ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၇ )
Unicode
Chapter-5
ယီယွမ်က ထိုသို့ပြောလိုက်သည်နှင့် အခြားအဖွဲ့ခြောက်ဖွဲ့မှ လူအများ၏ မျက်နှာများတွင် အလွန်ပျော်ရွှင်နေသည့်ဟန် ပေါ်ပေါက်နေခဲ့ပေသည်။
လက်ရှိအချိန်တွင် အဖွဲ့ကြီးရှစ်ဖွဲ့တွင် ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့နှင့် ငြိမ်သက်တိမ်တိုက်
အဖွဲ့တို့၌သာ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲများ ကျန်ရှိနေခဲ့ပေ၏။ သူတို့အားလုံးက မည်သည့်အရာကိုမှ မရရှိနိုင်တော့ကြောင်း ထင်မြင်နေခဲ့ကြသည်။ သို့သော် ယီယွမ်က စာနာထောက်ထားတတ်သော နှလုံးသားရှိပြီး သူတို့ကို ခွဲဝေပေးလိုစိတ် ရှိနေမည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။
သူတို့က ပျော်ရွှင်သွားကြချိန်တွင် ဝူကျောက်က မကျေမနပ်ဖြင့် ပြောဆိုလိုက်၏။ "ဘယ်လိုလုပ်ပြီး အဲဒီလိုလုပ်ရမှာလဲ… ဒီလိုပုံစံမျိုးဆိုရင် သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ရတနာအချို့ ရရှိသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ… ဒါဆိုရင် ငါတို့က အဲဒီအတွက် ဝေစုမရတော့ဘူး မဟုတ်လား….."
အဖွဲ့ခြောက်ဖွဲ့က ဝူကျောက်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေခဲ့ကြပြီး ဖြစ်သည်။ သူက ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းက သူ၏ ဘိုးဘေးများကို တိုင်တည်ပြီး စိတ်ထဲမှ ဆဲရေးတိုင်းထွာ နေခဲ့ကြပြီးဖြစ်၏။
ယီယွမ်က သူ၏ပခုံးကို တွန့်၍ ပြောဆိုလိုက်သည်။ "အကြီးအကဲဝူက သဘောမတူဘူးဆိုရင် ခင်ဗျားရဲ့ အမြင်ကိုလည်း ပြောပါဦး….."
ဝူကျောက်က ကပျာကယာပင် ပြောခဲ့၏။ "ငါတို့အဖွဲ့နှစ်ဖွဲ့မှာပဲ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ်တွေ ကျန်ရှိနေတော့တာဆိုတော့ ရတနာတွေကို ငါတို့ပဲ ခွဲယူလိုက်ကြမယ်လေ… ငါ့ရဲ့အမြင်အရတော့ ရတနာတွေကို ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် အရေအတွက်နဲ့ ခွဲယူကြရအောင်….."
ဝူကျောက်က ထိုသို့ပြောလိုက်သည်နှင့် အဖွဲ့ခြောက်ဖွဲ့မှ တပည့်အားလုံး၏ မေတ္တာပို့သခြင်း ခံနေခဲ့ရပြီ ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်၌ သူတို့အဖွဲ့များတွင် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲများ တစ်ယောက်တစ်လေမှ မရှိကြတော့ပေ။ သူတို့က ဒေါသထွက်ရဲကြသော်လည်း အသံလုံးဝမပြုရဲခဲ့ကြပေ။
ယီယွမ်က ပြုံး၍ ပြောလိုက်၏။ "အကြီးအကဲဝူက ကျုပ်ကို ဟာသလုပ်နေတာလား… ခင်ဗျားတို့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့မှာ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲသုံးယောက် ရှိနေသေးပေမဲ့ ကျုပ်တို့အဖွဲ့မှာ တစ်ယောက်တည်း
ရှိနေတာလေ… ခင်ဗျားဆိုလိုတာက ခင်ဗျား ၃ဆရနေချိန်မှာ ကျုပ်က ၁ဆပဲ ရမယ်ဆိုတာလား….."
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ… မင်းက ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် မဟုတ်သေးပေမဲ့ မင်းထိန်းချုပ်ထားတဲ့ အဲဒီဓားရုပ်သေးတွေက ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ်ရဲ့ တိုက်ခိုက်မှုခွန်အား ရှိနေတယ်လေ… ဒီလိုဆိုတော့ မင်းလည်း ဝေစုတစ်စု ရနိုင်ပါတယ်….." ဝူကျောက်က ကပျာကယာပင် ပြောဆိုခဲ့သည်။
ယီယွမ်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုလိုက်၏။ "အကြီးအကဲဝူ… ကိစ္စတွေကို လုပ်ဆောင်တဲ့အချိန်မှာ သဘောထား မသေးသိမ်ပါနဲ့… ခင်ဗျားတို့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့က အခြားအဖွဲ့တွေကို ဖိတ်ခေါ်ပြီး လျှို့ဝှက်နယ်မြေကို အတူတူ တူးဖော်မယ်ဆိုမှတော့ ခင်ဗျားက အခြားသူတွေကို ခွဲဝေပေးသင့်တယ်… ကျုပ်တို့က အသားစားလို့ရတယ်… ဒါပေမဲ့ အနည်းဆုံးတော့ အခြားသူတွေကို စွပ်ပြုတ်လောက်တော့ သောက်ခွင့်ပေးရမယ်လေ… ဒီလိုဆိုရင်ကော ဘယ်လိုလဲ… ကျုပ်တို့အဖွဲ့နှစ်ဖွဲ့က ရရှိလာတဲ့ ရတနာတွေရဲ့ ၄၀ရာခိုင်နှုန်းစီ ယူကြမယ်… ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို အခြားအဖွဲ့ခြောက်ဖွဲ့ဆီ အညီအမျှခွဲဝေပေးမယ်လေ… ရတနာတွေကို ရွေးချယ်တာကတော့ ကျုပ်တို့အဖွဲ့နှစ်ဖွဲ့က ဦးစားပေးရွေးချယ်မယ်….."
"အဲဒီလို မလုပ်နိုင်ဘူး… ငါတို့မှာ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူသုံးယောက် ရှိနေသေးတယ်လေ… တကယ်လို့ ငါတို့က ခါးသီးတဲ့ အဆုံးသတ်အထိ တိုက်ခိုက်ကြမယ်ဆိုရင် မင်းတို့ကောင်တွေက နည်းနည်းလေးမှ အသာစီးရမှာ မဟုတ်ဘူးလေ… ဘာလို့ ငါတို့က မင်းတို့နဲ့ အတူတူ ခွဲဝေရမှာလဲ….." ဝူကျောက်က ချက်ချင်းပင် ပယ်ချလိုက်သည်။
ယီယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏လေသံကလည်း ရေခဲတမျှ အေးစက်သွားခဲ့၏။ "ဒီလိုဆိုရင် ဒီကိစ္စက သဘောတူညီမှု ပျက်ပြားသွားပြီလို့ အဓိပ္ပါယ်ရတယ်ပေါ့… ကောင်းပြီလေ… ကျုပ်တို့ရဲ့ စွမ်းရည်အစစ်အမှန်ကို ပြသပြီးတော့ ကျုပ်တို့ တိုက်ခိုက်ပြီးတဲ့အချိန်မှ စကားပြောကြတာပေါ့….."
ထိုသို့ပြောလိုက်ရင်း ယီယွမ်က အမှန်တကယ်ပင် သူကတိုက်ခိုက်တော့မည့် အခြေအနေတစ်ခုကို ပြသခဲ့ပြီး ဓားရုပ်သေးများကို နောက်တစ်ကြိမ် ထပ်မံပြင်ဆင်ခဲ့ပေသည်။
ယီယွမ်က သဘောတူညီမှုကို ဂရုမစိုက်တော့ဘဲ တိုက်ခိုက်ရန် ပြင်ဆင်လိမ့်မည်ဟု ဝူကျောက်က လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယီယွမ်က ယုံကြည်မှုအပြည့်အဝ ရှိနေချိန်တွင် ဝူကျောက်က သူ၏အခြေခံကို ပျက်ယွင်းစေရဲခြင်း မရှိပေ။ သူကမည်သည့်အတွက် လှုပ်ရှားရဲခြင်း ရှိမည်နည်း။
"နေပါဦး… နေပါဦး… ဒီအချိန်အထိ ရောက်လာပြီပဲကို ဘာလို့ တိုက်ခိုက်နေဦးမှာလဲ… ငါတို့နှစ်ဖွဲ့လုံးကို ဆုံးရှုံးမှုကြီးသွားအောင် ဘာလို့ အခြားသူတွေကို အကျိုးအမြတ် ခွဲဝေပေးရမှာလဲ….." ဝူကျောက်က အလျင်အမြန်ပင် ပြောဆိုလိုက်ပေ၏။
သူကထိုသို့ ပြောလိုက်ခြင်းက အားနည်းချက်ကို ပြသနေခဲ့ခြင်းဖြစ်သည်။
သို့သော် ယီယွမ်က သူ၏အသက်ကိုပါ အဆုံးရှုံးခံနိုင်သည့် အမူအရာဖြင့် ရေခဲတမျှ အေးစက်စွာ ပြောဆိုလိုက်၏။ "အကြီးအကဲဝူက ကျုပ်တို့အဖွဲ့ကို အညီအမျှ ခွဲဝေယူဖို့ အဆင့်မမီဘူးလို့ ပြောနေခဲ့မှတော့ ကျုပ်တို့ကလည်း ကျုပ်တို့ခွန်အားကို သက်သေပြဖို့ လိုအပ်လာပြီလေ… တကယ်လို့ ကျုပ်တို့က ခင်ဗျားတို့အဖွဲ့ကို မတိုက်ခိုက်နိုင်ဘူးဆိုရင် ခင်ဗျားက အဲဒီလိုပြောတာကို အငြင်းပွားစရာ မရှိတော့ပါဘူး….."
ဝူကျောက်က လုံးဝပင် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။ သူက ဤသို့ပြောလိုက်ရုံသာ တတ်နိုင်ခဲ့ပေ၏။ "ကောင်းပြီ… ကောင်းပြီ… မင်းရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ကြတာပေါ့….."
ဝူကျောက်က သဘောတူလက်ခံလိုက်၍ လူတိုင်းက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ရသည်။
အထူးသဖြင့် အဖွဲ့ခြောက်ဖွဲ့မှ တပည့်များက ပျော်ရွှင်နေခဲ့ကြပြီ ဖြစ်၏။ ယီယွမ်ကို ကြည့်နေကြသော သူတို့၏ အကြည့်များတွင် ကျေးဇူးတင်နေသော အရိပ်အယောင်များ ပါဝင်နေခဲ့ကြသည်။
အကယ်၍ ယီယွမ်အတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့က စွပ်ပြုတ်သောက်ရန် မဆိုထား၍ ရေတစ်ခွက်ပင် သောက်သုံးနိုင်မည် မဟုတ်ခဲ့ပေ။
သူတို့က ရတနာများ၏ ၂၀ရာခိုင်နှုန်းသာ ရရှိနိုင်မည်ဖြစ်သော်လည်း လက်ဗလာနှင့် ပြန်သွားရသည်ထက် ပို၍ကောင်းမွန်ပေ၏။ ဤလျှို့ဝှက်နယ်မြေက အန္တရာယ်ကြီးမားသည့်တိုင် ပစ္စည်းကောင်းများလည်း နည်းပါးခြင်းမရှိပေ။ သူတို့က ကောင်းမွန်သော ရတနာအချို့ကို ရရှိနိုင်မည် ဖြစ်သည်။
"ကောင်းတာပေါ့… ဒီလိုဆိုရင် လူတိုင်း ပျော်ရွှင်ကြရတယ် မဟုတ်ဘူးလား… ခင်ဗျားက ဘာလို့ လူတိုင်းကို ဆိုးရွားတဲ့ ကိစ္စတွေ ဖြစ်စေချင်ရတာလဲ….." ယီယွမ်က သူ၏ဓားရုပ်သေးများကို ပြန်သိမ်းလိုက်ပြီး ယီယွမ်က အပြစ်တင်ပြောဆိုလိုက်၏။
ဝူကျောက်က စိတ်ဓာတ်ကျစွာဖြင့် စိတ်ထဲမှ ပြောကြားနေခဲ့ပေသည်။
ငါကမင်းနဲ့ စကားအရပဲ တိုက်ခိုက်မလို့ ပြောလိုက်တာလေ… မဟုတ်ဘူးလား… မင်းက မကျေနပ်ချက် တစ်ခုတည်းအတွက်နဲ့ တိုက်ခိုက်ချင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ…..
ဒီလိုဆိုရင် လုပ်ထားခဲ့တဲ့ သဘောတူညီချက်တွေက မရှိတော့ဘူးတဲ့လား…..
မင်းကပဲ အငြင်းပွားဖွယ်ရာတစ်ခု အတွက်နဲ့ မင်းရဲ့ရုပ်သေးရုပ်တွေကို အသုံးပြုပြီး တိုက်ခိုက်ချင်နေတာ မဟုတ်လား.... အခုတော့ မင်းက ငါ့ကို အပြစ်တင်နေပြန်တာပေါ့…..
"ဒါပေမဲ့ အရင်ဆုံး ကိစ္စတွေကို ရှင်းလင်းအောင် လုပ်ဆောင်ရဦးမယ်… တကယ်လို့ အဆင့်တူတဲ့ ရတနာနှစ်ခုကို ရရှိခဲ့မယ်ဆိုရင် တစ်ဖွဲ့ကို တစ်ခုစီ ခွဲယူရမယ်… ဒါပေမဲ့ တစ်ခုတည်းကိုပဲ တွေ့ရှိခဲ့မယ်ဆိုရင် အဲဒီရတနာကို ရရှိခဲ့တဲ့ အဖွဲ့နဲ့ပဲ သက်ဆိုင်လိမ့်မယ်… ဒါပေမဲ့ မရရှိတဲ့အဖွဲ့ကို အဲဒီရတနာနဲ့ တူညီတဲ့ တန်ဖိုးရှိတဲ့ အရာတွေ ပေးအပ်ရမယ်….." ဝူကျောက်က ထပ်မံဖြည့်ပြောပေးလိုက်၏။
ယီယွမ်က ခေါင်းညိတ်ခဲ့သည်။ သူက ဤကိစ္စအတွက် ငြင်းဆန်စရာ ကိစ္စမရှိပေ။
အရာရာတိုင်းကို သတ်မှတ်ကြခဲ့ပြီးဖြစ်၏။ လူတိုင်းက တိုက်ခိုက်ချင်စိတ်များ မရှိကြတော့ဘဲ ပြန်လည် အုပ်စုဖွဲ့ခဲ့ကြပြီး ဖြစ်သည်။
သို့သော် ခရမ်းနုရောင်စံအိမ်အဖွဲ့မှ လူအများကြားတွင် လူတစ်ယောက်က မည်သည့်အချိန်တွင် ပျောက်ဆုံးနေခဲ့သည်ကို မည်သူကမှ သတိထားမိခဲ့ကြခြင်း မရှိပေ။
. . . . . .
ယီယွမ်နဲ့ အခြားလူအားလုံးက ထာဝရခမ်းနားခြင်းနန်းတော် ဒုတိယအလွှာသို့ ဦးတည်ဝင်ရောက်သွားချိန်တွင် ပထမအလွှာရှိ လျှို့ဝှက်ဘေးအခန်းတစ်ခုမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
အကယ်၍ ယီယွမ်ကသာ ဤနေရာတွင် ရှိနေခဲ့လျှင် ဤလူရိပ်က ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင်ပင် ခရမ်းနုရောင်စံအိမ်အဖွဲ့မှ လင်းချောင်ဖြစ်နေကြောင်း ချက်ချင်း သိရှိသွားခဲ့မည် ဖြစ်သည်။
ဤဘေးခန်းမက အလွန်လျှို့ဝှက်နေခဲ့ပြီးဖြစ်၏။ ယီယွမ်နှင့် အခြားသူများက ထာဝရခမ်းနားခြင်းနန်းတော် ဒုတိယအလွှာသို့ ဝင်ရောက်သွားခဲ့သည်အထိ ဤလျှို့ဝှက်နယ်မြေကို လုံးဝပင် ရှာမတွေ့ခဲ့ကြပေ။
သို့သော် လင်းချောင်က ဤနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့ပုံ ရပေသည်။
သူက ဘယ်ညာ လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး ဘေးဘက်အခန်း၏ နေရာတိုင်းကို ကြည့်ရှုနေခဲ့ကာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်ဟန်ဖြင့် လိုက်လံရှာဖွေနေခဲ့၏။
လက်ဖက်ရည်တစ်အိုး ဆူပွက်ချိန်နှင့် တူညီလုနီးပါး ရောက်ချိန်တွင် လင်းချောင်က နံရံပေါ်မှ ကုန်းမြေတစ်ခု၏ ပန်းချီကားကို ထိတွေ့လိုက်မိသည်။ ထိုပန်းချီကားက ရွှေ့ပြောင်း၍မရသည်ကို တွေ့လိုက်ရ၍ ချက်ချင်းပင် ပျော်ရွှင်သွားခဲ့ပုံရပေ၏။
လင်းချောင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ထူးဆန်းသော လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ထိုကုန်းမြေပန်းချီကားဆီသို့ ပစ်သွင်းလိုက်သည်။ ထိုကုန်းမြေပန်းချီကားက အမှန်တကယ်ပင် ထိုလက်ဟန်ကို ဘေးအခန်း၏ ကြမ်းပြင်အလယ်သို့ ပြန်လည် အလင်းပြန်ပေးလိုက်ပေ၏။
ချလပ်…..
ထို့နောက် ချက်ချင်းပင် ကြီးမားသော အပေါက်တစ်ခုက ကြမ်းပြင်ပေါ်တွင် အမှန်တကယ်ပင် လျှောက်လမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းချောင်က ဤမြင်ကွင်းကိုမြင်သော် သူ၏မျက်နှာအမူအရာတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာခဲ့၏။
"ဟားဟားဟား… ငါတို့ ခရမ်းနုရောင်အဖွဲ့က နှစ်ထောင်ပေါင်းများစွာ ကြာအောင် ပြန်လည်လက်တုံ့ပြန်နိုင်ဖို့ ခက်ခဲမှုတွေကြားက စီစဉ်နေခဲ့ရတယ်… ငါတို့က နောက်ဆုံးတော့ အဲဒီအရာကို တွေ့ရှိခဲ့ရပြီ….."
ထိုသို့ပြောပြီးသည်နှင့် လင်းချောင်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး ထိုနက်မှောင်နေသော လျှောက်လမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
. . . . . .
ယီယွမ်နှင့် အခြားသူများက ထာဝရခမ်းနားခြင်းနန်းတော် ဒုတိယအလွှာသို့ ရောက်ရှိသွားကြချိန်တွင် ဒုတိယအလွှာ၏ အကျယ်အဝန်းက ပထမအလွှာထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းသည်ကို တွေ့ရှိခဲ့ရ၏။ ဤအရာက အမှန်တကယ်ပင် နယ်မြေဝင်္ကပါအချို့ကို အသုံးပြုထားခြင်း ဖြစ်ပေမည်။
ဤအရာမှတစ်ဆင့် ထာဝရခမ်းနားခြင်း
နန်းတော်မှာ အတိတ်တစ်ချိန်က အလွန့်အလွန် အစွမ်းထက်သော အဖွဲ့တစ်ခု အကြောင်း မငြင်းနိုင်သည့် သက်သေပြချက်တစ်ခု ဖြစ်ကြောင်း လူတိုင်း သိရှိနိုင်ပေသည်။
အဆုံးမဲ့ကမ္ဘာကြီးတွင် နယ်မြေပညာရပ်များကို ပိုင်ဆိုင်ထားကြသူများမှာ အလွန့်အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။
ပထမအလွှာနှင့် ကွာခြားသည်မှာ ဒုတိယအလွှာတွင် အခန်းအရေအတွက်များစွာ ရှိနေခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူတို့က လူဦးရေ အယောက် ၃၀ကျော်ကို ခွဲခြားစေလွှတ်ခဲ့မည် ဆိုလျှင်ပင် အချိန်နှစ်နာရီခန့် ယူဆောင်ရပေလိမ့်မည်။
အခန်းများ၏ လျှို့ဝှက်သဘာဝများအရ ရတနာများ ခွဲခြမ်းရယူမှုကလည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပေ၏။ အကယ်၍ လူတိုင်းကသာ အခန်းများထဲရှိ ရတနာများကို အားလုံးလက်ထဲသို့ ပေးအပ်ခြင်းမရှိဘဲ သူတို့၏ ကိုယ်ပိုင် သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းခဲ့ကြမည်ဆိုလျှင် နောက်ဆုံး၌ မည်သို့သော ရတနာမျိုးကို ခွဲခြမ်း
ရယူနိုင်တော့မည်နည်း။
"မင်းဘယ်လိုထင်လဲ ယီယွမ်….." ဝူကျောက်က ယီယွမ်ကိုကြည့်၍ ပြောဆိုလိုက်သည်။
ယီယွမ်က ပြုံး၍ ပြောဆိုခဲ့၏။ "အကြီးအကဲဝူဆီမှာ အကြံတစ်ခု ရှိပြီးသား မဟုတ်လား… အဲဒါကိုသာ ပြောပြပေးပါ….."
ဝူကျောက်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သံလိုက်အိမ်မြှောင်ကဲ့သို့ အရာတစ်ခုကို ထုတ်ယူလိုက်ပေသည်။ ထိုအရာက အမှန်တကယ်ပင် ကန့်သတ်ချက်၁၆ခု ဝိညာဉ်မှော်ရတနာတစ်ခု ဖြစ်နေခဲ့၏။
ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့က အမှန်တကယ်ပင် ကြွယ်ဝလွန်းလှပေသည်။ ကန့်သတ်ချက်၁၆ခု ဝိညာဉ်မှော်ရတနာကိုပင် အပြင်လောကသို့ အမှန်တကယ် ပေါ့ပေါ့ပါးပါး ယူဆောင်လာနိုင်ခဲ့၏။
ဝူကျောက်က လူတိုင်းကို ကြည့်၍ ပြောလိုက်ပေသည်။ "ဒီအရာက ငါတို့ ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့ရဲ့ ကန့်သတ်ချက်၁၆ခု ဝိညာဉ်မှော်ရတနာဖြစ်တဲ့ ကန့်သတ်ချက်
သံလိုက်အိမ်မြှောင်ပဲ… သူ့ရဲ့ အလုပ်လုပ်ပုံက အရာဝတ္ထုတွေအပေါ်မှာ ကန့်သတ်ချက်တွေ ချထားပေးလိုက်တာပဲ… ဒီကန့်သတ်ချက်တွေကို ထိလိုက်မိတာနဲ့ ကန့်သတ်ချက် သံလိုက်အိမ်မြှောင်က တိကျတဲ့ အခြေအနေတစ်ခုအထိ ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိတယ်… ဒါကြောင့် အားလုံးပဲ… မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကိုဟထုတ်ပြီး အခုပဲ ကန့်သတ်ချက် သံလိုက်အိမ်မြှောင်ကို အသေးစား ကန့်သတ်ချက်တစ်ခု ချမှတ်ခွင့်ပေးပါ… တကယ်လို့ မင်းတို့က ရတနာတွေကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်မယ်ဆိုရင် ကန့်သတ်ချက် သံလိုက်အိမ်မြှောင်က သိရှိသွားလိမ့်မယ်… အဲဒီအချိန်ဆိုရင် သူက ငါတို့အားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ခြင်းခံရမယ်….."
ယီယွမ်က ကန့်သတ်ချက် သံလိုက်အိမ်မြှောင်ကို အတော်ကလေး သဘောကျစွာဖြင့် ကြည့်နေခဲ့၏။ ဤနားလည်ရန် အလွန်ခက်ခဲသည့် အရန် ဝိညာဉ်မှော်ရတနာက အမှန်တကယ်ပင် စွမ်းရည်အချို့ ရှိနေခဲ့ပေသည်။
Chapter 6 is coming.....
Zawgyi
ၿပိဳင္ဘက္ကင္းေဆးနတ္ဘုရား
ဘာသာျပန္သူ-ၿဖိဳးသူဝင္း
စာစဥ္ ( ၂၇ )
Chapter-5
ယီယြမ္က ထိုသို႔ေျပာလိုက္သည္ႏွင့္ အျခားအဖြဲ႕ေျခာက္ဖြဲ႕မွ လူအမ်ား၏ မ်က္ႏွာမ်ားတြင္ အလြန္ေပ်ာ္႐ႊင္ေနသည့္ဟန္ ေပၚေပါက္ေနခဲ့ေပသည္။
လက္ရွိအခ်ိန္တြင္ အဖြဲ႕ႀကီးရွစ္ဖြဲ႕တြင္ ေကာင္းကင္ဘုံတိမ္တိုက္ အဖြဲ႕ႏွင့္ ၿငိမ္သက္တိမ္တိုက္
အဖြဲ႕တို႔၌သာ ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ အႀကီးအကဲမ်ား က်န္ရွိေနခဲ့ေပ၏။ သူတို႔အားလုံးက မည္သည့္အရာကိုမွ မရရွိနိုင္ေတာ့ေၾကာင္း ထင္ျမင္ေနခဲ့ၾကသည္။ သို႔ေသာ္ ယီယြမ္က စာနာေထာက္ထားတတ္ေသာ ႏွလုံးသားရွိၿပီး သူတို႔ကို ခြဲေဝေပးလိုစိတ္ ရွိေနမည္ဟု သူတို႔က ထင္မွတ္မထားခဲ့ၾကေပ။
သူတို႔က ေပ်ာ္႐ႊင္သြားၾကခ်ိန္တြင္ ဝူေက်ာက္က မေက်မနပ္ျဖင့္ ေျပာဆိုလိုက္၏။ "ဘယ္လိုလုပ္ၿပီး အဲဒီလိုလုပ္ရမွာလဲ… ဒီလိုပုံစံမ်ိဳးဆိုရင္ သူတို႔က ေကာင္းကင္ဘုံကို ဆန့္က်င္တဲ့ ရတနာအခ်ိဳ႕ ရရွိသြားခဲ့ရင္ ဘယ္လိုလုပ္ၾကမလဲ… ဒါဆိုရင္ ငါတို႔က အဲဒီအတြက္ ေဝစုမရေတာ့ဘူး မဟုတ္လား….."
အဖြဲ႕ေျခာက္ဖြဲ႕က ဝူေက်ာက္ႏွင့္ ပတ္သက္၍ မေက်မနပ္ ျဖစ္ေနခဲ့ၾကၿပီး ျဖစ္သည္။ သူက ထိုသို႔ေျပာလိုက္သည္ႏွင့္ လူတိုင္းက သူ၏ ဘိုးေဘးမ်ားကို တိုင္တည္ၿပီး စိတ္ထဲမွ ဆဲေရးတိုင္းထြာ ေနခဲ့ၾကၿပီးျဖစ္၏။
ယီယြမ္က သူ၏ပခုံးကို တြန့္၍ ေျပာဆိုလိုက္သည္။ "အႀကီးအကဲဝူက သေဘာမတူဘူးဆိုရင္ ခင္ဗ်ားရဲ႕ အျမင္ကိုလည္း ေျပာပါဦး….."
ဝူေက်ာက္က ကပ်ာကယာပင္ ေျပာခဲ့၏။ "ငါတို႔အဖြဲ႕ႏွစ္ဖြဲ႕မွာပဲ ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ေတြ က်န္ရွိေနေတာ့တာဆိုေတာ့ ရတနာေတြကို ငါတို႔ပဲ ခြဲယူလိုက္ၾကမယ္ေလ… ငါ့ရဲ႕အျမင္အရေတာ့ ရတနာေတြကို ပင္လယ္အသြင္
ေျပာင္းလဲျခင္းနယ္ပယ္ အေရအတြက္နဲ႕ ခြဲယူၾကရေအာင္….."
ဝူေက်ာက္က ထိုသို႔ေျပာလိုက္သည္ႏွင့္ အဖြဲ႕ေျခာက္ဖြဲ႕မွ တပည့္အားလုံး၏ ေမတၱာပို႔သျခင္း ခံေနခဲ့ရၿပီ ျဖစ္သည္။ သို႔ရာတြင္ လက္ရွိအခ်ိန္၌ သူတို႔အဖြဲ႕မ်ားတြင္ ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ အႀကီးအကဲမ်ား တစ္ေယာက္တစ္ေလမွ မရွိၾကေတာ့ေပ။ သူတို႔က ေဒါသထြက္ရဲၾကေသာ္လည္း အသံလုံးဝမျပဳရဲခဲ့ၾကေပ။
ယီယြမ္က ၿပဳံး၍ ေျပာလိုက္၏။ "အႀကီးအကဲဝူက က်ဳပ္ကို ဟာသလုပ္ေနတာလား… ခင္ဗ်ားတို႔ ေကာင္းကင္ဘုံတိမ္တိုက္ အဖြဲ႕မွာ ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ အႀကီးအကဲသုံးေယာက္ ရွိေနေသးေပမဲ့ က်ဳပ္တို႔အဖြဲ႕မွာ တစ္ေယာက္တည္း
ရွိေနတာေလ… ခင္ဗ်ားဆိုလိုတာက ခင္ဗ်ား ၃ဆရေနခ်ိန္မွာ က်ဳပ္က ၁ဆပဲ ရမယ္ဆိုတာလား….."
"ဒီလိုဆိုရင္ေရာ ဘယ္လိုလဲ… မင္းက ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ မဟုတ္ေသးေပမဲ့ မင္းထိန္းခ်ဳပ္ထားတဲ့ အဲဒီဓား႐ုပ္ေသးေတြက ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ရဲ႕ တိုက္ခိုက္မႈခြန္အား ရွိေနတယ္ေလ… ဒီလိုဆိုေတာ့ မင္းလည္း ေဝစုတစ္စု ရနိုင္ပါတယ္….." ဝူေက်ာက္က ကပ်ာကယာပင္ ေျပာဆိုခဲ့သည္။
ယီယြမ္က သူ၏ေခါင္းကို ခါယမ္း၍ ေျပာဆိုလိုက္၏။ "အႀကီးအကဲဝူ… ကိစၥေတြကို လုပ္ေဆာင္တဲ့အခ်ိန္မွာ သေဘာထား မေသးသိမ္ပါနဲ႕… ခင္ဗ်ားတို႔ ေကာင္းကင္ဘုံတိမ္တိုက္ အဖြဲ႕က အျခားအဖြဲ႕ေတြကို ဖိတ္ေခၚၿပီး လွ်ို႔ဝွက္နယ္ေျမကို အတူတူ တူးေဖာ္မယ္ဆိုမွေတာ့ ခင္ဗ်ားက အျခားသူေတြကို ခြဲေဝေပးသင့္တယ္… က်ဳပ္တို႔က အသားစားလို႔ရတယ္… ဒါေပမဲ့ အနည္းဆုံးေတာ့ အျခားသူေတြကို စြပ္ျပဳတ္ေလာက္ေတာ့ ေသာက္ခြင့္ေပးရမယ္ေလ… ဒီလိုဆိုရင္ေကာ ဘယ္လိုလဲ… က်ဳပ္တို႔အဖြဲ႕ႏွစ္ဖြဲ႕က ရရွိလာတဲ့ ရတနာေတြရဲ႕ ၄၀ရာခိုင္ႏႈန္းစီ ယူၾကမယ္… က်န္တဲ့ ၂၀ရာခိုင္ႏႈန္းကို အျခားအဖြဲ႕ေျခာက္ဖြဲ႕ဆီ အညီအမွ်ခြဲေဝေပးမယ္ေလ… ရတနာေတြကို ေ႐ြးခ်ယ္တာကေတာ့ က်ဳပ္တို႔အဖြဲ႕ႏွစ္ဖြဲ႕က ဦးစားေပးေ႐ြးခ်ယ္မယ္….."
"အဲဒီလို မလုပ္နိုင္ဘူး… ငါတို႔မွာ ပင္လယ္အသြင္ ေျပာင္းလဲျခင္းနယ္ပယ္ ထူးခြၽန္သူသုံးေယာက္ ရွိေနေသးတယ္ေလ… တကယ္လို႔ ငါတို႔က ခါးသီးတဲ့ အဆုံးသတ္အထိ တိုက္ခိုက္ၾကမယ္ဆိုရင္ မင္းတို႔ေကာင္ေတြက နည္းနည္းေလးမွ အသာစီးရမွာ မဟုတ္ဘူးေလ… ဘာလို႔ ငါတို႔က မင္းတို႔နဲ႕ အတူတူ ခြဲေဝရမွာလဲ….." ဝူေက်ာက္က ခ်က္ခ်င္းပင္ ပယ္ခ်လိဳက္သည္။
ယီယြမ္၏ မ်က္လုံးမ်ားက က်ဥ္းေျမာင္းသြားခဲ့ၿပီး သူ၏ေလသံကလည္း ေရခဲတမွ် ေအးစက္သြားခဲ့၏။ "ဒီလိုဆိုရင္ ဒီကိစၥက သေဘာတူညီမႈ ပ်က္ျပားသြားၿပီလို႔ အဓိပၸါယ္ရတယ္ေပါ့… ေကာင္းၿပီေလ… က်ဳပ္တို႔ရဲ႕ စြမ္းရည္အစစ္အမွန္ကို ျပသၿပီးေတာ့ က်ဳပ္တို႔ တိုက္ခိုက္ၿပီးတဲ့အခ်ိန္မွ စကားေျပာၾကတာေပါ့….."
ထိုသို႔ေျပာလိုက္ရင္း ယီယြမ္က အမွန္တကယ္ပင္ သူကတိုက္ခိုက္ေတာ့မည့္ အေျခအေနတစ္ခုကို ျပသခဲ့ၿပီး ဓား႐ုပ္ေသးမ်ားကို ေနာက္တစ္ႀကိမ္ ထပ္မံျပင္ဆင္ခဲ့ေပသည္။
ယီယြမ္က သေဘာတူညီမႈကို ဂ႐ုမစိုက္ေတာ့ဘဲ တိုက္ခိုက္ရန္ ျပင္ဆင္လိမ့္မည္ဟု ဝူေက်ာက္က လုံးဝ ေမွ်ာ္လင့္မထားခဲ့ေပ။
ယီယြမ္က ယုံၾကည္မႈအျပည့္အဝ ရွိေနခ်ိန္တြင္ ဝူေက်ာက္က သူ၏အေျခခံကို ပ်က္ယြင္းေစရဲျခင္း မရွိေပ။ သူကမည္သည့္အတြက္ လႈပ္ရွားရဲျခင္း ရွိမည္နည္း။
"ေနပါဦး… ေနပါဦး… ဒီအခ်ိန္အထိ ေရာက္လာၿပီပဲကို ဘာလို႔ တိုက္ခိုက္ေနဦးမွာလဲ… ငါတို႔ႏွစ္ဖြဲ႕လုံးကို ဆုံးရႈံးမႈႀကီးသြားေအာင္ ဘာလို႔ အျခားသူေတြကို အက်ိဳးအျမတ္ ခြဲေဝေပးရမွာလဲ….." ဝူေက်ာက္က အလ်င္အျမန္ပင္ ေျပာဆိုလိုက္ေပ၏။
သူကထိုသို႔ ေျပာလိုက္ျခင္းက အားနည္းခ်က္ကို ျပသေနခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ယီယြမ္က သူ၏အသက္ကိုပါ အဆုံးရႈံးခံနိုင္သည့္ အမူအရာျဖင့္ ေရခဲတမွ် ေအးစက္စြာ ေျပာဆိုလိုက္၏။ "အႀကီးအကဲဝူက က်ဳပ္တို႔အဖြဲ႕ကို အညီအမွ် ခြဲေဝယူဖို႔ အဆင့္မမီဘူးလို႔ ေျပာေနခဲ့မွေတာ့ က်ဳပ္တို႔ကလည္း က်ဳပ္တို႔ခြန္အားကို သက္ေသျပဖို႔ လိုအပ္လာၿပီေလ… တကယ္လို႔ က်ဳပ္တို႔က ခင္ဗ်ားတို႔အဖြဲ႕ကို မတိုက္ခိုက္နိုင္ဘူးဆိုရင္ ခင္ဗ်ားက အဲဒီလိုေျပာတာကို အျငင္းပြားစရာ မရွိေတာ့ပါဘူး….."
ဝူေက်ာက္က လုံးဝပင္ အရႈံးေပးလိုက္ရၿပီ ျဖစ္သည္။ သူက ဤသို႔ေျပာလိုက္႐ုံသာ တတ္နိုင္ခဲ့ေပ၏။ "ေကာင္းၿပီ… ေကာင္းၿပီ… မင္းရဲ႕နည္းလမ္းအတိုင္း လုပ္ေဆာင္ၾကတာေပါ့….."
ဝူေက်ာက္က သေဘာတူလက္ခံလိုက္၍ လူတိုင္းက သက္ျပင္းရွည္ႀကီးတစ္ခုကို ခ်လိဳက္ရသည္။
အထူးသျဖင့္ အဖြဲ႕ေျခာက္ဖြဲ႕မွ တပည့္မ်ားက ေပ်ာ္႐ႊင္ေနခဲ့ၾကၿပီ ျဖစ္၏။ ယီယြမ္ကို ၾကည့္ေနၾကေသာ သူတို႔၏ အၾကည့္မ်ားတြင္ ေက်းဇူးတင္ေနေသာ အရိပ္အေယာင္မ်ား ပါဝင္ေနခဲ့ၾကသည္။
အကယ္၍ ယီယြမ္အတြက္ေၾကာင့္သာ မဟုတ္ခဲ့လွ်င္ သူတို႔က စြပ္ျပဳတ္ေသာက္ရန္ မဆိုထား၍ ေရတစ္ခြက္ပင္ ေသာက္သုံးနိုင္မည္ မဟုတ္ခဲ့ေပ။
သူတို႔က ရတနာမ်ား၏ ၂၀ရာခိုင္ႏႈန္းသာ ရရွိနိုင္မည္ျဖစ္ေသာ္လည္း လက္ဗလာႏွင့္ ျပန္သြားရသည္ထက္ ပို၍ေကာင္းမြန္ေပ၏။ ဤလွ်ို႔ဝွက္နယ္ေျမက အႏၲရာယ္ႀကီးမားသည့္တိုင္ ပစၥည္းေကာင္းမ်ားလည္း နည္းပါးျခင္းမရွိေပ။ သူတို႔က ေကာင္းမြန္ေသာ ရတနာအခ်ိဳ႕ကို ရရွိနိုင္မည္ ျဖစ္သည္။
"ေကာင္းတာေပါ့… ဒီလိုဆိုရင္ လူတိုင္း ေပ်ာ္႐ႊင္ၾကရတယ္ မဟုတ္ဘူးလား… ခင္ဗ်ားက ဘာလို႔ လူတိုင္းကို ဆိုး႐ြားတဲ့ ကိစၥေတြ ျဖစ္ေစခ်င္ရတာလဲ….." ယီယြမ္က သူ၏ဓား႐ုပ္ေသးမ်ားကို ျပန္သိမ္းလိုက္ၿပီး ယီယြမ္က အျပစ္တင္ေျပာဆိုလိုက္၏။
ဝူေက်ာက္က စိတ္ဓာတ္က်စြာျဖင့္ စိတ္ထဲမွ ေျပာၾကားေနခဲ့ေပသည္။
ငါကမင္းနဲ႕ စကားအရပဲ တိုက္ခိုက္မလို႔ ေျပာလိုက္တာေလ… မဟုတ္ဘူးလား… မင္းက မေက်နပ္ခ်က္ တစ္ခုတည္းအတြက္နဲ႕ တိုက္ခိုက္ခ်င္လိမ့္မယ္လို႔ ဘယ္သူက ထင္ထားမွာလဲ…..
ဒီလိုဆိုရင္ လုပ္ထားခဲ့တဲ့ သေဘာတူညီခ်က္ေတြက မရွိေတာ့ဘူးတဲ့လား…..
မင္းကပဲ အျငင္းပြားဖြယ္ရာတစ္ခု အတြက္နဲ႕ မင္းရဲ႕႐ုပ္ေသး႐ုပ္ေတြကို အသုံးျပဳၿပီး တိုက္ခိုက္ခ်င္ေနတာ မဟုတ္လား.... အခုေတာ့ မင္းက ငါ့ကို အျပစ္တင္ေနျပန္တာေပါ့…..
"ဒါေပမဲ့ အရင္ဆုံး ကိစၥေတြကို ရွင္းလင္းေအာင္ လုပ္ေဆာင္ရဦးမယ္… တကယ္လို႔ အဆင့္တူတဲ့ ရတနာႏွစ္ခုကို ရရွိခဲ့မယ္ဆိုရင္ တစ္ဖြဲ႕ကို တစ္ခုစီ ခြဲယူရမယ္… ဒါေပမဲ့ တစ္ခုတည္းကိုပဲ ေတြ႕ရွိခဲ့မယ္ဆိုရင္ အဲဒီရတနာကို ရရွိခဲ့တဲ့ အဖြဲ႕နဲ႕ပဲ သက္ဆိုင္လိမ့္မယ္… ဒါေပမဲ့ မရရွိတဲ့အဖြဲ႕ကို အဲဒီရတနာနဲ႕ တူညီတဲ့ တန္ဖိုးရွိတဲ့ အရာေတြ ေပးအပ္ရမယ္….." ဝူေက်ာက္က ထပ္မံျဖည့္ေျပာေပးလိုက္၏။
ယီယြမ္က ေခါင္းညိတ္ခဲ့သည္။ သူက ဤကိစၥအတြက္ ျငင္းဆန္စရာ ကိစၥမရွိေပ။
အရာရာတိုင္းကို သတ္မွတ္ၾကခဲ့ၿပီးျဖစ္၏။ လူတိုင္းက တိုက္ခိုက္ခ်င္စိတ္မ်ား မရွိၾကေတာ့ဘဲ ျပန္လည္ အုပ္စုဖြဲ႕ခဲ့ၾကၿပီး ျဖစ္သည္။
သို႔ေသာ္ ခရမ္းႏုေရာင္စံအိမ္အဖြဲ႕မွ လူအမ်ားၾကားတြင္ လူတစ္ေယာက္က မည္သည့္အခ်ိန္တြင္ ေပ်ာက္ဆုံးေနခဲ့သည္ကို မည္သူကမွ သတိထားမိခဲ့ၾကျခင္း မရွိေပ။
. . . . . .
ယီယြမ္နဲ႕ အျခားလူအားလုံးက ထာဝရခမ္းနားျခင္းနန္းေတာ္ ဒုတိယအလႊာသို႔ ဦးတည္ဝင္ေရာက္သြားခ်ိန္တြင္ ပထမအလႊာရွိ လွ်ို႔ဝွက္ေဘးအခန္းတစ္ခုမွ လူရိပ္တစ္ခု ထြက္ေပၚလာခဲ့၏။
အကယ္၍ ယီယြမ္ကသာ ဤေနရာတြင္ ရွိေနခဲ့လွ်င္ ဤလူရိပ္က ထိတ္လန့္တုန္လႈပ္စရာ ေကာင္းေလာက္ေအာင္ပင္ ခရမ္းႏုေရာင္စံအိမ္အဖြဲ႕မွ လင္းေခ်ာင္ျဖစ္ေနေၾကာင္း ခ်က္ခ်င္း သိရွိသြားခဲ့မည္ ျဖစ္သည္။
ဤေဘးခန္းမက အလြန္လွ်ို႔ဝွက္ေနခဲ့ၿပီးျဖစ္၏။ ယီယြမ္ႏွင့္ အျခားသူမ်ားက ထာဝရခမ္းနားျခင္းနန္းေတာ္ ဒုတိယအလႊာသို႔ ဝင္ေရာက္သြားခဲ့သည္အထိ ဤလွ်ို႔ဝွက္နယ္ေျမကို လုံးဝပင္ ရွာမေတြ႕ခဲ့ၾကေပ။
သို႔ေသာ္ လင္းေခ်ာင္က ဤေနရာႏွင့္ အလြန္ရင္းႏွီးကြၽမ္းဝင္ေနခဲ့ပုံ ရေပသည္။
သူက ဘယ္ညာ လွည့္ပတ္ၾကည့္ရႈေနခဲ့ၿပီး ေဘးဘက္အခန္း၏ ေနရာတိုင္းကို ၾကည့္ရႈေနခဲ့ကာ တစ္စုံတစ္ရာကို ရွာေဖြေနသည့္ဟန္ျဖင့္ လိုက္လံရွာေဖြေနခဲ့၏။
လက္ဖက္ရည္တစ္အိုး ဆူပြက္ခ်ိန္ႏွင့္ တူညီလုနီးပါး ေရာက္ခ်ိန္တြင္ လင္းေခ်ာင္က နံရံေပၚမွ ကုန္းေျမတစ္ခု၏ ပန္းခ်ီကားကို ထိေတြ႕လိုက္မိသည္။ ထိုပန္းခ်ီကားက ေ႐ႊ႕ေျပာင္း၍မရသည္ကို ေတြ႕လိုက္ရ၍ ခ်က္ခ်င္းပင္ ေပ်ာ္႐ႊင္သြားခဲ့ပုံရေပ၏။
လင္းေခ်ာင္က ေနာက္သို႔ ေျခတစ္လွမ္း ဆုတ္လိုက္ၿပီး ထူးဆန္းေသာ လက္ဟန္တစ္ခုကို ထုတ္ေဖာ္လိုက္ၿပီး ထိုကုန္းေျမပန္းခ်ီကားဆီသို႔ ပစ္သြင္းလိုက္သည္။ ထိုကုန္းေျမပန္းခ်ီကားက အမွန္တကယ္ပင္ ထိုလက္ဟန္ကို ေဘးအခန္း၏ ၾကမ္းျပင္အလယ္သို႔ ျပန္လည္ အလင္းျပန္ေပးလိုက္ေပ၏။
ခ်လပ္…..
ထို႔ေနာက္ ခ်က္ခ်င္းပင္ ႀကီးမားေသာ အေပါက္တစ္ခုက ၾကမ္းျပင္ေပၚတြင္ အမွန္တကယ္ပင္ ေလွ်ာက္လမ္းတစ္ခု ထြက္ေပၚလာခဲ့သည္။
လင္းေခ်ာင္က ဤျမင္ကြင္းကိုျမင္ေသာ္ သူ၏မ်က္ႏွာအမူအရာတြင္ ေပ်ာ္႐ႊင္မႈမ်ား ေပၚေပါက္လာခဲ့၏။
"ဟားဟားဟား… ငါတို႔ ခရမ္းႏုေရာင္အဖြဲ႕က ႏွစ္ေထာင္ေပါင္းမ်ားစြာ ၾကာေအာင္ ျပန္လည္လက္တုံ႕ျပန္နိုင္ဖို႔ ခက္ခဲမႈေတြၾကားက စီစဥ္ေနခဲ့ရတယ္… ငါတို႔က ေနာက္ဆုံးေတာ့ အဲဒီအရာကို ေတြ႕ရွိခဲ့ရၿပီ….."
ထိုသို႔ေျပာၿပီးသည္ႏွင့္ လင္းေခ်ာင္၏ ခႏၶာကိုယ္က လႈပ္ရွားသြားခဲ့ၿပီး ထိုနက္ေမွာင္ေနေသာ ေလွ်ာက္လမ္းအတြင္းသို႔ ဝင္ေရာက္သြားခဲ့သည္။
. . . . . .
ယီယြမ္ႏွင့္ အျခားသူမ်ားက ထာဝရခမ္းနားျခင္းနန္းေတာ္ ဒုတိယအလႊာသို႔ ေရာက္ရွိသြားၾကခ်ိန္တြင္ ဒုတိယအလႊာ၏ အက်ယ္အဝန္းက ပထမအလႊာထက္ အဆေပါင္းမ်ားစြာ ပိုမိုက်ယ္ဝန္းသည္ကို ေတြ႕ရွိခဲ့ရ၏။ ဤအရာက အမွန္တကယ္ပင္ နယ္ေျမဝကၤပါအခ်ိဳ႕ကို အသုံးျပဳထားျခင္း ျဖစ္ေပမည္။
ဤအရာမွတစ္ဆင့္ ထာဝရခမ္းနားျခင္း
နန္းေတာ္မွာ အတိတ္တစ္ခ်ိန္က အလြန့္အလြန္ အစြမ္းထက္ေသာ အဖြဲ႕တစ္ခု အေၾကာင္း မျငင္းနိုင္သည့္ သက္ေသျပခ်က္တစ္ခု ျဖစ္ေၾကာင္း လူတိုင္း သိရွိနိုင္ေပသည္။
အဆုံးမဲ့ကမာၻႀကီးတြင္ နယ္ေျမပညာရပ္မ်ားကို ပိုင္ဆိုင္ထားၾကသူမ်ားမွာ အလြန့္အလြန္ အစြမ္းထက္ေသာ ပုဂၢိဳလ္ႀကီးမ်ား ျဖစ္ၾက၏။
ပထမအလႊာႏွင့္ ကြာျခားသည္မွာ ဒုတိယအလႊာတြင္ အခန္းအေရအတြက္မ်ားစြာ ရွိေနခဲ့ျခင္းျဖစ္သည္။
အကယ္၍ သူတို႔က လူဦးေရ အေယာက္ ၃၀ေက်ာ္ကို ခြဲျခားေစလႊတ္ခဲ့မည္ ဆိုလွ်င္ပင္ အခ်ိန္ႏွစ္နာရီခန့္ ယူေဆာင္ရေပလိမ့္မည္။
အခန္းမ်ား၏ လွ်ို႔ဝွက္သဘာဝမ်ားအရ ရတနာမ်ား ခြဲျခမ္းရယူမႈကလည္း ႀကီးမားေသာ ျပႆနာတစ္ရပ္ ျဖစ္လာခဲ့ေပ၏။ အကယ္၍ လူတိုင္းကသာ အခန္းမ်ားထဲရွိ ရတနာမ်ားကို အားလုံးလက္ထဲသို႔ ေပးအပ္ျခင္းမရွိဘဲ သူတို႔၏ ကိုယ္ပိုင္ သိုေလွာင္လက္စြပ္အတြင္း ထည့္သိမ္းခဲ့ၾကမည္ဆိုလွ်င္ ေနာက္ဆုံး၌ မည္သို႔ေသာ ရတနာမ်ိဳးကို ခြဲျခမ္း
ရယူနိုင္ေတာ့မည္နည္း။
"မင္းဘယ္လိုထင္လဲ ယီယြမ္….." ဝူေက်ာက္က ယီယြမ္ကိုၾကည့္၍ ေျပာဆိုလိုက္သည္။
ယီယြမ္က ၿပဳံး၍ ေျပာဆိုခဲ့၏။ "အႀကီးအကဲဝူဆီမွာ အႀကံတစ္ခု ရွိၿပီးသား မဟုတ္လား… အဲဒါကိုသာ ေျပာျပေပးပါ….."
ဝူေက်ာက္ကလည္း ေခါင္းညိတ္ျပလိုက္ၿပီး သူ၏ သိုေလွာင္လက္စြပ္အတြင္းမွ သံလိုက္အိမ္ျမႇောင္ကဲ့သို႔ အရာတစ္ခုကို ထုတ္ယူလိုက္ေပသည္။ ထိုအရာက အမွန္တကယ္ပင္ ကန့္သတ္ခ်က္၁၆ခု ဝိညာဥ္ေမွာ္ရတနာတစ္ခု ျဖစ္ေနခဲ့၏။
ေကာင္းကင္ဘုံတိမ္တိုက္ အဖြဲ႕က အမွန္တကယ္ပင္ ႂကြယ္ဝလြန္းလွေပသည္။ ကန့္သတ္ခ်က္၁၆ခု ဝိညာဥ္ေမွာ္ရတနာကိုပင္ အျပင္ေလာကသို႔ အမွန္တကယ္ ေပါ့ေပါ့ပါးပါး ယူေဆာင္လာနိုင္ခဲ့၏။
ဝူေက်ာက္က လူတိုင္းကို ၾကည့္၍ ေျပာလိုက္ေပသည္။ "ဒီအရာက ငါတို႔ ေကာင္းကင္ဘုံတိမ္တိုက္ အဖြဲ႕ရဲ႕ ကန့္သတ္ခ်က္၁၆ခု ဝိညာဥ္ေမွာ္ရတနာျဖစ္တဲ့ ကန့္သတ္ခ်က္
သံလိုက္အိမ္ျမႇောင္ပဲ… သူ႕ရဲ႕ အလုပ္လုပ္ပုံက အရာဝတၳဳေတြအေပၚမွာ ကန့္သတ္ခ်က္ေတြ ခ်ထားေပးလိုက္တာပဲ… ဒီကန့္သတ္ခ်က္ေတြကို ထိလိုက္မိတာနဲ႕ ကန့္သတ္ခ်က္ သံလိုက္အိမ္ျမႇောင္က တိက်တဲ့ အေျခအေနတစ္ခုအထိ ျပန္လည္တုံ႕ျပန္နိုင္စြမ္း ရွိတယ္… ဒါေၾကာင့္ အားလုံးပဲ… မင္းတို႔ရဲ႕ သိုေလွာင္လက္စြပ္ေတြကိုဟထုတ္ၿပီး အခုပဲ ကန့္သတ္ခ်က္ သံလိုက္အိမ္ျမႇောင္ကို အေသးစား ကန့္သတ္ခ်က္တစ္ခု ခ်မွတ္ခြင့္ေပးပါ… တကယ္လို႔ မင္းတို႔က ရတနာေတြကို သိုေလွာင္လက္စြပ္ထဲ ထည့္လိုက္မယ္ဆိုရင္ ကန့္သတ္ခ်က္ သံလိုက္အိမ္ျမႇောင္က သိရွိသြားလိမ့္မယ္… အဲဒီအခ်ိန္ဆိုရင္ သူက ငါတို႔အားလုံးရဲ႕ ဘုံရန္သူအျဖစ္ သတ္မွတ္ျခင္းခံရမယ္….."
ယီယြမ္က ကန့္သတ္ခ်က္ သံလိုက္အိမ္ျမႇောင္ကို အေတာ္ကေလး သေဘာက်စြာျဖင့္ ၾကည့္ေနခဲ့၏။ ဤနားလည္ရန္ အလြန္ခက္ခဲသည့္ အရန္ ဝိညာဥ္ေမွာ္ရတနာက အမွန္တကယ္ပင္ စြမ္းရည္အခ်ိဳ႕ ရွိေနခဲ့ေပသည္။
Chapter 6 is coming.....