း မင္းတို႔ႏွစ္ေယာက္က လူေတြကို ေခၚၿပီး ဝင္ေပါက္ကို ေစာင့္ၾကည့္ထား… တကယ္လို႔ ယီယြမ္ထြက္လာရင္ သူ႕ကို ေနရာမွာတင္ သတ္ပစ္လိုက္….."
" ဟုတ္ကဲ့….." လန္ဟူႏွင့္ လန္ဖုန္းက အျခားသူမ်ားကို ေခၚေဆာင္ၿပီး ဝင္ေပါက္ကို လုံးဝပင္ ပိတ္ဆို႔လိုက္၏။
"လင္းေခ်ာင္… မင္းက အျခားလူေတြနဲ႕အတူတူ ငါ့ေနာက္ကိုလိုက္ခဲ့… ဒီဒုတိယအလႊာကို လုံးဝေျမလွန္ရွာၾကစမ္း… အဲဒီငခြၽတ္ကေလး ဘယ္ေနရာမွာ ပုန္းေအာင္းနိုင္မလဲဆိုတာ ငါျမင္ခ်င္တယ္….." လန္ေပက ေျပာခဲ့သည္။
ယီယြမ္က ထြက္ေျပးသြားေသာ အခ်ိန္မွစ၍ လန္ေပ၏စိတ္တြင္ တစ္ခ်ိန္လုံး ေဒါသမ်ား ျပည့္ႏွက္ေနခဲ့၏။ အကယ္၍ လမ္းေၾကာင္းကိစၥက အေရးႀကီးေန၍သာ မဟုတ္ခဲ့လွ်င္ သူက လူမ်ားကိုေခၚ၍ ယီယြမ္ကို အေစာႀကီးကတည္းက ရွာေဖြေနခဲ့မည္ ျဖစ္သည္။
ယခု အရာအားလုံးကို အစီအစဥ္တက် လုပ္ေဆာင္ခဲ့ၿပီး ျဖစ္၏။ သူက ဖန္ပုလင္းထဲမွ လိပ္ေပါက္စေလး တစ္ေကာင္ကို လိုက္လံဖမ္းဆီးေတာ့မည္ ျဖစ္ေပသည္။
Chapter 14 is coming…