ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

By Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

951 - 955

169 8 0
By Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၁.....မရဏလမ်း

ကံကြမ္မာဂိုဏ်း ဘိုးဘေး၏ ကျင့်ကြံအားထုတ်သည့်နေရာသည် ရှားပါးသော စိတ်ဝိညာဉ် ဆေးပင်များ သို့မဟုတ် သစ်သီများဖြင့် ခြံရံထားခြင်း မဟုတ်ပေ။ ထိုနေရာ၌ သာမန် မြက်ခြောက်များ၊ အလွယ်တကူ ရရှိသော သာမန်သစ်သားများဖြင့် တည်ဆောက်ထားသော အဆောက်အဦး များစွာ ရှိပြီး ရိုးရှင်းလွန်းလှသော ရှန်ဂရီလာ နှင့်တူပေသည်။

ရှောင်လုံ က ဤသည်ကို မျှော်လင့်မထားခဲ့ပေ။

အမှန်တိုင်းဆိုရလျှင် ကံကြမ္မာဂိုဏ်းဘိုးဘေး၏ အဆင့်အတန်း အရ သူ့၏ ကျင့်
ကြံခြင်း နေရာသည် ကြီးကျယ်ခန်းနားကာ ထူးခြားဆန်းကြယ်၍ ကောင်းကင်ဘုံ တမျှ ဖြစ်မည်ဟု ရှောင်လုံ ယူဆထားခဲ့ပေသည်။

သူနှင့် ကံကြမ္မာဂိုဏ်း ဘိုးဘေးတို့ ခဏမျှ ထိုင်နေပြီးနောက် ရှောင်လုံသည် သူရောက်ရှိလာရသည့် ရည်ရွယ်ချက် ကို ထုတ်ဖော်လိုက်သည်။

သူ့၏ ရည်ရွယ်ချက် ကို သိရှိပြီးနောက်၌ ကံကြမ္မာဂိုဏ်း ဘိုးဘေးသည် ခဏမျှ တွေဝေတုံ့ဆိုင်းသွားသည်။ သူက ဘေး၌ရပ်နေသော လီလူကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်သည်။

" လူအာ...ငါ့ရဲ့ ကံကြမ္မာ တံဆိပ်ကို ယူပြီးတော့...တုံ စိီရင်စု မြို့တော်ကို အစည်းအရုံးခေါင်းဆောင် ဟောင်နဲ့အတူ သွားလိုက်"

ကြယ်စင်စုလေးစုဆီမှ ဟင်္သာပြဒါးငှက်တက္ကသိုလ်ကျောင်းအုပ်ကြီးချိုးပိုင်ဖေးနှင့် အခြားသူများသည် ကံကြမ္မာ ကမ္ဘာ၏ တုံစီရင်စုမြို့တော်၌ ပုန်းအောင်းနေကြလေသည်။

ရှောင်လုံနှင့်အတူ လီလူကိုပါ လိုက်ပါစေရန် ညွန်ကြားလိုက်သောကြောင့် ကံကြမ္မာဂိုဏ်းဘိုးဘေးသည် ချိုးပိုင်ဖေး တို့အုပ်စု ကို ရှောင်လုံ၏ လက်ထဲသို့ အပ်နှင်းလိုက်ကြောင်း ထင်ရှားပေသည်။

ဤသည်မှာ ရှောင်လုံ မျှော်လင့်ထားသည့် အတိုင်းသာဖြစ်သည်။

ချိုးပိုင်ဖေးတို့အုပ်စု သည် ကံကြမ္မာဂိုဏ်း ၏ တပည့်များမဟုက်ပဲ သူတို့၏ ကာကွယ်မှုကို လာရောက်ရှာဖွေသော လူတစ်စုသာဖြစ်သည်။

ထို့အပြင် ထိုအုပ်စုသည် အဆင့်နိမ့် မဟာနတ်ဘုရား အဆင့် ကျင့်ကြံသူ များသာ ဖြစ်သည်။ ကံကြမ္မာဂိုဏ်း ခေါင်းဆောင်၏ ဦးနှောက်အခြေအနေက မှားယွင်းမနေသရွေ့ ဤကိစ္စအတွက်မျှနှင့် ရှောင်လုံ ကို ဆန့်ကျင်စရာ အကြောင်း ရှိမည်မဟုတ်ပေ။

လီလူက သူ့ဆရာ၏ လက်ထဲမှ ကံကြမ္မာတံဆိပ်ကို လက်ခံလိုက်ပြီး ရိုသေလေးစားစွာ ဖြင့် ဂါရဝပြုလိုက်သည်။ ထို့နောက် ရှောင်လုံနှင့်အတူ တုံစီရင်စုမြို့တော်ဆီသို့ ထွက်ခွာလိုက်လေသည်။

ရှောင်လုံ က တုံစီရင်စုမြို့တော်သို့ ရောက်ရှိသွားချိန်တွင် ချိုးပိုင်ဖေး နှင့် ဟဲ့ဖေးဖန် တို့သည် ကံကြမ္မာဂိုဏ်း၏ မိန်းကလေး တပည့်များစွာနှင့် နှစ်ကိုယ်တူ ကျင့်ကြံနေကြသည်။ ရှောင်လုံရောက်ရှိလာသည်ကို သူတို့ကမြင်လိုက်ကြချိန်တွင် သူတို့၏ မျက်နှာများသည် သွေးဆုတ်သွားကြပြီး စိတ်ပျက်အားလျော့သွားကြလေသည်။

နာရီဝက်မျှ ကြာပြီးနောက် ရှောင်လုံ သည် ချိုးပိုင်ဖေး၊ဟဲ့ဖေးဖန် နှင့် ကျန်သူများကို ကမ္ဘာ ပေါ်မှ သုတ်သင်ရှင်းလင်း ပစ်လိုက်လေသည်။

လီလူက ကံကြမ္မာတံဆိပ်ကို ကိုင်ဆောင်လာသည်မို့ မည်သူကမှ ရှောင်လုံ အား ပိတ်ဆို့တားဆီးရဲခြင်းမရှိကြဘဲ ရှောင်လုံ အတွက် ပြသနာ များစွာ လျော့နည်းသွားပေသည်။

ချိုးပိုင်ဖေး တို့အုပ်စု ကို ဖြေရှင်းပြီးနောက် ရှောင်လုံသည် ကံကြမ္မာကမ္ဘာမှ အလျင်စလို ထွက်ခွာသွားခြင်းမရှိဘဲ အထွတ်အမြတ်ကံကြမ္မာ တောင်တန်း၌ ဆယ်ရက်ကြာ နေထိုင်ခဲ့ပေသည်။ ထို ဆယ်ရက်တာ ကာလအတွင်း ရှောင်လုံ သည် ကံကြမ္မာဂိုဏ်းဘိုးဘေးနှင့် သုံးကြိမ်တိုင်တိုင် လက်ရည်စမ်း ယှဥ်ပြိုင်ခဲ့ပေသည်။ ရလဒ် ကိုမူ သူတို့နှစ်ယောက်မှလွဲ၍ မည်သူမှ မသိရှိကြပေ။

ကံကြမ္မာဂိုဏ်းဘိုးဘေးသည် မည်သည်ကိုမှ ထုတ်ဖော်မပြောခဲ့သည်မို့ လီလူနှင့် အခြားတပည့်များသည် မေးမြန်းရဲခြင်းမရှိကြပေ။ သို့သော်လည်း လက်ရည်စမ်း လေ့ကျင့်ပြီးသည့် အချိန်တိုင်း ကံကြမ္မာဂိုဏ်းဘိုးဘေးသည် အရင်ကထက် ပိုမို အိုမင်းရင့်ရော် သွားဟန်ရသည်။

ဆယ့်တစ်ရက်မြောက်နေ့တွင် ရှောင်လုံသည် ကံကြမ္မာကမ္ဘာ၏ ကူးပြောင်းခြင်းအစီအရင် ရှေ့၌ ရပ်နေရင်း လီလူ ကို ကြည့်လိုက်လေသည်။

" မင်းက ကိုယ်နဲ့တကယ် ပြန်မလိုက်ချင်ဘူးလား...အဖေနဲ့အမေ က မင်းကို လွမ်းနေတယ်...အထူးသဖြင့် အမေပေါ့...ဟောင်မင်းကလည်း မင်းကို လွမ်းနေတယ်လေ"

လီလူက ရှောင်လုံ၏ အကြည့်ကို ရှောင်ရှားလိုက်ရင်း သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိလေသည်။ သို့သော်လည်း သူမက အဆုံးထိတိုင် ခေါင်းယမ်းလိုက်လေသည်။

" ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့"

ရှောင်လုံ က စိတ်ထဲမှ သက်ပြင်းချလိုက်လေသည် ။ သူမကို ဖြောင်းဖြပြောဆို၍ မရကြောင်း သိရှိသည်မို့ သူက ဆက်မပြောတော့ပေ။ သူတို့၌ အချိန်များစွာ ရှိနေပေသေးသည်။ ထို့အပြင် ဤကိစ္စမှာ အလောတကြီးလုပ်ဆောင်၍ မရပေ။

အနည်းဆုံး လီလူသည် သူနှင့်ရှိနေသည့် အချိန်တွင် ငြင်းပယ်သော အမူအယာ မျိုးမရှိပေ။ အရေးကြီးဆုံး မှာ သူတို့အတူတကွရှိနေသည့်အချိန်၌ မည်သည့်ဇာပဝါမျှ ဖုံးကွယ်မထားပေ။

ရှောင်လုံ အတွက်မူ ဤသည်က ပင် လုံလောက်နေပြီ ဖြစ်သည်။

ခဏမျှ စဥ်းစားပြီးနောက် သူသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူလိုက်လေသည်။ သူက ထိုလက်စွပ်ကို လီလူဆီသို့ ပေးလိုက်ပြီး ပြောလိုက်လေသည်။

" ဒီထဲမှာ အထွတ်အမြတ် အဆင့် အင်မော်တယ် စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်း နဲ့ ...အစ်ကိုကိုယ်တိုင် သန့်စင်ဖော်စပ်ထားတဲ့ ကပ်ဘေးအဆင့် ၁၀ အနန္တ ကုသခြင်း ကောင်းကင်ဘုံ ဆေးလုံး ဆယ်အိုးစာ ပါတယ် "

အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်း... ။

ကပ်ဘေးအဆင့် ၁၀ အနန္တကုသခြင်းကောင်းကင်ဘုံဆေးလုံးဆယ်အိုး...။

လီလူ၏ စိတ်နှလုံးထဲ၌ တုန်လှုပ်မှင်သက်မှုလှိုင်းများ ရိုက်ခတ်သွားလေသည်။

" ဒါက..."

လီလူက ငြင်းဆန်ရန်ပြင်လိုက်သည်။

ရှောင်လုံ က နူးညံ့စွာ ဖြင့် ခေါင်းယမ်းကာ ပြောလိုက်လေသည်။

" မင်း ဘာပြောချင်နေတယ်ဆိုတာ ကိုယ်သိပါတယ်...ဒါပေမဲ့ အစ်ကို့မှာ အထွတ်အမြတ်အဆင့်အင်မော်တယ်စိတ်ဝိညာဉ် ကျောက်တုံး တွေနဲ့... ကပ်ဘေးအဆင့် ၁၀ အနန္တကုသခြင်းကောင်းကင်ဘုံဆေးလုံး တွေ အလုံအလောက် ရှိပါတယ် "

သူက နောက်သို့ လှည့်ကာ ကူးပြောင်းခြင်းအစီအရင် ထဲသို့ ဝင်ရောက်သွားလေသည်။

ကူးပြောင်းခြင်းအစီအရင် က အသက်ဝင်လာသည်နှင့် ရှောင်လုံ၏ ပုံရိပ် သည် မှေးမှိန်ပျောက်ကွယ်သွားလေသည်။ သူ့၏ စကားသံသည် သာ လေထဲ၌ ပဲ့တင်ထပ်လျှက် ကျန်ရှိနေပေသည်။

" ကိုယ်မင်းကို နောက်တစ်ခါ လာတွေ့လှည့်မယ်"

လီလူက ကူးပြောင်းခြင်းအစီအရင် ကို တွေဝေစွာ စိုက်ကြည့်နေပြီး သူမ၏ စိတ်ထဲ၌ ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ထိုနေရာ၌ အချိန်အတော်ကြာသည်အထိ တွေဝေနေပြီးနောက် ပြန်လည်တည်ငြိမ်သွားပေသည်။
သူမ၏ လက်ဝါးထဲရှိ သိုလှောင်လက်စွပ် ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း သူမသည် အထွတ်အမြတ်ကံကြမ္မာတောင်တန်းဆီသို့ လှည့်ကာ ပျံသန်းလိုက်လေသည်။

နှစ်ရက်ကြာပြီးနောက် ရှောင်လုံသည် နတ်ဘုရား ဆေးမြို့တော်သို့ ရောက်ရှိသွားသည်။

သူက ချမ်းသာခြင်းနတ်ဘုရားအိမ်တော် သို့ ပြန်ရောက်သွားသော်လည်း ရှောင်လုံသည် အထွတ်အမြတ်ကံကြမ္မာ တောင်တန်းပေါ်၌ လီလူ နှင့်အတူ ကုန်ဆုံးခဲ့ရသော ဆယ်ရက်တာကာလကို အမှတ်ရနေမိဆဲဖြစ်သည်။

သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်၊ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းသားဆီမှ ခပ်ဖွဖွ အပြုံးလေးများသည် ရှောင်လုံ ၏ စိတ်ထဲ၌ ထပ်တလဲလဲ ပေါ်ထွက်လာလေသည်။

ရှောင်ဖေးက သူ့နောက်မှ ရောက်ရှိလာပြီး နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်လိုက်သည်။

" ညီမလေး လီလူနဲ့ ပတ်သက်တဲ့ ကိစ္စကို အရမ်းကြီး တွေးမနေပါနဲ့တော့...သူမက ဒီကို ပြန်လာပါလိမ့်မယ်"

ရှောင်လုံ က ခေါင်းညိတ်လိုက်ပြီး ရှောင်ဖေး၏ သေးသွယ်သော လက်ကလေးများကို တိတ်တဆိတ် ဆုတ်ကိုင်ထားလိုက်သည်။

သူက ငါးမိနစ်မျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။

" အစ်ကိုက မနက်ဖြန်ပြီး နောက်တစ်ရက်နေရင် မရဏလမ်းကို သွားတော့မယ်...အဲ့တာက သုံးနှစ် ထက်မက ကြာရင်ကြာလိမ့်မယ်...အစ်ကိုမရှိတုန်း မင်းရယ် အဖေရယ် အမေရယ်နဲ့ လူတိုင်း...နတ်ဘုရားဆေးမြို့တော် ကနေ ဘယ်မှမသွားကြနဲ့ "

ရှောင်လုံ၏ လက်ရှိ အဆင့်အတန်းနှင့် အာဏာတို့ကြောင့် သူ့၏ မိသားစု ကို မည်သူကမှ ထိခိုက်အောင် လုပ်ဆောင်ရဲမည်မဟုတ်သော်လည်း သတိထားသည်မှာ ပိုသည်ဟူ၍မရှိပေ။

ရှောင်ဖေးက နာခံသည့် အမူအယာ ဖြင့် ခေါင်းညိမ့်ပြလိုက်လေသည်။

" ညီမတို့အတွက် မစိုးရိမ်ပါနဲ့... ညီမတို့က ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါ့မယ်...မရဏလမ်းက နေရာတိုင်းမှာ အန္တာရယ် တွေနဲ့ပြည့်နှက်နေတာမို့ ပိုပြီးဂရုစိုက်ပါ...အစ်ကို ဘေးကင်းကင်းနဲ့ပြန်လာရမယ်နော်"

ရှောင်လုံ က ရှောင်ဖေးကို သူ့၏ လက်မောင်းထဲသို့ ဆွဲဖက်လိုက်လေသည်။

" မစိုးရိမ်ပါနဲ့... အစ်ကို သေချာပေါက် ပြန်လာမှာပါ"
...

ရေခဲနှင်းကြယ်စင်စုသည် မြောက်များစွာသော ကြယ်စင်စုထဲရှိ ထူးခြားဆန်းကြယ်သော နံရံများထဲမှ တစ်ခုဖြစ်သည်။ ထိုကြယ်စင်စုထဲ၌ အနက်ရောင် ရေခဲများသည် နေရာအနှံ့၌ ရှိနေပေသည်။

ဟင်းလင်ပြင်ဆီမှ ကျဆင်းလာသော အနက်ရောင် ရေခဲမှုန်များသည် ရေခဲနှင်းကြယ်စင်စု၏ ကမ္ဘာပေါင်းသောင်းချီပေါ်သို့ အဆုံးအစမဲ့ စွာ ကျဆင်းနေပေသည်။

အနက်ရောင် ရေခဲထဲတွင် ပြင်းထန်ကြမ်းတမ်းသော  ယင်ချီစွမ်းအင် ပါဝင်ပြီး နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်သည်ပင် တောင့်ခံနိုင်ရန် ခက်ခဲပေသည်။ တစ်နာရီဟူသော အချိန်အတွင်း သူတို့သည် ရေခဲရုပ်ထုအသွင် ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် မဟာနတ်ဘုရား အဆင့်သိုင်းပညာရှင်များသည်သာ ရေခဲနှင်းကြယ်စင်စုထဲသို့ ဝင်ရောက်လာရဲကြခြင်း ဖြစ်ပေသည်။

ထို့အပြင် ထိုနေရာ၏ အဆုံးသတ်၌ ကျော်ကြားလှသော မရဏလမ်း တည်ရှိပေသည်။

ရေခဲနှင်းကြယ်စင်စုထဲရှိ လူသူမနေထိုင်သော ဂြိုဟ် တစ်ခု၏ အထက်တွင် လေဟာနယ် က အက်ကွဲသွားလေပြီး ပုံရိပ်တခု ထွက်ပေါ်လာလေသည်။

ထိုသူသည် ရှောင်လုံ ဖြစ်ပေသည်။

သူသည် အထွတ်အမြတ်ကံကြမ္မာတောင်တန်းဆီမှပြန်ရောက်ပြီးနောက် နတ်ဘုရားဆေးမြို့တော် ထဲ၌ သူ့၏မိသားစုနှင့် အတူ နှစ်ရက်တာ အချိန်ဖြုန်း ခဲ့သည်။ ထို့နောက် သူက မရဏလမ်းဆီသို့ ဦးတည်ခဲ့ပေသည်။

ရှောင်လုံက ရေခဲနှင်းကြယ်စင်စု၏ အနက်ရောင် ရေခဲမြစ်များကို ဖြတ်သန်းကာ ကမ္ဘာ ပေါင်း မြောက်များစွာ ကျော်ဖြတ်ခဲ့လေသည်။

ရှောင်လုံ က အနက်ရောင်ရေခဲများဆီမှအေးစက်မှုကို ဖယ်ရှားရန် မည်သည့်မီးတောက်ကိုမှ အသုံးမပြုခဲ့ပေ။ သူက ထိုစွမ်းအင်များကို သူ့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်ခွင့် ပြုထားလေသည်။ အနက်ရောင် ရေခဲလွှာထဲရှိ ယင်ချီစွမ်းအင် သည် အဆတစ်ရာ တိုးပွားလာခဲ့မည်ဆိုလျှင်ပင် ရှောင်လုံ၏ အစစ်အမှန် နတ်နဂါး ခန္ဓာကိုယ် ကို အားနည်းအောင်လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

သူက ကမ္ဘာဦး နတ်နဂါး အသွင်သို့ ပြောင်းလဲခြင်း မရှိသလို မဟာလေဟာနယ် ရွေ့ပြောင်းခြင်း ကိုလည်း အသုံးမပြုခဲ့ပေ။ သူက ပုံမှန်အတိုင်း သာ လေဟာနယ် ကို ဖြတ်၍ ပျံသန်းလိုက်လေသည်။

နေ့ဝက်မျှကြာပြီးနောက် ရှောင်လုံသည် ရေခဲနှင်းကြယ်စင်စု၏ အဆုံးတစ်ဖက်သို့ ရောက်ရှိသွားလေသည်။

မျက်လုံးဖြင့် မြင်နိုင်သည်ထက်ပင် ကြီးမားကျယ်ပြောလှပြီး အနက်ရောင် မြေဆွေးများဖြင့်ဖြစ်တည်နေသော မရဏလမ်းကို ရှောင်လုံ မြင်လိုက်ရပေသည်။  မရဏလမ်း ၏ နေရာအများစုသည် ခရမ်းရောင် ချီစွမ်းအင် ကလွှမ်းခြုံထားပြီး ကြီးမားလှသော ဖရိုဖရဲ ဟင်းလင်ပြင်သားရဲကြီးသည်လေဟာနယ် ထဲ၌ ဖုံးကွယ်နေကာ သူ့၏ အနက်ရောင် တွင်းပေါက်ကဲ့သို့သော ပါးစပ်ကြီးဖြင့်သားကောင်ကို စောင့်ဆိုင်းနေသည်နှင့် တူပေသည်။

ရှောင်လုံ က မရဏလမ်းရှိရာဆီသို့ ဆက်လက် ပျံသန်းလိုက်သည်။

သူက မရဏလမ်းနှင့် တဖြည်းဖြည်း နီးကပ်လာချိန်တွင် အထွတ်အမြတ်ကံကြမ္မာတောင်တန်းပေါ်၌ ကံကြမ္မာဂိုဏ်း ၏ မိန်းကလေး တပည့်တစ်ယောက် သည် လီလူကိုသတင်းပို့လာလေသည်။

" ဆရာတူအစ်မ...ယင်ယန်နတ်ရေစင် က မရဏလမ်းမှာပဲ တည်ရှိတယ်လို့ ကျွန်မတို့ သိရှိထားပါတယ်...ဘယ်နေရာမှာ ရှိသလဲဆိုတာတော့ ကျွန်မတို့လည်း သေချာမသိပါဘူး"

လီလူက အနည်းငယ် မျက်မှောင်ကြုံ့လိုက်မိသည်။

မရဏလမ်း... ။

" ကောင်းပြီလေ... မင်းသွားလို့ရပြီ"

" ဟုတ်ကဲ့... ဂိုဏ်းတူအစ်မ"

မိန်းကလေး တပည့် ထွက်ခွာသွားပြီးနောက် လီလူသည် တီးတိုးရေရွတ်လိုက်လေသည်။

" ကြည့်ရတာ... ငါတော့ မရဏလမ်းကို ခရီးထွက်ဖို့ လိုနေပြီထင်တယ်"

ယင်ယန်နတ်ရေစင် ကို ထိုနေရာ၌ သာ ရှာဖွေတွေ့ရှိသောကြောင့် သူမသည် သေချာပေါက် သွားရလိမ့်မည်။

သူမက ယင်ယန်နတ်ရေစင် ကို ရရှိသွားသည်နှင့် သူမ၏ ခန္ဓာကိုယ် ထဲရှိ ယင်နှင့်ယန်အင်အားကို အကောင်းဆုံး အခြေအနေအဖြစ်သို့ ထိန်းညှိ နိုင်ပေလိမ့်မည်။

........

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း၉၅၂.....ပန်ကျန်း

ကံကြမ္မာဂိုဏ်း ၏ မိန်းကလေးတပည့်ထွက်ခွာသွားပြီး သိပ်မကြာမှီ အပြာဖျော့ ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ငါသာလျှင်အမြတ်ဆုံးဟူသည့် ဟန်ပန်ဖြင့် လျှောက်လာလေသည်။

" အကြီးဆုံး ဆရာတူအစ်ကိုကြီး"

ထိုလူငယ်ရောက်ရှိလာသည်ကို မြင်လိုက်ချိန်တွင် လီလူက နှုတ်ဆက်လိုက်လေသည်။

အပြာဖျော့ ရောင်ဝတ်စုံ နှင့် လူငယ်သည် ကံကြမ္မာဂိုဏ်း ဘိုးဘေး၏ အကြီးဆုံး တပည့် ပန်ကျန်း ဖြစ်သည်။

" ဆရာတူညီမလေး... အစ်ကိုကြီး ကြားတာတော့ ညီမလေးက ယင်ယန်နတ်ရေစင် ရှိတဲ့နေရာကို ရှာနေတယ်ဆို "

ပန်ကျန်း က ပြောလိုက်သည်။

လီလူက ထိုကိစ္စကို ဖုံးကွယ်မထားပေ။

" ဟုတ်တယ်... နတ်ရေစင်က မရဏလမ်းမှာရှိတယ်လို့ အခုပဲ ကျွန်မသိလိုက်ရတာ...ဒါကြောင့်မို့လို့ အဲ့ဒီ ကို သွားဖို့ ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ"

ပန်ကျန်း၏ အမူအယာ က ချက်ချင်းဆိုသလို မဲမှောင်သွားပေသည်။

" မရဏလမ်းလား...ဆရာတူညီမလေး... မရဏလမ်းက ဘယ်လောက်တောင် အန္တာရယ် များလည်းဆိုတာမင်းမသိဘူးနော်...မဟာနတ်ဘုရား အဆင့် ၁၀သိုင်းပညာရှင် တစ်ယောက်တောင် မရဏလမ်းကနေ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး...ပြီးတော့ မင်းက... "

လီလူ၏ စိတ်နှလုံးက အနည်းငယ်မျှ ပင် ယိမ်းယိုင်မသွားဘဲ သူမ၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသော အလင်းရောင်များ တောက်ပလာကာ ပန်ကျန်းကို ခေါင်းယမ်းပြလိုက်လေသည်။

" အကြီးဆုံး ဆရာတူအစ်ကိုကြီး...ကျွန်မကို ဖြောင်းဖြမနေပါနဲ့တော့...ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ"

ပန်ကျန်းက သက်ပြင်းချလိုက်ပြီး လေးလံစွာ ပြောလိုက်လေသည်။

" ညီမလေး က အစ်ကိုကြီး အပေါ် နည်းနည်းလေးတောင် ခံစားချက်မရှိဘူးလား"

လီလူက သူမ၏ ခေါင်းကို ရမ်းပြလိုက်ကာ ပြောလိုက်သည်။

" ဆရာတူအစ်ကိုကြီး ...ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီပဲ... ဒီနှစ်တွေအတွင်း အစ်ကိုကြီးက ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့မှန်း ကျွန်မသိပါတယ်...ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးကို အစ်ကိုရင်း တစ်ယောက်လိုပဲမြင်တယ်"

ပန်ကျန်း၏ အသံက ထက်ရှသည့် အငွေ့အသက်များ ဖြင့် ဖုံးလွှမ်းနေလေသည်။

" အဲ့တာက ကောလဟာလတွေထဲက အတိုင်း...ဟောင်ရှောင်လုံ ကြောင့်လား "

သူက မဆုတ်မနစ်ကြိုးစားသရွေ့ လီလူသည် သူ့၏ ခံစားချက်များကို လက်ခံလာလိမ့်မည်ဟု ပန်ကျန်း အမြဲတစေ တွေးတောခဲ့ဖူးပေသည်။ သို့သော် ကောင်းကင်ဘုံ က သူ့အား ဆော့ကစားနေဟန်ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု အလွန်က မဟာဆေးပညာရှင် မဟာပြိုင်ပွဲ တွင် လီလူနှင့်ဟောင်ရှောင်လုံ တို့အကြောင်းသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုအခါမှသာ လီလူက သူ့အား အဘယ်ကြောင့် အကြိမ်တိုင်း
ငြင်းဆိုနေခဲ့သည်ကို ပန်ကျန်း နားလည်သွားပေသည်။

အကြောင်းအရင်းမှာကားသူမ၏ နှလုံးသားအတွင်း၌ လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်ပေသည်။

ထို့အပြင် ထိုသူသည် သူမ၏ နှလုံးသားကို အမြဲတစေ သိမ်းပိုက်စိုးမိုးထားခဲ့သည်။

လီလူက မဖြေပဲ သက်ပြင်းချလိုက်သည်။

" ဆရာတူအစ်ကိုကြီး... ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေရတာလဲ "

ပန်ကျန်း၏အသံထဲ၌ ဒေါသများ ရောယှက်နေပေသည်။

" အစ်ကိုကြီးက မင်းကို လက်လွှတ် အဆုံးရှုံးခံမှာမဟုတ်ဘူး...ဟောင်ရှောင်လုံ က ငါ့ကို သတ်မယ်ဆိုရင်တောင် ငါက အလျော့ပေးမှာ မဟုတ်ဘူး "

သူက နောက်သို့လှည့်ကာ အလျှင်အမြန် ထွက်ခွာသွားသည်။

လီလူက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသော အပြာရောင်ပုံရိပ်ကို ကြည့်နေလေသည်။

ပန်ကျန်း သည် သူ့၏ ကျင့်ကြံခြင်းအိမ်တော်သို့ ရောက်ရှိသွားချိန်တွင် ချက်ချင်း ထိုင်ချလိုက်လေပြီး သူ့၏ မျက်လုံးထဲ၌ အေးစက်သည့် အငွေ့အသက်များ ယှက်သန်းလာလေသည်။ သူ့၏ လက်ချောင်းများက အရက်ခွက်ကို အမှုန့်များဖြစ်သည်အထိ ဆုပ်ညှစ်ပစ်လိုက်သည်။ သူ့၏ မျက်နှာက ဒေါသကြောင့် ရှုံ့တွနေလေပြီး ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

" ဟောင်ရှောင်လုံ... ငါမရနိုင်ဘူးဆိုမှတော့ မင်းလည်း ရနိုင်မယ်မထင်နဲ့"

" ဒီလိုဆိုမှတော့... လီလူ... ဆရာတူအစ်ကိုကြီး ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်နဲ့...ငါက မင်းရဲ့ နှလုံးသားကို မရနိုင်တော့ဘူး ဆိုပေမဲ့ မင်းရဲ့ ခန္ဓာကိုယ် ကတော့ ငါ့အတွက် ပဲဖြစ်ရမယ်"

" မရဏလမ်းကို သူမရောက်သွားတဲ့ အချိန်ထိ စော့င်ပြီးမှ ငါလှုပ်ရှားရမယ်"

ပန်ကျန်း၏ ကျင့်ကြံခြင်းအိမ်တော်ဆီမှ စိတ်ခြောက်ခြားဖွယ် ရယ်မောသံများ ထွက်ပေါ်လာလေသည်။

...

ရေခဲနှင်းကြယ်စင်စု၌...။

ရှောင်လုံ သည် မရဏလမ်း ပေါ်သို့ ဖြည်းဖြည်းချင်း ပျံသန်းလိုက်သည်။

သူ့ရှေ့ရှိ မရဏလမ်း သည် တစ္ဆေယင်ချီအလွှာဖြင့် ဖုံးလွှမ်းနေပြီး လမ်း၏ အဆုံးသတ်ကို မြင်နိုင်စွမ်း မရှိပေ။ ထိုလမ်းသည် အနက်ရောင် ကြယ်စင်မြေဆွေးဖြင့် တည်ဆောက်ထားသော ကြောင့် ကြယ်ရောင်ဖြော့ဖြော့ တောက်ပနေလေသည်။

သို့သော်လည်း ဤနေရာရှိ ကြယ်ရောင်အလင်းသည် ပြင်ပကမ္ဘာရှိ ကြည်နူးဖွယ်ရာဖြစ်သော ကြည်လင်တောက်ပသည့် အလင်းရောင် နှင့် ကွဲပြားခြားနားပေသည်။ မရဏလမ်း ရှိ ကြယ်ရောင်သည် ဆိုးရွားရက်စက်ပြီးအေးစက်သော ခံစားချက် ကို ပေးစွမ်းပေသည်။

ရှောင်လုံက မရဏလမ်းထဲသို့ မျက်တောင်တစ်ခက်အတွင်း ဝင်ရောက်သွားပြီး ရှေ့သို့ ပျံသန်းလိုက်လေသည်။

ဤနေရာရှိ တစ္ဆေယင်ချီသည် အလွန်တရာ သိပ်သည်းလှကာ တိုက်စားနိုင်စွမ်းနှင့်အဆိပ်သင့်နိုင်စွမ်း အလွန်တရာ မြင့်မားပေသည်။ သို့သော် ရှောင်လုံ က သူ့၏ ခန္ဓာကိုယ် ပတ်ပတ်လည် ၌ နတ်ဘုရား အင်အား အကာအကွယ် တစ်ခုပင် မဖန်တီးတော့ပဲ ထို တစ္ဆေယင်ချီများကို သူ့၏ အစစ်အမှန်နတ်နဂါး ခန္ဓာကိုယ် အား ဖြတ်သန်းသွားခွင့် ပြုထားလိုက်လေသည်။ အကြောင်းမှာ အောက်ဘုံနယ်ပယ်တွင် ရှောင်လုံ၏ ခန္ဓာကိုယ် ကို ထိခိုက်အောင် လုပ်နိုင်စွမ်းသော အရာများသည် အနည်းငယ် သာ ရှိသောကြောင့်ဖြစ်သည်။

သူကအထဲသို့ ဆက်လက်ပျံသန်းလာရင်း ခြောက်သွေ့ညိုးနွမ်းသော မြက်ခြောက်များ၊ သေဆုံးနေသော အနက်ရောင် ပင်စည်များနှင့် တောင်ကတုံးများ သည် သူ့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။ ထို့အပြင် သူအမျိုးအစား မခွဲခြားနိုင်သော သားရဲ အချို့၏ အရိုးများကိုလည်း တွေ့မြင်လိုက်ရသည်။

သူ့၏ ပတ်ပတ်လည်၌ ရှင်သန်မှုအငွေ့အသက် တစ်စွန်းတစမှပင် မတွေ့ရပေ။ ထိုနေရာတစ်ခုလုံးသည် သေဆုံးခြင်းနှင့် ပျက်ဆီးယိုယွင်းခြင်းသာ ပြည့်နှက်နေလေသည်။

နေ့ဝက်တာကာလသည် အလျှင်အမြန် ကုန်ဆုံးသွားသည်။

ထိုသို့ ဆိုလျှင်ပင် ရှောင်လုံ သည် မရဏလမ်း၏ အစွန်းပိုင်း၌ သာ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူက မည်သည့် ယင်တစ္ဆေ နှင့်မှ မကြုံရသေးပေ။

မရဏလမ်းသည်အဆုံးမရှိတော့သည့်နှယ် ကြီးမာကျယ်ပြန့်လှပြီး ကြယ်စင်စု လေးစုထက်ပင် အဆပေါင်းထောင်သောင်းမက
ကြီးမာကျယ်ပြန့်လှပေသည်။

မရဏလမ်းက မည်သို့ဖြစ်ပေါ်လာသည်ကို
ရှောင်လုံ သည်ပင် မခန့်မှန်းနိုင်ပေ။

ဤမျှကြီးမား ကျယ်ပြန့်လာသော လယ်မြေကြီး ဖြစ်တည်ရန်အတွက် အနက်ရောင် ကြယ်စင်မြေဆွေး မည်မျှ အသုံးပြုခဲ့ရသည်နည်း။

အရေးကြီးဆုံး အချက်မှာကား ထိုမျှများပြားလှသော အနက်ရောင် ကြယ်စင်မြေဆွေး ပမာဏကို အတူတကွပေါင်းစပ်ကာ မရဏလမ်း ဖြစ်ပေါ်ရေးအတွက် မည်သည့် စွမ်းအားကို အသုံးပြုခဲ့ရသည်နည်း။

အရာအားလုံးက ထူးခြားဆန်းကြယ်နေပေသည်။

မရဏလမ်းထဲရှိ နေအလင်းရောင်သည် မှေးမှိန်သွားလေသည်။ ဤနေရာ၌ လည်း နေ့နှင့်ည ရှိပေသည်။

ဤနေရာ၌ မည်သည့် နေရောင်ခြည်မှ မရှိသော်လည်း ပတ်ပတ်လည် ရှိ ပတ်ဝန်းကျင်သည် ပုံမှန်အားဖြင့် အမှောင်မီးခိုးရောင် ဖြစ်ပေသည်။ညအချိန်သို့ ရောက်ရှိလာချိန်တွင် ဟင်းလင်းပြင်ဆီမှ တစ္ဆေယင်ချီလှိုင်းများကျဆင်းလာပြီး နေ့အချိန်ထက် ဆယ်ဆပိုမို ထူထပ်သွားကာ အမှောင်ထုဖြင့် လွှမ်းခြုံသွားသည်။ ညအချိန်ရောက်လာချိန်၌ ထိုနေရာသည် အနက်ရှိုင်းဆုံးသော အသူရာချောက်ထဲသို့ ကျဆင်းသွားသည်နှင့် တူပေသည်။

ရှောင်လုံ က သူ့၏ နတ်ဘုရား အာရုံနှင့်အမြင်အာရုံတို့သည် ညအချိန်၌ အလွန်တရာ ဟန့်တားခံထားရကြောင်း တွေ့ရှိလိုက်ရလေသည်။ သူ့၏ နတ်ဘုရားအင်အား မှာမှု ဖိနှိပ်မခံရပေ။

သူသည် ညအချိန်၌ နေရာတစ်ခု ရှာကာ အနားယူ၍ မနက်ရောက်မှဆက်သွားရန် ဆုံးဖြတ်လိုက်လေသည်။

အကြောင်းမှာ ငါးနှစ်တာကတိကဝတ် နေ့သို့ ရောက်ရှိရန် ခုနှစ်လတာ ကျန်ရှိနေသေးပြီး အလျှင်လိုစရာ မလိုအပ်ပေ။

ရှောင်လုံ က ပတ်ပတ်လည် ကို ကြည့်ရှုလိုက်ရင်း မြင့်မားသော တောင်နံရံတစ်ခုရှေ့ရှိ လေဟာနယ်ဆီသို့ ဆင်းသက်လိုက်လေသည်။ သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ကာ ဂူတစ်ခု ဖြစ်ပေါ်စေလိုက်ပြီးအထဲသို့ ဝင်ရောက်လိုက်လေသည်။

မရဏလမ်းထဲရှိ တောင်တန်းများသည် အလွန်တရာ မာကျောကြံ့ခိုင်လှပြီး အဆင့်နိမ့် မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များသည် ဆယ်မီတာ မြင့်မားသော ကျောက်တုံးကိုပင် ကွဲအက်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။ ရှောင်လုံ ကဲ့သို့ လက်သီးတစ်ချက်ထဲဖြင့် တောင်တန်းပေါ်၌ ဂူတစ်ခု ဖြစ်ပေါ်လာရခြင်းမှာ တစ်ခါမှ မဖြစ်ဖူးသော အရာဖြစ်သည်။

ရှောင်လုံ က ဂူပေါက်၏ ပတ်ပတ်လည် တွင် ရိုးရှင်းသော ခုခံကာကွယ်ခြင်းအစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ခြေချိတ်ထိုင်လိုက်ကာ နတ်မီးတောက်လေးမျိုး ကို လှည့်ပတ်၍ ကျင့်ကြံအားထုတ်လိုက်သည်။

ငွေမီးခိုးရောင် စွမ်းအင် သည် ပျံသန်းလာပြီး သူ့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားလေသည်။

သူက ခုခံကာကွယ်ခြင်းအစီအရင်ကို ခင်းကျင်းထားသော်လည်း ဂူ၏ အပြင်ဘက်ကို ကြည့်ရှုစစ်ဆေးရန် နတ်ဘုရား အာရုံ အပိုင်းအစတစ်ခု ခွဲထုတ်ထားလေသည်။

သုံးနာရီမျှကြာပြီးနောက် ခုခံကာကွယ်ခြင်းအစီအရင် သည် တောက်ပလာပြီး တိုက်ခိုက်မှု တစ်ခုကို တောင့်ခံလိုက်လေသည်။

ရှောင်လုံက သူ့၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး မတ်တပ်ထရပ်ကာ ဝင်ပေါက်ဆီသို့ သွားလိုက်လေသည်။ သူက ဂူဝင်ပေါက်သို့ ရောက်ရှိသွားချိန်တွင် များစွာသော ယင်တစ္ဆေများသည် တစ္ဆေစွမ်းအင်ဖြင့် သူ့၏ ခုခံကာကွယ်ခြင်းအစီအရင် ကို တိုက်ခိုက်နေကြကြောင်း တွေ့လိုက်ရသည်။

မရဏလမ်းပေါ်ရှိ ယင်တစ္ဆေ များသည် လူတစ်ယောက်ထက် သုံးလေးဆမျှ ပိုမိုကြီးမား ပြီး အသွေးအသားများဖြင့် တည်ဆောက်ထားလေသည်။ သို့သော် သူတို့၏ အသွေးအသားများ သည် မှင်ကဲ့သို့ နက်မှောင်နေလေသည်။

သူ့၏ ခုခံကာကွယ်ခြင်းအစီအရင် ကို တိုက်ခိုက်နေကြသော ယင်တစ္ဆေများသည် နတ်ဘုရားအဆင့် ၁၀ အလယ်အဆင့်နှင့် နောက်ပိုင်းအဆင့် ခွန်အား ရှိကြပေသည်။

ရှောင်လုံ က သူ့၏ လက်များကို လှုပ်ရှားရန် အလွန်တရာ ပျင်းရိနေသောကြောင့် စိတ်ဝိညာဉ် စွမ်းအင် ဓားရှည်တစ်ချောင်းဖြင့် သူတို့၏ ခန္ဓာကိုယ် ထဲသို့ ထိုးဖောက်ကာ စိတ်ဝိညာဉ် စွမ်းအင် ကို ဖျက်ဆီးပစ်လိုက်လေသည်။

သို့သော်လည်း နာရီများစွာ ကြာပြီးနောက် အခြားသော ယင်တစ္ဆေ အုပ်စုသည် သူ့၏ ဂူသို့ ရောက်ရှိလာလေသည်။

ရှောင်လုံ က ဒေါသထွက်သွားကာ မျက်မှောင်ကြုံ့လိုက်မိသည်။ ထို ယင်တစ္ဆေများသည် သူ့ကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း။

သူ့၏ ဂူအပြင်ဘက်ရှိ ခုခံကာကွယ်ခြင်းအစီအရင် အရ နတ်ဘုရားအဆင့် ခွန်အား သာ ရှိသော ယင်တစ္ဆေများသည်သူ့ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ဒုက္ခများသည့်အရာမှာကား ယင်တစ္ဆေ များ၏ စိတ်ဝိညာဉ် သည် လူသားများကဲ့သို့ မှတ်ညဏ်များကို ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။ရှောင်လုံ က သူတို့၏ စိတ်ဝိညာဉ် ကို ရှာဖွေမည်ဆိုလျှင်ပင် သတင်းအချက်အလက်များစွာ တွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ယင်တစ္ဆေ များစွာ လာရောက်တိုက်ခိုက်ပြိိီးနောက် မနက်သို့ ရောက်ရှိသွားသည်။ ရှောင်လုံ က ဆက်လက် ခရီးနှင်လိုက်လေသည်။

သူက မရဏလမ်း၏ နက်ရှိုင်းသည့် နေရာသို့ ရောက်ရှိသွားသည်နှင့် ယင်တစ္ဆေ များ ပေါ်ထွက်လာမှုနှုန်းသည် ပိုမိုများပြားလာပေသည်။ အချို့ဆိုလျှင်အဆင့်နိမ့် မဟာနတ်ဘုရားအဆင့် လူသားကျင့်ကြံသူများနှင့်ပင် နှိုင်းယှဥ်နိုင်သော ခွန်အား ရှိကြပေသည်။

နှစ်ရက်ကြာပြီးနောက် ရှောင်လုံ သည် တောင်တစ်လုံး၏ ထိပ်ပေါ်သို့ ဆင်းသက်လိုက်လေသည်။ သူက တောင်ခြေရှိ ရွာလေးတစ်ခုကို တွေ့လိုက်ရသည်။

မရဏလမ်းပေါ်၌ ထိုကဲ့သို့သော ရွာလေးတစ်ခု ရှိနေသည်လား။

ဤသည်က ရှောင်လုံကို အလွန်တရာ အံ့အားသင့်သွားစေသည်။ သူက ခဏမျှ လေ့လာကြည့်ရှုပြီးနောက်ရွာလေးဆီသို့ ပျံသန်းသွားလိုက်ပေသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၃.....တစ္ဆေသန့်စင်ခြင်း ဂိုဏ်း၏သိုင်းပညာရှင်

အသက်နှစ်ရှိုက်စာမျှ ကြာပြီးနောက်ရှောင်လုံ သည် ရွာ၏ ဝင်ပေါက်သို့ ရောက်ရှိသွားသည်။

ကြည့်ရသည်မှာ ရွာ၏ ပတ်ပတ်လည် ၌ ခုခံကာကွယ်ခြင်းနှင့်တိုက်ခိုက်ခြင်း အစီအရင် များစွာ ခင်းကျင်းထားဟန်ရပေသည်။

ထို အစီအရင် များသည် နတ်ဘုရား အဆင့်၂ အဆင့်နိမ့်မဟာနတ်ဘုရားအဆင့် ယင်တစ္ဆေ များကို တားဆီးနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ၄င်းတို့အားလုံးသည် ရှောင်လုံ၏ မျက်လုံးထဲ၌ မှု ကလေးကစားစရာ မျှသာ ဖြစ်သည်။

ရှောင်လုံသည် ရွာ၏ဝင်ပေါက်သို့ ဆင်းသက်သွားချိန်တွင် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်းမရှိသောကြောင့် သူ့၏ ရောက်ရှိလာမှုသည် အထဲရှိ ရွာသားများကို ထိတ်လန့်သွားစေသည်။ နေရာအနှံ့ဆီမှ ပုံရိပ် များစွာ ပျံသန်း လာပြီး သူ့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။ 

" မင်းက ဘယ်သူလဲ... မင်းက ငါတို့ရဲ့ တစ္ဆေအဟန့်အတား ကျေးရွာကို ဘာ ရည်ရွယ်ချက် နဲ့ ရောက်လာတာလဲ"

များစွာသော လူများသည် ရှောင်လုံ အားကြည့်ရင်း အလွန်တရာ စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်လေသည်။ သူတို့၏ အမူအယာ များအရ ရှောင်လုံ သည်သာ လှုပ်ရှားမှုတစ်ခုခုပြုလုပ်လိုက်ပါက ဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပေသည်။

ရှောင်လုံ က သူတို့၏ အပြုအမူကို ဒေါသထွက်မသွားပေ။

သူ့ရှေ့ရှိ လူများသည် သားရဲ အရေခွံ များဖြင့် ပြုလုပ်ထားသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ထိုပေါ်၌ သင်္ကေတများ ရေးထွင်းထားကာ ခုခံကာကွယ်ခြင်းအစီအရင် တသ်ခု ဖြစ်ပေါ်နေပေသည်။

'အားနည်းတဲ့သူတွေက မဟာနတ်ဘုရားအဆင့် ၁နဲ့ အဆင့်၇ကြားရှိတာပဲ'

ရှောင်လုံကထိုသို့ တွေးလိုက်ပြီး သူ့၏ အကြည့်က သူတို့အပေါ်သို့ ရောက်ရှိသွားသည်။

" ငါက မရဏလမ်းကို အပြင်ကနေ ဝင်ရာက်လာခဲ့တာ...ဒီနေရာကို မတော်တဆ ဖြတ်သန်းသွားမိတာပဲ...ဒါကြောင့်မို့လို့ တစ္ဆေသန့်စင်ခြင်း ဂိုဏ်းနဲ့ပတ်သက်တဲ့ သတင်းအချို့ကို ငါမေးချင်လို့ပါ"

ရှောင်လုံ သည် လူအုပ်ကြီး၏ ရှေ့၌ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။

" တစ္ဆေသန့်စင်ခြင်းဂိုဏ်းလား"

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ နာမည်ကို ကြားလိုက်ရချိန်တွင် ထိုရွာသားများ၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားလေပြီး သူတို့၏ မျက်လုံးများသည် ပြူးကျယ်လာကြသည်။

" ငါသိပြီ...မင်းက အပြင်က ရောက်လာတဲ့ ဧည့်သည်ပဲ...ဒါပေမဲ့ ငါတို့က တစ္ဆေသန့်စင်ခြင်း ဂိုဏ်းအကြောင်းဘာမှမသိဘူး.. မင်း မြန်မြန် ထွက်သွားရင် ကောင်းလိမ့်မယ်"

ရွာသူရွာသားများထဲမှ တစ်ယောက်ဖြစ်သော သက်လတ်ပိုင်းလူက ပြောလိုက်လေသည်။

ရှောင်လုံ သည် မရဏလမ်း ၏ အပြင်ဘက်မှ ရောက်ရှိလာသော တစ်စုံတစ်ယောက်အကြောင်း ကြားလိုက်ရချိန်၌ ရွာသားများသည် စိတ်သက်သာရာ ရသွားပြီး သူတို့၏ စိုးရိမ်ပူပန်မှုများသည် အနည်းငယ် လျော့နည်းသွားပေသည်။ သို့သော်လည်း တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသည် သူတို့ကို ကြောက်ရွံ့သွားစေသောကြောင့် ရှောင်လုံအား ထိုအကြောင်း ပြောပြရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

ရှောင်လုံက သူတို့ပြောသည့်အတိုင်း ချက်ချင်း ထွက်ခွာမသွားပေ။ ထိုအစား သူက ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀ တုံးကို ထုတ်ယူလိုက်ပြီး လေထဲ၌ လွင့်မျောသွားစေလိုက်ကာ ပြောလိုက်သည်။

" ငါမေးတဲ့ မေးခွန်းတစ်ခုကို ဖြေပေးတာနဲ့...ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံး ပေးမယ်"

ရှောင်လုံ က ဆွဲဆောင်လိုက်လေသည်။

" ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး လား"

ရှောင်လုံ၏ ရှေ့၌ မျောလွင့်နေသော ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး များကိုကြည့်ရင်း ရွာသားများ၏ မျက်လုံးများသည် လိုချင်တပ်မက်မှုများဖြင့် ပြည့်နှက်သွားလေသည်။

" မင်းက ဘာကို သိချင်တာလဲ "

မိနစ်အနည်းငယ် မျှ တွေဝေတုံ့ဆိုင်းနေပြီး နောက် သက်လတ်ပိုင်းရွာသားသည် စတင်စကားပြောလာလေသည်။

" တစ္ဆေသန့်စင်ခြင်း ဂိုဏ်းက ဘယ်နေရာမှာ ရှိလဲဆိုတာ ငါသိချင်တယ် "

ရှောင်လုံက မေးမြန်းလိုက်လေသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ တည်နေရာသို့မဟုတ် တည်ရှိရာ အရပ်ကို သိရှိရန်သည် အရေးအကြီးဆုံး အချက်ဖြစ်သည်။

သက်လတ်ပိုင်းရွာသားက ခေါင်းရမ်းပြလိုက်လေသည်။

" ဒါတော့ ငါတို့လည်း မသိဘူး...ငါတို့တင်မကဘူး...မရဏလမ်းမှာရှိတဲ့ တခြားရွာတွေနဲ့ ဂိုဏ်းတွေထဲမှာတောင်... သိတဲ့သူမရှိဘူး "

သူက ရှောင်လုံ၏ ရှေ့ရှိ ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး ကို တချက်ကြည့်လိုက်သည်။

" ဒါပေမဲ့... သိတဲ့သူ တစ်ယောက်တော့ ရှိတယ် "

ရှောင်လုံ က စိတ်ထဲမှ ဝမ်းသာသွားသည်။

" ဘယ်သူလဲ"

သက်လတ်ပိုင်းရွာသားက ပြန်ပြောလိုက်လေသည်။

" ငရဲတစ္ဆေတမန်တော်ပါ"

" ငရဲတစ္ဆေတမန်တော် တဲ့လား"

ရှောင်လုံက ထိုနာမည်ကြောင့်စိတ်ရှုပ်ထွေးသွားလေသည်။

ရှောင်လုံ၏ အမူအယာ ကို ကြည့်ရင်း သက်လတ်ပိုင်းရွာသားက ရှင်းပြလိုက်လေသည် ။

" တကယ်တော့ ငရဲတစ္ဆေတမန်တော် ဆိုတာက... တစ္ဆေသန့်စင်ခြင်းဂိုဏ်းက ကျင့်ကြံသူ တစ်ယောက်ပါပဲ...အချိန်တစ်ခုကြာတိုင်း တစ္ဆေသန့်စင်ခြင်းဂိုဏ်းက ငရဲတစ္ဆေတမန်တော် တွေကို မရဏလမ်းထဲမှာ ရှိတဲ့ ရွာသားတွေနဲ့ ဂိုဏ်းတွေဆီ စေလွှတ်ပြီး...ထိပ်တန်းအဆင့် ငရဲယင်ဝိညာဥ် ကျောက်တုံး တွေကို စုဆောင်းခိုင်းတတ်တယ်...ဒါပေမဲ့ ငရဲတစ္ဆေတမန်တော်တွေက အရမ်းကို သန်မာအားကောင်းတယ်...ပြောရမယ်ဆိုရင် ငရဲတစ္ဆေတမန်တော် တိုင်းက မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ခွန်အား ရှိတတ်ကြတယ်"

မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် တဲ့လား...။ ရှောင်လုံက အနည်းငယ် အံ့အားသင့်သွားလေသည်။

တစ္ဆေသန့်စင်ခြင်းဂိုဏ်း၏ ငရဲတစ္ဆေတမန်တော် များသည်ပင် ထိုကဲ့သို့သော မြင့်မားလှသောခွန်အားကို ပိုင်ဆိုင်ထားသည်လား။

" ငရဲတစ္ဆေတမန်တော် တွေက ဘယ်အချိန် ထွက်လာအုံးမှာလဲ"

ရှောင်လုံက မေးမြန်းလိုက်လေသည် ။

သက်လတ်ပိုင်းရွာသားက ရှောင်လုံ၏ ရှေ့၌ မျောလွင့်နေသောထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး များကိုသာ ကြည့်ရင်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဤသည်ကိုကြည့်ရင်း ရှောင်လုံ သည် ထိုသူရှိရာဆီသို့ စိတ်ဝိညာဉ် ကျောက်တုံး နှစ်တုံး ပစ်ပေးလိုက်လေသည်။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှစ်တုံး ကို လက်ထဲ၌ ကိုင်ထားရင်း သက်လတ်ပိုင်းရွာသား၏ မျက်နှာသည် အပြုံးတစ်ခု ပေါ်ထွက်လာလေပြီး ရှောင်လုံ၏ မေးခွန်းကို ဖြေကြားလိုက်လေသည်။

" ငရဲတစ္ဆေတမန်တော်တွေကဘယ်အချိန် ထွက်လာမလဲ ဆိုတာကိုတော့ ငါတို့ တိတိကျကျ မပြောနိုင်ဘူး...အတိုဆုံးအချိန်ကတော့ ဆယ်နှစ်ပဲ...တစ်ခါတလေ နှစ် ၂၀နဲ့၃၀လောက်ကြာတယ်...ငရဲတစ္ဆေတမန်တော်တွေ နောက်ဆုံးအကြိမ် ထွက်လာခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်ကပဲ... ငါက ရှေးဟောင်းနတ်ဘုရားဗိမာန်ရဲ့ အကြီးအကဲ တစ်ယောက်နဲ့ ရင်းနှီးတယ်...ဒါကြောင့်မို့လို့ ငါက ဒီကိစ္စတွေကို သိတာ...အခြားရွာက လူတွေကတော့ ဒီကိစ္စကို သိထားမှာ မဟုတ်ဘူး "

ရှောင်လုံ က မျက်မှောင်ကြုံ့လိုက်မိသည်။

'လွန်ခဲ့တဲ့ ၈ နှစ်ကတဲ့လား...ဒါဆိုရင် ငရဲတစ္ဆေတမန်တော် တွေ ထွက်လာဖို့က အနည်းဆုံး နှစ်နှစ်တောင် ကြာဦးမှာပေါ့ '

သို့သော်လည်း သူနှင့် တစ္ဆေသန့်စင်ခြင်း ဂိုဏ်း သခင်လေးတို့၏ တိုက်ခိုက်ရန် သဘောတူညီချက်သည် ခုနှစ်လမျှသာ ကျန်ရှိတော့သည်။ သူက နောက်ထပ် နှစ်နှစ် စောင့်ဆိုင်းလိုခြင်း မရှိပေ။

ရှောင်လုံက သက်လတ်ပိုင်းရွာသားကို တစ္ဆေသန့်စင်ခြင်းဂိုဏ်း နှင့် တခြားအရာများစွာသော အကြောင်းများကို မေးမြန်းလိုက်လေသည် ။

သက်လတ်ပိုင်းရွာသားက သူသိသမျှကို ဖြေကြားသော်လည်း သူမသိသော မေးခွန်းများစွာလည်း ရှိနေသည်။

တစ်နာရီကျော်ကြာပြီးနောက် ရှောင်လုံ သည် ထိုရွာမှ ထွက်လာလိုက်ပေသည်။

သက်လတ်ပိုင်းရွာသားဆီမှ တစ္ဆေသန့်စင်ခြင်းဂိုဏ်းနှင့် ပတ်သက်သော သတင်းများစွာ မရရှိခဲ့သော်လည်း ရှောင်လုံ သည် မရဏလမ်း၏ အကြောင်းကို အခြေခံ သိရှိသွားပေသည်။

မရဏလမ်းထဲတွင် ဂိုဏ်းများစွာ မရှိသော်လည်း သာမန်အင်အားစုကြီးများနှင့် အလယ်အလတ် အဆင့် အင်အားစုများ သည် သုံးထောင်ကျော် ရှိပေသည်။ သူတို့ကြား၌ ပထမအဆင့် အင်အားစု တစ်ရာကျော် ရှိပေသည်။

ဤနေရာ၌ ထိပ်တန်းအင်အားစု သည် တစ်ခုထဲသာ ရှိပေသည်။ ၄င်းသည် အထွတ်အမြတ် အာဏာကို ချုပ်ကိုင်ထားပြီး မရဏလမ်း၏ အရှင်သခင် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ဖြစ်ပေသည်။

အမှန်မှာမှု ဤနေရာ၌ ထိပ်တန်းအင်အားစု ခြောက်ခု ရှိပေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းဆယ်သန်းကျော်က တစ္ဆေသန့်စင်ခြင်းဂိုဏ်း သည် အခြားသော ထိပ်တန်းအင်အားစု ငါးခုကို သိမ်းပိုက်၍ သူတို့၏ ဂိုဏ်းထဲသို့ ပေါင်းထည့်ပစ်လိုက်သည်။သူတို့ မည်သို့လုပ်ဆောင်လိုက်သည်ကိုမှု မည်သူမျှ မသိရှိကြပေ။

ဤသည်ကို စဥ်းစားကြည့်ရင်း ရှောင်လုံ၏ အမူအယာ သည် ပိုမို လေးနက်တည်ကြည်လာပေသည်။ တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ ခွန်အား သည် သူမျှော်လင့်ထားသည်ထက်ပင် ပိုမို လေးနက်ဆန်းကြယ်နေပေသည်။

ကံကြမ္မာဂိုဏ်း နှင့် ဝမ်ဂူကလန် တို့ ကဲ့သို့သော အင်အားကြီးမားလှသော ထိပ်တန်းအင်အားစုငါးခုကို ပင် ပေါင်းစပ်ပစ်နိုင်ခဲ့သည်။ ထို့အပြင် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသည် အစကတည်းက ထိပ်တန်းအင်အားစု ဖြစ်နေခဲ့ပြီးဖြစ်သည်။ ယခုအခါ၌မူ ထိပ်တန်းအင်အားစု ခြောက်ခု အား ပေါင်းစည်းထားသော ခွန်အား ကို ပိုင်ဆိုင်ထားပေသည်။

ငရဲတစ္ဆေတမန်တော် များ၏ အဆင့်အတန်း သည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ထဲ၌ မြင့်မားလှပြီး ဂိုဏ်းသခင်ဆီမှ တိုက်ရိုက်အမိန့်ကို နာခံရခြင်း ဖြစ်မည်ဟု ရှောင်လုံ ခန့်မှန်းမိပေသည်။

အခြားအချက်မှာကား တစ္ဆေသန့်စင်ခြင်းဂိုဏ်းထဲ၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် များစွာ ရှိပေလိမ့်မည်။ သို့သော် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် မှာမှု များစွာ မရှိနိုင်ပေ။

သူ့၏ လက်ရှိခွန်အားဖြင့် ဆိုပါက တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်လေးနှင့် ထပ်မံတိုက်ခိုက်ရမည်ဆိုလျှင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်ကြောင်း ရှောင်လုံ ယုံကြည်ပေသည်။ သူ ယခု စိုးရိမ်နေသည့် အရာမှာကား လက်ရှိ ဂိုဏ်းသခင်ဖြစ်ပေသည်။

လွန်ခဲ့သည့် အချိန်အနည်းငယ်က သူသည်အထွတ်အမြတ်ကံကြမ္မာ တောင်တန်းပေါ်ရှိ လီလူဆီသို့ အလည်သွားခဲ့ချိန်တွင် ကံကြမ္မာဂိုဏ်းဘိုးဘေးကို တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ စွမ်းအားအကြောင်း မေးမြန်းခဲ့လေသည်။ ဝမ်ဂူကလန် ဘိုးဘေးသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ က မရဏလမ်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်နှင့် ရင်ဆိုင်ခဲ့ဖူးသည်ဟု ကံကြမ္မာဂိုဏ်းဘိုးဘေးက သူ့ကို ပြောပြခဲ့သည်။ ထိုသူနှစ်ယောက်က တိုက်ခိုက်ခဲ့ကြပြီး ဝမ်ဂူကလန်ဘိုးဘေးသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရပေသည်။ ကံကောင်းသွားသည့် ကိစ္စ မှာကား ဝမ်ဂူကလန်ဘိုးဘေးသည် သူတို့ ဝမ်ဂူကလန်၏ အမွေအနှစ်ဖြစ်သော နတ်ဘုရား ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ရှေးဟောင်းထွက်ပြေးလွတ်မြောက်ခြင်းပညာရပ်ကိုကျင့်ကြံ ထားခဲ့သောကြောင့် သေခြင်းတရားမှ ဆံချည် တစ်မျှင်စာမျှ လွတ်မြောက်သွားခဲ့သည်။

ထိုသို့မဟုက်ပါက သူသည် မရဏလမ်း၌သာ ထာဝရနေထိုင်သွားရပေလိမ့်မည်။

ထို အဖြစ်အပျက်သည် ကမ္ဘာ တစ်ခွင်သို့ တုန်လှုပ်သွားစေခဲ့သည်။

အကြောင်းမှာ ဝမ်ဂူကလန်ဘိုးဘေးသည် မြောက်များစွာသော ကြယ်စင်စု များကြား၌ အသန်မာဆုံး သောသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ထိုကဲ့သို့သော သူသည်ပင် တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်၏ လက်ထဲမှ ထွက်ပြေးလာခဲ့ရသည်လား ။

တစ်ခါက တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်အကြောင်းပြောခဲ့ချိန်တွင် ဝမ်ဂူကလန်ဘိုးဘေးသည် ဤသို့ ပြောခဲ့ပေသည်။

" ကောင်းကင်ဘုံ နတ်ဘုရား တစ်ပါးမဟုတ်ပေမယ့်...ကောင်းကင်ဘုံနတ်ဘုရား ထက် ပိုပြီး သန်မာတယ်"

ကောင်းကင်ဘုံနတ်ဘုရား မဟုတ်သော်လည်း ကောင်းကင်ဘုံနတ်ဘုရားထက်ပိုပြီး သန်မာသည်တဲ့လား။

အဓိပ္ပာယ် မှာကား တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်သည် မဟာနတ်ဘုရားအဆင့် ၌သာရှိနေသေးသော်လည်း သူ့၏ အစစ်အမှန် ခွန်အား သည် သာမန် ကောင်းကင်ဘုံနတ်ဘုရား အဆင့် သိုင်းပညာရှင် များထက် သာလွန်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

...

လဝက်မျှကြာပြီးနောက်...။

ရှောင်လုံ သည် ပျက်စီးယိုယွင်းနေသော မြို့တော်တစ်ခု၏ ရှေ့၌ ပေါ်ထွက်လာလေသည်။

ထို ပျက်စီးယိုယွင်းနေသောမြို့တော်သည် အခြားမဟုတ်ပဲ အမြစ်ပျက်သုတ်သင်ခံလိုက်ရသော ဂိုဏ်းတစ်ခု၏ အကြွင်းအကျန် နေရာဖြစ်ပေသည်။

လဝက်အတွင်း ရှောင်လုံသည် တစ္ဆေသန့်စင်ခြင်းဂိုဏ်း ၏ တည်နေရာ ကို ရှာဖွေခဲ့သော်လည်း အချည်းနှီ သာ ဖြစ်သွားခဲ့ပေသည်။ သူသည် သေးငယ်လှသော အင်အားစုများနှင့် အလယ်အလတ် အင်အားစုများဆီမှ တပည့်အချို့နှင့် တွေ့ဆုံကာ တစ္ဆေသန့်စင်ခြင်းဂိုဏ်း အကြောင်းကို အနည်းအကျဥ်း သိရှိခဲ့ရပေသည်။

ခဏမျှ ကြာပြီးနောက် တစ်စုံတစ်ယောက် သည် လျှင်မြန်သည့် အမြန်နှုန်းဖြင့် ရှောင်လုံ ရှိရာဆီသို့ ထွက်ပြေးလာလေသည်။ ထိုသူ၏ နောက်၌မှု ကြမ်းကြုတ်ရက်စက်လှသော သားရဲ များစွာသည် မေးရိုးများကို ဖွင့်ဟ၍ သူတို့၏ အစွယ်များကို ထုတ်ပြလာလေသည်။

သူတို့၏ သားကောင်နောက်သို့ လိုက်ပါနေချိန်တွင် ထိုသားရဲများ၏ ပါးစပ်ဆီမှ အနက်ရောင် တစ္ဆေချီကို ထုတ်လွှတ်နေလေပြီး ထိုထဲ၌ အစိမ်းရောင် အဆိပ်ငွေ့များပင် ရောယှက်နေပေသည်။

ထိုလူရိပ်သည် ရှောင်လုံ ကို မြင်လိုက်ချိန်၌ သူ့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကာ ရှောင်လုံရှိရာဆီသို့ တိုးဝင်လာလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၄.....ဝိညာဥ်နတ်ဆိုးဂိုဏ်း

သူရှိရာဆီသို့ ဦးတည်လာနေသော ပုံရိပ်ကို ကြည့်ရင်း ရှောင်လုံ သည် မျက်မှောင်ကြုံ့လိုက်မိသည်။ တဖက်လူက မည်သည်ကို လုပ်ဆောင်ရန် ကြံစည်နေကြောင်း သူ ခန့်မှန်းမိပေသည်။ ထို ပုံရိပ် က ကြမ်းကြုတ်ရက်စက်သော သားရဲများကို တားဆီးရန်အတွက် ရှောင်လုံအား လူသားဒိုင်းကာ အဖြစ် အသုံးပြုချင် နေခြင်း ဖြစ်သည်။

ရှောင်လုံ၏ ခွန်အားက လုံလောက်မှု မရှိလျှင်ပင် ထိုသားရဲများကို ခနမျှ နှောင့်နှေးစေရန် လုံလောက်ပေသည်။ ဤနည်းဖြင့် ထိုသူက လွတ်မြောက်ရန်အခွင့်အရေးကိုတိုးမြင့်နိုင်ပြီဖြစ်သည်။

ထွက်ပြေးလာသော ပုံရိပ် သည် ရှောင်လုံနှင့် နီးကပ်လာသည်မို့ ထိုသူသည် မျက်နှာဝိုင်းပြီး သေးငယ်စူးရှသော မျက်လုံးများရှိသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ ထို သက်လတ်ပိုင်းလူကို တချက်ကြည့်ရုံနှင့်ပင် အကွက်ချတွက်ချက်တက်သည့် လူတစ်ယောက်ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။

အဝေးမှနေ၍ သက်လတ်ပိုင်းလူက အော်ဟစ်လိုက်လေသည်။

" ဟေး...ညီလေး...မင်းက ဘယ်ဂိုဏ်းက တပည့်လဲ... ငါတို့ ပူးပေါင်းပြီးတော့ ဒီသားရဲတွေကို သတ်ဖြတ်မယ်ဆိုရင်ရော ဘယ်လိုလဲ... ငါက မင်းကို မြို့တော်ထဲက ရလာတဲ့ ရတနာတွေ တဝက်ခွဲပေးမယ်လေ"

ရှောင်လုံ က သူ့အား မကူညီမည်ကို စိုးရိမ်သောကြောင့် သက်လတ်ပိုင်းလူသည် ရတနာအချို့ ပေးမည်ဟု မက်လုံးပေး ပြောဆိုလိုက်လေသည်။

ရှောင်လုံက ရုတ်တရက် လက်တစ်ဖက်ကို မြောက်လိုက်ကာ သူ့၏ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ထို လက်ဝါးချက်တစ်ချက်နှင့်ပင် သက်လတ်ပိုင်းလူ၏ နောက်သို့လိုက်ပါလာသော ကြမ်းကြုတ်ရက်စက်သည့် သားရဲများသည် အပိုင်းပိုင်းအစစ ကွဲအက်သွားလေသည်။

အသွေးအသားများသည် မြှားများနှယ် ပန်းထွက်လာလေသည်။

နောက်တစ်ခဏ၌ အက်ကွဲသွားသော ခန္ဓာကိုယ် များဆီမှ အနက်ရောင် အရိပ်များစွာ ထွက်ပေါ်လာပြီး ၄င်းတို့သည် ကြမ်းကြုတ်ရက်စက်သော သားရဲများ၏ ယင်ဝိညာဥ်များ ဖြစ်ကြသည်။ မရဏလမ်းရှိ ကြမ်းကြုတ်ရက်စက်သောသားရဲများသည် နတ်ဘုရား ဦးခေါင်းမရှိကြဘဲ ယင်ဝိညာဥ် သာရှိကြလေသည်။ သူတို့၏ ယင်ဝိညာဥ် များသည် တစ္ဆေဖြစ်တည်မှု များ၏ တစ္ဆေဝိညာဥ် နှင့် တူပေသည်။

မရဏလမ်းဆီမှ သားရဲများ၌ ရှိသည့် တစ္ဆေချီသည် မွေးရာပါ စွမ်းအင် ဖြစ်ပေသည်။ ထို့ကြောင့် ၄င်းတို့ကို တစ္ဆေသားရဲ များဟုခေါ်သည်။

မြောက်များစွာသော သားရဲများ၏ယင်စိတ်ဝိညာဥ်များ က ထွက်ပြေးရန် ကြိုးစားသည်ကို မြင်လိုက်ရသည်နှင့် ရှောင်လုံ၏ လက်က ဆန့်ထုတ်သွားလေပြီး ၄င်းတို့ကို သူ့ဆီသို့ ဆွဲယူလိုက်သည်။ ထို့နောက် ငရဲနတ်ဆိုး အန္တိမ နတ်ဘုရား ဦးခေါင်း၏ စွမ်းအင် သည် အသက်ဝင်လာပြီး ၄င်းတို့ကို နတ်ဘုရား အင်အားအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။

အမှန်၌ သိုင်းဝိညာဥ် ကမ္ဘာ တွင် ရှောင်လုံ ရရှိခဲ့သော တစ္ဆေဘုရင်  ၏ သွေးပဋိညာဥ် သည် သူ့ကို အလုံးစုံ သော တစ္ဆေဖြစ်တည်မှု များအား ဝါးမြိုနိုင်သည့် အစွမ်းကို ရရှိစေပေသည်။ သို့သော် ထို နည်းစနစ် ၏ ဝါးမြိုမှုနှုန်းသည် သူ့၏ ငရဲနတ်ဆိုးအန္တိမနတ်ဘုရားဦးခေါင်းနှင့် ယှဥ်လျှင် လွန်စွာ နှေးကွေးနေပေသည်။

" ဆရာကြီးက ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရမလား...ကျွန်တော် က ဝိညာဥ်နတ်ဆိုးဂိုဏ်း ရဲ့ အကြီးအကဲ ကျိုးယုချန် ပါ"

" ဝိညာဥ်နတ်ဆိုးဂိုဏ်း က အကြီးအကဲ ကျိုးယုချန် လား "

ရှောင်လုံက သက်လတ်ပိုင်းလူကြီးကို ခဏမျှ ကြည့်ရှုလိုက်ပြီးနောက်ပြောလိုက်သည်။

" ငါက အခုမှ အပြင်ကနေ မရဏလမ်းကို ဝင်လာတာ...ငါ့ကို ပြောပါဦး... မင်းပြောတဲ့ ရတနာဆိုတာက ဘယ်ဟာလဲ"

သက်လတ်ပိုင်းလူက ကြောင်အသွားလေသည်။  ထို့နောက် ရှောင်လုံ က အပြင်ကဖြစ်ကြောင်း ကြားလိုက်ရချိန်၌ သူ့၏ မျက်နှာထက်တွင် စိတ်သက်သာရာ ရသွားသည့် အမူအယာ တစ်ခု ပေါ်ထွက်လာလေသည်။ သူက အလျှင်အမြန် ပြန်ဖြေလိုက်သည်။

" ဆရာကြီးရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်... ဒီ မြို့တော်ဟောင်းက မရဏလမ်း ရဲ့ အရူးတစ္ဆေဂိုဏ်း တည်ရှိခဲ့တဲ့ နေရာပါ... အရင်တုန်းကတော့ မရဏလမ်းရဲ့ ပထမအဆင့် အင်အားစုတစ်ခု ပေါ့...ဒီဂိုဏ်းရဲ့ ခွန်အားက ထိပ်တန်းအင်အားစု ခြောက်ခုပြီးရင် အမြင့်ဆုံး ပဲ... ဒါပေမဲ့... နောက်ပိုင်းကြတော့ တစ္ဆေသန့်စင်ခြင်းဂိုဏ်း က ဒီဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တယ်လေ"

" ဒါပေမဲ့... သိပ်မကြာခင် ကျွန်တော် မှတ်တမ်း ဟောင်းတစ်ခုကို ဖတ်ခဲ့ရတယ်...အဲ့ထဲမှာ ရေးထားတာက အရူးတစ္ဆေဂိုဏ်း ရဲ့မြို့တော်ထဲမှာ လျို့ဝှက်ရတနာသိုက်တစ်ခု ရှိတယ်လို့ ဖော်ပြထားတယ်...ဒါကြောင့်မို့လို့ ကျွန်တော် က ဒီနေရာကိုရောက်ပြီး ရတနာသိုက်ကို ရှာဖွေဖို့ ကြိုးစားခဲ့တာ...ဒါပေမဲ့ ရတနာသိုက်ကို ရှာတွေ့တဲ့ အချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ...ကံကောင်းစွာနဲ့ ဆရာကြီးက ကျွန်တော့်ကို ကူညီပေးခဲ့လို့သာပေါ့...အဲ့ဒီ လိုမှမဟုတ်ရင် ကျွန်တော် တော့ တစ်စစီ ဆုတ်ဖြဲခံနေရလောက်ပြီ"

အရူးတစ္ဆေဂိုဏ်း... ။

ရှောင်လုံ၏ မျက်လုံးများက တောက်ပသွားလေသည်။

" ငါ့ကို အဲ့ဒီ နေရာဆီ ခေါ်သွားပေး"

" ဟုတ်ကဲ့ပါ ဆရာကြီး"

ဝိညာဥ်နတ်ဆိုးဂိုဏ်း အကြီးအကဲကျိုးယုချန် သည် ချက်ချင်းဆိုသလို ရိုသေလေးစားစွာဖြင့် နာခံလိုက်ပြီး မည်သည့် လှည့်ကွက်ကိုမှ လုပ်ဆောင်ရဲခြင်း မရှိပေ။ သူက မြို့တော်ဟောင်း ထဲသို့ ပျံသန်းသွားလိုက်ကာ ရှောင်လုံ အား ဦးဆောင်သွားလေသည်။

သူတို့က မြို့တော်ထဲသို့ ပျံသန်းနေရင်း ရှောင်လုံ သည် သူ့၏ ပတ်ပတ်လည် သို့ စစ်ဆေးကြည့်လိုက်လေသည်။ မြို့တော်သည် ဆိုးဆိုးရွားရွား စုတ်ပြတ် ယိုယွင်းနေသော်လည်း အဆောက်အအုံများ၏ တည်ဆောက်ပုံအရ ဤနေရာသည် အားကောင်းလှသော ထည်ဝါခန်းနားသည့် ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်ကြောင်း ရှောင်လုံ သိမြင်နိုင်ပေသည်။

လမ်း၌ သူတို့သည် မဟာနတ်ဘုရားအဆင့် ၃ မြေတစ္ဆေ အနည်းငယ် နှင့် ရင်ဆိုင်ခဲ့
ရပေသည်။ ရှောင်လုံက ထိုအဆင့် သားကောင်များကို ဂရုစိုက်နေခြင်း မရှိဘဲ မီးစွမ်းအင် နတ်ဘုရား အင်အား တစ်မျိုး ထုတ်သုံးကာ သူတို့အား ချက်ချင်းဆိုသလို လောင်ကျွမ်းသွားစေလိုက်သည်။

အဆင့်နိမ့် မဟာနတ်ဘုရားအဆင့် ယင်တစ္ဆေ များ၏ စွမ်းရည်သည် ရှောင်လုံ အတွက် နိမ့်ကျလွန်းလှပေသည်။ ယင်တစ္ဆေပေါင်းတစ်သောင်းကို စုပ်ယူဝါးမြိုမည်ဆိုလျှင်ပင် ရှောင်လုံ၏ ခွန်အားကို တိုးတက်လာစေလိမ့်မည်မဟုတ်ပေ။

ရှောင်လုံက ယင်တစ္ဆေ အုပ်စုကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်အား ကြည့်ရင်း အကြီးအကဲကျိုးယုချန် သည် အလွန်တရာ ကြောက်ရွံ့သွားပေသည်။ မည်သည်ကိုမှ လုပ်ဆောင်ရန် မတွေးတောရဲတော့ပေ။

တစ်နာရီမျှကြာပြီးနောက် သူသည် ရှောင်လုံကို ပျက်ဆီးယိုယွင်းနေသော ခြံဝန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပေသည်။

ထိုနေရာသို့ ရောက်ရှိပြီးနောက် အကြီးအကဲကျိုးယုချန် သည် နားလည်ရခက်သော လက်စည်းတံဆိပ်တစ်ခုပြုလုပ်ပြီးနောက် လေထုထဲသို့ ရိုက်ချလိုက်လေသည်။ သူတို့၏ ရှေ့၌ အနက်ရောင် လေဟာနယ် တွင်းပေါက်တစ်ခု ပေါ်ထွက်လာသည်။

နှောင့်နှေးနေခြင်းမရှိဘဲ သူတို့နှစ်ယောက်သည် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်လိုက်ကြသည်။ သူတို့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားလေပြီး သူတို့သည် မီတာထောင်ပေါင်းများစွာ ကျယ်ပြန့်သော ကြီးကျယ်ခမ်းနားလှသည့် ခန်းမထဲသို့ ရောက်ရှိသွားသည်။

နံရံ လေးခုလုံးရှိ နံရံကပ်စင်များပေါ်တွင် ဆေးလုံးမြောက်များစွာ တို့ဖြင့် ပြည့်နှက်နေလေသည်။

သူ့၏ နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့်လိုက်ချိန်တွင် ဆေးလုံးများထဲမှ တစ်ဝက်ကျော်
သည် အချိန်ကာလရွေ့လျားပြီး ပျောက်ကွယ်သွားကြသော အထွတ်အမြတ် အဆင့် နတ်ဆေးလုံး များဖြစ်ကြောင်း ရှောင်လုံ တွေ့လိုက်ရပေသည်။ ထို့အပြင် အများစုသည် ကပ်ဘေးအဆင့် ၈ နှင့် အဆင့်  ၉ နတ်ဘုရား ဆေးလုံးများ ဖြစ်သည်။

မဟာခန်းမ၏ အလယ်၌ အရိုးကဲ့သို့ ပိန်ပါးလှသော အဘိုးအို တစ်ယောက်ရှိနေလေပြီး ခြေချိတ်ထိုင်နေလေသည်။

သူ့၏ဝတ်စုံအရ ထိုသူသည် အရူးတစ္ဆေဂိုဏ်း ၏ သိုင်းပညာရှင် တစ်ယောက်ဖြစ်လိမ့်မည်ဖြစ်ပြီး သူမသေခင်က မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လိမ့်မည်။ ရှောင်လုံ၏ နတ်ဘုရားအာရုံက အဘိုးအိုကို စစ်ဆေးကြည့်လိုက်ပြီး ထိုသူက အမှန်တကယ် သေဆုံးနေကြောင်း အတည်ပြုလိုက်သည်။ အဘိုးအို၏ နတ်ဘုရားဦးခေါင်းသည် အစိတ်အပိုင်း ပေါင်း တစ်ဒါဇင် မျှ အထိ အက်ကွဲနေလေသည်။

လူတစ်ယောက် ၏ လက်ဝါးအင်အားကြောင့် အက်ကွဲသွားခြင်းဖြစ်ပေမည်။ ရှောင်လုံသည် စိတ်ထဲမှ တုန်လှုပ်သွားမိသည်။

ထိုသူမသေခင်က မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပေသည်။ လက်ဝါးတစ်ချက်ထဲဖြင့် နတ်ဘုရား ဦးခေါင်းကို ကွဲအက်သွားစေနိုင်သောသူသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်နည်း။

ရှောင်လုံ သည်ပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိကြောင်း ဝန်ခံရပေလိမ့်မည်။

မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့်သိုင်းပညာရှင် ဖြစ်သော အဘိုးအို နှင့်ယှဥ်လျှင် မဟာနတ်ဘုရားအဆင့် ၁၀ အလယ်အဆင့်ဖြစ်သော နတ်ဆိုးကလန် ခေါင်းဆောင် မော့တင်းထန်းသည် အလွန်တရာ အားနည်းနေပေသေးသည်။

ထို အဘိုးအိုကို တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်က သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်လား။ ထို ဖြစ်နိုင်ချေ က ရှောင်လုံ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

တစ်ဖက်၌မူ အကြီးအကဲကျိုးယုချန်သည် ဝင်ရောက်လာသည့် အချိန်မှစ ၍ ထိပ်တန်းအထွတ်အမြတ်အဆင့် နတ်ဆေးလုံး များဖြင့် ပြည့်နှက်နေသော စင်များအား တောက်ပသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပေသည်။ သို့သော် သူက ရှောင်လုံ၏ ခွင့်ပြုချက် မရှိဘဲ ၄င်းတို့ကို မထိရဲပေ။

မဟာခန်းမ၏ ထောင့်တစ်နေရာ၌ ကျင့်ကြံခြင်း စာအုပ်များ အပုံလိုက်ရှိနေပေသည်။ ထိုစာအုပ်ထဲမှ အများစုသည် အရူးတစ္ဆေဂိုဏ်း ၏ အခြေခံ အမွေအနစ်များဖြစ်သည်။

ရှောင်လုံ က ကျင့်ကြံခြင်း စာအုပ်များနှင့် အရူးတစ္ဆေဂိုဏ်း သိုင်းပညာရှင် ၏ ခန္ဓာကိုယ် ကို သူ့၏ အဇူရာလက်စွပ် ထဲသို့ ထည့်သွင်းလိုက်လေသည်။ ဆေးလုံးများအတွက်မူ သူက တစ်ဝက်မျှ ယူ၍ ကျန်တစ်ဝက်ကို ကျိုးယုချန် အတွက် ချန်ထားလိုက်လေသည်။

ကျိုးယုချန်သည် ရှောင်လုံ ကို အလျှင်အမြန် ကျေးဇူးတင်လိုက်သည်။ သူက မကျေမနပ် ဖြစ်
သည့် မည်သည့်အမူအယာကိုမှ ပြသခြင်းမရှိပေ။ ဟုတ်ပေသည်။ သူက မကျေမနပ် ခံစားခဲ့ရလျှပင် ရှောင်လုံ၏ ရှေ့၌ ဖော်ပြရဲခြင်းမရှိပေ။

နာရီဝက်မျှ ကြာပြီးနောက် သူတို့နှစ်ယောက် သည် အနက်ရောင်လေဟာနယ်တွင်းပေါက်ထဲမှ ထွက်ခွာ လိုက်ကြသည်။

ရှောင်လုံ က အမှတ်တမဲ့ မေးမြန်းလိုက်သညိ။

" ငါမင်းကို မေးစရာရှိတယ်...တစ္ဆေသန့်စင်ခြင်းဂိုဏ်း က ဘယ်နေရာမှာ ရှိလဲဆိုတာ မင်းသိလား"

"ဆရာကြီးက တစ္ဆေသန့်စင်ခြင်းဂိုဏ်း ကို သွားချင်လို့လား"

ကျိုးယုချန် က အံ့အားသင့်သွားလေသည်။

" ဟုတ်တယ်"

ရှောင်လုံ က ခေါင်းညိတ်ပြလိုက်လေသည်။

ကျိုးယုချန် က ခေါင်းကိုငုံ့ကာပြောလိုက်သည်။

" ဆရာကြီး...ကျွန်တော် က တစ္ဆေသန့်စင်ခြင်းဂိုဏ်း ရဲ့ တည်နေရာကို မသိထားပေမဲ့ ကိစ္စ တစ်ခုကိုတော့သိထားတယ်...တစ်နေ့တုန်းက တစ္ဆေသန့်စင်ခြင်းဂိုဏ်း ကနေပြီး ကျွန်တော်တို့ ဝိညာဉ် နတ်ဆိုး ဂိုဏ်း ခေါင်းဆောင် နဲ့ ဘိုးဘေးကို သတင်းတစ်ခုပို့လာတယ်...သူတို့ရဲ့ ဂိုဏ်းသခင်ရာထူးအပ်နှင်းခြင်း ပွဲတော်ကို တက်ရောက်ဖို့အတွက် တစ္ဆေသန့်စင်ခြင်းဂိုဏ်း က အမိန့်ပေးခဲ့တာ"

ရှောင်လုံ က အသုံးဝင်သည့် သတင်းအချက်အလက်ကို ရရှိရန် အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။ ပေါ့ပေါ့တန်တန် မေးမြန်းလိုက်ခြင်းမျှသာဖြစ်သည်။

သို့သော် ရလဒ် ကမူ အံ့အားသင့်စရာ ကောင်းပေသည်။

" ဆရာကြီးက တစ္ဆေသန့်စင်ခြင်းဂိုဏ်း ကို သွားချင်တယ်ဆိုရင်... ကျွန်တော်က ဆရာကြီး ကို ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးနဲ့ဂိုဏ်းခေါင်းဆောင်ဆီ တွေ့ဖို့ခေါ်သွားပါမယ်..."

ကျိုးယုချန် က ထပ်ပြောလိုက်လေသည်။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်နှင့် ကျိုးယုချန်သည် သူ့ကို မြို့တော်ဟောင်းဆီမှ ဝိညာဥ်နတ်ဆိုးဂိုဏ်း ရှိရာဆီသို့ ခေါ်ဆောင်သွားပေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၅၅.....ယင်ဝိညာဥ် များကို ဝါးမြိုသည့်ပညာရပ်

သူတို့သည် ပျံသန်းလာလေရင်း ရှောင်လုံက ကျိုးယုချန် အား တစ္ဆေသန့်စင်ခြင်းဂိုဏ်း သခင်ရာထူး အပ်နှင်းခြင်း ပွဲတော်နှင့် ပတ်သက်သည့် အကြောင်းများကို မေးလိုက်လေသည် ။

ကျိုးယုချန် သိရှိထားသမျှသည် အကန့်အသတ်ရှိသော်လည်း သူတို့၏ စကားဝိုင်း အရ ဝိညာဥ်နတ်ဆိုးဂိုဏ်း သည်သာ အမိန့်ရခြင်းမဟုတ်ဘဲ အခြားသော ပထမအဆင့်အင်အားစုများသည်လည်း အမိန့်ကိုလက်ခံရရှိထားကြောင်း ရှောင်လုံသိလိုက်ရပေသည်။

ရှောင်လုံ အတွက်မှု ဤသည်မှာ သတင်းကောင်း ဖြစ်ပေသည်။

တက်ရောက်ရမည့်သူ များလေလေရှောင်လုံကို သတိထားမိရန် ရာခိုင်နှုန်း နည်းလေလေဖြစ်ပြီး လမင်းဆင်းသက်ခြင်းအဘိုးအိုကို ကယ်ဆယ်နိုင်သည့် သူ့၏ အခွင့်အလမ်း သည်လည်းပိုမိုတိုးပွားလာပေလိမ့်မည်။

နှစ်ရက်ကြာပြီးနောက် ကျိုးယုချန် ၏ ဦးဆောင်မှုဖြင့် ရှောင်လုံ သည် ဝိညာဥ်နတ်ဆိုးဂိုဏ်း သို့ ရောက်ရှိသွားလေသည်။

သူမမျှော်လင့်ထားသည့် အရာတစ်ခု မှာကား ဝိညာဉ်နတ်ဆိုးဂိုဏ်းသည် ကမ္ဘာဦး တောအုပ်အလယ်၌ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

အဆောက်အဦး များစွာသည် ရှေးဟောင်းသစ်ပင်များကြား၌ တည်ရှိနေပေသည်။

ဝိညာဥ်နတ်ဆိုးဂိုဏ်း သည် သူတို့၏ နယ်မြေသို့ အပြင်လူများ ဝင်ရောက်လာခြင်းကို ပိတ်ပင်တားဆီးထားပေသည်။ သို့သော် ကျိုးယုချန် ၏ အကြီးအကဲ အဆင့်အတန်း ကြောင့် ကင်းလှည့်နေကြသော ဝိညာဉ်နတ်ဆိုးဂိုဏ်းတပည့်များသည် သူတို့၏ လမ်းကို ပိတ်ဆို့တားဆီးရဲခြင်းမရှိကြပေ။ သူတို့က ကျိုးယုချန် နှင့် ရှောင်လုံတို့၏ လမ်းကို ပိတ်ဆို့ထားရဲခြင်း
မရှိကြသော်လည်း သူတို့ထဲမှ တစ်ယောက်သည် တာဝန်ကျ အကြီးအကဲ ဆီသို့ သွားရောက်၍ သတင်းပို့လိုက်လေသည်။

ထို့ကြောင့် ခဏအကြာ၌ ပုံရိပ်တစ်ခုသည် ရှောင်လုံ တို့ရှိရာဆီသို့ ရောက်ရှိလာပြီး သူတို့၏ လမ်းအား ပိတ်ဆို့လိုက်လေသည်။

သူတို့၏လမ်းကို ပိတ်ဆို့လာသော လူသည် ကျိုးယုချန် ကဲ့သို့ပင် ဝိညာဉ်နတ်ဆိုးဂိုဏ်း ၏ အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူကရှည်မျောသည့်မျက်နှာ ၊ သေးငယ်သော မျက်လုံးများနှင့် ဝက်ဝံကဲ့သို့သော ခန္ဓာကိုယ် ရှိပေသည်။ သူ့၏ မျက်နှာသည် သစ်ကုလားအုပ်၏ မျက်နှာနှင့် အလွန်တရာ တူညီပေသည်။

" တုယှမျ...ဒါက ဘာ အဓိပ်ပာယျ လဲ"

ကျိုးယုချန် ၏ မျက်နှာက ချက်ချင်းဆိုသလို မဲမှောင်သွားပြီး ခြိမ်းခြောက်သည့်အသံဖြင့် ပြောလိုက်လေသည်။

ကျိုးယုချန် က တုယွမ် ကို ပြီးခဲ့သည့် ဝိညာဉ်နတ်ဆိုးဂိုဏ်း ၏ ပြိုင်ပွဲတွင် ဒဏ်ရာရစေခဲ့ပြီးနောက် သူတို့နှစ်ယောက် သည် တွေ့ဆုံချိန်တိုင်း ရန်စကား များလေ့ရှိပေသည်။

တုယွမ် က ရယ်မောလိုက်လေပြီး ရှောင်လုံကို ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်ကာ ကျိုးယုချန် ကို ပြောလိုက်လေသည်။

" ကျိုးယုချန်... အပြင်လူတွေက ဂိုဏ်းခေါင်းဆောင်ဒါမှမဟုတ် ဘိုးဘေးရဲ့ တံဆိပ်ပြားမရှိဘဲ...ဝိညာဉ်နတ်ဆိုးဂိုဏ်း ရဲ့ ပိုင်နက်ထဲကို ဝင်ရောက်ခွင့် မရှိဘူးဆိုတာ မင်းမေ့နေပြီလား"

ကျိုးယုချန် ၏ အမူအယာ က ဆိုးရွားသွားလေသည်။

တုယွမ် က ရှောင်လုံ ဘက်သို့ ထပ်မံလှည့်ကြည့်လိုက်လေပြီး သူ့၏ အသံက ခက်ထန်တင်းမာသွားလေသည်။

" ကောင်လေး...မင်း ငါပြောတာ ကို ကြားတယ်မလား... ခေါင်းဆောင် ဒါမှမဟုတ် ဘိုးဘေးရဲ့တံဆိပ်ပြားမပါဘဲ ဘယ်အပြင်လူကမှ ငါတို့ ဝိညာဉ်နတ်ဆိုးဂိုဏ်း ထဲ ဝင်ခွင့်မရှိဘူး... မင်း အခု ထွက်သွားလို့ရပြီ အဲ့ဒီ လိုမှမဟုက်ဘဲ မင်းက ငါတို့ဝိညာဉ်နတ်ဆိုးဂိုဏ်းရဲ့ပိုင်နက်ထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်လာခဲ့မယ် ဆိုရင်...အကျိုးဆက်ကို မင်း သိရလိမ့်မယ်"

ထွက်သွားတဲ့လား...။

တုယွမ် က ရှောင်လုံ ကို ထွက်သွားခိုင်းနေသည်အား ကြားလိုက်ချိန်တွင် ကျိုးယုချန် ၏ မျက်နှာသည် ဖြူဖြော့သွားလေပြီး ချက်ချင်း ဖြတ်ပြောလိုက်လေသည်။

" တုယွမ်... မင်း...ဒီဆရာကြီးက ငါတို့ဂိုဏ်းခေါင်းဆောင်နဲ့ဘိုးဘေးကို တွေ့အောင် လာတာ...မင်း အခုချက်ချင်း လမ်းဖယ်ပေးစမ်း "

တုယွမ် က ကျိုးယုချန် ၏ စကားများကို ရယ်မောလိုက်လေသည်။

" ဟမ့်...မင်း ဘာပြောလိုက်တာလဲ...ဒိိီကောင်လေးက ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ဘိုးဘေးကို တွေ့ချင်နေတာလား...ကျိုးယုချန်...မင်းက မင်းခေါ်လာတဲ့ ဘယ်လမ်းဘေး ခွေးကိုမဆို ဂိုဏ်းခေါင်းဆောင်နဲ့ဘိုးဘေးတို့နဲ့ တွေ့ဆုံခွင့် ပေးဖို့ အရည်အချင်း ပြည့်မှီနေပြီထင်နေတာလား"

ထိုအချိန်၌ တိတ်ဆိတ်နေခဲ့သော ရှောင်လုံ သည် သူ့၏ လက်ကို ရုတ်တရက် မြောက်လိုက်ကာ ဆုပ်ကိုင်သည့်အမူအယာ တစ်ခု လုပ်လိုက်လေသည်။ အလွန်တရာ အားကောင်းလှသော အင်အားတစ်ခုက တုယွမ် အား ရှောင်လုံ၏ ရှေ့သို့ ဆွဲယူလိုက်ကာ လေထဲသို့ လည်ပင်းမှ ကိုင်မြှောက်ထားလေသည်။

တုယွမ် ကဒေါသထွက်သွားပြီး တချိန်ထဲမှာပင် တုန်လှုပ်သွားရပေသည်။ သို့သော် သူ့ ခန္ဓာကိုယ် ၏ နတ်ဘုရား အင်အားသည် မမြင်နိုင်သော အင်အားတစ်ခုမှ ဖိနှိပ်ခြင်းကို ခံထားရပြီး ရုန်းကန်နိုင်စွမ်း မရှိတော့ပေ။

" မင်း... ခွေးကောင်...ငါ့ကို အခုချက်ချင်း လွှတ်လိုက်စမ်း...မင်းက ငါ့ရဲ့ ဝိညာဉ်နတ်ဆိုးဂိုဏ်း မှာ ဒီလိုမျိူး လုပ်ရဲတယ်ပေါ့ "

တုယွမ် က ဟိန်းဟောက်လိုက်လေသည်။ သို့သော် သူပြောချင်သည်ကို ပြီးအောင် မပြောရသေးမှီမှာပင်ရှောင်လုံက အင်အားအနည်းငယ်သုံးကာ သူ့၏ လည်ပင်းကို ချိုးပစ်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့၏ ခန္ဓာကိုယ် ထဲသို့ နတ်ဘုရား အင်အား အမျှင်တန်းများ ဝင်ရောက်လာကာ တုယွမ် ၏ နတ်ဘုရား ဦးခေါင်းကိုကွဲအက်သွားစေလိုက်ပြီး သူ့ကို ကမ္ဘာ ပေါ်မှ ပျောက်ကွယ်သွားစေလိုက်ပေသည်။

ရှောင်လုံ က အကြည့်တစ်ချက်မျှပင် ပြန်မကြည့်တော့ဘဲ ထိုလူ၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်လေသည်။

ဝိညာဉ်နတ်ဆိုးဂိုဏ်း ၏ ကင်းလှည့်တပည့်များသည် သူတို့ရှိရာသို့ အကြီးအကဲ ဝတ်စုံနှင့် အလောင်းတစ်ခု ပြုတ်ကျ လာသောကြောင့် အံ့သြမှင်သက်သွားကြသည်။ သူတို့အားလုံး သည် တုန်လှုပ်မှု ကြောင့် တောင့်ခဲသွားကြပြီး တုံ့ပြန်ရန်ပင် မေ့လျော့သွားကြသည်။

ကျိုးယုချန် သည် အလောင်းကောင်တစ်ခုကဲ့သို့ ဖြူဖက်ဖြူရော် ဖြစ်သွားသည်။ ဖြစ်ပျက်သွားသည်မှာ အလွန်တရာ လျှင်မြန်လှသောကြောင့် သူ့၏ စဥ်းစားဆင်ခြင်နိုင်စွမ်းပင် ပျောက်ကွယ်သွားလေသည်။

" ဆက်သွား"

ရှောင်လုံ က ကျိုးယုချန်ကို ပြောလိုက်လေသည်။

"ဟုတ်...ဟုတ်ကဲ့...ဆ...ဆရာကြီး...ကျေး...ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ"

ကျိုးယုချန် က သူ့၏ အသိစိတ်များကို ပြန်လည်ထိန်းချုပ်လိုက်လေပြီး ကြောက်လန့်တကြား ဖြင့် ခေါင်းညိတ်လိုက်မိလေသည်။

ကျိုးယုချန်နှင့်ရှောင်လုံတို့ ထွက်ခွာသွားပြီး အချိန်အတော်ကြာ ၌ပင် ကင်းလှည့်တပည့်များသည် သူတို့၏ အသိစိတ်ကို မထိန်းချုပ်နိုင်ကြသေးပေ။

ခဏကြာပြီးနောက် ကျိုးယုချန် သည် ရှောင်လုံကို သူတို့ခေါင်းဆောင်၏ ကျင့်ကြံခြင်းနန်းတော်ဆီသို့ ခေါ်ဆောင်သွားပေသည်။ သို့သော် သူတို့က ဝင်ပေါက်သို့ ရောက်ရှိသွားချိန်၌ အစောင့်တပည့်များက သူတို့ကို တားမြစ်လာပြီး တပည့်များထဲမှ တစ်ယောက်က ပြောလာပေသည်။

" ဂိုဏ်းခေါင်းဆောင်နဲ့ဘိုးဘေးတို့က အရေးကြီးကိစ္စ တွေကို ဆွေးနွေးနေကြတယ်...အခု သူတို့က ဘယ်သူ့ကိုမှ တွေ့နိုင်အုံးမှာ မဟုတ်ဘူး"

ရှောင်လုံ က ထိုသူပြောသည်ကို မကြားသည့်နှယ် ရှေ့သို့ ဆက်လျှောက်သွားလေသည်။

ထိုတပည့်က ရှောင်လုံကို ဆုံးမအပြစ်တင်ရန် ကြိုးစားလိုက်ချိန်တွင် သူ့၏ တစ်ကိုယ်လုံးသည် လှုပ်ရှားနိုင်စွမ်း မရှိတော့ကြောင်း နားလည်လိုက်ရပေသည်။သူသည် လက်တစ်ချောင်းမှပင် လှုပ်ရှားနိုင်ခြင်း မရှိဘဲ အသံထွက်နိုင်ခြင်းလည်း မရှိတော့ပေ။

ရှောင်လုံက ဂရုစိုက်ခြင်းမရှိဘဲ လျှောက်လှမ်းသွားသည်ကို မြင်လိုက်ချိန်တွင် ကျိုးယုချန် ၏ မျက်လုံးများသည် စိုးရိမ်ထိတ်လန့်မှုကြောင့် တင်းကျပ်သွားရပေသည်။ သူက ဖြေရှင်းရန် နည်းလမ်းကို မစဥ်းစားနိုင်တော့သည်မို့ အံကိုကြိတ်လိုက်ကာ ရှောင်လုံ၏ နောက်သို့ လိုက်ပါလိုက်လေသည်။

နန်းတော်၏ ခန်းမထဲ၌ ဝိညာဥ်နတ်ဆိုးဂိုဏ်း ၏ ဘိုးဘေး ဂိုယွမ်နှင့်ခေါင်းဆောင်ဖန်းယုရှောင်း တို့သည် လာမည့် တစ္ဆေသန့်စင်ခြင်းဂိုဏ်းသခင်ရာထူးအပ်နှင်းခြင်းပွဲတော်အကြောင်း ဆွေးနွေးနေကြလေသည်။ ထိုအချိန်၌ ကြောက်ရွံ့နေသော ကျိုးယုချန် သည် အနက်ရောင် ဆံပင်နှင့် လူငယ်တစ်ယောက်၏ နောက်မှ တုံ့ဆိုင်းစွာ ဝင်ရောက်လာလေသည်။

ခဏမျှ ကြောင်အသွားပြီးနောက် ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ အင်အားအကြီးမားဆုံး လူနှစ်ယောက်သည် ဒေါသထွက်သွားကြလေသည်။

" အတင့်ရဲလိုက်တာ...ကျိုးယုချန်... မင်းကို ဒီနေရာထိ ဝင်လာရဲတဲ့သတ္တိ ဘယ်သူက ပေးလိုက်တာလဲ"

ဝိညာဉ်နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်းက အော်ငေါက်လိုက်လေသည်။

ကျိုးယုချန် ကတွန့်ဆုတ်သွားလေပြီး သွေးမရှိတော့သည့်နှယ် ဖြူဖြော့သွားလေသည်။ သူက ဒူးထောက်က တုန်တုန်ယင်ယင် ဖြင့် ပြောလိုက်သည်။

" ခေါင်း...ခေါင်းဆောင် ဒါက...ဒါက..."

ကျိုးယုချန် သည် 'ဒါက' ပြောပြိီး နေ့ဝက်မျှကြာသည်အထိ မည်သည့်စကားမှ ပြောနိုင်ခြင်းမရှိတော့ပေ။

ထိုအချိန်၌ ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်း ၏ သတင်းပို့အဆောင်က တုန်ယင်သွားလေသည်။
သူက သတင်းပို့အဆောင်ကို စစ်ဆေးလိုက်ချိန်တွင် သူ့၏ မျက်နှာက မဲမှောင်သွားလေသည်။ သူ့၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတစ်ချက် ပေါ်ထွက်လာလေပြီး ရှောင်လုံကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

" ကောင်လေး... မင်းက တကယ့်ကို သတ္တိကောင်းနေတာပဲ...ငါ့ရဲ့ဝိညာဉ်နတ်ဆိုး ဂိုဏ်း ထဲကို ကျူးကျော်ဝင်ရောက်လာပြီး အကြီးအကဲ တစ်ယောက်ကို သတ်ဖြတ်ရဲတယ်ပေါ့လေ"

အနက်ရောင် ဆံပင်နှင့် လူငယ်က အကြီးအကဲ တုယွမ်ကို သတ်ဖြတ်ခဲ့သည်ကို တပည့်တစ်ယောက် ဆီမှ အစီအရင် ခံလာသည်ကိုသူ သိရှိလိုက်ရပေသည်။

ဖန်းယုရှောင်း ပြောသည်ကို ကြားလိုက်သည်နှင့် ဘိုးဘေး ဂိုယွမ် သည် မတ်တပ်ထရပ်လာပြီး သူ့၏ ပတ်ပတ်လည်တွင် နတ်ဘုရားအင်အား ဖြာထွက်လာလေသည်။သူ့၏ မျက်လုံးများ က အေးစက်စွာဖြင့် မှေးကျဥ်းသွားလေသည်။

" မဟာနတ်ဘုရားအဆင့် ၈ အလယ်အဆင့် လား...ဒီအဆင့် ခွန်အား နဲ့ ငါ့ရဲ့ ဝိညာဉ်နတ်ဆိုးဂိုဏ်းထဲကို လာပြီးတော့ ပြဿနာရှာရဲတယ်ပေါ့လေ...ကောင်လေး... မင်း ဘယ်ဂိုဏ်းက လဲ"

သူ့၏ နတ်ဘုရား အာရုံက ရှောင်လုံ၏ ပတ်ပတ်လည်ကို ပိတ်ဆို့လိုက်လေသည်။

ရှောင်လုံက လှုပ်ရှားလာမည်ဆိုလျှင်သူက ရှောင်လုံ၏ အသက်ကို ချက်ချင်း သတ်ဖြတ်ပစ်မည်ဖြစ်သည်။

ဂိုယွမ်သည် မဟာနတ်ဘုရားအဆင့် ၁၀ အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ သူက မဟာနတ်ဘုရားအဆင့်၈ ကောင်လေးတစ်ယောက်ကို မျက်လုံးထဲပင်မထည့်ပေ။

ကျိုးယုချန် က ရှောင်လုံ၏ ကျင့်ကြံမှုကို မြင်တွေ့နိုင်စွမ်းမရှိပေ။ သူက ရှောင်လုံကို မဟာနတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက် ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူ့၏ ဘိုးဘေးက ရှောင်လုံ သည် မဟာနတ်ဘုရားအဆင့် အလယ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဟုပြောသည်ကို ကြားလိုက်ချိန်တွင် သူက စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် သူက အလျှင်အမြန် ပြောလိုက်လေသည်။

" ဂိုဏ်းခေါင်းဆောင် ...ဘိုးဘေး... ဒီကောင်လေးက အပြင်ကနေမရဏလမ်းကို ဝင်ရောက်လာတာပါ"

" အိုး...အပြင်ကလား"

ဂိုဏ်းခေါင်းဆောင် ဖန်းယုရှောင်း ၏ စိုးရိမ်ပူပန်မှုသည် ပျောက်ကွယ်သွားလေပြီး သူ့၏ မျက်လုံးထဲရှိ အကြည့်သည် ပိုမိုအေးစက်လာပေသည်။

အစောပိုင်း၌ ရှောင်လုံသည် မရဏလမ်းရှိ ပထမအဆင့်အင်အားစုတစ်ခုခုမှ မဟာအကြီးအကဲ ဖြစ်နေခဲ့မည်ဆိုလျှင် ဖန်းယုရှောင်း သည် သူ့အားမသတ်မှီ နှစ်ကြိမ် ပြန်စဥ်းစားမိပေလိမ့်မည်။ သို့သော် ယခုမူ သူက အတွေးလွန်နေမိခြင်းသာဖြစ်သည်။

" ဘိုးဘေးနဲ့ခေါင်းဆောင်... ဒီကောင်လေးက ယင်ဝိညာဥ် ကို ဝါးမြိုနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုတက်မြောက်ထားတဲ့အကြောင်း ကျွန်တော် သိတယ်"

ကျိုးယုချန် က သူ့၏ အကျိုးအမြတ်အတွက် အော်ဟစ်ပြောဆိုလိုက်လေသည်။

ကျိုးယုချန် က ရှောင်လုံ ယင်ဝိညာဥ် များကို ဝါးမြိုသည်အား မြင်ဖူးထားသောကြောင့် ရှောင်လုံသည် ထို ကျင့်စဥ် ကို ကျင်ကြံထားသည်ဟု ယူဆထားခဲ့ပေသည်။

" ယင်ဝိညာဥ်ကိုဝါးမြိုနိုင်တဲ့ ပညာရပ်လား"

ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင် နှင့် ဘိုးဘေးသည် ဝမ်းသာအားရဖြင့် တုန်ယင်သွားကြလေသည်။

တစ္ဆေသန့်စင်ခြင်း ဂိုဏ်းသခင်သည် အဘယ်ကြောင့် ဤမျှအထိ အားကောင်းနေရသည်ကို သူတို့ သိရှိထားပေသည်။ အကြောင်းမှာ ထိုဂိုဏ်းသခင်သည် တစ္ဆေသားရဲ များနှင့် ယင်တစ္ဆေများ၏ ယင်ဝိညာဥ် ကို ဝါးမြိုနိုင်စွမ်း ရှိသော ပညာရပ် ကို လေ့ကျင့်ထားသောကြောင့်ဖြစ်ပေသည်။

မရဏလမ်း တွင် အပေါများဆုံးအရာမှာ တစ္ဆေသားရဲများနှင့် ယင်တစ္ဆေ များ ဖြစ်ပေသည်။ သူတို့သည် ယင်ဝိညာဥ် ကိုဝါးမြိုနိုင်စွမ်းရှိသော သိုင်းပညာရပ်ကိုရရှိသွားသည်နှင့် သူတို့၏ ခွန်အား ကို အလျှင်အမြန် တိုးတက်စေနိုင်သည့် ပြိုင်ဘက်ကင်း နည်းစနစ် တစ်ခု ရရှိသွားသည်နှင့် တူညီပေသည်။

ဝိညာဥ်နတ်ဆိုးဂိုဏ်း ၏ ဘိုးဘေး သည် ဝမ်းသာအားရဖြင့် ချီးကျူးလိုက်လေသည်။

" အကြီးအကဲ ကျိုး...ငါဒီကောင်လေးကို ဖမ်းပြီးလို့ သူ့ရဲ့ စိတ်ဝိညာဉ် ကို ရှာဖွေပြီးသွားတာနဲ့... အဲ့ဒီ နည်းစနစ် တကယ်ရှိတဲ့အကြောင်း အတည်ပြုနိုင်ခဲ့မယ်ဆိုရင်... မင်းက ဝိညာဥ်မိစ္ဆာဂိုဏ်းရဲ့ ရတနာသိုက်ကနေ ကြိုက်တဲ့ပစ္စည်းဆယ်ခုကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်"

ကျိုးယုချန် က ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

" အများကြီး ကျေးဇူးတင်ပါတယ်... ဘိုးဘေး "

Continue Reading

You'll Also Like

16.7K 723 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
167K 4.8K 95
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
12.8K 285 15
An alternate Jason Uchiha timeline
78.9K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...