ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Od Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Více

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
986 - 990

981 - 985

170 9 0
Od Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၁.....အစိမ်းရောင်တိမ်တိုက်ကျွန်း

" အခြားကျွန်းကတဲ့လား "

ရှောင်လုံက အနည်းငယ် သတိထားလိုက်သော်လည်း အလျှင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ် "

" အံ့သြစရာ မရှိပါဘူး "

အနက်ရောင်ဆံပင်နှင့် အကြီးအကဲ က နားလည်ဟန်ဖြင့် ပြုံးလိုက်လေသည် ။ ထို့နောက်သူက ရှောင်လုံကို သွေးဖီးနစ်တောအုပ် အကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့အား အလျှင်အမြန် ရှင်းပြလိုက်လေသည် ။

အရင်က ပြောခဲ့သည့် အတိုင်းပင် သူ ရောက်ရှိနေသော ကမ္ဘာဦးတောအုပ် ကို သွေးဖီးနစ်တောအုပ် ဟု ခေါ်ပေသည်။ ဤတောအုပ်သည် ရှေးခေတ် အချိန်ကာလများကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပြီး တောအုပ် တည်ရှိခဲ့သည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်းကို မည်သူမှ သေချာမသိနိုင်ပေ။

ဒဏ္ဍာရီအရဆိုပါက လွန်ခဲ့သည့် ရှေးခေတ်ကာလ အတွင်း ဤနေရာ၌ အားကောင်းလှသည့် သွေးဖီးနစ် တစ်ကောင် သေဆုံးဖူးပေသည်။ ထို့ကြောင့် တောအုပ်၏ နာမည်ကို သွေးဖီးနစ် ဟု ပေးထားခြင်း ဖြစ်သည်။

သွေးဖီးနစ် ၏ သွေးဆီမှ သက်ရောက်မှုကြောင့် သွေးဖီးနစ် တောအုပ်ထဲရှိ မိစ္ဆာသားရဲ များအားလုံးသည် သွေးဖီးနစ် ၏ သွေးမျိုးဆက် ကို အနည်းနှင့်အများ ပိုင်ဆိုင်ထားကြသည်။ အချိန်များစွာ ကြာပြီးနောက် ၌ ထို သွေးမျိုးဆက် သည် အလွန်တရာ မှေးမှိန်ဖျော့တော့လာပေသည်။

သွေးဖီးနစ်တောအုပ် သည် အစိမ်းရောင်တိမ်တိုက်ကျွန်း ပေါ်တွင် တည်ရှိပြီး ထို ကျွန်းသည် နတ်ဘုံကမ္ဘာ ထဲ၌ သေးငယ်လှသည့် ကုန်းမြေတစ်ခု ဖြစ်သည်။ သို့သော်လည်း အနက်ရောင် လိပ်ကြယ်စင်စုထက် နှစ်ဆပိုမိုကြီးမားနေဆဲ ဖြစ်သည်။

အနက်ရောင်လိပ်ကြယ်စင်စု ကဲ့သို့သော ကြယ်စင်စု နှစ်ခုပေါင်းမှသာ ထိုကျွန်းနှင့်နှိုင်းယှဥ်နိုင်ပေလိမ့်မည်။

သွေးဖီးနစ်တောအုပ်သည်အစိမ်းရောင်တိမ်တိုက်ကျွန်း ၏ သုံးပုံပုံတစ်ပုံ ကို နေရာယူထားသည်။ ထိုအပြင် အလယ်ဗဟို အကျဆုံး နေရာ၌ တည်ရှိေနပေသည်။ ထို့ကြောင့် ထိုတောအုပ်ကို ကျွန်းတစ်ခုလုံး က သိရှိကြပေသည်။

သွေးဖီးနစ်တောအုပ် ၏ ပတ်ပတ်လည် တွင် နိုင်ငံကြီး နိုင်ငံငယ်ပေါင်း သောင်းချီ ရှိပေသည်။

ထို နိုင်ငံများအပြင် များပြားလှသော ဂိုဏ်းများလည်း ရှိပေသည်။ ထို ဂိုဏ်းများအနက် အသန်မာဆုံး မှာ လူရိုင်းနတ်ဘုရားဂိုဏ်း ၊ မဟာဝေလဂိုဏ်း နှင့် ကမ္ဘာဦးဆင်ဂိုဏ်း တို့ဖြစ်ပေသည်။

ရှောင်လုံသည် မျက်မှောင်ကြုံ့လိုက်မိသည်။ သူက အစိမ်းရောင်တိမ်တိုက်ကျွန်း ဆီသို့ တက်လှမ်းလာမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဤသို့ဆိုပါက ကျွန်း၏ အပြင်ဘက်တွင် ပင်လယ်ရှိနေပေလိမ့်မည်။

ကျွန်းသည်ပင် ဤမျှအထိ ကြီးမားနေပေသည်။ ပင်လယ်ဆိုပါက မည်မျှအထိ ကျယ်ပြောလှမည်ကို ရှောင်လုံ တွေးတောနိုင်စွမ်း မရှိပေ။ ကမ်းခြေက မည်သည့်နေရာ၌ ရှိနေမည်နည်း။

ရှောင်လုံက အနက်ရောင် ဆံပင်နှင့် အကြီးအကဲ ကို ထိုမေးခွန်းအား မေးလိုက်သည်။

အကြီးအကဲ က ပြန်ဖြေလေသည်။

" အစိမ်းရောင်တိမ်တိုက်ကျွန်း ရဲ့ အပြင်ဘက်မှာ အဆုံးမဲ့ပင်လယ် ရှိပါတယ်... ပင်လယ်ထဲမှာ မဟာကုန်းမြေကြီးလေးခု ရှိတယ်လို့ ကျုပ်ကြားဖူးတယ်...ကုန်းမြေကြီး တစ်ခုကတော့ ကံကြမ္မာ ကုန်းမြေ လို့ခေါ်တယ်...နောက်တစ်ခုကိုတော့ ထာဝရကုန်းမြေ လို့ခေါ်တယ်... ပြီးတော့ အမှောင်နတ်သူငယ် ကုန်းမြေကြီးလည်း ရှိပြီးတော့ နောက်ဆုံးတစ်ခုက ကမ္ဘာဦး ပျက်ဆီးခြင်း ကုန်းမြေ ကြီးပဲ "

ရှောင်လုံ၏ စိတ်နှလုံးက လှုပ်ခတ်သွားလေသည်။ ကံကြမ္မာကုန်းမြေ ကြီးတဲ့လား။

ကံကြမ္မာကုန်းမြေ ကြီးသည် အောက်ဘုံနယ်ပယ်ရှိ ကံကြမ္မာဂိုဏ်း နှင့် ပတ်သက်ဆက်နွယ်နေသည်လား ။ ထိုသို့မဟုတ်လျှင် ဤသည်မှာ အလွန်တရာ တိုက်ဆိုင်နေခြင်း ဖြစ်ပေလိမ့်မည်။ထို့ပြင် ထာဝရကုန်းမြေ ကြီးသည် ဝမ်ဂူကလန် နှင့် ပတ်သက်နေသည်လား ။

သို့သော်လည်း ထို အကြီးအကဲ သည် အစိမ်းရောင်တိမ်တိုက်ကျွန်း ၏ အပြင်ဘက်သို့ တစ်ခါမှ မရောက်ဖူးပေ။ ထို့ကြောင့် သူက များစွာ မသိရှိလှဘဲ ရှောင်လုံ့ကို မဟာကုန်းမြေကြီးလေးခု အကြောင်း အသေးစိတ် ပြောပြနိုင်စွမ်း မရှိ ဖြစ်နေလေသည်။

ရှောင်လုံက လက်လျော့ရန်သာ တက်နိုင်ပေသည်။

ထို့နောက် အနက်ရောင်ဆံပင်နှင့်အကြီးအကဲသည် အစောင့်များ၏ အလောင်းများကို မြုပ်နှံလိုက်လေသည်။ ခဏကြာပြီးနောက် သူတို့သုံးယောက်သည် ထွက်သွားရန် ပြင်လိုက်ကြသည်။ သူတို့က ရှောင်လုံကို သူတို့နှင့်အတူ လိုက်ပါရန် ဖိတ်ခေါ်လိုက်ကြပြီး သူကလည်း မငြင်းပယ်လိုက်ပေ။

သူသည် သွေးဖီးနစ်တောအုပ် နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိပေ။ ထို လူသုံးယောက် နှင့် အတူတူ ထွက်ခွာခြင်းသည် သူ့အတွက် ပိုမို လွယ်ကူပေလိမ့်မည်။ ထို့အပြင် သူက ပတ်ဝန်းကျင် အသစ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ အချို့သော အင်အားစုများနှင့် မိတ်ဖွဲ့ထားခြင်းသည် သူ့အတွက် အကျိုးအမြတ် ရှိလာပေလိမ့်မည်။

ရှောင်လုံက သူတို့နှင့်အတူ ခရီးသွားရန် သဘောတူလိုက်သည်အား ကြားလိုက်ရချိန်၌ သူတို့သုံးယောက်လုံးသည် အလွန်တရာ ပျော်ရွှင်သွားကြသည်။

သူတို့သည် ရှောင်လုံ၏ ခွန်အားကို မျက်မြင်တွေ့ကြုံခဲ့ရသည်။ ရှောင်လုံသာ သူတို့နှင့်အတူ လိုက်ပါမည်ဆိုပါက သူတို့အား တိုက်ခိုက်လာမည့် အင်အားကြီးမားလှသော မိစ္ဆာသားရဲ များကို စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။

အနက်ရောင်ဆံပင်နှင့်အကြီးအကဲသည် ရှောင်လုံကသာ သွေးဖီးနစ်တောအုပ် ၏ အပြင်ဘက်သို့ သူတို့အား လုံလုံခြုံခြုံ နှင့် လိုက်ပို့ပေးနိုင်မည်ဆိုလျှင် သူတို့၏ မိသားစုတို့ ပြန်ရောက်ချိန်၌ သူတို့၏ အရှင်သခင်အား ရှောင်လုံထံ ဆုလာဘ်များ ပေးအပ်ရန် သေချာပေါက် တောင်းဆိုပေးမည်ဟု ကတိပေးလိုက်လေသည်။

အကြီးအကဲ ၏ ဆုလာဘ်များအတွက် ကတိကိုမူ ရှောင်လုံ ဂရုစိုက်နေခြင်းမရှိပေ။

သူက ဤနေရာရှိ သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းကာ နတ်ဘုရား ကျောက်တုံးများအသွင် ပြောင်းလဲနိုင်ခြင်း မရှိသေးသော်လည်း သူ့၏ စွမ်းရည်ကမူ ကျန်ရှိနေပေသည်။ သူက နတ်ဘုံကမ္ဘာ ၏ နိယာမများကို နက်နက်ရှိုင်းရှိုင်း နားလည်လာသည်နှင့် စိတ်ဝိညာဉ်စွမ်းအင်ကို နတ်ဘုရားကျောက်တုံးများအသွင် အဆုံးအစမဲ့ ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်၌ သူသည် ငွေကြေးခြားပါးလိမ့်မည် မဟုတ်ပေ။

လမ်း၌ ရှောင်လုံသည် သုတို့သုံးယောက် မည်သို့ တိုက်ခိုက်ခံရသည်ကို မေးမြန်းလိုက်သည်။

အနက်ရောင်ဆံပင်နှင့်အကြီးအကဲသည် သက်ပြင်းချလိုက်ပြီး အဖြစ်ပျက်များအား ရှောင်လုံကို ပြောပြလိုက်လေသည်။

သူတို့သုံးယောက်လုံးသည် တိုင်မိသားစု ခံတပ်ဟုခေါ်သော အင်အားစု တစ်ခုမှ ဖြစ်ပေသည်။ အကြီးအကဲ ၏ နာမည်မှာ ရန်ဟိုင် ဖြစ်ပြီး တိုင်မိသားစု ခံတပ်၏ အစောင့်အရှောက် ခေါင်းဆောင် ဖြစ်သည်။ လူငယ်နှင့် မိန်းမပျို မှာမူ တိုင်မူ နှင့် တိုင်ရှင်းလန် တို့ဖြစ်ပေသည်။

တိုင်မိသားစုခံတပ်နှင့် အနီးအနားနိုင်ငံရှိ ကျိုးမိသားစုတို့သည် ခမည်းခမက်များဖြစ်ကြသည်။

လွန်ခဲ့သည့် သုံးလခန့်က သူတို့သည် ကျိုးမိသားစု ဆီသို့ ခရီးသွားခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့် ဆယ်ရက်က သူတို့သည် အိမ်ပြန်လမ်းကို တိုတောင်းစေရန် အတွက် ဖြတ်လမ်းအား အသုံးပြုခဲ့ကြသည်။ သူတို့သည် သွေးဖီးနစ်တောအုပ် ၏ အစွန်ပိုင်းမှ ဖြတ်သန်းကာ တိုင်မိသားစုခံတပ်သို့ ရောက်ရှိရန် ကြံစည်ခဲ့ကြသည်။

ပုံမှန်အားဖြင့် တောအုပ်၏ အပြင်ဘက်နယ်မြေတွင် မိစ္ဆာသားရဲ များ ပေါ်ထွက်လာသည်မှာ ရှားပါးလှသည်။ ထို့ပြင် ထိုနေရာ၌ ကျက်စားနေထိုင်သော မိစ္ဆာသားရဲများ ရှိလျှင်ပင် အဆင့်နိမ့်နှင့် အလယ်အလတ် မဟာနတ်ဘုရားအဆင့် ခွန်အားရှိ သော အားနည်းသည့် မိစ္ဆာသားရဲများ သာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့သည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ဘီလူးကျားသားရဲ ကို တွေ့ရလောက်သည်အထိ ကံတိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ရန်ဟိုင် ကိုယ်တိုင်သည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ဖြစ်ပေသည်။ ထို့ကြောင့် သူက ဤမျှအထိ ဆိုးဆိုးဝါးဝါး ဒဏ်ရာရမသွားသင့်ပေ။ သို့သော် မိစ္ဆာသားရဲ ၏ ခန္ဓာကိုယ် စွမ်းအာနှင့် ခုခံကာကွယ်မှု တို့သည် လူသားကျင့်ကြံသူ တစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပေသည်။

တူညီသည့် ကျင့်စဥ် တွင် မိစ္ဆာသားရဲ တစ်ကောင်သည် လူသားကျင့်ကြံသူ ကို ချွေးတစ်စက်မှ မထွက်ပဲ သတ်ဖြတ်နိုင်ပေသည်။

မဟာနတ်ဘုရားအဆင့် ၇ အဆင့် ၈ နှင့် အဆင့် ၉ အစောင့်အရှောက် များသည် ဘီလူးကျားသားရဲ ၏ ရှေ့၌ အလွန်တရာ အားနည်းသွားကြပေသည်။

နောက်ပိုင်းဖြစ်ပျက်သည့် ကိစ္စများကို မူ ရှင်းပြနေစရာ မလိုတော့ပေ။ ရှောင်လုံသာ အချိန်မှီ ရောက်မလာပါက သူတို့သုံးယောက်သည် သေဆုံးသွားသော အစောင့်အရှောက် များကဲ့သို့ အဆုံးသတ်သွားရပေလိမ့်မည်။

ဤသည်ကို ပြန်လည်ပြောဆိုရင်း ရန်ဟိုင် ၊ တိုင်မူ နှင့် တိုင်ရှင်းလန် တို့သည် စိတ်ထဲမှ တုန်လှုပ်လာကြလေသည်။

သူတို့လေးယောက် က အတူတကွ ခရီးဆက်ကြရင်း စကားများစွာ ပြောဖြစ်လာကြလေသည်။ အထူးသဖြင့် လူငယ်ဖြစ်သော တိုင်မူနှင့် သူ့၏ ညီမ တိုင်ရှင်းလန် တို့နှင့် ဖြစ်ပေသည်။ သူတို့နှစ်ယောက်သည် ရှောင်လုံ၏ ပတ်ပတ်လည် ၌ ဝန်းရံကာ မေးခွန်းများစွာ မေးမြန်းနေလေပြီး သူ့အကြောင်းကို သိရှိချင်နေကြသည်။

ရှောင်လုံ၏ ပုံပန်းသွင်ပြင်အရ အိုမင်းဟန်မရဘဲ နှစ်ဆယ်ကျော်မျှဟုသာ ထင်ရပြီး သူတို့ထက် များစွာ အသက်မကြီး လှပေ။ သို့သော် သူက အလွန်တရာ အားကောင်းလှပေသည်။

ရန်ဟိုင် သည်လည်း ထိုနှစ်ယောက်ကဲ့သို့ပင် ရှောင်လုံ၏ ဆင်းသက်လာရာ အရပ်ကို သိရှိလိုနေပေသည်။
ရှင်းလင်းစွာပင် ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် သာ ရှိသေးသော်လည်း မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်ဘီလူးကျားသားရဲကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ရန်ဟိုင် ၏ အတွေးအရ ဆိုပါက ရှောင်လုံ၏ ခွန်အားသည် ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင်
နှင့် အလွန်တရာ နီးစပ်နေပြီ ဖြစ်သည်။

ကောင်းကင်က တဖြည်းဖြည်းချင်း မဲမှောင်လာလေသည်။ အနက်ရောင် ကတ္တီပါ ကောင်းကင်ထက်တွင် တောက်ပသည့် ကြယ်စင်အလင်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။

နတ်ဘုံကမ္ဘာ၏ နေမင်းသည် အလွန်တရာ ပူလောင်စူးရှသော်လည်း ညအချိန်၌ မူ ကြယ်ရောင်အလင်းတန်းများသည် အောက်ဘုံကမ္ဘာ ထက် ပိုမိုတောက်ပကာ လှပနေပေသည်။

သူတို့လေးယောက် သည် ညအချိန်၌ အနားယူရန် ရပ်တန့်လိုက်ကြသည်။

ယခုအခါ၌ သူတို့သည် သွေးဖီးနစ်တောအုပ် ၏ အပြင်ဘက်နယ်မြေ မှဖြစ်ကြောင်း သိလိုက်ရပြီမို့ ရှောင်လုံသည် အနည်းငယ် စိတ်အေးသွားသည်။ သူ နတ်ဘုံကမ္ဘာ သို့ တက်ရောက်လာစဥ်က ကဲ့သို့ အထူးတလည် သတိထားမနေတော့ပေ။ မီးပုံတစ်ခုဖိုလိုက်ရင်း သူသည် အစောကတည်းက သတ်ဖြတ်ထားပြီး ဖြစ်သော ဆူးချွန်ငါး ဆယ်ကောင်ကို ထုတ်ယူလိုက်ကာ မီးပုံပေါ်တင်၍ ကင်လိုက်လေသည်။

သို့သော်လည်း သူက ဆူးချွန်ငါး ကို ထုတ်ယူလိုက်ချိန်တွင် ရန်ဟိုင် ၊ တိုင်မူနှင့်တိုင်ရှင်းလန်တို့သည် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

" ဓားကျောရိုးစိတ်ဝိညာဥ်ငါးပဲ"

ထို့နောက် တိုင်ရှင်းလန် က ရှောင်လုံ ကို ထူးထူးဆန်းဆန်း ကြည့်လိုက်လေသည်။

" အစ်ကိုကြီးဟောင်... အစ်ကိုကြီးက ဓားကျောရိုးစိတ်ဝိညာဥ်ငါး ကို ဒီအတိုင်း စားနေတာလား...ဒါပေမဲ့ အစ်ကိုကြီးက ဘာမှ မဖြစ်ဘူးလား "

ရှောင်လုံက စိတ်ရှုပ်ထွေးသွားသည်။

" ငါအဆင်ပြေပါတယ်... ဘာဖြစ်လို့လဲ "

တိုင်မူက ရှင်းပြ လိုက်လေသည်။

" ဓားကျောရိုးစိတ်ဝိညာဥ်ငါး က အရမ်းကိူ အရသာရှိတယ် ဆိုပေမဲ့... သူတို့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ စွမ်းအင်ကို ကောင်းကင်ဘုံနတ်ဘုရား အဆင့်တောင် စုပ်ယူသန့်စင်ဖို့ ခက်ခဲတယ်... ကျွန်တော်တို့က ဒါကို ဒီအတိုင်း စားလိုက်မယ်ဆိုရင်...ကျွန်တော်တို့... "

တိုင်မူက ရုတ်တရက် ရပ်တန့်လိုက်လေပြီး တိုင်ရှင်းလန် နှင့် ရန်ဟိုင် တို့ကဲ့သို့ ဖြစ်နေလေသည်။ သူတို့သုံးယောက်လုံးက ရှောင်လုံ ကို ထူးဆန်းသည့် မကောင်းဆိုးဝါး သဖွယ် ကြည့်ရှုနေကြသည်။

ရှောင်လုံက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်လေသည် ။

" ငါ့ရဲ့ ခန္ဓာကိုယ် က နည်းနည်းထူးခြားတယ်...ဒါကြောင့်မို့လို့ ထူးဆန်းတဲ့ စွမ်းအင်ကို ငါက ကြောက်စရာ မလိုဘူး "

သူ့၏ ခန္ဓာကိုယ် က မည်သို့ ထူးခြားသည်ကိုမူ ရှောင်လုံက မပြောပေ။

ထို လူသုံးယောက် သည် သိချင်စိတ် များပြားလာသော်လည်း မည်သည့်မေးခွန်းမှ မေးမြန်းခြင်းမရှိပေ။

နောက်တစ်နေ့ မနက်တွင် နေရောင်က ကောင်းကင်ထက်၌ ဆက်လက်တောက်ပလာလေပြီး သူတို့လေးယောက် သည် ဆက်သွားလိုက်ကြသည်။

သူတို့လေးယောက်သည် သွေးဖီးနစ်တောအုပ် ၏ အပြင်ပိုင်း၌ ရှိနေသော်လည်း တောအုပ်ထဲမှ ထွက်ခွာရန် ဆယ်ရက်ကြာခဲ့ပေသည်။

ထို အချိန်အတောအတွင်း သူတို့၏ ပတ်သက်ဆက်နွယ်မှုသည် အလွန်တရာ ပျော်ရွှင်ဖွယ် ကောင်းပြီး ရင်းနှီးလာပေသည်။ ရှောင်လုံက သူတို့ဆီမှ တစ်ဆင့် တိုင်မိသားစု အကြောင်းကို နားလည်လာခဲ့ပေသည်။

တိုင်မိသားစုခံတပ်သည် အစိမ်းရောင်တိမ်တိုက်ကျွန်း ၏ ပထမအဆင့် အင်အားစု မဟုတ်သလို မဟာဂိုဏ်းကြီး သုံးခုနှင့် ဝေးကွာလှသော်လည်း သူတို့အင်အားစုကို ဘီရှင်းနိုင်ငံ ထဲ၌ အင်အားကြီး အင်အားစုတစ်ခု အဖြစ် သတ်မှတ်၍ ရပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၂.....တိုင်မိသားစု အတွက်

ရန်ဟိုင်သည် သားရဲတိုက်ခိုက်မှုအဖြစ်အပျက် ပြီးစဥ်ကတည်းက တိုင်မိသားစု ခံတပ် ဆီသို့ သတင်းပို့အဆောင်ဖြင့် သတင်းပို့ထားပြီး ဖြစ်သောကြောင့် သူတို့ သွေးဖီးနစ်တောအုပ် ဆီမှ ထွက်ခွာပြီး မကြာမှီတွင် တိုင်မိသားစုခံတပ် ၏ အစောင့်အရှောက် တပ်ဖွဲ့နှင့် တွေ့ဆုံသွားကြသည်။

ထိုအဖွဲ့ထဲ၌ လူပေါင်းတစ်ရာကျော် ပါဝင်ပြီး မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင် နှစ်ယောက် ပါဝင်သည်။ သူတို့၏ ဝတ်စုံများအရ ထိုနှစ်ယောက်သည် ရန်ဟိုင်ကဲ့သို့ အစောင့်အရှောက် ခေါင်းဆောင် များ ဖြစ်ပေလိမ့်မည်။

ကျန်သည့် အစောင့်အရှောက်များသည် မဟာနတ်ဘုရားအဆင့် ၉ နှင့် အဆင့် ၁၀ ကြား ရှိပေသည်။

သို့သော်လည်း သူတို့ကြား၌ မည်သည့် ကောင်းကင်ဘုံ နတ်ဘုရား အဆင့် သိုင်းပညာရှင် မှမပါရှိပေ။

ထိုအဖွဲ့၏ ခေါင်းဆောင် သည် သန့်ရှင်းစင်ကြယ်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်ပေသည်။ သူက အသက်နှစ်ဆယ်အရွယ် ရှိဟန်ရပြီး ပညာရှိ အသွင်အပြင် နှင့် ခန့်ညားသော ရုပ်ရည်ရှိပေသည်။ သို့သော် သူက တိုင်ရှင်းလန် ဘေး၌ ရပ်နေသော ရှောင်လုံအား မြင်လိုက်ချိန်တွင် သူ့၏ မျက်လုံးများသည် ရန်လိုသည့် အငွေ့အသက်များဖြင့် တောက်ပနေပေသည်။

" ရန်ဟိုင်... သွေးဖီးနစ်တောအုပ် ရဲ့ အပြင်ဘက်စည်းမှာ မဟာနတ်ဘုရားအဆင့် မိစ္ဆာသားရဲ တစ်ကောင် ပေါ်လာတယ်ဆိုတာက တကယ့်ကို ရှားပါးလွန်းတယ်...ဒါပေမဲ့ မင်းတို့က တိုက်ခိုက်ခံလိုက်ရပြီးတော့ အနားကဖြတ်သွားတဲ့ ကောင်လေးက မင်းတို့ကို ကယ်လိုက်တယ်တဲ့လား... ဒါကြီးက အရမ်းကို တိုက်ဆိုင်လွန်းမနေဘူးလား "

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ရှောင်လုံကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

သူက ရှောင်လုံကို တိုက်ရိုက်မစွတ်စွဲလိုက်သော်လည်း သူ့စကားများ၏ အဓိပ္ပာယ် က ထိုသို့ သတ်ရောက်နေပေသည်။

" အမှန်ပဲ...ငါလည်း အဲ့လိုပဲ ထင်တယ် ...ဒီ ထူးဆန်းတဲ့ ကောင်လေးက ငါတို့ တိုင်မိသားစုခံတပ် ထဲကို ခိုးဝင်ဖို့ လမ်းကြောင်းရှာတာပဲ ဖြစ်ရမယ် "

အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ နောက်မှ မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင် တစ်ယောက်က အေးစက်စက် ပြောလိုက်လေသည်။

" ဒီနှစ်တွေအတွင်း... အိမ်နီးချင်းနိုင်ငံတွေကနေ ခိုးဝင်လာတဲ့ တပည့်တွေက မရေမတွက်နိုင်အောင် များလွန်းနေပြီ "

ရန်ဟိုင်က ဘာတစ်ခွန်းမှ မပြောနိုင်မှီ တိုင်ရှင်းလန် ၏ ဆွဲဆောင်မူရှိသော မျက်လုံးများက အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

" တိုင်ယန်...အစ်ကိုကြီးဟောင်က ငါတို့ရဲ့ ကယ်တင်ရှင်ပဲ...ဒီနေရာမှာ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို လာပြောမနေနဲ့...နင် ဘာကို ကြံစည်နေလဲဆိုတာ ငါမသိဘူး ထင်မနေနဲ့ "

တိုင်မူက ရှောင်လုံ ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။

" အစ်ကိုကြီးဟောင်...သွားကြရအောင်...ဒီခွေးရူးတွေကို ဂရုစိုက်နေစရာ မလိုဘူး... ကျွန်တော်တို့ကို ဘယ်သူတွေက တားရဲမလဲဆိုတာ ကျွန်တော် ကြည့်လိုက်ဦးမယ်"

သူက တိုင်ယန်နှင့် ကျန်သူများကို စူးရှရှ ကြည့်လိုက်လေသည်။

လူအုပ်ကြီး၏ ရှေ့၌ တိုင်ရှင်းလန်နှင့် တိုင်မူ တို့၏ အပြစ်တင်မှုကို ခံစားလိုက်ရပြီး အထူးသဖြင့် ခွေးရူးဟု ခေါ်ခံလိုက်ရသောကြောင့် တိုင်ယန် သည် အလွန်တရာ အရှက်ရသွားလေသည်။ သို့သော် တိုင်မူက တိုင်မိသားစုခံတပ်၏ လူငယ်သခင်လေး ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်စကားမှ ပြောဆိုခွင့် မရှိပေ။

တိုင်မူက ရှောင်လုံ ကိုလက်မောင်းမှဆွဲခေါ်လိုက်သည်။ ထို့နောက် သူတို့လေးယောက်သည် တိုင်ယန် ၏ အုပ်စု ယူဆောင်လာသော မြင်းများကို စီးနင်းကာ ထွက်ခွာသွားကြလေသည်။

တိုင်ယန်က ရှောင်လုံ၏ နောက်ကျောကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။ သူ့၏ မျက်လုံးထဲ၌ ထက်ရှသည့် အလင်းတစ်ချက် ဖြတ်သန်းသွားလေပြီး သတ်ဖြတ်လိုစိတ် များ ထွက်ပေါ်လာလေသည်။

" သခင်လေး တိုင်ယန် ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."

အစောင့်ခေါင်းဆောင် ထဲမှ တစ်ယောက်က တိုင်ယန် ၏ ဘေးသို့ သွားကာ ဂရုတစိုက် မေးမြန်းလိုက်လေသည် ။

" တိုင်မိသားစုခံတပ် ကို အရင်ပြန်ကြတာပေါ့... ဘာမဟုတ်တဲ့ မဟာနတ်ဘုရားအဆင့် ၁၀ ကောင်လေးတစ်ယောက်ကတော့ ငါ့လက်ကနေ လွတ်နိုင်မယ်မထင်ဘူး "

တိုင်ယန်က အေးစက်စက် ရယ်မောလိုက်လေသည်။

" ဒါပေမဲ့... အဲ့ဒီ ကောင်လေးက မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်ဘီလူးကျားသားရဲ ကို တကယ်သတ်နိုင်ခဲ့တာဆိုရင်... ထင်သလောက် အားမနည်းလောက်ဘူး "

အခြားသော ခေါင်းဆောင်တစ်ယောက်က ပြောလိုက်လေသည်။

တိုင်ယန်က လှောင်ပြုံးပြုံးလိုက်သည်။

" အဲ့တော့ဘာဖြစ်လဲ... မင်းတို့ နှစ်ယောက် က မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် ကောင်လေးတစ်ယောက်ကို မသတ်နိုင်ဘူး လို့တော့ ငါ့ကို လာမပြောနဲ့ "

" ဟီးဟီး... ကျွန်တော်တို့ရဲ့ ခွန်အားနဲ့သာဆိုရင် ကျွန်တော်တိို့ထဲက ဘယ်သူမဆို အဲ့ဒီကောင်လေးရဲ့ အသတ်ကို နှုတ်ယူလို့ရတယ်...ကိစ္စ တစ်ခုပဲရှိနေတာ...အဲ့ဒီကောင်လေးက သခင်လေးနဲ့ သခင်မလေးကို ကယ်လာတာလေ...ကျွန်တော် မြင်သလောက်ဆိုရင် သူက သူတို့နှစ်ယောက် နဲ့ တကယ့်ကို ရင်းနှီးနေပြီ ထင်တယ်...ကျွန်တော်တို့က သူ့ကို အကြောင်းပြချက်မရှိဘဲ သတ်လိုက်မယ်ဆိုရင် ဒီကိစ္စကို မိသားစုသခင်ဆီ ရှင်းပြဖို့ ခက်လိမ့်မယ် "

ပထမဆုံး အစောင့်အရှောက်ခေါင်းဆောင် က ပြောလိုက်လေသည်။

" မင်းတို့နှစ်ယောက် ဒီကိစ္စ နဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး...ငါက မိသားစုသခင်ကို ဖြောင်းဖြလိုက်မယ်"

တိုင်ယန်က သူတို့ကို စိတ်ချလက်ချ ဖြစ်အောင် ပြောလိုက်လေသည်။

သူတို့သည် မြင်းစီးကာ သွားကြခြင်း ဖြစ်သော်လည်း တိုင်မိသားစုခံတပ် သို့ ရောက်ရှိရန် ဆယ်ရက်ကျော် အချိန်ယူခဲ့ရပေသည်။

လမ်းတစ်လျှောက်တွင် တိုင်မူနှင့် တိုင်ရှင်းလန်တို့သည် သူ့အား တိုင်ယန့်ကို လျစ်လျူရှုရန် ပြောဆိုခဲ့ကြသည်။ သူတို့နှစ်ယောက် က ရှောင်လုံနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသည်ကိုကြည့်ရင်း တိုင်ယန်သည် ဒေါသတကြီး အံကြိတ်လိုက်လေပြီး သူက ရှောင်လုံ အပေါ် အလွန်တရာ မကျေမနပ် ဖြစ်နေသော်လည်း တမင်သက်သက် ပြဿနာ မရှာခဲ့ပေ။ ထို့ကြောင့် ခရီးတစ်လျှောက်လုံးသည် အတော်အတန် ချောမွေ့နေပေသည်။

ရှောင်လုံ့အတွက်မူ တိုင်ယန်ဆိုသည်မှာ ဘာမဟုတ်သည့် လူတစ်ယောက်သာ ဖြစ်သည်။ သူက တိုင်မူနှင့်တိုင်ရှင်းလန် တို့ ဆီမှ တဆင့် ထိုသူ၏ နောက်ခံကို သိရှိခဲ့ရပေသည်။

တိုင်ယန်သည် အကြီးအကဲ တိုင်ချန်းတုံ ၏ သား ဖြစ်ပေသည်။ တိုင်ချန်းတုံ သည် တိုင်မိသားစု ၏ ထိပ်တန်းအကြီးအကဲ ဖြစ်သောကြောင့် တိုင်မိသားစု သခင်သည်သာ သူ့ကို အမိန့်ပေးနိုင်စွမ်း ရှိပေသည်။ ထို့အပြင် တိုင်ချန်းတုံသည် ကောင်းကင်ဘုံနတ်ဘုရား အဆင့်တစ် နောက်ပိုင်းအဆင့် သို့ ရောက်နေပြီဖြစ်သည်။

သူတို့က သွားလိုရာ နေရာဆီသို့ ရောက်ရှိသွားချိန်တွင် မိသားစု သခင် တိုင်ရှင်းယွမ် သည် သူတို့ကို ဂိတ်တံခါးများ ဆီမှ စောင့်ဆိုင်းနေလေသည်။

အပြန်အလှန် နှုတ်ဆက်ပြီးနောက် တိုင်ရှင်းယွမ် က ရှောင်လုံ ကို ဂါရဝ ပြုလိုက်လေသည်။

" လူငယ်သူရဲကောင်းလေးဟောင်က ကျုပ်ရဲ့ သားနဲ့ သမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် "

သူ့၏ အမူအယာ များကို ယဥ်ကျေးပျူငှာ သည်ဟု သတ်မှတ်၍ ရပေသည်။

တိုင်ရှင်းယွမ်သည်ကောင်းကင်ဘုံနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။ နတ်ဘုံကမ္ဘာ၌ ကောင်းကင်ဘုံနတ်ဘုရား နှင့် မဟာနတ်ဘုရားအဆင့် ကြား ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေသည်။ ထို့အပြင် တိုင်ရှင်းယွမ် က တိုင်မိသားစု သခင်လည်း ဖြစ်နေပေသည်။ ဂိတ်တံခါးဝ၌ စောင့်ဆိုင်းကာ ရှောင်လုံအား ကျေးဇူးတင်စကားဆိုခြင်းသည် လူတိုင်းရရှိနိုင်သည့် အပြုအမူ မျိုး မဟုတ်ပေ။

တိုင်ရှင်းယွမ် ၏ ဘေး၌ ရပ်နေသော သက်လတ်ပိုင်းလူသည် ရှောင်လုံအား တချိန်လုံး စစ်ဆေးကြည့်ရှုနေရာမှ ရုတ်တရက် ပြောလိုက်လေသည်။

" လူငယ်သူရဲကောင်းဟောင်က မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်ဘီလူးကျားသားရဲကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ကျုပ်ကြားထားတယ် ...သူရဲကောင်းလေးက ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရနိုင်မလား... ဒီလိုမျိုး စွမ်းဆောင်နိုင်စွမ်း နဲ့ဆိုရင်... ကျုပ်တို့ အစိမ်းရောင်တိမ်တိုက်ကျွန်း ရဲ့ ဂိုဏ်းကြီးသုံးခုက တပည့်တွေတောင် ဒီလိုမျိူး စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး "

ထို သန်မာလှသော သက်လတ်ပိုင်းလူသည် အခြားသူမဟုတ်ဘဲ တိုင်မိသားစုခံတပ်၏ ထိပ်တန်းအကြီးအကဲ တိုင်ချန်းတုံ ဖြစ်ပေသည်။

ရှောင်လုံက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်လေသည်။

" ကျွန်တော်က ကြယ်စင်စုကျွန်း ကနေ လာတာပါ...ကံမကောင်းစွာနဲ့ ကျွန်တော်က လေဟာနယ် အက်ကွဲကြောင်းတစ်ခုထဲ ဆွဲခေါ်ခံလိုက်ရပြီး ဒီနေရာကို ရောက်လာတာ...နတ်ဘုံကမ္ဘာ က အရမ်းကို ကြီးမားကျယ်ပြန့်လှပြီးတော့ ဂိုဏ်းတွေကလည်း တောအုပ်ကြီးထဲက သစ်ပင်တွေလို ပေါများလွန်းတယ်...ခင်ဗျား တို့က မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်ဘီလူးကျားသားရဲကို သတ်ဖြတ်နိုင်တဲ့ မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် ကျင့်ကြံသူ ကို မမြင်ဖူးတာနဲ့ပဲ... ဒါမျိုး မဖြစ်ဖူးဘူးလို့ တရားသေ သတ်မှတ်လိုက်လို့မရဘူး "

ရှောင်လုံ၏ စကားသံကို ကြားလိုက်ချိန်တွင် တိုင်ချန်းတုံ ၏ မျက်လုံးများသည် အေးစက်မူနှင့်အတူ မှေးကျဥ်းသွားလေသည်။

တိုင်ယန်က ဒေါသတကြီး ဖြင့် ဦးစွာ ပြောလိုက်လေသည်။

" အတင့်ရဲလိုက်တဲ့ ကောင်လေး...မင်းက ငါ့အဖေကို ဘယ်လိုလုပ်ပြီး ဒီလို လေသံမျိုးနဲ့ပြောရဲနေတာလဲ... မင်းက တခြားမိသားစုကနေ ငါတို့ တိုင်မိသားစုခံတပ် ထဲကိုခိုးဝင်ဖို့ လွတ်လိုက်တဲ့ သူလျိုတစ်ယောက်ဆိုတာ ငါလောင်းရဲတယ် "

တိုင်ရှင်းယွမ် က မပျော်မရွှင် ဖြစ်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။

"တော်လောက်ပြီ...လူငယ်သူရဲကောင်းဟောင်က ငါတို့တိုင်မိသားစု ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ပဲ "

တိုင်ယန်က မလိုလားစွာဖြင့် ခေါင်းငုံ့လိုက်လေပြီး တိုင်ရှင်းယွမ် ၏ စကားများကို နာခံသည့်အနေဖြင့် ဘေးသို့ ဆုတ်ခွာလိုက်လေသည်။

ရှောင်လုံကို တိုင်ရှင်းယွမ် က တိုင်မိသားစု ခံတပ်ထဲသို့ အလျှင်အမြန် ဖိတ်ခေါ်လိုက်လေသည်။
ရှောင်လုံက တိုင်ချန်းတုံ ဘေးမှ ဖြတ်သွားချိန်တွင် တစ်ဖက်လူ၏ မျက်လုံးထဲရှိ အေးစက်မူများကို လုံးဝ လျစ်လျူရှုလိုက်လေသည်။

တိုင်မိသားစုခံတပ်ထဲ၌ တိုင်ရှင်းယွမ်သည် ရှောင်လုံကို ကျေးဇူးတင်ရန် ပွဲတော်တစ်ခု ပြင်ဆင်ပြီး ရှောင်လုံ၏ အကူအညီအတွက် ရှန်းပိတစ်ရာ ကို ဆုအဖြစ်ပေးလိုက်လေသည်။

ရှန်းပိသည် ဤနေရာ၌ အသုံးပြုသော ငွေကြေးဖြစ်ပြီး နတ်ဘုံကမ္ဘာ ရှိ မည်သည့် မြို့တော်၌ မဆို အသုံးပြု၍ ရကာ ကမ္ဘာမြေဆီမှ ငွေစက္ကူနှင့် အရွယ်အစား တူညီပေသည်။ တိုင်မိသားစု ၏ အိမ်နီးချင်းနိုင်ငံများတွင် ရှန်းပိ 'မှော်သစ်ရွက် ' သုံးရာဖြင့်အိမ်တော်ကောင်း တစ်ခု ဝယ်ယူ၍ ရပေသည်။ ထို့ကြောင့် မှော်သစ်ရွက် တစ်ရာသည် ကောင်းမွန်လှသော ဆုတစ်ခုဟု သတ်မှတ်၍ ရပေသည်။

ရှောင်လုံက ထိုဆုလာဘ်ကို ငြင်းဆိုခြင်း မရှိဘဲ လက်ခံလိုက်လေသည်။ ယခုအချိန်၌ သူသည် မည်သည့် နတ်ဘုရား ကျောက်တုံးကိုမှ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူ့၌ ငွေကြေးအမှန်တကယ် လိုအပ်နေပေသည်။

ချက်ချင်းဆိုသလို သူက တိုင်ရှင်းယွမ် ကို တောင်းဆိုမှု တစ်ခု ပြုလိုက်လေသည်။ သူက တိုင်မိသားစု ၏ စာကြည့်တိုက်ထဲသို့ ဝင်ရောက်ချင်ပေသည်။

ရှောင်လုံသည် တိုင်မူနှင့်တိုင်ရှင်းလန်တို့ ဖြင့် စကားပြောပြီးနောက် ကိစ္စ အချို့ကို နားလည်လာသော်လည်း နတ်ဘုံကမ္ဘာ နှင့် ပတ်သက်သော သူ့၏ ဗဟုသုတ သည် အလွန်တရာ နည်းပါးနေသေးသည်။

သူက နတ်ဘုံကမ္ဘာ အကြောင်းကို အလျှင်အမြန် နားလည်ရန် လိုအပ်နေပြီး အကောင်းဆုံး နည်းလမ်းမှာ စာအုပ်များအား ဖတ်ရှုခြင်း ဖြစ်ပေသည်။

ထို့ကြောင့် လည်း သူက တိုင်မူ ၊ တိုင်ရှင်းလန် နှင့်ရန်ဟိုင်တို့၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

အခြားစကားဖြင့် ဆိုရလျှင် သူသည် တိုင်မိသားစု ၌ ကြာမြင့်စွာ နေထိုင်မည်မဟုတ်ဘဲ အလွန်ဆုံး ဆယ်ရက်မှ လဝက်အထိသာ နေမည်ဖြစ်သည်။ သူက တိုင်မိသားစု ၏စာကြည့်တိုက်ထဲ ရှိ စာအုပ်အားလုံးကို ဖတ်ရှုပြီးသွားသည်နှင့် ထွက်ခွာသွားပေမည်။

တိုင်ရှင်းယွမ် က ရှောင်လုံ၏ တောင်းဆိုမှု ကို ကြားလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၃.....နတ်ဘုံကမ္ဘာ ၏ ကံကြမ္မာဂိုဏ်း

တိုင်ရှင်းယွမ် က သူ့၏ တောင်းဆိုချက်ကို သဘောတူလိုက်ခြင်းအပေါ် ရှောင်လုံ အံ့အားသင့်သွားခြင်း မရှိပေ။

ဟုတ်ပေသည်။ တိုင်ရှင်းယွမ် က သူ့အား စာကြည့်တိုက်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သော်လည်း နေရာတိုင်းသို့ ဝင်ရောက်ခွင့် ပြုမည်ဟု ဆိုလိုက်ခြင်း မဟုတ်ပေ။

ဥပမာအနေဖြင့် တတိယမြောက်အထပ်သည် သူတို့၏ ကျင့်စဥ် များကို သိမ်းဆည်းရာနေရာ ဖြစ်သည်။ ရှောင်လုံအနေဖြင့် တတိယထပ်သို့ ဝင်ရောက်ခွင့် ရှိမည် မဟုတ်ပေ။

စားသောက်ပွဲ ပြီးစီးသွားပြီးနောက် လူတစ်ယောက်ကို ရှောင်လုံ့အတွက် ခြံဝန်းတစ်ခု ပြင်ဆင်ခိုင်းလိုက်သည်။ ထို ခြံဝန်းသည် စာကြည့်တိုက် နှင့် အနီးအနား၌ ရှိသောကြောင့် သူ့အတွက် များစွာ ကောင်းမွန်ပေသည်။

ယခုအခါ၌ ညအချိန်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ရှောင်လုံသည် စာကြည့်တိုက်သို့ နောက်တစ်နေ့မှ သွားရန် ပြင်လိုက်ကာ ညအချိန်ကို အခန်းထဲ၌ တိတ်တဆိတ် ကျင့်ကြံအားထုတ်ခြင်း ဖြင့် ကုန်ဆုံးလိုက်လေသည်။

သွေးဖီးနစ်တောအုပ် ထဲမှ ရှောင်လုံ အမဲလိုက်လာသော ဓားကျောရိုးစိတ်ဝိညာဥ်ငါး ရာအနည်းငယ်သည် ရှောင်လုံ၏ ဗိုက်ထဲသို့သာ ရောက်ရှိသွားသည်။ ထို့ကြောင့် ဤအချိန်ကာလအတွင်း သူ့၏ ကျင့်စဥ် သည် ပိုမိုတိုးတက်လာပေသည်။ ယခုအခါ၌ သူသည် အောက်ဘုံနယ်ပယ်ကထက် ပိုမိုသန်မာလာပြီဖြစ်သော်လည်း မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိရန် အချိန်ယူရမည် ဖြစ်သည်။

ယခုအခါ၌ သူ့၏ အန္တိမ နတ်ဘုရားဦးခေါင်းသုံးခု၏ ဝါးမြိုမှု စွမ်းအားသည် သူရောက်ရှိလာသည့် အချိန်က ထက် သုံးဆပိုမို တိုးပွားလာပေသည်။

သူ့၏ ခန့်မှန်းချက်အတိုင်းဆိုပါက ဤနှုန်းအတိုင်းဖြင့် စိတ်ဝိညာဉ် စွမ်းအင် ကို စုပ်ယူနေမည်ဆိုလျှင် သူသည် မဟာနတ်ဘုရားအဆင့် ၁၀ အလယ်အဆင့် သို့ သုံးလအတွင်း တိုးတက်သွားနိုင်ပေလိမ့်မည်။ တစ်နှစ်တာ အချိန်အတွင်း ၌ သူသည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ သူ့၏ ကျင့်ကြံမူ အမြန်နှုန်း သည် အောက်ဘုံနယ်ပယ်ထက် မရေမတွက်နိုင်အောင် မြန်ဆန်လှသော်လည်း နတ်ဘုံကမ္ဘာ သည် မဟာနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် အန္တာရယ် များလှသည်။ လက်ရှိအချိန်အခါတွင် ရှောင်လုံသည် သူ့၏ နတ်မီးတောက်လေးမျိုး ကို လှုံ့ဆော်ရန် ကြိုးပမ်းသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ၌သူသည် ငွေမီးခိုးရောင် စွမ်းအင် ကို စုပ်ယူနိုင်စွမ်း မရှိပေ။

တိတ်တဆိတ်ကျင့်ကြံအားထုတ်နေရင်းဖြင့် ညအချိန် ကုန်လွန်သွားလေသည်။

ခြံဝန်းထဲသို့ နေရောင်ခြည်များ ဖြာကျလာချိန်တွင် ရှောင်လုံသည် ကျင့်ကြံမူကို ရပ်တန့်လိုက်ကာ အခန်းထဲမှ ထွက်လိုက်သည်။ ထို့နောက် တိုင်မိသားစု ၏ စာကြည့်တိုက်ဆီသို့ ဦးတည်လိုက်လေသည်။

ယခုအခါ၌ မူ သူသည် မည်သည့် ကမ္ဘာ၌ ရောက်နေကြောင်းကို နားလည်ရန် လိုအပ်ပေသည်။ ထို့အပြင် ကံကြမ္မာကုန်းမြေ ၊ ထာဝရကုန်းမြေ ၊ အမှောင်နတ်သူငယ်ကုန်းမြေနှင့် ကမ္ဘာဦးပျက်ဆီးခြင်း ကုန်းမြေ တို့အပေါ်ရှိအခြေအနေများကို အသေးစိတ်ကျကျ လေ့လာရပေမည်။

စာကြည့်တိုက်၏ ဝင်ပေါက်တွင် ရှောင်လုံသည် အစောင့်ဖြစ်သော တပည့်အား တိုင်ရှင်းယွမ် ပေးထားသည့် တံဆိပ်ပြား ကို ပြလိုက်ချိန်တွင် အထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်ခွင့် ရသွားသည်။

ပထမထပ်သည် မီတာသုံးရာကျော်မျှ ကျယ်ဝန်းပြီး အရာအားလုံး သည် ခန်းမကြီးထဲ၌ ရှိနေပေသည်။ နံရံလေးဘက်ထဲတွင် စာအုပ်စင် နှစ်ဆယ်ကျော်ရှိပြီး မြောက်များစွာသော ဘာသာများဖြင့် ရေးသားထားသည့် စာအုပ်များ ပြည့်နှက်နေလေသည်။

တချက်ကြည့်လိုက်ပြီးနောက် ရှောင်လုံသည် စာအုပ်စင် တစ်ခုဆီသို့ လျှောက်သွားလိုက်လေသည်။ ထိုနေရာရှိ စာအုပ်များသည် အစိမ်းရောင်တိမ်တိုက်ကျွန်း နှင့် နတ်ဘုံကမ္ဘာ တို့ဖြင့် ပက်သတ်နေသော စာအုပ်များ ရှိသည့်နေရာဖြစ်သည်။ သူက စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး သူ့၏ နတ်ဘုရား အာရုံဖြင့် လွှမ်းခြုံလိုက်သည်။ ဤသို့ဖြင့် သူက တစ်အုပ်ချင်း ဖတ်ရှုလိုက်လေသည်။

သို့သော်လည်း ကြည့်ရသည်မှာ လူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူသွားစေသည့် လျို့ဝှက်စွမ်းအင်တစ်ခု ရှိနေဟန်ရသည်။ ရှောင်လုံက စာအုပ်များကို နတ်ဘုရားအာရုံဖြင့် ဖတ်ရှုနေချိန်၌ ရှောင်လုံ၏ အမြန်နှုန်းသည် ပုံမှန်မျှသာ ဖြစ်နေပေသည်။

တစ်မနက်လုံး ကုန်ဆုံးပြီးနောက် ရှောင်လုံသည် ပထမစာအုပ်စင်ပေါ်ရှိ စာအုပ်ရာပေါင်းများစွာကို ဖတ်ရှုပြီးသွားသည်။ ထိုစာအုပ် အမြောက်အများသည် အစိမ်းရောင် တိမ်တိုက်ကျွန်း၏ အင်အားကြီးဂိုဏ်းများ ပိုင်ဆိုင်သော နယ်မြေများကို ရေးသားထားခြင်း ဖြစ်သည်။ အထူးသဖြင့် ကျွန်း၏ ထိပ်တန်းဂိုဏ်း သုံးခုအကြောင်း အသေးစိတ်ပါဝင်နေသည်။

စာအုပ်လေးအုပ်သည်သာ တိမ်တိုက်စိမ်း ပင်လယ်၏ အပြင်ဘက်ရှိ အရာများကို ဖော်ပြထားသည်။ကံကောင်းစွာဖြင့် ထိုစာအုပ်လေးအုပ်ထဲတွင် မဟာကုန်းမြေကြီးလေးခု နှင့် ပတ်သက်သော သတင်းအချက်အလက် အချို့ ပါဝင်လာပေသည်။

မဟာကုန်းမြေကြီး တစ်ခုချင်းစီတိုင်းသည် တိုင်းတာ၌ မရအောင် ကျယ်ပြောလွန်းလှပြီး အစိမ်းရောင်တိမ်တိုက်ကျွန်းထက် အဆပေါင်း တစ်သောင်းကျော် ကြီးမားပေသည်။ ထို ကုန်းမြေထဲရှိ မည်သည့်ကုန်းမြေကမဆို အောက်ဘုံနယ်ပယ်ရှိ ကြယ်စင်စု ပေါင်းတစ်သိန်း ပေါင်းစည်းထားသည်ထက် ပိုမိုကြီးမား ပေသည်။

ရန်ဟိုင် ပြောပြစဥ်က ထို ကုန်းမြေကြီးလေးခုသည် အရွယ်အစား ကြီးမားလိမ့်မည်ဟု ရှောင်လုံ ခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ အံ့အားသင့်ဖွယ် ကြီးမားလိမ့်မည်ဟု ရှောင်လုံ မျှော်လင့်မထားမိပေ။

ထို့အပြင် စာအုပ်လေးအုပ်ဆီမှ တစ်ဆင့် ကံကြမ္မာ ကုန်းမြေကြီး ပေါ်၌ အင်အားအကြီးဆုံးမှာ ကံကြမ္မာဂိုဏ်း ဖြစ်ကြောင်း ရှောင်လုံ သိလိုက်ရပေသည်။

ကံကြမ္မာကုန်းမြေကြီး ၏ နာမည်ကို ကံကြမ္မာဂိုဏ်း က ပေးထားခြင်းဖြစ်သည်။ ဤသည်ကပင် ကံကြမ္မာဂိုဏ်း က ကံကြမ္မာကုန်းမြေကြီး တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း ဖော်ပြနေပေသည်။ ထို့ပြင် ကံကြမ္မာဂိုဏ်း သည် ဤကမ္ဘာ၏ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခု ဖြစ်သည်။ တစ်ဖက်တွင်မူ ထာဝရကုန်းမြေ ကြီးကို ဝမ်ဂူကလန် က အုပ်ချုပ်ပေသည်။ အမှောင်နတ်သူငယ် ကုန်းမြေကြီးကို အမှောင်နတ်သူငယ် ဂိုဏ်းက အုပ်ချုပ်ထားပေသည်။

နတ်ဘုံကမ္ဘာ ၏ ကံကြမ္မာဂိုဏ်း ၊ ဝမ်ဂူကလန် ၊အမှောင်နတ်သူငယ် မျိုးနွယ်စုတို့သည် အောက်ဘုံနယ်ပယ်ရှိ အင်အားစု များဖြင့် တူညီနေခြင်း ဟုတ်မဟုတ်ကို ယခုအခါ၌ အတည်ပြုနိုင်ခြင်း မရှိပေ။ သို့သော် ရှောင်လုံ၏ အတွေးအရဆိုပါက ဤသို့ဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်း ရှိပေသည်။

ဤ နတ်ဘုံကမ္ဘာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ က သူကြားဖူးခဲ့သည်ဖြစ်သော ဘီယန်ကျင်း နတ်ဘုံကမ္ဘာ ဖြစ်ပေသည်။

ဤသည်က ရှောင်လုံ၏ ခန့်မှန်းချက် တစ်ခုကို အတည်ပြုလိုက်ရင်း အောက်ဘုံနယ်ပယ်၏ အနက်ရောင် လိပ်၊ မိုးပြာရောင် နဂါး ၊ အဖြူရောင် ကျား နှင့် ဟင်္သာ ပြဒါးငှက် ကြယ်စင်စု များသည် ဗီယန်ကျင်းနတ်ဘုံကမ္ဘာ ၏ စည်းမျဥ်း အောက်၌ တည်ရှိပေသည်။ သဘာဝကျကျပြောရမည်ဆိုလျှင် ကြယ်စင်စု လေးခုမှ မည်သူမဆို နတ်ဘုံကမ္ဘာ သို့ တက်လှမ်းမည်နှင့် ဗီယန်ကျင်းနတ်ဘုံကမ္ဘာသို့ ရောက်ရှိမည်ဖြစ်သည်။ သို့သော်လည်း ထိုစာအုပ် လေးအုပ်သည် နတ်ဘုံကမ္ဘာ ထဲ၌ ကမ္ဘာ ပေါင်း မည်မျှရှိသည်ကို ဖော်ပြမထားပေ။ ဗီယန်ကျင်းနတ်ဘုံကမ္ဘာ တွင် အဓိက ကုန်းမြေလေးခု အပြင် အစိမ်းရောင်တိမ်တိုက်ကျွန်း ကဲ့သို့သော ကျွန်းစုလေးများသည် တစ်သိန်းကျော် ရှိပေသည်။ ထို ကျွန်းစွယ်များ အားလုံးသည် မဟာကုန်းမြေလေးခု၏ ပတ်ပတ်လည် ၌ ပြန့်ကျဲနေပေသည်။

" ကံကြမ္မာဂိုဏ်း "

ရှောင်လုံ၏ မျက်လုံးများ က တောက်ပသွားလေသည်။

လီလူက နတ်ဘုံကမ္ဘာသို့တက်လှမ်းပြီးနောက်တွင် ကံကြမ္မာကုန်းမြေကြီး၏ ကံကြမ္မာဂိုဏ်း အကြောင်း သိရှိပေလိမ့်မည်။ သူမက ထိုသို့ သွားသည်များ ဖြစ်နေမလား။

အောက်ဘုံနယ်ပယ်ရှိ ကံကြမ္မာဂိုဏ်း ၏ တပည့်တစ်ယောက်အနေဖြင့် ကံကြမ္မာကုန်းမြေကြီး အကြောင်း သိရှိပြီးနောက်၌ သူမသည် ထိုနေရာသို့ သေချာပေါက် သွားလိမ့်မည်ဟု ရှောင်လုံ ယုံကြည်ပေသည်။

သံသယ ရှိစရာ မလိုလောက်အောင်ပင် လီလူ၏ ပါရမီဖြင့် ဆိုပါက သူမ သည် ကံကြမ္မာဂိုဏ်း ၏ ပါရမီရှင် တပည့်များ ကြား၌ပင် လက်ရွေးစင် တပည့်တစ်ယောက် အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထို့အပြင် သူမက အောက်ဘုံနယ်ပယ်ရှိ ကံကြမ္မာဂိုဏ်း ဘိုးဘေး၏ တပည့်ရင်း ဖြစ်သောကြောင့် သူမကို ကံကြမ္မာဂိုဏ်း ၏ အရင်းအမြစ် အပြည့်အဝ ဖြင့် ပြုစုပျိုးထောင်ပေးပေလိမ့်မည်။

ထို့အပြင် ရှောင်လုံ့ဆီမှ ထွက်ပြေးသွားသော ကံကြမ္မာဂိုဏ်း ခေါင်းဆောင် ဝမ်ယုနှင့် မဟာအကြီးအကဲ စန်းရီ တို့သည်လည်း နတ်ဘုံကမ္ဘာ ၏ ကံကြမ္မာဂိုဏ်း ကို လာရောက်ဆက်သွယ် နေထိုင်ကြပေလိမ်မြည်။

ဝမ်ယုနှင့် စန်းရီတိုသည် သူ့အနေဖြင့် သေချာပေါက် သတ်ဖြတ်ရမည့် လူနှစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ရှောင်လုံ သည် ကံကြမ္မာဂိုဏ်း သို့ သေချာပေါက် သွားရပေလိမ့်မည်။

ပြဿနာမှာကား အစိမ်းရောင် တိမိတိုက်ကျွန်း၏ အပြင်ဘက်တွင် အဆုံးမဲ့ ပင်လယ် ရှိနေပေသည်။

ကျွန်းတစ်ခုမှတစ်ခုသို့ သွားလာရန်အတွက် သူတို့သည် အဆုံးမဲ့ပင်လယ် ကို ဖြတ်သန်းသွားရန် လိုအပ်ပေသည်။ သို့သော်လည်း အဆင့်မြင့် ကောင်းကင်ဘုံ နတ်ဘုရား တစ်ပါးသည်ပင် ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် လူတစ်ယောက်သည် မဟာကုန်းမြေကြီး ဆီသို့ ကူးပြောင်းခြင်း အစီအရင် အား ဖြတ်သန်း၍ သာ ရောက်ရှိနိုင်သည်။

အစိမ်းရောင် တိမ်တိုက် ကုန်းမြေကြီး ပေါ်တွင် ကူးပြောင်းခြင်းအစီအရင် သုံးခုသာ ရှိပေသည်။ ၄င်းတို့ကို ကျွန်း၏ အင်အားအကြီးဆုံး ဖြစ်သော လူရိုင်းနတ်ဘုရားဂိုဏ်း၊ မဟာဝေလဂိုဏ်း နှင့် ကမ္ဘာဦးဆင်ဂိုဏ်းတို့က ထို အစီအရင် များကို ကိုယ်စီ ထိန်းချုပ်ထားပေသည်။

ထို ကူးပြောင်းခြင်းအစီအရင်သုံးခုကို အသုံးပြု၍ မဟာကုန်းမြေကြီး လေးခုဆီသို့ သွားရန်မှာ မရေမတွက်နိုင်သော နတ်ဘုရား ကျောက်တုံးပမာဏ ကုန်ဆုံးပေလိမ့်မည်။ ဂိုဏ်းသုံးခု၏ ခေါင်းဆောင် များသည်ပင် ကူးပြောင်းခြင်း အစီအရင် ကို အသက်မသွင်းပေ။ သူတို့ဂိုဏ်း၏ အထူးအကြီးအကဲ များ၏ သဘောတူညီချက် ကို ရရှိရန် လိုအပ်နေပေသေးသည်။

ရှောင်လုံက မျက်မှောင်ကြုံ့လိုက်ရင်း လေးလေးနက်နက် တွေးတောလိုက်သည်။ ကြည့်ရသည်မှာ ကံကြမ္မာဂိုဏ်း သို့ သွားရန် တော်တော်လေး ဒုက္ခ များပေလိမ့်မည်။

" မေ့လိုက်တော့... ငါ ကောင်းကင်ဘုံနတ်ဘုရား အဆင့်ကို အရင်ဆုံး ချိုးဖျက်ရမယ်...ပြီးတော့မှ ဘာလုပ်ရမလဲဆိုတာ စဥ်းစားကြတာပေါ့ "

ရှောင်လုံ က ခေါင်းရမ်းလိုက်ရင်း ထိုကိစ္စအား တွေးတောခြင်းကို ရပ်တန့်လိုက်လေသည်။

နတ်ဘုံကမ္ဘာ၌ စကြာဝဠာ အဆင့်နှင့် နတ်ဘုရား အဆင့် ကျင့်ကြံသူ မျာသည် အဆင့်နိမ့် သာမန်လူများသာဖြစ်ပြီး မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိမှသာ အနည်းငယ် ဂုဏ်ရှိသည်ဟု သတ်မှတ်၍ ရပေသည်။ ထိုသို့ဆိုလျှင်ပင် မဟာနတ်ဘုရားအဆင့်နိမ့်နှင့် အလယ်အဆင့် ကျင့်ကြံသူ များ၏ အဆင့်အတန်း သည် များစွာ မမြင့်မားလှပေ။

အဆင့်မြင့် မဟာနတ်ဘုရားအဆင့် ကျင့်ကြံသူများသည် သာ တိုင်မိသားစု ကဲ့သို့သော နေရာများတွင် အစောင့်များဖြစ်လာရန် အနိမ့်ဆုံး လိုအပ်ချက်ကို ပြည့်မှီသွားကြသည်။ မဟာနတ်ဘုရားအဆင့် ၁၀ ကျင့်ကြံသူ ကမူ ဒုတိယ အဆင့် အစောင့်ခေါင်းဆောင် ဖြစ်လာနိုင်ပြီး ကံကောင်းလျှင် အစောင့်ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်ပေသည်။

ကောင်းကင်ဘုံနတ်ဘုရားအဆင့်သို့ တက်ရောက်ခြင်းသည် အဆင့်အတန်း တစ်ခုကို ရရှိရန် ခြေလှမ်းနှင့် အတူတူပင် ဖြစ်သည်။ ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင် ဖြစ်လာသည်နှင့် သူတို့၏ အဆင့်အတန်း နှငိ့ နောက်ခံသည် ကောင်းကင်နှင့်မြေပြင်ပမာ ကွာခြားသွားပေလိမ့်မည်။ တိုင်မိသားစု နှင့် ဆင်တူသည့် မည်သည့်နေရာသို့မဆို ရောက်ရှိသွားသည်နှင့် အရေးပါသော ဧည့်သည် အကြီးအကဲ အဖြစ် လာရောက်ကမ်းလှမ်းကြပေလိမ့မည်။

အရေးကြီးဆုံးမှာကား နတ်ဘုံကမ္ဘာ၌ကောင်းကင်ဘုံ နတ်ဘုရားအဆင့်သိုင်းပညာရှင် များသာ ပျံသန်းနိုင်စွမ်းရှိသည်။ ထိုကြောင့် ရှောင်လုံသည် ဤနေရာသို့ ရောက်ရှိလာစဥ်ကတည်းက ပျံသန်းနိုင်ခြင်း မရှိသလို မည်သည့် မဟာလေဟာနယ် ရွေ့ပြောင်းခြင်း ကိုမှ ထုတ်သုံးနိုင်ခြင်း မရှိပေ။

သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားအဆင့် သို့ ချိုးဖြတ်ဝင်ရောက်ခြင်းသည် အပြောထက် အလုပ်ခက်ပေသည်။ အခွင့်အရေး မှာကား တစ်သောင်းပုံတစ်ပုံထက် နည်းပါးလှသည်။

တိုင်မိသားစု တစ်ခုလုံးထဲ၌ ကောင်းကင်ဘုံနတ်ဘုရား အရေအတွက် သည် လက်နှစ်ဖက်ပေါ်ရှိ လက်ချောင်းအရေအတွက်ထက် ကျော်လွန်ခြင်း မရှိပေ။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၄.....တိုင်မိသားစု ဆီမှ ထွက်ခွာရန်

သူဖတ်ထားသည့် စာအုပ်များဆီမှ တစ်ဆင့် ရှောင်လုံအား အံ့အားသင့်စေသော အရာမှာကား နတ်ဘုံကမ္ဘာ ရှိ ကောင်းကင်ဘုံနတ်ဘုရား တစ်ပါး၏ သက်တမ်းသည် နှစ်တစ်သောင်း ပတ်ပတ်လည် ရှိနေခြင်းကြောင့်ဖြစ်လေသည်။

မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ဤနေရာ၌ နှစ်ပေါင်းသုံးရာကြာ နေနိုင်ပေလိမ့်မည်။

နတ်ဘုရား အဆင့် ၊ စကြာဝဠာအဆင့်နှင့် ကောင်းကင်အဆင့် ကျင့်ကြံသူ များမှာမူ အောက်ဘုံနယ်ပယ်ရှိ သာမန်လူသားများနှင့် တူပေသည်။ ထို့ကြောင့် ထိုအဆင့် ကျင့်ကြံမူများ ရှိသူသည် နှစ်တစ်ရာပြည့်မွေးနေ့သို့ရောက်နိုင်ရန်ပင် ခက်ခဲလှသည်။

ဤသည်မှာ အဘယ်ကြောင့် ဖြစ်သည်နည်း။

၄င်းက နတ်ဘုံကမ္ဘာ ၏ အချိန်စကြာဝဋ္ဌာ နိယာမများနှင့် များစွာ ပတ်သက်နေသည်ဟု ရှောင်လုံ ခန့်မှန်းမိပေသည်။ နတ်ဘုံကမ္ဘာ ရှိ သက်ရှိတိုင်းသည် အသက်ရှုလိုက်တိုင်း အောက်ဘုံနယ်ပယ်ထက် မြောက်များစွာသော စွမ်းအင်များကို စုပ်ယူ သုံးစွဲနေရပေသည်။

နတ်ဘုရား အဆင့် သို့မဟုတ် စကြာဝဠာ အဆင့် ကျင့်ကြံသူ ၏ ခန္ဓာကိုယ် အတွက် နှစ်တစ်ရာမှာ လုံလောက်သည့် အကန့်အသတ်တစ်ခု ဖြစ်ပေသည်။

အခြားသော မေးခွန်းတစ်ခု ရှိလာသည်မှာကား နှစ်ပေါင်းသုံးရာ သည် မဟာနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် အကန့်အသက် ဖြစ်လျှင် အောက်ဘုံနယ်ပယ်မှ တက်ရောက်လာသူများအတွက်မူ သက်တမ်းကို မည်သို့ တွက်ချက်သည်နည်း။ သူတို့၏ အသက်ကို လည်း မည်သို့ တွက်ချက်ရမည်နည်း။

အောက်ဘုံကမ္ဘာ မှ တက်လှမ်းလာသော ကျင့်ကြံသူ အများစုသည် နှစ်ပေါင်းသောင်းချီ ကျင့်ကြံအားထုတ်ခဲ့သူများဖြစ်ပြီး နှစ်တစ်သိန်းမှ နှစ်နှစ်သိန်း ရှိနေနိုင်သည်။

ကံကြမ္မာဂိုဏ်း ၏ ဘိုးဘေးဆိုလျှင် နတ်ဘုံကမ္ဘာ သို့ မတက်လှမ်းသေးသော်လည်း မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သူတို့၏ အစစ်အမှန် သက်တမ်းဆိုပါက နှစ်ပေါင်း သိန်းချီရှိနေပေလိမ့်မည်။ အောက်ဘုံနယ်ပယ်၌ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိသူများသည် နတ်ဘုံကမ္ဘာ သို့ ရောက်ရှိသွားချိန်တွင် သက်တမ်းတစ်ရာ ဖြစ်သွားသည်လား။ ရှောင်လုံ ဖတ်ရှုသည့် စာအုပ်ထဲတွင် နတ်ဘုံကမ္ဘာ သို့ တက်လှမ်းလာသည့် လူများနှင့် ပက်သက်သော သတင်းအချက်အလက် များ ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် ရှောင်လုံ သည် ဤကိစ္စကို အဖြေရှာနိုင်ခြင်း မရှိပေ။

သူက စာကြည့်တိုက်ထဲရှိ စာအုပ်များကို ဆက်လက်ဖတ်ရှုနေရင်း ကောင်းကင်က မှောင်မဲသွားလေသည်။
ထို့နောက် သူက ခြံဝန်းသို့ ပြန်လိုက်ကာ နောက်တစ်နေ့မှ ဆက်လက်ဖတ်ရှုမည်ဖြစ်သည်။

သူ ခြံဝန်းသို့ ပြန်ရောက်ပြီး ခဏအကြာတွင် အစေခံတစ်ယောက်သည် သူ့အတွက် ညစာ ယူလာပေသည်။ နတ်ဘုံကမ္ဘာ ရှိအစားအသောက်သည် အောက်ဘုံနယ်ပယ်နှင့် တူညီနေပြီး ဤနေရာရှိ ဆန်ကမူ သုံးလေးဆမျှ ပိုမို ကြီးမားပေသည်။ နတ်ဘုံကမ္ဘာ ၏ ပေါများကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအင် ကြောင့် ဆန်စေ့တိုင်းသည် ပုလဲလုံးနှယ် လှပလုံးဝန်းကာ တောက်ပနေလေပြီး စားချင်သဖွယ် မွှေးရနံ့ကို ထုတ်လွှတ်နေပေသည်။

ဗိုက်ထဲသို့ ရောက်သွားချိန်တွင် ထိုထမင်းသည် နွေးထွေးသည့် စွမ်းအင် စီးကြောင်းများ အသွင် ပြောင်းလဲ သွားလေပြီး ရှောင်လုံ၏ ခန္ဓာကိုယ် အနှံ့သို့ ရောက်ရှိသွားလေသည်။

နတ်ဘုံကမ္ဘာ၌ ပင် ကောင်းမွန်သည့် ဆန်နှင့် ဆန်ညံ့ကြား ကွာခြားမှု ရှိပေသည်။ ဥပမာ အနေဖြင့် တိုင်မိသားစု အစေခံယူလာသော ဆန်ထမင်းကို နဂါးသွားဆန်ဟုခေါ်ပြီး ထိပ်တန်းအရည်အသွေးရှိသော ဆန်စပါးဖြစ်သည်။ နဂါးသွားဆန် ကို စားသုံးခြင်းဖြင့် လူတစ်ယောက် ၏ အသက်စွမ်းအားနှင့် ခန္ဓာကိုယ် ကို အင်အား ဖြည့်တင်းပေးပေသည်။

ထိပ်တန်းအရည်အသွေးရှိသော ရှိသည့် ဆန်စပါးထက် ပိုမိုကောင်းမွန်သည့် အရာမှာကား အံ့သြဖွယ်ရာ အထွတ်အမြတ် ဆန်ထမင်း ဖြစ်ပြီး ကြာရှည် စားသုံးသည်နှင့် လူတစ်ယောက်၏ သက်တမ်းကို တိုးမြင့်ပေးနိုင်ပေသည်။ သို့သော်လည်း အထွတ်အမြတ်ဆန်ထမင်း ၏ စျေးနှုန်းသည် ထိပ်တန်းအရည်အသွေးရှိသော ဆန်ထက် အဆပေါင်းထောင်ပေါင်းများစွာ မြင့်မားပေသည်။ တိုင်မိသားစု ကဲ့သို့သော အင်အားစုတစ်ခုသည် ထိုကဲ့သို့သော စျေးကြီးသည့် အစားအစာကို ဝယ်ယူနိုင်စွမ်း မရှိပေ။ အစိမ်းရောင်တိမ်တိုက်ကျွန်း ပေါ်၌ ထိပ်တန်းဂိုဏ်းသုံးခု၏ တပည့်များသည်သာ ထိုကဲ့သို့သော ဇိမ်ခံအစားအသောက်ကို စားသုံးနိုင်စွမ်း ရှိသည်။

နတ်ဘုံကမ္ဘာ၌ နေထိုင်ခြင်းသည် များစွာသော စွမ်းရည်များကို စုပ်ယူနိုင်ပြီး ရှောင်လုံသည် သူ့၏ ခွန်အားကို ပြန်လည်ရရှိခဲ့သော်လည်း သူ့အနေဖြင့် တစ်နေ့ကို တစ်နပ်စားရန် လိုအပ်ပေသည်။

မနေ့ညက ကဲ့သို့ပင် ရှောင်လုံ သည် ကျင့်ကြံအားထုတ်ရင်း အချိန်ဖြုန်းခဲ့သည်။

နောက်တစ်နေ့မနက်စောစောတွင် သူသည် စာကြည့်တိုက် သို့ ရောက်ရှိသွားသည်။ ထိုအချိန်၌ တိုင်ယန်သည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် အစောင့်ခေါင်းဆောင် များကို ဦးဆောင်၍ သူရှိရာသို့ ရောက်ရှိလာခဲ့သည်။

တိုင်ယန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်လုံ၏ လမ်းကို ပိတ်ဆို့ကာ အေးစက်သည့် အသံဖြင့် အမိန့်ပေးလိုက်လေသည်။

" ကောင်စုတ်လေး...ငါက မင်းဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး...ငါမင်းကို နောက်ဆုံး သတိပေးလိုက်မယ်... နေဝင်လို့မှ မင်းဟာမင်း ငါတို့ တိုင်မိသားစု ထဲကနေ ထွက်မသွားဘူးဆိုရင် မင်းကို ဒီကမ္ဘာမှာ မွေးဖွားလာခဲ့တဲ့အတွက် နောင်တရသွားအောင် ငါလုပ်ပေးမယ် "

ရှောင်လုံ က တိုင်ယန်ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းငါ့ရှေ့ကနေ ထွက်မသွားဘူးဆိုရင် ငါက မင်းကိုဒီကမ္ဘာမှာမွေးဖွားလာခဲ့တဲ့အတွက်နောင်တရသွားအောင် ပြန်လုပ်ပေးလိုက်မယ် "

" ဘာ "

" ကောင်စုတ်လေး... မင်းက သေချင်နေတာပဲ "

တိုင်ယန်၏ နောက်ရှိ အစောင့်ခေါင်းဆောင် နှစ်ယောက်သည် ချက်ချင်းဆိုသလို ရှောင်လုံ့ပေါ်သို့ ဖိအားပေးလိုက်ကြသည်။

" တိုင်ယန်...မင်း ဘာလုပ်နေတာလဲ... "

ထိုအချိန်၌ အဝေးဆီမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။ တစ်ခဏအတွင်း တိုင်မူ၏ ပုံရိပ် ပေါ်ထွက်လာပေသည်။

" မိသားစုသခင်လေး "

ရှောင်လုံကို ပြဿနာရှာနေသော လူသုံးယောက် သည် ရပ်တန့်လိုက်ကြရပြီး တိုင်မူကို နှုတ်ဆက်လိုက်လေသည်။

တိုင်မူက သူတို့ရှေ့၌ ရပ်တန့်လိုက်ကာ အော်ငေါက်လိုက်လေသည်။

" တိုင်ယန်... ဒီနေရာက တိုင်မိသားစု ပဲ...တိုင်မိသားစု ထဲမှာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်အတွက် တိုက်ခိုက်တယ်ဆိုတော့...မင်းက ရေခဲအကျဥ်းထောင်ထဲမှာ ဆယ်စုနှစ် တစ်ခုကြာအောင် အပိတ်ခံချင် နေတာလား "

တိုင်ယန်နှင့် အခြားနှစ်ယောက်သည် သူတို့ မလုပ်ရဲကြောင်း ချက်ချင်း ငြင်းဆိုလိုက်လေသည်။

" မိသားစုသခင်လေး...ကိစ္စ မရှိဘူး ဆိုရင် ကျုပ်တို့ အရင်ထွက်သွားပါတော့မယ် "

ထိုသို့ပြောပြီးသည်နှင့် တိုင်ယန် သည် အစောင့်ခေါင်းဆောင် နှစ်ယောက်ကို ဦးဆောင်ကာ ထွက်သွားလိုက်လေသည်။ သူက ရှောင်လုံ၏ ဘေးမှ ထွက်ခွာသွားချိန်တွင် လှောင်ပြုံးပြုံးလိုက်သည်။

" ကောင်စုတ်လေး... ဂိုဏ်းသခင်လေးနဲ့ သခင်မလေးက မင်းကို တစ်ဘဝလုံး ကာကွယ်ပေးထားနိုင်တယ်လို့ ထင်မနေနဲ့... တိုင်မိသားစု ထဲကနေ မင်း ထွက်ခွာတာနဲ့ ဘယ်သူက ကာကွယ်ပေးနိုင်အုံးမလည်းဆိုတာ ကြည့်ရသေးတာပေါ့ "

တိုင်ယန်က သူ့၏ ရှေ့၌ ပင် ရှောင်လုံ ကို ခြိမ်းခြောက်ရဲကြောင်း မြင်လိုက်ရချိန်၌ တိုင်မူ၏ စိတ်ထဲ၌ ဒေါသများ လောင်ကျွမ်းထွက်ပေါ်လာလေသည်။

" အစ်ကိုကြီးဟောင်... အဆင်ပြေရဲ့လား "

တိုင်မူက စိုးရိမ်ပူပန်စွာဖြင့် ရှောင်လုံအားမေးလိုက်လေသည်။

ရှောင်လုံ က ခေါင်းယမ်းပြလိုက်လေသည်။

" ငါ အဆင်ပြေပါတယ် "

တိုင်ယန်တို့အုပ်စုကို ကြည့်ရင်း တိုင်မူက ဒေါသတကြီး ပြောလိုက်သည်။

" အဲ့ဒီ တိုင်ယန်က ကြာလေကြာလေ ပိုပြီး မောက်မာလာလေပဲ ...သူ့အဖေက အကြီးအကဲ အချို့ကို သိမ်းသွင်းနိုင်တာနဲ့ပဲ တိုင်မိသားစုက သူ့အပိုင် ဖြစ်လာလိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား မသိဘူး ... သူ့လို ဝက်ရုပ်နဲ့များ...ကျွန်တော့်ရဲ့ညီမကို သူက လက်ထပ်ချင်နေသေးတယ် "

တိုင်မူ၏ စကားများကို ကြားလိုက်ရချိန်တွင် ရှောင်လုံသည် နားလည်သွားပေသည်။

" အစ်ကိုကြီးဟောင်... အဲ့ဒီတိုင်ယန်က တကယ့်ကို ကျက်သရေမရှိတဲ့ လူယုတ်မာပဲ...အစ်ကို့အနေနဲ့ သူ့ကို သတိထားသင့်တယ် "

တိုင်မူက ရှောင်လုံအား ပြောလိုက်လေသည်။

ရှောင်လုံက တိုင်ယန် ကဲ့သို့သောလူကို စိထ်ထဲမထားသော်လည်း ခေါင်းညိမ့်ပြလိုက်လေသည်။

သူ့၏ လက်ရှိအဆင့်ဖြင့် ကောင်းကင်ဘုံနတ်ဘုရား အဆင့်နှင့် သိုင်းပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်း မရှိကြောင်း ရှောင်လုံ ခန့်မှန်းမိပေသည်။ သို့သော်လည်း တိုင်ချန်းတုံ ကဲ့သို့သော ကောင်းကင်ဘုံနတ်ဘုရား အဆင့် ၁နောက်ပိုင်း အထွတ်အထိပ် တစ်ယောက်ကိုမူ သတ်ဖြတ်ရန် မခက်ခဲလှပေ။

သူနှင့်စကားအနည်းငယ် ပြောပြီးနောက် တိုင်မူသည် ထွက်ခွာသွားလိုက်ပြီး ရှောင်လုံကလည်း စာကြည့်တိုက် သို့ သွားလိုက်လေသည်။

ရှောင်လုံက နတ်ဘုံကမ္ဘာ ၏ ဆေးပင်များနှင့် နတ်ဆေးလုံး များအကြောင်း မိတ်ဆက်ထားသော စာအုပ်များရှိရာ စာအုပ်စင် တစ်ခုဆီသို့ သွားလိုက်လေသည်။

သူက တစ်နှစ်တာအတွင်း မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်မူ ရှိသော်လည်း ရှောင်လုံ အတွက်မူနှေးကွေးနေဆဲဖြစ်ပေသည်။

မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် တစ်နှစ်ကြာမည်ဆိုပါက ကောင်းကင်ဘုံ အဆင့်သို့ ရောက်ရှိရန် နောက်ထပ် နှစ်နှစ်ကျော်ထက်မက
ကြာပေလိမ့်မည်။ ထို့ကြောင့် သာက နတ်ဘုံကမ္ဘာ ၏ ဆေးပင်များနှင့်နတ်ဆေးလုံးများအကြောင်း နားလည်ရန် လိုအပ်နေခြင်း ဖြစ်သည်။

ထို့နောက် သူသည် အောက်ဘုံနယ်ပယ် ကဲ့သို့ပင် နှစ်ဝက်တာ အချိန်အတွင်း ကောင်းကင်ဘုံနတ်ဘုရား အဆင့်ကို ချိုးဖျက်မည်ဖြစ်သည်။ ဤသည်မှာ အခြားသူများအတွက် ဖြစ်နိုင်ချေ မရှိသော်လည်း အန္တိမနတ်ဘုရား ဦးခေါင်းသုံးခုရှိသည့် သူ့အတွက်မူ ကိစ္စ မရှိပေ။ စာအုပ်စင်၏ ရှေ့၌ မတ်တပ်ရပ်ရင်း ရှောင်လုံသည် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ကာ စာမျက်နှာများကို လှန်လောလိုက်သည်။

အချိန်ကစီးဆင်းသွားပြီး နောက်တစ်ရက် ကုန်ဆုံးသွားသည်။

ထိုနေ့တွင် ဆေးပင်များနှင့်နတ်ဆေးလုံးများအကြောင်း ရေးသားထားသော စာအုပ်များအပြင် ရှောင်လုံသည် များပြားလှသော မိစ္ဆာသားရဲ များနှင့်ပတ်သက်သည့် စာအုပ်များအကြောင်းကိုလည်း ဖတ်ရှုခဲ့ပေသည်။

ဤသို့ဖြင့် ရှောင်လုံ သည် နတ်ဘုံကမ္ဘာ ၏ သာမန်ဆေးပင်များ ၊ နတ်ဆေးလုံး များနှင့် မိစ္ဆာသားရဲ များအကြောင်းကို နားလည်လာပေသည်။ သို့သော်လည်း တိုင်မိသားစု သည် အစိမ်းရောင်တိမ်တိုက်ကျွန်း ၏ နိုင်ငံငယ်တစ်ခုထဲရှိ အင်အားစုလေးမျှသာ ဖြစ်ပေသည်။စာအုပ် အများစုသည် အစိမ်းရောင် ကျွန်းပေါ်ရှိ အရာများအတွက်သာ ရေးသားထားခြင်းဖြစ်သည်။

အစိမ်းရောင် တိမ်တိုက်ကျွန်း၏ ဆေးပင်များနှင့် အခြားအရာများ မှာမူ စာအုပ်ထဲ၌ အလွန်တရာ နည်းပါးစွာသာ ပါဝင်ပေသည်။

တတိယမြောက်နေ့၌ ရှောင်လုံသည် နတ်ဘုံကမ္ဘာ၏ အင်အားကြီး ဂိုဏ်းများအကြောင်း ရေးသားထားသော စာအုပ်စင် ရှိရာဆီသို့ လျှောက်သွားလိုက်သည်။

ယခုအချိန်၌ ရှောင်လုံသည် မဟာနတ်ဘုရား အဆင့်၏ အထက်၌ ကောင်းကင်ဘုံနတ်ဘုရား အဆင့် ရှိသည်ကိုသာ သိရှိထားပြီး ထိုအဆင့်၏ အထက်၌ မည်သည့်အဆင့်ရှိသည်ကိုမူ သိရှိထားခြင်း မရှိပေ။ သူက ကောင်းကင်ဘုံနတ်ဘုရားအဆင့် ပြီးလျှင် မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်ကို သိရှိလိုနေပေသည်။

'ဒီတော့...ကောင်းကင်ဘုံနတ်ဘုရားအဆင့် ရဲ့အထက်မှာ ရှေးဟောင်းနတ်ဘုရား အဆင့် ရှိနေတာပေါ့ '

မကြာမှီ ရှောင်လုံ သည် အဖြေကို ရှာတွေ့သွားသည်။ သို့သော်လည်း သူက စာအုပ်စင်တစ်ခုလုံးကို ရှာဖွေပြီး နောက်၌ပင် ရှေးဟောင်းနတ်ဘုရားအဆင့် ၏ အထက်အဆင့်အကြောင်းကို ရှာတွေ့ခြင်း မရှိပေ။

သို့သော်လည်း သူက အစိမ်းရောင်တိမ်တိုက်ကျွန်း၏ အင်အားစုကြီးသုံးခုမှ ခေါင်းဆောင်များနှင့် ဘိုးဘေးများသည် ရှေးဟောင်းနတ်ဘုရားအဆင့် များ ဖြစ်ကြောင်းကိုမူ သူမှတ်သားလိုက်ရသည်။ သို့သော်လည်း ကျွန်းတစ်ခုလုံး တွင် ရှေးဟောင်းနတ်ဘုရားအဆင့် သိုင်းပညာရှင် များသည် တစ်ဒါဇင်မျှသာရှိပေသည်။

ဤသို့ဖြင့် ရှောင်လုံသည် တိုင်မိသားစု ၌ ရှိနေသည်မှာ ဆယ်ရက်ကျော်ကြာသွားသည်။ သူက နေ့အချိန်၌ စာကြည့်တိုက် သို့သွားပြီး ညအချိန်၌ ကျင့်ကြံအားထုတ်ပေသည်။

တိုင်မူနှင့် တိုင်ရှင်းလန် တို့သည် ရှောင်လုံရှိရာဆီသို့ မကြာခန လာရောက်လည်ပတ်ကြသည်။

အံ့အားသင့်စရာ ကောင်းစွာပင် ပြီးခဲ့သည့် အဖြစ်အပျက် နောက်ပိုင်းတွင် တိုင်ယန်သည် သူ့အား ပြဿနာ လာမရှာတော့ပေ။
ထို့ကြောင့် ရှောင်လုံသည် အေးအေးချမ်းချမ်း စာဖတ်ကာ ကျင့်ကြံအားထုတ် နိုင်လိုက်ပေသည်။

' တိုင်မိသားစု ကနေ ထွက်သွားဖို့ အချိန်နီးလာပြီပဲ...မနက်ဖြန်လောက် ထွက်သွားဖြစ်မယ်ထင်တယ် '

ရှောင်လုံက သူ့၏ ခြံဝန်းထဲ၌ မတ်တပ်ရပ်ရင်း တွေးတောလိုက်လေသည်။

လဝက်မျှကြာပြီးနောက် ရှောင်လုံသည် တိုင်မိသားစု ၏ စာကြည့်တိုက်မှ ပထမထပ်နှင့် ဒုတိယထပ်ရှိ စာအုပ်များကို ဖတ်ရှုပြီးသွားပြီဖြစ်သည်။ ယခုအခါ၌ ထွက်ခွာရန် အချိန်ကျလာပေပြီ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၈၅ ..... ကျင့်ကြံခြင်းနည်းစနစ် ခိုးယူခံရခြင်း

တိုင်မိသားစုမှ ထွက်ခွာမသွားမီ ရှောင်လုံသည် သူ၏ ဦးတည်ရာအရပ်ကို ဆုံးဖြတ်ထားသည်။ ထိုနေရာမှာကား သွေးဖီးနစ်တောအုပ်ဖြစ်သည်။

သွေးဖီးနစ်တောအုပ်သည် သားရဲမိစ္ဆာများ၏ နိုင်ငံဖြစ်ပြီး နေရာတိုင်း၌ အန္တရာယ် များပေသည်။ သို့သော် ထိုနေရာ၌ ဆေးပင် ပေါင်း မြောက်များစွာ ရှိသည်။

ထို့ပြင် သူက ဆေးပင်များအား စုဆောင်းရင်း မိစ္ဆာသားရဲများအားလည်း သတ်ဖြတ်ကာ နတ်ဘုရားဦးခေါင်း များကို စုစည်းနိုင်ပေလိမ့်မည်။  နတ်ဘုံကမ္ဘာ၌ မိစ္ဆာသားရဲများ၏  နတ်ဘုရားဦးခေါင်းများသည် အတော်အတန် တန်ဖိုးရှိပေသည်။

ထိုနတ်ဘုရားဦးခေါင်းများကို ရောင်းချ၍ရနိုင်ပြီး လုံလောက်သည့် ငွေကြေးရသည်နှင့် သူက ကျွန်းပေါ်ရှိ မြို့တော်များထဲတွင် အိမ်တော်တစ်ခု ဝယ်ယူနိုင်သလို နတ်ဆေးလုံး အချို့ကိုလည်း ဝယ်ယူနိုင်ပေသည်။ ၎င်းတို့ကို သူ့၏ ကျင့်ကြံမှုတိုးတက်စေရန်အတွက် အသုံးပြု၍ ရသည်။

ဤရက်များအတွင်း၌ ရှောင်လုံ သည် ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်း ၏ ဝါးမြိုခြင်းစွမ်းအားကို အသုံးပြုကာ ဘီလူးကျားသားရဲ၏ နတ်ဘုရားဦးခေါင်း ကို စုပ်ယူသန့်စင်ရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် အထဲရှိ နတ်ဘုရားအင်အား ကို စုပ်ယူနိုင်ကြောင်း တွေ့လိုက်ရသည်။

ဝါးမြိုခြင်းစွမ်းအားသည် အရင်ကထက် အဆပေါင်းများစွာ နှေးကွေးသော်လည်း သူ့၏ ကျင့်စဥ်သည် သူကိုယ်တိုင် ကျင့်ကြံအားထုတ်သည်ထက် တိုးတက်နှုန်းမြန်ပေသည်။ ထို့ကြောင့် ရှောင်လုံက အလွန်တရာ ပျော်ရွှင်သွားသည်။

မိစ္ဆာသားရဲ၏ နတ်ဘုရားဦးခေါင်း ထဲ၌ ကြမ်းတမ်းပြင်းထန်သော မိစ္ဆာချီ ပါဝင်နေသော်လည်း သူ့၏ အဆုံးမဲ့ဗုဒ္ဓ အန္တိမနတ်ဘုရားဦးခေါင်း က သန့်စင်ပစ်လိုက်သည်။ ထို့ကြောင့် ရှောင်လုံအတွက် ပြဿနာမရှိပေ။

သူက မနက်ဖြန်တွင် တိုင်မိသားစုခေါင်းဆောင်အား သွားရောက်နှုတ်ဆက်ကာ ထွက်ခွာရန် တွေးတောနေချိန်၌ အပြင်ဘက်ဆီမှ မြန်ဆန်လေးလံသော ခြေသံများကို ကြားလိုက်ရသည်။

ရှောင်လုံက နောက်လှည့်ကြည့်လိုက်ချိန်တွင် တိုင်ယန်သည် အစောင့် တစ်ဒါဇင်မျှနှင့်အတူ စာကြည့်တိုက်သို့ ရောက်ရှိလာပြီး သူ့၏ ခြံဝန်းအား ဝန်းရံလိုက်ကြသည်။

ရှောင်လုံက သူ့ခြံဝန်း ပတ်ပတ်လည်ရှိ အစောင့်များကို တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့နေလေသည်။ သို့သော် သူ့အကြည့်က တိုင်ယန်၏ ကိုယ်ပေါ်သို့ ရောက်သွားသည်နှင့် အေးစက်သွားသည်။ သူက တိုင်ယန်ပြုလုပ်လာမည့် လှည့်ကွက်များကို သိချင်နေပေသည်။

တိုင်ယန်က ရှောင်လုံကို ကြည့်ရင်း မောက်မာသည့်အသံဖြင့် ပြောလေသည်။

"ကောင်လေး...တစ်ယောက်ယောက်က ငါတို့ စာကြည့်တိုက် ရဲ့ တတိယထပ်ကို ခိုးဝင်ပြီး...အရမ်းကို အရေးကြီးတဲ့ ကျင့်စဥ် တစ်ခုကို ခိုးသွားတယ်...မင်းက အဲ့ဒီသူခိုး ဖြစ်မယ်လို့ ငါ သံသယရှိတယ်...အပြစ်ပေးခန်းမမှာ စစ်မေးခံဖို့အတွက် နာနာခံခံနဲ့ လိုက်ခဲ့ဖို့ မင်းကို အကြံပေးချင်တယ်"

ရှောင်လုံက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

"ငါက မလိုက်ချင်ဘူး ဆိုရင်ရော..."

တိုင်ယန်၏ မျက်လုံးထဲ၌ ကောက်ကျစ်သည့်အလင်းတစ်ချက် လက်သွားကာ ရယ်မောလိုက်လေသည်။

"ဒါဆို ငါ့အတွက် ပိုကောင်းသွားတာပေါ့...ဒီလိုဆိုမှတော့...မင်းကို ခေါ်ဆောင်သွားဖို့အတွက် ငါ့လူတွေကို အမိန့်ပေးရတော့မှာပေါ့ကွာ"

ထိုသို့ ပြောပြီးသည်နှင့် သူက ဘေးရှိ မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် အစောင့်ခေါင်းဆောင် နှစ်ယောက် ကို အချက်ပြလိုက်သည်။

"မင်းတို့ထဲက ဘယ်သူ သွားပြီး အဲ့ကောင်လေးကို ခေါ်ဆောင်သွားချင်လဲ"

သူတို့ထဲမှ တစ်ယောက် က ရှေ့သို့ တစ်လှမ်းတိုးလာပြီး မျက်နှာချိုသွေးလိုက်သည်။

"ကျွန်တော် က ဒီတာဝန်ကို ထမ်းဆောင်လိုက်ပါ့မယ်"

တိုင်ယန်က ခေါင်းညိတ်ပြသည်။

"အရမ်းကောင်းတယ်...သူက ခုခံရဲမယ်ဆိုရင် မင်းတို့အားလုံး သူ့ကို ခြေတွေလက်တွေ ရိုက်ချိုးပစ်လိုက်လို့ရတယ်...သူက အသက်ရှုနေသေးသရွေ့ အဆင်ပြေတယ်ကွာ...သူက ငါတို့တိုင်မိသားစုရဲ့ ကျင့်စဥ်ကို ခိုးတယ်ဆိုမှတော့...မင်းတို့ သူ့ကို ဒုက္ခိတ ဖြစ်သွားအောင် လုပ်မယ်ဆိုရင်တောင် မိသားစုသခင်က အပြစ်တင်မှာ မဟုတ်ဘူး "

တိုင်ယန်၏ စကားများအရဆိုလျှင် ရှောင်လုံသည် သံသယ ရှိသူအဖြစ်မှ ကျင့်စဥ်ကို ခိုးယူသူအဖြစ် တံဆိပ်ကပ်ခံထားရပြီ ဖြစ်သည်။

"ဟုတ်ကဲ့ သခင်လေး"

ထိုအစောင့်က ရယ်မောလိုက်ရင်း ရှောင်လုံရှိရာဆီသို့ လျှောက်လာလေသည်။

"မင်းလည်း ကြားတယ်မဟုတ်လား...မင်းက ငါတို့ တိုင်မိသားစုရဲ့ အရေးကြီး ကျင့်စဥ် ကို ခိုးယူသွားမှတော့...ငါက မင်းကို ခြေထောက်ချိုးပစ်မယ် ဆိုရင်တောင်...မိသားစုသခင်က ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး...မင်းလို မဟာနတ်ဘုရားအဆင့် အစောပိုင်းအဆင့်ခွန်အားလောက်နဲ့ ခုခံနေလို့လည်း အလကားပဲ"

ထိုအစောင့်ခေါင်းဆောင်က လှောင်ပြုံးပြုံးလိုက်လေပြီး ရှောင်လုံအား ချက်ချင်းဆိုသလို လက်သီးဖြင့် ထိုးလိုက်လေသည်။

သူ့၏ လက်သီးဆီမှ နတ်ဘုရားအင်အား ဖြာထွက်လာပြီး လေဟာနယ်ကိုပင် ဖြတ်သန်းသွားဟန်ရသည်။ သူ့၏ လက်သီးဆီမှ ဖျော့တော့သော အနီရောင်မီးတောက်များ ဖြာထွက်လာပြီး ကျားခေါင်း ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဤသည်မှာ တိုင်မိသားစု၏ ကျား မီးတောက်လက်သီး ဖြစ်သည်။ အတိအကျဆိုရလျှင် ထိုနည်းစနစ်သည် အဆင့်မြင့်မားလေပြီး အစောင့်ခေါင်းဆောင်နှင့် အထက် အကြီးအကဲများသည်သာ ၎င်းကို ကျင့်ကြံနိုင်စွမ်း ရှိကြသည်။ ထိုလက်သီးကို အင်အားအပြည့် ထုတ်သုံးလိုက်ပါက တောင်တန်းတစ်ခုကိုပင် ကွဲအက်စေကာ ပင်လယ်ရေကို ခမ်းခြောက်သွားစေနိုင်ပြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လွင့်စင်သွားစေနိုင်ပေသည်။

ထိုအစောင့်ခေါင်းဆောင်က ပြင်းထန်သည့် လက်သီးချက်ကို အသုံးပြုလိုက်သည်။ သူ့၏ လက်သီးချက်က ရှောင်လုံ၏ ကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့ပါက မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားပေမည်။ ထို့ကြောင့်လည်း တိုင်ယန်က ရှောင်လုံကို ဒုက္ခိတ ဖြစ်အောင် လုပ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ယန်နှင့် အခြားအစောင့်များသည် ယုံကြည်မှု အပြည့်ဖြင့် ရှောင်လုံ၏ သနားဖွယ်ရာ အခြေအနေအား စောင့်ဆိုင်းနေကြချိန်တွင် အခြေအနေ က ပြောင်းပြန်လှန်သွားသည်။ ရှောင်လုံက လက်သီးချက်ဖြင့် ပြန်လည်တုန့်ပြန်လာကာ သူ့၏ လက်သီးချက်က လေဟာနယ်နှင့် လေထုကို တွန့်လိမ်သွားစေပေသည်။

ကျားမီးတောက်လက်သီး၏ အရှိန်အဟုန်သည် ချက်ချင်း အက်ကွဲသွားလေပြီး ရှောင်လုံ၏ လက်သီးက ရှေ့သို့ ပျံသန်းကာ အစောင့်ခေါင်းဆောင်ကို ထိမှန်သွားသည်။

တိုင်မိသားစု၏ အစောင့်များနှင့် တိုင်ယန်၏ ရှေ့တွင် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် အစောင့်ခေါင်းဆောင် သည် ကြိုးပြတ်သွားသည့်စွန်တစ်ခုနှယ် အနီးအနားရှိ နံရံတစ်ခုဆီသို့ လွင့်စင်ထိမှန်သွားသည်။

နံရံ၏ နေရာတော်တော်များများသည် အက်ကွဲသွားလေပြီး တိုင်မိသားစု၏အစောင့်များသည် တုန်လှုပ်သွားကြရလေသည်။

"မဟုတ်ဘူး...ဒါက...မဖြစ်နိုင်ဘူး"

တိုင်ယန်က အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်လေသည်။

မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင် တစ်ယောက်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားစေခဲ့သည်လား။ ဤသည်မှာ မည်ကဲ့သို့သော ခွန်အား ဖြစ်သည်နည်း။ ထိုခွန်အားသည် ကောင်းကင်ဘုံနတ်ဘုရား အဆင့်၁ သိုင်းပညာရှင် နှင့်ပင် ညီမျှနေပေသည်။ ကောင်းကင်ဘုံနတ်ဘုရား အဆင့် ၁ သိုင်းပညာရှင် သည်သာ ထိုကဲ့သို့သော စွမ်းရည် ရှိပေသည်။

ရှောင်လုံကဲ့သို့သော မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် သည် ကောင်းကင်ဘုံနတ်ဘုရားအဆင့် ၁ အစောပိုင်းအဆင့် ခွန်အား ကို ပိုင်ဆိုင်ထားနေပေသည်။

တိုင်ယန်၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများ ပေါက်ဖွားလာပေသည်။

ဤသည်မှာ ကံကြမ္မာကုန်းမြေကြီး ပေါ်ရှိ ထိပ်တန်းဂိုဏ်းများဆီမှ ပါရမီရှင်များ၏ ခွန်အားနှင့် အတူတူပင် ဖြစ်သည်။

ရှောင်လုံက သူ့၏ လက်သီးဆုပ်ကို ဖြေချလိုက်လေသည်။ သူ့၏လက်သီးချက် က အစောင့်ခေါင်းဆောင်၏ အသက်ကို နှုတ်ယူလိုက်ခြင်း မရှိသော်ငြား ခန္ဓာကိုယ် ထဲရှိ အရိုးများအားလုံးကို ကျိုးကြေသွားစေသည်။ ထို့အပြင် ထိုသူ၏ ကိုယ်တွင်းအင်္ဂါများသည်လည်း နေရာရွေ့သွားကာ စုတ်ပြဲသွားသည်။

နတ်ဘုံကမ္ဘာ၏ နိယာမများဆီမှ ကန့်သတ်ချက်ကြောင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ် သည် အောက်ဘုံနယ်ပယ်မှ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များနှင့် ယှဥ်လျှင် အားနည်းလွန်းလှသည်။

ထို့ကြောင့် အစောင့်ခေါင်းဆောင်သည် ယခုအခါ၌ လုံးဝ အသုံးမဝင်တော့ပေ။

ရှောင်လုံ သည် တိုင်ယန်၏ဘက်သို့ လှည့်လိုက်သည်။

ရှောင်လုံ၏ အေးစက်စက်အကြည့် ကို ကြည့်ရင်း ထန်းယန်၏ စိတ်နှလုံးသည် တင်းကြပ်လာလေသည်။ သူက ထိတ်လန့်ကြောက်ရွံ့သွားပြီး အော်ဟစ်လိုက်သည်။

"လူတိုင်း အကုန်တိုက်ခိုက်ကြ...အဲ့ခွေးကောင်ကို ငါ့အတွက် သတ်ပေးကြစမ်း"

ယခုအချိန်၌ သူသည် ဟောင်ရှောင်လုံ အား သတ်ဖြတ်ပြီးနောက် ရင်ဆိုင်ရမည့် မိသားစုသခင်၏ ဒေါသကို ဂရုစိုက်မနေနိုင်တော့ပေ။

ထိုစကားများကို ကြားလိုက်ချိန်၌ ရှောင်လုံ၏ မျက်ဝန်းထဲတွင် လူသတ်လိုစိတ်များ ယှက်သန်းသွားသည်။ သို့သော် သူက ထန်းယန်အား ဒုက္ခိတ ဖြစ်အောင် လုပ်ဆောင်ရန် ကြံစည်လိုက်သော်လည်း သြဇာကြီးမားလှသည့် အသံတစ်ခု လေထုထဲ၌ ပဲ့တင်ထပ်လာလေသည်။

"ခုချက်ချင်း ရပ်လိုက်ကြ"

ထိုအသံက မိုးခြိမ်းသံနှယ် လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားပြီး အထူးသဖြင့် တိုင်မိသားစု အစောင့်များ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည်။

တိုင်ရှင်းယွမ်က ခြံဝန်းထဲသို့ ဝင်ရောက်လာပြီး တိုင်မူနှင့် တိုင်ရှင်းလန်တို့က သူ့နောက်မှ လိုက်ပါလာသည်။ ထို့ပြင် မိသားစု၏ အကြီးအကဲများနှင့် တိုင်ချန်းတုံ တို့လည်း လိုက်လာကြသည်။

တိုင်ရှင်းယွမ်တို့ အုပ်စု ဝင်ရောက်လာပြီးနောက် ကျောက်ခဲပုံကြား၌ မြုပ်နေသော အစောင့်ခေါင်းဆောင်ကို တွေ့လိုက်ကြကာ တုန်လှုပ်သွားကြလေသည်။

တိုင်ရှင်းယွမ်သည်ပင် ရှောင်လုံ၏ ခွန်အားကို လျှော့တွက်ထားခဲ့မိသည်။

ရောက်ရှိလာသော သူများကို မြင်လိုက်ရချိန်တွင် တိုင်ယန်သည် သူ့၏ ကျောက်ထောက်နောက်ခံကို ရရှိသွားသည်နှယ် ထိုသူများထံ ပြေးသွားကာ တိုင်ရှင်းယွမ် ရှေ့၌ ရပ်တန့်လိုက်လေသည်။

"မိသားစုသခင်...အဖေ...အားလုံး အချိန်ကိုက် ရောက်လာခဲ့တာပဲ...အဲ့ဒီ ဟောင်ရှောင်လုံ က ကျွန်တော် တို့ မိသားစုရဲ့ ကျင့်စဥ်နည်းစနစ်စာအုပ်ကို ခိုးခဲ့တာ...ကျွန်တော် က ဒီနေရာကိုလာပြီး သူ့ကို အပြစ်ပေးခန်းမ ဆီ လိုက်ခဲ့ဖို့ ဖိဆ်ခေါ်ခဲ့တာ...ဒါပေမယ့် သူက တကယ့်ကို မောက်မာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ...သူက အစောင့်ခေါင်းဆောင် ချူမင်ကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်လေ"

အစောင့်ခေါင်းဆောင် ချူမင်က ရှောင်လုံအား ဒုက္ခိတ ဖြစ်အောင် လုပ်ရန် ကြံစည်ခဲ့သည့်အချက်ကိုမူ တိုင်ယန်က ဖုံးကွယ်ထားပေသည်။ သူကခိုင်းစေခဲ့ခြင်းဆိုသည်ကိုလည်း ပို၍ပင် ထုတ်ဖော်ပြလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တိုင်ရှင်းယွမ်တို့အုပ်စုက သူ့အား ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေသည်ကို တိုင်ယန် သတိမထားမိပေ။

တိုင်ရှင်းယွမ်က မျက်လုံးကို မှေးကျဥ်းလိုက်ပြီး တိုင်ယန်ကို ကြည့်လိုက်သည်။

"သူရဲကောင်းလေး ဟောင်က စာကြည့်တိုက်ကနေ ကျင့်စဥ်စာအုပ်ကို ခိုးတယ်လို့ မင်းပြောနေတာလား...မင်းမှာ ဘာသက်သေရှိလဲ"

နောက်ဆုံး၌ မိသားစုသခင်၏ အသံထဲမှ ထူးဆန်းမှုကို အာရုံခံမိသွားသောကြောင့် တိုင်ယန်က ခေါင်းငုံ့လိုက်ပြီး သူ့၏ အသံက တိုးတိမ်သွားသည်။

"ဟောင်ရှောင်လုံ ကို အိမ်နီးချင်းတိုင်းပြည်တွေကနေ သူလျှိုအဖြစ် လွှတ်လိုက်တာပဲ ဖြစ်ရမယ်...မဟုတ်ရင် ကျွန်တော်တို့ တိုင်မိသားစုဆီ ရောက်လာပြီးနောက်မှာ... တခြားတောင်းဆိုမှု မရှိဘဲနဲ့ ဘာလို့ စာကြည့်တိုက်ထဲက စာအုပ်တွေကိုမှ ဖတ်ခွင့်တောင်းရတာလဲ...သူက စာကြည့်တိုက် ထဲမှာ သိမ်းထားတဲ့ လျှို့ဝှက်ကျင့်စဥ်တွေကို ခိုးချင်နေတာပဲ ဖြစ်ရမယ်...အခုဆို ကျင့်စဥ် တစ်ခု ခိုးခံလိုက်ရပြီလေ...ဒါက သူ့လက်ချက်ပဲ ဖြစ်ရမယ်"

"တော်လောက်ပြီ"

ရုတ်တရက် တိုင်ရှင်းယွမ် က အော်ဟစ်အမိန့်ပေးလိုက်ကာ တိုင်ယန်၏ စကားများကို ဖြတ်တောက်လိုက်သည်။

"အဲ့ဒီလူကို ခေါ်ခဲ့ကြစမ်း"

တိုင်ရှင်းယွမ် က ထပ်ပြောလိုက်သည်။

ခဏကြာပြီးနောက် အစောင့်အချို့သည် ဝတ်စုံနက်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ကို ခေါ်လာကြသည်။

တိုင်ရှင်းယွမ် က ထိုသူကို ညွှန်ပြလိုက်ပြီး တိုင်ယန်အား အေးစက်စက် ပြောလိုက်သည်။

"သူခိုးက ဒီလူပဲ...ငါတို့ သူ့ကို ဖမ်းမိပြီးသွားပြီ"

တိုင်ယန်က ဝတ်စုံနက်နှင့် လူကို မှင်သက်ကာ ကြည့်လိုက်ပြီး ဆက်လက်ခေါင်းမာစွာ ပြောလိုက်သည်။

"မိသားစုသခင်...ဒီလူက သူခိုးဆိုရင်တောင်...ဟောင်ရှောင်လုံက ကြံရာပါ ဟုတ်မဟုတ် ဆိုတာ ကျွန်တော်တို့ သေချာမသိနိုင်ဘူးလေ"

Pokračovat ve čtení

Mohlo by se ti líbit

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
61.5K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
26.5K 587 42
A student from the Paldea region took an interest in traveling to other regions to learn new things.