ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.9K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

956 - 960

170 10 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၆ ..... ငရဲပင်လယ်

ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေး ဂိုယွမ်က ရှောင်လုံ ကို အာရုံပြန်စိုက်လိုက်သည်။

"ကောင်စုတ်လေး...မင်းရဲ့ နောက်ဆုံးစကားက ဘာလဲ...ဒီနေ့ ဒီဘိုးဘေးက စိတ်အခြေအနေကောင်းနေတယ်...ငါက မင်းကို နောက်ဆုံးစကားပြောဖို့ အခွင့်အရေး ပေးလိုက်မယ်"

သို့သော် ရှောင်လုံက သု့၏ ခေါင်းကိုသာ တိတ်တဆိတ် ခါယမ်းလိုက်ကာ သူ့၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ နောက်ခဏတွင် ထိုဘိုးဘေး၏ ကောင်းမွန်သော စိတ်အခြေအနေ သည် ပျောက်ကွယ်သွားပြီး ခန်းမဆောင်ကို ဖြတ်သန်း လွင့်စင်သွားသည်။ ထို့နောက် ကျောက်တုံး တိုင်လုံးကြီး တစ်ခုနှင့် ဝင်ဆောင့်မိသွားသည်။

ရှောင်လုံက သူ့၏ လက်ဝါးရိုက်ချက်ထဲရှိခွန်အားကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားလေသည်။ ထို့ကြောင့် ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ဘိုးဘေးသည် လက်ဝါးတစ်ချက်ထဲဖြင့် သေဆုံးမသွားဘဲ သူ့၏ အရိုးများနှင့် ကိုယ်တွင်း အစိတ်အပိုင်းများသာ အက်ကွဲသွားလေသည်။

ဝိညာဉ်နတ်ဆိုးဂိုဏ်းဘိုးဘေးက ရတနာသိုက်ထဲရှိ ပစ္စည်းဆယ်ခုကို ပေးမည်ဟု ကတိပေးခဲ့သောကြောင့် အပျော်လွန်နေကြသော ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်းနှင့် ကျိုးယုချန်တို့သည် သူတို့ရှေ့ရှိ ရုတ်တရက် ပြောင်းလဲသွားမှုကို ကြည့်ရင်း ကြောင်အသွားကြသည်။

ခန်းမတစ်ခုလုံးသည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အသက်ရှုကြိမ် အနည်းငယ်မျှ ကြာပြီးနောက် ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်း နှင့် အကြီးအကဲ ကျိုးယုချန်သည် တုန်လှုပ်မှုကို ထိန်းချုပ်နိုင်သွားပြီး ဘာဖြစ်နေသည်ကို နားလည်သွားသည်။

သူတို့၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။ သူတို့၏ စိတ်ထဲ၌ အကြောက်တရားသည် တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့လာသည်။

ကျိုးယုချန်၏ ခြေထောက်များက တုန်ရီလာပြီး ဒူးထောက်ကျသွားကာ တောင်းပန်လိုက်လေသည်။

"ဆ...ဆရာကြီး...အသက်ကို ချမ်းသာပေးပါ... ကျ...ကျွန်တော် မသိလို့..."

"ဘာကို မသိတာလဲ"

ရှောင်လုံ၏ မျက်လုံးများက အေးစက်သည့်အလင်းဖြင့် တောက်ပသွားသည်။

ကျိုးယုချန်၏ ပါးစပ်သည် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေကာ သင့်တော်သည့် အဖြေစကားကို ရှာဖွေနိုင်ခြင်း မရှိသည်မို့ သူက ပိုမို ဆိုးဝါးစွာ တုန်ယင်လာပေသည်။

ရှောင်လုံ၏ မျက်လုံးများက အေးစက်မှုများဖြင့် မှေးကျဥ်းသွားလေသည်။

"မင်းလို ကျေးဇူးကန်းတဲ့ လူတွေကို ငါ အမုန်းဆုံးပဲ"

ရှောင်လုံသည် သူ့ကို တစ္ဆေသားရဲများ၏ ဆုတ်ဖြဲခံရမှုမှ ကယ်တင်ပေးခဲ့သည်။ သို့သော် ယခုမူ ကျိုးယုချန်သည် တွေဝေမှုပင်မရှိဘဲ သူ့၏ အကြင်နာတရားအား ကောက်ကျစ်ယုတ်မာစွာ တုန့်ပြန်ခဲ့သည်။

ထိုသို့ ပြောပြီးသည်နှင့် ရှောင်လုံ၏ ပကတိစိတ်ဝိညာဥ်လက်ချောင်းသည် လိပ်နက်နတ်မီးတောက် အလွှာတစ်ခု လွှမ်းခြုံ၍ ကျိုးယုချန်၏ နဖူးထဲသို့ ပြေးဝင်ထိုးဖောက် သွားလေသည်။ လိပ်နက်နတ်မီးတောက်က သူ့၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီးနောက် ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းအတွင်း ကျိုးယုချန်၏ အရိုးပြာပုံကြီးတစ်ခုသာ ကျန်ရစ်လေသည်။

သို့သော်လည်း ရှောင်လုံက ဝိညာဉ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးတို့ကို အရှင်ထားကာ သူတို့အား သူ့ထံ အညံ့ခံရန် ရွေးချယ်ခွင့်ပေးလိုက်သည်။

ရှောင်လုံ၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို မျက်မြင်တွေ့လိုက်ကြရသောကြောင့် သူတို့နှစ်ယောက်လုံးသည် အညံ့ခံရန်ရွေးချယ်လိုက်ကြသည်။ ထိုရလဒ်ကြောင့် ရှောင်လုံက လုံးဝ အံ့အားသင့်မသွားပေ။

သူက ကပ်ဘေးအဆင့်ကိုး အနန္တကုသခြင်းကောင်းကင်ဘုံဆေးလုံးတစ်လုံးကို ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေးထံ ဒဏ်ရာများ ကုသရန် ပစ်ပေးလိုက်လေသည်။ ထို့နောက် ရှောင်လုံက သူတို့၏ စိတ်ဝိညာဉ်ပင်လယ်ထက်၌ တံဆိပ်ခတ်နှိပ်လိုက်သည်။ ထို့နောက် ရှောင်လုံက သူတို့အား မဟာအကြီးအကဲများနှင့် အကြီးအကဲများအားလုံးကို ခန်းမထဲသို့ ဆင့်ခေါ်ရန် စေခိုင်းလိုက်သည်။

ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးဆီမှ အမိန့်ကြောင့် ဝိညာဉ်နတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲများနှင့် အကြီးအကဲများသည် ခန်းမထဲသို့ ဆယ်မိနစ် အတွင်း စုဝေးလာကြသည်။

သို့သော် ခန်းမထဲသို့ သူတို့ ရောက်ရှိသွားချိန်၌ ဂိုဏ်းခေါင်းဆောင် ထိုင်သောထိုင်ခုံတွင် အနက်ရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးတို့က ဘေးတစ်ဖက်စီ၌ ရိုသေလေးစားစွာ ရပ်နေကြသည်အား တွေ့လိုက်ချိန်တွင် သူတို့၏ စိတ်နှလုံးသည် အံ့အားသင့်မှုများ၊ သံသယများဖြင့် တုန်ခါသွားကြရသည်။

မည်သူကမှ ရှောင်လုံ၏ နောက်ခံကို မခန့်မှန်းနိုင်ကြသလို သူ ထိုနေရာ၌ ထိုင်နေသည့်အတွက်လည်း အပြစ်မတင်ရဲကြပေ။ သို့သော် သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးက ရှောင်လုံကို 'သခင်' ဟုခေါ်ပြီး သူတို့အား ရှောင်လုံထံ အညံ့ခံရန် ပြောလာချိန်၌ လေထုဖိအားသည် ပေါက်ကွဲထွက်သွားလေသည်။

"ဘာ...မင်းတို့က ငါတို့ကို... နို့နံ့မစင်သေးတဲ့ မဟာနတ်ဘုရားအဆင့် ၈ ကောင်လေးတစ်ယောက် ဆီမှာ...အညံ့ခံခိုင်းနေတာလား...သူ့ကို ငခင်လို့ ခေါ်ရမယ်တဲ့လား...မဖြစ်နိုင်ဘူး"

ချက်ချင်းဆိုသလို မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်း အဆင့် မဟာအကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ ဒဲ့ပဲ ပြောလိုက်မယ်...မဟာနတ်ဘုရားအဆင့် ၈ ကောင်လေးက ငါတို့ကို အညံ့ခံခိုင်းဖို့အတွက် ဘာမျာယ အရည်အချင်းရှိလို့လဲ...ဒါက စကြာဝဠာမှာ အကြီးမားဆုံး ဟာသပဲ ဖြစ်လိမ့်မယ်...ဒီလိုဆိုမှတော့...ငါက ဝိညာဉ်နတ်ဆိုးဂိုဏ်းကနေ ထွက်ခွာသွားတော့မယ်"

အခြားသော မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် မဟာအကြီးအကဲ တစ်ယောက်ကလည်း ဆန့်ကျင်လိုက်လေသည်။

မဟာအကြီးအကဲ မြောက်များစွာ က တူညီသည့် သဘောထား ရှိနေကြပြီး ခန်းမသည် ချက်ချင်းဆိုသလို ဆူညံသွားသည်။ အကြီးအကဲများကမူ တိတ်ဆိတ်နေပြီး အခြေအနေအရ လှုပ်ရှားရန် စီစဥ်ထားကြသည်။

ဝိညာဥ်နတ်ဆိုးဂိုဏ်းသည် မရဏလမ်း၏ ပထမအဆင့် အင်အားစုများထဲမှ တစ်ခု ဖြစ်သော်လည်း မဟာအကြီးအကဲများသည် စိတ်ဓာတ်ယုတ်မာသော ကျင့်ကြံ သူများသာ ဖြစ်သည်။ သူတိူ့က အသက်ရှင်သန်ရေးအတွက်သာ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ထားခြင်း ဖြစ်ပြီး ဂိုဏ်းအပေါ် တွယ်တာမှုမရှိပေ။

ထို မဟာအကြီးအကဲများအတွက်မူ ဝိညာဥ်နတ်ဆိုးဂိုဏ်းမှ ထွက်ကာ အခြား အင်အားကြီး ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် အတူတူသာ ဖြစ်သည်။ အကြောင်းမှာ သူတို့၏ ခွန်အားဖြင့် ဆိုပါက မရဏလမ်းရှိ မည်သည့်ဂိုဏ်းကမဆို သူတို့အား သေချာပေါက် ပွေ့ဖက်ကြိုဆိုပေလိမ်မည်။

ရှောင်လုံက ဆိုးဝါးသည့်အမူအရာများ ရှိနေကြသော ဝိညာဥ်နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖန်းဝူရှောင်းနှင့် ဘိုးဘေး ဂိုယွမ်ကို ကြည့်လိုက်သည်။ ရှောင်လုံ၏ အကြည့်ကို အာရုံခံမိသောကြောင့် သူတို့နှစ်ယောက် သည် သူ့၏ အကြည့်နှင့် ရင်မဆိုင်ရဲကြဘဲ ခေါင်းငုံ့လိုက်ကြသည်။

ထိုအချိန်တွင် ငြင်းဆိုစကား စပြောသည့် မဟာအကြီးအကဲသည် နောက်လှည့်၍ ခန်းမဆီမှ ထွက်ခွာရန် ပြင်လိုက်သည်။

ရှောင်လုံက သူ့၏ ပုံရိပ်ကို တစ်ချက်ပင်မကြည့်ပေ။ သူ့၏လက်ဝါးက လေထဲသို့ ဖိချလိုက်သည်နှင့် မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် မဟာအကြီးအကဲသည် ကြမ်းပြင်ပေါ် ပြားကပ်သွားပြီး ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားသည်။

ထွက်သွားရန် ပြင်သည့် မဟာအကြီးအကဲသည် လူသားပုံသဏ္ဍာန်ပင် မရှိတော့ကြောင်း ခန်းမထဲရှိ လူတိုင်း မြင်လိုက်ကြရသည်။ သူက သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။ အသွေးအသားများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများသည် ကြမ်းပြင်ပေါ်၌ ပြန့်ကျဲ စေးကပ်နေပြီး ထွက်ပြေးရန်အတွေးရှိနေကြသူတိုင်းကို ကြက်သီးမွေးညှင်း ထသွားကာ တုန်ရင်သွားစေသည်။

"ဘယ်သူ ထွက်သွားချင်သေးလဲ"

ရှောင်လုံ၏ ခံစားချက်မဲ့နေသော အသံသည် သူတို့၏ နားထဲသို့ နတ်ဆိုးဟိန်းသံနှယ် ဝင်ရောက်လာသည်။

ထွက်သွားချင်ကြောင်း ကြွေးကြော်ခဲ့ကြသူမျယးသည် ယခုမူ တစ်လက်မပင် မလှုပ်ရှားရဲကြပေ။

တစ်နာရီကြာပြီးနောက် သူတို့ကိုယ်သူတို့ ကံကောင်းမည်ထင်ပြီး ထွက်ပြေးရန် ကြိုးစားသောကြောင့် ရှောင်လုံ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော မဟာအကြီးအကဲအနည်းငယ်မှ လွဲ၍ ကျန်သူများသည် အညံ့ခံလိုက်ကြသည်။

ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲများနှင့် အကြီးအကဲများကို သိမ်းသွင်းပြီးနောက် ရှောင်လုံသည် သူတို့အား ပြန်ခိုင်းလိုက်ကာ ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးတို့ကိုသာ ခန်းမထဲ၌ နေခိုင်းလိုက်သည်။ သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်းနှင့် လာမည့် ဂိုဏ်းသခင် ရာထူးအပ်နှင်ခြင်းအခမ်းအနား တို့၏ အကြောင်းကို ပိုမိုနားလည်ရန် ကြိုးစားရပေမည်။

သူတို့နှစ်ယောက် သိရှိထားသမျှသည် ရှောင်လုံက ကျိုးယုချန် ဆီမှ သိထားသမျှ အတူတူသာ ဖြစ်သည်။

ဖန်းယုရှောင်းနှင့် ဂိုယွမ် တို့၏ ပြောကြားချက်အရ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသည် ပထမအဆင့်အင်အားစုများ၏ ခေါင်းဆောင်များနှင့် ဘိုးဘေးများကို ငါးလအကြာ၌ သွေးမိုးချိုင့်ဝှမ်းတွင် စုဝေးရန် အမိန့်ပေးခဲ့သည်။

အချိန်ကျလာသည့်အခါ၌ တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ တပည့်တစ်ယောက်သည် သူတို့သွားရမည့်နေရာသို့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်သည်။

"ငါးလ..."

ရှောင်လုံက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ဤသည်ကသာ အမြန်ဆုံး နှင့် အလွယ်ဆုံး နည်း ဖြစ်ကြောင်း တွေးမိသွားသည်။ သူက စောင့်ဆိုင်းရန်သာ တတ်နိုင်ပေသည်။ ထိုအချိန်၌ သူသည် သူ့၏ မျက်နှာကို ဝိညာဉ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေးအသွင် ပြောင်းကာ ဂိုဏ်းခေါင်းဆောင်နှင့်အတူ အခမ်းအနားကို တက်ရောက်ရပေမည်။

ထို့နောက် ရှောင်လုံက ရှေးဟောင်းနတ်ဆိုးဂိုဏ်း၏ ဘိုးဘေး မော့ယီရှီးအကြောင်း မေးမြန်းလိုက်သည်။

"ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ ဘိုးဘေး မော့ယီရှီးလား"

မော့ယီရှီး၏ နာမည်အား ကြားလိုက်ချိန်၌ သူတို့နှစ်ယောက် လုံးသည် မယုံကြည်နိုင်သောအမူအရာများ ဖြစ်သွားကြသည်။

"ဘာဖြစ်လို့လဲ"

ရှောင်လုံက သူတို့၏ အမူအရာများကြောင့် မေးမြန်းလိုက်လေသည်။

"သခင်လေးကို လျှောက်တင်ပါတယ်...မော့ယီရှီးက မရဏလမ်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပေါ်လာခဲ့ပါတယ်"

ဝိညာဉ်နတ်ဆိုးဂိုဏ်း ဘိုးဘေးက ရှောင်လုံကို ပြန်ဖြေလိုက်သည်။

"အဲ့ဒီအချိန်က...ငါးခုမြောက်ငရဲဂိုဏ်းရဲ့မဟာအကြီးအကဲ တစ်ယောက်က သူ့ရဲ့ နောက်ခံကို မသိဘဲ ဆန့်ကျင်ခဲ့တယ်...နောက်ပိုင်းတော့...သူက ဒေါသတကြီးနဲ့ ငါးခုမြောက်ငရဲဂိုဏ်းကို တစ်ယောက်တည်း ဝင်သွားပြီး...အကုန်သတ်ဖြတ်ပစ်တယ်...ပြီးတော့ ဂိုဏ်းချုပ်နဲ့ ဘိုးဘေးကိုလည်း သေလုမျောပါး ဒဏ်ရာရသွားစေခဲ့တယ်...သူက ငါးခုမြောက်ငရဲဂိုဏ်းရဲ့ သိုင်းပညာရှင်တစ်ဝက်ကျော်လောက်ကို သတ်ဖြတ်ပစ်ခဲ့တာ...သူတို့ဂိုဏ်းမှာသာ အကူအညီ မရှိခဲ့ရင်...အဲ့ဒီနေ့က ငါးခုမြောက်ငရဲဂိုဏ်း တစ်ခုလုံး မော့ယီရှီးရဲ့ အမြစ်ပြတ်သတ်ဖြတ်မှုကို ခံလိုက်ရလောက်ပြီ"

"အဲ့အဖြစ်အပျက်ပြီးတော့...မော့ယီရှီးက ပျောက်ဆုံးသွားတယ်...အချို့ကပြောတာတော့...သူက မရဏလမ်းရဲ့ အနက်ရှိုင်းဆုံးနေရာ ဖြစ်တဲ့ ငရဲပင်လယ်ထဲကို ဝင်သွားတယ်လို့ ပြောကြတယ်"

ရှောင်လုံက မျက်မှောင်ကြုံလိုက်မိသည်။

ရှေးဟောင်းနတ်ဆိုးကလန် ဘိုးဘေးသည် ငရဲပင်လယ်ထဲသို့ ဝင်ရောက်သွားပေသည်။

သူက ထိုနေရာကို သိရှိထားသည်။

ကောလာဟလများအရ ငရဲပင်လယ်ကို ကျော်ဖြတ်နိုင်သည်နှင့် ငရဲတစ္ဆေဂြိုဟ်သို့ ဝင်ပေါက်ရှိရာဆီ ရောက်သွားမည် ဖြစ်သည်။

သို့သော်လည်း ငရဲပင်လယ်သည် အလွန်တရာ အန္တရာယ်များလှသောနေရာ ဖြစ်သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သော်လည်း မည်သူကမှ မအောင်မြင်ခဲ့ဖူးပေ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၇.....ငရဲတစ္ဆေတမန်တော်

ရှေးဟောင်းနတ်ဆိုးကလန် ဘိုးဘေး မော့ယီရှီးသည် ငရဲပင်လယ်ဆီသို့ ဝင်ရောက်သွားသောကြောင့် ရှောင်လုံ၏ လှုပ်ရှားမှုများသည် အကန့်အသတ် ဖြင့်သာ ရှိနေပေတော့သည်။ ပထမဆုံး အနေဖြင့် သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်း ဆီသို့ သွားရောက်ကာ သူ့၏ ဆရာကို ကယ်တင်ရမည်ဖြစ်သည်။ ထို့နောက်တွင် သူက ငရဲပင်လယ်ဆီသို့ သွားကာ မော့ယီရှီးနှင့် ရင်ဆိုင်ရပေမည်။

ရှောင်လုံက မရဏလမ်း ၏ အခြားသော ပထမအဆင့် အင်အားစုများအကြောင်း မေးမြန်းလိုက်ပြီး နောက် ဖန်းယုရှောင်း နှင့် ဂိုယွမ် တို့ကို ထွက်သွားစေလိုက်သည်။

ညအချိန်၌... ။

ရှောင်လုံ က အဓိကခန်းမ၏ အလယ်၌ ခြေချိတ်ထိုင်နေပြီး သူ့၏ ခန္ဓာကိုယ် ပတ်ပတ်လည် ၌ တောက်ပသည့် အလင်းများ ဖုံးလွှမ်းနေပေသည်။ သူ့၏ ရှေ့၌မူ အရူးတစ္ဆေဂိုဏ်း သိုင်းပညာရှင်၏ အလောင်းက မျောလွင့်နေလေသည်။

ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်း ၏ ဝါးမြိုခြင်းစွမ်းအားကို အသက်သွင်းလိုက်သည်နှင့် အရူးတစ္ဆေဂိုဏ်း သိုင်းပညာရှင်၏အလောင်း ဆီမှ သွေးအဆီအနှစ် နှင့် နတ်ဘုရားအင်အား အမျှင်တန်းများသည် ရှောင်လုံ၏ ကိုယ်ထဲသို့ စီးဝင်လာလေသည်။

အရူးတစ္ဆေဂိုဏ်း ၏ သိုင်းပညာရှင် သည် သေဆုံးခဲ့သည်မှာ အချိန်အတော်ကြာနေပြီး သူ့၏ သွေးအဆီအနှစ်နှင့်နတ်ဘုရားအင်အား ပမာဏ အချို့သည် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရှေးဟောင်းနတ်ဆိုး ကလန် ခေါင်းဆောင်မော့တင်းထန်း ကဲ့သို့သော လူမျိုးထက် ပိုမို အားကောင်းကြွယ်ဝသည့်စွမ်းအား ပမာဏ ရှိနေပေသေးသည်။ မဟာနတ်ဘုရား အဆင့်၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် တို့ကြားတွင် ကွာခြားမှု အနည်းငယ် မျှသာ ရှိဟန်ပေါ်ပေသည်။ သို့သော် အမှန်မှာ မူ သူတို့နှစ်ယောက် ကြားရှိ ကွာခြားချက်သည် အလွန်တရာ ကြီးမားလှပေသည်။

ရှောင်လုံ က အရူးတစ္ဆေဂိုဏ်းသိုင်းပညာရှင် ၏ သွေးအဆီအနှစ်နှင့်နတ်ဘုရားအင်အားကို စုပ်ယူသန့်စင်လိုက်ချိန်တွင် သူ့၏ ပတ်ပတ်လည်၌ မီးခိုးရောင်အငွေ့များသည် တဖြည်းဖြည်းချင်း စုဝေးလာလေသည်။

၄င်းတို့သည် ရှောင်လုံ၏ အဆုံးမဲ့ ဗုဒ္ဓ အန္တိမနတ်ဘုရားဦးခေါင်း က ရှောင်လုံ၏ ကိုယ်ထဲမှ သန့်စင်ပစ်လိုက်သော နတ်ဘုရားအင်အား ထဲရှိ အေးခဲချီများဖြစ်သည်။

ထို့ကြောင့် ရှောင်လုံ သည် ဝိညာဥ်နတ်ဆိုးဂိုဏ်း၌ ဆက်လက်နေထိုင်ပြီး သွေးအဆီအနှစ်နှင့်နတ်ဘုရားအင်အားကို စုပ်ယူသန့်စင်ကာ အရူးတစ္ဆေဂိုဏ်း ၏ ရတနာသိုက်ထဲမှ ရှာဖွေတွေ့ရှိလာသော ကပ်ဘေးအဆင့် ၈ နှင့် အဆင့်၉ နတ်ဆေးလုံး များကိုလည်း စုပ်ယူသောက်သုံးပစ်လိုက်သည်။

နေ့ရက်များက ကုန်ဆုံးသွားပြီး မကြာမှီတွင် တစ်လတာ ကုန်ဆုံးသွားခဲ့သည်။

အရူးတစ္ဆေဂိုဏ်းသိုင်းပညာရှင် ၏ အလောင်းနှင့် ကပ်ဘေးအဆင့် နတ်ဆေးလုံး များကို စုပ်ယူသန့်စင်လိုက်ပြီးနောက် ရှောင်လုံ၏ ကျင့်စဥ် သည် မဟာနတ်ဘုရား အဆင့် ၈ အလယ်အလတ် အဆင့် အထွတ်အထိပ် သို့ ရောက်ရှိသွားလေသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူသည် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားပေလိမ့်မည်။

ရှောင်လုံက နောက်ဆုံးသော ကပ်ဘေးအဆင့် ၉နတ်ဆေးလုံး ကို စုပ်ယူသောက်သုံးပြီးချိန်တွင်  ခါးသက်သက် ခေါင်းရမ်းလိုက်မိသည်။

ဤကဲ့သို့သော ကပ်ဘေးအဆင့် ၈နှင့် အဆင့်၉ နတ်ဆေးလုံး များသည် ပြင်ပကမ္ဘာ၌ဆိုလျှင် တန်ဖိုးမဖြတ်နိုင်သော ရတနာအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထိုဆေးလုံးများအတွက် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင် များသည်ပင် အသည်းအသန် တိုက်ခိုက်ပြိုင်ဆိုင်ကြပေလိမ့်မည်။ သာမန် မဟာနတ်ဘုရားအဆင့် ၈ သိုင်းပညာရှင် တစ်ယောက်သည် ထိုကဲ့သို့သော ကပ်ဘေးအဆင့် ၈နှင့် အဆင့်၉ နတ်ဆေးလုံးများကို စုပ်ယူသန့်စင်ပြီးနောက် ၌ မဟာနတ်ဘုရားအဆင့် ၉ နောက်ပိုင်းအဆင့် သို့မဟုတ် နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ပင် ရောက်ရှိသွားနိုင်သည်။ သို့သော် သူ့၏ ကျင့်ကြံမှု ကမှု မဟာနတ်ဘုရားအဆင့် ၈ အလယ်အလတ် အထွတ်အထိပ် အဆင့်သို့သာ တက်ရောက်နိုင်ခဲ့ပေသည်။

သူ့၏ ကျင့်ကြံမှု အဆင့်က မြင့်မားလာလေလေသူ့၏ အန္တိမနတ်ဘုရားဦးခေါင်း သုံးခုမှ လိုအပ်သော စွမ်းအင်ပမာဏာသည် ပိုမိုကြောက်မက်ဖွယ် ကောင်းလာလေလေဖြစ်သည်။ တိုးတက်မှုတိုင်းအတွက် လိုအပ်သော စွမ်းအင်ပမာဏာသည် သူ့၏ နှလုံးသားကိုပင် နာကျင်စေပေသည်။

ရှောင်လုံသည် အောက်ဘုံကမ္ဘာ၌ မဟာနတ်ဘုရားအဆင့် ၁၀ သို့ ချိုးဖျက်ဝင်ရောက်
နိုင်လိမ့်မည်မဟုတ်ဟု သူ့ကိုယ်သူ သံသယ ဝင်လာမိသည်။ သူ မဟာနတ်ဘုရားအဆင့် ၉ နောက်ပိုင်းအဆင့် မှ မဟာနတ်ဘုရားအဆင့် ၁၀ သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် လိုအပ်သော စွမ်းအင်ပမာဏသည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ကျင်ကြံသူများ ကောင်းကင်ဘုံ နတ်ဘုရား ဖြစ်ရန် လိုအပ်သော စွမ်းအင်ပမာဏထက် အဆပေါင်း တစ်သောင်း သို့မဟုတ် အဆပေါင်း တစ်သိန်းထိပင် ကျော်လွန်နေပေလိမ့်မည်။

ထို့နောက် ရှောင်လုံ၏ စိတ်ထဲ၌ အတွေးတစ်ခု ဝင်ရောက်လာလေသည်။သူက တောက်ပသည့် မျက်လုံးများဖြင့် သိချင်စိတ် ဖြစ်သွားလေသည်။

'တစ္ဆေသန့်စင်ခြင်းဂိုဏ်း ထဲမှာ ဘယ်လိုရတနာမျိုး ရှိနေမယ်မသိဘူး...မရဏလမ်းကို နှစ်ဆယ်သန်းကျော်အုပ်စိုးခဲ့တဲ့ ဂိုဏ်းတစ်ခုက သေချာပေါက် ပစ္စည်း ကောင်းတွေရှိလိမ့်မယ်'

အခြားသော ရတနာများအပြင် ထိပ်တန်းအဆင့် ငရဲယင်ဝိညာဥ်ကျောက်တုံး များသည်ပင် တွေ့ရှိရန် ခက်ခဲသော ပစ္စည်း ကောင်း တစ်ခု ဖြစ်ပေသည်။

ငရဲယင်ကျောက်တုံးများသည် ငရဲ၏ အေးခဲယင်စိတ်ဝိညာဥ်စွမ်းအင် ဆီမှ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် စိတ်ဝိညာဥ် ကျောက်တုံး များဖြစ်သည်။ ထိပ်တန်းအဆင့် ငရဲယင်ကျောက်တုံးများသည် နှစ်ပေါင်း သုံးသန်းမှလေးသန်းအတွင်း ကြာမှသာ ဖြစ်တည်လာတတ်သည်။ ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေး ထံမှ စကားအရ ပထမအဆင့် အင်အားစုများအားလုံးသည် ဆယ်နှစ်ကြာတိုင်း တစ္ဆေသန့်စင်ခြင်းဂိုဏ်းဆီသို့ ထိပ်တန်းအဆင့် ငရဲယင်စိတ်ဝိညာဥ် ကျောက်တုံး ဆက်သရန် လိုအပ်ပေသည်။

အခြားစကားဖြင့် ဆိုရလျှင် နှစ်တစ်သောင်းအတွင်း ၌ သူတို့သည် ထိပ်တန်းအဆင့် ငရဲယင်စိတ်ဝိညာဥ် ကျောက်တုံး တစ်ထောင်ကို ရရှိပေလိမ့်မည်။ မရဏလမ်းထဲ၌ ပထမအဆင့် အင်အားစု တစ်ရာကျော်ရှိသောကြောင့် ငရဲယင်ဝိညာဥ်ကျောက်တုံး အရေအတွက် သည်လည်း တစ်သိန်း ကျော် ဖြစ်သွားပေလိမ့်မည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း သည် မရဏလမ်း ကို နှစ်ပေါင်း ဆယ်သန်းကျော် အုပ်စိုးလာခဲ့ခြင်း ဖြစ်သည်။ သူတို့ဂိုဏ်း၏ ရတနာသိုက်ထဲ၌ ကျန်ရှိသော ငရဲယင်ဝိညာဥ်ကျောက်တုံးအရေအတွက် သည် သေချာပေါက် တုန်လှုပ်ဖွယ်ရာ အရေအတွက် ထိ ရောက်ရှိနေပေလိမ့်မည်။  တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ သုံးစွဲမူပမာဏကိုပါ ထည့်သွင်းတွက်ချက်ထားမည်ဆိုလျှင်ပင် များစွာ ကျန်ရှိနေပေလိမ့်မည်။

ထိုအချိန်၌ ရှောင်လုံ သည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ ရတနာသိုက်သို့လည်း သေချာပေါက် သွားရောက်ကြည့်ရှုမည်ဟု ဆုံးဖြတ်လိုက်လေသည်။

သူသည်သာ တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ ရတနာသိုက် ထဲရှိ အရင်းအမြစ် များ အားလုံး ကို အသုံးပြုနိုင်မည်ဆိုလျှင် သူသည် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့်သို့မဟုတ်နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားနိုင်ပြီး မဟာနတ်ဘုရားအဆင့် ၉ သို့ပင် ချိုးဖျက် ရောက်ရှိသွားနိုင်သည်ဟု ခံစားမိနေပေသည်။

နောက်လေးလအတွင်း၌ ရှောင်လုံသည် ညအချိန်တွင် ငွေမီးခိုးရောင် စွမ်းအင် ကို စုပ်ယူပေသည်။ နေ့အချိန်၌ မူ သူသည် ယင်တစ္ဆေများ စုဝေးရာနေရာများကို အထူးတလည် ရှာဖွေကာ အလယ်အဆင့် နှင့်အထက် မဟာနတ်ဘုရားအဆင့် ယင်တစ္ဆေများ ကို ဝါးမြိုစုပ်ယူလေသည်။

နောက်ပိုင်း၌ ရှောင်လုံ သည် ပို၍ပင် ချေးများလာလေသည်။ သူက အလယ်အဆင့် မဟာနတ်ဘုရားအဆင့် ယင်တစ္ဆေများကို ဂရုမစိုက်တော့ပဲ အဆင့်မြင့် ယင်တစ္ဆေများကို သာ အာရုံထည့်ထားလေတော့သည်။

လေးလကြာပြီးနောက် ရှောင်လုံ၏ မဟာနတ်ဘုရားအဆင့် ၈ အလယ်အလတ်အထွတ်အထိပ် အဆင့် ခွန်အားသည် များစွာ တိုးတက်လာသည်။ သို့သော် မဟာနတ်ဘုရားအဆင့် ၈ နောက်ပိုင်းအဆင့် သို့ ရောက်ရှိရန်မှာမူ ဝေးကွာနေဆဲ ဖြစ်သည်။

ဤလများအတွင်း ရှောင်လုံပေးအပ်သော အထွတ်အမြတ်အဆင့် နတ်ဆေးလုံး များနှင့် အထွတ်အမြတ်အဆင့် အင်မော်တယ် စိတ်ဝိညာဥ်ကျောက်တုံး များကြောင့် ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲ များ၏ ခွန်အားနှင့် မဟာအကြီးအကဲများ၏ခွန်အားသည် သိသိသာသာ တိုးပွားလာပေသည်။

ဝိညာဥ်နတ်ဆိုးဂိုဏ်း ခေါင်းဆောင် နှင့် ဘိုးဘေးတို့၏ ခွန်အားသည်ပင် တိုးတက်လာခဲ့ပေသည်။

ထိုနေ့၌ ရှောင်လုံသည် ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်နှင့် ဘိုးဘေးကို ဆင့်ခေါ်ကာ ဘိုးဘေးအား ဂိုဏ်း ၌ နေခဲ့ရန် ညွန်ကြားလိုက်လေသည်။ ရှောင်လုံ ကိုယ်တိုင်ကမူ သူ့၏ ရုပ်ရည်သွင်ပြင်ကို ဂိုယွမ် ၏ ပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ကာ ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်း နှင့်အတူ သွေးမိုးချိုင့်ဝှမ်းဆီသို့ ထွက်ခွာလိုက်လေသည်။

သွေးမိုးချိုင့်ဝှမ်းသည် ဝိညာဉ်နတ်ဆိုးဂိုဏ်း၏  ကမ္ဘာဦး တောအုပ်နှင့် အလွန်တရာ ဝေးကွာသော်လည်း ရှောင်လုံ က မဟာလေဟာနယ် ရွေ့ပြောင်းခြင်း ကို ဆက်တိုက်အသုံးပြုလိုက်သောကြောင့် သူတို့နှစ်ယောက် သည် သွားလိုသည့် နေရာဆီသို့ နှစ်နာရီအတွင်း ရောက်ရှိသွားသည်။

သွေးမိုးချိုင့်ဝှမ်းသည် မီတာငါးသိန်းကျော်မျှသာ ကြီးမားသော ချိုင့်ဝှမ်း လေးအဖြစ် သတ်မှတ် ၍ရပေသည်။ သို့သော်လည်း ၄င်းချိုင့်ဝှမ်းတွင် နစ်နှစ်ပတ်လုံး သွေးမိုးများ ရွာသွန်းနေတက်ပြီး အဆုံးမရှိသောကြောင့် မရဏလမ်း၌ ကျော်ကြားပေသည်။

ရှောင်လုံနှင့် ဖန်းယုရှောင်း တို့ ရောက်ရှိသွားချိန်တွင် အခြားသောပထမအဆင့် အင်အားစုများ၏ ဘိုးဘေးများ၊ ခေါင်းဆောင် များနှင့် ဂိုဏ်းချုပ် များသည် ရောက်ရှိနေကြပြီဖြစ်သည်။

" ဟီးဟီး... ဝိညာဥ်နတ်ဆိုးဘိုးဘေး...မတွေ့ရတာ တော်တော်ကြာပြီနော်...မင်းအသက်ရှင်နေဦးမယ်လို့ ငါမထင်ခဲ့မိဘူး...မင်းက ငါတို့ကို နှုတ်ဆက်ခွဲခွာသွားပြီလို့တောင် ငါထင်နေတာ "

ရှောင်လုံ က ရောက်ရှိသွားချိန်တွင် မနှစ်မြို့ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာပေသည်။

ရှောင်လုံ က အသံရှင်ကို ကြည့်လိုက်လေသည်။ စကားပြောလိုက်သည့်သူမှာ အနက်ရောင် ဘရိုကိတ်ဝတ်စုံ ကို ဝတ်ဆင်ထားသော ဖြူဖပ်ဖြူရော် အသားအရည်နှင့် အဘိုးအိုတစ်ယောက်ဖြစ်ပေသည်။

'ဒီအဘိုးအိုရဲ့ မျက်နှာက သေပြီးသားလူတစ်ယောက်ထက်တောင် ကြောက်ဖို့ကောင်းနေပါလား'

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဝိညာဥ်နတ်ဆိုးဘိုးဘေး နှင့် ဂိုဏ်းခေါင်းဆောင် တို့သည် ရှောင်လုံ အား အခြားသော ပထမအဆင့်အင်အားစုများ၏ ဘိုးဘေးများ ၊ ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များ၏ ပုံပန်းသွင်ပြင်ကို ပြသထားခဲ့သည်။ ထို့ကြောင့် ရှောင်လုံက ဖြူဖပ်ဖြူရော် နှင့် အဘိုးအို ကို မြင်လိုက်ချိန်တွင် ချက်ချင်းဆိုသလို ထိုနာမည်နှင့်လူတစ်ယောက် အား မှတ်မိသွားလေသည်။ ထိုသူမှာ ဟေးဝူရှန် ဖြစ်သည်။ သူသည် ဝူရှန်ဂိုဏ်းဆိီမှ ဘိုးဘေး တစ်ယောက် ဖြစ်ပြီး ဝိညာဥ်နတ်ဆိုးဂိုဏ်း ၏ ဘိုးဘေး နှင့် တူညီသည့်ခွန်အား ရှိပေသည်။ ပြောစရာမလိုအောင်ပင် ဂိုဏ်းနှစ်ခုကြားရှိ အမုန်းတရားသည် အလွန်တရာ နက်ရှိုင်းလှသည်။

ရှောင်လုံ က ပြန်လည်လှောင်ပြောင်လိုက်လေသည်။

" အဘိုးကြီး ဝူရှန်... မင်းရဲ့ အလောင်းကောင်လိုမျက်နှာကြောင့် မသိတဲ့လူတွေဆိုရင်... မင်းကို သေနေတာကြာပြီလို့တောင် ထင်သွားလောက်တယ် "

ဘိုးဘေးဝူရှန်က ဒေါသထွက်သွားလေသည်။

" မင်း "

သူ့၏ စကားမဆုံးသေးမှီမှာပင် ရှောင်လုံဆီသို့ လက်ချောင်းသိုင်းဖြင့် ထိုးနှက်တိုက်ခိုက်လိုက်လေသည်။ ထိုလက်ချောင်းဆီမှ အလောင်းချီသည် ထွက်ပေါ်နေပြီး ဆိုးရွားလှသည့်အနံ့အသက်ကိုထုတ်လွှတ်နေလေပြီး ဤသည်မှာ ဘိုးဘေးဝူရှန်း၏ အလောင်းအဆိပ် လက်ချောင်းသိုင်း ဖြစ်သည်။

ဤသည်ကိုကြည့်ရင်း ရှောင်လုံ သည် အမူအယာပြောင်းလဲခြင်းမရှိဘဲ လက်ဝါးဖြင့် ပြန်လည်ရင်ဆိုင်လိုက်သည်။

ရှောင်လုံက သူ့၏ ခွန်အားကို ဖုံးကွယ်ထားပြီး ဝိညာဉ်နတ်ဆိုးဘိုးဘေးနှင့် တူညီသည့် ကျင့်ကြံမှုအဆင့်ကို အသုံးပြုလိုက်သောကြောင့် သူနှင့် ဟေးဝူရှန် တို့နှစ်ယောက်သည် မီတာရာပေါင်းများစွာ ဆုတ်ခွာလိုက်ရသည်။

အခြားသော ဘိုးဘေး များက ဘေး၌ ရပ်ကြည့်နေကြသော်လည်း မည်သူကမှ ဝင်ရောက်စွတ်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။

သူတို့ကဆက်လက်တိုက်ခိုက်မည်ဆိုလျှင် နှစ်ဖက်လုံး သည် လူအုပ်ကြီး ၏ ရှေ့၌ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိမည်ကို တွေးမိသောကြောင့် ဟေးဝူရှန် သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ ရပ်တန့်လိုက်လေသည်။

ထိုအချိန်၌ အဝေးဆီမှ လေထုကိုဖြတ်သန်းလာသော အသံများ ထွက်ပေါ်လာပြီး သက်လတ်ပိုင်း လူတစ်ယောက် ပေါ်ထွက်လာပေသည်။ ထိုလူသည် သွေးရောင်တစ္ဆေဦးခေါင်း အမှတ်အသားနှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးမိုးချိုင့်ဝှမ်း ရှိရာဆီသို့ အမြန်ဆုံးနှုန်းနဲ့ ပျံသန်းလာလေသည်။

" ငရဲတစ္ဆေတမန်တော် ပဲ"

ဘိုးဘေးများထဲမှ တစ်ယောက်က သက်လတ်ပိုင်း လူကို မြင်လိုက်ချိန်တွင် လွှတ်ခနဲ အော်လိုက်မိပေသည်။

အခြားသောဘိုးဘေးများသည်လည်း တုန်လှုပ်သွားကြလေသည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်း မှနေ၍ သူတို့အား လာရောက်ခေါ်ဆောင်မည့်သူသည် ငရဲတစ္ဆေတမန်တော် တစ်ပါး ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ထားမိပေ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၈.....တစ္ဆေသန့်စင်ခြင်းဂိုဏ်း

မျက်တောင်တစ်ခတ်အတွင်း ငရဲတစ္ဆေတမန်တော်သည် စောင့်ဆိုင်းနေသော လူအုပ်ကြီး၏ ရှေ့သို့ ရောက်ရှိသွားလေသည်။

" ငရဲတစ္ဆေတမန်တော် ကို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်"

ဘိုးဘေးအုပ်စုသည် ပြုံးရွှင်သော အမူအယာ များဖြင့် ရှေ့သို့တက်ကာ ဂါရဝပြုလိုက်လေသည်။

ငရဲတစ္ဆေတမန်တော် သည် လေထဲ၌ ရပ်ကာ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားလေသည်။ သူ့၏ မောက်မာဝင့်ကြွားသော အကြည့်က အောက်ဘက်ရှိ လူများကို ဝေ့ကြည့်လိုက်လေပြီး အသိမှတ်ပြုဟန် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး နောက်တစ်ခဏတွင် သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

" ဒီနေရာမှာ လူပေါင်း ၁၆၃ ယောက်ပဲ ရှိနေတယ်... ဒီ တမန်တော်က ဆယ်မိနစ်ပဲ စောင့်မယ်...ဒါပြီးရင်တော့ ရောက်မလာတဲ့သူတွေက နောင်အနာဂတ်မှာ လာစရာမလိုတော့ဘူး "

ငရဲတစ္ဆေတမန်တော် ၏ ပြင်းထန်သော သတိပေးချက်ကြောင့် အောက်ဘက်ရှိ ဘိုးဘေးများနှင့် ခေါင်းဆောင်များသည် စိတ်ထဲမှ တုန်ယင်သွားကြသည်။

လူအုပ်ကြီး၏ ကြား၌ ရပ်နေရင်း ရှောင်လုံသည် ငရဲတစ္ဆေတမန်တော် ကို တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်လေသည်။ သူ့၏ အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်ကြောင့် ရှောင်လုံ သည် ထိုလူ၏ ခွန်အားကို မြင်တွေ့နိုင်ပေသည်။

ထို ငရဲတစ္ဆေတမန်တော်သည် ကောလဟာလများထဲကပင် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူ့ရှေ့ရှိ သက်လတ်ပိုင်းလူသည် မဟာနတ်ဘုရားအဆင့် ၁၀ အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကာ ထိုသူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရား အင်အားပမာဏသည် အံ့သြမှင်သက်ဖွယ် ကောင်းလှပေသည်။

ဤနေရာ၌ ရှိနေကြသော ဘိုးဘေးအများစုသည် မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် နှင့် အလယ်အဆင့် ခွန်အားများ ရှိကြသော်လည်း သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် ငရဲတစ္ဆေတမန်တော် ကို အနိုင်ယူနိုင်လိမ့်မည် မဟုက်ပေ။

အခြားတစ်ဖက်၌မူ ရှောင်လုံသည် သူ့၏ ကမ္ဘာဦးနတ်နဂါး အသွင် ပြောင်းလဲ ခြင်း မရှိလျှင်ပင် ငရဲတစ္ဆေတမန်တော် ကို အနိုင်ယူနိုင်လိမ့်မည် ဟု ယုံကြည်မှု ရှိပေသည်။ ဤသည်မှာ အနိုင်ယူနိုင်ရုံသာဖြစ်ပြီး သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာဦးနတ်နဂါး တစ်ကောင်အဖြစ် ပြောင်းလဲ လိုက်သည့် အချိန်မှသာ တမန်တော်ကို သတ်ဖြတ်နိုင်ရန် တစ်ရာရာခိုင်နှုန်း ယုံကြည်ချက် ရှိပေလိမ့်မည်။

ရှောင်လုံ က ငရဲတစ္ဆေတမန်တော် ကို လေ့လာကြည့်ရှုနေချိန်တွင် ပထမအဆင့်အင်အားစုများ၏ ဘိုးဘေးများနှင့်ခေါင်းဆောင်များ ထပ်မံ ရောက်ရှိလာသည်။

မကြာမှီ အချိန်က ဆယ်မိနစ် ပြည့်သွားသည်။

ငရဲတစ္ဆေတမန်တော်၏ တင်းမာခက်ထန်သော အကြည့်သည် နောက်ဆုံး ရောက်ရှိလာသော လူများဆီသို့ ဝေ့ဝဲသွားလေပြီး သူ့၏ အသံက လူတစ်ယောက် ၏ နောက်ကျောကို တတိတိကိုက်ဖြတ်နေသော သွေးသတ္တ ဝါနှင့် တူပေသည်။

" သောက်ရမ်းကောင်းတယ်...အင်အားစုခြောက်ခုရဲ့လူတွေက ပျောက်ဆုံးနေတာပဲ... ငါတို့ ထပ်ပြီး စောင့်နေစရာမလိုတော့ဘူး... သွားကြတာပေါ့ "

သူ့၏ စကားများထဲ၌ အမိန့်အာဏာသံ အပြည့်အဝ ပါရှိနေပြီး နောက်သို့လှည့်ကာ ပျံသန်းလိုက်လေသည်။

ဘိုးဘေးများနှင့်ခေါင်းဆောင်များသည် သူ့နောက်သို့ အလျှင်အမြန် လိုက်ပါသွားကြသည်။

အချိန်မှီရောက်မလာကြသော အင်အားစုခြောက်ခု၏ လူများအတွက်မူ သူတို့၏ အဆုံးသတ်သည် မဝေးကွာလှတော့ကြောင်းမြင်ယောင်ကြည့်၍ ရပေသည်။

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်အပ်နှင်းခြင်း အခမ်းအနား ပြီးဆုံးသွားသည်နှင့် အင်အားစု ခြောက်ခုသည် မရဏလမ်း ဆီမှ ပျောက်ကွယ်သွားရပေလိမ့်မည်။

ရှောင်လုံနှင့် ကျန်သူများသည် ငရဲတစ္ဆေတမန်တော် ၏ နောက်မှ ပျံသန်းလိုက်ကြသည်။ သုံးနာရီကြာပြီးနောက် သူတို့သည် စိမ်းစိုသစ်လွင်သော တောအုပ်တစ်ခု၏ ရှေ့၌ ရပ်တန့်လိုက်လေသည်။

ငရဲတစ္ဆေတမန်တော် သည် သူ့နောက်ရှိ အုပ်စုကို ကြည့်ကာ ပြောလိုက်သည်။

" ငါမင်းတို့ကို သတိမပေးဘူးလို့မပြောနဲ့... ဒီတောအုပ်ထဲမှာ အတားအဆီးအလွှာတွေရှိပြီးတော့ နေရာတိုင်းမှာ လေဟာနယ် အက်ကွဲကြောင်းတွေရှိနေတယ်...ငါ့နောက်ကနေ နီးနီးကပ်ကပ် လိုက်ခဲ့ကြ"

လေဟာနယ် အက်ကွဲကြောင်း...။

လူတိုင်းသည် ချက်ချင်းဆိုသလို မဲမှောင်သွားကြလေသည်။

သူတို့သည် သူတို့၏ ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်မှု ရှိကြသော်လည်း သူတို့ကို စိတ်သက်သာရာ မရရှိသွားကြပေ။ လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်တိုးမိခြင်းစည် အလွန်တရာ အန္တရာယ် များလှပြီး လွတ်မြောက်ရန် မလွယ်ကူပေ။

ငရဲတစ္ဆေတမန်တော် က ထိုလူများ၏ အမူအယာ များကို လစ်လျူရှုကာ တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဤသည်ကိုကြည့်ရင်း အခြားသူများသည် သူ့နောက်မှ ချက်ချင်း လိုက်ပါလိုက်ကြသည်။

ငရဲတစ္ဆေတမန်တော် က သူတို့အား ခေါ်ဆောင်သွားသော လမ်းကြောင်းသည် အလိမ်အကောက်အချိုးကွေ့ များဖြင့် ပြည့်နှက်နေပြီး ရှုပ်ထွေးလှပေသည်။ ထို့အပြင် တောအုပ်ပေါ်၌ အဆိပ်ငွေ့တစ်လွှာလွှမ်းခြုံနေလေပြီး နတ်ဘုရား အာရုံ ကို ဖုံးကွယ်ထားသောကြောင့် လမ်းကို မှတ်သားထား၍ မရပေ။

ထိုအုပ်စုသည် တစ်နေ့လုံး ပျံသန်းလိုက်ကြသည်။ ညမှောင်လာချိန်တွင် တောအုပ်ထဲရှိ အဆိပ်ငွေ့သည် ပိုမိုအသက်ဝင်လာပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အေးခဲစေနိုင်သော အားကောင်းလှသည့် အေးစက်မှုကို ထုတ်လွှတ်လာလေသည်။ အချို့သော မဟာနတ်ဘုရားအဆင့် ၉ နောက်ပိုင်းအထွတ်အထိပ်အဆင့် ဂိုဏ်းခေါင်းဆောင် များသည် အေးစက်သည့် လေပြင်းကို တားမြစ်ရန် သူတို့၏ နတ်ဘုရား အင်အားကို လှည့်ပတ်လိုက်ကြသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် အေးစက်မှုက ဝင်ရောက်လာဆဲဖြစ်သည်။

ရုတ်တရက် အုပ်စု၏ ရှေ့ရှိ ငရဲတစ္ဆေတမန်တော် သည် ရပ်တန့်လိုက်လေပြီး လူတိုင်းကို ထိုနေရာ၌ အနားယူကာ နောက်ရက်မှ ခရီးဆက်သွားရန် အမိန့်ပေးလိုက်လေသည်။

သူ့၏ စကားလုံးများသည် လူတိုင်း၏ နားထဲသို့ ဂီတသံစဥ်နှယ် ဝင်ရောက်သွားကာ သူတို့၏ တင်းကျပ်နေသော ဖိအားများသည် လျော့နည်းသွားပေသည်။

တစ်ညတာ အနားယူပြီးနောက် သူတို့အုပ်စုသည် ဆက်သွားလိုက်ကြပြီး နေ့အချိန်၌ ခရီးဆက်ကာ ညအချိန်၌ အနားယူကြလေသည်။

၈ရက်ကြာပြီးနောက် သူတို့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားလေသည်။ အဆုံးမရှိဟန်ရသော တောအုပ်ကြီးသည် သူတို့၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားလေပြီး ရေခဲကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားလေသည်။

လူအများကို အံ့အားသင့်သွားစေသည့်အရာမှာကား ရေခဲကွင်းပြင်၏ အထက်၌ ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံး မျောလွင့်နေသောကြောင့်ဖြစ်ပေသည်။ ထိုဂြိုဟ်ကြီးက မည်မျှအထိ ကြီးမားလှကြောင်းကို သူတို့သည် စကားဖြင့်ပင် မပြောနိုင်ပေ။ ထို့အပြင် ၄င်း၏ မျက်နှာပြင်ထက်၌ မြို့တော်များနှင့် ပြည့်နှက်နေပေသည်။ ထို မြို့တော်များတွင် မြောက်များစွာသော အဆောက်အဦး များဖြင့် ပြည့်နှက်နေလေသည်။ လူအများသည် ပုရွတ်ဆိတ် တောင်ပို့ထဲသို့ ဝင်ရောက်နေသော ပုရွတ်ဆိတ် များနှယ် မြို့တော်ထဲသို့ ဝင်ချည်ထွက်ချည်ဖြင့် ပျံသန်းနေကြသည်။

'ဒါက...'

ရှောင်လုံသည်ပင် ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားပေသည်။

မြောက်များစွာသော ကြယ်စင်စု များကို နာမည်ကြားရုံဖြင့်ပင် တုန်လှုပ်သွားစေနိုင်သော နတ်ဆိုးသန့်စင်ခြင်း ဂိုဏ်းသည် ကြီးမားလှသောဂြိုဟ်ကြီးတစ်လုံးပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု မည်သူက တွေးထားမိလိမ့်မည်နည်း။ ထို ဂြိုဟ်ကြီးသည် အရင်က ရှောင်လုံ ရရှိထားခဲ့သော ကောင်းကင်ဘုံ တောင်တန်းထက် သေချာပေါက် သေးငယ်မည် မဟုတ်ပေ။

ထို ဘိုဘေးများနှင့် ဂိုဏ်းခေါင်းဆောင်များသည် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးကြခြင်း ဖြစ်သည်။ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း သူတို့၏ မျက်နှာများထက်၌ ရှောင်လုံကဲ့သို့ပင် အံ့သြမှင်သက်မူများနှင့် ပြည့်နှက်နေလေသည်။

" လာခဲ့"

သူတို့၏ အံ့အားသင့်မှုကို ထိန်းချုပ်ရန်ပင် အချိန်မပေးပဲ ငရဲတစ္ဆေတမန်တော် က သူတို့ကို ခေါ်လိုက်ကာ ကြီးမားလှသော ဂြိုဟ်ကြီးဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

လူတိုင်းက သူ့နောက်မှ အလျှင်စလို လိုက်ပါလိုက်ကြသည်။

သူတို့က ဂြိုဟ်ကြီးအနီးသို့ ရောက်ရှိလာသည်နှင့် ရှောင်လုံ သည် ၄င်း ၏ ဗဟိုဆီမှ စွမ်းအင်အမြုတေကို သတိထားမိလိုက်လေသည်။ ထို စွမ်းအင်အမြုတေသာ ပေါက်ကွဲ သွားခဲ့လျှင် ကြယ်စင်စု ထဲရှိ သက်ရှိများအားလုံးကို သေဆုံးသွားစေပေလိမ့်မည်။

ဤသည်ကို စဥ်းစားကြည့်ရင်းရှောင်လုံ၏ မျက်လုံးများက တောက်ပသွားလေသည်။

ငရဲတစ္ဆေတမန်တော် သည် လူအုပ်ကြီး ကို ဦးဆောင်၍ ဂြိုဟ်ပေါ်ရှိ မြို့တော်တစ်ခုသို့ ဆင်းသက်လိုက်လေသည်။

ရှောင်လုံ က မြို့တော်၏ ဂိတ်တံခါးများအထက်သို့ ကြည့်လိုက်ချိန်တွင် တစ္ဆေသန့်စင်ခြင်း မြို့တော်ဟု ရေးသားထားသော ရှေးဟောင်းစာလုံး သုံးခုကို တွေ့လိုက်ရလေသည်။

သူတို့ကို ငရဲတစ္ဆေတမန်တော် က ဦးဆောင်သွားသောကြောင့် မြို့တော်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်သွားသည်။ မည်သည့်တပည့် သို့မဟုတ် မည်သည့် ဂိတ်စောင့်ကမှ သူတို့ကို ပိတ်ဆို့စစ်ဆေးခြင်း မပြုပေ။

တစ္ဆေသန့်စင်ခြင်းမြို့တော်ထဲသို့ ဝင်ရောက်သွားပြီးနောက် မြို့တော်ထဲရှိ အဆောက်အဦး များအားလုံးသည် အူကြောင်ကြောင်နိုင်သော ပုံသဏ္ဍာန်များ ရှိပြီး နက်မှောင်ကာ ရက်စက်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရလေသည်။ အဆောက်အဦး များ၏ အပြင်ဘက်အသွင်သည် လူသားတစ်ယောက် ၏ ဦးခေါင်းအသွင်ရှိနေပေသည်။

အချို့မှာမူ ကိုယ်တွင်းအင်္ဂါများ၊မျက်လုံးများ၊ခြေပျက်လက်ပျက်များ ကဲ့သို့သော အသွင်အပြင်များ ရှိပေသည်။ အဆောက်အဦး ၏ ဝင်ပေါက်ကို ယင်တစ္ဆေနှင့် တစ္ဆေသားရဲ တို့၏ ပွင့်ဟနေသော ပါးစပ်အသွင် ပြင်ဆင်ထားသော အဆောက်အဦ များလည်း ရှိပေသည်။

ရှောင်လုံတို့ အုပ်စုထဲရှိ ဘိုးဘေးများနှင့်ခေါင်းဆောင် များသည် ကြောက်ရွံထိတ်လန့်မူများကြောင့် တုန်ယင်သွားကြရင်း သူတို့သည် တစ္ဆေသန့်စင်ခြင်းမြို့တော်၏ နေရာလွတ်အကုန်လုံးနီးပါးကိုယူထားသော ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု ရှေ့သို့ ရောက်ရှိသွားကြသည်။ နံရံများ၏ အဆုံးသတ်ကို မူ မြင်တွေ့နိုင်စွမ်း မရှိပေ။ ထို နန်းတော်သည် နှင်းလေတိမ်တိုက်ကြီး ၏ အင်ပါယာ နိုင်ငံတစ်ခုအထိ ကြီးမားလှသည်ဟု ရှောင်လုံ ခန့်မှန်းမိပေသည်။

ထိုအုပ်စုသည် နန်းတော်ကြီးထဲသို့ ဝင်ရောက်သွားကြပြီး ငရဲတစ္ဆေတမန်တော် က ရှောင်လုံ တို့ အုပ်စုအတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးရန် ညွန်ကြားလိုက်လေသည်။ ထို့နောက် သူက ထွက်ခွာသွားသည်။ သို့သော် မထွက်ခွာမှီ နန်းတော်ထဲမှ မထွက်ခွာရန် သတိပေးထားခဲ့သည်။ တွေ့ရှိပါက မည်သူပင်ဖြစ်နေစေကာမူ ချွင်းချက်မရှိ သတ်ဖြတ်ပစ်မည်ဖြစ်သည်။ ဂိုဏ်းသခင်အပ်နှင်းခြင်း အခန်းအနား ကျင်းပမည့်နေ့မှသာ သူက ထိုသူများကို လာခေါ်မည်ဖြစ်သည်။

ငရဲတစ္ဆေတမန်တော် က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရှောင်လုံ သည် သူ့၏ ခန္ဓာကိုယ် ပေါ်သို့ နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခု ချန်ထားခဲ့လိုက်လေသည်။

ရှောင်လုံ တို့အုပ်စု ကို ချန်ထားခဲ့ပြီးနောက် ငရဲတစ္ဆေတမန်တော်သည် နန်းတော်ပေါ်သို့ ပျံသန်းလိုက်ပြီး အကြီးဆုံး အဆောက်အဦ ပေါ်သို့ ဆင်းသက်ကာ ဝင်ရောက်လိုက်လေသည်။

ခန်းမ၏ ပလ္လင်ပေါ်၌မူ လူငယ်တစ်ယောက်ရပ်နေလေပြီး ထိုသူသည် ရှောင်လုံ နှင့် ငါးနှစ်တာကတိကဝတ် ပြုလုပ်ခဲ့သော တစ္ဆေသန့်စင်ခြင်း ဂိုဏ်း၏ သခင်လေးဖြစ်ပေသည်။ သူသည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ဂိုဏ်းသခင်နေရာကို ရယူမည့်သူလည်း ဖြစ်ပေသည်။

ထိုသခင်လေးသည် လွန်ခဲ့သည့် ငါးနှစ်ကထက် ပိုမိုအားကောင်းသန်မာလာကြောင်း ရှောင်လုံ တွေ့လိုက်ရပေသည်။ ထိုလူငယ်၏ ကျင့်ကြံမှုသည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် အဆင့်သို့ ရောက်ရှိနေပေသည်။

ရှောင်လုံက တုန်လှုပ်သွားပေသည်။ ထို သခင်လေး၏ ခွန်အားသည် အဘယ်ကြောင့် ထိုမျှ တိုးတက်မှု လျှင်မြန်လှသည်နည်း။

" သခင်လေး"

ခန်းမထဲသို့ ဝင်ရောက်သွားသည်နှင့် ငရဲတစ္ဆေတမန်တော်သည် ရိုသေလေးစားစွာ ဖြင့် နှုတ်ဆက်လိုက်လေသည်။

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်လေးက ခေါင်းညိမ့်ပြလိုက်သည်။

" ဦးလေး လော့ယွင်... ဘိုးဘေးတွေနဲ့ခေါင်းဆောင် တွေ ရောက်လာကြပြီလား"

ငရဲတစ္ဆေတမန်တော် က ပြန်ဖြေလိုက်သည်။

" အင်အားစုခြောက်ခုကတော့ အချိန်မှီ ရောက်မလာကြဘူး...အခမ်းအနား ပြီးဆုံးသွားတာနဲ့...သူတို့ကို ရှင်းလင်းဖို့အတွက် လူတွေလွှတ်လိုက်မယ်"

ဤသို့ပြောပြီးသည်နှင့် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေးက မျက်မှောင်ကြုံ့လိုက်လေသည်။

" အခမ်းအနား ရောက်ဖို့ ဆယ့်သုံးရက်ပဲလိုတော့တယ်...ဒါပေမဲ့ ဂိုဏ်းသခင်က ခုထိ ရောက်မလာသေးဘူး"

" သခင်လေး...စိတ်ချပါ... ဂိုဏ်းသခင်ရဲ့ ခွန်အား နဲ့သာဆိုရင် ဘယ်လိုပြသနာမျိုးမှ ဖြစ်လာမှာမဟုတ်ပါဘူး...အခုဆိုရင် ဂိုဏ်းသခင်က ငရဲပင်လယ် ကနေထွက်လာပြီးတော့ အပြန်လမ်းမှာတောင်ရောက်နေလောက်ပြီ"

ငရဲတစ္ဆေတမန်တော် က နှစ်သိမ့်ပေးလိုက်လေသည်။

ရှောင်လုံ က ကြောင်အသွားသည် ။ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်က ဤနေရာ၌ မရှိသည်လား။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၉ ..... တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ရတနာသိုက်

ရှောင်လုံက ထိုသတင်းကြောင့် ပျော်ရွှင်သွားလေသည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ လက်ရှိ ဂိုဏ်းသခင်က လက်ရှိအချိန်၌ အဝေးသို့ ရောက်နေသည့်ကိစ္စသည် သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

ဤသည်မှာကား ကောင်းကင်က အပ်နှင်းသော ရွှေရောင်အခွင့်အရေးပင် ဖြစ်သည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း တစ်ခုလုံး၌ သူ အစိုးရိမ်ဆုံးသူမှာ လက်ရှိ ဂိုဏ်းသခင် ဖြစ်သည်။ ဂိုဏ်းသခင်က ဤနေရာ၌ မရှိသောကြောင့် သူ၏ စိတ်ထဲရှိ အကြီးမားဆုံး စိုးရိမ်ပူပန်မှု သည် ပျောက်ကွယ်သွားလေသည်။

"အိုး...ဟုတ်သားပဲ...ဟောင်ရှောင်လုံ အကြောင်း ဘာကြားထားသေးလဲ..."

တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်လေးက ရုတ်တရက်ဆိုသလို ခေါင်းစဥ်ပြောင်းလိုက်လေသည်။

တစ္ဆေတမန်တော်က ခေါင်းယမ်းပြလိုက်သည်။

"သူက မရဏလမ်းကို ရောက်လာတဲ့ အကြောင်းကိုတော့ ကျုပ်တို့ အတည်ပြုပြီးပြီ...သူက လက်ရှိ ဘယ်ကို ရောက်နေလဲ ဆိုတာကိုတော့ ကျုပ်တို့ ရှာမတွေ့သေးပါဘူး"

ဂိုဏ်းသခင်လေး၏ မျက်လုံးထဲ၌ အစိမ်းဖျော့ဖျော့အလင်းတစ်ချက် တောက်ပသွားသည်။

"အဲ့ဒီ ဟောင်ရှောင်လုံ က ငါ့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေတယ်...ငါ သူ့ကို မသတ်ရမချင်စ ဘယ်လိုမှ စိတ်အေးနိုင်မှာ မဟုတ်ဘူး...ငါ့အမိန့်ကို ဖြန့်ထားလိုက်...မရဏလမ်းရဲ့ ဂိုဏ်းတွေနဲ့ သိုင်းပညာရှင်တွေ အားလုံး ဟောင်ရှောင်လုံရဲ့ တည်နေရာကို ရှာဖွေရမယ်...သူ့အကြောင်း သတင်း တစွန်းတစ သိရတာနဲ့ ချက်ချင်း ငါ့ဆီ တင်ပြရမယ်...ပြီးတော့ မင်းတို့ထဲက ဘယ်သူမှ မလှုပ်ရှားကြနဲ့...ငါက သူ့ကို ကိုယ်တိုင် သတ်ချင်တယ်"

"ဆန္ဒအတိုင်းပါပဲ...ဂိုဏ်းသခင်လေး"

ငရဲတစ္ဆေတမန်တော်က ခေါင်းညိတ်ကာ နာခံကြောင်း ပြလိုက်သည်။

"လမင်းဆင်းသက်ခြင်းအဘိုးအို နဲ့ အခြားလူတွေကို စောင့်ကြည့်ဖို့အတွက် လူတွေ လွှတ်ထားလိုက်ဦး...သူတို့ကို သတ်ပြီး သူတို့ရဲ့ သွေးအဆီအနှစ် တွေကို ယဇ်ပူဇော်လိုက်ရင် ငါ့ တစ္ဆေနတ်ဘုရားရဲ့ ဒဏ်ရာတွေက မြန်မြန် ပြန်သက်သာလာလိမ့်မယ် ထင်တယ်"

တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေးက ထပ်ပြောလိုက်သည်။

"စိတ်ချပါ သခင်လေး...တစ္ဆေထောင်က အဟန့်အတား အလွှာအထပ်ထပ်နဲ့ တည်ဆောက်ထားတာပါ...သူတို့ကို ဘယ်သူမှ စောင့်ကြပ်မနေရင်တောင် အဲ့ဒီလူတွေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...သူတို့က အဲ့လိုလုပ်နိုင်မယ်ဆိုရင်တောင် ကျုပ်တို့ တစ္ဆေသန့်စင်ခြင်းဂိုဏ်း ရဲ့ အပြင်ဘက်ကို ထွက်သွားနိုင်စွမ်း ရှိမှာမဟုတ်ဘူး...ပြီးတော့ အိမ်မက်ဆိုးတောအုပ်လည်း ရှိနေသေးတယ်လေ"

ငရဲတစ္ဆေတမန်တော်က ရယ်မောလိုက်သည်။

သူတို့က လာမည့်ပွဲတော်နှင့် ပတ်သတ်သော အခြားကိစ္စများကို ဆွေးနွေးလိုက်ကြသည်။ ခဏကြာပြီးနောက် ငရဲတစ္ဆေတမန်တော်က ထိုနေရာမှ ထွက်ခွာပြီး သူ့၏ ကျင့်ကြံခြင်းနန်းတော် သို့ ပြန်သွားလေသည်။

ရှောင်လုံက သူ့အတွက် စီစဥ်ပေးထားသော ခြံဝန်းထဲ၌ ထိုင်နေရင်း အတွေးနက်နေလေသည်။ သူ့၏ အစီအစဥ် မှာ လမင်းဆင်းသက်ခြင်းအဘိုးအို ကို ကယ်တင်ပြီးသွားသည်နှင့် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ ရတနာသိုက် ထဲသို့ ဝင်ရောက်ကြည့်ရှုရန် ဖြစ်ပေသည်။

သို့သော်လည်း မေးခွန်းတစ်ခုက ပေါ်ထွက်လာသည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်က မည်သည့်အချိန်၌ ပြန်ရောက်လာမည်နည်း။ အချိန်က ရွှေသာ ဖြစ်သည်။ ထို့ကြောင့် ရှောင်လုံက သူတို့ပြောသော တစ္ဆေထောင်၏ တည်နေရာကို မြန်နိုင်သမျှ မြန်မြန် ရှာဖွေရပေမည်။

ငရဲတစ္ဆေတမန်တော်နှင့် ဂိုဏ်းသခင်လေးတို့ နှစ်ယောက်လုံးသည် အလွန်တရာ အားကောင်း သန်မာလှသည်။ ရှောင်လုံကသာ သူတို့နှင့် တိုက်ခိုက်မည်ဆိုလျှင် တိုက်ခိုက်မှုစွမ်းအင်လှိုင်းများသည် အခြားသော တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ သိုင်းပညာရှင်များအား အသိပေးမိသွားပေလိမ့်မည်။ ထို့ကြောင့် တစ္ဆေထောင်အကြောင်း သတင်းအချက်အလက် ကို သူတို့ထံမှ ရယူရန် ကြိုးစားခြင်းမှာ ဉာဏ်မရှိရာကျပေသည်။ သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ အခြား သိုင်းပညာရှင်များဖြင့် သူ့၏ ကံကောင်းမှုကို စမ်းသပ်ရပေမည်။

ရှောင်လုံက ခြံဝန်း ပတ်ပတ်လည် ရှိ အတားအဆီး များကို ကျော်ဖြတ်ရန် လှည့်ကွက်အနည်းငယ် အသုံးပြုလိုက်ပြီး သူ ခြံဝန်းထဲမှ မပျောက်ကွယ်သွားမီ ဝိညာဥ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို အထဲ၌သာ နေရန် အထူးတလှည် ညွှန်ကြားထားခဲ့သည်။

နန်းတော် အဆောက်အဦ ဆီမှ ထွက်ခွာလာခဲ့ပြီးနောက် ခဏမျှ တွေးတောလိုက်ရင်း ရှောင်လုံသည် ငရဲတစ္ဆေတမန်တော်၏ ပုံသဏ္ဍာန်ကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူက တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ဋ္ဌာနချုပ်ဆီသို့ ဦးတည်လိုက်လေသည်။

ထို့နောက် သူက သူ့၏ နတ်ဘုရားအာရုံကို ဂရုတစိုက် ဖြန့်ကျက်လိုက်သည်။ တစ္ဆေသန့်စင်ခြင်းမြို့တော်၏ မီတာ သန်းငါးရာအတွင်းရှိ အရာအားလုံးသည် သူ့၏ စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာလေသည်။ မြို့တော် ထဲရှိ အိမ်တော်များ၏ လျှို့ဝှက်ခန်းများနှင့် အဆင့်မြင့်အဆင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များကိုလည်း မြင်တွေ့နေရသည်။

မျက်တောင်တစ်ခတ်အတွင်း သူက အိမ်တေည်တစ်ခု၏ လျှို့ဝှက်ခန်းရှေ့သို့ ရောက်ရှိသွားသည်။

လျှို့ဝှက်ခန်းထဲ၌ မဟာနတ်ဘုရားအဆင့် ၈ သိုင်းပညာရှင်၏ မျက်လုံးများသည် ရုတ်တရတ် ပွင့်ဟ သွားလေသည်။ သူ ပထမဆုံး မြင်လိုက်ရသည့်အရာမှာကား ရှောင်လုံ၏ပုံရိပ် ဖြစ်ပေသည်။

"အရှင် ငရဲတစ္ဆေတမန်တော်"

ထို တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ သိုင်းပညာရှင် က အံ့အားသင့်ကာ စိတ်ရှုပ်ထွေးသွားသော်လည်း အလျှင်အမြန် ဒူးထောက်လိုက်သည်။ ပုံမှန်အားဖြင့် ငရဲတစ္ဆေတမန်တော်သည် သူတို့ကို တွေ့ချင်လာသည်နှင့် သတင်းပို့အဆောင်ဖြင့် ဆက်သွယ်တတ်သည်။ အရှင် ငရဲတစ္ဆေတမန်တော်သည် သူတို့ကို မည်သည့်အချိန်ကမှ ကိုယ်တိုင်လာရောက် မတွေ့ဆုံခဲ့ပေ။ သို့သော် သူ့၏ အတွေးများက အဆုံးမသတ်မီမှာပင် အလွန်တရာ အားကောင်းလှသော ဆွဲအားတစ်ခုက သူ့ကို အရှင် ငရဲတစ္ဆေတမန်တော်ဆီသို့ ဆွဲခေါ်သွားသည်။

ရှောင်လုံ၏ မျက်လုံးထဲ၌ ခရမ်းရောင်အလင်းတစ်ခု လက်လာပြီး စိတ်ဝိညာဥ် သင်္ကေတသည် ထိုသိုင်းပညာရှင်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ စိတ်ဝိညာဥ် ရှာဖွေလိုက်လေသည်။

မိနစ် အနည်းငယ်ကြာပြီးနောက် စိတ်ဝိညာဥ် ရှာဖွေခြင်း ပြီးဆုံးသွားသည်။

ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်း ၏ ဝါးမြိုခြင်းစွမ်းအားက ထွက်ပေါ်လာပြီး ထိုသိုင်းပညာရှင်ကို တစ်ခဏအတွင်း ခြောက်သွေ့သော အလောင်းအသွင် ပြောင်းလဲပစ်လိုက်သည်။ သို့သော်လည်း ထိူသူက အသက်ရှင်နေဆဲ ဖြစ်ပြီး ထာဝရ အိပ်စက်သွားရခြင်း ဖြစ်သည်။

ထိုကဲ့သို့ အဆင့်မြင့်မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် များအနေဖြင့် သေဆုံးသွားချိန်တွင် ကွဲအက်သွားနိုင်သော ဝိညာဥ်တံဆိပ်ပြားတစ်ခု ဂိုဏ်းထဲ၌ ရှိနေနိုင်ပေသည်။ဤသည်က တစ္ဆေသန့်စင်ခြင်းဂိုဏ်း ကို ကျူးကျော်သူရှိကြောင်း သေချာပေါက် အသိပေးပေလိမ့်မည်။

ထိုသူ၏ မှတ်ဉာဏ်များအရ တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၌ မဟာနတ်ဘုရားအဆင့် ၇ နှင့်အထက် သိုင်းပညာရှင်များသည် သုံးသောင်းကျော် ရှိကြောင်း ရှောင်လုံ သိလိုက်ရသည်။ မဟာနတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင် သည်ပင် တစ်ထောင်ကျော်ရှိပေသည်။

ရှောင်လုံက လုံးဝ အံ့သြမှင်သက်သွားသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ရှေးဟောင်းနတ်ဆိုးကလန် သည်ပင် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် တစ်ထောင်ကျော်ရုံမျှသာ ရှိသည်။ သူတို့ကြား၌ မဟာနတ်ဘုရားအဆင့် ၇ နှင့်အထက် သည် အလွန်တရာ နည်းပါးလှပြီး ငါးဆယ်ကျော်မျှသာ ရှိပေသည်။

သူ စိတ်ဝိညာဥ်ရှာဖွေလိုက်သည့်သူ့မှာ တစ္ဆေမွေးမြူခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး တစ္ဆေထောင်၏ တည်နေရာကို မသိရှိပေ။ စည်းကမ်းထိန်းခန်းမ၏ အကြီးအကဲများနှင့် မဟာအကြီးအကဲများသည်သာ ထိုနေရာကို သိရှိကြသည်။

"စည်းကမ်းထိန်းခန်းမရဲ့ အကြီးအကဲ နဲ့ မဟာအကြီးအကဲ တွေ"

ရှောင်လုံက တီးတိုးရေရွတ်လိုက်ပြီး သူ့၏ မတ်ဘုရားအာရုံက သူနှင့် သိပ်မဝေးသည့်နေရာ၌ ရှိသော မဟာနတ်ဘုရားအဆင့် ၈ စည်းကမ်းထိန်းအကြီးအကဲ ပေါ်သို့ ကျရောက်သွားသည်။

ဆယ်မိနစ်ကြာပြီးနောက် တူညီသည့်နည်းလမ်းကို အသုံးပြု၍ ရှောင်လုံ သည် စည်းကမ်းထိန်းခန်းမ အကြီးအကဲ၏ စိတ်ဝိညာဥ်ကို ရှာဖွေပြီးစီးသွားသည်။ ရှောင်လုံက သူ့၏ သွေးအဆီအနှစ် နှင့် နတ်ဘုရားအင်အားကို ဝါးမြိုပစ်လိုက်ပြီး ထာဝရ အိပ်မောကျသွားစေလိုက်သည်။

"မြို့တော် ရဲ့ တောင်ဘက်"

ရှောင်လုံ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုအရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားလေသည်။

တစ္ဆေထောင်သည် မြို့တော်၏ တောင်ဘက်မှ အိမ်တော်တစ်ခု၏ အောက်၌ ရှိနေပေသည်။

အစပိုင်း၌ ရှောင်လုံသည် တစ္ဆေထောင်ကို တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ဋ္ဌာနချုပ်ထဲ၌ ရှိနေမည်အား စိုးရိမ်နေခဲ့သည်။ ထိုသို့ဆိုပါက အဘိုးအိုကို ကယ်ဆယ်ရန် အဆပေါင်းများစွာ ခက်ခဲသွားပေလိမ့်မည်။

သို့သော်လည်း ရှောင်လုံက အလျင်မလိုပေ။ သူက အခြားသော စည်းကမ်းထိန်းခန်းမ အကြီးအကဲ ငါးယောက်နှင့် မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် ဖြစ်သော မဟာအကြီးအကဲ တစ်ယောက်ကို စိတ်ဝိညာဥ်ရှာဖွေလိုက်လေသည်။ မဟာအကြီးအကဲ၏ မှတ်ဉာဏ်များဆီမှ သူသည် အဟန့်အတားများအား ဖြေရှင်းနိုင်မည့် နည်းလမ်းအား တွေ့ရှိခဲ့ပြီး တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ရတနာသိုက် တည်နေရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပေသည်။

ပြဿနာမှာကား ရတနာသိုက်ကို ကာကွယ်သူလေးယောက်က စောင့်ကြပ်ခြင်း ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းသည် ငရဲတစ္ဆေတမန်တော်နှင့် ခွန်အားအတူတူ ဖြစ်သည်။ အရေးအကြီးဆုံး မှာကား လူသုံးယောက်သည်သာ ရတနာသိုက်အား ဖွင့်လှစ်သည့်နည်းလမ်းကို သိရှိထားကြသည်။

တစ်ယောက်သည် လက်ရှိဂိုဏ်းသခင် ဖြစ်ပြီး ကျန်နှစ်ယောက်မှာ ဂိုဏ်းသခင်လေးနှင့် ငရဲတစ္ဆေတမန်တော်တို့ ဖြစ်သည်။ ရှောင်လုံက မျက်မှောင်ကြုတ်လိုက်မိလေသည်။

ပြောစရာမလိုအောင်ပင် ရတနာသိုက် ဖွင့်သည့်နည်းလမ်းကို ဂိုဏ်းသခင်က ထုတ်ဖော်ပြောရန် မဖြစ်နိုင်ပေ။ သူ့၌ ဂိုဏ်းသခင်လေးနှင့် ငရဲတစ္ဆေတမန်တော်တို့ကို သာ ရွေးချယ်မေးမြန်းခွင့် ရှိသည်။ ပြဿနာမှာကား သူတို့နှစ်ယောက် က ဋ္ဌာနချုပ်ထဲ၌ ရှိနေခဲ့လျှင် သူသည် သူတို့ထံမှ မေးမြန်းရန် မည်သည့်အခွင့်အရေးမှ ရနိုင်မည်မဟုတ်ပေ။

"မေ့လိုက်တော့...ငါ ဆရာ့ကို အရင်ကယ်ရင် ပိုကောင်းလိမ့်မယ်"

ရှောင်လုံ၏ မျက်ခုံးတန်းက ပြေလျော့သွားလေသည်။ အဆုံး၌ ဤနေရာသို့ သူရောက်လာရသည့် အဓိကအကြောင်းရင်း မှာ လမင်းဆင်းသက်ခြင်းအဘိုးအို ကို ကယ်တင်ရန် ဖြစ်ပြီး ကျန်သည်များမှာ ဒုတိယဖြစ်ပေသည်။

ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ရှောင်လုံသည် သူရှာဖွေထားသော မှတ်ဉာဏ်များအရ မြို့တော်၏ တောင်ဘက်ခြမ်း သို့ ဦးတည်လိုက်သည်။ ထို့နောက် အိမ်တော်တစ်ခု၏ အောက်ရှိ တစ္ဆေထောင်ရှိရာ လျှို့ဝှက်တံခါးကို ရှာဖွေလိုက်သည်။

တစ္ဆေထောင်၏ ဝင်ပေါက်ကို တပည့်နှစ်ဆယ်ကျော်က စောင့်ကြပ်နေပေသည်။ သို့သော် သူတို့သည် များစွာ မသန်မာလှဘဲ အများစုသည် အလယ်အဆင့်  မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ရှောင်လုံက သူတို့ ကို လွယ်ကူလျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်းလိုက်ပြီး ဝင်ပေါက်ပေါ်ရှိ အဟန့်အတားများကို ဖြေရှင်းလိုက်ကာ အထဲသို့ ဝင်လိုက်သည်။

တစ္ဆေမျှော်စင်သည် ခုနစ်ထပ်ရှိပေသည်။ အခက်သို့ ပိုတက်လေလေ အတားအဆီးများက ပိုမိုသန်မာလေလေ ဖြစ်သည်။ လမင်းဆင်းသက်ခြင်းအဘိုးအို က ဒုတိယထပ် ၌ ရှိနေလေသည်။

နောက်ထပ် ရှောင်လုံ မြင်လိုက်ရသည့်အရာက သူ့ကို အံ့အားသင့်သွားစေသည်။ သူက ဒုတိယထပ်ရှိ လမင်းဆင်းသက်ခြင်းအဘိုးအို၏ အကျဥ်းခန်းရှေ့သို့ ရောက်ရှိသွားချိန်တွင် အဘိုးအိုသည် ခြေတစ်ဖက်ကို စည်းချက်ကျကျ လှုပ်ယမ်းကာ အရက်သောက်ရင်း သီချင်းညည်းနေပေသည်။ သူ့ကို ကြည့်ရသည်မှာ သက်သောင့်သက်သာ ရှိလွန်းလှပြီး အကျဥ်းသားတစ်ယောက်၏ ပုံစံနှင့် လုံးဝမတူပေ။

"အဘိုး...အရက်က ဘယ်က ရလာတာတုန်း"

ရှောင်လုံက မေးလိုက်လေသည်။

ရှောင်လုံ၏ အသံကြောင့် လမင်းဆင်းသက်ခြင်းအဘိုးအိုသည် အိပ်ရာပေါ်မှ ထခုန်မိလုမတတ် ကြောက်ရွံ့သွားသည်။ သို့သော် သူက ရှောင်လုံကို မြင်လိုက်ချိန်၌ သူ့၏ မျက်နှာသည် တောက်ပသွားလေသည်။ သူက ရှောင်လုံအပေါ်ခုန်အုပ်ကာ ဖက်ပစ်လိုက်ရင်း အရူးအမူး ရယ်မောလိုက်လေသည်။

"သောက်ခြောက်ကောင်တွေ...ကောင်လေး...မင်းက မင်းရဲ့ဆရာ ငါ့ကို သေချာပေါက် လာကယ်မယ်ဆိုတာ ငါသိတာပေါ့ကွာ...နောက်ဆုံးတော့ မင်း ရောက်လာပြီ လေ"

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၆၀.....စိတ်ဝိညာဉ် သန့်စင်ခြင်း ဂိုဏ်းသခင် ပြန်ရောက်လာပြီ

အဘိုးအို၏ ပြောနေကြ စကားလုံးကို ကြားလိုက်ရချိန်တွင် ရှောင်လုံသည် စပ်ဖြဲဖြဲရယ်မောလိုက်သည်။

" ကျွန်တော်ပြောဦးမယ်...အဘိုး...ကြည့်ရတာ အဘိုး က ကောင်းကောင်းမွန်မွန် နေရတဲ့ပုံပဲ...အဘိုးနဲ့အတူ သောက်စရာ အရက်ကောင်းတောင်ပါလာသေးတယ်"

လမင်းဆင်းသက်ခြင်းအဘိုးအိုက ငြင်းဆိုလိုက်လေသည်။

" ငါ့ဖင်ကြီးကို ကောင်းကောင်းနေရပါလား...ငါက နေ့တိုင်း ဝက်တစ်ကောင်လို နေနေရတာ... ဒီအရက်ကလည်း အရင်က ငါစုဆောင်းထားတဲ့ အရက်ပဲ...ပြီးတော့ ဒါက နောက်ဆုံး အရက်အိုးပဲ...မင်းသာ ပေါ်မလာဘူးဆိုရင်...အရက်မရှိဘဲ ငါ့ရဲ့ နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ တကယ်မသိတော့ဘူး"

ရှောင်လုံ မှာ အလွန်တရာ ဆွံအသွားလေသည်။

အတိအကျ ဆိုရသော် အဘိုးအို၏ ခန္ဓာကိုယ် ပေါ်၌ နတ်ဘုရား အင်အားကို တားဆီးထားသော အဟန့်အတား တစ်ခုရှိပေသည်။ သို့သော် ရှောင်လုံ၏ မျက်လုံးထဲ၌ ၄င်းသည် ပြသနာ မဟုတ်ပေ။

မိနစ်အနည်းငယ် အတွင်း ရှောင်လုံ သည် အဘိုးအို ၏ ကိုယ်ပေါ်ရှိ အဟန့်အတား ကို ဖယ်ရှားပေးလိုက်လေသည်။

သူ့ကိုယ်ပေါ်ရှိ အဟန့်အတား များ ပျောက်ကွယ်သွားသည်နှင့် လမင်းဆင်းသက်ခြင်းအဘိုးအိုသည် အကြောဆန့်လိုက်ပြီး စပ်ဖြီးဖြီး ရယ်မောလိုက်လေသည်။ 

"ဒီပစ္စည်းက ဒီအဘိုးကြီးကို သေလုမတတ် ခံစားရအောင်လုပ်တယ်"

" အဘိုး...လာခဲ့...ဒီနေရာကနေ ထွက်သွားကြရအောင်"

ရှောင်လုံ က ပြောလိုက်လေသည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုအ တွေဝေတုံ့ဆိုင်းနေပြီး ပြောလိုက်လေသည်။

" အကျဥ်းထောင်ရဲ့ ဒုတိယ ထပ်နဲ့ တတိယထပ်ပေါ်မှာ ဝမ်ဂူကလန်၊ ဘီလူးမျိုးနွယ်စုတွေနဲ့ အခြားအင်အားစုတွေရဲ့ သိုင်းပညာရှင် တွေလည်း ဖမ်းဆီးခံထားရတယ်...ငါတို့..."

ရှောင်လုံက ခေါင်းရမ်းပြလိုက်လေသည်။

" ကျွန်တော် တို့ ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့"

ရှောင်လုံက တစ္ဆေသန့်စင်ခြင်း ဂိုဏ်းမှ ချက်ချင်းထွက်ခွာသွားရန် မစီစဥ်ထားပေ။ သူကသာ လူအမြောက်အများကို တပြိုင်နက်တည်း ကယ်ဆယ်သွားခဲ့မည်ဆိုလျှင် သူ့အတွက် ဒုက္ခ များသွားပေလိမ့်မည်။ ထို့ကြောင့် တခြားသူများသည် သူထွက်သွားမည့် အချိန်အထိ စောင့်ဆိုင်းနေရပေမည်။

လမင်းဆင်းသက်ခြင်းအဘိုးအိုက ရှောင်လုံ၏ စကားများကို တွေးတောလိုက်ရင်း မည်သည့်စကားမှ မပြောလာတော့ပေ။

ထို့ကြောင့် ရှောင်လုံသည် လမင်းဆင်းသက်ခြင်းအဘိုးအိုကို သူနှင့်အတူ ခေါ်ဆောင်၍ မဟာလေဟာနယ် ရွေ့ပြောင်းခြင်း ကို အသုံးပြု၍ တစ္ဆေထောင်မှ ထွက်ခွာလိုက်လေသည်။ သူတို့က ပြန်လည် ပေါ်ထွက်လာသည့် အချိန်၌ စိတ်ဝိညာဉ် နတ်ဆိုးဂိုဏ်း ဘိုးဘေးအတွက် စီစဥ်ပေးထားသော ခြံဝန်းထဲသို့ ရောက်ရှိသွားလေသည်။

ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအိုကို တစ္ဆေထောင်မှ ကယ်ဆယ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ရှောင်လုံ သည် သူ့၏ သတိကို လျော့ချမပစ်နိုင်သေးပေ။  တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသည် မကြာမီမှာပင် အကျဥ်းသားတစ်ယောက် ပျောက်ဆုံးနေကြောင်းကို သိရှိသွားပေလိမ့်မည်။

ထိုအချိန်၌ သူတို့သည် မြို့တော်တခွင်သို့ သေချာပေါက် ရှာဖွေပေလိမ့်မည်။ ဂိုဏ်းခေါင်းဆောင် များနှင့် ဘိုးဘေးများအုပ်စုသည်လည်း သံသယ ဝင်ခံရမည်ဖြစ်ကြောင်း ရှောင်လုံ သေချာ သိရှိပေသည်။

ထို့ကြောင့် လမင်းဆင်းသက်ခြင်းအဘိုးအို ကယ်ဆယ်ခံလိုက်ရသည့် အကြောင်းအား တစ္ဆေသန့်စင်ခြင်း ဂိုဏ်း မသိရှိခင် ရှောင်လုံသည် အိမ်မက်ဆိုးတောအုပ် မှ ထွက်ခွာရန် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ အိမ်မက်ဆိုးတောအုပ် သည် အန္တာရယ် ရှိသော တောအုပ်ဖြစ်ပြီး ကြီးမားလှသော ဥက္ကာခဲကြီးရှိရာဆီသို့ ရောက်ရှိရန် ထိုတောအုပ်သို့ ဖြတ်သန်းရမည်ဖြစ်သည်။

အိမ်မက်ဆိုးတောအုပ်မှ ထွက်ခွာရန် နည်းလမ်းမသိပါက ရှောင်လုံသည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ပိုင်နက်အတွင်း၌သာ ပိတ်မိသွားပေလိမ့်မည်။

စည်းကမ်းထိန်း ခမ်းမ၏ အကြီးအကဲ များနှင့် မဟာအကြီးအကဲ များ၏ မှတ်ဉာဏ် များအရ အိမ်မက်ဆိုးတောအုပ်မှထွက်ခွာသည့် နည်းလမ်းကို သိရှိသူ သုံးယောက်သာရှိကြောင်း ရှောင်လုံ သိလိုက်ရပေသည်။ ထို သုံးယောက်သည် ဂိုဏ်းသခင် ၊ ဂိုဏ်းသခင်လေးနှင့် ငရဲတစ္ဆေတမန်တော် တို့ ဖြစ်သည်။

သို့သော်လည်း ရှောင်လုံ က ဆုံးဖြတ်ရန် တုံ့ဆိုင်းနေဆဲ ဖြစ်သည်။

သူက အခွင့်အရေး တစ်ခုကို စောင့်စားရပေမည်။ ဂိုဏ်းသခင်လေး သို့မဟုတ် ငရဲတစ္ဆေတမန်တော် တို့ ထဲမှ တစ်ယောက်ယောက် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ဋ္ဌာနချုပ်၏ အပြင်ဘက်သို့ ထွက်ခွာလာသည်အား စောင့်ဆိုင်းရပေမည်။

ရှောင်လုံ၏ နတ်ဘုရား အာရုံက သူတို့၏ လှုပ်ရှားမှုများကို အချိန်တိုင်း လိုက်ပါ စစ်ဆေးနေလေသည်။

မကြာမှီ ညအချိန်သို့ ရောက်ရှိသွားသည်။

သူ့၏ ပစ်မှတ်နှစ်ယောက်လုံးသည် ဋ္ဌာနချုပ်ထဲ၌သာ နေထိုင်သောကြောင့် ရှောင်လုံ၏ မျှော်လင့်ချက်များသည် စိတ်ပျက်မူများဖြင့်သာ ပြည့်နှက်သွားရပေသည်။

ဒုတိယ နေ့၌လည်း ထိုသို့သာ ဖြစ်နေလေသည်။

ထိုအချိန်တွင် တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်အပ်နှင်းပွဲသို့ ရောက်ရှိရန် ဆယ့်တစ်ရက်သာ ကျန်ရှိတော့သည်။

'ဆယ့်တစ်ရက်'

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင် သည် မည်သည့်အချိန်မဆို ပြန်ရောက်လာနိုင်ပေသည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ရှောင်လုံ သည် ပိုမို စိုးရိမ်ပူပန်လာပေသည်။

တတိယမြောက်နေ့၌ ရှောင်လုံသည် စွန့်စွန့်စားစား ဖြင့် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်ချိန်တွင် နန်းတော်ထဲ၌ တစ်ချိန်လုံး ရှိနေသော သခင်လေးသည် အပြင်သို့ ထွက်လာလေသည် ။

ဋ္ဌာနချုပ်ထဲမှ ထွက်လာရင်း ဂိုဏ်းသခင်လေး သည် မြို့တော်ဆီမှ ထွက်ခွာကာ ရေခဲလွင်ပြင်၏ အစွန်းဆီသို့ဦးတည်လိုက်လေသည်။

ရှောင်လုံက စိတ်သက်သာရာ ရသွားလေပြီး သူ့၏ နောက်မှ တိတ်တဆိတ် လိုက်ပါလိုက်လေသည်။ သူတို့က ရေခဲကွင်းပြင်နှင့် နီးကပ်လာလေလေ ဂိုဏ်းသခင်လေးက ဤနေရာ၌ ဘာလုပ်ချင်သည်ကို ရှောင်လုံ သိချင်လာလေလေဖြစ်သည်။

ရေခဲကွင်းပြင်၏ အစွန်း၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသော စိတ်ဝိညာဉ် စွမ်းအင် ရေကန်တစ်ခု ရှိနေပေသည်။

ရေကန်ဆီမှ အေးခဲချီသည် အန္တာရယ် ဖြစ်စေနိုင်သော်လည်း ယင်နှင့်အအေးစွမ်းအင် နည်းစနစ် ကျင့်ကြံသူ များအတွက်မူ ထိုရေကန်ထဲ၌ ကျင့်ကြံအားထုတ်ခြင်းသည် သူတို့၏ ခွန်အားကို အဆမတန် တိုးပွားသွားစေနိုင်ပေသည်။

ထို့ကြောင့် ဂိုဏ်းသခင်လေးကဤနေရာသို့ လာရခြင်း ဖြစ်သည်။

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသည် စိတ်ဝိညာဉ် ရေကန်ပတ်ပတ်လည်၌ နန်းတော်တစ်ခု တည်ဆောက်ထားပြီး အကာအရံ များဖြင့် ဖုံးလွှမ်းထားကာ စိတ်ဝိညာဉ် ရေကန်နန်းတော်ဟု အမည်ပေးထားပေသည်။ ဝင်ပေါက်ကို မဟာနတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင် နှစ်ယောက်က စောင့်ကျပ်နေပေသည်။

" သခင်လေး"

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်လေးက ဝင်ပေါက်၌ ပေါ်ထွက်လာချိန်တွင် အစောင့်နှစ်ယောက်က ရှေ့သို့တိုးကာ ဒူးထောက်လိုက်ကြလေသည်။

ဂိုဏ်းသခင်လေးက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ဝိညာဉ် ရေကန်နန်းတော်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားလေသည်။

ဂိုဏ်းသခင်လေး၏ ပုံရိပ် က နန်းတော်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှောင်လုံ၏ မျက်နှာထက်ရှိ အပြုံးက ပိုမို နက်ရှိုင်းလာပေသည်။ ထို့နောက် ရှောင်လုံ က နတ်ဘုရား ချုပ်နှောင်ခြင်း ရွှေပိုးကြိုးကို ထုတ်ယူလိုက်ကာ ပတ်ပတ်လည် လေဟာနယ် ဖြင့်ပေါင်းစပ်လိုက်လေသည်။ စိတ်ဝိညာဉ် ရေကန်နန်းတော်ကို အလယ်ဗဟိုထား၍ ပတ်ပတ်လည် ရှိ မီတာငါးသန်း အကျယ်အဝန်းအထိ ပြင်ပကမ္ဘာဆီမှ ခွဲထုတ်ခံလိုက်ရပေသည်။ ဤသည်ကို နန်းတော်ထဲရှိလူများ မသိကြပေ။

ထိုအခါမှသာ ရှောင်လုံသည် ပုန်းကွယ်နေရာမှပေါ်ထွက်လာပြီး အစောင့်အကျပ်နှစ်ယောက်ရှိရာ ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။

အနက်ရောင်ဆံပင် နှင့် လူငယ်က မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်အား မြင်လိုက်ရချိန်တွင် မဟာနတ်ဘုရားအဆင့် ၁၀ အစောင့်အရှောက်နှစ်ယောက်သည် ကြောင်အသွားကြလေသည်။ သူတို့သည် စိတ်ဝိညာဉ်ရေကန်နန်းတော်၌ နှစ်သန်းပေါင်း များစွာ စောင့်ကြပ်နေခဲ့ပြီး သူတို့၏ ဂိုဏ်းသခင်လေးမှ လွဲ၍ ဤနေရာသို့ ရောက်ရှိလာသော အခြားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

စိတ်ဝိညာဉ်ရေကန်နန်းတော်သည် တစ္ဆေသန့်စင်ခြင်း ဂိုဏ်း၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် တပည့်များသည် ထိုနေရာ၏ ပတ်ပတ်လည် မီတာငါးသန်းသို့ ဝင်ရောက်ခွင့် မရှိပေ။ ထို့ကြောင့်လည်း မည်သည့်တပည့် ကမှ စည်းမျဥ်းကို ချိုးဖောက်ကာ မလာရောက်ရဲကြခြင်း ဖြစ်သည်။

အစောင့်ရှောက်နှစ်ယောက်ကို ဝေခွဲမရ ဖြစ်သွားစေသည့် အရာမှာကား ရှောင်လုံ၏ ပုံရိပ် သည် ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။ နောက်ခနတွင် အနက်ရောင် ဆံပင်နှင့် လူငယ်သည် သူတို့၏ ရှေ့တည့်တည့်၌ ထွက်ပေါ်လာပေသည်။

အလင်းကဲ့သို့သော မြန်ဆန်မှုဖြင့် ရှောင်လုံ သည် အစောင့်ရှောက်နှစ်ယောက်၏ လည်မြိုကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ငရဲနတ်ဆိုး အန္တိမ နတ်ဘုရား ဦးခေါင်း၏ ဝါးမြိုခြင်း စွမ်းအားကို အသက်သွင်းလိုက်သည်။

စိတ်ဝိညာဉ်ရေကန်နန်းတော်ထဲ၌ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေးသည် ခန်းမထဲ၌ ခြေချိတ်ထိုင်နေလေသည်။ သူက စတင် မကျင့်ကြံရသေးမီမှာပင် အပြင်ဘက်ဆီမှ စွမ်းအင်ဖြာထွက်မှုလှိုင်းများကို သိရှိသွားလေသည်။

" စိတ်ဝိညာဉ် ရေကန်နန်းတော်ထဲကို ကျူးကျော်ရဲတဲ့သူရှိနေတာလား"

ခဏမျှ ကြောင်အသွားပြီးနောက် သူ့၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

" ဒီလိုမျိူး စိတ်ဝင်စားစရာ ကိစ္စ မရှိတာ တော်တော်တောင်ကြာသွားပြီပဲ"

သို့သော်လည်း သူက သူ့၏ ခွန်အားကို ယုံကြည်မူရှိသောကြောင့် ခန်းမထဲ၌ခြေချိတ်ထိုင်နေလိုက်ပြီး ထိုသူ ဝင်အလာကို စောင့်နေလိုက်သည်။

ထိုသူက မည်သူ ဖြစ်လိမ့်မည်ကို သူက ခန့်မှန်းနေပေသည်။

တစ်မိနစ်မျှ ကြာပြီးနောက် သူသည် နန်းတော်ထဲသို့ ဝင်ရောက်လာသော ပုံရိပ်တခု အား မြင်လိုက်လေသည်။

ဂိုဏ်းသခင်လေးသည် ဝင်လာသောသူ၏ မျက်နှာကို မြင်လိုက်ချိန်တွင် အံ့သြမှင်သက်စွာ ရေရွတ်လိုက်လေသည်။

" ဟောင်ရှောင်လုံ"

စိတ်ဝိညာဉ် ရေကန်နန်းတော်ထဲသို့ ဝင်ရောက်လာရင်း ရှောင်လုံ သည် အဓိကခန်းမ၏ အလယ်၌ ခရမ်းနက်ရောင် ရေကန်ကို မြင်လိုက်ရလေသည်။ ထိုရေကန်၏ စိတ်ဝိညာဉ်စွမ်းအင် များသည် အလွန်တရာ သိပ်သည်းနေလေပြီး မြူထုအလွှာတစ်ခုနှယ် ဖြစ်ပေါ်နေပေသည်။ အလွန်တရာ အားကောင်းလှသော အေးခဲချီသည် ရေကန်ထဲ မှ ဖြာထွက်နေလေသည်။

ဤသည်မှာ စိတ်ဝိညာဉ် စွမ်းအင် ရေကန်ဖြစ်သည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်လေးသည် လက်ရှိ၌ ရေကန်၏ အထက် လေထုထဲတွင် ခြေချိတ်ထိုင်နေခြင်း ဖြစ်သည်။

ရှောင်လုံ၏ အကြည့်က ဂိုဏ်းသခင်လေး ပေါ်သို့ ကျရောက်သွားသည်။

" တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေး...ကျုပ်တို့ ထပ်တွေ့ပြန်ပြီ...ကျုပ်တို့ရဲ့ ငါးနှစ်တာသဘောတူညီချက်ကို သဘောတူညီချက် အတိုင်းဆိုရင်...ကျုပ်လာတာ နောက်မကျဘူးမလား"

တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေးက မတ်တပ်ထရပ်လိုက်ရင်း ရှောင်လုံ၏ စကားများကြောင့် အားပါးတရ ရယ်မောလိုက်လေသည်။

" ဟောင်ရှောင်လုံ...မင်းက တကယ်ကို လာရဲတဲ့ သတ္တိ ရှိနေတာပဲ"

သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ထင်မြင်ချက်ပေးလိုက်သည်။

" မင်းက မိသားစု ဘိုးဘေးအုပ်စုထဲမှာ ရောပြီးပါလာတာပဲ ဖြစ်ရမယ်...တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ရဲ့ တစ္ဆေနတ်ဘုရားက... အင်အားကြီး ခန္ဓာကိုယ် ရှိတဲ့ လူတစ်ယောက် ရဲ့ သွေးအဆီအနှစ်ကို လိုနေတာ...မင်းက အချိန်ကိုက် ရောက်လာတာပဲ"

ဤသို့ပြောရင်း သူ့၏ နောက်ဆီမှ အနက်ရောင် အလင်းတစ်ခု ဖြာထွက်လာလေပြီး ကြီးမားလှသော တစ္ဆေအရိပ်တစ်ခု ပေါ်ထွက်လာပေသည်။

ထိုအရိပ်သည် ၃၃မီတာ ရှည်ပြီး ဂိုဏ်းသခင်လေးနှင့် တူညီကာ အလွန်တရာ အားကောင်းလှသော တစ္ဆေချီကို ထုတ်လွတ်နေပေသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ပင်မတပည့်တိုင်းသည် တစ္ဆေနတ်ဘုရား ကို မွေးမြူနိုင်သော လျှို့ဝှက်နည်းစနစ် တစ်ခုကို လေ့ကျင့်ထားကြပေသည်။ တစ္ဆေနတ်ဘုရား တစ်ကောင်ချင်းစီတိုင်းသည် မတူညီသော မွေးရာပါ အရည်အချင်း နှင့် စွမ်းရည်တို့ရှိကြပေသည်။ ထို့ကြောင့် တစ္ဆေနတ်ဘုရား တစ်ကောင်နှင့်တစ်ကောင်ကြားတွင် ခွန်အားကွာခြားချက်ရှိပေသည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေး မွေးမြူထားသော တစ္ဆေနတ်ဘုရား သည် ဂိုဏ်းသခင် လေးနှင့် အရှိန်အဝါတူညီပေသည်။ အတိအကျဆိုရသော် တစ္ဆေနတ်ဘုရား ၏ ခွန်အား သည် သူ့ထက် အနည်းငယ် မြင့်မားနေပေသည်။

ထိုသို့ဆိုလျှင်ပင် တစ္ဆေနတ်ဘုရား ၏ စိတ်ဝိညာဉ် က ဒဏ်ရာရရှိနေပြီး အစစ်အမှန် တိုက်ပွဲဝင်စွမ်းအား က လျော့ကျနေကြောင်း ရှောင်လုံ တွေ့မြင်နိုင်ပေသည်။

" သွား"

တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်လေးက သူ့နောက်ရှိ တစ္ဆေနတ်ဘုရား ကို ပြောလိုက်လေသည်။

အမိန့်ရသွားသည်နှင့် တစ္ဆေနတ်ဘုရား သည် ရှောင်လုံ့ဆီသို့ ခုန်အုပ်လာပြီး တစ်ကိုက်တည်းဖြင့် ဝါးမြိုပစ်ချင်သည့်နှယ် ၄င်း၏ ပါးစပ်အား ကျယ်လောင်စွာ ဖွင့်ဟလာလေသည်။ ၄င်းက ရောက်ရှိမလာမှီတွင် ရှောင်လုံဆီသို့ တစ္ဆေချီလှိုင်းများ ဖြင့် ပစ်လွှတ်လိုက်လေပြီး ဖုံးလွှမ်းပစ်ကာ ခြိမ်းခြောက်လိုက်လေသည်။

ရှောင်လုံက ရှောင်ရှားခြင်းမရှိဘဲ ရှေ့သို့တိုးကာ သူ့၏ အဆုံးမဲ့ ဗုဒ္ဓ အန္တိမ နတ်ဘုရားဦးခေါင်းကို လှည့်ပတ်လိုက်ကာ မြေဗုဒ္ဓ လက်ဝါးဖြင့် တိုက်ခိုက်လိုက်လေသည်။

သူနှင့် ဂိုဏ်းသခင်လေးတို့၏ တိုက်ပွဲ စတင်နေချိန်တွင် တစ္ဆေသန့်စင်ခြင်း မြို့တော်၏ အထက်၌ ကြီးကျယ်မြင့်မြတ်သော အော်ရာကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။

ထို အော်ရာကို အာရုံခံမိသည်နှင့် ငရဲတစ္ဆေတမန်တော်သည် လေထဲသို့ ချက်ချင်းဆိုသလို ပျံသန်းလိုက်လေသည်။

" ဂိုဏ်းသခင်... ဂိုဏ်းသခင် ပြန်ရောက်လာပြီပဲ"

ထိုပုံရိပ်၏ အရှေ့သို့ ရောက်ရှိသည်နှင့် ငရဲတစ္ဆေတမန်တော်သည် ရိုသေလေးစားစွာ ဖြင့် ဦးညွတ်ဂါရဝပြုလိုက်လေသည်။

Continue Reading

You'll Also Like

167K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
Re:Cursed By

Adventure

42.9K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
12.9K 289 15
An alternate Jason Uchiha timeline
21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?