Time Travel

De Han_Hyun_Ae

26.1K 3.3K 181

Me and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အ... Mais

1.The Start
2.Unsolved Mysteries
3.Back In Time
4.He;Kim Kai
5.It Begins
6.Troubles
7.Sudden
8.Cosplaying starts now
9.Consequnces
10.Something New
11.Work
12.Clue
13.Feelings
14.Pain
15.What to do?
16.Undecided
17.Confession
18.Impossible
19.The Answer
NOTE
21.Farewell
22.Mind
23.A visit
24.Invitation
25.Decision
26. Bittersweet
27. The solution
28.The Realisation

20.Departure

597 114 3
De Han_Hyun_Ae

"ကျွန်တော် အလုပ်ထွက်ချင်လို့ပါ သခင်လေး။"

သူ့စကား အဆုံးမှာ Kai က အလွန်စိတ်ရှုပ်ထွေးသွားသော မျက်နှာဖြင့် သူ့အား မျက်မှောင်ကြုတ်ကာ မော့ ကြည့်လာသည်။

"ဘာလို့လဲ?"

သို့သော် သိပ်မကြာလိုက်ခင်မှာပဲ Kai ရဲ့ မျက်မှောင်က ပြေလျော့သွားကာ သူ့ကိုကြည့်နေရာမှ Kai က ခေါင်းပြန်ငုံ့သွားသည်။
Kai အသံထဲမှာ မည်သည့် ခံစားချက်မျှ မတွေ့ရ။..
ဝမ်းနည်းမှုရော.. ပျော်ရွှင်မှုရော မရှိ။
ပျော်ရွှင်မှုမရှိလို့ပဲ တော်သေးတယ် ပြောရမလား..?

ဒါပေမဲ့လည်း နေနိုင်လိုက်တာ..

ပြီးတော့ ဒီမေးခွန်းကိုလည်း မေးရက်လိုက်တာ..

ဘယ်လို အဖြေမျိုးကို ကြားချင်တာလဲ ?

ဟုတ်ကဲ့ မနေ့တုန်းက သခင်လေး ကျွန်တော့ကို ပြန်ပေးလိုက်တဲ့ အဖြေကြောင့်ပါ လို့များ ဖြေစေချင်တာလား..?

သူ့ပါးစပ်ကနေ အဲ့လို ထွက်လာတာကိုကြားချင်တာလား..?

"အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုတော့ ခွဲခြားထားသင့် တယ် ထင်တယ်။"

သူ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ Kai ဆီက စကားသံ အချို့ထပ်ထွက်လာသည်။

ဪ.. အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ တဲ့လား..?

ဒီလိုစကားကို ဒီလို အသက်မပါဘာမပါ အသံနဲ့ ပြောနိုင်တဲ့ Kai ကို သူ တကယ် ချီးကျူးမိပါသည်။

သူတစ်ယောက်တည်း တစ်ဖက်သတ် တည်ဆောက်ခဲ့မိတဲ့ ဒီခံစားချက်တွေကြောင့် သူ တစ်ယောက်တည်းသာ အခုလို ဝမ်းနည်းနာကျင်နေရတာလား..?

ဟင့်အင်း.. တစ်ဖက်သတ်မှမဟုတ်တာ..

Kai.. Kai လည်း သူ့ကို စိတ်ဝင်စားမိပါတယ်လို့ မနေ့က ပြောတယ်လေ..

ဒါပေမဲ့ Kai ဘာလို့ ဒီလောက်ထိ တည်ငြိမ်နေရတာလဲ။.. မနေ့ကသူ ဘာမှမပြောခဲ့သလို.. ဘာမှ မဖြစ်ခဲ့သလိုပဲ..

"ပြန်မဖြေတော့ဘူးလား Soo?"

"ကျွန်တော်.."

Kai အသံထပ်ကြားမှ ပြန်ဖြေဖို့ အားတင်းကာ စကားစ လိုက်ပေမဲ့ ထိုစကားက အစမှာတင် အဆုံးသတ်သွား ရသည်။ သူ ဘာမှ ဆက်မပြောနိုင်တော့။

တရိပ်ရိပ်တက်နေတဲ့ ဝမ်းနည်းမှုတို့က သူ့ကို ကြီးစိုး လာသည်။

အာ.. ပျော့ညံ့လိုက်တာ Kyung Soo ရယ်..

Kai တောင်ဘာမှ မဖြစ်တာ.. သူကဘာလို့ ဒီလိုတွေ ဖြစ်နေရမှာလဲ..?

သို့သော် ဘာကြောင့် ဒီလိုတွေ သူဖြစ်နေရတာလဲကို သူ သေချာသိသည်။..

အချစ်ကြောင့်..

"အင်း ဆက်ပြောလေ.."

"ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ။"

ပြောစရာမရှိတဲ့အဆုံး သူ့ရဲ့ အဓိက ကိစ္စကိုပဲ ထပ်ကာ သူပြောလိုက်သည်။
ဟုတ်တယ်.. အကြောင်းပြချက်တွေမလိုဘူး..
အဓိကက အလုပ်ထွက်ပြီး အိမ်ပြန်ရဖို့ပဲ..

"အကြောင်းအရင်းက?"

Kai က ရွဲ့ပြုံးတစ်ခုကို ဆင်မြန်းကာ သူ့ကို ကြည့်နေသည်။.. သဘောက.. သူ အကြောင်းအရင်း မပြောနိုင်ရင် အလုပ်ထွက်ခွင့်မပေးဘူးဆိုတဲ့ ပုံစံမျိုး..

"ကျွန်တော် ဒီမှာ အလုပ်မလုပ်ချင်တော့လို့။"

သူလည်း ကြံရာမရတဲ့အဆုံး ပါးစပ်ထဲရှိရာကို ပြောလိုက်တော့သည်။.. ဒါပေမဲ့ ဒီအချက်လည်း မှန်တော့မှန်တာပါပဲ။

"ဒီအကြောင်းအရင်းက မင်းအလုပ်ထွက်ဖို့ မလုံလောက်ဘူး Soo."

"ကျွန်တော် အလုပ်ထွက်ချင်တယ်။ အလုပ်လည်း ထွက်မယ်။ ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ။"

သူ Kai ရဲ့ စကားကို လျစ်လျူရှုက သူပြောချင်တာကိုပဲ ထပ်ကာပြောလိုက်သည်။

"မထွက်ရဘူး !! မင်း အလုပ်ထွက်လို့မရဘူး။"

Kai အသံက လိုတာထက်ပိုကျယ် သွားသည်။.. တစ်နည်းအားဖြင့် Kai သူ့ကို အော်လိုက်ခြင်းပင် ဖြစ်သည်။

သူပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား..?
ခုနက တည်ငြိမ်နေခဲ့တဲ့ Kai ရဲ့ မျက်နှာက အခုတော့ ဒေါသရိပ်တွေသန်းလို့။..

"ကျွန်တော့်ကို-"

"တော်စမ်းပါ Soo ရယ်။ ငါ့ကို မင်းနဲ့ငါနဲ့ ပြောခဲ့တဲ့ မင်းရဲ့ သတ္တိတွေ အခု ဘယ်ရောက်နေလဲ ?"

သူ့ရဲ့ လေးခါမြောက်ဖြစ်မဲ့ အလုပ်ထွက်ခွင့်ပေးဖို့ ပြောတဲ့ စကားဟာ မဆုံးလိုက်ဘဲ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။..

သတ္တိတွေ ဟုတ်လား..?

သူအရမ်းတွေ သတ္တိတွေရှိနေလို့များ Kai ကို မင်းနဲ့ငါနဲ့ ပြောခဲ့တယ်လို့ Kai ထင်နေတာလား..?

သိပ်ကြားချင်ရင်လည်း ခေါ်ပေးရတာပေါ့..

"ငါ့ကို အလုပ်ထွက်ခွင့်ပေးပါ Kai.. ပြီးတော့ ငါ သတ္တိတွေ အရမ်းရှိနေလို့ မင်းကို မင်းနဲ့ငါနဲ့ပြောခဲ့တာ မဟုတ်ဘူး.. မင်းနဲ့ငါ့ကြားက ခြားနားချက်ကြီးကို ငါမုန်းလို့။ ငါတို့နှစ်ယောက်ကြားက အ..အလုပ်ရှင်နဲ့ အလုပ်သမား.. ဆို..ဆိုတဲ့ ခြားနားချက်ကို ငါ မ..မရှိစေချင်လို့။"

မရမက ထိန်းသိမ်းထားသော်လည်း စကားပြောနေရင်း နဲ့ မျက်ရည်များက တားမရစီးမရ ပါးပြင်ပေါ် လိမ့်ဆင်းလာတော့သည်။..
အသံကိုလည်း မတုန်အောင်ထိန်းထားပေမဲ့ စကားအဆုံးနားမှာ ရှိုက်ငိုမိရင်းက ထစ်ထစ်အအ တွေ ဖြစ်ကုန်တော့သည်။..

အာ.. အသုံးကိုမကျဘူး..

ဘာလို့ ငိုရ ပြန်တာလဲ..

Kai ကတော့ ဘာမှပြန်မပြောဘဲ ငိုနေတဲ့ သူ့ကို ခပ်တွေတွေလေးသာ စိုက် ကြည့်နေသည်။..

သူချက်ချင်းဆိုသလို မျက်နှာကို အောက်ငုံ့လိုက်ပြီး ကမန်းကတန်း မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း အသက်ကိုဖြေးဖြေးချင်း ပုံမှန်ဖြစ်အောင် ပြန်ရှူလိုက်သည်။

ခဏကြာတဲ့အထိ Kai က ဘာမှမပြောသလို.. သူကလည်း ပြန်တည်ငြိမ်အောင်ပဲ ကြိုးစားနေမိသည်။

နည်းနည်း ပြန်တည်ငြိမ်သွားပြီလို့ သူ့ကိုယ်သူ ထင်မိတာနဲ့ တစ်ပြိုင်နက် သူ အလုပ်ထွက်ဖို့ ကိစ္စကိုပဲ တစ်ဖန် ထပ်ကာ ပြောလိုက်သည်။

"အလုပ်ထွက် ခွင့်ပေးပါ။"

"မင်း အလုပ်ထွက်သွားရင် အိမ်က ဘယ်လို လုပ်မှာလဲ?"

Kai အသံက တည်တည်ငြိမ်ငြိမ်..

"ငါက ဒီအိမ်မှာ အပိုလူတစ်ယောက်ပါ Kai.. ငါ မရှိလို့ မဖြစ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ငါမရှိလည်း နောက်တစ် ယောက် လာမှာပါ။ မင်း အိမ်အတွက် စိတ်ပူတယ်ဆို ငါ Suho ကို ဒီမှာ အလုပ်လုပ်ချင်မဲ့ ကောင်းကောင်းမွန်မွန် လူတစ်ယောက်ကို ရှာကြည့်ခိုင်း လိုက်ပါ့မယ်။ ပြီးရင် ငါကိုယ်တိုင် မင်းကြိုက်တာတွေရော မင်းမကြိုက်တာတွေရော သင်ပေးပြီးမှ ဒီအိမ်ကို လွှတ်လိုက်ပါ့မယ်။ မင်း စိတ်မပူပါနဲ့။"

"ဒါဆို ငါကရော Soo? မင်း ထွက်သွားရင် ငါ့အတွက် ကရော ဘယ်လိုလုပ်မှာလဲ?"

Kai က သူ့ကိုကြည့်နေရာမှ မတ်တပ်ရပ်ကာ သူ့ကို ကျောပေးရင်း ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကို ထကြည့်သည်။

ဟမ်..

Kai ဘာကိုပြောချင်တာလဲ..?

ရုတ်တရက်ဆန်တဲ့ မေးခွန်းမို့ သူ ဘယ်လိုပြန်ဖြေရမလဲ မသိ။

"မင်းအတွက်-"

အဆင်ပြေလောက်မဲ့ အဖြေတစ်ခုကို ပြောဖို့ကြိုးစားလိုက်ပေမဲ့ ထိုအဖြေဟာလည်း တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့သည်။

"ငါကမင်းကိုပဲ မြင်ချင်တာ Soo ရဲ့။ နေ့တိုင်း။"

ထိုစကားရဲ့ အဆုံးမှာ သူ့ ဘယ်ဘက် ရင်အုံထဲက နှလုံးသားက တဒိတ်ဒိတ်ခုန်လာမိသလို တစ်ကိုယ်လုံးလည်း ပူနွေးသွားရသည်။

စိတ်ခံစားချက်တွေဟာ ထိန်းချုပ်ဖို့ သိပ်ခက်ခဲတာပဲ..
အခုလေးတင် ဝမ်းဝမ်းနည်းနည်း ငိုကြွေးထားတဲ့ နှလုံးသားဟာ စကားလေးတစ်ခွန်းကြောင့် တဒိတ်ဒိတ်ခုန် ပြီး ကြည်နူးမိပြန်တယ်..

Tsk.. အမှတ်မရှိလိုက်တာ Kyung Soo ရယ်..

"မင်းအတွက် အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်။"

Kai ပြောလိုက်တဲ့ စကားအတွက် ထွေထွေထူးထူး ဘာမှ တုံ့ပြန်မှုမပေးတော့ဘဲ ခုနက Kai ရဲ့ကြားဝင်ဖြတ်မှု ကြောင့် ပြတ်တောက် သွားရတဲ့ စကားကိုသာ တစ်ဖန် ပြန်ဆက်ပြီး ပြောလိုက်သည်။

သူကြည်နူးမိတာတော့ အမှန်ပေမဲ့ ထိုစကားက မှန်ပါ့မလား သူသေချာမသိ..

"ဟင့်အင်း။ မင်းကလွဲပြီး ဘယ်အရာမှ အဆင်မပြေနိုင်ဘူး ဆိုရင်ရော ? မင်းကို ပဲ ငါက ရှိစေချင်တာ ဆိုရင်ရော ?"

Kai သူ့ကို ရူးအောင် လုပ်နေတာများလား..?

"ဒါပေမဲ့ ငါဆက်ရှိနေရင်တောင် မင်းက ငါ့ကို လက်ခံမှာ မို့လို့လား..?"

မဖြစ်နိုင်တဲ့ မေးခွန်းတစ်ခုကို သက်သက်မဲ့ သူမေး လိုက်ခြင်းပင် ဖြစ်သည်။

ဒီလောက် ခက်ခက်ခဲခဲ အိမ်ပြန်ဖို့ စိတ်ဆုံးဖြတ်ထားတာတောင် Kai ရဲ့ ချော့မြူတဲ့ စကား တစ်ခွန်း နှစ်ခွန်း အောက်မှာ ယိမ်းယိမ်းယိုင်ယိုင် ဖြစ်ချင်နေတဲ့ သူ့စိတ်ကိုလည်း သူ အံ့သြလို့မဆုံး..

သူ့မေးခွန်းရဲ့ အဆုံးမှာ Kai က သူ့ကို တစ်ချက် လှည့် ကြည့်သည်။ ထို့နောက် အရှေ့ပြန်လှည့်သွားကာ ခဏ ကြာတဲ့အထိ ဘာအဖြေမှပြန်မပေး။..

"မင်းငါ့ကို အခွင့်အရေးတစ်ခေါက် ထပ်ပေးမယ် ဆိုရင်တောင် ငါ အလုပ်မထွက်ဘူး။"

ရူးရူးနှမ်းနှမ်း မျှော်လင့်ချက်နဲ့ ဒီအရူးက တထစ်ထပ်လျှော့မိပြန်သေးသည်။..

ဒီလောက် မဖြစ်နိုင်ပါဘူး ငြင်းထားတာကိုတောင်..

သိက္ခာတွေလည်း မရှိတော့ပါဘူးလေ..

"ငါ .."

Kai က ထိုစကားတစ်လုံးထဲသာ ပြောပြီး ရပ်သွားပြန် သည်။

ဘာတွေ တွေဝေနေတာလဲ Kai ရယ်..?

ငြင်းမှာဖြင့်လည်း ငြင်းလိုက်စမ်းပါ။

ဒီ အရူးကို စိတ်ပြန်မှန်သွားအောင် ငြင်းလိုက်စမ်းပါကွာ..

"အဲ့လိုမဖြစ်နိုင်ဘူး။ ငါစိတ်မကောင်းပါဘူး Soo."

ဪ ဒါ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာပေါ့လေ..

မျက်ရည်တွေက မျက်ခမ်းတစ်ဝိုက် ဝေ့ဝိုက်ကာ တက်လာပြန်သည်။

အမှတ်မရှိတဲ့ အရူး..

ဘာလို့များ မျှော်လင့်ချက်ထားခဲ့မိသေးတာလဲ..?

ခုနက တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားလေးက အခုတော့ တဖန် ငိုကြွေးခြင်းဆီသို့..

ရင်ဘတ်ထဲက အောင့်တောင့်တောင့် ခံစားချက်က သူ့ကို သတ်နေသည်။..

"ငါ့ကို အနာပေးလိုက် ဆေးပေးလိုက် မလုပ်ပါနဲ့တော့။ ငါ့ကို အလုပ်ထွက်ခွင့်ပေးပါ။"

လွယ်လွယ်လက်လျှော့တယ်ပဲ ပြောပါတော့။..

သူ သိပ်ချစ်တာ သူပဲ သိပါတယ်..

ပြီးတော့ Kai လည်း သိဖို့တော့ မျှော်လင့်မိပါရဲ့..

"ငါ မနက်ဖြန် အထုပ်အပိုးတွေ ပြင်ပြီး ဒီအိမ်က ထွက်သွားတော့မယ်။"

Kai က တားလည်းမတားတော့သလို သူ့ကို လှည့် လည်း လှည့်မကြည့်။..

အင်းပေါ့.. ဘယ်မြင်ချင်ပါတော့မလဲ ? 

ထွက်သွားမယ်ပြောပြီးမှ တွယ်ကပ်နေဖို့ ကြိုးစားခဲ့ပြန်တဲ့ ဒီကောင်ကို။..

သို့သော်.. သူ့မှာတော့ နောက်ဆုံးအနေနဲ့ မေးစရာ တစ်ခုရှိသေးသည်။..

"Kai မင်း မနေ့က ငါ့ကိုပြောတာ တကယ်ပဲလား ? တကယ်ပဲ မင်းခံစားချက် အစစ်တွေလား ?"

ကျေးဇူးပြုပြီး လိမ်ညာပြီးတော့ဖြစ်ဖြစ် အမှန်တွေလို့ ပြောပေးပါ..

Kai ဆီက အချိန်အတော်ကြာတဲ့ အထိ အဖြေပြန်မရ..

ဪ.. ဒါလေးတောင် မဖြေချင်တော့ဘူး ထင်ရဲ့..

"မင်း မဖြေချင်လည်း ငါ သွားတော့မယ်။"

"အင်း အမှန်တွေ.. အမှန်တွေပါ။"

Kai က သူ့ကို လှည့်မကြည့်ဘဲ ခပ်တိုးတိုးသာ ဖြေသည်။

ပါးပြင်ပေါ်သို့ မျက်ရည်တွေက ပိုလို့ ကျဆင်းလာသည်။

ရင်ထဲ ဝမ်းနည်းမှုတို့ကြားထဲ နွေးထွေးမှုတစ်ခုက ရောယှက်ကာ ဝင်လာပြန်သည်။

သူ ပြုံးတယ်ဆိုရုံလေး ပြုံးမိသည်။..

"ကျေးဇူးတင်ပါတယ်.. ငါ ယုံပါတယ်။"

ထို့နောက် သူ ထိုအခန်းထဲမှ အမြန်ဆုံး ပြေးထွက်လာခဲ့ လိုက်တော့သည်။..

ဒီလိုပဲ..

ဒီ ဘဝကိုလည်း သူ စွန့်ပစ်ကာ သူ့ပုံမှန် ဘဝဆီသို့ ပြန်သွားရတော့မည်။
~^~^~^~^~^~
A/N: တစ်ချို့နေရာတွေ ဖတ်ရတာ ထောက်ထောက် ကြီး ဖြစ်နေရင် တောင်းပန်ပါတယ်နော်။ 😁

Continue lendo

Você também vai gostar

95K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
665K 44.5K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
232K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
576K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)