ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
971 - 975
976 - 980
981 - 985
986 - 990

966 - 970

151 9 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၆..... လီလူ ဒဏ်ရာရရှိသွားခြင်း

" ဟောင်ရှောင်လုံ... အိမ်မက်ဆိုးတောအုပ်ကနေ မင်း ထွက်သွားနိုင်ခဲ့ရင်တောင်... မရဏလမ်း ကနေတော့ ထွက်သွားနိုင်မှာ မဟုတ်ဘူးကွ"

ရှောင်လုံ က အိမ်မက်ဆိုးတောအုပ်ထဲမှ ထွက်ခွာသွားချိန်တွင် သူ့၏ နောက်ဆီမှ ဂိုဏ်းသခင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။

ရှောင်လုံက မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး သူ့၏ နတ်ဘုရားအင်အားအား လှည့်ပတ်လိုက်ကာ မဟာလေဟာနယ်ရွေ့ပြောင်းခြင်း အား ဆက်တိုက် ထုတ်သုံးလိုက်လေသည်။

အိမ်မက်ဆိုးတောအုပ် သည် လေဟာနယ်အက်ကွဲကြောင်း များ၊ အစီအရင် များဖြင့် ပြည့်နှက်နေပြီးသူ့ကို တည်နေရာ ခုန်ကူးခြင်းမှ တားမြစ်ထားလေသည်။ သို့သော် ယခုမူ သူက အပြင်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နေစရာ မလိုတော့ပေ။

သို့သော်လည်း အိမ်မက်ဆိုးတောအုပ်ထဲမှထွက်ခွာသွားချိန်တွင် ဂိုဏ်းသခင်သည်လည်း မဟာလေဟာနယ်ရွေ့ပြောင်းခြင်း ကို ဆက်တိုက်ထုတ်သုံးလိုက်ကာ ရှောင်လုံ နောက်သို့ ချက်ချင်း လိုက်လာလေသည်။

သူ့နောက်ရှိ ဂိုဏ်းသခင်ဆီမှ ထွက်ပေါ်လာသော စွမ်းအင် လှိုင်းများကို အာရုံခံမိသည်မို့ ရှောင်လုံသည် လှောင်ပြုံးပြုံးလိုက်မိသည်။ ပျံသန်းသည့် အမြန်နှုန်းအရဆိုလျှင်သူက နှေးကွေးလှပေသည်။ သို့သော် မဟာလေဟာနယ်ရွေ့ပြောင်းခြင်း ၌မူ ဂိုဏ်းသခင် က သူ့အား ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု သူ မယုံပေ။

ထို့ပြင် သူ့၌ မသေနိုင်သော နတ်ဘုရား ဆေးလုံးများနှင့် အနန္တ ကုသခြင်း ကောင်းကင်ဘုံ ဆေးလုံးများ အမြောက်အမြား ရှိနေပေသည်။ ရှောင်လုံ၏ မွေးရာပါ စွမ်းရည်ဖြစ်သော ချက်ချင်း ပြန်လည်ကုသနိုင်စွမ်းကြောင့် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်သည် သူ့အား အမှီလိုက်နိုင်စွမ်း မရှိတော့ပေ။

တစ်နာရီ ကျော် ကြာပြီးနောက်... ။

အစပိုင်း၌ ဂိုဏ်းသခင်သည် အိမ်မက်ဆိုးတောအုပ်ထဲမှ ထွက်လာချိန်တွင် ရှောင်လုံ နှင့် မီတာငါးသိန်းမျှသာ ဝေးကွာပေသည်။ သို့သော် တစ်နာရီကျော်ကြာပြီးနောက် သူတို့ကြားရှိ အကွာအဝေးသည် မီတာငါးသန်း ကွာဝေးသွားပေသည်။

နေ့ဝက်မျှကြာပြီးနောက် သူတို့ကြားရှိအကွာအဝေးသည်မီတာဆယ့်ငါးသန်း ဖြစ်သွားပေသည်။

တစ်နေ့တာ ကုန်လွန်သွားပြီးနောက် ဂိုဏ်းသခင် သည် ရှောင်လုံနှင့် မီတာသန်းငါးဆယ် ဝေးကွာသွားပြီးနောက် သူတို့ကြားရှိအကွာအဝေးသည် ပိုမို ကြီးမားလာပေသည်။

ရှောင်လုံ၏ နောက်သို့ မရပ်မနား လိုက်ပါနေသော ဂိုဏ်းသခင်သည် သူတို့ကြားရှိအကွာအဝေးမှာ အလွန်တရာ ဝေးကွာနေပြီဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သို့သော်လည်း မဟာလေဟာနယ်ရွေ့ပြောင်းခြင်း ကို အသုံးပြုခြင်းသည် နတ်ဘုရား အင်အား အမြောက်အများကို ကုန်ဆုံးစေပေသည်။ အဆုံး၌ သူ့၏ ပြန်လည်ကောင်းမွန်မှု အမြန်နှုန်းသည် ရှောင်လုံ ထက် နိမ့်ကျနေပေသည်။

ဒုတိယ မြောက်နေ့ ကုန်ဆုံးသွားပြီးနောက် သူ့၏ နတ်ဘုရား အာရုံ သည် ရှောင်လုံကို မျက်ခြေပြတ်သွားလေသည်။ သူက အရူးတစ်ယောက်နှယ် နာရီပေါင်းများစွာ လိုက်လံ ရှာဖွေသော်လည်း ရှောင်လုံ၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရပေ။ ထို့ကြောင့် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ရွေးချယ်စရာမရှိဘဲ အလျော့ပေးလိုက်ရပေသည်။ သူက ရည်ရွယ်ချက် မရှိစွာဖြင့် လက်ဝါးကို ရိုက်ချလိုက်ရင်း ဒေါသအား ထုတ်ဖော်လိုက်သည်။

မီတာငါးသိန်း အတွင်းရှိ တစ္ဆေသားရဲ များနှင့် ယင်စိတ်ဝိညာဥ် များသည် အမှုန့်အသွင် ပေါက်ကွဲ ထွက်သွားလေသည်။

" ဟောင်ရှောင်လုံ...မင်း ဒီနားမှာ ပုန်းနေတယ်ဆိုတာ ငါသိတယ်...ငါက အခုချက်ချင်း ဆေးနတ်ဘုရားမြို့တော်ကိုသွားမှာ... မင်း ငါပြောတာကိုကြားလား...ငါက နတ်ဘုရား ဆေးမြို့တော် တစ်မြို့လုံး ကို သတ်ဖြတ်ပြီးတော့ မင်းမိသားစုရဲ့ သွေးတွေနဲ့ မြို့တော်ရဲ့ လမ်းမတွေကို အနီရောင် ခြယ်ပစ်မယ်...ငါ သူတို့အားလုံး ကို သတ်ပစ်မှာ...မင်း ဘယ်လို ပုန်းနေမလဲဆိုတာ ကြည့်ရသေးတာပေါ့ "

ဂိုဏ်းသခင်က အော်ဟစ်လိုက်ပြီး သူ့၏ အသံသည် မီတာသန်းပေါင်းများစွာ အထိ ပဲ့တင်ထပ်သွားလေသည်။

သူ့၏ စကားသံများက လေထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် ဂိုဏ်းသခင်သည် ထိုနေရာမှ ချက်ချင်း ပျောက်သွားလေသည်။

သူ ပျောက်ကွယ်သွားပြီး ခနအကြာ၌ မီတာသန်းငါးဆယ် ကျော် ဝေးကွာသော တောင်ကုန်းတစ်ခု၏ အထက်တွင် ရှောင်လုံသည် ဟင်းလင်ပြင်ဆီမှ ပေါ်ထွက်လာလေသည်။

နတ်ဘုရားဆေးမြို့တော်တစ်မြို့လုံးကို သတ်ဖြတ်ပစ်မည်တဲ့လား။ ရှောင်လုံက လှောင်ပြုံးပြုံးလိုက်သည်။

နတ်ဘုရား ဆေးမြို့တော် တည်ရှိခဲ့သည်မှာ အလွန်တရာ ကြာမြင့်လှပြီဖြစ်သည် ။ ထို့အပြင် အစည်းအရုံး ၏ မဟာကျွမ်းကျင်ပညာရှင် မျိုးဆက်ဟောင်းများက မြို့တော်ကို ရှေးဟောင်း သတ်ဖြတ်ခြင်းအစီအရင် အလွှာများစွာဖြင့် ဖုံးလွှမ်းထားခဲ့သည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်က မည်မျှအထိ အားကောင်းနေစေကာမူ ထိုကဲ့သို့သော သတ်ဖြတ်ခြင်းအစီအရင် အလွှာအထပ်ထပ်၏ ရှေ့၌ သူသည် ဘေးထွက်နေရုံသာ တက်နိုင်ပေသည်။

သူတစ်ဦးတည်း စွမ်းအားဖြင့် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်သည် မဟာဆေးပညာရှင် အစည်းအရုံး တစ်ခုလုံးကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

သူ ထွက်မလာခင်က ရှောင်လုံသည် ဟောင်မိသားစု ၏ ချမ်းသာခြင်းနတ်ဘုရားအိမ်တော် ပတ်ပတ်လည်၌ ခုခံကာကွယ်ခြင်းအစီအရင် အမြောက်အမြား ခင်းကျင်းခဲ့ပေသည်။ ထို့ကြောင့် သူက သူ့မိသားစု၏ လုံခြုံမူအပေါ် အလွန်တရာ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ရှောင်လုံက သူ့ပတ်ပတ်လည်ရှိ ကွင်းပြောင်များနှင့် ထက်ရှသော တောင်ကုန်းများကို ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူက မထင်မရှား လျှို့ဝှက်လှသော လျိုမြောင် တစ်ခုသို့ ရောက်ရှိသွားပြီး တောင်နံရံပေါ်သို့ လက်သီးတစ်ချက် ထိုးလိုက်ကာ ဂူတစ်ခု ဖန်တီးလိုက်သည်။

ယခုအချိန်၌ အရေးကြီးဆုံး အရာမှာ သူ့၏ အင်အား တိုးတက်လာရန် ဖြစ်ပေသည်။ ခွန်အား မရှိပါက အရာအားလုံး သည် အပြောသက်သက်သာ ဖြစ်နေပေမည်။

ဝင်ပေါက်၏ အပြင်ဘက်၌ ခုခံကာကွယ်ခြင်းအစီအရင် ကို ခင်းကျင်းလိုက်ပြီး နောက် ရှောင်လုံသည် ဂူထဲ၌ ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် နတ်ဆေးလုံး များဖြင့် ပြည့်နှက်နေသော တောင်တန်းများရှိသည့် စိတ်ဝိညာဉ် လက်စွပ် မြောက်များစွာကို ထုတ်ယူလိုက်ကာ သူ့ရှေ့၌ မျောလွင့် နေစေလိုက်ပေသည်။

ရှောင်လုံက လက်ဖြင့် ထိတွေ့လိုက်ပြီး သိုလှောင်လက်စွပ် အားလုံး၏ အဟန့်အတား ကို ဖွင့်လှစ်လိုက်လေသည်။ ချက်ချင်းဆိုသလို မြောက်များစွာသော ဆေးလုံးများသည် ဆေးမြစ်တစ်စင်းသဖွယ် သူ့ဆီသို့ စီးဆင်းလာပြီး ခန္ဓာကိုယ် အား ရစ်ပတ်လိုက်လေသည်။

နတ်ဆေးလုံး များသည် အသန့်စင်ဆုံး သော ဆေးစွမ်းအင်များအသွင် ပြောင်းလဲသွားပြီး ရှောင်လုံ၏ ခန္ဓာကိုယ် ထဲသို့ စီးဆင်းဝင်ရောက်သွားလေသည်။

ထို နတ်ဆေးလုံး များအားလုံးသည် ရှားပါးလှသော ထိပ်တန်းအဆင့် ဆေးလုံးများဖြစ်သည်။ ထို့အပြင် အများစုသည် ကပ်ဘေးအဆင့် နတ်ဆေးလုံး များ ဖြစ်ပေသည်။ 

ထို ဆေးလုံးများထဲမှ ဆေးလုံး တစ်လုံးကို မဟာနတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင် တစ်ယောက်က အပြည့်အဝ စုပ်ယူမည်ဆိုလျှင် အနည်းဆုံး ဆယ်ရက်မှလဝက်အထိ ကြာပေလိမ့်မည်။ သို့သော် ရှောင်လုံကမူ စက္ကန့်ပိုင်း သို့မဟုတ် တစ်စက္ကန့် မျှသာ ကြာပေသည်။

မီတာသန်း၅၀ ရှည်လျားပြီး မီတာ၃၃၀၀ မြင့်မားသောနတ်ဆေးလုံး တောင်တန်းတစ်ခုသည် တစ်မိနစ်အတွင်း ကုန်ဆုံးသွားလေသည်။ ထိုအမြန်နှုန်းသည် ကြီးမားလှသော ဝေလငါးကြီးက ရေကို စုပ်ယူနေသည်နှင့် မခြားနားပေ။

တစ်ရက်ကြာပြီးနောက် ရှောင်လုံသည် မရေမတွက်နိုင်သော ဆေးတောင်တန်းများကို စုပ်ယူသန့်စင်ခဲ့ပေသည်။ တောင်တန်း အရေအတွက် က နည်းပါးလာလေလေ သူ့၏ ကျင့်စဥ်က တိုးတက်လာသည်ကို ခံစားလာရလေလေ ဖြစ်ပေသည်။ ဂိုဏ်းသခင်နှင့် တိုက်ပွဲဆီမှရရှိထားသော ဒဏ်ရာများသည် ပျောက်ကင်း သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

အချိန်များ ကုန်လာသည်နှင့် သူ့၏ စုပ်ယူသန့်စင်မှုနှုန်းသည် ပိုမို မြင့်တက်လာပေသည်။ သိုလှောင်လက်စွပ် များထဲမှ နတ်ဆေးလုံး တောင်တန်းများသည် အဆုံးမရှိသည့်နှယ် စီးဆင်းလာပေသည်။

ထိုသို့ဖြင့် ရှောင်လုံသည် လျိုမြောင်ဆီသို့ ရောက်ရှိနေသည်မှာ တစ်လကြာသွားခဲ့ပြီဖြစ်သည်။

ဆေးတောင်တန်းသောင်းပေါင်းများစွာကို စုပ်ယူသန့်စင်ပြီး နောက် မဟာနတ်ဘုရားအဆင့် ၈ အလယ်အဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေခဲ့သော ရှောင်လုံသည် ရုတ်တရက် တုန်ယင်သွားရပြီး သူ့၏ အန္တိမ နတ်ဘုရားဦးခေါင်းသုံးခုဆီမှ ကြည်လင်ပီသသော မြည်ဟီးသံတစ်ခု ကို ထုတ်ဖော်လာလေသည်။ နောက်ဆုံး၌ သူသည် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့် သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သာမန်လူတစ်ယောက်က အဆင့်မြင့် မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိသွားချိန်တွင် အဆင့်သေးတစ်ခု အောင်မြင်သည့်အချိန်တိုင်း သူတို့၏ စွမ်းအားသည် နှစ်ဆ သို့မဟုတ် သုံးဆအထိပင် တိုးတက်သွားနိုင်ပေသည်။

ယခုအချိန်၌ မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့် သို့ ချိုးဖြတ်ဝင်ရောက်သွားသော ရှောင်လုံသည် ဂိုဏ်းသခင် နှင့် ထပ်မံ တိုက်ခိုက်ရမည်ဆိုလျှင် သူက အရင်တစ်ခေါက်ကကဲ့သို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မည် မဟုတ်ပေ။

ရှောင်လုံသည် နတ်ဆေးလုံးတောင်တန်းများကို ဆက်လက်စုပ်ယူသန့်စင်လိုက်ပေသည်။

ဤကဲ့သို့ ဖြင့် တစ္ဆေသန့်စင်ခြင်း ဂိုဏ်း၏ နှစ်သန်းပေါင်း များစွာ စုစည်းထားသော နတ်ဆေးလုံးများသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှောင်လုံ စုပ်ယူသန့်စင်သည်ကို ခံလိုက်ရပေသည်။

အခြားသူများကသာ ရှောင်လုံ၏ စုပ်ယူသန့်စင်မူနှုန်းကို မြင်တွေ့လိုက်ပါက သူတို့သည် သေလုမတတ် ကြောက်ရွံ့သွားပေလိမ့်မည်။ ရှောင်လုံက မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်း သို့ ရောက်ရှိသွားပြီမို့ သူ့၏ စုပ်ယူသန့်စင်မူ အမြန်နှုန်းသည် ပိုမိုတိုးတက်လာပေသည်။

နောက်ထပ်နှစ်လအကြာတွင် ရှောင်လုံ၏ ကျင့်စဥ် သည် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်း မှ နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားလေသည်။ သူက မဟာနတ်ဘုရားအဆင့်၉ သို့ ရောက်ရှိရန် နီးကပ်လာပေသည်။

ထိုသို့ဆိုလျှင်ပင် ရှောင်လုံသည် တစ္ဆေသန့်စင်ခြင်း ဂိုဏ်း ရတနာသိုက်ဆီမှ ရရှိလာသော နတ်ဆေးလုံး များ၏ တစ်ဝက်ကျော်ကိုသာ စုပ်ယူသန့်စင်ရသေးပေသည်။

ရှောင်လုံသည် ပြင်ပကမ္ဘာအား မေ့လျော့နေပြီး နက်နဲသိမ်မွေ့သော အခြေအနေ ၌ လုံးဝ နစ်မြုပ်နေပေသည်။

ဆေးလုံးပင်လယ်၏ အလယ်တွင် ထိုင်ရင်း ရှောင်လုံ၏ စိတ်ထဲ၌ ဆေးလုံးတိုင်း၏ အကျိုးသတ်ရောက်မူများ၊ ဂုဏ်သတ္တိများနှင့် ဖော်စပ်နည်းများ ပေါ်ထွက်လာလေသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ထပ်သုံးလတာ ကုန်လွန်သွားလေသည်။

နောက်ဆုံးတွင် ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် ၉ သို့ ရောက်ရှိသွားပြီဖြစ်သည်။

ရှောင်လုံက သူ့ကိုယ်သူ တံခါးပိတ်ကျင့်ကြံနေချိန်တွင် ပုံရိပ်နှစ်ခုသည် ရှောင်လုံရှိရာဆီသို့ ပျံသန်းလာနေကြသည်။ တစ်ယောက်က ထွက်ပြေးနေခြင်းဖြစ်ပြီး နောက်တစ်ယောက်က လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ပေသည်။

အရှေ့မှလူသည် အခြားသူ မဟုတ်ဘဲ လီလူ ဖြစ်ပေသည်။

ထိုအချိန်၌ လီလူ၏ အဖြူရောင် ဝတ်စုံသည် စုတ်ပြတ်နေလေပြီး သူမ၏ နှုတ်ခမ်းထောင့်ဆီမှ အနီရောင် သွေးစက်များ ကျဆင်းနေလေသည်။ သူမ၏ အသက်ရှုနှုန်းက ဖရိုဖရဲ ဖြစ်နေကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေကြောင်းရှင်းလင်းပေသည်။

သူ့နောက်ရှိ လူမှာကား ဆရာတူအစ်ကို အကြီးဆုံး ပန်ကျန်း ဖြစ်ပေသည်။

" ကောင်မစုတ်လေး...မင်းက ဘယ်ကို ပြေးနိုင်မှာတဲ့လဲ"

ပန်ကျန်း၏ အသံက သူမနောက်မှ ထွက်ပေါ်လာလေသည်။

" ဆရာဆိုတဲ့ အဘိုးကြီးက မင်းကို တကယ် အလေးထားတာပဲ...သူက မင်းကို အဖိုးတန်တဲ့ ရှေးဟောင်းထွက်ပြေးလွတ်မြောက်ခြင်း အဆောင်တွေ အများကြီး ပေးထားတယ်ပေါ့လေ...ဒါပေမဲ့ မင်းက အဆောင်အားလုံးကို အသုံးပြုပြီးသွားပြီပဲ ဖြစ်ရမယ်... ဟီးဟီး... မင်းစောင့်နေလိုက်...ငါက မင်းရဲ့ ခန္ဓာကိုယ် ကို အပြည့်အဝ အသုံးပြုပြီး သာယာမှုကို ခံစားရမယ်...ငါက ဒီအချိန်ကို စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ"

ပန်ကျန်း၏ လက်သီးက လေထုကို ဖြတ်သန်းကာ လီလူ၏ ကျောပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

လီလူ၏ နှုတ်ခမ်းဆီမှ သွေးများအန်ကျလာပြီး ရှောင်လုံ တံခါးပိတ်ကျင့်ကြံရာ လျှိုမြောင်ထဲသို့ ကျဆင်းသွားလေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၇ ..... စိတ်ပျက်အားလျော့သော လီလူ

လီလူက မြေပြန့်လွင်ပြင်တစ်ခုနှင့် ဝင်တိုက်မိသွားပြီး ဖုန်မှုန့်သဲမှုန့်များ လွင့်ပျံသွားလေသည်။ ခဏမျှကြာပြီးနောက် ပုံရိပ်တစ်ခုသည် သူ့ရှေ့သို့ ဆင်းသက်လာသည်။

လီလူ၏ အဖြူရောင်ဇာပုဝါက ပြုတ်ကျသွားပြီ ဖြစ်သောကြောင့် ပန်ကျန်းသည် သူမ၏ ညို့ငင်အားကောင်းသော စွဲမက်ဖွယ်မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပေသည်။ ပန်ကျန်း၏ ပူလောင်ပြင်းပြနေသော အကြည့်ထဲတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည်။

"ဆရာတူညီမလေး...ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေရတာလဲ...မင်း ပြေးနိုင်မှာမဟုတ်ဘူးလို့ ငါမပြောခဲ့ဘူးလား...ရှင်းရှင်းပြောရရင် ငါနဲ့ နှစ်ကိုယ်တူ ကျင့်ကြံတာက ဘာများ မှားနေလို့လဲ...ငါက ရှေးဟောင်းယန်မီးတောက် ခန္ဓာကိုယ် နဲ့ မွေးဖွားလာတာ...ငါတို့ ကျင့်ကြံခြင်းအဖော် ဖြစ်သွားမယ်ဆိုရင် ငါတို့နှစ်ယောက် လုံးအတွက် အကျိုးရှိလိမ့်မယ်လေ"

လီလူ၏ နှုတ်ခမ်းက လှုပ်ရှားသွားသော်လည်း မည်သည့် စကားမှ ထွက်မလာဘဲ သွေးအန်လိုက်ရလေသည်။ သူမသည် ထပ်မံစကားပြောရန် မကြိုးစားတော့ဘဲ ပန်ကျန်းကိုသာ အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူမ၏ တုန့်ပြန်ပုံကို ကြည့်ရင်း ပန်ကျန်းက နှမျောတသဖြစ်ဟန်ဖြင့် ခေါင်းယမ်းလိုက်လေပြီး လျှာသပ်လိုက်လေသည်။

"ဒီလောက် နှစ်ပေါင်းများစွာထိ ကြာပြီးတာတောင်...မင်းကအရင်အတိုင်း ခေါင်းမာနေတုန်းပဲ...မင်းဆုံးဖြတ်ချက်ချပြီးသွားရင် ဘယ်တော့မှ ပြောင်းလဲမပစ်တတ်ဘူးပဲ"

လီလူ၏ မျက်လုံးထဲရှိ အေးစိမ့်စိမ့်အငွေ့အသက်က ပိုမိုစူးရှလာသည်။

"နင် ငါ့ရဲ့ ခန္ဓာကိုယ် ကို ရရင်တောင် ငါ့နှလုံးသားကိုတော့ ဘယ်တော့မှ ရမှာမဟုတ်ဘူး...ပြီးတော့ ဆရာနဲ့ ရှောင်လုံ ကလည်း နင့်ကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး "

ပန်ကျန်းက ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်သည်။

"ဟုတ်လား...အခုအချိန်မှာ ငါလိုချင်တာကလည်း မင်းရဲ့ ခန္ဓာကိုယ် ပဲ...မင်းရဲ့ နှလုံးသား ထဲမှာ ဘယ်သူပဲ ရှိရှိ အခု အရေးမပါတော့ဘူး...သိပ်မကြာခင်...ငါမင်းရဲ့ ခန္ဓာကိုယ် ကို စိတ်ကြိုက် ကျေနပ်မှုယူပြီးတာနဲ့...မင်းကို သတ်ပြီး နတ်ဘုံကမ္ဘာ ကို တက်လှမ်းသွားလိုက်ရုံပဲလေ...ဆရာနဲ့ ဟောင်ရှောင်လုံ က ငါ့ကို ဘာလုပ်နိုင်မှာတဲ့လဲ"

"ဒါ့အပြင် ဟောင်ရှောင်လုံ က အခုချိန်မှာ သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်သေးဘူး...တစ္ဆေသန့်စင်ခြင်းဂိုဏ်း တစ်ခုလုံး က သူ့ကို မြေလှန်ရှာနေကြတာ...သူက အခုဆိုရင် လိပ်တစ်ကောင်လို ပုန်းနေလောက်ပြီ"

လီလူက သူ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

"နင်က လူအရေခွံခြုံထားတဲ့ သားရဲတစ်ကောင်ပဲ..."

ပန်ကျန်းက လီလူ၏ စကားများကြောင့် အားပါးတရ ရယ်မောလိုက်သည်။

"မှားတယ်...ငါက သားရဲတစ်ကောင် ထက်တောင် ပိုဆိုးသေးတယ်...ဒါပေမယ့် ငါကြိုက်တယ်လေ"

သူက လီလူရှိရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ရင်း လျှိုမြောင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ဒီ လျှိုမြောင်က တော်တော်လေး ရှုခင်းကောင်းတာပဲ...ငါတို့နှစ်ယောက် ပျော်မြူးဖို့ အကောင်းဆုံးနေရာပေါ့"

ပန်ကျန်းကို ကြည့်နေသည့် လီလူ၏အကြည့်က ရေခဲငွေ့များပင် ယှက်သန်းလာပြီ ဖြစ်သည်။

"နင် ရှေ့ကို ဆက်တိုးလာနေဦးမယ်ဆိုရင်...ငါ့ရဲ့ နတ်ဘုရားဦးခေါင်း ကို ဖောက်ခွဲပစ်လိုက်မယ်"

ပန်ကျန်းက ခဏမျှ တောင့်ခဲသွားပြီးနောက် အားပါးတရရယ်မောလိုက်သည်။

"မင်းမှာ အခွင့်အရေး ရှိမယ်လို့များ ထင်နေလား...ဘာဖြစ်လို့ မင်း ဖောက်ခွဲနိုင်လားဆိုတာကို စမ်းမကြည့်ရတာလဲ"

သူ့စကားများကြောင့် လီလူသည် သူမ၏ နတ်ဘုရားအင်အား ကို လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ချက်ချင်းဆိုသလို သူမ၏ မျက်နှာ က ဖြူဖျော့သွားပြီး သူမ၏ နတ်ဘုရားအင်အား ကို လှည့်ပတ်နိုင်စွမ်း မရှိတော့ကြောင်း တွေ့လိုက်ရသည်။

ပန်းနုရောင်ပန်းပွင့်တစ်ပွင့်သည် ပန်ကျန်း၏ လက်နှစ်ချောင်းကြား၌ ပေါ်ထွက်လာပြီး သူက လီလူ၏ ရှေ့၌ ပန်းပွင့်ကို လှည့်ပတ်လိုက်လေသည်။

"ဒါက စိတ်ဝိညာဥ် ပြန့်ကျဲခြင်းပန်း လို့ခေါ်တဲ့ ပြိုင်ဘက်ကင်း ပန်းပွင့် ပဲ...သူ့ရဲ့ အနံ့က အဆိပ်မရှိဘူး...ဒါပေမယ့် ဒါကို အနံ့ရှုမိသွားသူတိုင်း သူတို့ရဲ့ နတ်ဘုရားအင်အားကို လှည့်ပတ်နိုင်စွမ်း မရှိတော့ဘူး...ဒါပေါ့...ဒီကိစ္စက သိပ်တော့ မကြာဘူးလေ...သုံးနာရီကနေ လေးနာရီ ထိလောက်ပါပဲ"

ပန်ကျန်းက မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်ပြီး သူ့၏အကြည့်က လီလူ၏ ခန္ဓာကိုယ် ပေါ်သို့ အစုန်အဆန် ရောက်ရှိသွားသည်။

"ဒါပေမယ့်...သုံးနာရီ လေးနာရီလောက်က ငါ့အတွက် လုံလောက်တယ်"

သူ့ရှေ့၌ အဝတ်မဲ့နေမည့် လီလူ၏ ပုံသဏ္ဍာန်၊ သူမ၏ စွဲမက်ဖွယ်ရာ ကောက်ကြောင်းများကို မြင်ယောင်ကြည့်ရင်း သူ့၏ မျက်လုံးထဲရှိ တဏှာငွေ့များသည် သိပ်သည်းလာလေသည်။

နောက်ဆုံး၌ လီလူ၏ အေးစက်စက် မျက်လုံးထဲတွင် ထိတ်လန့်စိုးရိမ်မှုများ ဝင်ရောက်လာလေသည်။

ပန်ကျန်းက သူမနှင့် စကားပြောနေချိန်၌ စိတ်ဝိညာဥ် ပြန့်ကျဲခြင်းပန်း ၏ အရောင်မဲ့အနဲ့မဲ့သော သင်းရနံ့ကို သူမဆီသို့ တိတ်တဆိတ် ပို့လွှတ်ခဲ့လိမ့်မည်ဟု လီလူ လုံးဝ တွေးမထားခဲ့မိပေ။ သူမ၏ နတ်ဘုရားအင်အား ကို ယခုအချိန်၌ လှည့်ပတ်၍မရတော့ပေ။

တစ်ခဏအတွင်း လီလူသည် သူမ၏ ရှေ့ရှိ ကမ္ဘာကြီး အက်ကွဲသွားသလို စိတ်ပျက်အားလျော့သွားရသည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ရှောင်လုံကို မြင်ယောင်လိုက်မိပြီး သူမ၏ရှေ့၌ ပေါ်ထွက်လာရန် မျှော်လင့်မိသွားသည်။

သို့သော်လည်း သူမ၏ ဆုတောင်းနေမှုအပေါ် စိတ်ထဲမှ ခေါင်းယမ်းလိုက်သည်။ ပန်ကျန်း ပြောသကဲ့သို့ပင် တစ္ဆေသန့်စင်ခြင်းဂိုဏ်း သည် ရှောင်လုံ ကို နေရာအနှံ့၌ မြေလှန်ရှာဖွေနေပေသည်။ ထို့အပြင် သူက မရဏလမ်းမှ ထွက်ခွာသွားသည်မှာလည်း ကြာလောက်ပြီ ဖြစ်သည်။

ပန်ကျန်း က လီလူနှင့် ငါးမီတာ အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုများနှင့် စိတ်ပျက်အားလျော့မှုများကို မြင်လိုက်ချိန်၌ သူ့၏ မျက်နှာထက်တွင် ဆိုးညစ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

"မင်းက အပျိုစင်လေး ဖြစ်နေသေးတယ် ဆိုပေမယ့်...ငါက မင်းကို ညင်သာနေမှာမဟုတ်ဘူး...မင်းရဲ့ ဆရာတူအစ်ကိုကြီး က ဘယ်လောက်ထိ သန်မာအားကောင်းလဲ ဆိုတာကို မင်းသိအောင် ပြရသေးတာပေါ့"

သူက လက်ဝါးကို ဆန့်ထုတ်ကာ လီလူကို သူရှိရာသို့ ဆွဲယူလိုက်လေသည်။

လီလူ၏ ခန္ဓာကိုယ် က သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေရင်း သူ့၏ နားထဲ၌ အေးစက်စက် အသံတစ်ခု ဝင်ရောက်လာသည်။

"ဟုတ်လား"

ပန်ကျန်း မတုန့်ပြန်နိုင်မီမှာပင် သူ့လက်ဆီမှ အင်အားသည် ပြန့်ကျဲသွားရလေသည်။

လီလူနှင့် ပန်ကျန်း သည် အေးစက်စက် အသံကြောင့် ကြောင်အသွားကြသည်။

လီလူ၏ မျက်နှာထက်၌ ချက်ချင်းဆိုသလို ပျော်ရွှင်မှုများ ပြည့်နှက်လာပြီး သူမ၏ ရှေ့၌ ကာကွယ်ပေးလာသော ပုံရိပ်ကို စိုက်ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်၌ သူမသည် ကောင်းကင်ကြီး ပြိုကျလာမည်ဆိုလျှင်ပင် သူမရှေ့ရှိ လူက ကောင်းကင်ကို တားဆီးပေးထားမည်ဖြစ်ကာ သူမအနေဖြင့် စိုးရိမ်ပူပန်နေစရာမလိုတော့ ဟု ခံစားလိုက်မိလေသည်။

ထိုသို့သော လုံခြုံနွေးထွေးသည့်ခံစားချက်ကို တစ်ခါမှ မခံစားဖူးသောကြောင့် သူမ၏ မျက်ဝန်းထဲ၌ မျက်ရည်များ ဝေ့သီလာသည်။

"ဟောင်...ဟောင်ရှောင်လုံ"

ပန်ကျန်း က ကြောက်လန့်တကြား ရေရွတ်လိုက်ပြီး သူနှင့် လီလူကြား၌ ပေါ်ထွက်လာသော လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"ပြောစမ်း...မင်း ဘယ်လိုသေချင်လဲ"

ရှောင်လုံ၏ အကြည့်က မြေအောက်ကမ္ဘာရှိ အအေးစက်ဆုံး ရေခဲလွှာနှင့် တူညီပြီး သူ့၏ ခန္ဓာကိုယ် ဆီမှ ဖြာထွက်လာသော သတ်ဖြတ်လိုစိတ်သာ် ပတ်ပတ်လည်လေထုကို အေးစက်သွားစေပေသည်။

"မင်း..."

ပန်ကျန်း က နောက်သို့ ချက်ချင်း ဆုတ်ခွာသွားပြီး ကြောက်လန့်တကြား တံတွေးမြိုချလိုက်မိသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခု ကို အမှတ်ရသွားသောကြောင့် အားပါးတရ ရယ်မောလိုက်သည်။

"ဟောင်ရှောင်လုံ...မင်းက ဒီလျှိုမြောင်ထဲမှာ ပုန်းနေလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး...ဒါပေမယ့် မင်းရှိနေတော့ရော ဘာဖြစ်လဲ... စိတ်ဝိညာဥ်ပြန့်ကျဲခြင်းပန်းရဲ့ အငွေ့အသက်က လျှိုမြောင်တစ်ခုလုံးကို လွှမ်းခြုံထားတာ...သူမလိုပဲ မင်းလည်း ဘယ်လို နတ်ဘုရားအင်အား ကိုမှ အသုံးပြုနိုင်မှာမဟုတ်ဘူး"

ရှောင်လုံက ပန်ကျန်းကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

ပန်ကျန်းက အနိုင်ရရှိသူနှယ် ပြုံးလိုက်သည်။

"ဒီတော့ မင်းလည်း ဘာနတ်ဘုရားအင်အားမှ အသုံးပြုလို့မရဘူးဆိုတာကို သတိထားမိသွားပြီလား...ဟောင်ရှောင်လုံ...မင်း ဘယ်လောက်ပဲ သန်မာနေပါစေ နတ်ဘုရားအင်အားမရှိဘူးဆိုရင် ငါ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး...ဟီးဟီး...ငါ ခုမှ တွေးမိတယ်...မင်း ဒီမှာ ရှိနေတာလည်း တစ်မျိုးကောင်းတာပဲ...ငါ မင်းရဲ့အရှေ့မှာပဲ မင်းရဲ့ မိန်းကလေးကို အသုံးပြုပြမယ်...ငါ သူမကို အရင်ဆုံး အဝတ်ချွတ်ပစ်လိုက်မယ်...မင်းတောင်မှပဲ လီလူရဲ့ အဝတ်မဲ့တဲ့ ခန္ဓာကိုယ် ကို မမြင်ဖူးဘူးမလား...မင်းက ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ်"

သူက ထိုသို့ ပြောပြီးသည်နှင့် ရှောင်လုံကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

"ငါ့လမ်းကနေ ခု ဖယ်လိုက်စမ်း"

ရှောင်လုံက ပန်ကျန်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး တစ်ပြိုင်တည်း လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

ကျေနပ်အားရစွာဖြင့် ကျယ်ကျယ်လောင်လောင် ရယ်မောနေသော ပန်ကျန်းသည် ရုတ်တရက် ဖြူရော်သွားသည်။ သူက ကြိုးပြတ်သွားသည့် စွန်တစ်ခုနှယ် လေထဲ လွင့်စင်သွားပြီး ကျောက်ဆောင်တစ်ခုနှင့် တိုက်မိသွားသည်။ နေရာအနှံ့သည် ဖုန်များဖြင့် လွှမ်းခြုံသွားပြီး ကျောက်စရစ်ခဲများနှင့် ကျောက်တုံးများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

အစောပိုင်း၌ လီလူသည် ရှောင်လုံက သူမကဲ့သို့ပင် နတ်ဘုရားအင်အား အား လှည့်ပတ်နိုင်စွမ်း မရှိမည်ကို စိုးရိမ်နေခဲ့မိသည်။ သို့သော် ယခုအခြေအနေကို ကြည့်ရင်း သူမသည် စိတ်သက်သာရာရသွားသည်။ ပန်ကျန်းက သူမကို ရှောင်လုံ၏ မိန်းကလေးဟု ပြောဆိုလိုက်ခြင်း ကြောင့် သူမ၏ ပါးပြင်နှစ်ဖက်သည် နီရဲသွားလေသည်။

ရှောင်လုံက ပန်ကျန်း ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ရင်း ကျောက်ခဲပုံကြီးဆီမှ ဆွဲခေါ်လိုက်သည်။ သူ့၏ မျက်လုံးများက ကြောက်ရွံ့မှုကြောင့် ကြုံ့ဝင်သွားပြီး ရှောင်လုံကို စိုက်ကြည့်လိုက်သည်။

"ဘယ်လိုလုပ်ပြီး..."

သူက နားမလည်နိုင် ဖြစ်သွားရသည်။ ဟောင်ရှောင်လုံ က မည်သို့ဖြင့် သူ့၏ နတ်ဘုရားအင်အား ကို လှည့်ပတ်နိုင်စွမ်း ရှိသွားသည်နည်း။

အမှန်မှာမူ စိတ်ဝိညာဥ်ပြန့်ကျဲခြင်းပန်း သည် ရှားပါးလှပြီး ပြိုင်ဘက်ကင်း အနံ့မဲ့ အငွေ့အသက်ရှိကာ ကျင့်ကြံသူ၏ နတ်ဘုရားအင်အား ကို ပိတ်ဆို့ထားနိုင်သော်လည်း ခြွင်းချက်ရှိပေသည်။

ထို့ပြင် ရှောင်လုံက အန္တိမနတ်ဘုရားဦးခေါင်းသုံးခုကို ဖွဲ့စည်းထားနိုင်ခဲ့သည်။ စိတ်ဝိညာဥ်ပြန့်ကျဲခြင်းပန်းသည် သူ့အပေါ် အကျိုးသက်ရောက်နိုင်ခြင်း မရှိပေ။

သူက မည်သည့် နတ်ဘုရားအင်အား ကိုမှ အသုံးမပြုလျှင်ပင် ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ပေသည်။ ပန်ကျန်း ကဲ့သို့ မဟာနတ်ဘုရားအဆင့် ၁၀ အလယ်အဆင့် သည် ဘာမှမဟုတ်သေးပေ။

ရှောင်လုံ သည် စကားတစ်ခွန်း မှ မဆိုဘဲ လေထဲ၌ လက်ကို ဆုပ်ကိုင်သည့်ဟန် လုပ်လိုက်သည်။ ပန်ကျန်းသည် သူ့တစ်ကိုယ်လုံးက ကြောက်မက်ဖွယ် အင်အားကြောင့် ရှောင်လုံရှိရာဆီသို့ ဆွဲခေါ်ခံလိုက်ရသည်အား ခံစားမိလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် အနှံ့၌ နာကျင်မှုများ စိမ့်ဝင်သွားလာနေကြောင်း သိလိုက်ရသည်။ ရှောင်လုံ က အချိန်ယူ၍ ပန်ကျန်း၏ ဘယ်လက်မောင်းကို တစ်စစီ စိမ်ပြေနပြေ ချိုးဖဲ့နေခဲ့ခြင်းပင်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်နေချိန်တွင် သူက ပန်ကျန်း၏ ခန္ဓာကိုယ် ထဲသို့ အေးခဲ နတ်ဆိုးချီကို ပို့လွှတ်လိုက်ပြီး ပန်ကျန်း၏ နတ်ဘုရားအင်အားကို ချုပ်နှောင်လိုက်ကာ ဖောက်ခွဲသတ်သေခြင်းမှ ကာကွယ်ထားလိုက်သည်။

သွေးပျက်လုမတတ် အော်ညည်းသံများသည် လျှိုမြောင်ထဲ၌ ပဲ့တင်ထပ်သွားလေသည်။

ရှောင်လုံက အမူအရာပြောင်းလဲမသွားပေ။ သူက ပန်ကျန်း၏ ဘယ်လက်ကို ချိုးဖဲ့ပစ်ပြီးနောက် ညာဘက်လက်၊ ဘယ်ခြေထောက်၊ ညာခြေထောက်နှင့်  ခန္ဓာကိုယ် တစ်ခုလုံးကို စတင်၍ တမြေမြေ့ နှိပ်စက်လိုက်သည်။

"ဟောင်...ဟောင်ရှောင်လုံ...ငါ...ငါ မှားပါတယ်...ငါ မှားတာပါ...ငါ့ကို မသတ်ပါနဲ့...ငါ့ကို မသတ်ပါနဲ့တော့"

ပန်ကျန်းက အော်ညည်းသံများကြားမှ တောင်းပန်ခယလာလေသည်။

ရှောင်လုံကမူ ပန်ကျန်း၏ ရင်ဘတ်ပေါ်သို့ လက်သီးဖြင့် ထိုးနှက်ကာ နှလုံးသားအား အက်ကွဲသွားစေလိုက်ပေသည်။ ထို့နောက် လက်သီးအချက်ပေါင်းများစွာ ပစ်သွင်းလိုက်ပြီး သူ့၏ ကိုယ်တွင်းအင်္ဂါများ အားလုံးကို ရှောင်လုံက ဖျက်ဆီးပစ်လိုက်သည်။

လီလူ၏ နှုတ်ခမ်း က ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသော်လည်း မည်သည့်စကားမှ ထွက်ပေါ်မလာခဲ့ပေ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၈.....ငရဲပင်လယ်ထဲသို့

ပန်ကျန်း၏ အရိုးများနှင့်ကိုယ်တွင်းအင်္ဂါများကို ချိုးဖဲ့ပစ်ပြီးနောက် ရှောင်လုံသည် သူ့အပေါ်သို့ လက်သီးချက်များ ဆက်လက်ပစ်သွင်းကာ လက်သီးချက်တိုင်းသည် အေးခဲနတ်ဆိုးချီကို သူ့၏ သွေးသံတရဲရဲဖြစ်နေသော မျက်နှာထဲသို့ ပျံ့နှံ့သွားစေပေသည်။

ပန်ကျန်း၏ မျက်နှာက အလွန်တရာ နာကျင်မူကြောင့် ရှုံ့မဲ့လာလေသည်။ သို့သော် ရှောင်လုံ၏ လက်သီးချက်များ က ဆက်လက်ကျဆင်းလာနေပြီး ပန်ကျန်း၏မျက်နှာသည် သွေးသံတရဲရဲဖြစ်နေသော အသားပြားတစ်ခုသဖွယ် ဖြစ်သွားလေသည်။ သို့သော် ရှောင်လုံက ပန်ကျန်းကိုချက်ချင်း သတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက် မရှိသေးပေ။

ရှောင်လုံက လက်ဖြောက်တီးလိုက်ရင်း နတ်ဆိုးမီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်
လေသည်။ နတ်ဆိုးမီးတောက်က သူ့၏ လက်ချောင်းထိပ်တွင် ကခုန်နေလေသည်။ သူက တမင်သက်သက် နှေးကွေးစွာဖြင့် ဖြည်းဖြည်းချင်း ပန်ကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်သည်။

အဆုံး၌ နတ်ဆိုးမီးတောက်က ပန်ကျန်း၏ စိတ်ဝိညာဉ် ရှိသော နတ်ဘုရား ဦးခေါင်းကို ရစ်ပတ်လိုက်ကာ မုဆိုးက သားကောင်နှင့် ကစားနေသည့်နှယ် ဖြည်းဖြည်းချင်း ဝါးမြိုလိုက်လေသည်။ ပန်ကျန်းက အသက်ရှင်ရသည်ထက် သေရသည်က ပိုကောင်းသည်ဟူသော အဓိပ္ပါယ်ကို သိရှိခံစားသွားရကြောင်း သေချာမှသာ ရှောင်လုံသည် သူ့ကို သေခွင့်ပြုလိုက်သည်။

သူက ပန်ကျန်း၏ အလောင်းကို အေးစက်စက်ကြည့်လိုက်ပြီးနောက် လီလူ့ ဘက်သို့ လှည့်ကြည့်လိုက်လသေည်။သူ့၏ မျက်နှာထက်၌ စိတ်သက်သာရာရသြားမူများ ပေါ်ထွက်လာလေပြီး သူမကို ချစ်ခင်နှစ်လိုစွာ ကြည့်လိုက်ကာ သူ့၏ အသံက အက်ကွဲနေလေသည်။

" လီလူ...မင်းအဆင်ပြေရဲ့လား "

ရှောင်လုံ၏ ရင်းနှီးနေသည့်အသံက သူမနာမည်ကို ခေါ်လိုက်သည်အား ကြားလိုက်ချိန်တွင် သူမ၏ စိတ်ခံစားချက်များသည် လွန်ဆွဲသွားလေသည်။ သူမက ခေါင်းကို အလျှင်အမြန် ခါယမ်းပြလိုက်ရင်း ပြောလိုက်သည်။

" ညီမ အဆင်ပြေပါတယ် ...ဒါပေမဲ့ အစ်ကိုသာ အချိန်မှီ ရောက်မလာခဲ့ဖူးဆိုရင်... ညီမတော့..."

သူမက စကားကို အဆုံးမသတ်လိုက်သော်လည်း တွေးတောကြည့်လျှင် သိနိုင်ပေသည်။

ဤသည်ကို စဉ်းစားမိသွားသည်နှင့် လီလူ၏ မျက်နှာသည် ဖြူဖြော့သွားလေသည်။

ရုတ်တရက် ရှောင်လုံက ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူမကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်ကာတီးတိုးပြောလိုက်လေသည်။

" လူအာ...ဒီတစ်ခေါက်တော့ မင်း ကိုယ့်ကို ထားသွားခွင့် မပြုတော့ဘူး "

သူမက အလိုအလျှောက် ရှောင်လုံကို တွန်းဖယ်ပစ်ချင်ခဲ့သော်လည်း သူ့၏ စကားများကို ကြားလိုက်ချိန်တွင် သူမ၏ နှလုံးသားထဲ၌ နွေးထွေးသည့် ခံစားချက်များ ပွင့်အလာပေသည်။ သူမ၏ လှုပ်ရှားမှုများက ရပ်တန့်သွားလေပြီး ရှောင်လုံကို သူမအား ဖက်ခွင့်ပြုထားလိုက်လေသည်။

အစပိုင်း၌ လီလူသည် အဆင်ပြေနေသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမသည် အသက်ရှုလိုက်တိုင်း ယောကျ်ားပီသသည့် အငွေ့အသက်များကို ခံစားသိရှိနေရပြီး သူ့၏ အားကောင်းလှသော လက်မောင်းများကလည်း သူမကို ပွေ့ဖက်ထားနေပေသည်။ လီလူသည် သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ် ဆီသို့ ပူလောင်မူများ တိုးဝင်လာသလို ခံစားလိုက်ရပြီး မသက်မသာဖြင့် လူးလွန့်လိုက်မိလေသည်။

ရှောင်လုံသည်လည်း ထိုကဲ့သို့သော ခံစားချက်များ ဖြစ်တည်နေပေသည်။ လီလူ၏ ခန္ဓာကိုယ် ဆီမှ ဖျော့တော့သော မွေးရနံ့ကိုရှုရှိုက်ကာ သူ့လက်မောင်းထဲရှိ သေးသွယ်သော ခန္ဓာကိုယ် ကို ခံစားသိရှိနေရင်း သူ့၏ လိုအင်ဆန္ဒကို ထိန်းချုပ်ရန် ခက်ခဲနေပေသည်။

သူ့အောက်ရှိ အငယ်ကောင်ကလည်း အရှိန်အဟုန်ပြင်းစွာ အမောက်ထောင်လာလေသည်။

လီလူက သူမ၏ ချက်အောက်နေရာကို တစ်စုံတစ်ခု လာထိကြောင်း ခံစားလိုက်ရပြီး ထိုအရာက ဘာဖြစ်သည်ကို သိရှိသွားသောကြောင့် တောင့်တင်းသွားရသည်။ သူမ၏ မျက်နှာက ပန်းသီးမှည့်တစ်လုံးနှယ် နီရဲလာလေသည်။ သူမက ရှောင်လုံ၏ လက်မောင်းများဆီမှ အလျှင်အမြန် ရုန်းထွက်လိုက်ပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးခြားထားလိုက်သည်။

လေထုသည် ကို့ရို့ကားရားအခြေအနေအသွင် ပြောင်းလဲသွားသည်။

"ဒါ...ညီမက ဘာလို့ မရဏလမ်းကို ရောက်နေရတာလဲ"

ရှောင်လုံက ဦးစွာ စကားပြောလိုက်ပြီး ကို့ရို့ကားရားအခြေအနေကို ချိုးဖျက်လိုက်လေသည်။

"ညီမက ဒီကို ယင်ယန်နတ်ရေစင် ရှာဖို့ ရောက်လာတာပါ"

လီလူက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"ယင်ယန်နတ်ရေစင် လား"

ရှောင်လုံသည် ထိုအရာ၏ အသုံးဝင်ပုံကို
သိရှိခြင်း မရှိပေ။

လီလူက ခေါင်းညိမ့်ပြလိုက်သည်။

" ညီမ ဖွဲ့စည်းနိုင်ခဲ့တဲ့ နတ်ဘုရားဦးခေါင်းက နည်းနည်း ထူးခြားတယ်လေ...ယင်ယန်နတ်ရေစင် ကပဲ ညီမရဲ့ နတ်ဘုရား ဦးခေါင်းထဲက ယင်ယန်ညီမျှမူကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်မှာ "

ရှောင်လုံက သူမ၏ နတ်ဘုရားဦးခေါင်းအကြောင်းကို မေးမြန်းခြင်းမရှိပေ။ ထိုအစား သူက ဤသို့ မေးလိုက်လေသည်။

" ဒါဆို...ညီမက ယင်ယန်နတ်ရေစင် ကို ရှာတွေ့ပြီလား "

လီလူက ခေါင်းယမ်းပြလိုက်လေသည်။

" မတွေ့သေးဘူး... ဒါပေမဲ့ အဲ့တာက ငရဲပင်လယ်ထဲမှာ ရှိတယ်ဆိုတာတော့ ညီမ သိထားပြီးပြီ "

" ငရဲပင်လယ်လား "

ရှောင်လုံက ပြုံးလိုက်မိသည်။

" တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကိုလည်း အဲ့ဒီ နေရာကို သွားဖို့ စီစဉ်နေတာ... အစ်ကိုတို့...အတူသွားကြတာပေါ့ "

ငရဲတစ္ဆေတမန်တော် ၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနတ်ဆိုး ဘုရင်၏ နန်းတော်သည် ငရဲပင်လယ်။ အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကြောင်း ရှောင်လုံ သိရှိထားပေသည်။ တစ္ဆေ
ဘုရင် နန်းတော်ဆီမှ ရတနာ များကို ရရှိမည်ဆိုလျှင် သူ့၏ ခွန်အားသည် အောက်ဘုံနယ်ပယ်၌ ပြိုင်ဘက်ကင်း ဖြစ်သွားပေလိမ့်မည်။

သူက ယခုအချိန်၌ တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်ကို အနိုင်ယူနိုင်ပြီ ဖြစ်သော်လည်း ရှောင်လုံသည် သူ့ကို သတ်ဖြတ်နိုင်ရန် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် မရှိပေ။

လီလူက တွေဝေတုံ့ဆိုင်းသွားသည်။

" ဒါက..."

" အင်း...ဒါဆို ဒီလိုပဲ အတည်ယူလိုက်ပြီ...အရင်ဆုံး ဒီနေရာက နေ ထွက်သွားကြရအောင်"

ကိစ္စများကို ဆုံးဖြတ်ပြီးသွားသည်နှင့် ရှောင်လုံသည် လီလူကို ငြင်းဆိုခွင့် မပြုတော့ပေ။ သူက သူမလက်ကိုဆွဲကာ လျိုမြောင်ဆီမှ ပျံသန်းလိုက်လေသည်။

ရှောင်လုံက သူမ၏ လက်ကို ဆွဲကိုင်ထားခြင်းသည် လီလူ့အတွက် အစိမ်းသက်သက် ဖြစ်နေပေသည်။သူမက သူမ၏လက်ကို ပြန်လည် ဆွဲယူလိုက်ချင်သော်လည်း ရှောင်လုံက သူမကို မနာကျင်စေဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေသည်။ နောက်ဆုံး၌ သူမကသာ အလျော့ပေးလိုက်ရပေသည်။

လျိုမြောင် က ထွက်ခွာပြီးနောက် ရှောင်လုံသည် တည်နေရာ ကို သတ်မှတ်လိုက်ကာ လီလူနှင့်အတူ သွေးမိုးချိုင့်ဝှမ်းသို့ထွက်ခွာလိုက်လေသည်။

ထိုနေရာသည် လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် တွေ့ဆုံရန် သဘောတူထားသော နေရာဖြစ်သည်။ နှစ်ရက်ကြာပြီးနောက် ရှောင်လုံသည် သွေးမိုးချိုင့်ဝှမ်းသို့ ရောက်ရှိသွားလေသည်။ အဘိုးအိုနှင့် ဝိညာဥ်နတ်ဆိုးဂိုဏ်း ခေါင်းဆောင်တို့ အန္တရာယ် ကင်းသည်ကိုတွေ့ ရှိလိုက်ရချိန်တွင် ရှောင်လုံသည် စိတ်သက်သာရာ ရသွားလေသည်။

သို့သော်လည်း အဘိုးအိုက လီလူကို မြင်တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားလေပြီး သူ့၏ တပည့်ကို အနည်းငယ် ဆူပူလိုက်လေသည်။

" မင်းက ဘာဖြစ်လို့ အချိန်အတော်ကြာတဲ့အထိ လာမခေါ်သလဲဆိုတာကို ငါသိချင်နေတာ...ဒီတော့ မင်းက မိန်းမလှလေး တစ်ယောက်ကို ရှာတွေ့သွားတာကိုး...အံ့သြစရာမရှိပါဘူး "

ရှောင်လုံသည် လမင်းဆင်းသက်ခြင်းအဘိုးအို၏ နောက်ပြောင်ကျီစယ်သော စကားများဖြင့် အသားကျနေပြီး ဖြစ်သည်မို့ လျစ်လျူရှုထားလိုက်လေသည်။ တစ်ဖက်ရှိ လီလူကမူ အနည်းငယ် ရှက်ရွံ့သွားလေသည်။ သို့သော် သူမက ရှောင်လုံ့အတိုင်းပင် လမင်းဆင်းသက်ခြင်းအဘိုးအိုအား ဆရာဟု နူးညံ့စွာ ခေါ်လိုက်လေသည်။

လမင်းဆင်းသက်ခြင်းအဘိုးအို၏ အိုမင်းနေသော မျက်နှာသည် အပြုံးတစ်ခုအသွင် ပြောင်းလဲသွားလေသည်။

" ကောင်းတယ်...ကောင်းတယ်... ကောင်းတယ် ...ဒါက ငါတို့ ပထမဆုံး တွေ့ဖူးတာပဲ...ဆရာ့မှာ မင်းကိုပေးစရာ ပစ္စည်း ကောင်းတော့ သိပ်မရှိဘူး...ဒီ ဆေးပညာကျမ်းစာက ငါ့ဘဝရဲ့ ဆေးဖော်စပ်မှု ဉာဏ်အလင်းတိုင်းကို ထည့်သွင်းထားတာပဲ...ငါအခု မင်းကို ပေးလိုက်မယ် "

လမင်းဆင်းသက်ခြင်းအဘိုးအိုက မည်သည့်ပစ္စည်းများဖြင့် လုပ်ဆောင်ထားမှန်း မသိရသော စာအုပ်တစ်အုပ်ကို ထုတ်ယူ လိုက်လေသည်။

လီလူက ငြင်းဆန်ချင်နေပေသည်။
သို့သော် ရှောင်လုံက ခေါင်းငြိမ့်ပြသည်ကို မြင်လိုက်ရပြီးနောက် သူမသည် စာအုပ်ကို လက်ခံလိုက်ကာ လမင်းဆင်းသက်ခြင်းအဘိုးအိုအား ကျေးဇူးတင်လိုက်သည်။

" အဘိုး...ကျွန်တော်တို့က ငရဲပင်လယ် ကို သွားမလို့...အဘိုးလည်း ကျွန်တော်တို့နဲ့အတူ လိုက်သင့်တယ် "

ရှောင်လုံက ပြောလိုက်လေသည်။

သူ့ဆရာက သွေးမိုးချိုင့်ဝှမ်းထဲ ၌ နေခဲ့မည်ဆိုပါက လုံခြုံလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိ အချိန်တွင် တစ္ဆေသန့်စင်ခြင်း ဂိုဏ်း၏ သိုင်းပညာရှင် များက သူ့ကို နေရာတိုင်းတွင် လိုက်လံရှာဖွေနေသောကြောင့် အဘိုးအိုက မရဏလမ်း မှ တစ်ယောက်တည်း ထွက်ခွာသွားမည်ကိုလည်း သူ စိတ်မချပေ။

လမင်းဆင်းသက်ခြင်းအဘိုးအို သည် လည်း ဤအချက်ကို သိရှိထားပေသည်။ ထို့ကြောင့် သူက ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်လုံနှင့်အတူ ငရဲပင်လယ် သို့ သွားရန်သဘောတူလိုက်သည်။

ခဏကြာပြီးနောက် သွေးမိုးချိုင့်ဝှမ်းမှ ပုံရိပ် လေးခု ပျံသန်းလာပေသည်။

လမ်း၌ ရှောင်လုံသည် ဝိညာဥ်နတ်ဆိုးဂိုဏ်း ခေါင်းဆောင်ဆီမှ ဂိုဏ်း၏ အခြေအနေကို စုံစမ်းမေးမြန်းလိုက်သည်။ ကပ်ဘေးဒုက္ခမှ လက်တစ်ဆုပ်စာမျှသော လူများသာ လွှတ်မြောက်သွားပြီး ဝိညာဥ်နတ်ဆိုးဂိုဏ်း ၏ သိန်းပေါင်းများစွာ သော သိုင်းပညာရှင် များအားလုံး သတ်ဖြတ်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် ရှောင်လုံ၏ မျက်လုံးထဲ၌ ထက်ရှသည့် အလင်းတစ်ချက် တောက်ပသွားသည်။ သူက အလွန်တရာ ဒေါသထွက်သွားသော်လည်း ဘာမှမလုပ်နိုင်ကြောင်း ရှောင်လုံ နားလည်ပေသည်။ သူ့၏ အရင်က ခွန်အားအရ တစ္ဆေသန့်စင်ခြင်းဂိုဏ်းကို ရပ်တန့်ပစ်ရန် အစွမ်းမရှိပေ။

သူတို့အုပ်စုက ငရဲပင်လယ်သို့ ဦးတည်လာနေချိန်တွင် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ အဓိက ခန်းမထဲ၌ ဂိုဏ်းသခင်သည် တုန်ယင်နေသော သိုင်းပညာရှင် များကို ဒေါသတကြီး ဖြင့် ဟိန်းဟောက်လိုက်လေသည်။

" အသုံးမကျတဲ့ အမှိုက်ကောင်တွေ... အခုဆို နှစ်ဝက်တောင်ကြာသွားပြီ...ဒါပေမဲ့ မင်းတို့ကလူတစ်ယောက်ကိုတောင် တွေ့အောင် မရှာနိုင်သေးဘူး...တစ်လအတွင်း ဟောင်ရှောင်လုံ ကို တွေ့အောင်မရှာနိုင်ဘူးဆိုရင်...မင်းတို့အားလုံး ဂိုဏ်းသခင်လေးနဲ့အတူ မြေမြုပ်ခံရမယ် "

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ သိုင်းပညာရှင် များသည် အလွန်တရာ တုန်လှုပ်သွားကြပေသည်။

" ဂိုဏ်းသခင် "

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ မဟာအကြီးအကဲ တစ်ယောက်သည် ရှေ့သို့ သတိထား ပြီး တိုးလာကာ ခေါ်လိုက်လေသည်။

" ပြော "

ဂိုဏ်းသခင်က အေးစက်စက် အော်ငေါက်လိုက်လေသည်။

" ဒီငယ်သားက ပြောစရာ ရှိပါတယ်... ဟောင်ရှောင်လုံ ကသာ နတ်ဆိုးပုတီးစေ့ ကို ရထားခဲ့မယ်ဆိုရင်... သူက တစ္ဆေဘုရင်နန်းတော်ကို သွားတာများ ဖြစ်နေမလားမသိဘူး "

မဟာအကြီးအကဲ က သူ့၏ အတွေးကို အလျှင်အမြန် ထုတ်ပြောလိုက်လေသည်။

" ငရဲပင်လယ် ရဲ့ နတ်ဆိုးဘုရင် နန်းတော်"

တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်၏ မျက်လုံးများ က တောက်ပသွားလေပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

" ငါ ဒါကို တကယ် မစဥ်းစားမိဘူး... မင်းပြောတာ မှန်တယ်... ဟောင်ရှောင်လုံ က ငရဲပင်လယ် ကို ထွက်သွားတာပဲ ဖြစ်ရမယ် "

ထို့နောက် သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ သိုင်းပညာရှင်များအားလုံး ကို ရှောင်လုံအား ဆက်လက်ရှာဖွေခိုင်းလိုက်ပြီး သူကမူ ငရဲပင်လယ် ဆီသို့သွားရောက်မည်ဖြစ်သည်။

သူက အမိန့်ပေးပြီးချိန်တွင် တစ္ဆေသန့်စင်ခြင်း မြို့တော်ဆီမှ ချက်ချင်း ထွက်ခွာလိုက်လေသည်။

လဝက်ကြာပြီးနောက် ရှောင်လုံတို့ လေးယောက်သည် ငရဲပင်လယ် ၏ အစပ်သို့ ရောက်ရှိသွားသည်။ သူတို့ရှေ့ရှိ ပင်လယ်ရေသည် အပြာရောင် တောက်ပလွန်းသောကြောင့် စိတ်မသက်မသာ ဖြစ်သလို ခံစားနေကြရပေသည်။ ဤသည်မှာ ငရဲပင်လယ် ဖြစ်သည်။

ဤနေရာရှိ လေပြေညင်းသည် ဖျော့ တော့သော သွေးနံ့ကို သယ်ဆောင်လာပြီး တိုးဖျော့သော ငိုညည်းသံများသည်လည်း လှိုင်းလုံးများနှင့်အတူ တက်လိုက်ကျလိုက် ဖြစ်ကာ ကြားနေရပေသည်။

" ငါတို့ သွားကြစို့...ငါ့နောက်ကနေ နီးနီးကပ်ကပ် လိုက်ခဲ့ကြ "

ရှောင်လုံက သူ့နောက်ရှိ လူသုံးယောက် ကို ပြောလိုက်ကာ ငရဲပင်လယ် ထဲသို့ ဦးဆောင်ဝင်ရောက်လိုက်လေသည်။

ရှောင်လုံတို့အုပ်စု ပင်လယ်ထဲသို့ဝင်ရောက်သွားပြီးခဏမျှကြာပြီးနောက် ကြီးမားလှသည့် အနက်ရောင် အရိပ်ကြီးသည် ရေမျက်နှာပြင်ကို ခွဲထွက်လာကာ ကောင်းကင်ကို ခုန်ထွက်လာပေသည်။ ၄င်း၏ ကြောက်မက်ဖွယ်ရာ ပါးစပ်ကြီးက ဖွင့်ဟလာကာ လူလေးယောက်ကို ဝါးမြိုရန် ပြင်လိုက်လေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၉ ..... မော့ယီရှီးနှင့် ဗုဒ္ဓဂိုဏ်းသခင်

ရှောင်လုံတို့အုပ်စုကို တိုက်လိုက်လာသည်မှာ ငရဲပင်လယ်၏ ရေနေ တစ္ဆေသားရဲများထဲမှ တစ်ကောင် ဖြစ်သည်။

ထို ရေနေတစ္ဆေသတ္တဝါများသည် မရဏလမ်း၏ တစ္ဆေချီနှင့် ငရဲပင်လယ်၏ စိတ်ဝိညာဥ်စွမ်းအင် ကို စုပ်ယူကျင့်ကြံသောကြောင့် သူ့တို့၏ ခွန်အားက ကြီးမားလှသည်။

ငရဲပင်လယ်ထဲ၌ သူတို့၏ ပြန်လည်ကောင်းမွန်မှုနှုန်းသည် တုန်လှုပ်ဖွယ်ရာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့အား သတ်ဖြတ်ရန်မှာ အလွန်တရာခဲယဥ်းလှသည်။

သို့သော်လည်း ကြီးမားလှသည့် ရေဘဝဲကြီးတစ်ကောင်နှင့် တူသော တစ္ဆေသားရဲကြီးသည် မဟာနတ်ဘုရားအဆင့် ၇ အလယ်အဆင့်ခွန်အားသာ ရှိပေသည်။ ရှောင်လုံကိုယ်တိုင် လှုပ်ရှားနေစရာပင် မလိုတော့ပေ။ ရေဘဝဲကြီးသည် ဝိညာဥ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ လက်ဝါးချက်တစ်ချက်ကြောင့် ရေပြင်ပေါ်မှ လွင့်စင်သွားလေသည်။

နက်ပြာရောင် သားရဲသွေးသည် ပင်လယ်ရေထဲ၌ စိမ့်ဝင်ပျံ့နှံ့သွားသည်။

သူတို့လေးယောက်က ရှေ့သို့ ဆက်တိုးလိုက်ကြသည်။

သူတို့သည် ပင်လယ်၏ နက်ရှိုင်းလှသောအပိုင်းသို့ ရောက်သွားသည်နှင့် သူတို့ တွေ့ကြုံရသည့် တစ္ဆေသားရဲများသည် ပိုမိုသန်မာလာသည်။ မဟာနတ်ဘုရားအဆင့် ၉ နောက်ပိုင်းအထွတ်အထိပ်အဆင့် ဖြစ်သော ဝိညာဥ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်သည်ပင် ထို တစ္ဆေသားရဲများကို ရင်ဆိုင်ရာ၌ ခက်ခဲလာပေသည်။

နေ့ဝက်မျှကြာပြီးနောက် ရှောင်လုံသည် လေထဲသို့ လက်ညွှန်လိုက်ကာ မဟာနတ်ဘုရားအဆင့် ၉ နောက်ပိုင်းအထွတ်အထိပ်အဆင့် တစ္ဆေသားရဲ၏ ခေါင်းထဲသို့ စွမ်းအင်လှိုင်းတစ်ခု ပစ်သွင်းလိုက်ကာ ဖြေရှင်းလိုက် သည်။ ထို့နောက် သူက မှောင်မည်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ညအချိန်၌ အနားယူရန် ဆုံးဖြတ်လိုက်လေပြီး သူတို့ရောက်နေသည့်နေရာနှင့် သိပ်မဝေးသေယ သဲကျွန်းတစ်ခုရှိရာဆီသို့ ကျန်သူများကို ခေါ်သွားလိုက်လေသည်။

ညအချိန်၌ သားရဲများသည် ပိုမို မြူးထူးကျက်စားတတ်ကြသည်။ လီလူနှင့် အခြားသူများ၏ လုံခြုံရေးကို တွေးတော၍ ရှောင်လုံသည် ညအချိန်၌ အနားယူပြီး နေ့အချိန်မှသာ ခရီးဆက်ရန် တွေးတောလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့လေးယောက် သည် ကျွန်း၏ ကုန်းပြင်ပေါ်သို့ ခြေချမိသွားကြသည်။

ကျွန်းသည် မီတာ ငါးသန်းမျှ ကြီးမားပြီး တောင်ထွတ်များစွာ ရှိပေသည်။ နေရာပတ်ပတ်လည်၌ ခြောက်သွေ့သော သစ်ကိုင်းခြောက် များနှင့် အက်ကွဲနေသော ယိုယွင်းပျက်စီးမှုများကိုသာ တွေ့မြင်နိုင်ပေသည်။ ကျွန်းတစ်ခုလုံးသည် သေဆုံးခြင်းအငွေ့အသက်များသာ ဖုံးလွှမ်းနေလေသည်။

ရှောင်လုံက သဲကျွန်းတစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက် စစ်ဆေးလိုက်ပြီးနောက် အခြားသူများကို ဦးဆောင်လိုက်လေသည်။ လူတိုင်း က မြေပြင်ပေါ်၌ ရိုးရိုးပင် ကြက်ခြေခတ် သဏ္ဍာန် ခြေချိတ်ထိုင်လိုက်ကြသည်။ ရှောင်လုံက သူ့လက်ဝါးကို မြှောက်လိုက်သည်နှင့် အနီးအနားရှိ သစ်ကိုင်းခြောက်များသည် သူရှိရာဆီသို့ ပျံသန်းလာပြီး မြေပြင်ပေါ်၌ အစီအရီ ကျဆင်းသွားသည်။ သူက လက်ဖျောက်တစ်ချက်တီးလိုက်ရာ မီးစွမ်းအင် နတ်ဘုရားအင်အား သည် သစ်ကိုင်းခြောက်ပုံကြီးကို မီးစွဲလောင်သွားလေသည်။

နွေးထွေးသည့်အလင်းရောင်က ပတ်ပတ်လည်ရှိ အမှောင်ထုကို လျော့ကျသွားစေသည်။

အလင်းရောင်သည် အနီးအနားရှိ တစ္ဆေသားရဲများကို ဆွဲဆောင်သွားနိုင်မည်အား ရှောင်လုံ သိသော်လည်း သူ့၏ လက်ရှိခွန်အားအပေါ် ယုံကြည်မှုရှိသောကြောင့် ဤကိစ္စကို စိတ်ထဲ ထည့်မထားပေ။

လီလူက သူ့ဘေး၌ ထိုင်ပြီး လမင်းဆင်းသက်ခြင်းအဘိုးအို နှင့် ဝိညာဥ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်တို့သည် သူနှင့် ဆန့်ကျင်ဘက်၌ ထိုင်ကြသည်။

ရှောင်လုံက သူ့၏ သိုလှောင်လက်စွပ် ထဲမှ စကြာဝဠာပွင့်ချပ်လွှာ ဝိုင်အိုးဆယ်အိုးကို ထုတ်ယူလိုက်သည်။

"စကြာဝဠာပွင့်ချပ်လွှာ ဝိုင် ပဲ"

လမင်းဆင်းသက်ခြင်းအဘိုးအို ၏ သေးငယ်သောမျက်လုံးများသည် ရှောင်လုံ ထုတ်လိုက်သော ဝိုင်ဆယ်အိုးကို မြင်ချိန်၌ တောက်ပသွားလေသည်။ အဘိုးအိုက ထိုဝိုင်၏ နာမည်ကို ချက်ချင်း ပြောနိုင်ခြင်းအား ရှောင်လုံ အံ့အားသင့်ခြင်းမရှိပေ။ သူက စကားတစ်ခွန်း မှ မဆိုဘဲ အဘိုးအိုဆီသို့ ဝိုင်တစ်အိုး ပစ်ပေးလိုက်သည်။

အဘိုးအိုက စက္ကန့်ပိုင်းမျှပင် မစောင့်ဆိုင်းနိုင်တော့ဘဲ ချက်ချင်းပင် ဝိုင်အိုးအဖုံးကို ဖယ်ရှားလိုက်သောကြောင့် မွှေးပျံ့ကာ သွေးဆောင်ညို့ငင်နိုင်စွမ်းရှိသော ဝိုင်၏သင်းရနံ့သည် ထွက်ပေါ်လာလေသည်။ အဘိုးအိုက ခေါင်းမော့လိုက်ပြီး ဝိုင်အိုးကို အားပါးတရ မော့သောက်လိုက်သည်။ သူက လျှာသပ်လိုက်ရင်း အော်ဟစ်လိုက်လေသည်။

"အရက်ကောင်းပဲ...တကယ့်ကို အရက်ကောင်းပဲ"

ကျန်သူများက သူ့ကို ကြည့်ကာ ရယ်မောလိုက်ကြသည်။

လီလူ၏ ဆွဲဆောင်မှုရှိလှသော အပြုံးကိုကြည့်ရင်း ရှောင်လုံက မေးလိုက်သည်။

"ညီမ ရော သောက်ကြည့်ချင်လား"

လီလူက ခေါင်းယမ်းပြသည်။

"မသောက်တော့ဘူး"

"နှမြောစရာပဲ...အရမ်းကောင်းတဲ့ ဝိုင်အရက်ရှိပေမယ့်...အသားကတော့ မရှိဘူးကွာ"

လမင်းဆင်းသက်ခြင်းအဘိုးအို က နှုတ်ခမ်းထောင့်ကို လက်ခုံဖြင့် သုတ်လိုက်ရင်း ညည်းညူလိုက်သည်။

ရှောင်လုံက ခပ်နောက်နောက်ပြုံးလိုက်သည်။

"မကြာခင် ရှိလာမှာပါ"

သူ့၏ အသံထွက်ပေါ်လာသည်နှင့် တစ္ဆေသားရဲတစ်ကောင်၏ ထူးဆန်းလှသော ဟိန်းဟောက်သံသည် ထွက်ပေါ်လာပြီး ရှောင်လုံတို့ရှိရာ ကျွန်းပေါ်သို့ ရောက်ရှိကျဆင်းလာသည်။ ထိုသားရဲသည် ၆၆ မီတာရှည်သော မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် ရေလူဝံတစ်ကောင် ဖြစ်သည်။ ၎င်း ရောက်ရှိလာသည်နှင့် ကျွန်းတစ်ခုလုံးသည် တုန်ခါသွားလေသည်။

ရေလူဝံက ဘာမှ မလုပ်နိုင်မီ ရှောင်လုံက စိတ်ဝိညာဥ်စွမ်းအင် ဓားတစ်ချောင်းဖြင့် ရေလူဝံ၏ စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်သည်။ထို့နောက် ဓားတစ်ချောင်းက သူ့လက်ထဲ၌ ပေါ်ထွက်လာကာ ရေလူဝံကို အသားလွှာပေါင်း ထောင်ချီသည်အထိ ပိုင်းဖြတ်လိုက်သည်။ ထိုအသားလွှာများသည် သပ်သပ်ရပ်ရပ်ဖြင့် သူတို့ရှေ့သို့ ပုံကျလာသည်။

ယခုမှသာ လမင်းဆင်းသက်ခြင်းအဘိုးအို သည် ရှောင်လုံ ဆိုလိုသောစကားကို နားလည်သွားသည်။

"ကောင်စုတ်လေးဟောင်...ဒီရေလူဝံအသားက စားလို့ရတာ သေချာလား...ငါကြားဖူးတာတော့ တစ္ဆေသားရဲရဲ့ အသားက အဆိပ်ရှိတယ်တဲ့"

အဘိုးအိုက သံသယအပြည့်ဖြင့် ပြောလိုက်သည်။

ရှောင်လုံက ခပ်ဖွဖွပြုံးပြလိုက်သည်။

"စိတ်ချလက်ချ စားပါ...အဆိပ်မိမှာ မဟုတ်ဘူး"

သူ့၏ မီးစွမ်းအင်နတ်ဘုရားအင်အား နှင့် အသားကိုကင်လိုက်ပြီးနောက်တွင် ထိုထဲရှိ အဆိပ်များကို လောင်ကျွမ်းသွားပေလိမ့်မည်။

ရှောင်လုံက ရေလူဝံ၏ ဝမ်းဗိုက်သားအပိုင်းလေးများကို သီတံဖြင့် တံစို့ထိုးလိုက်ပြီး မီးဖြင့် ကင်လိုက်သည်။ သိပ်မကြာမီ သွားရည်ကျစရာ မွှေးပျံ့ကြိုင်လှိုင်သည့် အသားကင်နံ့သည် လေထုထဲ၌ စွဲထင်လာပေသည်။

"အရသာရှိလိုက်တာကွာ"

လမင်းဆင်းသက်ခြင်းအဘိုးအို က အသားတစ်ဖတ်ကို ကိုက်ဝါးလိုက်ပြီးနောက် ပျော်ရွှင်စွာ ရေရွတ်လိုက်မိကာ ကျန်သည့် အသားကင်မျာယသည်လည်း သူ့ပါးစပ်ထဲ ဆက်တိုက်ရောက်သွားသည်။

ရှောင်လုံက အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်မိသည်။ သူက သူ့၏ အသားကင်စွမ်းရည်အပေါ် အလွန်တရာ ယုံကြည်မှုရှိပေသည်။ ထို့နောက် သူက သီတံဆီမှ အသားကင်တစ်ခုကို ယူကာ လီလူအား ကမ်းပေးလိုက်လေသည်။

လီလူက အသားကင်များအားဆက်တိုက် စားသောက်နေသော လမင်းဆင်းသက်ခြင်းအဘိုးအိုးအား ချောင်းကြည့်လိုက်မိပြီးနောက် ရှောင်လုံ သူမအား ပေးလာသည့် တောက်ပကာ မွှေးကြိုင်နေသော အသားကင်ကို ကြည့်လိုက်သည်။ သူမက တိတ်တဆိတ် လက်ခံလိုက်ကာ တစ်ကိုက်ကိုက်လိုက်သည်။ ချက်ချင်းဆိုသလို သူမ၏ လှပသောမျက်ဝန်းတစ်စုံက တောက်ပသွားလေပြီး သူမ၏ သေးငယ်သော နှုတ်ခမ်းလေးသည် ရပ်တန့်ခြင်းမရှိတော့ပေ။

ဤသည်ကို ကြည့်ရင်း ရှောင်လုံသည် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။

စားနေသည့်အချိန်၌ပင် လီလူသည် လှပကျော့ရှင်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် သူမ၏ အနီရောင်ချယ်ရီ နှုတ်ခမ်းလေး ဖွင့်ပိတ်သွားတိုင်း တစ်ချက်မျှမြည်းစမ်း၍ ကိုက်ပစ်ချင်စိတ် ပေါ်လာစေပေသည်။

အသားကင်တော်တော်များများ စားလိုက်ပြီးနောက် အဘိုးအို သည် သူ့၏ ပြည့်အင့်သွားသောဗိုက်ကို တဘုတ်ဘုတ်ရိုက်ကာ ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။

"ကောင်စုတ်လေးဟောင်...မင်း အသားကင်တာကို ဘယ်ကနေ သင်လာတာလဲ"

သူ ဘယ်ကနေ သင်လာသည်လဲတဲ့လား။

ရှောင်လုံသည် သု့၏ အတိတ်ဘဝက ကမ္ဘာမြေအကြောင်းကို သတိရသွားမိသည်။ သူ့အတွက်မူ အတိတ်ဘဝ၏ မှတ်ဉာဏ်များသည် ဖုန်အလိမ်းလိမ်းကပ်ညိနေသော ဖန်သားပြင်နှယ် ဖြစ်နေလေသည်။

တစ်ခါတစ်ရံ၌ သူသည် ကမ္ဘာမြေသို့ ပြန်ရန်အတွက် အခွင့်အရေးရနိုင် မရနိုင်ကို သိချင်နေမိသည်။

ယေဘုယျကျကျ ပြောရမည်ဆိုလျှင် ထိုစကြာဝဠာသည် သူ ယခုရှိနေသည့်နေရာနှင့် မတူညီသော်လည်း သူပြန်ချင်ပါက ပြန်ရန် အခွင့်အရေးရှိကြောင်း ရှောင်လုံ ယုံကြည်ပေသည်။ ဟုတ်ပေသည်...ဤသည်မှာ အနာဂတ်ရောက်မှသာ ဖြစ်သည်။ သူ့၏ လက်ရှိခွန်အားဖြင့်မူ စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ကောင်းကင်ဘုံနတ်ဘုရားအဆင့် သိုင်းပညာရှင်  သည်ပင် ထိုကဲ့သို့သော စွမ်းရည်မရှိပေ။

ရှောင်လုံက တိတ်ဆိတ်သွားကာ လွမ်းဆွတ်တမ်းတနေဟန်ကို ကြည့်ရင်း လမင်းဆင်းသက်ခြင်းအဘိုးအို သည် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"မရဏလမ်းရဲ့အတွင်းပိုင်း မှာ နှစ်သုံးသန်း နဲ့ နှစ်လေးသန်း သက်တမ်းရှိတဲ့ ဆေးပင်တွေ ရှိတယ်လို့ လူတိုင်း မပြောကြဘူးလား...ဒါ့အပြင် နှစ်ဆယ်သန်းရှိတဲ့ ဆေးပင် တွေတောင် ရှိတယ်ဆိုပဲ...ဒါပေမယ့် ငါတို့တော့ မြက်ရိုင်းပင်တောင် မတွေ့ရပါလားကွ"

ရှောင်လုံ က သူ့စကားများကို နားထောင်ရင်း ရယ်မောလိုက်သည်။

"ဒီမှာ ရှိနေမယ်ဆိုရင်တောင်...နှစ်တွေ အများကြီး ကြာခဲ့ပြီပဲလေ...တစ္ဆေသန့်စင်ခြင်းဂိုဏ်း နဲ့ မရဏလမ်းထဲက အခြားဂိုဏ်းတွေ ယူသွားကြလောက်ပြီပေါ့...ဒါပေမယ့် ငရဲပင်လယ် ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ဆေးပင် အမြောက်အမြား ရှိလိမ့်မယ်"

"ဒါဆိုရင်တော့ ထားလိုက်ပါတော့ကွာ"

လမင်းဆင်းသက်ခြင်းအဘိုးအို က ခေါင်းယမ်းပြလိုက်သည်။

ငရဲပင်လယ်၏ အောက်ခြေရှိ ရေခဲချီသည် အလွန်တရာအားကောင်းလှပြီး မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင် သည်ပင် ထိုထဲသို့ မဝင်ရောက်ခင် နှစ်ခါပြန်စဥ်းစားရပေမည်။

နောက်တစ်နေ့ မနက်ခင်း၌...။

ကောင်းကင်ယံသည် မီးခိုးရောင်တောက်နေချိန်တွင် ရှောင်လုံတို့ အုပ်စုသည် သဲကျွန်းမှ ထွက်ခွာလာခဲ့သည်။

လီလူ ရှာဖွေနေသော ယင်ယန်နတ်ရေစင်သည် ယင်ယန်တစ္ဆေချိုင့်ဝှမ်းဟုခေါ်သော ကျွန်းတစ်ခုပေါ်၌ တွေ့ရှိနိုင်ပေသည်။ သူတို့အုပ်စု၏ အမြန်နှုန်း အရဆိုလျှင် လေး ငါးရက်အတွင်း ကျွန်းဆီသို့ ရောက်ရှိနိုင်သည်။

ငါးရက်ကြာပြီးနောက် သူတို့သည် ယင်ယန်တစ္ဆေချိုင့်ဝှမ်းကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

သူတို့လေးယောက် က ကျွန်းနှင့် ပိုမိုနီးကပ်လာချိန်တွင် အရှေ့ဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်ပေါက်ကွဲမှုလှိုင်းများကို အာရုံခံမိလိုက်ကြသည်။ နတ်ဆိုးချီက ကောင်းကင်သို့တိုင် ထိုးတက်နေလေသည်။ နတ်ဆိုးချီ၏ တည်ရှိမှု အပြင် ဗုဒ္ဓစွမ်းအင်လည်း ရှိနေလေပြီး ပင်လယ်၏ မီတာ သန်း၅၀၀ တခွင်ကို တောက်ပသည့်အလင်းဖြင့် လွှမ်းခြုံနေလေသည်။

သိသာစွာပင် အရှေ့နေရာ၌ သိုင်းပညာရှင်များတိုက်ခိုက်နေကြခြင်း ဖြစ်ပြီး သူတို့၏ ခွန်အားသည် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်ထက် မြင့်မားလှသည်။

"ဟီးဟီး...ဗုဒ္ဓဂိုဏ်းသခင်...ကြည့်ရတာ မင်းရဲ့ မြေဗုဒ္ဓသဗ္ဗ ပညာရပ်က ကျော်သလောက် မတော်ပါဘူးကွာ...ဒီနေ့ ယင်ယန်နတ်ပန်းက ငါ မော့ယီရှီးအတွက်ပဲ ဖြစ်ရမယ်"

ထိုအချိန်၌ မောက်မာကာ ဘဝင်လေဟပ်နေသည့်အသံကို ရှောင်လုံတို့အုပ်စု ကြားလိုက်ကြရသည်။

သူတို့လေးယောက် သည် အံ့သြမှင်သက်သွားကြသည်။ အရှေ့၌ တိုက်ပွဲ ဖြစ်နေသူများမှာ ရှေးဟောင်းနတ်ဆိုးကလန် ၏ ဘိုးဘေး မော့ယီရှီးနှင့် ဗုဒ္ဓဂိုဏ်းသခင် တို့ ဖြစ်သည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၇၀.....ကျုပ်သတ်ပစ်ချင်တဲ့သူကခင်ဗျားပဲ

ရှောင်လုံတို့အုပ်စုက မော့ယီရှီး နှင့် ဗုဒ္ဓ ဂိုဏ်းသခင် တို့ တိုက်ပွဲ ကို တွေ့လိုက်ရပြီး တုန်လှုပ်မှင်သက်သွားကြချိန်တွင် မမျှော်လင့်ထားသော စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာပေသည်။

လီလူ ၊ လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ဖန်းယုရှောင်းတို့သည် တုန်လှုပ်မှု ကြောင့် တောင့်ခဲသွားကြလေသည်။

ရှောင်လုံက သူ့၏ လက်ဝါးဖြင့် အလျှင်အမြန် ရင်ဆိုင်လိုက်သောကြောင့် တုန်လှုပ်ဖွယ်ရာ စွမ်းအင်လှိုင်းသည် လေထုအလယ်၌ ရပ်တန့်သွားပြီး ပူပေါင်းများသဖွယ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလေသည်။

" အမ် "

ရှေးဟောင်းနတ်ဆိုး ကလန်ဘိုးဘေး မော့ယီရှီး က အနည်းငယ် အံ့အားသင့်သွားလေသည်။

နောက်တစ်ခဏ၌ သူသည် ရှောင်လုံတို့အုပ်စု ရှေ့သို့ ရောက်ရှိသွားလေသည်။

" မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် "

မျက်တောင်တစ်ခတ်အတွင်း မော့ယီရှီး သည် ရှောင်လုံ၏ ကျင့်စဥ် ကို သိမြင်သွားပြီး ထပ်ပြောလိုက်လေသည်။

" မင်းက ငါတို့တိုက်ပွဲရဲ့ တုန်လှုပ်မူလှိုင်းတွေကို တောင့်ခံနိုင်စွမ်း ရှိနေတာပဲ... မင်း ဒီနေရာထိ ရောက်လာတာက အံ့အားသင့်စရာ မရှိပါဘူး "

အနက်ရောင် ဆံပင်နှင့် လူငယ်သည် သူနှင့် ဗုဒ္ဓဂိုဏ်းသခင်တို့ ၏ တိုက်ပွဲဆီမှ တုန်လှုပ်မူလှိုင်းများ ကို ပြန့်ကျဲသွားစေနိုင်စွမ်း ရှိသော်လည်း မော့ယီရှီးသည် အနည်းငယ်အံ့အားသင့်သွားရုံမှတပါး မည်သည့်စိတ်ဝင်စားမှုမှ မရှိတော့ပေ။

မော့ယီရှီး ၏ အကြည့်သည် အနက်ရောင်ဆံပင်နှင့်လူငယ်၏ အုပ်စုထဲရှိ အခြား လူသုံးယောက် ကိုကြည့်ရှုလိုက်ရင်း အတွေးတစ်ခုသည် သူ့၏ စိတ်ထဲ၌ ဝင်ရောက်လာလေသည်။ သူက ဗုဒ္ဓဂိုဏ်းသခင် ကို ကြည့်ကာ ပြောလိုက်လေသည်။

" ကောကျန့်...ငါတို့နှစ်ယောက် ရက်ပေါင်းများစွာ တိုက်ခိုက်မယ်ဆိုရင်တောင်...ရလဒ် ကို သတ်မှတ်ဖို့ ခက်ခဲလိမ့်မယ်... ဒီလိုဆိုရင် ဘယ်လိုလဲ ...ငါတို့ ဒီလေးယောက်ကို ပစ်မှတ်အဖြစ် အသုံးပြုလိုက်ရအောင်...ဒီလေးယောက်ကို သတ်နိုင်တဲ့သူ ဒါမှမဟုတ် အများဆုံး သတ်နိုင်တဲ့သူ က အနိုင်ရမယ်...အဲ့ဒီ သူက နှစ်ပေါင်းဆယ်သန်း သက်တမ်းရှိတဲ့ ယင်ယန်နတ်ပန်းကို ရရှိလိမ့်မယ်"

မော့ယီရှီး က ရှောင်လုံတို့အုပ်စု ကို ညွှန်ပြကာ ပြောလိုက်လေသည်။

သူက သူနှင့်ဗုဒ္ဓဂိုဏ်းသခင်တို့ ကြားရှိတိုက်ပွဲကို အဆုံးသတ်ရန် ရှောင်လုံတို့အုပ်စု ကို အသုံးပြုချင်နေပေသည်။

ရှင်းရှင်းလင်းလင်း ပင် မော့ယီရှီး၏ မျက်လုံးထဲ၌ ထို လေးယောက်ကို သူသတ်ချင်တိုင်းသတ်လို့ရသော ဘာမဟုတ်သည့် ပုရွက်ဆိတ်များနှယ် သတ်မှတ်ထားသည်။

ဗုဒ္ဓဂိုဏ်းသခင် က ရှောင်လုံတို့အုပ်စုကို ကြည့်ကာ ခေါင်းယမ်းပြလိုက်လေသည်။

" အောမိသောဖော... ကောင်းကင်ဘုံ က သက်ရှိအားလုံးကို သနားဂရုဏာထားပါတယ်...ငါတို့ အခြားနည်းလမ်းကို ပြောင်းလဲသင့်တယ် "

မော့ယီရှီး က ယုတ်မာကောက်ကျစ်စွာဖြင့် လှောင်ရယ်လိုက်လေသည်။

" ကောင်းကင်ဘုံက သက်ရှိအားလုံးကို ဂရုဏာထားပါတယ်ဆိုတဲ့ ချီးစကားတွေမပြောစမ်းနဲ့ ...အင်အားကသာ အရာရာကို ဆုံးဖြတ်ပေးနိုင်မှာ... ဒါက ကမ္ဘာပေါ်မှာ ဘယ်တော့မှမပြောင်းလဲတဲ့ ထာဝရစည်းမျဥ်းပဲ ...မင်းက သူတို့ကို မသတ်ချင်ဘူးလား...ကောင်းပြီ... ဒါဆိုလည်း ငါသတ်လိုက်မယ်...နှစ်ဆယ်သန်းသက်တမ်းရှိတဲ့ ယင်ယန်နတ်ပန်းက ငါ့အပိုင် ဖြစ်သွားတာပေါ့ကွာ "

သူ့၏ စကားမဆုံးသေးမှီမှာပင် မော့ယီရှီးသည် ရှောင်လုံတို့ ရှိရာဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

" နတ်ဆိုးဘုရင် ၏ လက်သီး "

နတ်ဆိုးချီက ရိုက်ခတ်လာပြီး ကြီးမားလှသော နတ်ဆိုးဘုရင်၏ အရိပ်ကြီးသဖွယ် ကောင်းကင်ကို အုပ်မိုးသွားလေသည်။

မထိန်းချုပ်နိုင်စွမ်းသော သတ်ဖြတ်မှုနှင့် သွေးဆာမှု အငွေ့အသက်သည် ကျွန်း၏ နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

အရင်က နတ်ဆိုးကလန် ခေါင်းဆောင် မော့တင်းထန်းသည်လည်း ရှောင်လုံကို တိုက်ခိုက်ရန် နတ်ဆိုးဘုရင်၏ လက်သီးသိုင်းအား အသုံးပြုခဲ့ပေသည်။ သို့သော်လည်း သူတို့နှစ်ယောက် ကို ယှဥ်လိုက်လျှင် မော့တင်းထန်းသည် အဆပေါင်းရာချီ အားနည်းနေပေသေးသည်။

မော့ယီရှီး ၏ ရယ်မောသံက လေထုထဲ၌ ပဲ့တင်ထပ်သွားလေသည်။

" ကောကျန့်...မင်း သူတို့လေးယောက်ကို ဘယ်လိုကယ်မလဲဆိုတာ သိချင်မိတယ် "

ဗုဒ္ဓဂိုဏ်းသခင် ၏ ခွန်အားသည် သူနှင့် ယှဥ်ပြိုင်နိုင်သော်လည်း ထိုလူများကို အချိန်မှီ ကယ်တင်နိုင်လိမ့်မည်ဟု မော့ယီရှီး မယုံကြည်ပေ။

ဗုဒ္ဓဂိုဏ်းသခင်သည် လည်း မော့ယီရှီး က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထို့ကြောင့် သူက မော့ယီရှီး ကို တားမြစ်ချင်လျှင်ပင် အလွန်တရာ နောက်ကျသွားပြီဖြစ်သည်။ မော့ယီရှီးနှင့်ဗုဒ္ဓဂိုဏ်းသခင်တို့ သည် ထိုလူလေးယောက်ကို အသားပြား ဖြစ်သွားပြီဟု တွေးမိနေကြချိန်တွင် အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခု ပေါ်ထွက်လာလေသည်။

အကန့်အသတ်မဲ့သော ဗုဒ္ဓ စွမ်းအင် သည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားပြီး ပတ်ပတ်လည် လေဟာနယ် ကို တုန်ယင်သွားစေသည်။

နတ်ဆိုးဘုရင်၏ အရိပ်သည် နှစ်ပိုင်းကွဲထွက်သွားသည်။

မော့ယီရှီး ၏ ပြုံးနေသော အမူအယာက ထိတ်လန့်တကြား ဖြစ်သွားသည့် အမူအယာ သို့ ပြောင်းလဲသွားသည်။ သူ့၏ ခန္ဓာကိုယ် က ရှောင်ရှားရန် ပြင်လိုက်သော်လည်း အလွန်တရာ နောက်ကျသွားပြီဖြစ်သည်။ သူက ရွှေရောင် လက်ဝါးချက်၏အင်အားအပြည့်ကို ခံစားလိုက်ရပြီး ဆန့်ကျင်ဘက်အရပ်သို့ လွင့်စင်သွားကာ ငရဲပင်လယ် ၏ အောက်ခြေသို့ ကျဆင်းသွားလေသည်။

ပင်လယ်ရေများသည် မီတာ၃၃၀၀အထိ မြင့်တက်သွားလေပြီး လှိုင်းတန်ပိုးများ ရိုက်ခက်သွားလေသည်။

ဗုဒ္ဓဂိုဏ်းသခင် ကောကျန့် သည် သူရောက်နေသည့်နေရာ၌ တွေဝေငေးမောစွာ ရပ်တန့်နေပြီး မော့ယီရှီး ကျဆင်းသွားသည့် နေရာသို့ ကြောင်အစွာ ကြည့်ရှုနေမိလေသည်။ နေ့ဝက်မျှ ကြာသလို ခံစားလိုက်ရပြီး နောက်မှသာ သူ့၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများပြည့်နှက်နေသည့် အမူအယာ ဖြင့် ရှောင်လုံ ကို ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။

ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

အနက်ရောင်ဆံပင်နှင့်လူငယ်သည် ဤမျှ သန့်စင်ပြီး အကန့်အသတ်မဲ့သော ဗုဒ္ဓစွမ်းအင် ကို မည်သို့ ပိုင်ဆိုင်ထားသည်နည်း။ ထို လူငယ်၏ ဗုဒ္ဓစွမ်းအင်သည် သူ့ထက် နှစ်ဆတိတိ သန့်စင်ပေသည်။ မဟုတ်ပေ...ဆယ်ဆပိုမို သန့်စင်ပေသည်။

ထို့ပြင် အနက်ရောင်ဆံပင်နှင့်လူငယ်သည် မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာမည်သို့ဖြစ်နိုင်ပါမည်နည်း။

ဗုဒ္ဓဂိုဏ်းသခင် က ရှောင်လုံ၏ နာမည်ကို ခန့်မှန်းကြည့်ရန် ကြိုးစာနေချိန်တွင် ပင်လယ်ထဲသို့ လွင်စင်သွားသော မော့ယီရှီးသည် ရေမျက်နှာပြင်ကိုခွဲထွက်လာကာ လေထဲသို့ ပြန်လည် ပျံသန်းလာပေသည်။ သူသည်လည်း ရှောင်လုံအား မယုံကြည်နိုင်စွာ ကြည့်ရှုနေလေသည်။

" မင်းက ဘယ်သူလဲ "

မော့ယီရှီး က ဒေါသတကြီးဟိန်းဟောက်လိုက်လေသည်။

သူသည် မည်သို့မျှ တွေးတောနိုင်စွမ်း မရှိပေ။ မရဏလမ်း ၌ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင် အပြင် မည်သူက ထိုကဲ့သို့သော အားကောင်းလှသည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်နည်း။

ရှောင်လုံ က ပြန်ဖြေလိုက်သည်။

"ဟောင်ရှောင်လုံ "

မော့ယီရှီး က စိတ်ရှုပ်ထွေးသွားသည်။

"ဟောင်ရှောင်လုံ တဲ့လား "

မော့ယီရှီးသည် ငရဲပင်လယ်ထဲ၌ နှစ်ပေါင်း ရာချီ နေထိုင်ခဲ့သောကြောင့် အပြင်ဘက်၌ ဖြစ်ပျက်နေသော အရာများအား မသိရှိပေ။ ထို့ကြောင့် ရှောင်လုံ၏နာမည်ကို သူက ကြားဖူးခြင်းမရှိပေ။

သို့သော်လည်း ဗုဒ္ဓဂိုဏ်းသခင် က တုန်လှုပ်စွာ ရေရွတ်လိုက်လေသည်။

" မင်းက...မဟာဆေးပညာရှင်အစည်းအရုံး ရဲ့ ခေါင်းဆောင် အသစ် ဟောင်ရှောင်လုံ ပဲ "

မော့ယီရှီး က ငရဲပင်လယ်ထဲ၌ နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့သောကြောင့် ဟောင်ရှောင်လုံ အား မသိရှိသည်မှာ နားလည်၍ ရပေသည်။ သို့သော် ကောကျန့် အတွက်မူ ထို နာမည်သည် သူနှင့် အစိမ်းသက်သက် ဖြစ်နေခြင်း မရှိပေ။

ဗုဒ္ဓ ဂိုဏ်းသည် လျို့ဝှက်ဂိုဏ်း ဖြစ်သော်လည်းရှောင်လုံ၏ ကျော်ကြားလှသော ဂုဏ်သတင်းသည် မရေမတွက်နိုင်သော ကြယ်စင်စု များဆီသို့ ပျံနှံ့နေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဂိုဏ်းသည် ရှောင်လုံ၏ အကြောင်းကို သိရှိပေသည်။

" ဘာ...မဟာဆေးပညာရှင်အစည်းအရုံးရဲ့ခေါင်းဆောင်အသစ် လား "

ကောကျန့် ၏ အံအားသင့်စွာ ရေရွတ်မူကိုကြားလိုက်ချိန်တွင် မော့ယီရှီး ၏ မျက်နှာသည် တင်းကျပ်သွားရပေသည်။ အစည်းအရုံး ခေါင်းဆောင် နေရာသည် နှစ်တစ်သန်းကျော် လစ်လပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် အနက်ရောင်ဆံပင်နှင့်လူငယ်သည် အစည်းအရုံးခေါင်းဆောင်အသစ် ဖြစ်နေသည်လား ။

သူ့၏ ခွန်အားကို စမ်းသပ်စစ်ဆေး ခြင်း ဖြစ်နိုင်သည်လား ။

မော့ယီရှီး ၏ မျက်လုံးများသည် တောက်ပသွားပြိီး သူ့စိတ်ထဲရှိ အံသြမှင်သက်မှုနှင့် ဒေါသများကို ဖိနှိပ်လိုက်လေသည်။ ထို့နောက်သူက ရှောင်လုံကို တောက်ပစွာ ပြုံးပြလိုက်သည်။

" ဟားဟား...ဒီတော့ ညီလေးက မဟာဆေးပညာရှင်အစည်းအရုံးရဲ့ခေါင်းဆောင်အသစ် ကိုး...ဒီကိစ္စက နားလည်မှုလွဲရုံပါပဲ... ညီလေးက ဒီနေရာကို နှစ်ဆယ်သန်းသက်တမ်းရှိတဲ့ ယင်ယန်နတ်ပန်းအတွက် ရောက်လာတာလား... ဒီလိုဆိုမှတော့ ငါမင်းကို ပေးလိုက်ပါ့မယ်"

ထိုသို့ပြောပြီးသည်နှင့် မော့ယီရှီးသည် နောက်သို့လှည့်ကာ ထွက်သွားရန် ပြင်လိုက်လေသည်။

သူက နောက်သို့လှည့်ကာ ထွက်သွားရန် ပြင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ့၏ လမ်းကို လာရောက်တားဆီးလေသည်။ ထိုသူမှာ ဟောင်ရှောင်လုံ ဖြစ်ပေသည်။ရှောင်လုံက မော့ယီရှီးကို အေးစက်စက် ကြည့်လိုက်လေပြီး ပဟေဠိ ဆန်စွာ ပြောလိုက်လေသည်။

" ခင်ဗျားထွက်သွားလို့ရပြီလို့ ကျုပ်ပြောမိလို့လား "

မော့ယီရှီး ၏ အပြုံးက အလျှင်အမြန် ပျောက်ကွယ်သွားလေသည်။ သူက အထင်သေးစွာ ဖြင့် လှောင်ပြုံးပြုံးလိုက်ကာ ရှောင်လုံ အားကြည့်လိုက်လေသည်။

" ဒါက ဘာ အဓိပ္ပာယ် လဲ...ငါသွားချင်တဲ့နေရာကို ငါ့စိတ်ကြိုက်အတိုင်း သွားမှာပဲ...တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်ကိုယ်တိုင် ဒီနေရာမှာ ရှိနေမယ်ဆိုရင်တောင် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး...မင်းက မဟာဆေးပညာရှင်အစည်းအရုံးရဲ့ခေါင်းဆောင် ဖြစ်နေတာနဲ့ပဲ ငါက မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား...ငါကလည်း ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ဘိုးဘေးပဲ...မင်းအတွက် ဘာက ပိုကောင်းတယ်ဆိုတာသိတယ်ဆိုရင်... ကောင်းကောင်းမွန်မွန်ပြုမူသင့်..."

သူ့ စကားမဆုံးမှီမှာပင် ရှောင်လုံက မဟာဟင်းလင်းပြင် နတ်ဘုရား လက်သီးချက်ဖြင့် သူ့ကို ထိုးနှက်လိုက်သောကြောင့် လေထဲသို့ ကို့ရို့ကားရား လွင့်စင်သွားပေသည်။

" မင်း..."

မော့ယီရှီး က ဒေါသတကြီးအော်ဟစ် လိုက်လေပြီး သူ့၏ ခန္ဓာကိုယ် ကို ထိန်းချုပ်လိုက်ချိန်တွင် ပါးစပ်ထောင့်ဆီမှ သွေးများ စီးကျလာလေသည်။

" ရှေးဟောင်းနတ်ဆိုးကလန်ဘိုးဘေး "

ရှောင်လုံက အေးစက်စက် ဖြင့်ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

" ခင်ဗျားက ကျုပ်သတ်ချင်နေတဲ့သူပဲ "

ထို့နောက် သူက သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို နီးကပ်စေလိုက်ပြီး မော့ယီရှီး အား ထပ်မံ ထိုးနှက်လိုက်လေသည်။ အဝေး၌ ဗုဒ္ဓဂိုဏ်းသခင်သည် ဤသည်ကိုကြည့်ရင်း စိတ်ထဲမှ ခေါင်းယမ်းလိုက်မိသည်။ မော့ယီရှီး ကို ကြည့်သည့် သူ့၏ အကြည့်ထဲတွင် သနားဂရုဏာအငွေ့အသက်များ ယှက်သန်းနေပေသည်။ ကြည့်ရသည်မှာ မော့ယီရှီး သည် ရှေးဟောင်းနတ်ဆိုးကလန်က ရှောင်လုံအား အညံ့ခံလိုက်ကြောင်းကို မသိရှိသေးဟန်ရသည်။

ရှောင်လုံနှင့် မော့ယီရှီး တို့ တိုက်ခိုက်နေသည့်နေရာမှ ပေါက်ကွဲသံများ ထွက်ပေါ်နေလေပြီး မော့ယီရှီးသည် ထပ်မံလွင့်စင်သွားလေသည်။

သူက မီတာသန်းပေါင်းများစွာ ဝေးကွာသော ကျွန်းတစ်ခုပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားပြီး ကျွန်းတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားလေသည်။

ခဏကြာပြီးနောက် မော့ယီရှီး သည် ကြိုးစားရုန်းကန်ကာ ထရပ်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်း ရှောင်လုံသည် မော့ယီရှီး ၏ ရှေ့သို့ ရောက်ရှိသွားကာ သူ့၏ ရှေ့သို့ ဆွဲယူလိုက်လေသည်။

" ဟောင်ရှောင်လုံ... မင်းက ငါ့ကို သတ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး "

မော့ယီရှီး ၏ မျက်နှာက တွန့်လိမ်နေပေသည်။

" ငါက ရှေးဟောင်းနတ်ဆိုး ဘုရင် ခန္ဓာကိုယ် ကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီ... အောက်ဘုံကမ္ဘာမှာ ဘယ်သူကမှ ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး...မင်း အပါအဝင် ပေါ့ "

Continue Reading

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
17.3K 761 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥